Sakura Hospital

Sakura Hospital Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st Jan,1998 We can also arrange for specialists on call service.

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate over 100 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We always focus on our customers’ well-being and delightfulness.

"𝐖𝐞 𝐚𝐫𝐞 𝐬𝐞𝐞𝐤𝐢𝐧𝐠 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬 (𝐅𝐮𝐥𝐥 𝐭𝐢𝐦𝐞) 𝐭𝐨 𝐣𝐨𝐢𝐧 𝐨𝐮𝐫 𝐭𝐞𝐚𝐦"𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:-Prepare and dispense medication for...
13/03/2026

"𝐖𝐞 𝐚𝐫𝐞 𝐬𝐞𝐞𝐤𝐢𝐧𝐠 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬 (𝐅𝐮𝐥𝐥 𝐭𝐢𝐦𝐞) 𝐭𝐨 𝐣𝐨𝐢𝐧 𝐨𝐮𝐫 𝐭𝐞𝐚𝐦"

𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:
-Prepare and dispense medication for outpatients based on doctor's orders.
-Provide drug information and medication counseling to patients to ensure safe and effective drug administration.
-Check and compile a list of pharmaceuticals nearing their expiration dates on a regular basis, and notify the management.
-At the conclusion of each month, conduct a stock inventory.
-Record temperatures and humidity in cold storage and room temperature locations to maintain medicine quality.
-Record controlled drug usage in the Controlled Drug Register and check daily stock balances.
-Double-check procedures must be implemented throughout data entry, preparation, and dispensing, especially for high-alert drugs.
-Participate and contribute actively to the hospital's quality improvement plan.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐚𝐧𝐝 𝐒𝐤𝐢𝐥𝐥𝐬:
-Must be 𝐁.𝐏𝐡𝐚𝐫𝐦 degree holder.
-Must have knowledge of Microsoft Word and Excel.
-Preferable 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐢𝐧 𝐄𝐌𝐑 𝐒𝐲𝐬𝐭𝐞𝐦 𝐡𝐚𝐧𝐝𝐥𝐢𝐧𝐠.
-Good interpersonal and communication Skills.
-Professional manner and appearance.
-Able to work 𝐃𝐚𝐲 𝐒𝐡𝐢𝐟𝐭 & 𝐍𝐢𝐠𝐡𝐭 𝐒𝐡𝐢𝐟𝐭.
-Able to work under pressure.

➡️ Please send your CV with relevant documents via 𝐡𝐫@𝐬𝐚𝐤𝐮𝐫𝐚.𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐨𝐫 𝐕𝐢𝐛𝐞𝐫 : +𝟗𝟓𝟗𝟗𝟕𝟗𝟖𝟔𝟕𝟐𝟖𝟑 𝐨𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞 : 𝐰𝐰𝐰.𝐬𝐚𝐤𝐮𝐫𝐚𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥.𝐜𝐨𝐦.𝐦𝐦


“𝐖𝐞 𝐚𝐫𝐞 𝐬𝐞𝐞𝐤𝐢𝐧𝐠 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬 (𝐅𝐮𝐥𝐥 𝐭𝐢𝐦𝐞) 𝐭𝐨 𝐣𝐨𝐢𝐧 𝐨𝐮𝐫 𝐭𝐞𝐚𝐦”𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:-Conduct routin...
13/03/2026

“𝐖𝐞 𝐚𝐫𝐞 𝐬𝐞𝐞𝐤𝐢𝐧𝐠 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬 (𝐅𝐮𝐥𝐥 𝐭𝐢𝐦𝐞) 𝐭𝐨 𝐣𝐨𝐢𝐧 𝐨𝐮𝐫 𝐭𝐞𝐚𝐦”

𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:
-Conduct routine and complex laboratory tests on patient specimens, including blood, urine, and other bodily fluids, in accordance with established protocols.
-Prepare specimens for analysis, ensuring accuracy and proper labeling.
-Operate and maintain laboratory equipment, troubleshoot technical issues, and perform routine maintenance as needed.
-Analyze test results and accurately record findings in laboratory information systems.
-Collaborate with healthcare professionals to interpret test results and provide accurate diagnostic information.
-Adhere to laboratory safety protocols and ensure compliance with regulatory standards.
-Participate in quality control and quality assurance activities to maintain the highest standards of accuracy and precision.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐚𝐧𝐝 𝐒𝐤𝐢𝐥𝐥𝐬:
-Must be 𝐁.𝐌𝐞𝐝.𝐓𝐞𝐜𝐡 (𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲).
-Must have knowledge of Microsoft Word and Excel.
-Good interpersonal and communication Skills.
-Professional manner and appearance.
-Able to work with duty shifts.

➡ Please send your CV with relevant documents via 𝐡𝐫@𝐬𝐚𝐤𝐮𝐫𝐚.𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐨𝐫 𝐕𝐢𝐛𝐞𝐫 : +𝟗𝟓𝟗𝟗𝟕𝟗𝟖𝟔𝟕𝟐𝟖𝟑 𝐨𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞 : 𝐰𝐰𝐰.𝐬𝐚𝐤𝐮𝐫𝐚𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥.𝐜𝐨𝐦.𝐦𝐦



💜ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ (World Kidney Day) 💜ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ (World Kidney Day) ကို နှစ်စဉ် မတ...
12/03/2026

💜ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ (World Kidney Day) 💜

ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ (World Kidney Day) ကို နှစ်စဉ် မတ်လ ဒုတိယပတ် ကြာသပတေးနေ့မှာ ကျင်းပလေ့ရှိပြီး ကျောက်ကပ်ကျန်းမာရေးအရေးကြီးပုံကို အများပြည်သူတွေ ပိုမိုသိရှိနားလည်စေဖို့နဲ့ နာတာရှည်ကျောက်ကပ်ရောဂါကို အချိန်မီကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်✅

နာတာရှည်ကျောက်ကပ်ရောဂါဟာသတိပြုရမဲ့ အရေးကြီးကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး လူ ၁၀ ယောက်မှာ ၁ ယောက်ဟာ နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရပါတယ်။ အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာပြသ လေ့မရှိဘဲ ရောဂါဆိုးရွားလာချိန်မှသာ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့

🚩 နှလုံးနှင့်သွေးကြောရောဂါများဖြစ်နိုင်ခြေများလာခြင်း

🚩 စားသောက်နေထိုင်ရအဆင်မပြေခြင်း

🚩 ကျောက်ကပ်ပျက်စီးခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေခံစားရစေနိုင်ပါတယ်။ ကျောက်ကပ်ပျက်စီး
သွားရင် ကျောက်ကပ်ပုံမှန်ဆေးခြင်း (ဒါမှမဟုတ်) ‌‌‌ကျောက်ကပ်အစားထိုးကုသခြင်း စတဲ့နည်းလမ်းတွေနဲ့ကုသ ရမှာဖြစ်တဲ့အတွက် ရောဂါဖြစ်ပွား သူအပြင် မိသားစုဝင်တွေအပေါ်မှာပါ ဖိအားအမျိုးမျိုးဖြစ်ပေါ်စေပါတယ် ‼️

ဘာကြောင့် နာတာရှည်ကျောက်ကပ်‌‌ရောဂါဖြစ်ရသလဲ❓
အောက်ပါအကြောင်းရင်းတွေကြောင့် နာတာရှည်ကျောက်ကပ်ရောဂါခံစားရနိုင်ပါတယ် 👉🏼

⚠️ သွေးတိုးရောဂါ

⚠️ ဆီးချိုရောဂါ

⚠️ အဝလွန်ရောဂါ

⚠️ ကျောက်ကပ်တွင်း အညစ်အကြေးစစ်ထုတ်ပြွန်များ‌ရောင်ခြင်း

⚠️ ကျောက်ကပ်ပိုးဝင်ခြင်း

⚠️ဆီးလမ်းကြောင်းအချိန်ကြာမြင့်စွာပိတ်ဆို့စေသည့်ရောဂါအခြေအနေတစ်ခုခုရှိခြင်း (ဥပမာ - ဆီးကျိတ်ကြီးခြင်း (သို့မဟုတ်) ကျောက်ကပ်ကျောက်တည်ခြင်း)

⚠️ တချို့သောဆေးဝါးများရေရှည်သောက်သုံးခြင်း

⚠️ အသက်ကြီးခြင်း (အသက် ၄၀ ကျော်တာနဲ့ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းတဖြည်းဖြည်းကျဆင်း လာပြီး အသက် ၆၅ နှစ်ကျော်ရင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေများလာပါတယ်)

ကြိုတင်ကာကွယ်ပါ 🛡️🛡️
ရိုးရှင်းပြီး ငွေကုန်ကြေးကျမများတဲ့ စစ်ဆေးမှုတွေဖြစ်တဲ့ သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်းတွေပြုလုပ်ခြင်း ဖြင့် မိမိရဲ့ကျောက်ကပ်အခြေအနေကို အချိန်တိုအတွင်းသိရှိနိုင်ပါတယ်။ ‌သွေးတွင်း Creatinine ဓာတ် စစ်ဆေးခြင်းဖြင့် ကျောက်ကပ်လုပ်ဆောင်ရည်ကောင်း/မကောင်းဆန်းစစ်နိုင်မှာဖြစ်သလို eGFR စစ်ဆေးမှု မှာလည်း ကျောက်ကပ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းကိုတိုင်းတာကြည့်ရှုနိုင်မှာပါ။ ဆီးတွင်းပရိုတင်းဓာတ်ပါဝင်မှု စစ်ဆေးခြင်းက ကုန်ကျစရိတ်သက်သာပြီး ‌ကျောက်ကပ်မှာပြဿနာတစ်ခုခုရှိ/မရှိရှာဖွေပေးနိုင်ပါတယ်။ ဆေးစစ်ချက်တွေမှာ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုခု တွေ့ရှိရရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူနိုင်မယ်ဆို ရောဂါအခြေအနေကို အချိန်မီထိန်းချုပ်နိုင်မှာဖြစ်ပါတယ် 💜
နာတာရှည်ကျောက်ကပ်ရောဂါဟာ တခြား‌ရောဂါတစ်ခုခုကြောင့် ဆင့်ပွားဖြစ်ပွားနိုင်တဲ့ ရောဂါတစ်ခုဖြစ် တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်တာက အကောင်းဆုံးကာကွယ်မှုနည်းလမ်းဘဲ ဖြစ်ပါတယ်။ ဒါတွေကတော့ 👉🏼

✅ သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းဖြစ်အောင်ထိန်းညှိပါ

✅ သွေးပေါင်ချိန်ထိန်းဖို့အတွက် အငန်ဓာတ် (ဆား) လျှော့စားပါ

✅ တစ်ရက်ကိုအနည်းဆုံး မိနစ် ၃၀ လောက်ကိုယ်လက်လှုပ်ရှားလုပ်ပေးပါ

✅ သင့်တင့်လျောက်ပတ်သော ကိုယ်အလေးချိန်ထားပါ

✅ ဆေးလိပ်မသောက်ပါနှင့်

✅ အရက်လျှော့သောက်ပါ

✅ Ibuprofen ကဲ့သို့ NSAID အုပ်စုဝင်ဆေးဝါးများကို ရေရှည်သောက်သုံးခြင်းမှရှောင်ကြဥ်ပါ

ဘယ်သူတွေပိုသတိထားသင့်သလဲ⁉️
‌အောက်ပါအခြေအနေရှိသူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ပြဿနာခံစားရနိုင်ခြေပိုများတဲ့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ် 👉🏼

❗️ဆီးချိုသွေးချိုရောဂါရှိသူများ

❗️သွေးတိုးရောဂါရှိသူများ

❗️နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါရှိသူများ

❗️အဝလွန်သူများ

❗️ကျောက်ကပ်ရောဂါနှင့်ပတ်သက်၍ မိသားစုမျိုးရိုးရှိသူများ

ဘာ့ကြောင့် နာတာရှည်ကျောက်ကပ်ရောဂါကို မပေါ့ဆသင့်တာလဲ ❓
နာတာရှည်ကျောက်ကပ်ရောဂါအတွက် ကုသနည်း ၂ မျိုးစလုံးက ငွေကုန်ကြေးကျများပါတယ်။ ‌‌ကျောက်ကပ် ဆေးကြောကုသမှုက တစ်ပတ်ကို ပျမ်းမျှ ၃ ကြိမ်လုပ်ဖို့လိုအပ်ပြီး ‌ကျောက်ကပ်ပိုပျက်စီးလာခဲ့ရင် ဒီထက်အကြိမ်ရေစိပ်စိပ်ပြုလုပ်ရနိုင်တဲ့အတွက် ရေရှည်မှာလူနာအတွက် ငွေကြေးပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရပါ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ နောက်ထပ်ကုသနည်းတမျိုးဖြစ်တဲ့ ‌ကျောက်ကပ် အစားထိုးကုသနည်းကလည်း စရိတ်စကကြီးမားသလို ခွဲစိတ်ပြီးခံစားရနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို လည်း ဂရုပြုရပါတယ် 👨‍⚕️🧑‍⚕️

ဒါ့ကြောင့် ကျန်းမာသောဘဝပိုင်ဆိုင်နိုင်ဖို့ အတွက် မိမိကျောက်ကပ်ကျန်းမာရေးကို ယနေ့ကစပြီး ပိုမိုဂရုပြုစောင့်ရှောက်လိုက်ပါ။ ကျန်းမာရေးစစ်ဆေးမှု များကို ပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်‌အောင်နေထိုင်စားသောက်ခြင်းတို့က ကုန်ကျစရိတ်နည်းပါးပြီး နာတာရှည်ကျောက်ကပ်ရောဂါကို အချိန်မီကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေတဲ့အတွက် လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ် 💜💜
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
☎️ ဆက်သွယ်ရန်ဖုန်း - 01-7512668, 09-424405952/53, 09-965121864/65
🏨 ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🧭 Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
📨 Mail: info@sakura.hospital
🖥️ Website: sakurahospital.com.mm



ဆီးသွားခြင်းဟာ ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကို စွန့်ထုတ်ပစ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး ဆီးမကြာမကြ...
09/03/2026

ဆီးသွားခြင်းဟာ ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကို စွန့်ထုတ်ပစ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး ဆီးမကြာမကြာသွားနေရင်တော့ နေ့စဥ်လှုပ်ရှားသွားလာရာမှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ များသောအားဖြင့် အသက်ကြီးသူတွေဟာ ဆီးအိမ်ကြွက်သားအားနည်းလာတဲ့အတွက် မကြာခဏဆီးသွားခြင်းဖြစ်လေ့ရှိပြီး တခြားဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ 👉

ကိုယ်၀န်ရှိနေခြင်း 🤰🤰
ကိုယ်ဝန်လရင့်လာလေ သားအိမ်ကဆီးအိမ်ကို ဖိလေဖြစ်တဲ့အတွက်ဆီးကြာကြာမသိုလှောင်နိုင်တော့ပါဘူး၊ ဒါ့ကြောင့် ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ဆီးခဏခဏသွားရတတ်ပါတယ်

ဆီးကျိတ်ပုံမှန်ထက်ကြီးလာခြင်း 🩺🩺
အသက် ၅၀ အထက်အမျိုးသားတွေဟာ ဆီးကျိတ်ကြီးလာတဲ့ ပြဿနာကြုံရတတ်ပြီး ဆီးကျိတ်ကဆီးလမ်းကြောင်းကို ဖိညှစ်ထားသလိုဖြစ်စေတဲ့အတွက် မကြာခဏဆီးသွားရတတ်ပါတယ်

ဆီးအိတ်နှင့် ဆီးလမ်းကြောင်းတွင် ဆီးလမ်းကြောင်းကပိုးဝင်ခြင်း၊ ဆီးအိတ်ရောင်ရမ်းခြင်း၊ ဆီးကျောက်တည်ခြင်း စသည့်ပြဿနာတစ်ခုခုဖြစ်ခြင်း 🩺🩺

ဆီးချို‌ရောဂါရှိခြင်း 🩸🩸
ကျောက်ကပ်ကသွေးထဲက သကြားဓာတ်ကိုပုံမှန်ရှင်းလင်းပေးပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကိုသန့်စင်နိုင်ဖို့ ကျောက်ကပ်တွေကပုံမှန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် ခဏခဏဆီးသွားတတ်ပါတယ်။

အာရုံကြောပြဿနာတစ်ခုခုကြောင်း ဆီးသွားခြင်းကို မထိန်းချုပ်နိုင်ခြင်း 🧠🧠
လေဖြတ်ဝေဒနာလို အာရုံကြောပြဿနာတွေကြုံရတဲ့အခါမှာ ဆီးလမ်းကြောင်းကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေလည်း ထိခိုက်သွားနိုင်တဲ့အတွက် ဆီးမထိန်းနိုင်ခြင်း၊ ဆီးမကြာခဏသွားရခြင်းတွေ ကြုံရတတ်ပါတယ်

ဆေးဝါးများသောက်သုံးခြင်း 💊💊
သောက်သုံးတဲ့တချို့ဆေးဝါးတွေကြောင့် ကိုယ်တွင်းဇီဝအခြေအနေပြောင်းလဲပြီး ပုံမှန်ထက်ဆီးပိုသွားတာ မျိုးလည်း ရှိပါတယ်၊ ဥပမာပြောရရင် သွေးပေါင်ချိန်တက်နေသူကို ပေးလေ့ရှိတဲ့ ဆီးဆေး (Diuretics) တွေဟာ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကိုစွန့်ထုတ်ပစ်တဲ့အတွက် ပုံမှန်ထက်ပိုပြီးဆီးသွားနိုင်ပါတယ်။

ဆီးခဏခဏသွားခြင်းက စိုးရိမ်စရာကျန်းမာရေးပြဿနာတစ်ခုလို့ မထင်ရပေမဲ့ ပုံမှန်သွားလာနေထိုင်မှုကို အတော်လေး အနှောင့်အယှက်ပေးပါတယ်။ ဒါ့အပြင် အပေါ်မှာဖော်ပြခဲ့သလို ဆီးမကြာခဏသွားနေရခြင်းက တခြားကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်လည်း ဖြစ်နေနိုင်တဲ့အတွက် မပေါ့ဆသင့်ကြောင်း အသိပေးလိုက်ရပါတယ်။
---------------------------------------------------------------------------------------------------------------------
"သင့်မိသားစုကျန်းမာရေးအတွက်စိတ်ချရသည်မှာဆာကူရာ"💖
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
📞 ဖုန်းနံပတ် : 01-7512668/69 , 09-965121864/65 , 09-424405952/53
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

🩺💜 Bronchoscopy (အဆုတ်နှင့်အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေစစ်ဆေးခြင်း) 💜🩺Bronchoscopy (အဆုတ်နှင့်အသက...
06/03/2026

🩺💜 Bronchoscopy (အဆုတ်နှင့်အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေစစ်ဆေးခြင်း) 💜🩺

Bronchoscopy (အဆုတ်နှင့်အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေစစ်ဆေးခြင်း) ကို နှာခေါင်း (သို့မဟုတ်) ပါးစပ်မှတဆင့် အသံအိုး၊ လေပြွန်များနှင့် အဆုတ်အတွင်းပိုင်းရှိ လေပြွန်ငယ်များကို စစ်ဆေးကြည့်ရှုရန် ပြုလုပ်လေ့ပါသည်။ သေးငယ်၍ရှည်လျားသောပြွန်လေးကို နှာခေါင်း (သို့မဟုတ်) ပါးစပ် မှတဆင့်ထည့်ပြီး အသက်ရှူလမ်းကြောင်းတလျှောက်ကိုစစ်ဆေးကြည့်ရှုနိုင်ပါသည် ✨✨

Bronchoscopy ကြည့်ရှုစစ်ဆေးခြင်းကို အောက်ပါအခြေအနေများတွင် ပြုလုပ်လေ့ရှိပါသည်

🎗️နာတာရှည်ချောင်းဆိုးခြင်း

🎗️အဆုတ်နှင့်လေပြွန်တွင် ကင်ဆာရောဂါသံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရှိရခြင်း

🎗️အဆုတ်ရောဂါပြဿနာအမျိုးမျိုးကို ရှာဖွေစစ်ဆေးခြင်း

🎗️အဆုတ်မှ အသားစနမူနာယူခြင်း

🎗️ အသက်ရှုလမ်းကြောင်းနှင့်အဆုတ်ထဲမှ အချွဲများ၊ အသားစများနှင့် ပြင်ပအရာဝတ္ထုများကို ဖယ်ရှားခြင်း

🎗️အဆုတ်နှင့်လေပြွန်တွင် အကျိတ်များရှိနေခြင်း

🎗️အဆုတ်နှင့်လေပြွန်တွင် သွေးယိုခြင်း

🎗️လေပြွန်ကျဉ်းနေခြင်း

🎗️အဆုတ်နှင့်ရင်ဘတ်နံရံကြားလေခိုခြင်း

Bronchoscopy စစ်ဆေးမှုသည်

✅အချိန်အနည်းငယ်သာအတွင်းစစ်ဆေးပြီးစီးနိုင်ခြင်း

✅အဆုတ်နှင့်အသက်ရှုလမ်းကြောင်းကို သေချာစစ်ဆေးပေးနိုင်ခြင်း

✅သံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရှိပါက တပါတည်းအသားစနမူနာယူ၍ စစ်ဆေးနိုင်ခြင်း

စသည့်အားသာချက်များရှိသည့်အတွက် အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို စောလျင်စွာ သိရှိပြီး ထိရောက်သည့်ကုသမှုခံယူနိုင်စေရန် အထောက်အကူပေးသည့် စစ်ဆေးမှုတစ်မျိုးဖြစ်ပါသည်။

Bronchoscopy စစ်ဆေးမှုပြုလုပ်မည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်သည့်အတွက် ဆရာဝန်နှင့်ဦးစွာပြသတိုင်ပင်ရမည်ဖြစ်သည်။ ယေဘူယျအားဖြင့် မစစ်ဆေးမှီအနည်းဆုံး ၈ နာရီခန့် အစားအသောက်ရှောင်ရန်လိုအပ်ပြီး ပုံမှန်သောက်သုံးနေသော တချို့ဆေးဝါးများကို ရက်အနည်းငယ် ရပ်ထားရန်လိုအပ်ပါသည် ⚠️

ဆာကူရာဆေးရုံကြီး၏ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းဌာနတွင် နောက်ဆုံးပေါ်စက်ကိရိယာများ၊ နည်းပညာများကို အသုံးပြု၍ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများပူးပေါင်း၍ Bronchoscopy နည်းပညာဖြင့် ရောဂါရှာဖွေစစ်ဆေးကုသခြင်းကို ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါ ကြောင်းသတင်းကောင်းပါးအပ်ပါသည် 💜💜

အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ဘိုကင်တင်လိုပါက ဆာကူရာဆေးရုံ၊ အစာအိမ်မှန်ပြောင်းဌာန 09 455201025 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ✅✅
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 455201025 (Endoscopy Department), 01 7512668 (Hotline)
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

👨‍⚕️ ချစ်ခင်လေးစားရပါသော လူနာများရှင့် 👩🏻‍⚕️ဆာကူရာဆေးရုံကြီးသို့လာရောက်ကုသမှုခံယူသည့် လူနာတိုင်းအား ဆေးရုံ၏ ကျန်းမာရေးဝန...
04/03/2026

👨‍⚕️ ချစ်ခင်လေးစားရပါသော လူနာများရှင့် 👩🏻‍⚕️
ဆာကူရာဆေးရုံကြီးသို့လာရောက်ကုသမှုခံယူသည့် လူနာတိုင်းအား ဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများကို တန်းတူညီမျှ‌ပေးအပ်နိုင်ရန် အစဥ်အမြဲဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ဆာကူရာဆေးရုံကြီးတွင် ဆေးရုံအခန်းခ၊ ဆေးရုံဝန်ဆောင်ခများကို နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ လူနာအားလုံးအတွက် တစ်ပြေးညီကောက်ခံလျက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အသိပေးပြောကြား လိုပါသည် 💜

👨‍⚕️ Dear our customers 👩🏻‍⚕️
At our hospital, we are committed to providing equal and quality healthcare services to every patient. Therefore, all room charges and hospital service fees are applied uniformly to all patients, regardless of nationality. There is no difference in charges between local citizens and foreign nationals 💜
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
☎️ ဆက်သွယ်ရန်ဖုန်း - 01-7512668, 09-424405952/53, 09-965121864/65
🏨 ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🧭 Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
📨 Mail: info@sakura.hospital
🖥️ Website: sakurahospital.com.mm


02/03/2026

🌾 တောင်သူလယ်သမားနေ့ 🌾
၂၀၂၆ ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဆာကူရာဆေးရုံမိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
#တောင်သူလယ်သမားနေ့


မင်္ဂလာရှိသော တပေါင်းလပြည့်နေ့ အခါသမယ မှာ ကုသိုလ်ကောင်းမှုအဝဝနှင့်ပြည့်စုံပြီး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ၊ နှလုံးစိတ်ဝမ...
02/03/2026

မင်္ဂလာရှိသော တပေါင်းလပြည့်နေ့ အခါသမယ မှာ ကုသိုလ်ကောင်းမှုအဝဝနှင့်ပြည့်စုံပြီး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ၊ နှလုံးစိတ်ဝမ်း ပြည့်ဝ နိုင်စေကြောင်း ဆာကူရာ ဆေးရုံ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 💜💜

#တပေါင်းလပြည့်နေ့


🌙 𝑺𝑳𝑬𝑬𝑷 𝑺𝑻𝑼𝑫𝒀 𝑻𝑬𝑺𝑻 😴🛏️😴😴😴 အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အောက်ပါ လက္ခဏာတွေခံစားနေရပြီဆိုရင် 🛑 လျစ်လျူမရှုမိစေနဲ့နော်❗❗👉 ညအိပ်...
27/02/2026

🌙 𝑺𝑳𝑬𝑬𝑷 𝑺𝑻𝑼𝑫𝒀 𝑻𝑬𝑺𝑻 😴🛏️

😴😴😴 အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အောက်ပါ လက္ခဏာတွေခံစားနေရပြီဆိုရင် 🛑 လျစ်လျူမရှုမိစေနဲ့နော်❗❗
👉 ညအိပ်ချိန်မှာ ကျယ်လောင်စွာဟောက်တတ်ခြင်း။ 😷
👉 အိပ်ပျော်နိုင်ဖို့ အခက်အခဲရှိခြင်း။ 🌙
👉 အသက်ရှူကြပ်ပြီး လန့်နိုးခြင်း။ 😖
👉 မိမိအိပ်နေစဉ် အသက်ရှူခေတ္တရပ်သွားသည် ကို တခြားသူမှသတိပြုမိခြင်း။ 👀
👉 အိပ်ရာနိုးလာသည့်အခါ ခေါင်းမကြည်ခြင်း ၊ ခေါင်းကိုက်ခြင်း။ 🤕
👉 နေ့ခင်းဘက်တွင် အလွန်အမင်းအိပ်ငိုက်ခြင်း ၊ သမ်းဝေခြင်း။ 😴💤
👉 အာရုံစူးစိုက်ရ ခက်ခဲခြင်း 💭၊ စိတ်အပြောင်းအလဲမြန်ခြင်း။ 😵‍💫

ဒါလို လက္ခဏာတွေရှိနေပြီဆိုရင်တော့ သင့်မှာ အိပ်ပျော်နေစဉ် အသက်ရှူပိတ်သောရောဂါ (Sleep Apnea) ခံစားနေရခြင်းဖြစ်နိုင်ပါတယ်။ 💤
Sleep Apnea (၂)မျိုးရှိပါတယ်။👇

🚩 Obstructive Sleep Apnea (OSA)
အဖြစ်အများဆုံးဖြစ်ပြီး လည်ချောင်းနှင့်အာခေါင်တဝိုက်ရှိ ကြွက်သားများ တင်းမာမှု လျော့ရဲပြီး လေဝင်လမ်းကြောင်းကို လာပိတ်သောကြောင့် ဖြစ်ပါတယ်။

🚩 Central Sleep Apnea (CSA)
ဦးနှောက်မှ အသက်ရှူမှုကို ထိန်းချုပ်ထားတဲ့အာရုံကြောများ အလုပ်မလုပ်တော့လို့ ဖြစ်တဲ့အခြေအနေဖြစ်ပါတယ်။ 🧠

တချို့လူတွေမှာ OSA နဲ့ CSA နှစ်မျိုးလုံး တပြိုင်နက်တည်း ဖြစ်တတ်ပါတယ်။⚖️

🩺 သေချာအောင်စစ်ဆေးဖို့ ဆိုရင်တော့ Sleep Study Test ဖြင့်စမ်းသပ်ကာ ရောဂါရှိ/မရှိ၊ ရောဂါအတိမ်အနက်ကို ဆုံးဖြတ်ရပါတယ်။ 🔬.

👨‍⚕️ ယခုအခါ ဆာကူရာဆေးရုံကြီးတွင် ခေတ်မီ Polysomnography (PSG) စက်ဖြင့် Sleep Study Test ကို
➡️ ဆေးရုံတွင်းစစ်ဆေးခြင်း။🏥
➡️ အိမ်အရောက်ဝန်ဆောင်မှုအဖြစ်လည်း ရယူနိုင်ပါတယ်။ 🏠💡

ရောဂါတွေ့ခဲ့လျှင် လဲ အကောင်းဆုံးကုသမှုရဖို့ ကျွမ်းကျင်ဆရာဝန်များနှင့်ဆက်လက်ပြသနိုင်အောင် စီစဉ်ပေးပါတယ်။ 👨‍⚕️

📞 အသေးစိတ်စုံစမ်းသိရှိလိုပါက
ဆာကူရာဆေးရုံ ဖုန်းနံပါတ်
📱 09-793437200, 📞 01-7512668 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည် ✅✅
---------------------------------------------------------------------------------------------------------------------
💜 သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ 💜
🏨Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 793437200, 01 7512668 (Hotline), 09-424405952/53, 09-965121864/65
📨Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm






🚨 လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးပြဿနာများ🚨ရန်ကုန်မြို့မှာ ယခုရက်ပိုင်းလေထုညစ်ညမ်းမှုများတာကြောင့် ရာသီဥတုက အုံ့မှိုင်းနေ...
24/02/2026

🚨 လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးပြဿနာများ🚨
ရန်ကုန်မြို့မှာ ယခုရက်ပိုင်းလေထုညစ်ညမ်းမှုများတာကြောင့် ရာသီဥတုက အုံ့မှိုင်းနေတာကို တော်တော်များများ သတိပြုမိကြမှာပါ။ လေထုညစ်ညမ်းမှုကြောင့် တချို့တွေမှာ မျက်စိယားယံတာ၊ လည်ချောင်းမအီမသာဖြစ်တာ၊ အသက်ရှုရခက်တာ စတဲ့ကျန်းမာရေးပြဿနာတွေခံစားရနိုင်တဲ့အတွက် လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီးကျန်းမာရေးအတွက် သိရှိလိုက်နာသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်👨‍⚕️👨‍⚕️

ဘာလို့လေထုညစ်ညမ်းမှုဖြစ်ရသလဲ❓
လေထုထဲမှာ မပါဝင်သင့်တဲ့ ဒြပ်ပေါင်းတွေ၊ အမှုန်အမွှားတွေရှိသင့်တဲ့ပမာဏထက်ပိုများလာတဲ့အခါမှာ လေထုညစ်ညမ်းမှုဖြစ်ပါတယ်။ အဓိကအားဖြင့် လောင်စာအမျိုးမျိုးလောင်ကျွမ်းမှုကထွက်လာတဲ့ ဓာတ်ငွေ့တွေ/ စက်မှုလုပ်ငန်းတွေကထွက်လာတဲ့ ဓာတ်ငွေ့နဲ့ အမှုန်အမွှားတွေ (နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ် စတဲ့ဓာတ်ငွေ့တွေအဓိကပါဝင်ပါတယ်) ကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ ဒီဓာတ်ငွေ့တွေ၊ ဒြပ်ပေါင်းတွေက လေထုထဲရောက်တဲ့အခါ ဓာတ်ပြုမှုတွေဖြစ်ပြီး လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အိုဇုန်းဓာတ်ငွေ့နဲ့ မီးခိုးတွေဖြစ်လာစေပါတယ်🚩🚩

လေထုညစ်ညမ်းမှုက ကျန်းမာရေးကိုဘယ်လိုထိခိုက်စေသလဲ❓
လေထုညစ်ညမ်းမှုဒဏ်ကို အသက်အရွယ်မရွေးလူတိုင်းခံစားရနိုင်ပါတယ်။ လေထုထဲကအမှုန်အမွှားတွေကို ရှုသွင်းမိရင် အဆုတ်လေပြွန်ငယ်တွေထဲထိရောက်သွားနိုင်ပြီး လေပြွန်ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ အရွယ်အစားသေးငယ်လွန်းတဲ့ အမှုန်အမွှားတွေကတော့ ပိုလို့တောင် အန္တရာယ်များပြီး အဆုတ်ကနေတဆင့် သွေးထဲထိရောက်သွားနိုင်တဲ့အတွက် နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်နိုင်ခြေရှိပါတယ်⚠️⚠️

လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာတဲ့အိုဇုန်းဓာတ်ငွေ့ဟာလည်း ပန်းနာရင်ကျပ်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ တခြားဓာတ်ငွေ့တွေဖြစ်တဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ် လိုဓာတ်ငွေ့တွေဟာလည်း ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောင်ရောဂါတွေဖြစ်စေနိုင် တဲ့အပြင် အသက်ရှူရခက်ခဲခြင်း/မဝခြင်း စတဲ့လက္ခဏာတွေပါ ဖြစ်စေနိုင်ပါတယ်‼️

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ (အထူးသဖြင့်ရောဂါအခံတစ်ခုခုရှိသူတွေ) ဆိုပိုသတိထားသင့်ပါတယ်။ ကလေးငယ်လေးတွေရဲ့ အသက်ရှူစနစ်က လူကြီးတွေလောက်မဖွံ့ဖြိုးသေးသလို အသက်ရှူနှုန်းလည်း ပိုမြန်တဲ့ အတွက် လေထုညစ်ညမ်းမှုဒဏ်ကို ပိုခံစားရလေ့ရှိပြီး အဓိကအားဖြင့် 👉🏼

🫁 အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ (ပန်းနာရင်ကျပ်၊ အဆုတ်ပွခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း စသည်တို့ဖြစ်နိုင်ခြေများလာ)

🧠 ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာများ (မကောင်းသည့်အမှုန်အမွှားများကို ‌ရေရှည်ရှူရှိုက်ရသည့်အတွက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင်ကြားမှုစွမ်းရည်ကို ထိခိုက်လာနိုင်)

💪 ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကြုံရနိုင်တာကိုလေ့လာမှုအရ တွေ့ရှိရပါတယ်

သက်ကြီးရွယ်အိုတွေဟာလည်း လေထုညစ်ညမ်းမှုဒဏ်ကြောင့် ထိခိုက်ခံစားရနိုင်ခြေများတဲ့အထဲ ပါဝင်ပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာတွေ၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာတွေ ပိုခံစားနိုင်ခြေရှိပါတယ်။ နဂိုတည်းက အလားတူကျန်းမာ‌ရေး ပြဿနာတမျိုးမျိုးအခံရှိနေခဲ့ရင် လေထုညစ်ညမ်းချိန်မှာ ပိုဆိုးရွားနိုင်တဲ့အတွက် အထူးဂရုပြုပေးဖို့လိုအပ်ပါတယ်‼️

လေထုညစ်ညမ်းမှုကို ဘယ်လောက်ကြာကြာ ထိတွေ့ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်သလဲ❓
လေထုညစ်ညမ်းမှုနဲ့ အချိန်တိုတိုထိတွေ့တာရော ကာလကြာရှည်ထိတွေ့တာရော ၂ မျိုးစလုံးကြောင့် ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ပါတယ်။ ဘယ်လောက်ကြာကြာထိတွေ့ရင် ဘေးကင်းသလဲဆိုတာကတော့ လေထုညစ်ညမ်းမှုအဆင့်၊ လေထုထဲပါဝင်နေတဲ့ညစ်ညမ်းဓာတ်ငွေ့အမျိုးအစားတွေနဲ့ တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်နေပါတယ်။ ဥပမာပြောရမယ်ဆို အလွန်သေးငယ်တဲ့အမှုန်အမွှားတွေ ပမာဏများများကို အချိန်တိုအတွင်း ရှူသွင်းမိမယ်ဆို အဆုတ်လုပ်ဆောင်ချက်ထိခိုက်ခြင်း၊ အသက်ရှူ လမ်းကြောင်းရောဂါခံစားရခြင်း၊ ပန်းနာရင်ကျပ်ရောဂါခံစားရခြင်း စတာတွေဖြစ်ပွားနိုင်ပြီး အချိန်ကြာကြာထိတွေ့မိရင် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့ရောဂါ၊ ကင်ဆာရောဂါ စတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေကိုတောင် များပြားလာစေပါတယ်။

လေထုညစ်ညမ်းမှုကြောင့်ကျန်းမာရေးထိခိုက်မှုနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ❓
ယခုဖြစ်ပေါ်နေတဲ့လေထုညစ်ညမ်းမှုကအချိန်တစ်ခုကြာရင် လျော့ပါးသက်သာသွားမှာဖြစ်ပေမဲ့ လေထုပုံမှန်အတိုင်းပြန်မဖြစ်ခင်မှာတော့ ကျန်းမာရေးအတွက် အောက်ပါအချက်လေးတွေကို လုပ်ဆောင်သင့်ကြောင်း ပြောပြလိုပါတယ်

✅ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့မှုနည်းအောင် မလိုအပ်ဘဲအပြင်မထွက်ပါနဲ့

✅အမှုန်အမွှားတွေဝင်လာတာကိုလျှော့ချဖို့ ပြတင်းပေါက်နဲ့ တံခါးတွေကိုပိတ်ထားပေးပါ

✅အခန်းတွင်းမှာလေထုသန့်စင်စက် (air purifier) သုံးပါ

✅အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း (mask) တပ်ပါ

✅အပြင်ကပြန်လာပြီးတိုင်း အမှုန်အမွှားတွေကပ်ကျန်မနေနိုင်အောင် လက်ကိုဆပ်ပြာနဲ့သေချာ ဆေးကြောပါ၊ မျက်နှာသစ်ပါ

✅ရေဓာတ်ပြည့်ဝအောင်နေဖို့လိုအပ်တဲ့အတွက် ရေများများသောက်ပါ

ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေဟာ ပိုနုနယ်တဲ့အတွက် အခုလိုအချိန်မှာ ပိုဂရုစိုက်သင့်ပါတယ်၊ လေထုညစ်ညမ်းမှုအရမ်းဆိုးချိန်မှာ တတ်နိုင်သလောက်အပြင်မထွက်ပါနဲ့၊ မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ပေးပါ၊ လူကြီးတွေအနေနဲ့ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီး သောက်သုံးရမဲ့ဆေးဝါး တွေကို မှန်မှန်သောက်သုံးပေးပါ၊ သာမန်မဟုတ်တဲ့ လဏ္ခဏာတွေခံစားလာရရင် အစိုးရိမ်မလွန်ဘဲ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးမှုခံယူဖို့ အကြံပြုလိုက်ရပါတယ်💜💜
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏨Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 01 7512668 (Hotline), 09-424405952/53, 09-965121864/65
📨Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm


#လေထုညစ်ညမ်းမှု

✔ဆာကူရာဆေးရုံကြီး၏ အဆင့်မြင့် ခွဲစိတ်ခန်းများ (Operation Theaters) တွင် သက်ဆိုင်ရာကျွမ်းကျင် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ...
22/02/2026

✔ဆာကူရာဆေးရုံကြီး၏ အဆင့်မြင့် ခွဲစိတ်ခန်းများ (Operation Theaters) တွင် သက်ဆိုင်ရာကျွမ်းကျင် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် ဆေးရုံရှိကျန်းမာရေးဝန်ထမ်းများမှ မိဘပြည်သူများအတွက် ခွဲစိတ်ကုသမှုအမျိုးမျိုးကို ဘေးကင်းလုံခြုံစွာပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးလျက် ရှိပါသည် 👩‍⚕️

🎗အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းနှင့်သည်းခြေဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့်🎗
✅ အူအတက်ပေါက်ခြင်း၊ အူကျွံခြင်း၊ အူကျခြင်း ရောဂါများအားခွဲစိတ်ကုသခြင်း
✅ လိပ်ခေါင်းရောဂါခွဲစိတ်ကုသပေးခြင်း
✅ သည်းခြေကျောက်တည်ခြင်းအား သမားရိုးကျခွဲစိတ်ကုသခြင်း/ မှန်ပြောင်းမှတစ်ဆင့်ကြည့်ရှုခွဲစိတ်ကုသခြင်း
✅ သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း
✅ အသည်းအစိတ်အပိုင်းအလိုက်ခွဲစိတ်ဖယ်ရှားခြင်း
✅ အစာအိမ်အား တစ်စိတ်တစ်ပိုင်းဖြစ်စေ အလုံးစုံဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း
✅ အစာအိမ်အူလမ်းကြောင်းလမ်းကြောင်းလွှဲရန် ခွဲစိတ်ကုသခြင်း
✅ ဝမ်းဗိုက်အိတ်ဖောက်ခြင်း
✅ အူမကြီးလမ်းကြောင်းခွဲစိတ်ကုသခြင်း

🎗ကလေးမွေးဖွားခြင်းနှင့် မီးယပ်ဆိုင်ရာခွဲစိတ်မှုများဖြစ်သည့်🎗
💜 ကလေးခွဲစိတ်မွေးဖွားခြင်း
💜 သားကြောဖြတ်ခြင်း
💜 သားဥအိမ်နှင့်သားအိမ်အလုံးအကျိတ်အမျိုးမျိုးအား သမားရိုးကျခွဲစိတ်ကုသခြင်း/မှန်ပြောင်းမှ တစ်ဆင့်ကြည့်ရှုခွဲစိတ်ကုသခြင်း
💜 သားဥပြွန်ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းများအတွက် သားဥပြွန်ထုတ်ခြင်း

🎗အရိုးဆိုင်ရာခွဲစိတ်မှုများဖြစ်သည့်🎗
🩺 တင်ပါးဆုံရိုး တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးအစားထိုးခွဲစိတ်ကုသခြင်း
🩺 ပေါင်ထိပ်ရိုးအရိုးကျိုးခြင်းကို ခွဲစိတ်ကုသခြင်း
🩺 ဒူးခေါင်းရိုးတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး အစားထိုးခွဲစိတ်ကုသခြင်း
🩺 ခါးဆစ်ရိုးကျွံ၍ ခါးရိုးတွင်းရှိ ပင်မအာရုံကြောပေါ်သို့ဖိအားသက်ရောက်နေခြင်းအား ခွဲစိတ်ကုသခြင်း
🩺 အရိုးအဆစ်များနာကျင်ကိုက်ခဲမှုများအတွက် ဆေးထိုးကုသပေးခြင်း
🩺 အာရုံကြောပိနေသော အရိုးအစိတ်အပိုင်းများကို ခွဲစိတ်ကုသပေးခြင်း
🩺 ခါးကျောရိုးဆစ် ပြုပြင်ကုသခြင်း
🩺 လက်ဆစ်ရိုး၊ လက်ဖျံရိုး၊ လက်မောင်းရိုး၊ ခြေသလုံးရိုး၊ ပေါင်ရိုး၊ လက်ထောက်ဝတ်အရိုးကျိုးခြင်း အမျိုးမျိုးကို ခွဲစိတ်ကုသပေးခြင်း
🩺 ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ရောဂါကြောင့် ပျက်စီးသွားသောအာရုံကြောများကို အစားထိုး ခွဲစိတ်ကုသပေးခြင်း

🎗ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့်🎗
💉 ကျောက်ကပ်ကင်ဆာအပါအဝင် ကျောက်ကပ်ထိခိုက်ပျက်စီးမှုများနှင့် ရောဂါအမျိုးမျိုးအတွက် ကျောက်ကပ်ကိုခွဲစိတ်ဖယ်ရှားခြင်း
💉 ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ခေတ်မီမှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေခြင်း၊ ဆီးကျောက်ဖယ်ရှားခြင်း၊ အသားစနမူနာယူခြင်း
💉 လိင်အင်္ဂါထိပ်အရေပြားဖြတ်ခြင်း၊ ကပ္ပါယ်အိတ် ခွဲစိတ်ကုသခြင်း
💉 လေဆာနည်းပညာဖြင့် ဆီးကျောက်ခြေပေးခြင်း
💉 ခေတ်မီမှန်ပြောင်းအသုံးပြု၍ ဆီးပို့ပြွန်နှင့် ကျောက်ကပ်ကို ကြည့်ရှုစစ်ဆေးခြင်း
💉 ဆီးလမ်းကြောင်းကျဉ်းခြင်းအား ကုသပေးခြင်း
💉 ကျောက်ကပ်မှ ဆီးအိတ်သို့ဆက်သွယ်သည့် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းအား ကုသခြင်း
💉 အရွယ်အစားကြီး၍ မှန်ပြောင်းမှတစ်ဆင့်ဖယ်ရှားရန်မလွယ်ကူသော ဆီးအိမ် ကျောက်များကို ခွဲစိတ်ဖယ်ရှားပေးခြင်း
💉 ဆီးအိမ်ကင်ဆာကျိတ်ကို မှန်ပြောင်းမှတစ်ဆင့်ခြစ်၍ ကုသခြင်း
💉 အပေါက်ငယ်လေးဖောက်၍ ကျောက်ကပ်ကျောက်များကို ခွဲစိတ်ဖယ်ရှားပေးခြင်း

🎗အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့်🎗
🫁 အဆုတ်တွင်း ရေဝင်နေခြင်းအား စုပ်ထုတ်ကုသခြင်း
🫁 အဆုတ်နှင့်ရင်ခေါင်းကြားတွင် ပုံမှန်မဟုတ်ဘဲ လေများ၊ သွေးများ ဝင်ရောက်နေခြင်းကို စုပ်ထုတ်ခြင်း၊ ခွဲစိတ်ခြင်း
🫁 ရောဂါကြောင့်ပုံမှန်အလုပ်မလုပ်နိုင်သော အဆုတ်အစိတ်အပိုင်းအား ခွဲစိတ်ဖယ်ထုတ်ခြင်း
🫁 ဗီဒီယိုကင်မရာအသုံးပြု၍ ရင်ခေါင်းတွင်အပေါက်ငယ်လေးဖောက်ကာ အလုံးအကျိတ်များခွဲစိတ်ကုသခြင်း၊ လေများ/သွေးများ စသည်တို့ကို ဖယ်ရှားပေးခြင်း

🎗နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့်🎗
✅ လည်ပင်းသိုင်းရွိုက်အကျိတ် ခွဲစိတ်ကုသခြင်း၊ ဖယ်ရှားခြင်း
✅ ခံတွင်း၊ လျှာနှင့် အာသီး ဆိုင်ရာခွဲစိတ်ကုသခြင်း
✅ နားပိုးဝင်ခြင်း၊ နားစည်ထိခိုက်ခြင်း များအားခွဲစိတ်ခြင်း
✅ မှန်ပြောင်းအသုံးပြု၍ နှာခေါင်းအတွင်းပိုင်းရောဂါအခြေအနေများအားခွဲစိတ်ကုသပေးခြင်း၊ အသားစနမူနာယူခြင်း
✅ လေပြွန်နှင့်လည်ပင်းတစ်လျှောက် ရောဂါများ၊ အလုံးအကျိတ်များအား ခွဲစိတ်ကုသခြင်း၊ အသားစယူခြင်း

🎗မျက်နှာ၊ မေးရိုးနှင့် ခံတွင်းဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့် 🎗
💜 မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းအား ခွဲစိတ်ကုသပေးခြင်း
💜 ထိခိုက်ဒဏ်ရာများ၊ အပူလောင်ဒဏ်ရာများအား ခွဲစိတ်ကုသပေးခြင်း
💜 မေးရိုးနှင့်ခံတွင်းဆိုင်ရာ အလုံးအကျိတ်များ ဖြတ်ထုတ်ဖယ်ရှားခြင်း၊ ခွဲစိတ်ပေးခြင်း၊ အစားထိုးပြုပြင်ပေးခြင်း
💜 ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုများဖြစ်သည့်
💜 ဦးနှောက်တွင်းအရည်များနေခြင်းအား အပေါက်ဖောက်၍ စုပ်ထုတ်ပေးခြင်း
💜 ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အလုံးအကျိတ်များ ခွဲစိတ်ကုသပေးခြင်း
💜 ဦးခေါင်းခွံထိခိုက်ဒဏ်ရာရခြင်းများအတွက် ခွဲစိတ်ကုသပေးခြင်း
စသည့် ခွဲစိတ်ကုသမှုအမျိုးမျိုးကို ဆာကူရာဆေးရုံရှိ အဆင့်မြင့်စက်ကိရိယာများတပ်ဆင်ထားသော ခွဲစိတ်ခန်းများ၊ ကုသမှုနည်းပညာများဖြင့် နေ့စဉ် ဝန်ဆောင်မှုပေးလျက်ရှိပါသည် 👨‍⚕️🧑‍⚕️
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 01 7512668 (Hotline), 09 424405952/53, 09 965121864/65
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

theaters
-surgery

and gynecology
-surgery

hospital

Address

21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111

Alerts

Be the first to know and let us send you an email when Sakura Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate 150 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We can also arrange for specialists on call service. We always focus on our customers’ well-being and delightfulness.