21/04/2026
12.4 26 Zoom မှ ရရှိသော Magnesium အကြောင်း ဗဟုသုတများ
(Every Sunday ည (၈) နာရီ (ID 902 421 8439, Passcode 425 106) (ဆရာမကြီးက အားလုံးကို unmute မလုပ်ဘဲ မေးချင်သူကို raise hand လုပ်ခိုင်းပြီးမှ သူ့တယောက်တည်းကိုပဲ unmute လုပ်သင့်ကြောင်း တယောက်က အကြံပေး)
၁။ Magnesium ကို အရွက်စိမ်းက ရပေမယ့် စိုက်ပျိုးပုံ ဓါတ်မြေသြဇာသုံးပုံ တွေကြောင့် အနည်းငယ်သာ ရ။
၂။ နှလုံးခုန် မမှန်သူများ Magnesium သောက်ကြည့်သင့်
၃။ Gym ဆော့သူ၊ အားကစားလုပ်သူများ Magnesium ပိုအရေးကြီး၊ မကြာသေးမီက ဆရာမကြီး ဆော့တဲ့ Gym မှာ ၄၀ အရွယ် သန်သန်မာမာ အားကစားလုပ်ရင်း လဲကျသေဆုံးသွား၊
၄။ D3 သောက်သူများအတွက်လည်း Magnesium အရေးကြီး၊ တွဲသောက်သင့်၊
၅။ သွေးတိုး၊ ဆီးချိုရှိသူများအတွက်လည်း Magnesium အရေးကြီး၊ DNA Repair အတွက်လဲ Magnesium လိုအပ်
၆။ Stress များရင်၊ Insulin များရင်၊ Insulin ယဥ်ပါးရင်၊ ဆီးဆေးတွေ သောက်နေရင်၊ Acid Blocker တွေသောက်နေရင်၊ Alcohol သောက်ရင်၊ ချွေးထွက်များရင် Magnesium တွေ လျော့ပါးသွား
၇။ Insulin များနေရင် Intermittent Fasting လုပ်
၈။ ခန္ဓာကိုယ်ထဲမှာ အဓိက လိုအပ်တဲ့ သတ္တုဓါတ်တွေက Magnesium, Sodium, Potassium, Calcium, Phosphorus, Chlorine, Sulfur,
၉။ ဒီ သတ္တုဓါတ်တွေ ဟန်ချက်ညီနေမှ ကျန်းမာ နေကောင်း
၁၀။ ဒီ သတ္တုဓါတ်တွေ ဟန်ချက်ပျက်စေတဲ့ အကြောင်းရင်းတွေက
1. ဆီးဆေးတွေ သောက်ပြီး ဆီးအလွန်သွားရင်
2. အထက်လှန် အောက်လျော ဖြစ်ရင်
3. ချွေး အလွန်အကျူး ထွက်ရင်
4. ရေ အလွန်အကျူး သောက်ရင်
၁၁။ အရေးကြီးဆုံး သတ္တုဓါတ် တမျိုးပဲ သောက်မယ်ဆိုရင် Magnesium ကို ရွေး
၁၂။ Magnesium က B Complex တွဲရင် ပိုကောင်း၊ D3 အလုပ်လုပ်ဖို့လဲ Magnesium လိုအပ်၊ အဲဒါကြောင့် အရေးကြီးဆုံး ၃ မျိုး သောက်မယ်ဆိုရင် D3, Magnesium, B Complex ရွေးသင့်
၁၃။ Magnesium ဓါတ် လျော့နေရင်
1. ကြွက်တက်၊ မျက်ခုံးလှုပ်၊ အတက်ရောဂါ၊ ပန်းနာ ရင်ကြပ်၊ ရာသီလာရင် ဗိုက်နာ၊ သွေးပေါင်ချိန် တက်၊ ဖြစ်တတ်
2. စိတ်ဂယောက်ဂယက် ဖြစ်တတ်၊ စိတ်ပူတတ်၊ အာရုံမစိုက်နိုင် ဖြစ်တတ်၊ သတိမေ့တတ်၊ ခေါင်းထွေ ခေါင်းကိုက်နေတတ်၊ စိတ်ရောဂါ ဖြစ်တတ်
3. နှလုံးခုန် မမှန်တတ်၊
4. ကြွက်သားတွေ နာကျင်နေတတ်၊ ကြွက်သား အားယုတ်တတ်၊ လက်တုန် လေဖြတ်တတ်
5. အိပ်မပျော်
6. သန္ဓေရခက်
7. ကျောက်ကပ် ကျောက်တည်
8. ခြေ လက် ထုံ ကျင်၊ အရိုးပါး၊ လက်ဖျား ခြေဖျား အေးစက်၊
9. ကိုယ်ဝန်ဆိပ် တက်တတ်၊ ကလေး ဥာဏ်ရည် မမှီ ဖြစ်တတ်၊ မီးတွင်းမှာ စိတ်ဓါတ်ကျတတ်
10. Hypothyroid ဖြစ်တတ်
၁၄။ Magnesium ဓါတ် နည်းလေ့ရှိသူများ
1. အရက်သောက်သူ
2. ဝမ်းချုပ် ဝမ်းလျော ဖြစ်သူ၊ အူရောင်တတ်သူ
3. ကြာရှည် ချောင်းဆိုးနေသူ
4. ဆီးချိုရှိသူ
5. ဆီးဆေး၊ နှလုံးဆေး၊ ပိုးသတ်ဆေး၊ စတီရွိုက်ဆေး၊ သန္ဓေတားဆေး သောက်နေသူ
6. ငွေသွား (Mercury) စိုက်ထား ဖာထားသူ
7. Calcium, Zinc, Iron သောက်ပြီး Magnesium မသောက်သူ
8. ကျောက်ကပ်၊ အသည်း အစားထိုးထားသူများ
9. Gym မှာ ချွေးထွက် အလွန်များသူ
၁၅။ အချိုမှုန့်က ဦးနှောက်ကို အဆိပ်ဖြစ်စေတတ်တာကို Magnesium က ကာကွယ်ပေး
၁၆။ တက်တတ်သူများ Magnesium သောက်ရင် ကောင်းသွား၊ ကိုယ်ဝန်ဆိပ် တက်ရင် Magnesium ကို အကြောထဲ သွင်းရ
၁၇။ Magnesium မသောက်သင့်သူများ
1. ကျောက်ကပ် ပျက်နေသူ (ဆီး မသွားနိုင်သူ)
2. Myastheria Gracies (ကြွက်သားပျော့ရောဂါ) ဖြစ်နေသူ
3. နှလုံးခုန် အလွန်နှေးသူ
4. အူလမ်းကြောင်း ပိတ်နေသူ
၁၈။ ရွေးချယ်သင့်သည့် Magnesium အမျိုးအစားများ
1. Oxide က ဝမ်းသွားရုံပဲ၊ ခန္ဓာကိုယ်က မရ၊ မရွေးသင့်
2. Citrate က စျေးချို ဝမ်းမှန်၊ ကျောက်ကပ် ကျောက်တည် အတွက် ကောင်း၊ ဝမ်းလွယ်ရင်တော့ Citrate ရှောင်
3. Malate က ကြွက်သားနာသူ ကြွက်သား အားမရှိသူအတွက် ကောင်း
4. Glycinate က အိပ်ကောင်း
၁၉။ ဆရာမကြီး သောက်တဲ့ Magnesium
1. မနက်ပိုင်း Citrate
2. ညပိုင်း Glycinate
3. တခါတရံ Mag Srt (Malate)
၂၀။ Magnesium က မနက် ည ခွဲသောက်တာ ပိုကောင်း၊ Magnesium ကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့ Stomach Acid လိုအပ်။
၂၁။ Magnesium သောက်လို့ မရသူများ Magnesium Oil လိမ်းလို့ရ
၂၂။ သွေးထဲက Magnesium ကို စစ်တာ မထိရောက်၊ Cell ထဲက Magnesium ကသာ အသုံးပြုလို့ရ၊
Ko Aung Ko
21.4.26
(Share ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်၊ ကျန်းမာရေး ဗဟုသုတများကို Telegram မှာ ပါဝင်စုဆောင်းလေ့လာလိုသူများ Telegram No. 095106291 သို့ Health ပို့ပေးပါ)
ကျန်းမာရေး ဗဟုသုတများ
https://www.facebook.com/share/p/RjFMHyp7Mj2qF3ja/?mibextid=oFDknk