29/01/2026
⚠️ နီပါးရ်ဗိုင်းရပ်စ်စိုးရိမ်ရပါသလား ⚠️
🟥နီပါးရ်ဗိုင်းရပ်စ်ဟာယခုမှဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တစ်ခုမဟုတ်ပါဘူး။ ပထမဦးဆုံးတွေ့ရှိတာကတော့ ၁၉၉၉ ခုနှစ်၊ မလေးရှားနိုင်ငံမှာစတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ဘင်္ဂလာဒေ့ရှ်မှာဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၂ နဲ့ ၂၀၀၇ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ အနောက်ဘင်ဂါမှာဖြစ်ပွားခဲ့ပြီး ယခုဖြစ်ပွားနေတာလည်း အနောက်ဘင်ဂါပြည်နယ်မှာပဲဖြစ်ပါတယ်။
ရောဂါကူးစက်မှုပုံစံများအနေဖြင့် -
🟥 တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်း - နီပါးရ်ဗိုင်းရပ်စ်ရောဂါပိုးရှိသော ဝက်များ သို့မဟုတ် လင်းနို့များ၏ ထွက်ရည်များ (တံတွေး၊ ဆီး) နှင့် တိုက်ရိုက်ထိတွေ့ခြင်း၊
🟥 အစားအသောက်မှတစ်ဆင့်ကူးစက်ခြင်း - လင်းနို့များ ကိုက်ထားသော သစ်သီး များ၊ လင်းနို့တံတွေး သို့မဟုတ် ဆီးများပေကျံနေသော သစ်သီးများ/ထန်းရည်/ ဓနိရည်များကို စားသောက်မိခြင်း၊
🟥 လူအချင်းချင်းကူးစက်ခြင်း - လူနာထံမှ ထွက်သည့်အရည်များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ လူနာနှင့်နီးကပ်စွာထိတွေ့ရသည့် လူနာပြုစုသူများနှင့် ကျန်းမာရေး ဝန်ထမ်းများကို ကူးစက်စေခြင်းတို့ဖြစ်ပါသည်။
🟥 နီပါးရ်ဗိုင်းရပ်စ်က တိရိစ္ဆာန်မှတဆင့် လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ တိရိစ္ဆာန်များနှင့်တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်သလို တိရိစ္ဆာန်များထိတွေ့ထား (စားသောက်ထား) တဲ့အစာအစားများကို ထိတွေ့ကိုင်တွယ်တာကတဆင့်လည်း လူကိုကူးစက်နိုင်ပြီး နောက်တစ်ဆင့်အနေနဲ့ လူကနေ လူကို ကူးစက်နိုင်ပါတယ်။ အဓိကကူးစက်နိုင်သောတိရိစ္ဆာန်မှာ အသီးစားလင်းနို့များဖြစ်ပါတယ်။ ထိုလင်းနို့များ စားသောက်ထားသော အသီးအကြွင်းအကျန်များကို အခြားသော တိရိစ္ဆာန်များက (အထူးသဖြင့် ဝက်) ထိတွေ့စားသောက်မိပါက ထိုတိရိစ္ဆာန်မှတဆင့် လူများကို ကူးစက်နိုင်ပါတယ်။
🟥နီပါးရ်ဗိုင်းရပ်စ်ရဲ့ အဓိကသတိထားရမည့်အချက် စတင်ကူးစက်ရာမှာ ရောဂါလက္ခဏာပြသခြင်းမရှိပဲ ထိုမှတဆင့် ရုတ်တရုက်အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်ပွားတတ်ပါတယ်။ ရောဂါလက္ခဏာပြသခဲ့လျှင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများကိုက်ခဲခြင်း စသည်တို့ဖြစ်ပွားနိုင်ပါတယ်။ ဆိုးဝါးတဲ့အခြေအနေများမှာတော့ မှိန်းခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ အဆုတ်ခဲခြင်းနှင့် ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားခြင်းတို့ဖြစ်နိုင်ပါတယ်။
🟥 နီပါးရ်ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၄ ရက်မှ ၁၄ ရက်အတွင်း အထက်ပါလက္ခဏာများဖြစ်ပွားတတ်ပါတယ်။ အသက်ဆုံးရှုံးနိုင်မှုအခြေအနေအားဖြင့် ၄၀ - ၇၀ % အထိရှိတာမို့ အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။
🟥 လက်ရှိအချိန်၌ နိုင်ငံတကာတွင် နီပါးဗိုင်းရပ်စ် (Nipah Virus) အတွက် သီးသန့် အတည်ပြုထားသော ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပါ။ အချို့သော ကာကွယ်ဆေးများသည် စမ်းသပ်ဆဲအဆင့် (Clinical Trials) တွင်သာ ရှိနေပါသည်။ ဝက်များ အတွက် ကာကွယ်ဆေးများ ထုတ်လုပ်ရန် ကြိုးစားနေကြသော်လည်း လက်တွေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးပါ။
🟦 လက်ရှိအကောင်းဆုံးသောကာကွယ်မှုကတော့ 🟦
(၁) လင်းနို့များရှိရာဒေသတွင် လင်းနို့များနှင့်ထိတွေ့မှုကိုရှောင်ရှားပါ
(၂) နေမကောင်းသောတိရိစ္ဆာန်များ (အထူးသဖြင့် ဝက်)များနှင့်ထိတွေ့မှုကိုရှောင်ရှားပါ။ မဖြစ်မနေကိုင်တွယ်ရပါက လက်အိတ်၊ အကာအကွယ်များအသုံးပြုပါ။
(၃) အစားအသောက်များကို သေချာစွာ ဆေးကြောသန့်စင်ပါ၊ သန့်ရှင်းစွာချက်ပြုတ်စားသောက်ပါ။
(၄) ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေလုံးဝမစားရပါ။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးများကို စားသုံးခြင်းမပြုလုပ်ရ။
(၅) လက်သန့်ရှင်းရေးအဖြစ် လက်ကိုဆပ်ပြာဖြင့်သေချာစွာ မကြာခဏဆေးပါ။
မိဘပြည်သူများ ကိုယ်ကျန်းမာခြင်း စိတ်ကျန်းမာခြင်းရှိကြပါစေ။ မိမိချစ်ရသူများနှင့်အများပြည်သူများသိရှိစေရန် ယခု Post ကို Share လုပ်ခြင်းဖြင့် ကူညီနိုင်ပါတယ်။
ိုဂရုစိုက်ပါတယ်
#နီပါဗိုင်းရပ်စ် #ကျန်းမာရေး #ကာကွယ်ရေး
Ref
WHO Fact Sheet — Nipah virus
World Health Organization. (2018, May 30). Nipah virus [Fact sheet]. WHO.
WHO Health Topic — Nipah virus infection
World Health Organization. (n.d.). Nipah virus infection. WHO.
WHO Disease Outbreak News — Nipah virus infection in Bangladesh
World Health Organization. (2025, September 18). Nipah virus infection – Bangladesh (Disease outbreak news). WHO.
BBC News — Nipah virus airport screenings
BBC News. (2026, January 27). Nipah virus: Some Asia airports screen passengers after outbreak in India. BBC.
MOH Myanmar