Dr Maw Home Care Health Services

Dr Maw Home Care Health Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Maw Home Care Health Services, Medical and health, Yangon.

05/01/2023

ရွှေပေါက်ကံနှင့် မြောက်ဥကလာအတွင်းအိမ်ပင့်ဝန်ဆောင်မှုများရယူရန်ဖုန်းဆက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ
၀၉၇၅၇၈၈၅၃၅၁

05/01/2023

နှစ်သစ်မှာကျန်းမာချမ်းသာ၍ လိုတိုင်းတ ကြံတိုင်းအကောင်အထည်ဖော် အောင်မြင်ကြပါစေခင်ဗျာ

Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ရောဂါကတော့ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဆောင်းတွင်းမှာ ပိုအဖြစ်များပါ...
04/12/2021

Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ရောဂါကတော့ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဆောင်းတွင်းမှာ ပိုအဖြစ်များပါတယ်.. အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အရေပြားခြောက်လို့ ဖြစ်ရတာပါ.. ခြေဖနောင့်ကိုကြည့်လိုက်ရင် အောက်မှာရှိတဲ့ Sole ရဲ့အရေပြားနဲ့ ဘေးပတ်လည်မှာရှိတဲ့ အရေပြားတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ မတူကြပါဘူး.. ဒီနှစ်ခုဆုံတဲ့နေရာမှာ ခြောက်သွေ့နေရင် အပေါ်ကနေ body weight နဲ့ဖိလိုက်တဲ့အခါမှာ ကွဲထွက်သွားတာ ဖြစ်ပါတယ်.. အထူးသဖြင့် callus လို့ခေါ်တဲ့ အသားမာရှိရင် အရေပြားက ထူနေတော့ ပိုကွဲထွက်နိုင်ပါတယ်.. အရေပြားပါးနေရင်တော့ ကွဲခဲပါတယ်..

သာမန်အားဖြင့်တော့ ခြေဖနောင့်ကွဲရောဂါဟာ အမြင်မလှတာကလွဲလို့ သိပ်ဒုက္ခပေးလေ့မရှိပါဘူး.. ဒါပေမဲ့ ပစ်စလက်ခတ်ထားမယ်.. ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုမစိုက်ဘူးဆိုရင် ပိုပြီးကွဲလာပြီးတော့ ရောင်လာတတ်ပါတယ်.. ရောင်တော့ နာလာမယ်.. ပိုဆိုးလာရင် သွေးထွက်လာမယ်.. အဲ့ဒီအခါမှာ လမ်းလျှောက်လို့မရဘူး ဖြစ်လာတတ်ပါတယ်.. အဲ့ဒီအခါမျိုးမှာ ကတ်ကြေးတို့ ဘလိတ်ဓားတို့နဲ့ ခြစ်ထုတ်တာတို့ ဖဲ့တာတို့လုပ်ခဲ့ရင် မေးခိုင်ပိုးဝင်တတ်လို့ လုံးဝမပြုလုပ်သင့်ပါဘူး.. ရိုးရိုးဘက်တီးရီးယားတွေ ဝင်သွားရင်ကို အနာပိုဆိုးလာနိုင်ပါတယ်.. ဒါကြောင့် ကုသလို့လည်းလွယ်ကူတဲ့ ဒီရောဂါကို ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကုသသင့်ပါတယ်..

အရေးအကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်.. အပြင်ကနေ ပြန်ရောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်.. အထူးသဖြင့် ညအိပ်ယာဝင်ခါနီးတိုင်း ရေနဲ့ဆေးကြောသန့်စင်ရပါမယ်.. ဆေးတဲ့အခါမှာ ရေအေးအေးကြီးနဲ့မဆေးဘဲ ရေနွေးနဲ့ဆေးရမှာ ဖြစ်ပါတယ်.. ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူးသဖြင့် အသားမာတွေထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိတဲ့အပူချိန်မှာ ဆားလေးနည်းနည်း ဆပ်ပြာမှုန့်နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်.. အဲ့ဒီလိုလုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်.. အသားမာတွေလဲ ပျော့သွားမယ်.. အပေါ်ဆုံးအလွှာတွေလည်း တဖြည်းဖြည်းချင်းကွာကျသွားတဲ့အတွက် အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်..

ခြေဖနောင့်ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လည်း ဖြစ်တတ်ပါတယ်.. အထူးသဖြင့် ခွာပါးတဲ့ဖိနပ်မျိုးကို မဝတ်သင့်ပါဘူး.. ခွာမညီတဲ့ဖိနပ်မျိုးကိုလည်း မဝတ်သင့်ပါဘူး.. ခွာနည်းနည်းထူတာဟာ ပိုသင့်တော်ပါတယ်.. အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ် ဝတ်ချင်ရင် ဝတ်နိုင်ပါတယ်.. shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ဖိနပ် size ကို ရွေးဖို့လိုပါတယ်.. ချောင်လွန်းရင်လည်း လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတက်တတ်ပါတယ်.. ကြပ်လွန်းရင်လည်း သွေးကောင်းကောင်းမလျှောက်လို့ အနာကျက် နှေးနိုင်ပါတယ်.. ခြေအိတ်နဲ့ shoe နဲ့စီးရင် ခြေထောက်ရေစိုကြီးနဲ့ မဝတ်ရပါဘူး.. ခြေအိတ်လည်း ရေစိုနေရင် သေသေချာချာမခြောက်ရင် မဝတ်သင့်ပါဘူး..

နောက်ထပ် အရေးကြီးတာကတော့ ရေများများသောက်ပေးဖို့ ဖြစ်ပါတယ်.. ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက အရေပြားခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက် ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာ ဖြစ်ပါတယ်.. ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာရင် သဘာဝ Fruit Juice တွေ (ဥပမာ သံပုရာရည်၊ လိမ္မော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်) ကို ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်..

 # ဒေါက်တာ ခင်မောင်လွင် (fame)ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ဘယ်လိုမျိုး နေထိုင်ပြုမူသင့်လဲ??(၁) သက်တောင့်သက်...
22/08/2021

# ဒေါက်တာ ခင်မောင်လွင် (fame)

ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ဘယ်လိုမျိုး နေထိုင်ပြုမူသင့်လဲ??

(၁) သက်တောင့်သက်သာရှိပြီး အနှောင့်အယှက်ကင်းတဲ့ပတ်ဝန်းကျင် (Sleeping environment) ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် အသံဆူညံတာတို့၊ အလင်းရောင် စူးရှတာတို့ မဖြစ်ဖို့လိုပါတယ်။ မီးပိတ်ပြီးအိပ်ရင် မယ်လတိုနင် (Melatonin) ဟော်မုန်း ပိုထွက်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာဖြစ်ပါတယ်။

(၂) အိပ်ခါနီးမှာ တီဗီအကြာကြီးကြည့်တာတွေ မလုပ်ရပါဘူး။ ထွက်လာတဲ့ လျှပ်စစ် သံလိုက်စက်ကွင်း (Electromagnetic field) ဟာ စိတ်ကိုလှုံ့ဆော်လို့ အိပ်ပျော်ရင်တောင် အိပ်ရေးမဝတာမျိုး ခံစားရတတ်ပါတယ်။

(၃) အိပ်ခါနီးမှာ စိတ်ဓာတ်တက်ကြွစေမယ့် ကော်ဖီ၊ လက်ဖက်ရည်၊ ပိန်ဆေး၊ ကဖင်းပါတဲ့ အအေးမိတုပ်ကွေးရောဂါကုဆေးတွေ မသောက်သင့်ပါဘူး။ အိပ်မယ့်အချိန်နဲ့ ၃ နာရီလောက်စောပြီး သောက်ပါ။

(၄) ဗိုက်ဆာနေရင် အိပ်မပျော်နိုင်ပါဘူး။ အစာသိပ်စားတာများရင်လည်း မကောင်းပါဘူး။ ဒါကြောင့် အိပ်ခါနီး နွားနို့တစ်ခွက်နဲ့ မုန့်တစ်ခုခုစားရင် ကောင်းပါတယ်။ ဒါမှ အိပ်တာကို အထောက်အကူပြုတဲ့ ဆီရိုတိုနင် (Serotonin) ဟော်မုန်း ထွက်လာမှာဖြစ်ပါတယ်။

(၅) မနက်ပိုင်းနေရောင်ခြည် ခံပေးခြင်းဟာ မယ်လတိုနင် ဟော်မုန်းတွေကို နေ့ခင်းမှာ မထွက်စေဘဲ ညကျမှထွက်စေတာမို့ အိပ်ပျော်ခြင်းကို များစွာအထောက်အကူပြုပါတယ်။ မနက်ပိုင်း နေရောင်ခြည်အောက်မှာ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်း တစ်ခုခုလုပ်တာဟာ ညဘက်အိပ်ပျော်ဖို့ အများကြီး အထောက်အကူပြုပါတယ်။

(၆) အိပ်ခါနီးရေချိုးမယ်ဆိုရင် ရေအေးနဲ့မချိုးဘဲ ရေနွေးလေးနဲ့ချိုးရင် ရေချိုးပြီးတာနဲ့ ခဏချင်းအိပ်ပျော်သွားမှာဖြစ်ပါတယ်။ ကလေးငယ်တွေဆို ပိုပြီးသိသာပါတယ်။

(၇) ဘယ်လိုမှအိပ်မပျော်ရင်တော့ သင့်တော်မယ့် အိပ်ဆေးတစ်မျိုးကို မှီဝဲနိုင်ပါတယ်။ ဒါကတော့ မိမိသဘောတိုင်းမသုံးဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက်ယောက်ရဲ့ ညွှန်ကြားချက်နဲ့သာ အသုံးပြုရပါမယ်။

Dr Maw and His AssistantHome Visit and Home Careအိမ်တိုင်ယာရောက်လိုအပ်သောကုသမှုများပေးခြင်း.အခြားအထွေထွေ ရောဂါများ ကုသပေ...
16/08/2021

Dr Maw and His Assistant
Home Visit and Home Care

အိမ်တိုင်ယာရောက်လိုအပ်သောကုသမှုများပေးခြင်း.အခြားအထွေထွေ ရောဂါများ ကုသပေးခြင်း
ဓာတ်ခွဲခန်းဝန်ဆောင်မှုများ
ဆေးခန်းမသွားနိုင်သောလူနာများအားအထူးဂရုစိုက်ကုသပေးခြင်း

1.Covid Antibody စစ်ဆေးပေးခြင်း

2. သွေးဖောက်စစ်ဆေးခြင်း

3.ဓါတ်ခွဲခန်းအဖြေများဆွေးနွေးခြင်း နှင့် ကုသတိုင်ပင်မှုပေးခြင်း

4.လိုအပ်သော ဆေးဝါး ကုသခြင်းများ
Anti- viral
Remdesivir
Steroid Therapy
သွေးကျဲဆေး လိုအပ်ပါက ကုသထိုးနှံခြင်း

5.ကျန်းမာစွာ ကျင့်ကြံနေထိုင်နိုင်ရန် အစားအစာ အာဟာရ ဗဟုသုတ ပေးခြင်း

6. မောပန်းနွမ်းနယ်အဆုတ် ထိခိုက်သူများအတွက် physiotheory နေနည်းထိုင်နည်း လေ့ကျင့်ခန်းလုပ်နည်းများ သင်ကြား ပေးခြင်း

7. အားဆေး သောက်ဆေး ထိုးဆေးများ စီစဉ် ကုသအကြံပေးခြင်း များအား စေတနာအရင်းခံကာ စျေးနှုန်းအသက်သာဆုံး​​ ​ဝန်ဆောင်မှုပေးပါမည်

Dr Maw
MBBS (ygn)
Dip medsc (family medicine)

Contact
09799992070
09757885351
မနက် ၉ နာရီမှ ညနေ ၃နာရီအတွင်းဆက်သွယ်ပေးပါခင်ဗျာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Maw Home Care Health Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram