Sakura Hospital

Sakura Hospital Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st Jan,1998 We can also arrange for specialists on call service.

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate over 100 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We always focus on our customers’ well-being and delightfulness.

🤱💜 Happy Mother's Day အမေများနေ့ 💜🤱မိခင်ရဲ့ ကျန်းမာရေးဟာ မိသားစုတစ်ခုလုံးရဲ့ အခြေခံအင်အားဖြစ်သလို ပျော်ရွှင်တဲ့မိသားစုတစ...
02/01/2026

🤱💜 Happy Mother's Day အမေများနေ့ 💜🤱

မိခင်ရဲ့ ကျန်းမာရေးဟာ မိသားစုတစ်ခုလုံးရဲ့ အခြေခံအင်အားဖြစ်သလို ပျော်ရွှင်တဲ့မိသားစုတစ်ခုတည်ဆောက်နိုင်ဖို့အတွက် မိခင်တွေကျန်းမာသန်စွမ်းဖို့ အရေးကြီးပါတယ် ✨✨

ဒါ့ကြောင့် ယနေ့ကျရောက်တဲ့ အမေများနေ့မှာ မိခင်မေတ္တာကို လေးစားတန်ဖိုးထားပြီး မိခင်ကျန်းမာရေးကိုပါ ဂရုစိုက်ပေးကြပါစို့ ❤️❤️

အမေများနေ့မှာ ကမ္ဘာပေါ်ရှိအမေများအားလုံးနှင့်မိခင်လောင်းများကို ဆာကူရာဆေးရုံမိသားစုမှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။👏👏👏
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 965121864/65, 09 424405952/53, 01 7512668/69
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm
#2026

🎊✨နှစ်သစ်ကို ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ဖြတ်ကျော်နိုင်ဖို့ ဆာကူရာဆေးရုံကြီးမှ ကျန်းမာရေးစစ်ဆေးမှု အထူးအစီအစဉ်တွေ ရေ...
29/12/2025

🎊✨နှစ်သစ်ကို ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ဖြတ်ကျော်နိုင်ဖို့ ဆာကူရာဆေးရုံကြီးမှ ကျန်းမာရေးစစ်ဆေးမှု အထူးအစီအစဉ်တွေ ရောက်ရှိလာပြီနော် ✨ 🎊

အခြေခံကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွေကစပြီး ကင်ဆာရောဂါစစ်ဆေးမှုများအထိပါဝင်မဲ့ Checkup package တွေအားလုံးကို 𝟑𝟎% အထိလျှော့ဈေးနဲ့ စစ်ဆေးနိုင်မှာမို့ မိမိကိုယ်တိုင်ရော ကိုယ်ချစ်ခင်ရသူတွေနဲ့ပါ လာရောက်စစ်ဆေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🩺🩺

နှစ်သစ်ကူးဂါရဝလက်ဆောင်မွန်အနေနဲ့ ပေးအပ်လိုသူများအတွက်လည်း Medical Checkup package များကို Gift Voucher အနေနဲ့ ဝယ်ယူရရှိနိုင်အုံးမှာဖြစ်ပါတယ် Gift Voucher များကို ဝယ်ယူပြီး ၃ လအတွင်းလာရောက်စစ်ဆေးနိုင်မှာပါ 💜💜

𝑵𝒆𝒘 𝒀𝒆𝒂𝒓 𝑴𝒆𝒅𝒊𝒄𝒂𝒍 𝑪𝒉𝒆𝒄𝒌𝒖𝒑 𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 မှာ ပါဝင်တဲ့ ကျန်းမာရေးစစ်ဆေးမှုအစီအစဥ်တွေကတော့ 👉

❄️ အခြေခံကျန်းမာရေးစစ်ဆေးမှုတွေပါဝင်တဲ့ 𝑺𝒕𝒂𝒏𝒅𝒂𝒓𝒅 𝑷𝒂𝒄𝒌𝒂𝒈𝒆
𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 𝑷𝒓𝒊𝒄𝒆 –𝟏𝟓𝟎,𝟓𝟎𝟎𝑲𝒔 (Normal Price – 215,000Ks)

❄️ လူငယ်လူလတ်ပိုင်းများအတွက်သင့်တော်တဲ့ 𝑮𝒐𝒍𝒅 𝑷𝒂𝒄𝒌𝒂𝒈𝒆
𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 𝑷𝒓𝒊𝒄𝒆 – 𝟐𝟐𝟕,𝟓𝟎𝟎𝑲𝒔 (Normal Price – 325,000Ks)

❄️လူကြီးပိုင်းများ ရွေးချယ်သင့်တဲ့ 𝑫𝒊𝒂𝒎𝒐𝒏𝒅 𝑷𝒂𝒄𝒌𝒂𝒈𝒆
𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 𝑷𝒓𝒊𝒄𝒆 – 𝟑𝟒𝟔,𝟓𝟎𝟎𝐊𝐬 (Normal Price – 495,000Ks)

စတဲ့အစီအစဥ်တွေအပြင်
❄️ ကင်ဆာရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါဆိုင်ရာများကို အထူးပြုစစ်ဆေးနိုင်တဲ့ Package များ

❄️အလုပ်မဝင်ခင် ကျန်းမာရေးအကြိုစစ်ဆေးလိုသူများအတွက် 𝑷𝒓𝒆-𝒆𝒎𝒑𝒍𝒐𝒚𝒎𝒆𝒏𝒕 𝑷𝒂𝒄𝒌𝒂𝒈𝒆

❄️ မင်္ဂလာဦးဇနီးမောင်နှံများအတွက် 𝑷𝒓𝒆-𝒎𝒂𝒓𝒊𝒕𝒂𝒍 𝑷𝒂𝒄𝒌𝒂𝒈𝒆
စတဲ့ package တွေပါဝင်ပါတယ်။

နေ့စဉ်လူအရေအတွက်ကန့်သတ်ထားတဲ့အတွက် 09-793437200 သို့ရုံးချိန်အတွင်းဆက်သွယ်ပြီး ကြိုတင်စာရင်းပေးဖို့ လိုအပ်ကြောင်းလည်း အသိပေးလိုပါတယ်ရှင့်။ ကျန်းမာရေးစစ်ဆေးမှုစင်တာ (Wellness Centre) ဖွင့်လှစ်ချိန်ကတော့ နေ့စဉ် မနက် ၈:၃၀ နာရီ မှ ညနေ ၄ နာရီ အတွင်းဖြစ်ပါတယ်ရှင့် ✅✅

Promotion ကာလကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့အထိ ပြုလုပ်ပေးသွားမှာမို့ အမြန်ဆုံးလာရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် 🤗🤗
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️ဆက်သွယ်ရန်ဖုန်း : 09 793437200 (Wellness Centre), 01 7512668 (Hotline)
⌚Opening hours: နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၄ နာရီ
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

"ဆာကူရာဆေးရုံမှ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 လ မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့အမှတ်တရပွဲကျင်းပပြုလုပ်ပေးခဲ့သည့်ပုံရိပ်များအား အမှတ်တရမှတ...
26/12/2025

"ဆာကူရာဆေးရုံမှ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 လ မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့အမှတ်တရပွဲကျင်းပပြုလုပ်ပေးခဲ့သည့်ပုံရိပ်များအား အမှတ်တရမှတ်တမ်းတင်မျှဝေလိုက်ရပါသည်။"




✨🎄  𝑾𝒆 𝒘𝒊𝒔𝒉 𝒚𝒐𝒖 𝒂 𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 🎄✨မိဘပြည်သူများအားလုံး ပျော်ရွှင်စရာ ခရစ်စမတ် အချိန်သမယတွင် စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ခ...
25/12/2025

✨🎄 𝑾𝒆 𝒘𝒊𝒔𝒉 𝒚𝒐𝒖 𝒂 𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 🎄✨
မိဘပြည်သူများအားလုံး ပျော်ရွှင်စရာ ခရစ်စမတ် အချိန်သမယတွင် စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်း နှင့် ပြည့်စုံပြီး မိသားစု နှင့်အတူပျော်ရွှင်ဖွယ်အချိန်လေးဖြစ်ပါစေကြောင်းဆာကူရာဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 💜💜

"𝐖𝐞 𝐚𝐫𝐞 𝐡𝐢𝐫𝐢𝐧𝐠 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫"𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:-Plan, execute, and optimize marketing cam...
23/12/2025

"𝐖𝐞 𝐚𝐫𝐞 𝐡𝐢𝐫𝐢𝐧𝐠 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫"

𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:
-Plan, execute, and optimize marketing campaigns to attract new patients and retain existing ones.
-Collaborate with the Marketing Manager to develop creative and impactful campaigns across various channels.
-Manage the hospital's online presence, including social media platforms, website, and other digital channels.
-Monitor and analyze digital marketing performance metrics to enhance online visibility and engagement.
--Develop compelling and informative content for various marketing materials, including brochures, newsletters, press releases, and website content.
-Ensure that all marketing content adheres to brand guidelines and effectively communicates the hospital's values and services.
-Plan and coordinate promotional events, workshops, and health awareness programs.
-Collaborate with internal teams to ensure seamless ex*****on of events and maximize participant engagement.
-Conduct market research to identify trends, competitor activities, and opportunities for growth.
-Use data-driven insights to make informed decisions and recommendations for marketing strategies.
-Work closely with the medical and administrative teams to gather information and insights for marketing campaigns.
-Collaborate with external vendors and agencies to execute marketing initiatives effectively.
-Prepare regular reports on marketing performance, highlighting key metrics and areas for improvement.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐚𝐧𝐝 𝐒𝐤𝐢𝐥𝐥𝐬:
-𝐌𝐮𝐬𝐭 𝐡𝐚𝐯𝐞 𝐌.𝐁.𝐁,𝐒 𝐃𝐞𝐠𝐫𝐞𝐞.
-Proven experience as a Marketing Executive or similar role in the healthcare industry is a plus.
-Strong understanding of digital marketing, social media, and content creation.
-Excellent communication and interpersonal skills.
-Creative mindset with the ability to think strategically.
-Knowledge of healthcare marketing regulations and compliance.
-Proficient in Microsoft Office and marketing software/tools.
-Ability to multitask and work efficiently in a fast-paced environment.

Please send your CV with relevant documents via 𝐡𝐫@𝐬𝐚𝐤𝐮𝐫𝐚.𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 or 𝐕𝐢𝐛𝐞𝐫: +𝟗𝟓𝟗𝟗𝟕𝟗𝟖𝟔𝟕𝟐𝟖𝟑 or 𝐖𝐞𝐛𝐬𝐢𝐭𝐞 : 𝐰𝐰𝐰.𝐬𝐚𝐤𝐮𝐫𝐚𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥.𝐜𝐨𝐦.𝐦𝐦

အစာအိမ်ကင်ဆာရောဂါဟာ အဖြစ်အများဆုံးကင်ဆာရောဂါတစ်ခုဖြစ်သလို သေဆုံးမှုနှုန်းလည်း မြင့်မားပါတယ်။ အစာအိမ်ရဲ့ ဘယ်နေရာမှာမဆိုဖြ...
22/12/2025

အစာအိမ်ကင်ဆာရောဂါဟာ အဖြစ်အများဆုံးကင်ဆာရောဂါတစ်ခုဖြစ်သလို သေဆုံးမှုနှုန်းလည်း မြင့်မားပါတယ်။ အစာအိမ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်ပွားနိုင်ပြီး ကင်ဆာရောဂါအများစုလို ရောဂါအစောပိုင်း အဆင့်မှာလက္ခဏာသိသိသာသာပြသလေ့မရှိတဲ့အတွက် အထူးဂရုပြုသင့်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တွေကတော့

⚠️ အစာအိမ်တွင် Helicobacter Pylori (H.Pylori) ခေါ် ဘတ်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရခြင်း

⚠️ အငန်ဓာတ်ကဲသောအစားအစာများစားသုံးမှုများခြင်း

⚠️ အကင်များစားသုံးမှုများခြင်း

⚠️ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များအစားနည်းခြင်း

⚠️ စားချဥ့်ရည်ပြန်ဆန်တက်ရောဂါရှိခြင်း

⚠️ အဝလွန်ခြင်း

⚠️ ဆေးလိပ်သောက်ခြင်း စတဲ့အခြေအနေတွေပါဝင်ပါတယ်။

ဒါ့အပြင်အောက်ပါအခြေအနေရှိသူတွေဟာ တခြားသူတွေထက် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေပိုများတာကိုတွေ့ ရပါတယ်

👉 အမျိုးသားများ

👉 အသက် ၅၀ အထက်လူကြီးများ

👉 မိသားစုမျိုးရိုးထဲတွင်အလားတူရောဂါဖြစ်ဖူးသူရှိသူများ

👉 ဆေးလိပ်/အရက်သောက်သုံးသူများ

👉 သွေးအုပ်စု A အမျိုးအစားရှိသူများ

👉 အကင်/အငန်/မကျက်တကျက်အသားများစားသုံးလေ့ရှိသူများ

👉 ဗီတာမင် B12 ဓာတ်ချို့တဲ့သူများ

👉 ယခင်အစာအိမ်ခွဲစိတ်မှုပြုလုပ်ဖူးသူများ

👉 ကျောက်မီးသွေး၊ သတ္တု၊ ရော်ဘာစက်ရုံ/အလုပ်ရုံတွင် ဓာတုပစ္စည်းများနှင့်ထိတွေ့လုပ်ကိုင်ရသူများ

👉 ကိုယ်ခံအားနည်းသူများ စတဲ့သူတွေဖြစ်ပါတယ်။

အစာအိမ်ရောဂါလက္ခဏာတွေက အစောပိုင်းမှာ တခြားရောဂါတွေနဲ့ဆင်တူတဲ့အတွက် သိရှိနိုင်ဖို့ ခဲယဥ်းပါတယ်။ ‌ရောဂါရင့်လာတဲ့အခါမှသာ သိရှိကြတဲ့အတွက် ကုသရခက်ခဲပြီး နောက်ဆက်တွဲပြဿနာတွေ ခံစားရတဲ့အတွက် အထူးသတိထားဖို့လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် တွေ့ရတဲ့ အစာအိမ်ကင်ဆာရောဂါ လက္ခဏာတွေ ကတော့

❗မအီမသာဖြစ်ခြင်း

❗အော့အန်ခြင်း

❗ဝမ်းဗိုက်အပေါ်ပိုင်းနှင့်ရင်ညွန့်နေရာတွင် အောင့်ခြင်း (အစာစားပြီးချိန်တွင်ပိုဖြစ်လေ့ရှိသည်)

❗အစားအသောက်ပျက်ခြင်း/အစာစားချင်စိတ်မရှိခြင်း

❗ကိုယ်အလေးချိန်ကျသွားခြင်း

❗မကြာခဏလေပွခြင်း/ ရင်ပူခြင်း

❗အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

❗ဝမ်းမည်းမည်းသွားခြင်း

❗သွေးဝမ်းသွားခြင်း

❗ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့လက္ခဏာတွေ ပါဝင်ပါတယ်။

ရောဂါလက္ခဏာသိသိသာသာပြလေ့မရှိတဲ့အတွက် အများစုကအစာအိမ်ကင်ဆာရောဂါကို အစောပိုင်းအဆင့်မှာ မသိရှိကြပါဘူး။ အစာအိမ်ကင်ဆာရောဂါကိုရှာဖွေရာမှာ ပြုလုပ်နိုင်တဲ့ စစ်ဆေးမှုတွေကတော့

🩺 အစာအိမ်မှန်ပြောင်းကြည့်ခြင်း

🩺 အသားစနမူနာယူ၍ စစ်ဆေးခြင်း

🩺 အသံလှိုင်းဓာတ်မှန် (အာထရာဆောင်း) ရိုက်ခြင်း

🩺 ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

🩺 သွေးစစ်ခြင်း တို့ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာရောဂါခံစားနေရရင် ရောဂါအမျိုးအစားအလိုက် ကုသမှုခံယူရပါမယ်။ ကုသတဲ့အခါမှာ ကုထုံးတစ်မျိုးတည်းနဲ့ ကုသတာလည်း ရှိသလို ၂ မျိုးပေါင်းပြီး ကုသမှုလည်း ရှိပါတယ်။ အစာအိမ်ကင်ဆာအတွက် ကုထုံးတွေကတော့

💜 ကင်ဆာဆေးသွင်းကုသခြင်း

💜 ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

💜 ခွဲစိတ်ကုသခြင်း

💜 Immunotherapy စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။

အထက်ပါကုသနည်းတွေရှိပေမဲ့ လူနာအခြေအနေ (အသက်အရွယ်၊ ကိုယ်ခံအား)၊ ရောဂါအဆင့် နှင့် ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသမှုရလဒ်ကွာခြားနိုင်ပါတယ်။ အစာအိမ်ကင်ဆာရောဂါကို ကာကွယ်ဖို့ နည်းလမ်းမရှိသေးတာမို့ ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကို ဂရုပြုရှောင်ကြဥ်ပေးခြင်းဖြင့် တစိတ်တပိုင်း ကာကွယ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားခဲ့ရင်တောင် အသိနောက်ကျပြီး ကုသမှုနှောင့်နှေးတာမျိုးမဖြစ်စေဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်းတွေလည်း ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ရောဂါကိုအချိန်မှီသိရှိပြီး လိုအပ်တဲ့ ကုသမှုဆက်လက်ခံယူနိုင်မှာပဲဖြစ်ပါတယ် ✅✅
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 455201025 (Endoscopy Department), 01 7512668 (Hotline)
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

✨"ကရင်နှစ်သစ်ကူးနေ့" ✨ ယနေ့ကျရောက်သော ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူး နေ့ထူးရက်မြတ်တွင် ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စု...
19/12/2025

✨"ကရင်နှစ်သစ်ကူးနေ့" ✨
ယနေ့ကျရောက်သော ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူး နေ့ထူးရက်မြတ်တွင် ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆာကူရာဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏💙
#ကရင်နှစ်သစ်ကူးနေ့

16/12/2025
"𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐛𝐲 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥""ဆာကူရာဆေးရုံ တွင်  𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အထိမ်းအမှတ်အဖြစ်  ခရစ်ယာန်ဘာသာဝင်ဝန်ထမ်းများအတွက် ဆုတေ...
16/12/2025

"𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐛𝐲 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥"
"ဆာကူရာဆေးရုံ တွင် 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အထိမ်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာဝင်ဝန်ထမ်းများအတွက် ဆုတောင်းဝတ်ပြုပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ ဆုတောင်းဝတ်ပြုပွဲတွင် ခရစ္စမတ်သီချင်းများ သီဆို၍ ချီးမွမ်းခြင်း၊ ဆုတောင်းဝတ်ပြုခြင်းနှင့် သိက္ခာတော်ရဆရာတော်မှ ဒေသနာတော်များဟောကြား၍ကောင်းကြီးပေးခြင်း တို့ကို အစီအစဉ်အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး အစားအသောက်များဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ပါသည်။ဆာကူရာဆေးရုံ၏ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အမှတ်တရပုံရိပ်များအားမျှဝေရင်း ခရစ္စမတ်ကာလ နှင့် နှစ်သစ်ကူးကာလတွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပါစေကြောင်း ဆာကူရာဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။"




🩺💜 Bronchoscopy (အဆုတ်နှင့်အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေစစ်ဆေးခြင်း) 💜🩺Bronchoscopy (အဆုတ်နှင့်အသက...
16/12/2025

🩺💜 Bronchoscopy (အဆုတ်နှင့်အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေစစ်ဆေးခြင်း) 💜🩺

Bronchoscopy (အဆုတ်နှင့်အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေစစ်ဆေးခြင်း) ကို နှာခေါင်း (သို့မဟုတ်) ပါးစပ်မှတဆင့် အသံအိုး၊ လေပြွန်များနှင့် အဆုတ်အတွင်းပိုင်းရှိ လေပြွန်ငယ်များကို စစ်ဆေးကြည့်ရှုရန် ပြုလုပ်လေ့ပါသည်။ သေးငယ်၍ရှည်လျားသောပြွန်လေးကို နှာခေါင်း (သို့မဟုတ်) ပါးစပ် မှတဆင့်ထည့်ပြီး အသက်ရှူလမ်းကြောင်းတလျှောက်ကိုစစ်ဆေးကြည့်ရှုနိုင်ပါသည် ✨✨

Bronchoscopy ကြည့်ရှုစစ်ဆေးခြင်းကို အောက်ပါအခြေအနေများတွင် ပြုလုပ်လေ့ရှိပါသည်

🎗️နာတာရှည်ချောင်းဆိုးခြင်း

🎗️အဆုတ်နှင့်လေပြွန်တွင် ကင်ဆာရောဂါသံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရှိရခြင်း

🎗️အဆုတ်ရောဂါပြဿနာအမျိုးမျိုးကို ရှာဖွေစစ်ဆေးခြင်း

🎗️အဆုတ်မှ အသားစနမူနာယူခြင်း

🎗️ အသက်ရှုလမ်းကြောင်းနှင့်အဆုတ်ထဲမှ အချွဲများ၊ အသားစများနှင့် ပြင်ပအရာဝတ္ထုများကို ဖယ်ရှားခြင်း

🎗️အဆုတ်နှင့်လေပြွန်တွင် အကျိတ်များရှိနေခြင်း

🎗️အဆုတ်နှင့်လေပြွန်တွင် သွေးယိုခြင်း

🎗️လေပြွန်ကျဉ်းနေခြင်း

🎗️အဆုတ်နှင့်ရင်ဘတ်နံရံကြားလေခိုခြင်း

Bronchoscopy စစ်ဆေးမှုသည်

✅အချိန်အနည်းငယ်သာအတွင်းစစ်ဆေးပြီးစီးနိုင်ခြင်း

✅အဆုတ်နှင့်အသက်ရှုလမ်းကြောင်းကို သေချာစစ်ဆေးပေးနိုင်ခြင်း

✅သံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရှိပါက တပါတည်းအသားစနမူနာယူ၍ စစ်ဆေးနိုင်ခြင်း

စသည့်အားသာချက်များရှိသည့်အတွက် အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို စောလျင်စွာ သိရှိပြီး ထိရောက်သည့်ကုသမှုခံယူနိုင်စေရန် အထောက်အကူပေးသည့် စစ်ဆေးမှုတစ်မျိုးဖြစ်ပါသည်။

Bronchoscopy စစ်ဆေးမှုပြုလုပ်မည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်သည့်အတွက် ဆရာဝန်နှင့်ဦးစွာပြသတိုင်ပင်ရမည်ဖြစ်သည်။ ယေဘူယျအားဖြင့် မစစ်ဆေးမှီအနည်းဆုံး ၈ နာရီခန့် အစားအသောက်ရှောင်ရန်လိုအပ်ပြီး ပုံမှန်သောက်သုံးနေသော တချို့ဆေးဝါးများကို ရက်အနည်းငယ် ရပ်ထားရန်လိုအပ်ပါသည် ⚠️

ဆာကူရာဆေးရုံကြီး၏ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းဌာနတွင် နောက်ဆုံးပေါ်စက်ကိရိယာများ၊ နည်းပညာများကို အသုံးပြု၍ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများပူးပေါင်း၍ Bronchoscopy နည်းပညာဖြင့် ရောဂါရှာဖွေစစ်ဆေးကုသခြင်းကို ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါ ကြောင်းသတင်းကောင်းပါးအပ်ပါသည် 💜💜

အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ဘိုကင်တင်လိုပါက ဆာကူရာဆေးရုံ၊ အစာအိမ်မှန်ပြောင်းဌာန 09 455201025 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 455201025 (Endoscopy Department), 01 7512668 (Hotline)
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

🎗 ဆာကူရာ ဆေးရုံ သည် မြန်မာနိုင်ငံဆရာဝန် အသင်း ၏ တီဘီစီမံချက်ဝင် ဆေးရုံ တစ်ရုံ အနေဖြင့် တီဘီ လူနာတိုင်းအား အမျိုးသား တီဘီ...
10/12/2025

🎗 ဆာကူရာ ဆေးရုံ သည် မြန်မာနိုင်ငံဆရာဝန် အသင်း ၏ တီဘီစီမံချက်ဝင် ဆေးရုံ တစ်ရုံ အနေဖြင့် တီဘီ လူနာတိုင်းအား အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း နှင့် ပူးပေါင်းပြီး အခမဲ့ စစ်ဆေးကုသပေးလျက်ရှိပါသည် 🎗
==========================================================
ဆာကူရာဆေးရုံရှိ PPM တီဘီ Center တွင် မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီ စီမံချက် (MMA PPM TB project) ဖြင့် တီဘီ ရောဂါကို အခမဲ့စစ်ဆေးကုသနိုင်ပါသည် 👍👍

တီဘီ ရောဂါလက္ခဏာရှိသည်ဟု သံသယရှိပါက၊ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံဆေးခန်းများတွင် အမြန်ဆုံး စစ်ဆေးကုသမှု ခံယူပါ။ ကျန်းမာရေးဝန်ထမ်းများညွှန်ကြားသည့်အတိုင်းစနစ်တကျနဲ့ပြီးဆုံးအောင်ကုသမှုခံယူမယ်ဆိုလျှင် တီဘီ ရောဂါကိုပျောက်ကင်းအောင်ကုသနိုင်ပါသည် ✅✅

ကျန်းမာရေးဌာနများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ တီဘီ စီမံချက်ဝင်ဆေးခန်းများတွင် အစွမ်းထက်သော တီဘီ ဆေးဝါးများဖြင့် အခမဲ့ ကုသပေးနေပါသည်။ ဆာကူရာ ဆေးရုံနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၏ MMA PPM တီဘီ Project တို့ပူးပေါင်းလက်တွဲ၍ PPM တီဘီ Center ကို ဆာကူရာ ဆေးရုံတွင် ၂၀၁၆ နိုဝင်ဘာလမှစတင်ဖွင့်လှစ်ထားရှိကာ လူနာများအား တီဘီ ရောဂါပိုးရှိမရှိအခမဲ့စစ်ဆေးပေးပြီး ရောဂါရှိလျှင်လည်းအခမဲ့ကုသပေးလျက်ရှိပါသည် 💊💊

ဆာကူရာဆေးရုံရှိ PPM တီဘီ center ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး မနက် ၉ နာရီမှ ၁၂ နာရီ အထိ ဖွင့်လှစ်ထားရှိပါသည်။
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
☎ဆက်သွယ်ရန်ဖုန်း - 01-7512668
🏥ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

𝐖𝐞𝐛𝐬𝐢𝐭𝐞: https://www.sakurahospital.com.mm/



အမျိုးသမီး ၇ ယောက်မှာ တစ်ယောက်ဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်။ ရင်သားကင်ဆာဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး များသောအား...
07/12/2025

အမျိုးသမီး ၇ ယောက်မှာ တစ်ယောက်ဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်။ ရင်သားကင်ဆာဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး များသောအားဖြင့် အသက် ၅၀ အထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပွားနိုင်တာကိုတွေ့ရပါတယ်👩‍🦳👩‍🦳

ရင်သားကင်ဆာရောဂါ ဟာ အချိန်မီရှာဖွေတွေ့ရှိရင် ပျောက်ကင်းအောင်ကုသနိုင်ဖို့ အခွင့်အလမ်းများတဲ့ အတွက် အမျိုးသမီးတိုင်းအနေနဲ့ ကြိုတင် စစ်ဆေးမှုတွေမှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။ ရင်သားကင်ဆာကို အချိန်စောစီးစွာတွေ့ရှိခဲ့ရင် ရောဂါအခြေအနေမဆိုးခင်မှာ (ဒါမှမဟုတ်) တခြားသော ကိုယ်တွင်း အစိတ်အပိုင်းတွေဆီမပျံ့နှံ့ခင်မှာ ပျောက်ကင်းအောင်ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရင်သား ကင်ဆာအတွက် ပြုလုပ်နိုင်တဲ့စစ်ဆေးမှုတွေကို ဖော်ပြပေးချင်ပါတယ် 👉 👉

💜Mammogram - ရင်သားဓာတ်မှန်ရိုက်ကူးခြင်း
✅ရင်သားဓာတ်မှန်ရိုက်ကူးမှုကို ရင်သားကင်ဆာ/အကျိတ်စစ်ဆေးမှုအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုပါ တယ်။ ကင်ဆာအလုံးအကျိတ်တွေကို အစောပိုင်းအဆင့်မှာတင် ရှာဖွေပေးနိုင်တဲ့အတွက် ရင်သားကင်ဆာ အတွက် အရေးကြီးတဲ့ စစ်ဆေးမှုဖြစ်ပါတယ်

💜Breast Ultrasound - ရင်သားအာထရာဆောင်းရိုက်ကူးခြင်း
✅ရင်သားဓာတ်မှန်နဲ့အတူတွဲဖက်စစ်ဆေးသင့်တဲ့ စစ်ဆေးမှုဖြစ်ပြီး ဓာတ်မှန်မှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်တွေ တွေ့ရှိရတဲ့အခါမှာ အကျိတ်အမျိုးအစားကို သေချာသိရှိနိုင်အောင် ရိုက်ကူးလေ့ရှိပါတယ်

💜Magnetic Resonance Imaging (MRI) - သံလိုက်ဓာတ်မှန်ရိုက်ကူးခြင်း
✅သံလိုက်ဓာတ်မှန်ရိုက်ကူးခြင်းဖြင့် ရင်သားမှာဖြစ်ပွားနေတဲ့ အကျိတ်အခြေအနေကို ပိုပြီးအသေးစိတ်သိရှိ မှာဖြစ်ပါတယ်

💜Biopsy - အသားစနမူနာယူခြင်း
✅ရင်သားကင်ဆာအဖြစ်သံသယရှိတဲ့နေရာကနေ အသားစနမူနာအနည်းငယ်ကို ထုတ်ယူပြီး စမ်းသပ် စစ်ဆေးမှာဖြစ်ပါတယ်။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီး အသားစနမူနာယူပုံယူနည်းကွဲပြားပါတယ်

💜CA15-3 - သွေးစစ်ဆေးခြင်း
✅ကင်ဆာဆဲလ်တွေကနေထွက်ရှိလာတဲ့ CA15-3 ခေါ် Cancer Antigen 15-3 ပရိုတင်းဓာတ်တွေကို စစ်ဆေးတာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနေသူအများစုမှာ CA15-3 ပမာဏက ပုံမှန်ထက် မြင့်တက်နေတာကိုတွေ့ရနိုင်ပါတယ်
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
☎ဆက်သွယ်ရန်ဖုန်း - 09 965121864/65, 09 424405952/53, 01 7512668/69
🏥ဆာကူရာဆေးရုံ - အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🖥️ Website: https://www.sakurahospital.com.mm/

Address

21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111

Alerts

Be the first to know and let us send you an email when Sakura Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate 150 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We can also arrange for specialists on call service. We always focus on our customers’ well-being and delightfulness.