Dr. Nutrition

Dr. Nutrition Clinical Dietitian Nutritionist
(281)

08/12/2025

ကင်ဆာ ဝေဒနာရှင် တွေ သွေးဖြူဥတက်အောင် ဘာစားရမလဲ

06/12/2025

ကင်ဆာ အာဟာရ live

သိလိုရာများ ကို မေးမြန်း နိုင်ပါတယ် ….

06/12/2025

ကင်ဆာဝေဒနာရှင်များ အာဟာရ နဲ့ ပတ်သက်ပြီး သိလိုရာ တွေ မေးနိုင်ဖို့အတွက် Zoom class စီစဉ်ပေးထားပါတယ်

အချိန် - မြန်မာစံတော်ချိန် ၈:၀၀ နာရီ

နေ့ရက် - 06-12-2025 (စနေနေ့) (ယနေ့)

အခမဲ့ ဝင်ရောက် နားထောင် မေးမြန်း နိုင်ပါသည်။

Meeting ID: 872 4078 4401
Passcode: 795784

https://us06web.zoom.us/j/87240784401?pwd=6Fpbf3d4ynCYErRTq02oFRg2YTxajI.1

လူဦးရေ အကန့်အသတ် ရှိလို့ Zoom class ကို စောစော လေး ဝင်ထားပေးဖို့တော့လိုပါတယ်

#ကင်ဆာ #အာဟာရ #အူမကြီးကင်ဆာ

ကင်ဆာဝေဒနာရှင်များ အာဟာရ နဲ့ ပတ်သက်ပြီး သိလိုရာ တွေ မေးနိုင်ဖို့အတွက် Zoom class စီစဉ်ပေးထားပါတယ် အချိန် - မြန်မာစံတော်ခ...
06/12/2025

ကင်ဆာဝေဒနာရှင်များ အာဟာရ နဲ့ ပတ်သက်ပြီး သိလိုရာ တွေ မေးနိုင်ဖို့အတွက် Zoom class စီစဉ်ပေးထားပါတယ်

အချိန် - မြန်မာစံတော်ချိန် ၈:၀၀ နာရီ

နေ့ရက် - 06-12-2025 (စနေနေ့) (ယနေ့)

အခမဲ့ ဝင်ရောက် နားထောင် မေးမြန်း နိုင်ပါသည်။

Meeting ID: 872 4078 4401
Passcode: 795784

လူဦးရေ အကန့်အသတ် ရှိလို့ Zoom class ကို စောစော လေး ဝင်ထားပေးဖို့တော့လိုပါတယ်

#ကင်ဆာ #အာဟာရ #အူမကြီးကင်ဆာ

03/12/2025

ဆီးချို ဝေဒနာရှင်တွေ မြေပဲထောပတ် (Peanut Butter) စားလို့ရလား

မြေပဲ ကတော့ ဆီးချိုသမားတွေ အတွက် စားသင့်တဲ့ အာဟာရ အစားအစာ တခု ပါ။

ဘာကြောင့်လဲ ဆိုတော့ သူက glycemic index လို့ခေါ်တဲ့ သွေးတွင်း သကြားတက်နှုန်း (ဆီးချို တက်နှုန်း) နည်းတဲ့ အပြင် glycemic load လို့ ခေါ်တဲ့ သကြားပါဝင်မှု့ နည်းတဲ့ အစားအစာ တခု ဖြစ်နေလို့ပါ။

မြေပဲ ထောပတ် လဲ အလားတူ သဘောတရားပါပဲ။

ဒါပေမယ့် တချက်သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။

1. သကြားပါဝင်နှုန်း နည်းရပါမယ်
2. ဆားပါဝင်နှုန်း နည်းရပါမယ်

ဒီအချက် ၂ ချက် ကိုက်ညီရင် ဆီးချိုဝေဒနာရှင်များ စားလို့ရပါတယ်။

ဆီးချိုဝေဒနာရှင် တွေ အနေနဲ့ ပေါင်မုန့် စားမယ် ဆိုရင် ထောပတ်သုတ် မယ့်အစား မြေပဲထောပတ် (Peanut Butter) ပဲ စားသင့်ပါတယ်။

ဘာဖြစ်လို့လဲ????
1. အဆာခံ လို့ပါ- တနည်းအားဖြင့် ပေါင်မုန့် ၃ ချပ် စားမှ ဗိုက်ပြည့်ရာကနေ ပေါင်မုန့် ၂ ချက်နဲ့တင် ဗိုက်ပြည့် သွားတော့ ဆီးချိုတက်နှုန်း လျှော့ချနိုင်ပါတယ်။
2. ကောင်းတဲ့ အဆီ တွေ များ လို့ ကိုလက်စထရော မတက်စေပါ။ ထောပတ်ကတော့ ကိုလက်စထရော တက်စေပါတယ်
3. အသားဓါတ်များလို့ပါ။ ထောပတ်မှာ အသားဓါတ်အရမ်း နည်းပါတယ်။

ယှဉ်စားကြည့်ပါ….

ထောပတ်သုတ် ထားတဲ့ ပေါင်မုန့် ၂ ချပ် စားတာနဲ့ မြေပဲထောပတ် (Peanut Butter) သုတ် ထားတဲ့ ပေါင်မုန့် ၂ ချပ် စားရင် ဘယ်ဟာ က ဗိုက်ပိုပြည့်စေတဲ့ စိတ် ခံစားချက် ရစေလဲ ဆိုတာ အဖြေ ထွက်လာပါလိမ့်မယ်….

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#မြေပဲထောပတ်

01/12/2025

ကလေးတွေ ကို ကြက်ဥ ကာကျက် ကျွေးလို့ ရလား

(1) နှစ်အောက် ကလေး - မရပါ

(5) နှစ် အောက် ကလေး - ကြက်ဥ က ပိုးသတ်ထားတာ မဟုတ်ရင် - မရပါ

ကျန်းမာရေး အဖွဲ့အစည်း အများစု က အခု လို ထုတ်ပြန်ထားပါတယ်။

ဆယ်မိုနဲလား ပိုး ကို ကြောက်လို့ပါ။

မြန်မာ တနိုင်ငံ လုံး အတိုင်းအတာ အနေနဲ့ ပိုးသတ်ထားတဲ့ ကြက်ဥ မရနိုင်တဲ့ အတွက် မကျွေးသင့်ပါဘူး။

ကာကျက်ပဲ မဟုတ်ပါဘူး။ half fried ကြက်ဥ အနှစ် မကျက်တကျက် ကြော်တာ တောင် (၅) နှစ်အောက် ကလေး မှာ မကျွေးသင့်ပါဘူး။

ပြုတ်မယ် ဆိုရင် - ရေနွေးဆူပြီး ၉-၁၂ မိနစ် အထိ ထားပြီး ပြုတ်ကျွေးသင့်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ကြက်ဥ #ကာကျက်

29/11/2025

နို့တိုက်မိခင် တွေ လာမေးကြလွန်းတဲ့ “ဘယ်အချိန်မှာ ဝိတ်စချ လို့ရလဲ ဆရာ”

ကလေးမွေးပြီး ဝ လာတဲ့ မိခင်များ ကိုသာ ရည်ရွယ်ပါသည်။

ဘယ်အချိန် စ ပြီး အစား ဆင်ခြင်သင့်လဲ ဆိုတော့

မွေးပြီး ၆ ပါတ် မှ ၈ ပါတ်ပါ။

ဝိတ်ချတယ် ဆိုပေမယ့် ကလေး နို့တိုက်ဖို့ ရှိသေးတော့ ကလေး မရခင်တုန်းကလို အပြင်းအထန် ဝိတ်ချလို့ မရပါဘူး။

1. တနေ့ကို ကယ်လိုရီ ၁၈၀၀ တော့ အနည်းဆုံးစားပေးရပါမယ်။ အဲ့ထက် လျော့စားလို့ မသင့်ပါ။
2. ကလေး နို့ သေချာတိုက်ပေးတာ ကယ်လိုရီ ၅၀၀ ကုန်ပါတယ် (လမ်း ၂နာရီ ခွဲ လျှောက် တာ လောက် ရှိတဲ့ ကယ်လိုရီပါ)
3. တပါတ် ကို ၁-၂ ပေါင် ထက် ပို မကျရပါဘူး
4. မူးလာရင်/ နို့ထွက်နည်းလာရင်/ ကလေး ကိုယ်အလေးချိန် မတက်လာရင် ဝိတ်ချတာ ကို ပြန်ရပ်ရပါမယ်။
5. အရေးအကြီးဆုံး က ဆရာဝန်/ အာဟာရ ဆရာဝန် တွေ နဲ့ တိုင်ပင်ပြီးမှ သာ ဝိတ်ချပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အာဟာရအခြေခံ

28/11/2025

ကင်ဆာ ဆိုတာ နဲ့ ဒီလိုလိုက်စားကြည့်ပါ

ကင်ဆာ ဆိုပြီး ထွေထွေထူးထူး ဆန်းဆန်းပြားပြား တွေ စားစရာ မလိုပါဘူး….

အခြေခံ အချက် လေးတွေ သတိထားပေးဖို့ပဲ လိုပါတယ်။

1. တနေ့ ကို အစား ၄-၅ ကြိမ် လောက် စားပါ
2. အကြိမ် တိုင်း မှာ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ တခုခု ပါအောင် စားပါ
3. အဝ မလွန်ပါစေ နှင့်
4. အသားစစ်စစ်၊ ငါးစစ်စစ် တွေ ကို ဦးစားပေးစားပါ
5. အသားငါး တွေ ကို ကျက်အောင်ချက်ပါ
6. ဖြစ်နိုင်ရင် အစေ့အဆန် ထမင်းစားဇွန်း (၂) ဇွန်းစာ စားပါ (မြေပဲ၊ နေကြာစေ့၊ သီဟိုစေ့)
7. သစ်သီးတွေ စားရင် ရေသေချာ ဆေးပါ။ အခွံ့နွှာစားပါ။ လမ်းဘေး က စိပ်ပြီးသား အသီးတွေ မစားရင် ပိုကောင်းပါတယ်။
8. လူလုပ်အချို များ လျှော့စားပါ။ (အချိုရည်၊ သကြားလုံး၊ ချောကလက်၊ မလိုင်လုံး)
9. ငန်လွန်းတဲ့ အစားအစာ တွေ ရှောင်ပါ။
10. ဆီများလွန်းတာတွေ လျှော့စားပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

24/11/2025

အသက်ကြီး လာရင် ကြုံတွေ့နိုင်တဲ့ Dementia (မှတ်ဉာဏ် ချွတ်ယွင်းမှု့ရောဂါ) နှင့် အာဟာရ

Dementia (မှတ်ဉာဏ် ချွတ်ယွင်းမှု့) ရောဂါ ဖြစ်လာရင် လက္ခဏာ အားဖြင့်

1. မှတ်ဉာဏ် ချို့ယွင်းလာခြင်း
2. စကားပြောဖို့ အခက်အခဲ ရှိလားခြင်း၊ နားလည်ဖို့ ခက်ခဲလာခြင်း
3. ကျိုးကြောင်း ဆီလျှော်အောင် မစဉ်းစားနိုင်တော့ခြင်း၊ လွယ်ကူသည့် ပြဿနာ များ တောင် မဖြေရှင်းတတ်တော့ခြင်း
4. အမူအကျင့် ပြောင်းလာခြင်း
5. စိတ်အပြောင်းအလဲ မြန်လာခြင်း
6. တခါတရံ အချိန် နှင့် နေရာ ကို မပြောပြတတ်တော့ခြင်း

အာဟာရဆိုင်ရာ အကြံပြုချက်

1. ပြည့်ဝမျှတ ဖို့က အရေးအကြီးဆုံးပါ။
2. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပေါင်မုန့်၊ အာလူးစတာတွေ ကို နည်းနည်း နဲ့ ခဏ ခဏ ကျွေးပါ(အသက်ကြီးလာရင် အစာမကြေ တတ်လို့ တခါကျွေးရင် နည်းနည်း ချင်းစီ သာ ကျွေးပါ)
3. အချိန်ဇယား လုပ်ပြီး ကျွေးပါ (အစာစားဖို့ မေ့မေ့ နေတတ်လို့ပါ)
4. အသားဓါတ် - ငါး၊ ပင်လယ်ငါး တွေက ဦးနှောက် ကျန်းမာရေးအတွက်ပိုကောင်းစေလို့ အလေးပေးစားသင့်ပါတယ်။ တခြားအသားတွေလဲ စားလို့ရပါတယ်။ (အရမ်း ဝါးရတာမျိုးဆိုရင်တော့ သွားမကောင်းတတ်ကြလို့ သတိထား ရှောင်ပေးပါ။ ဥပမာ အမဲသား၊ ကြက်သား အကြွပ်ကြော်တာမျိုး)
5. တိုဟူး၊ ပဲပြား ကျွေးတာလဲ အသားဓါတ် ကို အလွယ်တကူ စားပြီး ရစေလို့ ကျွေးသင့်ပါတယ်။
6. အစားအစာ တွေ ကို တတ်နိုင်သမျှ နူးအိအောင်၊ ဝါးလွယ်အောင် အတုံးသေးသေး လုပ်တာ၊ တောက်တောက်စင်း တာ မျိုး လုပ်ပြီး ချက်ပေးပါ
7. ထမင်းစားတဲ့ နေရာ က အေးဆေး ငြိမ်သက် တဲ့ နေရာ မျိုး ဆို သူတို့အတွက် ပို အဆင်ပြေပါတယ်။ မိသားစု တစုတစည်း တဝိုင်းတည်း စားတာ ကလဲ ကောင်းပါတယ်။
8. ဦးနှောက် အတွက် ကောင်းစေတဲ့ အစေ့အဆန် ကျွေးလို့ ရပါတယ်။ ဒါပေမယ့် မဝါးနိုင်ရင် ကြိတ်ကျွေးတာ၊ ချေကျွေးတာ၊ peanut butter လိုမျိုး ကျွေးတာ တွေ လုပ်သင့်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Basic Nutrition Class (အာဟာရ အခြေခံ သင်တန်း)     Class ( #အာဟာရ  #အခြေခံ သင်တန်း) batch (41) (3 ရက် ဆက်တိုက်) အတန်း စတင်...
22/11/2025

Basic Nutrition Class (အာဟာရ အခြေခံ သင်တန်း)

Class ( #အာဟာရ #အခြေခံ သင်တန်း) batch (41) (3 ရက် ဆက်တိုက်) အတန်း စတင်လက်ခံပါပြီ

သင်ကြားပေးမည့် ခေါင်းစဉ်များ

1. တွက်ချက်နည်း
2. တဦးချင်းစီ အလိုက် ကယ်လိုရီ လိုအပ်ချက် တွက်ချက်နည်း (BMR/TEE)
3. #ကာဗိုဟိုက်ဒရိတ် အကြောင်း
4. #အသားဓါတ် အကြောင်း
5. #အဆီဓါတ် အကြောင်း
6. အမျှင်ဓါတ်
7. ဗီတာမင် နှင့် သတ္တုဓါတ် အကြောင်း
8. အစားအသောက်များ ၏ ကယ်လိုရီ တွက်ချက်နည်း (exchange list)
9. Label (အာဟာရတန်ဖိုး ဇယား) ရေးနည်း/ ဖတ်နည်း
10. #သွေးတိုးရောဂါ အတွက် အစားအသောက်ပုံစံ
11. #ဆီးချို အတွက် အစားအသောက်ပုံစံ
12. #သွေးတွင်းအဆီဓါတ်များသူများ အတွက် အစားအသောက်ပုံစံ
13. #ကင်ဆာရောဂါ အတွက် အစားအသောက် ပုံစံ
14. နာတာရှည် #ကျောက်ကပ်ရောဂါ အတွက် အစား အသောက်ပုံစံ
15. #ဝိတ်ချ၊ #ဝိတ်တင် နေသူများအတွက်Diet plan/ meal plan ရေးနည်း

စတာတွေ ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

တက်ရောက်သင့်သူများ

1. trainer
2. box လုပ်သူများ
3. နာတာရှည်ရောဂါသည် ကို ပြုစုနေသူများ
4. #ဝိတ်ချ၊ ဝိတ်တင်နေသူများ
5. #ကျန်းမာရေး နယ်ပယ်မှာ လုပ်ကိုင်နေသူများ

သင်ကြားမယ့် ပုံစံ ကတော့ - zoom meeting နဲ့ပါ

သင်တန်းရက် ကတော့ - Batch - 41 (December 19, 20, 21) - 6 pm - 8:00 pm

သင်တန်းကြေး - ၅ သောင်း ကျပ်

သင်တန်းပြီးဆုံးကြောင်း Certificate ကိုemail ပို့ပေးပါတယ် ခင်ဗျာ

Messenger က တဆင့် စုံစမ်းပြီး အပ်လို့ရပါပြီ ခင်ဗျာ

#အာဟာရအခြေခံ

20/11/2025

အဖြေတိုက်ရန် (၃၈)

အမေး - ကင်ဆာ ဝေဒနာရှင်များ မုန့်ဟင်းခါး/ အုန်းနို့ခေါက်ဆွဲ စားလို့ရလား?
အဖြေ -

ကီမို သွင်းနေချိန် ဆိုရင် တော့ ကိုယ်ခံအား ကျနေတာမို့လို့ မုန့်ဟင်းခါး/ အုန်းနို့ခေါက်ဆွဲ တို့ကို ဟင်းရည်ပူပူလောက်ပဲ စားသင့်ပါတယ်။ မုန့်ဖတ်တို့၊ ခေါက်ဆွဲဖတ် တို့ မသန့်တဲ့ အတွက်ကြောင့်ပါ။ အကယ်လို့ မုန့်ဖတ်/ ခေါက်ဆွဲဖတ် ပါ စားချင်ရင်တော့ အိမ်မှာ ပြုတ်ရတဲ့ မုန့်ဖတ်ခြောက်၊ ကြက်ဥခေါက်ဆွဲ စတာတွေ ပြုတ်ပြီး ထည့်စားပါ။ ကြက်သွန်စိမ်း၊ နံနံပင် ထည့်မစားသင့်ပါ။ ကီမိုသွင်းနေချိန် ဟင်းရွက် တွေကို တတ်နိုင် သမျှ အစိမ်းမစားသင့်ပါ။ ဘတ်တီးရီးယား ပိုးမွှားတွေ က ကိုယ်ခံအားနည်းနေချိန်မှာ ဒုက္ခပေးတတ်လို့ပါ။

ကီမို ဆေးသွင်းတာ cycle အကုန် ပြီးပြတ်သွားပြီဆိုရင်တော့ မုန့်ဟင်းခါး/ အုန်းနို့ခေါက်ဆွဲ ပုံမှန်အတိုင်းစားလို့ရပါတယ်။ တတ်နိုင်သမျှ သန့်ရှင်း တဲ့ ဆိုင်က ဝယ်စားပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အာဟာရ #ကင်ဆာ #မုန့်ဟင်းခါး #အုန်းနို့ခေါက်ဆွဲ #အုန်းနို့

19/11/2025

အမေးအဖြေ (၃၈)

အမေး - ကင်ဆာ ဝေဒနာရှင်များ မုန့်ဟင်းခါး/ အုန်းနို့ခေါက်ဆွဲ စားလို့ရလား?
အဖြေ -

1. ရပါသည်
2. မရပါ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

မနက်ဖြန် ည (၇) နာရီ မှာ အဖြေ တိုက်ပါမယ်

#အာဟာရ #ကင်ဆာ #မုန့်ဟင်းခါး #အုန်းနို့ခေါက်ဆွဲ #အုန်းနို့

Address

Thiri Mingalar Street, Mayangone
Yangon
+95

Website

Alerts

Be the first to know and let us send you an email when Dr. Nutrition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Nutrition:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category