Pinlon - ပင်လုံ Hospital

Pinlon - ပင်လုံ Hospital Esteemed medical institution delivering healthcare with advanced technology and skilled professionals The OFFICIAL page of Pinlon Hospital.

Please write your reviews, ask questions and check in here. Thank you for supporting Pinlon Hospital. We wish to hear from you.

27/03/2026

ပင်လုံဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ဘယ်လို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေလဲ?

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဟာ များသောအားဖြင့် သိသာထင်ရှားတဲ့ ရောဂါလက္ခဏာမျိုးတွေ ပြလေ့မရှိဘဲ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ...
26/03/2026

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဟာ များသောအားဖြင့် သိသာထင်ရှားတဲ့ ရောဂါလက္ခဏာမျိုးတွေ ပြလေ့မရှိဘဲ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် (𝐒𝐢𝐥𝐞𝐧𝐭) ဖြစ်ပွားနေတတ်ပါတယ်။ ဒါကြောင့်လည်း ဒီရောဂါတွေကို "𝐒𝐢𝐥𝐞𝐧𝐭 𝐊𝐢𝐥𝐥𝐞𝐫" ဆိုပြီး တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး အမေရိကန်နှလုံးအဖွဲ့အစည်း 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐇𝐞𝐚𝐫𝐭 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐇𝐀) ရဲ့ ဆေးပညာဆိုင်ရာ အကြံပြုချက်များကို ကိုးကားအခြေခံကာ ပင်လုံဆေးရုံကြီးက ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်ပြီး အောက်ပါအချက် (၃) ချက်ကို သိရှိထားဖို့ အရေးကြီးပါတယ်။

၁။ အသက်အရွယ်အလိုက် ကြိုတင်စစ်ဆေးသင့်တဲ့ အချက်များ။
𝐀𝐇𝐀 ရဲ့ 𝐆𝐮𝐢𝐝𝐞𝐥𝐢𝐧𝐞 အရ ရောဂါလက္ခဏာမရှိသူတွေတောင် အောက်ပါအတိုင်း စနစ်တကျ စစ်ဆေးမှုခံယူသင့်တယ်လို့ ဆိုပါတယ်။

• သွေးပေါင်ချိန် (𝐁𝐥𝐨𝐨𝐝 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞)
သွေးပေါင်ချိန် ပုံမှန်ရှိသူများအနေနဲ့ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ သွေးပေါင်တက်နေသူများတွင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း မကြာခဏ စစ်ဆေးရန် လိုအပ်ပါတယ်။

• ကိုလက်စထရော (𝐂𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥)
အသက် (၂၀) နှစ်မှ စတင်၍ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသူတွေမှာတော့ (၄) နှစ်မှ (၆) နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ 𝐑𝐢𝐬𝐤 𝐅𝐚𝐜𝐭𝐨𝐫𝐬 များရှိသူများတွင်တော့ မကြာခဏ စစ်ဆေးရန် ပိုမို လိုအပ်နိုင်ပါတယ်။

• ကိုယ်အလေးချိန် (𝐁𝐨𝐝𝐲 𝐌𝐚𝐬𝐬 𝐈𝐧𝐝𝐞𝐱 – 𝐁𝐌𝐈)
ပုံမှန်ဆေးစစ်မှုခံယူတိုင်း 𝐁𝐌𝐈 ကို တိုင်းတာခြင်းဖြင့် မိမိရဲ့ ကိုယ်အလေးချိန်အခြေအနေကို သိရှိနိုင်ပြီး နှလုံးကျန်းမာရေးနှင့် ဆက်စပ်သော အန္တရာယ်များကို ခန့်မှန်းနိုင်ပါတယ်။

• သွေးတွင်းသကြားဓာတ် (𝐁𝐥𝐨𝐨𝐝 𝐆𝐥𝐮𝐜𝐨𝐬𝐞)
ဆီးချိုရောဂါဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို မြှင့်တင်စေနိုင်တဲ့ အချက်တစ်ခုထဲမှာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို နှလုံးရောဂါဖြစ်နိုင်ခြေအပေါ် မူတည်ပြီး စစ်ဆေးသင့်ပါတယ်။

• ကိုယ်အလေးချိန်များသူများ၊ မိသားစုဝင်တွင် ဆီးချိုရောဂါရှိသူများ၊ သွေးပေါင်ချိန်မြင့်သူများ သို့မဟုတ် ကိုလက်စထရောမညီမျှသူများကဲ့သို့ နှလုံးရောဂါဖြစ်နိုင်ခြေများသူများတွင် သွေးတွင်းသကြားဓာတ်ကို ပိုမိုစောစီးစွာ စစ်ဆေးရန် လိုအပ်ပါတယ်။

၂။ ဖြစ်နိုင်ခြေအန္တရာယ်ကို ခန့်မှန်းတွက်ချက်ခြင်း။ (𝐑𝐢𝐬𝐤 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭)
စစ်ဆေးမှုရလဒ်တွေတင်မကဘဲ 𝐀𝐇𝐀 ရဲ့ 𝟏𝟎-𝐲𝐞𝐚𝐫 𝐂𝐚𝐫𝐝𝐢𝐨𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐑𝐢𝐬𝐤 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 နည်းလမ်းကို အသုံးပြုပြီး နောက် (၁၀) နှစ်အတွင်း မိမိမှာ နှလုံးရောဂါဖြစ်နိုင်ခြေ (𝐑𝐢𝐬𝐤 𝐒𝐜𝐨𝐫𝐞) ဘယ်လောက်ရှိလဲ ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဒီ 𝐑𝐢𝐬𝐤 𝐒𝐜𝐨𝐫𝐞 အပေါ် မူတည်ပြီး ပိုပြီးတိကျတဲ့ ကုသမှုစီမံချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

၃။ အချိန်မီ ကုသမှုခံယူခြင်းရဲ့ အကျိုးကျေးဇူး။
နှလုံးသွေးကြောဆိုင်ရာ ရောဂါအများစုက ရောဂါကျွမ်းကျင်လာမှသာ လက္ခဏာပြတတ်တာကြောင့် ရုတ်တရက် အသက်ဆုံးရှုံးရတာမျိုးကနေ ကာကွယ်နိုင်ဖို့ လက္ခဏာမပြခင် ကြိုတင်စစ်ဆေးဖို့ လိုအပ်ပါတယ်။ စောစောစီးစီး သိရှိရတာက ရောဂါကို ထိန်းချုပ်ပြီး ကျန်းမာတဲ့ လူနေမှုပုံစံကို အချိန်မီ ပြောင်းလဲနိုင်ဖို့ ကောင်းမွန်တဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။

မိမိကိုယ်တိုင် အပါအဝင် ချစ်ခင်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အသက်အရွယ်အလိုက် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ကြဖို့ ပင်လုံဆေးရုံကြီးက တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။
ပင်လုံဆေးရုံကြီးတွင် နှလုံးကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လိုပါက ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများနှင့်အတူ နွေးထွေးဖော်ရွေစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင် ပါပြီရှင်။

“ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အားထားရာဆေးရုံ … ပင်လုံ”

🩺အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကုဆရာဝန်ကြီး👩‍⚕️ဒေါက်တာဒေါ်ငြိမ်းယုဟန်𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐫𝐭𝐡𝐨𝐩𝐞𝐝𝐢𝐜)𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢...
26/03/2026

🩺အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကုဆရာဝန်ကြီး
👩‍⚕️ဒေါက်တာဒေါ်ငြိမ်းယုဟန်
𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐫𝐭𝐡𝐨𝐩𝐞𝐝𝐢𝐜)
𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 𝐢𝐧 𝐇𝐚𝐧𝐝 & 𝐔𝐩𝐩𝐞𝐫 𝐋𝐢𝐦𝐛 𝐒𝐮𝐫𝐠𝐞𝐫𝐲 (𝐊𝐨𝐫𝐞𝐚)
🕑𝐎𝐏𝐃 𝐓𝐢𝐦𝐞𝐬: 𝐌𝐨𝐧𝐝𝐚𝐲, 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲, 𝐅𝐫𝐢𝐝𝐚𝐲 – 𝟐:𝟎𝟎 𝐩.𝐦.
-----------------------------
✅ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အရိုး၊ အကြော၊ ထိခိုက်ဒဏ်ရာခွဲစိတ်မှုများနှင့်ပတ်သက်၍ ကုသဆွေးနွေးတိုင်ပင်မှု ပြုလုပ်လိုသူများအတွက် အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာခွဲစိတ် အထူးကုဆရာဝန်မကြီး ဒေါက်တာဒေါ်ငြိမ်းယုဟန်မှ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့- နေ့လယ် (၂) နာရီ အချိန်များတွင် ပြင်ပလူနာ ကြည့်ရှု ကုသမှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။
✅ထို့ကြောင့် ဆရာကြီးနှင့် ပြသလိုသူများသည် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် ဆက်သွယ် booking ယူရန်
☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒

𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, 𝐕𝐢𝐛𝐞𝐫 နှင့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တို့မှတဆင့်လည်း ဘိုကင်တင်နိုင်ပါသည်။ 👇
http://m.me/caremebots?ref=booking_pinlon
Caremebot Viber မှတစ်ဆင့် ဘိုကင်တင်ရန် 👇
https://ymbhub.com/ekzD
Website မှ တဆင့် ဘိုကင်တင်ရန် 👇
https://caremebot.com/HospitalProfile?hospitalid=57

📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
--------------------------------

🩺ကလေး အထူးကုဆရာဝန်ကြီး👩‍⚕️ပါမောက္ခ ချိုချိုဝင်း𝐌.𝐁.,𝐁.𝐒 (𝐘𝐠𝐧), 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐏𝐚𝐞𝐝𝐢𝐚𝐭𝐫𝐢𝐜𝐬)ကလေးအထူးကုဆရာဝန်ကြီးရန်ကင်းကလေးဆေးရ...
24/03/2026

🩺ကလေး အထူးကုဆရာဝန်ကြီး
👩‍⚕️ပါမောက္ခ ချိုချိုဝင်း
𝐌.𝐁.,𝐁.𝐒 (𝐘𝐠𝐧), 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐏𝐚𝐞𝐝𝐢𝐚𝐭𝐫𝐢𝐜𝐬)
ကလေးအထူးကုဆရာဝန်ကြီး
ရန်ကင်းကလေးဆေးရုံကြီး
🕚 𝐎𝐏𝐃 𝐓𝐢𝐦𝐞𝐬: 𝐒𝐮𝐧𝐝𝐚𝐲 - 𝟓 𝐩.𝐦.
-----------------------------
✅ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် ကလေးများနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်လိုသူများအတွက် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ချိုချိုဝင်း မှ အပတ်စဉ် တနင်္ဂနွေနေ့ - ညနေ (၅) နာရီ အချိန်တိုင်းတွင် ပြင်ပလူနာကြည့်ရှုကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

✅ထို့ကြောင့် ဆရာမကြီးနှင့် ပြသလိုသူများသည် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် ဆက်သွယ် booking ယူရန်
☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒

𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, 𝐕𝐢𝐛𝐞𝐫 နှင့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တို့မှတဆင့်လည်း ဘိုကင်တင်နိုင်ပါသည်။ 👇
http://m.me/caremebots?ref=booking_pinlon

Caremebot Viber မှတစ်ဆင့် ဘိုကင်တင်ရန်👇
https://ymbhub.com/ekzD

Website မှ တဆင့် ဘိုကင်တင်ရန် 👇
https://caremebot.com/HospitalProfile?hospitalid=57

📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
--------------------------------

🩺ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး👩‍⚕️ဒေါက်တာ ဒေါ်မြသန္တာသန်း𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐒𝐮𝐫𝐠𝐞𝐫𝐲)𝐌𝐑𝐂𝐒𝐄𝐝, 𝐃𝐫.𝐌𝐞𝐝.𝐒𝐂 (𝐏𝐚𝐞𝐝: 𝐒𝐮𝐫𝐠𝐞𝐫𝐲)𝐅𝐞𝐥𝐥...
24/03/2026

🩺ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး
👩‍⚕️ဒေါက်တာ ဒေါ်မြသန္တာသန်း
𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐒𝐮𝐫𝐠𝐞𝐫𝐲)
𝐌𝐑𝐂𝐒𝐄𝐝, 𝐃𝐫.𝐌𝐞𝐝.𝐒𝐂 (𝐏𝐚𝐞𝐝: 𝐒𝐮𝐫𝐠𝐞𝐫𝐲)
𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 𝐢𝐧 𝐏𝐚𝐞𝐝𝐢𝐚𝐭𝐫𝐢𝐜 𝐔𝐫𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭 (𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞)
𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 𝐏𝐚𝐞𝐝𝐢𝐚𝐭𝐫𝐢𝐜 𝐒𝐮𝐫𝐠𝐞𝐨𝐧
🕑𝐎𝐏𝐃 𝐓𝐢𝐦𝐞𝐬: 𝐌𝐨𝐧, 𝐖𝐞𝐝 - 𝟐 𝐩.𝐦. 𝐭𝐨 𝟑 𝐩.𝐦. / 𝐒𝐚𝐭 – 𝟓 𝐩.𝐦. 𝐭𝐨 𝟔 𝐩.𝐦.
-----------------------------
✅ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် ကလေးများနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လိုသူများအတွက် ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်မြသန္တာသန်းမှ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနေ့ - နေ့လယ် ၂ နာရီ မှ နေ့လည် ၃ နာရီ ၊ စနေနေ့ - ညနေ ၅ နာရီ မှ ညနေ ၆ နာရီ အချိန်တိုင်းတွင် ပြင်ပလူနာကြည့်ရှုကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

✅ထို့ကြောင့် ဆရာမကြီးနှင့် ပြသလိုသူများသည် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် ဆက်သွယ် booking ယူရန်
☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, 𝐕𝐢𝐛𝐞𝐫 နှင့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တို့မှတဆင့်လည်း ဘိုကင်တင်နိုင်ပါသည်။ 👇
http://m.me/caremebots?ref=booking_pinlon
Caremebot Viber မှတစ်ဆင့် ဘိုကင်တင်ရန်👇
https://ymbhub.com/ekzD
Website မှ တဆင့် ဘိုကင်တင်ရန် 👇
https://caremebot.com/HospitalProfile?hospitalid=57
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
------------------

--𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲| ကမ္ဘာ့တီဘီရောဂါနေ့ --"𝐘𝐞𝐬! 𝐖𝐞 𝐂𝐚𝐧 𝐄𝐧𝐝 𝐓𝐁: 𝐂𝐨𝐦𝐦𝐢𝐭, 𝐈𝐧𝐯𝐞𝐬𝐭, 𝐃𝐞𝐥𝐢𝐯𝐞𝐫"🌎🫁ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေ...
24/03/2026

--𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲| ကမ္ဘာ့တီဘီရောဂါနေ့ --
"𝐘𝐞𝐬! 𝐖𝐞 𝐂𝐚𝐧 𝐄𝐧𝐝 𝐓𝐁: 𝐂𝐨𝐦𝐦𝐢𝐭, 𝐈𝐧𝐯𝐞𝐬𝐭, 𝐃𝐞𝐥𝐢𝐯𝐞𝐫"

🌎🫁ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို “တီဘီရောဂါကြောင့်ခံစားရသော ကျန်းမာရေးပြဿနာများအကြောင်း အများပြည်သူများအကြား အသိပညာမျှဝေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန်" ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်စဉ် မတ်လ (၂၄) ရက်နေ့တွင် ဂုဏ်ပြုကျင်းပကြပါသည်။

🫁တီဘီရောဂါ (TB) သည် Mycobacterium tuberculosis ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပြီး အဆုတ်တွင် အဓိက ဖြစ်ပွားပြီး ဦးနှောက်နှင့် ကျောရိုးကဲ့သို့သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ လေမှတဆင့် လူတစ်ဦးမှတစ်ဦးသို့ကူးစက်နိုင်သောရောဂါဖြစ်ပြီး တီဘီရောဂါရှိသူတစ်ဦးမှ ချောင်းဆိုး၊ နှာချေခြင်းဖြင့် ထွက်လာသော အမှုန်အမွှားများကို အခြားသူတစ်ဦးမှ ရှူရှိုက်မိသည့်အခါ ကူးစက်နိုင်ပါသည်။
TB ရောဂါလက္ခဏာများမှာ-
🔹3 ပတ်ထက် ပိုကြာပြီး ဆက်တိုက် ချောင်းဆိုးခြင်း။
🔹 သလိပ်များ ထွက်လာပြီး သွေးထွက် တတ်ခြင်း။
🔹 ကိုယ်အလေးချိန်ကျခြင်း။
🔹 ညဘက် ချွေးများထွက်ခြင်း။
🔹ဖျားခြင်း။
🔹ပင်ပန်းနွမ်းနယ်ခြင်း။
🔹အစာစားချင်စိတ်ပျောက်ဆုံးခြင်း။
🔹လည်ပင်းရောင်ရမ်းခြင်းတို့ဖြစ်ပါသည်။

အများပြည်သူများအနေဖြင့် TB ရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး သတိပြုဆင်ခြင်နိုင်ကြစေဖို့ ပင်လုံဆေးရုံများအုပ်စုမှ အသိပညာမျှဝေအပ်ပါတယ်ရှင်။

--------------------------------

နှလုံးရောဂါလို့ ဆိုလိုက်ရင် ရင်ဘတ်အောင့်တာ (𝐂𝐡𝐞𝐬𝐭 𝐏𝐚𝐢𝐧) တစ်ခုတည်းကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။ အမျိုးသားများကဲ့သို့ပင် အမျ...
23/03/2026

နှလုံးရောဂါလို့ ဆိုလိုက်ရင် ရင်ဘတ်အောင့်တာ (𝐂𝐡𝐞𝐬𝐭 𝐏𝐚𝐢𝐧) တစ်ခုတည်းကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။ အမျိုးသားများကဲ့သို့ပင် အမျိုးသမီးများတွင် အဖြစ်အများဆုံး လက္ခဏာမှာ ရင်ဘတ်အောင့်ခြင်း (သို့မဟုတ်) မအီမသာဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သို့သော် အမျိုးသမီးအချို့တွင် နှလုံးအမောဖောက်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤) ခံစားရချိန်တွင် ထပ်မံခံစားရတတ်တဲ့ လက္ခဏာများရှိနေတာကြောင့် သေချာစွာသတိပြုမိဖို့ အလွန်အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများမှာ ဖြစ်လေ့ရှိတဲ့ နှလုံးရောဂါလက္ခဏာများနဲ့ ပတ်သက်ပြီး အမေရိကန် နှလုံးအဖွဲ့အစည်း 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐇𝐞𝐚𝐫𝐭 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐇𝐀) ရဲ့ ဆေးပညာဆိုင်ရာ အချက်အလက်များကို ကိုးကားအခြေခံပြီး ပင်လုံဆေးရုံကြီးက ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးများတွင် အဖြစ်အများဆုံး လက္ခဏာမှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သို့သော် အမျိုးသမီးများတွင် အောက်ပါလက္ခဏာများကိုလည်း ထပ်မံခံစားရတတ်ပါတယ်။

၁။ ထူးခြားသော နာကျင်မှု ခံစားချက်များ
အမျိုးသမီးအချို့တွင် ကျောဘက်အပေါ်ပိုင်းတွင် တစ်ခုခုနှင့် ညှစ်ထားသကဲ့သို့ သို့မဟုတ် ကြိုးနှင့် တင်းကျပ်စွာ ချည်ထားသကဲ့သို့သော ဖိအားမျိုးကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ပခုံး၊ ကျော သို့မဟုတ် လက်မောင်းတွင်လည်း နာကျင်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

၂။ သတိမထားမိနိုင်သော အခြားလက္ခဏာရပ်များ
ရင်ဘတ်အောင့်ခြင်းအပြင် အောက်ပါ လက္ခဏာတွေကလည်း နှလုံးရောဂါနဲ့ ဆက်စပ်နေတယ်လို့ ထင်မှတ်မထားတတ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
• စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (𝐀𝐧𝐱𝐢𝐞𝐭𝐲)
• အသက်ရှူရ ခက်ခဲခြင်း (𝐒𝐡𝐨𝐫𝐭𝐧𝐞𝐬𝐬 𝐨𝐟 𝐛𝐫𝐞𝐚𝐭𝐡)
• ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း သို့မဟုတ် အစာအိမ်မအီမသာဖြစ်ခြင်း (𝐔𝐩𝐬𝐞𝐭 𝐬𝐭𝐨𝐦𝐚𝐜𝐡)
• ပုံမှန်မဟုတ်ဘဲ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်း (𝐔𝐧𝐮𝐬𝐮𝐚𝐥 𝐭𝐢𝐫𝐞𝐝𝐧𝐞𝐬𝐬 𝐚𝐧𝐝 𝐰𝐞𝐚𝐤𝐧𝐞𝐬𝐬) စတာတွေပဲ ဖြစ်ပါတယ်။

၃။ အချိန်မီ ကုသမှုခံယူရန် အရေးကြီးခြင်း
အထက်ပါ လက္ခဏာတွေကို သာမန်အစာမကြေခြင်း ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်မှုလို့ မှားယွင်းထင်မှတ်ပြီး ပေါ့ဆလေ့ရှိကြပါတယ်။ မိမိခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ခံစားနေရပြီဆိုရင် စောစီးစွာ စစ်ဆေးမှုခံယူခြင်းက ရောဂါကို ထိရောက်စွာ ကုသနိုင်ဖို့အတွက် အကောင်းဆုံး လမ်းစရှာဖွေတာပဲ ဖြစ်ပါတယ်။

မိမိကိုယ်တိုင်အပါအဝင် ချစ်ခင်ရသူ အမျိုးသမီးတွေမှာ အထက်ပါလက္ခဏာမ‌တွေ ခံစားနေရပြီဆိုရင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကျွမ်းကျင်ဆရာဝန်များနဲ့ ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးကြဖို့ ပင်လုံဆေးရုံကြီးက တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ပင်လုံဆေးရုံကြီးတွင် နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုပြုလုပ်ခြင်းနှင့် ကုသမှုခံယူခြင်းများပြုလုပ်လိုပါက ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများနှင့်အတူ နွေးထွေးဖော်ရွေစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်။

နှလုံးကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ချင်ရင်တော့ စိတ်ချယုံကြည်ရတဲ့ ပင်လုံဆေးရုံကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင် ပါပြီရှင်။

“ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အားထားရာဆေးရုံ … ပင်လုံ”

22/03/2026

ပင်လုံအထူးကုဆေးရုံကြီး တွင် 𝐏𝐄𝐓/𝐂𝐓 𝐬𝐜𝐚𝐧 ဖြင့် ရောဂါရှာဖွေစစ်ဆေးနိုင်သော ဝန်ဆောင်မှုကို အပတ်စဉ်ရိုက်ကူးနေပြီဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ လာရောက်ရိုက်ကူးသော မိဘပြည်သူများ ဆိတ်ငြိမ်အေးချမ်းပြီး သက်သောင့်သက်သာရှိစေရန်နှင့် နွေးထွေးပြည့်စုံသောကျန်းမာရေး စောင့်ရှောက်မှုများရရှိနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ်သိရှိလိုခြင်း၊ ဆက်သွယ်ဘိုကင်ယူလိုပါက--
𝐏𝐄𝐓/𝐂𝐓 & 𝐒𝐏𝐄𝐂𝐓/𝐂𝐓 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞
☎️ဖုန်း 09-77777 9808, 09-786 531 413 သို့ (နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း) လည်းကောင်း၊ ပင်လုံဆေးရုံ messenger box တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

*** 𝐒𝐏𝐄𝐂𝐓/𝐂𝐓 𝐒𝐜𝐚𝐧 များ မတ်လ နောက်ဆုံးပတ်မှ ပြန်လည်ရိုက်ကူးပေးခြင်း ***✅ပင်လုံဆေးရုံတွင် 𝐒𝐏𝐄𝐂𝐓/𝐂𝐓 ဖြင့် ရောဂါရှာဖွေစစ်ဆေး...
16/03/2026

*** 𝐒𝐏𝐄𝐂𝐓/𝐂𝐓 𝐒𝐜𝐚𝐧 များ မတ်လ နောက်ဆုံးပတ်မှ ပြန်လည်ရိုက်ကူးပေးခြင်း ***

✅ပင်လုံဆေးရုံတွင် 𝐒𝐏𝐄𝐂𝐓/𝐂𝐓 ဖြင့် ရောဂါရှာဖွေစစ်ဆေးနိုင်သော ဝန်ဆောင်မှုကို မတ်လ နောက်ဆုံးပတ် (𝐋𝐚𝐬𝐭 𝐖𝐞𝐞𝐤, 𝐌𝐚𝐫𝐜𝐡) မှ ပြန်လည်စတင်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသဖြင့် ကြိုတင်စာရင်း ပေးသွင်း နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

𝐒𝐏𝐄𝐂𝐓/𝐂𝐓 ဖြင့် ရှာဖွေစစ်ဆေးနိုင်သော ရောဂါများမှာ-
🔹အရိုးနှင့် ပတ်သက်သောရောဂါများ။ (𝐁𝐨𝐧𝐞 𝐒𝐜𝐚𝐧)
🔹ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ။ (𝐑𝐞𝐧𝐚𝐥 𝐒𝐜𝐚𝐧)
🔹သိုင်းရိုက်ဂလင်း (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐒𝐜𝐚𝐧)
🔹နှလုံးသွေးကြောရောဂါများ။ (𝐌𝐲𝐨𝐜𝐚𝐫𝐝𝐢𝐚𝐥 𝐏𝐞𝐫𝐟𝐮𝐬𝐢𝐨𝐧 𝐒𝐜𝐚𝐧)
🔹အသည်း/သည်းခြေအိတ်နှင့်သည်းခြေပြွန်လမ်းကြောင်းဆိုင်ရာရောဂါများ။ (𝐇𝐞𝐩𝐚𝐭𝐨𝐛𝐢𝐥𝐢𝐚𝐫𝐲 𝐒𝐜𝐚𝐧)
🔹အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ။ (𝐆𝐈 𝐒𝐜𝐚𝐧) စသည်တို့ ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက-
𝐏𝐄𝐓/𝐂𝐓 & 𝐒𝐏𝐄𝐂𝐓/𝐂𝐓 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞
☎️ဖုန်း 09-77777 9808, 09-786 531 413 သို့ (နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း) လည်းကောင်း၊ ပင်လုံဆေးရုံ messenger box တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
📍လိပ်စာ - အမှတ် ၉/၁၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။



နှလုံးရောဂါဟာ စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီအထဲမှာမှ လူသိနည်းနိုင်တဲ့ အချက်တစ်ခုကတော့ သွားနှင့်...
14/03/2026

နှလုံးရောဂါဟာ စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီအထဲမှာမှ လူသိနည်းနိုင်တဲ့ အချက်တစ်ခုကတော့ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ နှလုံးကျန်းမာရေးတို့ အပြန်အလှန် ဆက်စပ်နိုင်ခြေ ရှိနိုင်တယ်ဆိုတဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။

သွားဖုံးရောဂါရှိသူများဟာ သာမန်ထက် နှလုံးထိခိုက်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐚𝐭𝐭𝐚𝐜𝐤) နှင့် လေဖြတ်ခြင်း (𝐒𝐭𝐫𝐨𝐤𝐞) ဖြစ်နိုင်ခြေ (၂) ဆမှ (၃) ဆအထိ ပိုများနိုင်ကြောင်း 𝐇𝐚𝐫𝐯𝐚𝐫𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ ဆောင်းပါးများက ဆိုပါတယ်။

ဘယ်လိုဆက်စပ်နေတာလဲ?
သွားဖုံးရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ရေရှည်ရောင်ရမ်းမှု (𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐈𝐧𝐟𝐥𝐚𝐦𝐦𝐚𝐭𝐢𝐨𝐧) ဟာ သွေးကြောတွေထဲမှာ အဆီနဲ့ အညစ်အကြေးဖတ်တွေ စုပုံလာတဲ့ (𝐀𝐭𝐡𝐞𝐫𝐨𝐬𝐜𝐥𝐞𝐫𝐨𝐬𝐢𝐬) ဖြစ်စဉ်ကို ပိုဆိုးစေပြီး နှလုံးသွေးကြောပိတ်ဆို့မှု အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်။

သွားဖုံးရောဂါကို ပိုမိုဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းများကတော့
• ဆေးလိပ်သောက်ခြင်း
• ဆီးချိုရောဂါ (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬) ရှိခြင်း
• သွားနှင့်ခံတွင်း သန့်ရှင်းရေး အားနည်းခြင်း
• အာဟာရမညီညွတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။

သတိထားရမဲ့သွားဖုံးရောဂါ လက္ခဏာများ
အောက်ပါလက္ခဏာ (၇) ချက် ရှိနေပြီဆိုရင် သွားဖုံးရောဂါ ဖြစ်နေနိုင်တဲ့အတွက် သတိပြုဖို့ လိုအပ်ပါတယ်။
၁။ သွားဖုံးရောင်ခြင်း၊ နီရဲခြင်း သို့မဟုတ် နာကျင်ခြင်း
၂။ သွားဖုံးသွေးယိုလွယ်ခြင်း
၃။ သွားနှင့် သွားဖုံးကြားတွင် ပြည်တည်ခြင်း
၄။ ခံတွင်းနံ့ဆိုးခြင်း
၅။ သွားဖုံးတစ်လျှောက်တွင် မာကျောသော အညိုရောင်အနည် (𝐏𝐥𝐚𝐪𝐮𝐞) များ စုပုံခြင်း
၆။ သွားများယိုင်နဲ့လာခြင်း
၇။ သွားတု သို့မဟုတ် သွားဘက်ဆိုင်ရာပစ္စည်းများ တပ်ဆင်ရာတွင် ပုံစံပြောင်းသွားခြင်း

ဘယ်လိုကာကွယ်ထိန်းသိမ်းမလဲ?
✔ နေ့စဉ် (၂) ကြိမ်၊ အနည်းဆုံး (၂) မိနစ်ကြာအောင် သွားတိုက်ပါ။
✔ သွားကြားပွတ်ကြိုး (𝐃𝐞𝐧𝐭𝐚𝐥 𝐅𝐥𝐨𝐬𝐬) ကို နေ့စဉ်အသုံးပြုပါ။
✔ (၆) လတစ်ကြိမ် သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးပါ။
သွားနှင့်ခံတွင်း သန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းခြင်းနဲ့ ပုံမှန် စစ်ဆေးမှုခံယူခြင်းတို့က ခံတွင်းကျန်းမာရေးအတွက်သာမက နှလုံးကျန်းမာရေးအပါအဝင် အထွေထွေကျန်းမာရေးကိုလည်း ကာကွယ်ထိန်းသိမ်းရာတွင် အရေးပါလှပါတယ်။

မိမိကိုယ့်တိုင် အပါအဝင် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် သွားနှင့်ခံတွင်းကျန်းမာရေးကို ပေါ့ဆမထားဘဲ ဂရုစိုက် သတိထားပြီး ပုံမှန်စစ်ဆေးမှု ခံယူကြဖို့ ပင်လုံဆေးရုံကြီးက တိုက်တွန်းလိုက်ရပါတယ်။

နှလုံးကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ချင်ရင်တော့ စိတ်ချယုံကြည်ရတဲ့ ပင်လုံဆေးရုံကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင် ပါပြီရှင်။

“ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အားထားရာဆေးရုံ … ပင်လုံ”

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးများကို ခေါ်ယူလျက်ရှိပါသည်။✅𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 – 𝟑 𝐩𝐨𝐬𝐭𝐬𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:- 𝐌.𝐁.,𝐁....
14/03/2026

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးများကို ခေါ်ယူလျက်ရှိပါသည်။

✅𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 – 𝟑 𝐩𝐨𝐬𝐭𝐬
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:
- 𝐌.𝐁.,𝐁.𝐒 𝐃𝐞𝐠𝐫𝐞𝐞 နှင့် ဆမလိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (ဝ-၁နှစ်) မှ စတင်၍ လျှောက်ထားနိုင်ပါသည်။
𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
⇒ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐫𝐲 𝟏,𝟗𝟓𝟎,𝟎𝟎𝟎 𝐌𝐌𝐊 𝐚𝐧𝐝 ++++ (𝐧𝐞𝐠𝐨𝐭𝐢𝐚𝐛𝐥𝐞)
(အသေးစိတ်သိရှိလိုပါက 𝐦𝐞𝐬𝐬𝐚𝐠𝐞 𝐛𝐨𝐱 (သို့မဟုတ်) 𝐇𝐑 ဌာနဖုန်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
⇒ 𝐆𝐚𝐳𝐞𝐭𝐭𝐞𝐝 𝐟𝐞𝐞𝐬 & 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐈𝐧𝐜𝐫𝐞𝐦𝐞𝐧𝐭
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐁𝐨𝐧𝐮𝐬𝐞𝐬
⇒ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။

𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
⇒ 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐂𝐚𝐫𝐞 နှင့် ပတ်သက်သော 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 များကို စဉ်ဆက်မပြတ် တက်ရောက်ရန် အခွင့်အရေးရရှိနိုင်ခြင်း။
⇒ 𝐃𝐮𝐭𝐲 ချိန်များညှိနှိုင်းနိုင်ခြင်း။
⇒ ဖယ်ရီလမ်းကြောင်းများ စီစဉ်ထားရှိခြင်း။

✅𝐒𝐭𝐚𝐟𝐟 𝐍𝐮𝐫𝐬𝐞 (𝐖𝐚𝐫𝐝) – 𝟑 𝐩𝐨𝐬𝐭𝐬
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:
- 𝐁.𝐍.𝐒𝐜 (သို့မဟုတ်) 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐍𝐮𝐫𝐬𝐢𝐧𝐠 ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- သူနာပြုလိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (ဝ-၁နှစ်) မှ စတင်၍ လျှောက်ထားနိုင်ပါသည်။

𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
⇒ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐫𝐲 𝟏,𝟏𝟏𝟓,𝟎𝟎𝟎 𝐌𝐌𝐊 𝐚𝐧𝐝 ++++ (𝐧𝐞𝐠𝐨𝐭𝐢𝐚𝐛𝐥𝐞)
(အသေးစိတ်သိရှိလိုပါက 𝐦𝐞𝐬𝐬𝐚𝐠𝐞 𝐛𝐨𝐱 (သို့မဟုတ်) 𝐇𝐑 ဌာနဖုန်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
⇒ 𝐆𝐚𝐳𝐞𝐭𝐭𝐞𝐝 𝐟𝐞𝐞𝐬 & 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐢𝐧𝐜𝐫𝐞𝐦𝐞𝐧𝐭
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။

𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
⇒ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ထိုက်တန်သော လစာအပြင် လစဉ် 𝐩𝐨𝐨𝐥 ခံစားခွင့်များရရှိခြင်း။
⇒ 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐂𝐚𝐫𝐞 နှင့် ပတ်သက်သော 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 များကို စဉ်ဆက်မပြတ် တက်ရောက်ရန် အခွင့်အရေးရရှိနိုင်ခြင်း။
⇒ 𝐃𝐮𝐭𝐲 ချိန်များညှိနှိုင်းနိုင်ခြင်း။
⇒ ဖယ်ရီလမ်းကြောင်းများ စီစဉ်ထားရှိခြင်း။
******************************************

✅စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ပင်လုံဆေးရုံ 𝐇𝐑 ဌာနတွင်သော်လည်းကောင်း၊ 𝐞𝐦𝐚𝐢𝐥 မှတစ်ဆင့်သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲ လျှောက်ထားနိုင်ပါသည်။
🔹လိုင်စင်မိတ္တူ။
🔹 ဘွဲ့လက်မှတ်မိတ္တူ။
🔹နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံဓာတ်ပုံ(၂)ပုံ။
🔹 သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ။
🔹မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ။
*******************************************
☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟓𝟐)/ 𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐏𝐡: 𝟎𝟗- 𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟏
🟣𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐕𝐢𝐛𝐞𝐫 – 𝟎𝟗- 𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟏
📩𝐄𝐦𝐚𝐢𝐥 – 𝐩𝐢𝐧𝐥𝐨𝐧.𝐡𝐫@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
🕘နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်လျှောက်ထားနိုင်ပါတယ်ရှင်။
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

အလုပ်မောတဲ့အချိန်၊ အိပ်ငိုက်တဲ့အချိန်တွေမှာ 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်တတ်ပါသလား? သောက်လိုက်ရင် ခဏတာ လန်းဆန်းသွားသလို ခံစားရပေမဲ့...
12/03/2026

အလုပ်မောတဲ့အချိန်၊ အိပ်ငိုက်တဲ့အချိန်တွေမှာ 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်တတ်ပါသလား? သောက်လိုက်ရင် ခဏတာ လန်းဆန်းသွားသလို ခံစားရပေမဲ့ ကိုယ့်နှလုံးအတွက် ဘာတွေဖြစ်နိုင်လဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 ဆိုတာ ဘာလဲ?

𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 ဆိုတာ ကဖိန်းဓာတ် (𝐜𝐚𝐟𝐟𝐞𝐢𝐧𝐞) အများအပြားပါဝင်သလို သကြားဓာတ်၊ တခြားဖြည့်စွက်ပစ္စည်းတွေနဲ့ 𝐆𝐮𝐚𝐫𝐚𝐧𝐚၊ 𝐓𝐚𝐮𝐫𝐢𝐧𝐞၊ 𝐋-𝐜𝐚𝐫𝐧𝐢𝐭𝐢𝐧𝐞 စတဲ့ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွ စေတဲ့ဓာတ်တွေ ပါဝင်တဲ့ အဖျော်ယမကာတစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်တွေက အာရုံစူးစိုက်မှုနဲ့ လန်းဆန်းမှုကို ခဏတာ တိုးပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ အသက်ရှူနှုန်း မြန်လာခြင်းစတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
• 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 တစ်ဘူးမှာ 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 (၈၀ မီလီဂရမ် မှ ၂၀၀ မီလီဂရမ်) အထိ ပါဝင်နိုင်ပါတယ်။
• လူကြီးတစ်ယောက်အတွက် တစ်နေ့တာ သောက်သုံးသင့်တဲ့ 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ပမာဏက (၄၀၀ မီလီဂရမ်) ထက် မကျော်သင့်ပါဘူး။

⚠️ 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 ကို ဘယ်လိုလူမျိုးတွေ ရှောင်ကျဉ်သင့်လဲ?
• နှလုံးရောဂါရှိသူများ
• သွေးပေါင်မြင့်သူများ
• ကိုယ်ဝန်ဆောင်မိခင်များ
• အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် လူငယ်များ
• 𝐀𝐫𝐫𝐡𝐲𝐭𝐡𝐦𝐢𝐚 𝐡𝐢𝐬𝐭𝐨𝐫𝐲 ရှိသူများ (နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သူများ (သို့) နှလုံးခုန်စည်းချက် မမှန်တတ်သူများ)
𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်ပြီးနောက် အောက်ပါဝေဒနာများ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

• ပုံမှန်ထက် နှလုံးခုန်မြန်ခြင်း
• ရင်တုန်ခြင်း
• မူးဝေခြင်း
• ရင်ဘတ်အောင့်ခြင်း/နာခြင်း
💡 ဘေးထွက်ဆိုးကျိုးမရှိဘဲ လန်းဆန်းစေဖို့အတွက် 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်မဲ့အစား အခြား လုပ်ဆောင်နိုင်တဲ့ (၅) ချက်ကို အောက်ပါအတိုင်း အကြံပြုပေးပါရစေ။

• ရေများများသောက်ပါ။
• အိပ်ရေးဝအောင် အိပ်စက်ပါ။
• 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 သို့မဟုတ် 𝐁𝐥𝐚𝐜𝐤 𝐂𝐨𝐟𝐟𝐞𝐞 ကို ပမာဏအနည်းငယ်သာ သောက်ပါ။
• ကိုယ်လက်လှုပ်ရှားမှုနှင့် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးပါ။
• သကြားဓာတ်ပါဝင်မှုများသော အချိုရည်များအစား အသီးအနှံများ သို့မဟုတ် အခွံမာသီးများ (𝐍𝐮𝐭𝐬) စားသုံးပေးပါ။

𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 များသည် နှလုံးခုန်နှုန်းမြန်စေခြင်း၊ သွေးပေါင်မြင့်စေခြင်းနှင့် နှလုံးစည်းချက်မမှန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ကြဖို့ ပင်လုံဆေးရုံကြီးက တိုက်တွန်းလိုက်ရပါတယ်။

ပင်လုံဆေးရုံကြီးတွင် နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုပြုလုပ်ခြင်းနှင့် ကုသမှုခံယူခြင်းများပြုလုပ်လိုပါက ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများနှင့်အတူ နွေးထွေးဖော်ရွေစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင် ပါပြီရှင်။

“ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အားထားရာဆေးရုံ … ပင်လုံ”

Address

No. 9/1, Saya San Road, 27th Quarter, North Dagon Township
Yangon
11421

Alerts

Be the first to know and let us send you an email when Pinlon - ပင်လုံ Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pinlon - ပင်လုံ Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Located in North Dagon Township of Yangon, Pinlon Hospital is a multi-speciality hospital which offers healthcare services to people living all over Myanmar. It houses a cancer centre, a gastro & liver centre, a heart centre and many other centres of excellence. Pinlon Hospital is particularly known for its cancer centre, wherein advanced techniques and technology are being used to provide quality oncology services. As per our pillars of care - Quality, Experience, Compassion - our mission is to provide care with complete integrity and honesty through service-minded teamwork in order to ensure comfort and satisfaction in our clients.