08/12/2025
“ဗီတာမင်အားဆေးတွေ အများကြီးသောက်ရင် ကျောက်ကပ်ထိခိုက်နိုင်ပါတယ်" 💊😱
"အားဆေးတွေသောက်ရင်း ကျောက်ကပ်ပျက်စီးနေမှန်း မသိလိုက်ကြဘူး..."
တချို့ကအားရှိမယ်ထင်ပြီး သောက်နေကြတဲ့ ဗီတာမင်ဆေးတွေက တကယ်တော့ ကျောက်ကပ်ကို တစ်နေ့တစ်ခြား ဖျက်ဆီးနေပါတယ်!
ဘာလို့ ဒီဆေးတွေက ကျောက်ကပ်ကို ထိခိုက်ရတာလဲ? 🤔
"ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ သန့်စင်ပေးတဲ့စက်ရုံကြီးပါ"
ကျောက်ကပ်က -
• ဆေးတွေကို စစ်ထုတ်ပေးရတယ်
• ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းပေးရတယ်
• ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ထိန်းညှိပေးရတယ်
ဗီတာမင်ဆေးတွေ အများကြီးသောက်မိရင် -
• ကျောက်ကပ်ကို အလုပ်ပိသွားစေတယ်
• ကျောက်ကပ်ထဲမှာ ဓာတ်ဆားတွေစုပြီး ကျောက်တည်စေတယ်
• ကျောက်ကပ်ဆဲလ်တွေ ပျက်စီးသွားတယ်
ဆေးအမျိုးအစားအလိုက် အန္တရာယ်တွေ ⚠️
𝟭. B1+B6+B12 အားဆေး 💪
"အာရုံကြောအားဆေးဆိုပြီး အလွယ်သောက်ကြတယ်"
• B1+B6+B12 အများကြီးသောက်ရင် - ကျောက်ကပ်ဝန်ပိသွားတယ်
• အကြာကြီးသောက်ရင် - ကျောက်ကပ်ကျောက်တည်နိုင်တယ်
𝟮. Multivitamin အားဆေး 🌟
"Vitamin တွေအကုန်ပါတယ်ဆိုပြီး သောက်ကြတယ်"
• ဗီတာမင်တွေ ပေါင်းစပ်ထားတော့ - ကျောက်ကပ်က သန့်စင်ဖို့ မနိုင်တော့ဘူး
• ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ - အများကြီးပါရင် အန္တရာယ်ရှိတယ်
• သတ္တုဓာတ်တွေ - ကျောက်ကပ်ထဲမှာ စုနေတတ်တယ်
𝟯. Vitamin C ဆေး 🍊
"အအေးမိတာနဲ့ ချက်ချင်းသောက်ကြတယ်"
• တစ်နေ့ ၂၀၀၀ mg ထက်ပိုသောက်ရင် - ကျောက်ကပ်ကျောက်တည်နိုင်တယ်
• ဆီးထဲမှာ Oxalate တွေများလာတယ် - ကျောက်ကပ်မှာ ကျောက်တည် ပိတ်သွားနိုင်တယ်
• အကြာကြီးသောက်ရင် - ကျောက်ကပ်ရောင်တတ်တယ်
𝟰. Vitamin D ဆေး ☀️
"အရိုးအားဆေးဆိုပီး သောက်ကြတယ်"
• လိုတာထက်ပိုသောက်ရင် - သွေးထဲမှာ ကယ်လ်စီယမ်တွေများလာတယ်
• ကျောက်ကပ်ထဲမှာ - ကျောက်တည်စေတယ်
• ကျောက်ကပ်ဆဲလ်တွေ - မာသွားစေတယ်
𝟱. Calcium ဆေး 🦴
"အရိုးပွသူတွေ သောက်ကြတယ်"
• ကယ်လ်စီယမ်အများကြီးကို- ကျောက်ကပ်က မစစ်နိုင်ဘူး
• ကျောက်ကပ်ထဲမှာ - ကျောက်တည်သွားတယ်
• ဆီးထဲကနေ - ပြန်မစုပ်နိုင်တော့ဘူး
𝟲. Vitamin E ဆေး 💅
"အလှအပအတွက် သောက်ကြတယ်"
• အဆီထဲမှာပျော်တဲ့ဗီတာမင် - ခန္ဓာကိုယ်ထဲမှာ စုနေတတ်တယ်
• ကျောက်ကပ်က - ဒီအဆီတွေကို မဖယ်ရှားနိုင်ဘူး
• အကြာကြီးသောက်ရင် - ကျောက်ကပ်ရောင်တတ်တယ်
ဘယ်လိုလက္ခဏာတွေပြတတ်လဲ? 🚨
"ဒီလက္ခဏာတွေရှိရင် ချက်ချင်းဆေးသောက်တာရပ်ပါ"
• ဆီးအရောင်ပြောင်းလာရင် - နီဝါရောင်၊ အညိုရောင်
• ခါးနာလာရင် - ကျောက်ကပ်နေရာမှာ နာလာရင်
• ဆီးသွားနည်းလာရင်
• ခြေထောက်၊ မျက်နှာဖောရောင်လာရင်
• အကြောင်းရင်းမရှိဘဲ ပျို့အန်ချင်စိတ်ဖြစ်လာရင်
• ဆီးထဲသွေးပါရင်
ဘယ်လိုကာကွယ်မလဲ? 🛡️
1. ဆေးတိုင်းကို ညွှန်ကြားထားတဲ့ပမာဏအတိုင်းသောက်ပါ 📝
• "ပိုသောက်ရင် ပိုကောင်းမယ်" ဆိုတာမျိုးမရှိဘူး
• ညွှန်ကြားချက်ထက် ပိုမသောက်ပါနဲ့
2. ရေများများသောက်ပေးပါ 💧
• တစ်နေ့ ရေ ၈ ခွက်ကနေ ၁၀ ခွက်သောက်ပါ
• ရေက ကျောက်ကပ်ကို သန့်စင်ပေးတယ်
3. ပုံမှန်ကျောက်ကပ်စစ်ဆေးမှုလုပ်ပါ 🏥
• ဆီးစစ်ကြည့်ပါ
• သွေးထဲက Creatinine level(ခီရပ်တနင်) စစ်ကြည့်ပါ
သဘာဝကနေ ဗီတာမင်ရအောင်စားပါ 🥗
"ဆေးတွေသောက်မယ့်အစား ဒါတွေစားကြည့်ပါ"
• ဗီတာမင် B - ဆန်၊ ပဲ၊ ကြက်ဥ
• ဗီတာမင် C - သံပရာသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး
• ဗီတာမင် D - နေရောင်ခံပါ၊ ငါး၊ ကြက်ဥ
• ကယ်လ်စီယမ် - နွားနို့၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး
• ဗီတာမင် E - ထောပတ်သီး၊ ဗာဒံစေ့၊ ဟင်းနုနွယ်
အထူးသတိထားရမယ့်သူတွေ 👥
• ကျောက်ကပ်ရောဂါရှိပြီးသားသူတွေ
• ဆီးချိုရောဂါရှိသူတွေ
• သွေးတိုးရောဂါရှိသူတွေ
• အသက် ၆၀ အထက်လူကြီးတွေ
• မိသားစုထဲမှာ ကျောက်ကပ်ရောဂါရှိဖူးတဲ့သူတွေ
"ဗီတာမင်အားဆေးတွေက ဓားသွားနှစ်ဖက်ပါပါတယ်... မှန်မှန်ကန်ကန်သုံးရင် ကောင်းကျိုးပေးပေမယ့် မှားသုံးမိရင် ကျောက်ကပ်တွေ ပျက်ဆီး ဆုံးရှုံးနိုင်ပါတယ်" 💔
ဒီဆောင်ပါးလေးကို SHARE လုပ်ပြီး ဗီတာမင်ဆေးသောက်နေတဲ့ ကိုယ်ချစ်ရသူတွေကိုပါ သတိပေးလိုက်ပါ။
#ဗီတာမင်ဆေး #ကျောက်ကပ်ရောဂါ #ကျန်းမာရေး #မြန်မာ့ဆေး #အားဆေး