Pinlon - ပင်လုံ Hospital

Pinlon - ပင်လုံ Hospital Esteemed medical institution delivering healthcare with advanced technology and skilled professionals The OFFICIAL page of Pinlon Hospital.

Please write your reviews, ask questions and check in here. Thank you for supporting Pinlon Hospital. We wish to hear from you.

03/12/2025

" နှလုံး 𝐬𝐭𝐞𝐧𝐭 ထည့်ထားသူတစ်ဦးရဲ့ ဘဝနေထိုင်ပုံ အကြံပြုချက်များ" အကြောင်းကိုဝေမျှထားသော 𝐕𝐢𝐝𝐞𝐨 ဖြစ်ပါတယ်။

𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩𝐬 ဆိုတာ ဘာလဲ? 𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩𝐬 ဆိုတာ အူမကြီး ဒါမှမဟုတ် စအိုလမ်းကြောင်းနံရံမှာ ဖြစ်ပေါ်တတ်တဲ့ အသားပိုလေး တွေ ဖြစ်ပ...
02/12/2025

𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩𝐬 ဆိုတာ ဘာလဲ?
𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩𝐬 ဆိုတာ အူမကြီး ဒါမှမဟုတ် စအိုလမ်းကြောင်းနံရံမှာ ဖြစ်ပေါ်တတ်တဲ့ အသားပိုလေး တွေ ဖြစ်ပါတယ်။ ဒီအသားပိုလေးတွေက ကင်ဆာနဲ့ ဘယ်လိုမျိုး ဆက်စပ်မှုရှိလဲဆိုတာ သိထားဖို့က လည်း အူမကြီးကင်ဆာကို ကာကွယ်ရာမှာ အရေးပါပါတယ်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် 𝐌𝐃 𝐀𝐧𝐝𝐞𝐫𝐬𝐨𝐧 𝐂𝐚𝐧𝐜𝐞𝐫 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ လေ့လာချက်များအရ 𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩𝐬 တွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေ (၅) ချက်ကိုလည်း အောက်ပါ အတိုင်း ဝေမျှပေးသွားပါမယ်။

၁။ 𝐏𝐨𝐥𝐲𝐩𝐬 တွေ့တိုင်း ကင်ဆာ မဟုတ်ပါဘူး။
𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩 အားလုံးက ကင်ဆာအကြို (𝐏𝐫𝐞-𝐜𝐚𝐧𝐜𝐞𝐫𝐨𝐮𝐬) အဖုတွေ မဟုတ်ပါဘူး။ အချို့သော ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်တွေက သာမန်အဖု (𝐁𝐞𝐧𝐢𝐠𝐧) တွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် 𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩 အမျိုးအစားများစွာရှိပြီး အားလုံးက ကင်ဆာအဖြစ် ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကင်ဆာ ဖြစ်လာနိုင်တဲ့ အမျိုးအစားတွေတောင်မှ အမြဲတမ်း ကင်ဆာဖြစ်မယ်လို့ မဆိုလိုဘဲ အလားအလာ (𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥) သာ ရှိတာဖြစ်ပါတယ်။

၂။ စိုးရိမ်ရတဲ့ 𝐏𝐨𝐥𝐲𝐩𝐬 အမျိုးအစားတွေကို ဘယ်လို ခွဲခြားမလဲ။
𝐏𝐨𝐥𝐲𝐩𝐬 တွေရဲ့ ကင်ဆာဖြစ်နိုင်ခြေကို ဆုံးဖြတ်ရာမှာ အဓိက အချက် (၃) ချက်ကို အာရုံစိုက်လေ့ရှိပါတယ်။
• အရွယ်အစား (𝐒𝐢𝐳𝐞): 𝟏 𝐜𝐦 ထက် ပိုကြီးတဲ့ ပိုကြီးတဲ့ 𝐏𝐨𝐥𝐲𝐩 များ (ဥပမာ- 𝐀𝐀𝐀 ဘက်ထရီ အရွယ်အစားထက် ကြီးရင်)။
• အရေအတွက် (𝐍𝐮𝐦𝐛𝐞𝐫): 𝐏𝐨𝐥𝐲𝐩 အရေအတွက် များလေလေ၊ အန္တရာယ်ပိုများလေလေ ဖြစ်ပါတယ်။ (ဥပမာ- ၃ လုံးမှ ၉ လုံးရှိသူသည် ၁ လုံးမှ ၂ လုံးရှိသူထက် ပိုမိုစိုးရိမ်ရပါတယ်)။
• ဆဲလ်ပုံသဏ္ဌာန် (𝐇𝐢𝐬𝐭𝐨𝐥𝐨𝐠𝐲): မှန်ဘီလူးအောက်တွင် ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားနေခြင်းရှိ၊ မရှိ စစ်ဆေးခြင်း။

၃။ 𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩 ကို ဘာကြောင့် ဖြတ်ထုတ်သင့်သလဲ။
𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩 အားလုံးက ကင်ဆာအဖြစ် ပြောင်းလဲနိုင်တာမျိုး မဟုတ်ပေမဲ့ ကင်ဆာအကြိုဖြစ်နိုင် တဲ့ 𝐏𝐨𝐥𝐲𝐩𝐬 တွေကို အူမကြီးကင်ဆာမဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖယ်ရှားသင့်ပါတယ်။
• 𝐂𝐨𝐥𝐨𝐧𝐨𝐬𝐜𝐨𝐩𝐲 (အူမကြီးမှန်ပြောင်းကြည့်ခြင်း) ပြုလုပ်စဉ်မှာ 𝐏𝐨𝐥𝐲𝐩𝐬 တွေကို မျက်စိနဲ့ တိုက်ရိုက်မြင်ရပြီး တွေ့တဲ့နေရာမှာ ချက်ချင်း ဖယ်ရှားနိုင်ပါတယ်။
• လက်ရှိခေတ်မီ နည်းပညာတွေနဲ့ 𝐏𝐨𝐥𝐲𝐩𝐬 တွေကို မှန်ပြောင်းသုံးပြီး ဖယ်ရှားရာမှာ တိုးတက် လာပြီဖြစ်တဲ့အတွက် ခွဲစိတ်မှု လုပ်ဖို့ လိုအပ်သူ အရေအတွက် အလွန်နည်းသွားပါပြီ။

၄။ 𝐂𝐨𝐥𝐨𝐧 𝐏𝐨𝐥𝐲𝐩𝐬 ရဲ့ ရောဂါလက္ခဏာများ။
𝐏𝐨𝐥𝐲𝐩𝐬 ရှိသူအများစုဟာ ဘာလက္ခဏာမှ မပြတတ်ကြပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံမှာ 𝐏𝐨𝐥𝐲𝐩𝐬 တွေကြောင့် သွေးယိုစိမ့်မှု ဖြစ်နိုင်ပါတယ်။
• သွေးအားနည်းစေတဲ့ သေးငယ်တဲ့အဆင့်ကနေ စအိုကနေ သွေးနီရဲရဲဆင်းတာ၊ ဒါမှမဟုတ် မဲနေတဲ့၊ ကတ္တရာစေးနဲ့တူတဲ့ မစင်သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

၅။ 𝐏𝐨𝐥𝐲𝐩𝐬 နဲ့ လိပ်ခေါင်း (𝐇𝐞𝐦𝐨𝐫𝐫𝐡𝐨𝐢𝐝𝐬) က မတူညီပါဘူး။
𝐏𝐨𝐥𝐲𝐩𝐬 တွေက အူမကြီးနံရံမှာ ပေါက်တဲ့ အဖုအကျိတ်တွေဖြစ်ပြီး၊ လိပ်ခေါင်းတွေကတော့ စအိုနဲ့ စအိုလမ်းကြောင်းတစ်ဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်း ဖောင်းကားလာခြင်းသာ ဖြစ်ပါတယ်။ ရောင်ရမ်းတဲ့အခါ အူမကြီးနံရံကနေ ဖောင်းထွက်လာနိုင်ပေမဲ့ 𝐏𝐨𝐥𝐲𝐩𝐬 မဟုတ်ပါဘူး။

ကင်ဆာအဖြစ် ပြောင်းလဲနိုင်ခြေရှိသော 𝐏𝐨𝐥𝐲𝐩𝐬 များကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ဖယ်ရှားလိုက် ခြင်းဖြင့် အူမကြီးကင်ဆာကို များစွာကာကွယ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ် (သို့မဟုတ်) အန္တရာယ်ရှိနိုင်သော ပြောင်းလဲမှုများတွေ့ရှိပါက ပုံမှန်စစ်ဆေးမှုများ (𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠) ပြုလုပ်ကြဖို့ ပင်လုံဆေးရုံကြီးက တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

ကင်ဆာရောဂါ ကုသခြင်း၊ ဆွေးနွေးခြင်းနှင့်အတူ ဓာတ်ရောင်ခြည်ကုသမှုနှင့် ပတ်သက်ပြီး အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက 📞 ကင်ဆာဓာတ်ရောင်ခြည်အထူးကုဌာန (𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐨𝐟 𝐑𝐚𝐝𝐢𝐚𝐭𝐢𝐨𝐧 𝐎𝐧𝐜𝐨𝐥𝐨𝐠𝐲) : 𝟎𝟗-𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟎 သို့ 𝐌𝐨𝐧 𝐓𝐨 𝐅𝐫𝐢 (𝟕 𝐚𝐦 𝐭𝐨 𝟔 𝐩𝐦) / 𝐒𝐚𝐭 ( 𝟗 𝐚𝐦 𝐭𝐨 𝟏 𝐩𝐦 ) ကိုလည်း ဆက်သွယ်စုံစမ်း နိုင်ပါတယ်ရှင်။

"ကင်ဆာရောဂါကုထုံးစုံ အားထားရာ ဆေးရုံ ... ပင်လုံ"

🎉 𝐁𝐥𝐚𝐜𝐤 𝐅𝐫𝐢𝐝𝐚𝐲 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬 : 𝐎𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐜 𝐁𝐫𝐚𝐜𝐞𝐬 & 𝐂𝐥𝐞𝐚𝐫 𝐀𝐥𝐢𝐠𝐧𝐞𝐫 𝐔𝐩 𝐭𝐨 𝟐𝟎 % 𝐨𝐟𝐟 🎉🦷𝐏𝐢𝐧𝐥𝐨𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 တွင် သွားညှိကုသခြင်း...
28/11/2025

🎉 𝐁𝐥𝐚𝐜𝐤 𝐅𝐫𝐢𝐝𝐚𝐲 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬 : 𝐎𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐜 𝐁𝐫𝐚𝐜𝐞𝐬 & 𝐂𝐥𝐞𝐚𝐫 𝐀𝐥𝐢𝐠𝐧𝐞𝐫 𝐔𝐩 𝐭𝐨 𝟐𝟎 % 𝐨𝐟𝐟 🎉
🦷𝐏𝐢𝐧𝐥𝐨𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 တွင် သွားညှိကုသခြင်း ဝန်ဆောင်မှု (𝐎𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐜 𝐁𝐫𝐚𝐜𝐞𝐬 & 𝐂𝐥𝐞𝐚𝐫 𝐀𝐥𝐢𝐠𝐧𝐞𝐫) များကို 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလ (နိုဝင်ဘာလ ၂၈ရက်၊ ၂၀၂၅ နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့၊ ၂၀၂၅) အထိ 𝐔𝐩 𝐭𝐨 𝟐𝟎 % 𝐨𝐟𝐟 ဖြင့် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်ရှင်။
🦷သွားညှိကုသခြင်းအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်တဲ့ Clear aligner တွေရဲ့ Pioneer ဖြစ်ပြီးယခုလက်ရှိအချိန်မှာ Technology အမြင့်ဆုံးဖြစ်တဲ့ 𝐈𝐧𝐯𝐢𝐬𝐚𝐥𝐢𝐠𝐧 နဲ့ 𝐏𝐢𝐧𝐥𝐨𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ သွားညှိကုသလို့ရနေပြီဖြစ်ပါတယ်ရှင်။ မိဘပြည်သူများ၏ သွားနှင့် ခံတွင်းကျန်းမာရေး၊ သွားရောဂါနှင့် သွားအလှအပဆိုင်ရာများ ဆွေးနွေးကုသ နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ နည်းပညာများ၊ စက်ပစ္စည်းများဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးလျက် ရှိပါတယ်။
✅ဒါ့အပြင် သွားအထူးကုဆရာဝန်ကြီးများမှ သွားကျန်းမာရေးအတွက် (𝐅𝐫𝐞𝐞 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐚𝐥𝐥 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭𝐬) အခမဲ့ တိုင်ပင်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
✅သွားညှိကုသမှုအတွက် အကောင်းဆုံး၊ စိတ်အချရဆုံးနှင့် သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုနှင့် အကြံဉာဏ်တွေပေးနိုင်တဲ့ 𝐎𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐬𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐬 ဖြစ်သောဒေါက်တာစုသဲအေးနှင့် ဆွေးနွေးတိုင်ပင် ရန် အတွက် 𝐏𝐢𝐧𝐥𝐨𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 တွင် ကြိုတင် Appointments ယူလို့ရပါပြီရှင်။

ကြိုတင်ရက်ချိန်းပေးသွင်းလိုပါက
📱𝐃𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗-𝟐𝟓𝟏𝟐 𝟕𝟕𝟕 𝟐𝟕
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#𝐁𝐥𝐚𝐜𝐤 𝐅𝐫𝐢𝐝𝐚𝐲 #𝐝𝐞𝐧𝐭𝐚𝐥 𝐜𝐚𝐫𝐞
#𝐨𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐜𝐬 #𝐝𝐞𝐧𝐭𝐚𝐥
#𝐂𝐥𝐞𝐚𝐫𝐀𝐥𝐢𝐠𝐧𝐞𝐫𝐬 #𝐛𝐫𝐚𝐜𝐞𝐬
------------------------------------------

နှလုံးသွေးကြောပိတ်ဆို့မှုကြောင့် နှလုံးကိုဖွဲ့စည်းထားတဲ့ ကြွက်သားရဲ့ တစ်စိတ်တစ်ပိုင်းမှာသွေးရောက်ရှိမှု ရုတ်တရက်ရပ်တန့်သ...
27/11/2025

နှလုံးသွေးကြောပိတ်ဆို့မှုကြောင့် နှလုံးကိုဖွဲ့စည်းထားတဲ့ ကြွက်သားရဲ့ တစ်စိတ်တစ်ပိုင်းမှာသွေးရောက်ရှိမှု ရုတ်တရက်ရပ်တန့်သွားခြင်းကို 𝐀𝐜𝐮𝐭𝐞 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 (ရုတ်တရက်နှလုံးထိခိုက်ခြင်း)လို့ ခေါ်ပါတယ်။

သွေးမရရှိတော့တာကြောင့် အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပြတ်လပ်နေတဲ့ နှလုံးကြွက်သားဟာ သွေးကြောပြန်မပွင့်ခင်ကြာချိန်ပေါ်မူတည်ပြီး ထိခိုက်ပျက်စီးမှုပမာဏက ကွာခြားသွားတတ်ပါတယ်။

အချိန်မီကုသမှုခံယူဖို့ အရေးကြီးတဲ့ ဒီလိုအချိန်(ရောဂါလက္ခဏာစတင်ချိန်မှ ပထမတစ်နာရီကနေ နှစ်နာရီအတွင်း)ကို 𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐨𝐮𝐫 အဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။

သွေးပြတ်လပ်နေတဲ့ နှလုံးကြွက်သားတွေက မိနစ်ပေါင်း ၈၀ ကနေ၉၀ အတွင်းမှာ စတင်သေဆုံးလာနိုင်ပြီး ပထမနှစ်နာရီအတွင်းမှာတင်ကို နှလုံးခုန်နှုန်းမမှန်တာတွေ ခံစားရလာနိုင်ပါတယ်။
ဒီအချိန်အတွင်းမှာ မှန်ကန်တဲ့အရေးပေါ်ကုသမှုကို မခံယူခဲ့ဘူးဆိုရင် နှလုံးကြွက်သားပြင်းထန်စွာ ထိခိုက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် အရေးပေါ်ကုသမှုရဲ့ အဓိကလုပ်ငန်းစဉ်အနေနဲ့ ပိတ်နေတဲ့သွေးခဲကို မြန်နိုင်သမျှ အလျင်အမြန် ဖယ်ရှားပြီး နှလုံးကြွက်သားသွေးပြန်ရရှိအောင် လုပ်ဆောင်လေ့ရှိပါတယ်။

လူနာဆေးရုံရောက်ပြီဆိုတာနဲ့တစ်ပြိုင်နက် သွေးခဲပျော်ဆေးအသုံးပြုပြီး သွေးခဲကိုချေဖျက်ခြင်း (𝐓𝐡𝐫𝐨𝐦𝐛𝐨𝐥𝐲𝐭𝐢𝐜 𝐓𝐡𝐞𝐫𝐚𝐩𝐲) နည်းလမ်းကိုလည်း အသုံးပြုတတ်ကြသလို ဒီထက်ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းကတော့ 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈-အရေးပေါ်နှလုံးသွေးကြောချဲ့ (𝐒𝐭𝐞𝐧𝐭 ထည့်)ကုသခြင်းဖြစ်ပါတယ်။

𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈-အရေးပေါ်နှလုံးသွေးကြောချဲ့(𝐒𝐭𝐞𝐧𝐭 ထည့်)ဆိုတာက နှလုံးသွေးကြောဓါတ်မှန် (𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦)ကိုကြည့်ရှုရင်း ပိတ်နေတဲ့သွေးကြောလေးထဲကို ပိုက်နဲ့ထိုးသွင်းကာ သွေးခဲကိုစုပ်ယူပြီး 𝐒𝐭𝐞𝐧𝐭 ထည့်တဲ့ခေတ်မီကုသမှု တစ်ခုဖြစ်ပါတယ်။

𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈-အရေးပေါ်နှလုံးသွေးကြောချဲ့(𝐒𝐭𝐞𝐧𝐭 ထည့်)ကုသမှုကြောင့်
-အသက်ရှင်သန်မှုရာခိုင်နှုန်းများစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို နည်းပါးစေတယ်။
-နှလုံးကြွက်သားထိခိုက်ပျက်စီးမှုပမာဏကို ပိုမိုလျှော့ချပေးနိုင်ပါတယ်။
ရုတ်တရက်ပြင်းထန်တဲ့နှလုံးထိခိုက်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 )အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်တဲ့𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈-အရေးပေါ်နှလုံးသွေးကြောချဲ့(𝐒𝐭𝐞𝐧𝐭ထည့်) ကုသခြင်းကို ပြုလုပ်နိုင်ဖို့က နှလုံး သွေးကြောဆိုင်ရာကုသမှုဓါတ်ခွဲခန်း (𝐂𝐚𝐭𝐡 𝐋𝐚𝐛) တစ်ခုရှိဖို့လိုတဲ့အပြင် ဝါရင့်ကျွမ်းကျင်ဆရာဝန်ကြီး များလည်းရှိနေဖို့ လိုအပ်ပါတယ်။

အကယ်၍ နှလုံးသွေးကြောဆိုင်ရာကုသမှုဓါတ်ခွဲခန်း(𝐂𝐚𝐭𝐡 𝐋𝐚𝐛) ရှိတဲ့ ဆေးရုံကိုရောက်ဖို့နောက်ကျနေတယ် ဆိုရင်တောင်မှ သွေးခဲပျော်ဆေးတစ်မျိုးမျိုးကိုအရင်သုံးထားပေးပြီး ၆နာရီနဲ့ ၁၂နာရီအတွင်း 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈-အရေးပေါ်နှလုံးသွေးကြောချဲ့(𝐒𝐭𝐞𝐧𝐭ထည့်)ကုသခြင်းကို လုပ်ဆောင်ပေးသင့်ပါတယ်။

ဒါကြောင့် 𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐨𝐮𝐫 အတွင်း အရေးပေါ်ကုသမှုကို အချိန်မီခံယူနိုင်ဖို့က ခေတ်မီကျန်းမာရေး စောင့်ရှောက်မှုကိရိယာအပြင် ဝါရင့် ကျွမ်းကျင်သောဆရာဝန်ကြီးတွေနဲ့ပါပြည့်စုံနေဖို့ လိုအပ်ပါတယ်။

𝐀𝐜𝐮𝐭𝐞 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 (ရုတ်တရက်နှလုံးထိခိုက်ခြင်း)မှာ
-𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐨𝐮𝐫 အတွင်း ရောဂါလက္ခဏာတွေကို စောလျင်စွာသိရှိခြင်း
-ခေတ်မီကျွမ်းကျင်မှုရှိတဲ့ အရေးပေါ်စောင့်ရှောက်မှုတွေကိုချက်ချင်းပေးစွမ်းနိုင်ခြင်းနဲ့
-𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈-အရေးပေါ်နှလုံးသွေးကြောချဲ့(𝐒𝐭𝐞𝐧𝐭ထည့်)ကုသမှုနည်းလမ်းတို့က လူနာရဲ့အသက်ကို ကယ်တင်နိုင်ဖို့ အရေးအကြီးဆုံး အရာတွေဖြစ်တာကို သိရှိနားလည်ကြစေလိုပါတယ်။

နှလုံးသွေးကြောရောဂါအမျိုးမျိုးနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ပင်လုံဆေးရုံကြီးရဲ့ အောက်ပါဖုန်း နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင်ပါပြီရှင်။
📌လိပ်စာ - အမှတ် ၉/၁၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

"နှလုံးကျန်းမာရေးအတွက် အားထားရာ ဆေးရုံ … ပင်လုံ"

ပင်လုံဆေးရုံကြီးမှာရှိတဲ့ နှလုံးသွေးကြောရောဂါများ ရှာဖွေကုသခြင်း ဝန်ဆောင်မှု 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐋𝐚𝐛(𝐂𝐚𝐭𝐡 𝐋𝐚𝐛) ဟာ နေ...
25/11/2025

ပင်လုံဆေးရုံကြီးမှာရှိတဲ့ နှလုံးသွေးကြောရောဂါများ ရှာဖွေကုသခြင်း ဝန်ဆောင်မှု 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐋𝐚𝐛(𝐂𝐚𝐭𝐡 𝐋𝐚𝐛) ဟာ နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေနဲ့အတူ ခန္ဓာကိုယ်ကို ထိခိုက်မှုအနည်းဆုံး(𝐌𝐢𝐧𝐢𝐦𝐚𝐥𝐥𝐲 𝐈𝐧𝐯𝐚𝐬𝐢𝐯𝐞)ဖြစ်အောင် နှလုံးနဲ့ အခြားသွေးကြောဆိုင်ရာရောဂါများကို ရှာဖွေခြင်း နဲ့ ကုသခြင်းများ ပြုလုပ်နိုင်ပြီးဖြစ်ပါတယ်။နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ်စက် တစ်မျိုးဖြစ်ပြီး ဓါတ်မှန်ရိုက်တံနှစ်ခု ပါဝင်တဲ့ 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐚𝐳𝐮𝐫𝐢𝐨𝐧 𝟕 𝐛𝐢𝐩𝐥𝐚𝐧𝐞 𝐂𝐚𝐭𝐡 𝐋𝐚𝐛 စက်အသစ်ကြီးနဲ့အတူ အရည်အသွေးကောင်း ပြီး ရှင်းလင်းတိကျတဲ့ ပုံရိပ်တွေကို တွေ့မြင်နိုင်တာကြောင့် ရောဂါတွေကို အကောင်းဆုံးနဲ့အမြန်ဆုံး ကုသပေးနိုင်မှာဖြစ်ပါတယ်။

✅အဓိကအားဖြင့် ကုသပေးလျက်ရှိသောရောဂါ အမျိုးအစားများမှာ-
🔹𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦 (နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း)
🔹𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐏𝐂𝐈 (အရေးပေါ် နှလုံး သွေးကြောချဲ့ကုသခြင်း)
🔹𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲 (𝐏𝐂𝐈) (နှလုံးသွေးကြောချဲ့ ကုသခြင်း)
🔹𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫 𝐈𝐧𝐬𝐞𝐫𝐭𝐢𝐨𝐧 (နှလုံးခုန်စက်ထည့်ခြင်း)
🔹𝐓𝐀𝐂𝐄 (ကင်ဆာသွေးကြောများအား ဆေးသွင်း ပိတ်ဆို့ခြင်း)
🔹𝐓𝐀𝐄 (သွေးထွက်နေသောသွေးကြောများ ပိတ်ဆို့ခြင်း)
🔹𝐕𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐯𝐞𝐧𝐭𝐢𝐨𝐧 (နှလုံးသွေးလွှတ်ကြောမကြီး အပါအဝင် ကျောက်ကပ်သွေးကြောနှင့် ခြေလက်သွေးကြောများ ကျဉ်းခြင်း၊ ဖောင်းခြင်းများ ကုသခြင်း) စသည်တို့ဖြစ်ပါတယ်။

𝐂𝐚𝐭𝐡 𝐋𝐚𝐛 ဖြင့် ရှာဖွေနိုင်သော ရောဂါများမှာ-
• နှလုံးသွေးကြောကျဉ်းရောဂါ။
• မွေးရာပါနှလုံးရောဂါများ။
• နှလုံးခုန်မူမမှန်ရောဂါများ။
• နှလုံးအဆို့ရှင်ရောဂါများ။
• သွေးလွှတ်ကြောမကြီးနှင့်ခန္ဓာကိုယ်ရှိအခြားသွေးကြောများကျဉ်းခြင်း။
• သွေးလွှတ်ကြောမကြီးနှင့်ဦးနှောက်သွေးကြောဖောင်းခြင်းများကို ရှာဖွေသိရှိနိုင်ပါတယ်။

𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐋𝐚𝐛 ရဲ့ နှလုံးသွေးကြောရောဂါရှာဖွေကုသမှုတွေအပေါ် သက်ရောက်နိုင် တဲ့ အကျိုးကျေးဇူးရလဒ်တွေကတော့-
🔹အရေးပေါ်အခြေအနေများအတွက် ထိရောက်မြန်ဆန်သည့် ကုသမှုပေးနိုင်ခြင်း။
🔹ဘေးအန္တရာယ်ကင်းခြင်း။
🔹တိကျသေချာခြင်း။
🔹ရောဂါကို ပိုမိုထိရောက်စွာကုသနိုင်ခြင်း။
🔹ဓာတ်ရောင်ခြည်ထိတွေ့မှုနှုန်း နည်းပါးခြင်း တို့ပဲဖြစ်ပါတယ်။

ပင်လုံဆေးရုံကြီးရဲ့ 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐋𝐚𝐛 ဟာဆိုရင်ဖြင့် ခေတ်မီနည်းပညာ၊ တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လူနာတိုင်းအတွက် စောလျင်တဲ့ရောဂါတွေ့ရှိမှု၊ မြန်ဆန်တဲ့ကုသမှု နဲ့ တိုးတက်လာတဲ့ရလဒ်ကောင်းတွေရရှိအောင် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် နှလုံးအထူးကုဆရာဝန်ကြီးများ၊ နှလုံးခွဲစိတ်အထူးကု ဆရာဝန်ကြီး များနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လိုသူများအတွက် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင်ပါပြီရှင်။
📌လိပ်စာ - အမှတ် ၉/၁၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
"နှလုံးကျန်းမာရေးအတွက် အားထားရာ ဆေးရုံ … ပင်လုံ"

🩺အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး👨‍⚕️တွဲဖက်ပါမောက္ခ ဦးစိုးသန့်𝐌.𝐁.,𝐁.𝐒 (𝐘𝐠𝐧), 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐫𝐭𝐡𝐨)𝐃𝐫.𝐌𝐞𝐝.𝐒𝐜 (𝐎𝐫𝐭𝐡𝐨)🕚 𝐎𝐏𝐃...
24/11/2025

🩺အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး
👨‍⚕️တွဲဖက်ပါမောက္ခ ဦးစိုးသန့်
𝐌.𝐁.,𝐁.𝐒 (𝐘𝐠𝐧), 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐫𝐭𝐡𝐨)
𝐃𝐫.𝐌𝐞𝐝.𝐒𝐜 (𝐎𝐫𝐭𝐡𝐨)
🕚 𝐎𝐏𝐃 𝐓𝐢𝐦𝐞𝐬: 𝐌𝐨𝐧𝐝𝐚𝐲, 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲 – 𝟏𝟐 𝐩.𝐦./ 𝐓𝐮𝐞𝐬𝐝𝐚𝐲 – 𝟏𝟎 𝐚.𝐦.
-----------------------------
✅ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အရိုး၊ အကြော၊ အဆစ် နှင့်ပတ်သက်၍ ကုသဆွေးနွေးတိုင်ပင်မှု ပြုလုပ်လိုသူများအတွက် အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဦးစိုးသန့်မှ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ - နေ့လယ် (၁၂) နာရီ နှင့် အင်္ဂါနေ့- နံနက် (၁၀)နာရီအချိန်များတွင် ပြင်ပလူနာ ကြည့်ရှု ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
✅ထို့ကြောင့် ဆရာကြီးနှင့် ပြသလိုသူများသည် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် ဆက်သွယ် booking ယူရန်
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, 𝐕𝐢𝐛𝐞𝐫 နှင့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တို့မှတဆင့်လည်း ဘိုကင်တင်နိုင်ပါသည်။ 👇
http://m.me/caremebots?ref=booking_pinlon
Caremebot Viber မှတစ်ဆင့် ဘိုကင်တင်ရန် 👇
https://ymbhub.com/ekzD
Website မှ တဆင့် ဘိုကင်တင်ရန် 👇
https://caremebot.com/HospitalProfile?hospitalid=57

📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
--------------------------------

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးများကို ခေါ်ယူလျက်ရှိပါသည်။✅ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 – 𝟔 𝐩𝐨𝐬𝐭𝐬 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:- 𝐌.𝐁.,...
23/11/2025

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးများကို ခေါ်ယူလျက်ရှိပါသည်။

✅ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 – 𝟔 𝐩𝐨𝐬𝐭𝐬
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:
- 𝐌.𝐁.,𝐁.𝐒 𝐃𝐞𝐠𝐫𝐞𝐞 နှင့် ဆမလိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (ဝ-၁နှစ်) မှ စတင်၍ လျှောက်ထားနိုင်ပါသည်။

𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
⇒ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐫𝐲 𝟏,𝟗𝟓𝟎,𝟎𝟎𝟎 𝐌𝐌𝐊 𝐚𝐧𝐝 ++++ (𝐧𝐞𝐠𝐨𝐭𝐢𝐚𝐛𝐥𝐞)
(အသေးစိတ်သိရှိလိုပါက 𝐦𝐞𝐬𝐬𝐚𝐠𝐞 𝐛𝐨𝐱 (သို့မဟုတ်) 𝐇𝐑 ဌာနဖုန်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
⇒ 𝐆𝐚𝐳𝐞𝐭𝐭𝐞𝐝 𝐟𝐞𝐞𝐬 & 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐈𝐧𝐜𝐫𝐞𝐦𝐞𝐧𝐭
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐁𝐨𝐧𝐮𝐬𝐞𝐬
⇒ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။

𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
⇒ 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐂𝐚𝐫𝐞 နှင့် ပတ်သက်သော 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 များကို စဉ်ဆက်မပြတ် တက်ရောက်ရန် အခွင့်အရေးရရှိနိုင်ခြင်း။
⇒ 𝐃𝐮𝐭𝐲 ချိန်များညှိနှိုင်းနိုင်ခြင်း။
⇒ ဖယ်ရီလမ်းကြောင်းများ စီစဉ်ထားရှိခြင်း။

✅ 𝐒𝐭𝐚𝐟𝐟 𝐍𝐮𝐫𝐬𝐞 (𝐖𝐚𝐫𝐝, 𝐈𝐂𝐔, 𝐇𝐃𝐔, 𝐎𝐓, 𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲) – 𝟓 𝐩𝐨𝐬𝐭𝐬

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:
- 𝐁.𝐍.𝐒𝐜 (သို့မဟုတ်) 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐍𝐮𝐫𝐬𝐢𝐧𝐠 ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- သူနာပြုလိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (ဝ-၁နှစ်) မှ စတင်၍ လျှောက်ထားနိုင်ပါသည်။
- 𝐈𝐂𝐔 နှင့် 𝐇𝐃𝐔 တွင်လျှောက်ထားသူသည် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပါက ဦးစားပေးမည်။

𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
⇒ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐫𝐲 𝟏,𝟏𝟏𝟓,𝟎𝟎𝟎 𝐌𝐌𝐊 𝐚𝐧𝐝 ++++ (𝐧𝐞𝐠𝐨𝐭𝐢𝐚𝐛𝐥𝐞)
(အသေးစိတ်သိရှိလိုပါက 𝐦𝐞𝐬𝐬𝐚𝐠𝐞 𝐛𝐨𝐱 (သို့မဟုတ်) 𝐇𝐑 ဌာနဖုန်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
⇒ 𝐆𝐚𝐳𝐞𝐭𝐭𝐞𝐝 𝐟𝐞𝐞𝐬 & 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐢𝐧𝐜𝐫𝐞𝐦𝐞𝐧𝐭
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။

𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
⇒ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ထိုက်တန်သော လစာအပြင် လစဉ် 𝐩𝐨𝐨𝐥 ခံစားခွင့်များရရှိခြင်း။
⇒ 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐂𝐚𝐫𝐞 နှင့် ပတ်သက်သော 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 များကို စဉ်ဆက်မပြတ် တက်ရောက်ရန် အခွင့်အရေးရရှိနိုင်ခြင်း။
⇒ 𝐃𝐮𝐭𝐲 ချိန်များညှိနှိုင်းနိုင်ခြင်း။
⇒ ဖယ်ရီလမ်းကြောင်းများ စီစဉ်ထားရှိခြင်း။
*******************************************

✅စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ပင်လုံဆေးရုံ 𝐇𝐑 ဌာနတွင်သော်လည်းကောင်း၊ 𝐞𝐦𝐚𝐢𝐥 မှတစ်ဆင့်သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲ လျှောက်ထားနိုင်ပါသည်။
🔹လိုင်စင်မိတ္တူ။
🔹ဘွဲ့လက်မှတ်မိတ္တူ။
🔹နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံဓာတ်ပုံ(၂)ပုံ။
🔹သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ။
🔹မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ။

📩𝐄𝐦𝐚𝐢𝐥 – 𝐩𝐢𝐧𝐥𝐨𝐧.𝐡𝐫@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐄𝐱𝐭 : 𝟏𝟎𝟓𝟐)/ 𝟎𝟗- 𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟏
🕘(နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
---------------------------

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး ချို့ယွင်းလာ တတ်လေ့ရှိတာကို  သတိထားမိကြမယ်ထင်ပါ...
21/11/2025

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး ချို့ယွင်းလာ တတ်လေ့ရှိတာကို သတိထားမိကြမယ်ထင်ပါတယ်။ ဒီအထဲမှာ သွေးပေါင်ချိန် မြင့်တက်လာပြီး သွေးတိုးရောဂါ ဖြစ်လာရတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ သွေးပေါင်ချိန်မြင့်တက်လာရတယ်ဆိုတာက နှလုံးကနေ တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးပို့ပေးနေတဲ့သွေးလွှတ်ကြော (𝐀𝐫𝐭𝐞𝐫𝐢𝐞𝐬) နဲ့ သွေးလွှတ်ကြောငယ် (𝐀𝐫𝐭𝐞𝐫𝐢𝐨𝐥𝐞𝐬) လေးတွေ ပျက်စီးယိုယွင်းလာတာကြောင့်ဖြစ်ပါတယ်။

သွေးလွှတ်ကြော (𝐀𝐫𝐭𝐞𝐫𝐢𝐞𝐬) တွေထဲမှာမှ အဓိကအားဖြင့် 𝐄𝐥𝐚𝐬𝐭𝐢𝐜 𝐀𝐫𝐭𝐞𝐫𝐢𝐞𝐬 အမျိုးအစားတွေမှာ သွေးကြောနံရံထူလာ၊ မာလာပြီး ကျုံ့နိုင်ဆန့်နိုင်အားနဲ့ ပျော့ပျောင််းနိုင်စွမ်းအားတွေ လျော့ကျ သွားပါတယ်။

သွေးကြောတွေမှာ ကယ်လ်ဆီယမ်ဓါတ်ဖွဲ့စည်းမှု (𝐂𝐚𝐥𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧) တွေများလာပြီး သွေးကြောနံရံ မှာရှိတဲ့ 𝐄𝐧𝐝𝐨𝐭𝐡𝐞𝐥𝐢𝐚𝐥 𝐂𝐞𝐥𝐥𝐬 တွေပျက်စီးလာတာကြောင့် သွေးကြောတွေက မာလာရပါတယ်။

ဒါ့အပြင် သွေးစီးဆင်းရာသွေးကြောတွင်းက အခေါင်း (𝐋𝐮𝐦𝐞𝐧) လည်းကျယ်လာတာကြောင့် သွေးစီးဆင်းမှုနည်းလာတာတွေကလည်း သွေးကြောတွေအိုမင်းလာခြင်း (𝐕𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐀𝐠𝐢𝐧𝐠) ကြောင့် ဖြစ်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေကို ထိန်းညှိပြီး လုံလောက်တဲ့သွေးပို့ဆောင်ပေးနိုင်ဖို့အတွက် နှလုံးကပိုပြီး ညှစ်ထုတ်ပေးရတဲ့အခါမှာ အသက်ကြီးတဲ့သူတွေမှာ သွေးဖိအား(သွေးပေါင်ချိန်) ပိုမိုမြင့်တက် လာရပါတယ်။

အထူးသဖြင့် 𝐒𝐲𝐬𝐭𝐨𝐥𝐢𝐜 𝐁𝐥𝐨𝐨𝐝 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 (အပေါ်သွေး)နဲ့ 𝐏𝐮𝐥𝐬𝐞 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 (သွေးခုန်နှုန်းဖိအား)တွေ က သိသိသာသာမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါစတာတွေ ဖြစ်နိုင်ချေပိုမိုမြင့်တက်လာပြီး နှလုံးသွေးကြောရောဂါအန္တရာယ် (𝐂𝐚𝐫𝐝𝐢𝐨𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐑𝐢𝐬𝐤) လည်း များလာရပါတယ်။

သွေးကြောအိုမင်းခြင်း (𝐕𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐀𝐠𝐢𝐧𝐠) ကြောင့် သွေးတွင်းအဆီပိတ်ခြင်း(𝐀𝐭𝐡𝐞𝐫𝐨𝐬𝐜𝐥𝐞𝐫𝐨𝐬𝐢𝐬) ကနေတစ်ဆင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါနဲ့ နှလုံးပျက်စီးခြင်း (သို့) စွမ်းဆောင် ရည်ကျဆင်းခြင်း(𝐇𝐞𝐚𝐫𝐭 𝐅𝐚𝐢𝐥𝐮𝐫𝐞)တွေအထိပါ ဖြစ်သွားနိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်လာမှုကို ရှောင်လွှဲမရနိုင်သလို သွေးကြောအိုမင်းခြင်း (𝐕𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐀𝐠𝐢𝐧𝐠) နဲ့ သွေးကြောမာလာ၊တောင့်တင်းလာခြင်း (𝐀𝐫𝐭𝐞𝐫𝐢𝐚𝐥 𝐒𝐭𝐢𝐟𝐟𝐧𝐞𝐬𝐬) တို့လည်း ဖြစ်လာနိုင်တာကြောင့် သွေးပေါင်ချိန်မြင့်တက်လာတာကိုလည်း ဖယ်ရှောင်လို့မရနိုင်ပါဘူး။
ဒါပေမယ့် သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲနှလုံးသွေးကြောရောဂါဆိုးကျိုးတွေ လိုက်မလာနိုင် အောင် စနစ်တကျ ပုံမှန်ထိန်းချုပ်ကုသခြင်း၊ ပုံမှန်ဆေးစစ်ခြင်း၊ ဆေးသောက်သုံးပေးခြင်းနဲ့ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတွေကို ပြုလုပ်ပြီးကာကွယ်ထားဖို့ တိုက်တွန်းလိုပါတယ်။
နှလုံးသွေးကြောရောဂါအမျိုးမျိုးရဲ့ စစ်ဆေးကုသမှုနဲ့ပတ်သက်ပြီး သိရှိလိုပါက ပင်လုံဆေးရုံကြီးကို အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

"နှလုံးကျန်းမာရေးအတွက် အားထားရာ ဆေးရုံ … ပင်လုံ"

အချိန်ခြားပြီးအစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) က ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက် ရောက်မှုရှိသလဲဆိုတာကို ရှာဖွေစမ်းသ...
19/11/2025

အချိန်ခြားပြီးအစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) က ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက် ရောက်မှုရှိသလဲဆိုတာကို ရှာဖွေစမ်းသပ်ချက်တွေပြုလုပ်ခဲ့ပြီး နောက်ဆုံးရှာဖွေတွေ့ရှိ ချက် (𝐂𝐨𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧) အရ နှလုံးသွေးကြောရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

𝐅𝐚𝐬𝐭𝐢𝐧𝐠 အမျိုးမျိုးရှိတဲ့ထဲမှာမှ 𝐓𝐢𝐦𝐞-𝐑𝐞𝐬𝐭𝐫𝐢𝐜𝐭𝐞𝐝 𝐅𝐚𝐬𝐭𝐢𝐧𝐠 လို့ခေါ်တဲ့ အချိန်အပိုင်းအခြားတစ်ခု အတွင်းမှာပဲ အစာမစားခြင်းက လူသိများတဲ့ 𝐟𝐚𝐬𝐭𝐢𝐧𝐠 နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဥပမာ- 𝟏𝟔:𝟖 𝐟𝐚𝐬𝐭𝐢𝐧𝐠 မှာဆိုရင် 𝟏𝟎:𝟎𝟎 𝐀𝐌 - 𝟔:𝟎𝟎 𝐏𝐌 မှာ အစာစားပြီး ကျန်တဲ့အချိန်တွေမှာ အစားရှောင်တာမျိုးဖြစ်ပါတယ်။ အခြား 𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐢𝐯𝐞 𝐃𝐚𝐲 𝐅𝐚𝐬𝐭𝐢𝐧𝐠 (တစ်ရက်ခြား) နဲ့ 𝐖𝐞𝐞𝐤𝐥𝐲 𝐅𝐚𝐬𝐭𝐢𝐧𝐠 (အပါတ်စဥ်)တို့လို အမျိုးအစားတွေလည်း ရှိပါသေးတယ်။

အချိန်ခြားပြီး အစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) က နှလုံးသွေးကြောရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်ရတဲ့ အကြောင်းရင်း (၄) ချက်ရှိပါတယ်။
၁။ ကိုယ်အလေးချိန် ကျဆင်းစေခြင်း။
𝐁𝐨𝐝𝐲 𝐖𝐞𝐢𝐠𝐡𝐭 ကိုသာမက အဝလွန်ရောဂါ (𝐎𝐛𝐞𝐬𝐢𝐭𝐲) ရဲ့ ညွှန်းကိန်းတစ်ခုဖြစ်တဲ့ 𝐖𝐚𝐢𝐬𝐭 𝐂𝐢𝐫𝐜𝐮𝐦𝐟𝐞𝐫𝐞𝐧𝐜𝐞 လို့ခေါ်တဲ့ ခါးပတ်လည်အဆီတွေကိုလည်း ကျဆင်းစေနိုင်ပြီး နောက်ဆက်တွဲ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ သွေးတွင်းအဆီဓါတ်ကို လျှော့ချပေးခြင်း။

လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များလာကြတဲ့ သွေးတွင်းအဆီဓါတ်များခြင်းကို သေချာထိန်းချုပ်ကုသတာမျိုးမလုပ်ဘူးဆိုရင် မလိုလားအပ်တဲ့နှလုံးရောဂါပြဿနာတွေပါ လိုက်လာနိုင်ပါတယ်။ အချိန်ခြားပြီးအစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) က ဒါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၃။ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း။
သွေးတိုးရောဂါရှိသူတွေအနေနဲ့ အချိန်ခြားပြီး အစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) ကို ပြုလုပ်ပေးမယ်ဆိုရင် 𝐒𝐲𝐬𝐭𝐨𝐥𝐢𝐜 𝐁𝐥𝐨𝐨𝐝 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 လို့ခေါ်တဲ့ အပေါ်သွေးကိုကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးထားနိုင်မှာ ဖြစ်ပါတယ်။
၄။ အဆီကိုလျော့ကျစေပြီး ကြွက်သားတက်စေခြင်း။

အချိန်ကြာကြာအစာမစားပဲနေမယ်ဆိုရင် ခန္ဓာကိုယ်က စားလိုက်တဲ့အစားအစာတွေကို အသုံးပြု မယ့်အစား အဆီတွေကိုလောင်ကျွမ်းစေပြီး ထွက်လာတဲ့စွမ်းအင်ကို သုံးပေးပါလိမ့်မယ်။
အစာစားတဲ့အချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ပြန်စားသုံးပေးမယ်ဆိုရင် ကြွက်သားထုကို တက်လာစေပြီး နှလုံးသွေးကြောကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ တစ်ဖက်တစ်လမ်းက ကောင်းကျိုးပြုပေးနိုင်မှာပါ။

ဒီအချက်တွေက နှလုံးသွေးကြောကျန်းမာရေးမှာ သက်ရောက်စေနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပြီး ဒါတွေအပြင် အချိန်ခြားပြီးအစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) ကြောင့် -
• ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်း (𝐈𝐧𝐟𝐥𝐚𝐦𝐦𝐚𝐭𝐢𝐨𝐧) ဖြစ်ခြင်းနဲ့ ကင်ဆာရောဂါ (𝐌𝐚𝐥𝐢𝐠𝐧𝐚𝐧𝐜𝐲) အန္တရာယ်ကို လျှော့ချပေးခြင်း။
• ဦးနှောက်တွင်းအဆီ (𝐁𝐫𝐚𝐢𝐧 𝐅𝐚𝐭) ကို နည်းစေတာကြောင့် အယ်လ်ဇိုင်းမားရောဂါ (𝐀𝐥𝐳𝐡𝐞𝐢𝐦𝐞𝐫’𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞) နဲ့ 𝐏𝐚𝐫𝐤𝐢𝐧𝐬𝐨𝐧’𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞 တို့လို ဦးနှောက်ပိုင်းဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်းနဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိ နိုင်ပါတယ်။
အရာရာမှာ ကောင်းကျိုးနဲ့ဆိုးကျိုးဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း အချိန်ခြားပြီး အစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠)ကြောင့် ဆိုးကျိုးရောဂါတွေရတတ်ပြီး မပြုလုပ်သင့်တဲ့သူအမျိုးအစားတွေ ကိုလည်း သိထားသင့်ပါတယ်။
⛔️ ကလေးငယ်များ။
⛔️ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ။
⛔️ 𝐓𝐲𝐩𝐞 𝟏 ဆီးချိုရောဂါခံစားနေရတာကြောင့် အင်ဆူလင်အမြဲထိုးနှံနေရသူများ။
⛔️အလွန်အကျွံအစာဖြတ်ချင်တဲ့ စိတ်ရောဂါပြဿနာရှိသူများ။ (ဥပမာ-အစာမစားသူများ (𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚)၊ အစားစားပေမယ့် ပြန်အန်ထုတ်သူများ။ (𝐁𝐮𝐥𝐢𝐦𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚)
⛔️ခန္ဓာကိုယ်မှာ အဆီဓါတ်နည်းသူများ နဲ့
⛔️𝐂𝐨𝐫𝐭𝐢𝐬𝐨𝐥 လို့ခေါ်တဲ့ စတီးရွိုက်ဓါတ်လွန်ကဲနေသူများက အချိန်ခြားပြီးအစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) ကို လုံးဝမပြုလုပ်သင့်ပါဘူး။
𝐓𝐲𝐩𝐞 𝟐 ဆီးချိုသမားတွေအနေနဲ့ကတော့ အင်ဆူလင်နဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းစေတဲ့ ဆေးဝါးတွေကို သောက်သုံးနေရတာကြောင့် အချိန်ခြားပြီး အစာရှောင်ခြင်း (𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) ကို ပြုလုပ်မယ်ဆိုရင် သွေးတွင်းသကြားဓါတ်အလွန်အမင်းကျဆင်းတဲ့အန္တရာယ်ရှိနိုင်ပါတယ်။
ဒါပေမယ့် 𝐓𝐲𝐩𝐞 𝟐 ဆီးချိုရောဂါအတွက် ကောင်းကျိုးတွေရှိစေနိုင်ပြီး နှလုံးသွေးကြောရောဂါတွေ ကိုပါ ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးစီစဉ်ပြီးမှ 𝐟𝐚𝐬𝐭𝐢𝐧𝐠 ကို ပြုလုပ်သင့်ပါတယ်။
ကျန်းမာတဲ့အစားအစာတွေကို စားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းတို့နဲ့အတူ အချိန်ခြားပြီး အစာရှောင်ခြင်း(𝐈𝐧𝐭𝐞𝐫𝐦𝐢𝐭𝐭𝐞𝐧𝐭 𝐅𝐚𝐬𝐭𝐢𝐧𝐠) ကို ပေါင်းစပ်လိုက်မယ်ဆိုရင် နှလုံး သွေးကြောကျန်းမာရေးအတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေနိုင်မယ်ဆိုတာကို သိရှိထားကြစေလိုပါတယ်။

"နှလုံးကျန်းမာရေးအတွက် အားထားရာ ဆေးရုံ … ပင်လုံ"

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးကို ခေါ်ယူလျက်ရှိပါသည်။✅ 𝐈𝐧-𝐡𝐨𝐮𝐬𝐞 𝐏𝐡𝐲𝐬𝐢𝐜𝐢𝐚𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 – 𝟑 𝐩𝐨𝐬𝐭𝐬 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭...
18/11/2025

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးကို ခေါ်ယူလျက်ရှိပါသည်။

✅ 𝐈𝐧-𝐡𝐨𝐮𝐬𝐞 𝐏𝐡𝐲𝐬𝐢𝐜𝐢𝐚𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 – 𝟑 𝐩𝐨𝐬𝐭𝐬
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:
- 𝐌𝐒𝐂 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞) နှင့် အထူးကုလိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
- 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐡𝐨𝐮𝐫𝐬 : 𝐏𝐚𝐫𝐭 𝐓𝐢𝐦𝐞
- ရောဂါရှာဖွေကုသမှု ကျွမ်းကျင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (ဝ-၁နှစ်) မှ စတင်၍ လျှောက်ထားနိုင်ပါသည်။

𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
⇒ 𝐎𝐧𝐞 𝐨𝐟 𝐭𝐡𝐞 𝐦𝐨𝐬𝐭 𝐜𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐬𝐚𝐥𝐚𝐫𝐲 𝐩𝐚𝐜𝐤𝐚𝐠𝐞𝐬 + 𝐆𝐚𝐳𝐞𝐭𝐭𝐞𝐝 𝐟𝐞𝐞𝐬 & 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐈𝐧𝐜𝐫𝐞𝐦𝐞𝐧𝐭
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐁𝐨𝐧𝐮𝐬𝐞𝐬
⇒ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။
⇒ လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက်နှင့် အရည်အချင်းအပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ခြင်း။

✅စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ပင်လုံဆေးရုံ 𝐇𝐑 ဌာနတွင်သော်လည်းကောင်း၊ 𝐞𝐦𝐚𝐢𝐥 မှတစ်ဆင့်သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲ လျှောက်ထားနိုင်ပါသည်။
🔹လိုင်စင်မိတ္တူ။
🔹ဘွဲ့လက်မှတ်မိတ္တူ။
🔹နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံဓာတ်ပုံ(၂)ပုံ။
🔹သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ။
🔹မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ။
📩𝐄𝐦𝐚𝐢𝐥 – 𝐩𝐢𝐧𝐥𝐨𝐧.𝐡𝐫@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐄𝐱𝐭 : 𝟏𝟎𝟓𝟐)/ 𝟎𝟗- 𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟏
🕘(နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
---------------------------

𝐌𝐚𝐠𝐧𝐞𝐭𝐢𝐜 𝐑𝐞𝐬𝐨𝐧𝐚𝐧𝐜𝐞 𝐈𝐦𝐚𝐠𝐢𝐧𝐠 (𝐌𝐑𝐈) စက်ကြီးသည် ခေတ်မီနည်းပညာများစွာကို အသုံးပြုထား တဲ့ အဆင့်မြင့် 𝐌𝐑𝐈 စက်တစ်ခုဖြစ်ပြီး ခန္ဓ...
17/11/2025

𝐌𝐚𝐠𝐧𝐞𝐭𝐢𝐜 𝐑𝐞𝐬𝐨𝐧𝐚𝐧𝐜𝐞 𝐈𝐦𝐚𝐠𝐢𝐧𝐠 (𝐌𝐑𝐈) စက်ကြီးသည် ခေတ်မီနည်းပညာများစွာကို အသုံးပြုထား တဲ့ အဆင့်မြင့် 𝐌𝐑𝐈 စက်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများကို ရှင်းလင်းစွာ ပုံရိပ်ဖမ်းယူနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးမှာရှိတဲ့ ရောဂါများကို ရှာဖွေတဲ့နေရာမှာ 𝐌𝐑𝐈 စက်က အလွန် အသုံးဝင်တဲ့ စက်ကိရိယာတစ်မျိုးဖြစ်ပါတယ်။
သို့သော်လည်း 𝐌𝐑𝐈 စက်ရဲ့ သံလိုက်စက်ကွင်းအားက အလွန်ကြီးမားတဲ့အတွက်ကြောင့် သတ္တု (𝐌𝐞𝐭𝐚𝐥𝐬) ပါဝင်တဲ့ ပစ္စည်းမှန်သမျှကို ပြင်းထန်တဲ့အားနဲ့ ဆွဲငင်လှုပ်ယူနိုင်စွမ်းရှိပြီး လူနာ(သို့) သံလိုက်စက်ကွင်းဝန်းကျင်မှာရှိတဲ့ လူမှန်သမျှကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒီအတွက်ကြောင့် 𝐌𝐑𝐈 ရိုက်ကူးတော့မယ်ဆိုရင် ခန္ဓာကိုယ်မှာ ဝတ်ဆင် (သို့) တပ်ဆင်ထားပြီး ပါရှိနေတဲ့ ပြင်ပပစ္စည်းမှန်သမျှကို ဖယ်ရှားပစ်ဖို့ အရေးကြီးပါတယ်။
📌𝐌𝐑𝐈 စစ်ဆေးမှုပြုလုပ်တော့မဲ့ လူနာတစ်ယောက်အနေနဲ့ နားကြားကိရိယာ (𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐚𝐢𝐝𝐬)၊ နာရီ၊ လက်ဝတ်ရတနာ၊ ဆဲလ်ဖုန်းနဲ့ သတ္တုပစ္စည်းပါတဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်စတာတွေကို ယူဆောင် သွားလို့မရပါဘူး။
📌မိတ်ကပ်၊ လက်သည်းနီနဲ့ အခြားသတ္တုဓါတ်ပါဝင်နေနိုင်တဲ့ အလှကုန်ပစ္စည်းအသုံးပြုထားတဲ့ နေရာတွေကိုလည်း ဖယ်ရှားပြီးမှ 𝐌𝐑𝐈 ရိုက်ကူးသင့်ပါတယ်။
📌အားကစားအဝတ်အစားတွေဖြစ်တဲ့ ယောဂဘောင်းဘီ၊ အင်္ကျီ၊ ခြေအိတ်နဲ့ 𝐁𝐫𝐚𝐜𝐞𝐬 တွေမှာဆိုရင် လည်း သတ္တုနဲ့ပြုလုပ်ထားတဲ့ချည်မျှင်၊ ပိုးသတ်ပစ္စည်းတွေပါဝင်နေတတ်တာကြောင့် အန္တရာယ်ရှိ နေနိုင်ပါတယ်။
📌ဒါကြောင့် 𝐌𝐑𝐈 စက်ဖြင့်ရိုက်ကူးစစ်ဆေးခြင်းလုပ်ဆောင်နေစဉ်အတွင်းမှာ ဆေးရုံမှ သတ်မှတ်ထားသော ဝတ်စုံကို (𝐆𝐨𝐰𝐧) တစ်ခုတည်းကိုသာ ဝတ်ဆင်ထားရမှာဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ဆံပင်ပေါ်ကရှိရှိသမျှ ပြင်ပ ပစ္စည်းတွေအကုန် (အထူးသဖြင့် သတ္တုပါဝင်နေနိုင်တဲ့ပစ္စည်း) မှန်သမျှကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။
ဒါတွေအပြင် နောက်ထပ်အရေးကြီးတာတစ်ခုက 𝐌𝐑𝐈 ရိုက်ကူးမဲ့အခန်းထဲမဝင်ခင်မှာ မေးခွန်း မေးမြန်းတာ(သို့) ဖောင်စာရွက်ဖြည့်ရတာမျိုးတွေလည်း ပြုလုပ်ရလေ့ရှိပါတယ်။ ဘာအတွက် ပြုလုပ်ရတာလဲဆိုရင် ခန္ဓာကိုယ်အတွင်းထဲမှာ အောက်ပါပစ္စည်းတွေကို တပ်ဆင်ထည့်သွင်းထား ခြင်း ရှိ/မရှိဆိုတာမျိုးကို အတည်ပြုဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။

• နှလုံးစက်တပ်ဆင်ထားခြင်း။ (𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫𝐬 𝐨𝐫 𝐈𝐦𝐩𝐥𝐚𝐧𝐭𝐚𝐛𝐥𝐞 𝐂𝐚𝐫𝐝𝐢𝐨𝐯𝐞𝐫𝐭𝐞𝐫 𝐃𝐞𝐟𝐢𝐛𝐫𝐢𝐥𝐥𝐚𝐭𝐨𝐫𝐬)
• သွေးကြောတွင်းသွေးယိုစိမ့်မှုမရှိစေရန် ကလစ်တပ်ဆင်ထားခြင်း။ (𝐕𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐂𝐥𝐢𝐩𝐬)
• အကိုက်အခဲပျောက်ဆေး (သို့) အင်ဆူလင် (သို့) ကင်ဆာဆေးသွင်းပန့်များ ထည့်သွင်းထား ခြင်း။ (𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐨𝐫 𝐈𝐦𝐩𝐥𝐚𝐧𝐭𝐞𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐏𝐮𝐦𝐩𝐬)
• နားအတွင်း အကြားအာရုံအထောက်အကူပြုစက် တပ်ဆင်ထားခြင်း။ (𝐂𝐨𝐜𝐡𝐥𝐞𝐚𝐫 𝐈𝐦𝐩𝐥𝐚𝐧𝐭𝐬)
• အာရုံကြောလှုံ့ဆော်ခြင်းကိရိယာများ။ (𝐍𝐞𝐮𝐫𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐒𝐲𝐬𝐭𝐞𝐦𝐬)
• သွားစိုက်ထားခြင်း။ (𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭𝐬)

အခုခေတ်မှာ 𝐓𝐢𝐭𝐚𝐧𝐢𝐮𝐦 (သို့မဟုတ်) 𝐙𝐢𝐫𝐜𝐨𝐧𝐢𝐚 နဲ့ပြုလုပ်ထားတဲ့ 𝐃𝐞𝐧𝐭𝐚𝐥 𝐢𝐦𝐩𝐥𝐚𝐧𝐭𝐬 တွေကိုသာ အများဆုံး အသုံးပြုလျက်ရှိတာကြောင့် "𝐌𝐑𝐈 𝐒𝐚𝐟𝐞", "𝐌𝐑𝐈 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥" လို့ တံဆိပ်တပ်ထား လေ့ရှိပြီး 𝐌𝐑𝐈 ရဲ့ 𝐌𝐚𝐠𝐧𝐞𝐭𝐢𝐜 𝐟𝐢𝐞𝐥𝐝 ကြောင့် ထိခိုက်နိုင်ချေမရှိပါဘူးလို့ ဖော်ပြထားတာမျိုးတွေ တွေ့ရပါတယ်။ သို့သော်လည်း 𝐈𝐦𝐩𝐥𝐚𝐧𝐭 ကဘေးကင်းပေမယ့် အောက်ပါအချို့အစိတ်အပိုင်းတွေ ကိုတော့ သတိထားသင့်ပါတယ်။

𝐒𝐭𝐚𝐢𝐧𝐥𝐞𝐬𝐬 𝐒𝐭𝐞𝐞𝐥 နဲ့ပြုလုပ်ထားတဲ့ 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐬𝐜𝐫𝐞𝐰𝐬/ 𝐀𝐛𝐮𝐭𝐞𝐦𝐞𝐧𝐭𝐬
𝐌𝐚𝐠𝐧𝐞𝐭𝐢𝐜 𝐨𝐫 𝐌𝐞𝐭𝐚𝐥 𝐃𝐞𝐧𝐭𝐮𝐫𝐞 𝐂𝐥𝐢𝐩𝐬
𝐂𝐡𝐫𝐨𝐦𝐞-𝐜𝐨𝐛𝐚𝐥𝐭 (သို့) 𝐒𝐭𝐚𝐢𝐧𝐥𝐞𝐬𝐬 𝐒𝐭𝐞𝐞𝐥 နဲ့ပြုလုပ်ထားတဲ့ 𝐒𝐮𝐛𝐩𝐞𝐫𝐢𝐨𝐬𝐭𝐞𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭𝐬

• သတ္တုပစ္စည်းပါဝင်တဲ့ ပိုက်တပ်ဆင်ထားရှိခြင်း။ (𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫𝐬 𝐭𝐡𝐚𝐭 𝐡𝐚𝐯𝐞 𝐦𝐞𝐭𝐚𝐥𝐥𝐢𝐜 𝐜𝐨𝐦𝐩𝐨𝐧𝐞𝐧𝐭𝐬)
• ကျည်ဆံ၊ ဗုံးစ၊ မိုင်းစ (သို့) သတ္တုပါဝင်တဲ့ပစ္စည်းတစ်ခုခု ခန္ဓာကိုယ်တွင်းတည်ရှိနေ ခြင်း။
• မျက်လုံးအတွင်း (သို့) မျက်လုံးအနီးအနား သတ္တုပစ္စည်းတစ်ခုခုရှိနေခြင်း။ (သတ္တုပစ္စည်းပိုင်း ဆိုင်ရာ အလုပ်သမားတွေမှာဆိုရင် ရှိနေတတ်ပါတယ်။)

𝐌𝐑𝐈 စစ်ဆေးမှုမပြုလုပ်ခင် ထည့်သွင်းထားတဲ့ သတ္တုကိရိယာတွေနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာဆရာဝန်၊ 𝐌𝐑𝐈 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐬𝐭 နဲ့ 𝐑𝐚𝐝𝐢𝐨𝐥𝐨𝐠𝐢𝐬𝐭 တွေ နဲ့တော့ အသေးစိတ်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဒါကြောင့် အပေါ်ကအချက်တွေနဲ့ပတ်သက်ရင် မေးခွန်းသေချာဖြေပေးတာ၊ ဖောင်အတိအကျ ဖြည့်ပေးတာမျိုးတွေကိုပြုလုပ်ပေးသင့်ပါတယ်။
ရောဂါကုသမှုခရီးလမ်းကို ဖြောင့်ဖြူးလွယ်ကူစေဖို့အထောက်အကူပြုတဲ့ 𝐌𝐑𝐈 ရိုက်ကူးစစ်ဆေးခြင်း ကို 𝐒𝐚𝐟𝐞𝐭𝐲 𝐆𝐮𝐢𝐝𝐞𝐥𝐢𝐧𝐞𝐬 တွေနဲ့အတူ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။
𝐌𝐑𝐈 ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်ဘိုကင်ရယူလိုပါက 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭:𝟏𝟎𝟏𝟔) /𝐌𝐑𝐈 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 - (𝟗𝟓𝟗) 𝟕𝟕𝟕𝟎𝟒 𝟓𝟎𝟐𝟔 (𝟐𝟒 𝐡𝐨𝐮𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞) သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

"ကျန်းမာရေးအတွက် အားထားရာ ဆေးရုံ ... ပင်လုံ" ………………………………………………………………………………………………….

--🌍𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓 🩸--𝐊𝐧𝐨𝐰 𝐦𝐨𝐫𝐞 𝐚𝐧𝐝 𝐝𝐨 𝐦𝐨𝐫𝐞 𝐟𝐨𝐫 𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐚𝐭 𝐰𝐨𝐫𝐤✅နိုဝင်ဘာလ ၁၄ နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရော...
14/11/2025

--🌍𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓 🩸--
𝐊𝐧𝐨𝐰 𝐦𝐨𝐫𝐞 𝐚𝐧𝐝 𝐝𝐨 𝐦𝐨𝐫𝐞 𝐟𝐨𝐫 𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐚𝐭 𝐰𝐨𝐫𝐤

✅နိုဝင်ဘာလ ၁၄ နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲) ဖြစ်ပါတယ်ရှင်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါသည် အဖြစ်များသော ရောဂါတစ်ခု ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။
✅ဆီးချို၊ သွေးချိုရောဂါဝေဒနာရှင်များအနေဖြင့်လည်း ပုံမှန်ကျန်းမာရေးဆေး စစ်မှုလုပ်ဆောင်ခြင်း၊ ပုံမှန်ဆေးကုသမှုခံယူခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် ဆီးချို၊သွေးချို ရောဂါ နှင့်တကွဆီးချို၊ သွေးချိုရောဂါကြောင့်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွင်သော လူနေမှုဘဝကို ပိုင်ဆိုင်ခံစားနိုင်ပါကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်း‌တောင်းအပ်ပါတယ်ရှင်။


--------------------------------

Address

No. 9/1, Saya San Road, 27th Quarter, North Dagon Township
Yangon
11421

Alerts

Be the first to know and let us send you an email when Pinlon - ပင်လုံ Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pinlon - ပင်လုံ Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Located in North Dagon Township of Yangon, Pinlon Hospital is a multi-speciality hospital which offers healthcare services to people living all over Myanmar. It houses a cancer centre, a gastro & liver centre, a heart centre and many other centres of excellence. Pinlon Hospital is particularly known for its cancer centre, wherein advanced techniques and technology are being used to provide quality oncology services. As per our pillars of care - Quality, Experience, Compassion - our mission is to provide care with complete integrity and honesty through service-minded teamwork in order to ensure comfort and satisfaction in our clients.