Parami Hospital

Parami Hospital Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

ပါရမီအထွေထွေရောဂါကုဆေးရုံနဲ့ပတ်သက်ပြီး ဘာတွေသိချင်တာရှိကြလဲ 💬ပါရမီဆေးရုံဆိုတာ လူတိုင်းရဲ့ စိတ်ထဲမှာ ကလေးတွေအတွက် ယုံကြည်...
29/03/2026

ပါရမီအထွေထွေရောဂါကုဆေးရုံနဲ့ပတ်သက်ပြီး ဘာတွေသိချင်တာရှိကြလဲ 💬

ပါရမီဆေးရုံဆိုတာ လူတိုင်းရဲ့ စိတ်ထဲမှာ ကလေးတွေအတွက် ယုံကြည်အားကိုးရတဲ့ ဆေးရုံအဖြစ် အချိန်ကြာကြာရပ်တည်ခဲ့နိုင်ပါတယ်။

အထွေထွေရောဂါကုဆေးရုံဖြစ်လို့ ကလေးလူနာများအပြင် လူကြီးလူနာတွေလည်း ကုသမှု ခံယူလိုရနေတဲ့ ဆေးရုံလည်းဖြစ်ပါတယ်။ လူကြီးလူငယ်၊အရွယ်မရွေးအတွက် များပြားလှတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရရှိနိုင်တဲ့ဆေးရုံဖြစ်တာကြောင့် ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး မရှင်းလင်းတာမှန်သမျှကို မေးမြန်းလိုရပါတယ်နော်။

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 တွေကအစ ဝန်ဆောင်မှုတိုင်းကို ကောမန့်မှာမေးပေးခဲ့ရုံနဲ့ သေချာရှင်းပြပေးမှာမို့ သိလိုတာရှိရင် မေးမြန်းဖို့ ချစ်ခင်စွာဖိတ်ခေါ်လိုက်ပါတယ်ရှင် 🩺💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ
#သလိုရာမေးမြန်းပါ

𝐂𝐓 / 𝐌𝐑𝐈 ရိုက်ကူးဖို့ လိုအပ်ရင် အမြန်ဆုံးစစ်ဆေးသင့်ပါတယ် 🩺💜ရောဂါကိုအသေးစိတ်ရှာဖွေတဲ့နေရာမှာ 𝐂𝐓 / 𝐌𝐑𝐈 ဟာ အထောက်အကူအပြုဆုံ...
28/03/2026

𝐂𝐓 / 𝐌𝐑𝐈 ရိုက်ကူးဖို့ လိုအပ်ရင် အမြန်ဆုံးစစ်ဆေးသင့်ပါတယ် 🩺💜

ရောဂါကိုအသေးစိတ်ရှာဖွေတဲ့နေရာမှာ 𝐂𝐓 / 𝐌𝐑𝐈 ဟာ အထောက်အကူအပြုဆုံး စစ်ဆေးမှုဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကို စောစီးစွာတွေ့ရှိခြင်းက မှန်ကန်တဲ့ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ ပါရမီအထွေထွေရောဂါကုဆေးရုံမှာတော့

▪️ 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐛𝐫𝐚𝐧𝐝 ,𝐌𝐑𝐈 𝐈𝐧𝐠𝐞𝐧𝐢𝐚 𝐏𝐫𝐨𝐝𝐢𝐯𝐚 𝐂𝐗 𝟏.𝟓 စက်နဲ့

▪️ 𝐂𝐓 𝐓𝐨𝐬𝐡𝐢𝐛𝐚 𝟏𝟔𝟎 𝐬𝐥𝐢𝐜𝐞 အစရှိတဲ့ ခေတ်မီစက်ပစ္စည်းတွေကိုအသုံးပြုပြီးအဖြေကို မှန်ကန်မြန်ဆန်စွာ ထုတ်ပေးနေတာပဲဖြစ်ပါတယ်။

စစ်ဆေးသင့်တဲ့ရောဂါကို စောစီးစွာစစ်ဆေးမှသာ မှန်ကန်တဲ့ကုသမှုကိုခံယူဖို အချိန်ရှိမှာမို့ 𝐂𝐓 နဲ့ 𝐌𝐑𝐈 ရိုက်ကူးပြီး ရောဂါစစ်ဆေးဖို့ လိုအပ်တဲ့အခါ 💁‍♀ ရန်ကုန်မြိုရဲ့ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျတဲ့ ချော်တွင်းကုန်းမှတ်တိုင်အနီးမှာ တည်ရှိတဲ့✨ ပါရမီအထွေထွေရောဂါကုဆေးရုံ✨ကိုသာ ယုံကြည်စွာ အရောက်လာခဲ့လိုက်ပါနော်။

#ပါရမီအထွေထွေရောဂါကုဆေးရုံ

27/03/2026

🚨ယခု လတ်တလောတွင် ပါရမီအထွေထွေ‌ရောဂါကုဆေးရုံ၏ အင်တာနက်လိုင်းများ ယာယီပြတ်တောက်ပြီးဘိုကင်ယူရန်ခက်ခဲခြင်း၊ စောင့်ဆိုင်းချိန်ကြာမြင့်ခြင်းအခက်အခဲများ၊ အဆင်မပြေမှုများအတွက် အနှုးအညွတ်တောင်းပန်အပ်ပါသည်။ အင်တာနက်လိုင်များပြန်လည်ကောင်းမွန်စေရန် ပါရမီဆေးရုံမှ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိပါသည်။ နားလည်ပေးသည့်အတွက်ပါရမီအထွေထွေရောဂါကုဆေးရုံမှအထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🙏🙏
HOT LINE phone: 09-774555566 သို့ဆက်သွယ်နိုင်ပါသည်။
ဆရာဝန်ကြီးများနှင့်ဆေးခန်းပြသ ရက်ချိန်းယူရန်အတွက်
အောက်ပါ Link မှတဆင့် Booking တင်နိုင်ပါတယ်ရှင်။
📌 http://m.me/caremebots?ref=booking_parami 📌
ကျေးဇူးတင်ပါတယ်ရှင်။💜

Caremebot is primarily intended for making online booking to see the doctor with less waiting time.

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးပြီး မှန်ကန်မြန်ဆန်တဲ့ အဖြေလိုချင်လား 💬🩺ကျန်းမာရေးအတွက်ရောဂါရှာဖွေတဲ့အခါ တိကျသေချာတဲ့အဖြေအတွက်အ‌ထောက်...
27/03/2026

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးပြီး မှန်ကန်မြန်ဆန်တဲ့ အဖြေလိုချင်လား 💬🩺

ကျန်းမာရေးအတွက်ရောဂါရှာဖွေတဲ့အခါ တိကျသေချာတဲ့အဖြေအတွက်အ‌ထောက်အကူရရှိဖို့ဆရာဝန်များက 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးခိုင်းတက်ကြပါတယ်။

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးတဲ့နေရာမှာလည်း မှန်ကန်မြန်ဆန်စွာ အဖြေထုတ်ပေးနိုင်မှသာ သင့်‌‌လျော်တဲ့ကုသမှုနည်းလမ်းကို ခံယူနိုင်မှာပါ။

🩺 ပါရမီအထွေထွေရောဂါကုဆေးရုံမှာတော့ ကျွမ်းကျင်ပညာရှင်များက နောက်ဆုံးပေါ် ခေတ်မီစက်များနဲ့ 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးပြီး အဖြေရှာပေးနေတာပဲဖြစ်ပါတယ်။

ကလေးငယ်အတွက်ပဲဖြစ်ဖြစ်၊ လူကြီးအတွက်ပဲဖြစ်ဖြစ် ပါရမီအထွေထွေရောဂါကုဆေးရုံမှ မှန်ကန်မြန်ဆန်တဲ့ရောဂါရှာဖွေမှုလုပ်ပေးမှာမို့ လိုအပ်တဲ့အခါ အရောက်လှမ်းလာခဲ့ပါနော်။

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 နဲ့ ပတ်သက်ပြီးသိချင်တာရှိရင်လည်း ကောမန့်မှာ‌မေးခဲ့လို့ရပါတယ်ရှင်။

#ပါရမီအထွေထွေရောဂါကုဆေးရုံ

  🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပါရမီအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်  ✨လစ်လပ်✨ ရာထူးနေရာများအတွက် အမြ...
26/03/2026



🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပါရမီအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ✨လစ်လပ်✨ ရာထူးနေရာများအတွက် အမြန်ခေါ်ယူလိုပါသည်။

🎁 အကျိုးခံစားခွင့်များ🎁
𝐊𝐏𝐈 𝐈𝐧𝐜𝐞𝐧𝐭𝐢𝐯𝐞 (လစဉ်အခြေခံလစာ၏ ၂၀% အထိ)
နှစ်စဥ် 𝐁𝐨𝐧𝐮𝐬
𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
𝐅𝐞𝐫𝐫𝐲 & 𝐀𝐜𝐜𝐨𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
✅ 𝐄𝐦𝐚𝐢𝐥- 𝐡𝐫𝐝𝐞𝐩𝐭@𝐩𝐚𝐫𝐚𝐦𝐢𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥.𝐜𝐨𝐦 သို့လည်းကောင်း၊
𝐕𝐢𝐛𝐞𝐫 𝐍𝐨. 𝟎𝟗-𝟗𝟒𝟗𝟐𝟐𝟎𝟒𝟔𝟔 သို့လည်းကောင်း 𝐂𝐕 𝐟𝐨𝐫𝐦 များပို့၍ လျှောက်ထားနိုင်ပါသည်။
✅ လူကိုယ်တိုင်လည်းလာရောက်လျှောက်ထားနိုင်ပါသည်။

ရုံးလိပ်စာ-
𝐍𝐨 𝟏𝟗 (𝐀)၊ ဦးဘဟန်လမ်းသွယ် ၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ လိပ်စာဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

💜 လူနာများအတွက် ပိုမိုကောင်းမွန်သော 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 ဝန်ဆောင်မှုများပေးနိုင်ရန် ပါရမီအထွေထွေရောဂါကုဆေးရုံမှ သင့်ကို ​ရှာ​ဖွေနေပါတယ် 💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ

နွေရာသီရဲ့ အပူဒဏ် အန္တရာယ်ကာကွယ်ကြမယ် ☀️နွေရာသီရဲ့ အပူဒဏ်ကြောင့် 🔥 အပူရှပ်ခြင်း၊ 🤒 ဖျားနာခြင်း၊ 🧠 ဦးနှောက်သွေးကြောပျက်တက...
25/03/2026

နွေရာသီရဲ့ အပူဒဏ် အန္တရာယ်ကာကွယ်ကြမယ် ☀️

နွေရာသီရဲ့ အပူဒဏ်ကြောင့် 🔥 အပူရှပ်ခြင်း၊ 🤒 ဖျားနာခြင်း၊ 🧠 ဦးနှောက်သွေးကြောပျက်တက်တာတို့အပြင် 💧 ရေဓာတ်ခန်းခြောက်ခြင်းတို့ကိုလည်း ကြုံတွေ့ရတက်ပါတယ်။ 😨

ဒီလိုပြဿနာတွေမကြုံတွေ့ရလေအောင် 🙅‍♂️ ပါရမီအထွေထွေရောဂါကုဆေးရုံမှ 🏥 အပူဒဏ်နဲ့ပတ်သက်ပြီးဆောင်ရန်၊ ရှောင်ရန်တွေနဲ့ သတိပြုစရာတွေကိုဝေမျှပေးလိုက်ပါတယ် 🤗📢

အပူချိန်များတဲ့နွေရာသီမှာ 🌡️ မျှဝေပေးထားတဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို အတတ်နိုင်ဆုံး လိုက်နာကြဖို့ 📝 ပါရမီအထွေထွေရောဂါကုဆေးရုံမှ အကြံပြုရင်း 💙 နွေရာသီရဲ့ အပူဒဏ်အန္တရာယ်ကို ကာကွယ်လိုက်ကြရအောင် 🥰💪



ကျန်းမာရေးအသိရှိခြင်းဖြင့် 𝐓𝐁 ရောဂါကို ပျောက်ကွယ်အောင်ကြိုးစားကြပါစို့ 🩺🫁ယနေ့မတ်လ (၂၄) ရက်နေ့ဟာ 𝐓𝐁 ရောဂါကိုသတိပြုကာကွယ်က...
24/03/2026

ကျန်းမာရေးအသိရှိခြင်းဖြင့် 𝐓𝐁 ရောဂါကို ပျောက်ကွယ်အောင်ကြိုးစားကြပါစို့ 🩺🫁

ယနေ့မတ်လ (၂၄) ရက်နေ့ဟာ 𝐓𝐁 ရောဂါကိုသတိပြုကာကွယ်ကြရန်နှင့် ရောဂါရှိသူများကို စာနာ နားလည်စွာနဲ့ မေတ္တာမျှဝေဖို့ တစ်ကမ္ဘာလုံးကို နှိုးဆော်တဲ့ " 𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲 " ဖြစ်ပါတယ်။

𝐓𝐁 ရောဂါဟာ လေမှတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်လို့ ကိုယ်တိုင်ကျန်းမာအောင်နေရုံနဲ့
မလုံလောက်ဘဲ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကျန်းမာအောင်ကာကွယ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ရောဂါလက္ခဏာတွေကိုစောစီးစွာသိရှိပြီး သေချာကုသမှုခံယူရင် ပျောက်ကင်းနိုင်တာကြောင့်

▪️ နှစ်ပတ်ထက်ပို၍ချောင်းဆိုးခြင်း

▪️ ညဘက်ချွေးထွက်ခြင်း

▪️ ကိုယ်အလေးချိန်လျော့နည်းခြင်း

▪️ ဖျားခြင်း၊နုံးခွေခြင်း အစရှိတဲ့လက္ခဏာများဖြစ်လာပါက နီးစပ်ရာကျန်းမာရေးကျွမ်းကျင်သူထံပြသကာ အမြန်ဆုံးဆေးကုသမှုခံယူသင့်ပါတယ်။

📌 ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍အရေးပါတာကြောင့် ကိုယ်ခံအားကောင်းအောင် အစာအာဟာရကို မျှတစွာစားပါ၊အိပ်ရေးဝအောင်အိပ်စက်ပါ၊ နှာချေချောင်းဆိုးတဲ့အခါလက်ကိုင်ပဝါ၊ တံတောင်ဖြင့်အုပ်ပါ။

မိမိကိုယ်တိုင်သာမက မိသားစုဝင်များပါမကျန် "ကျန်းမာပျော်ရွှင် တီဘီရောဂါကင်းစင်" ဖို့ ဆိုတာဟာ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးအသိပညာဖြင့် ပူးပေါင်းပါဝင်မှုသည် အရေးပါဆုံးဖြစ်ကြောင်း 🩺ပါရမီအထွေထွေရောဂါကုဆေးရုံ 💜 မှ မျှဝေနှိုးဆော်လိုက်ရပါတယ်။

✨ 𝐘𝐞𝐬! 𝐖𝐞 𝐂𝐚𝐧 𝐄𝐧𝐝 𝐓𝐁! 𝐋𝐞𝐝 𝐛𝐲 𝐜𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬, 𝐩𝐨𝐰𝐞𝐫𝐞𝐝 𝐛𝐲 𝐩𝐞𝐨𝐩𝐥𝐞"✨

#ပါရမီအထွေထွေရောဂါကုဆေးရုံ

🎉 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐌𝐚𝐫𝐜𝐡 𝐁𝐨𝐫𝐧𝐬 🎉 🎂ပါရမီအထွေထွေရောဂါကုဆေးရုံမှာ လစဉ်ကျင်းပပေးနေကြမွေးနေ့ပွဲဖြစ်တဲ့  မတ်လအတွင်း‌မွ...
22/03/2026

🎉 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐌𝐚𝐫𝐜𝐡 𝐁𝐨𝐫𝐧𝐬 🎉 🎂

ပါရမီအထွေထွေရောဂါကုဆေးရုံမှာ လစဉ်ကျင်းပပေးနေကြမွေးနေ့ပွဲဖြစ်တဲ့ မတ်လအတွင်း‌မွေးဖွားခဲ့သောဝန်ထမ်းများအတွက်ပျော်ရွှင်စရာကောင်းသောမွေးနေ့အခိုက်အတန့်လေးများကို 𝟐𝟎.𝟑.𝟐𝟎𝟐𝟔 နေ့က ပါရမီအထွေထွေရောဂါကုဆေးရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဌာနအသီးသီးမှဝန်ထမ်းများဖြင့် မွေးနေ့ပွဲကိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး မွေးနေ့ပွဲရဲ့ ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင် ..........💜💜

မတ်လမှာ မွေးဖွားသော မွေးနေ့ရှင်လေးများအားလုံး 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 ပါ……

🎉 မတ်လမှာ မွေးဖွားသူများအားလုံး မွေးနေ့မှစ၍ နောက်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်မှုများစွာဖြင့် ပြည့်စုံပါစေ…..🎉

💜 ချစ်ခြင်းမေတ္တာများနှင့် ပြည့်စုံ၍ ဘဝပန်းတိုင်များအောင်မြင်စွာရောက်ရှိနိုင်ပါစေ လို့ပါရမီအထွေထွေရောဂါကုဆေးရုံမိသားစုများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်…..

#ပါရမီအထွေထွေရောဂါကုဆေးရုံ


22/03/2026

👨‍⚕️ ပါမောက္ခ ဆရာကြီး ဦးစောဝင်း 👨‍⚕️ ၏ "ဆွေးနွေးကြမည် ကလေးတီဘီ "

𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 အပိုင်း (၃)

🩺 ကလေးတီဘီရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် သိထားသင့်တဲ့ အချက်အလက်တွေကို ပါရမီအထွေထွေရောဂါကုဆေးရုံမှ လေးစားရတဲ့ ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ
ဦးစောဝင်းက “ဆွေးနွေးကြမည် ကလေးတီဘီ” ခေါင်းစဉ်အောက်ဖြင့် မိဘပြည်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ ကြိုတင်ကာကွယ်နည်းတွေ၊ တီဘီစစ်ဆေးနည်းတွေ၊ ကုသနည်းတွေကို နားလည်လွယ်အောင် အချိန်ပေးပြီး ရှင်းပြထားတဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 အပိုင်း (၃) ကို တင်ဆက်ပေးလိုက်ပါတယ် ...........

👶 မိဘများအနေနဲ့လည်း ကလေးတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်နိုင်ဖို့၊ တီဘီရောဂါကို အစောပိုင်းမှာတင် သိရှိပြီးကာကွယ်ကုသနိုင်ဖို့ ဒီအစီအစဉ်က အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင် .... 🩺




#𝐇𝐞𝐚𝐥𝐭𝐡𝐓𝐚𝐥𝐤𝐒𝐡𝐨𝐰

🕌 အစ္စလာမ်ဘာသာဝင်များအားလုံး 𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤  ပါ 🌙မိဘပြည်သူများအပေါင်း 𝐄𝐢𝐝 အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အလု...
21/03/2026

🕌 အစ္စလာမ်ဘာသာဝင်များအားလုံး 𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤 ပါ 🌙

မိဘပြည်သူများအပေါင်း 𝐄𝐢𝐝 အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်နှင့်ဘဝမှာ တိုးတက်အောင်မြင်ပါစေ ကြောင်း 𝐏𝐚𝐫𝐚𝐦𝐢 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ် .....


💜 အထီးကျန်ခြင်းမှ အတူကာကွယ်ပေးကြရအောင် 💜📅 ယနေ့မတ်လ (၂၁) ရက်နေ့ဟာ (ဒေါင်းစင်ဒရုန်း) ရောဂါခံစားနေရသူများကို စာနာမှုနဲ့ လေး...
20/03/2026

💜 အထီးကျန်ခြင်းမှ အတူကာကွယ်ပေးကြရအောင် 💜

📅 ယနေ့မတ်လ (၂၁) ရက်နေ့ဟာ (ဒေါင်းစင်ဒရုန်း) ရောဂါခံစားနေရသူများကို စာနာမှုနဲ့ လေးစားစွာပြောဆိုဆက်ဆံဖို့ တစ်ကမ္ဘာလုံးကို အသိပညာပေးနှိုးဆော်တဲ့ " 𝐖𝐨𝐫𝐥𝐝 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 𝐃𝐚𝐲 " 🌍 ဖြစ်ပါတယ်။

👶 ကမ္ဘာတစ်ဝန်းမှာရှိတဲ့ (ဒေါင်းစင်ဒရုန်း) ဝေဒနာရှင် တစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင်အရည်အချင်း 💡၊ ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ 🎯 နဲ့ အကောင်းဆုံးနေထိုင်လိုတဲ့ စိတ်ဆန္ဒတွေ ❤️ ရှိကြပါတယ်။

🌟 သူတို့ရဲ့ ရည်မှန်းချက်တွေဖြစ်မြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို နယ်ပယ်အသီးသီးမှ ကမ္ဘာကျော် (ဒေါင်းစင်ဒရုန်း) ဝေဒနာရှင်များက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

🤝 ဒါကြောင့် သူတို့ကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ စာနာနားလည်စွာ ဖေးမကူညီပေးပါ။အရည်အချင်းတိုင်းကို အသိအမှတ်ပြုပြီး တိုးတက်တဲ့ ဘဝနေထိုင်မှုရအောင် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကူညီရင်း 🌍
အထီးကျန်နေတဲ့ (ဒေါင်းစင်ဒရုန်း) ဝေဒနာရှင်များကို နှလုံးသားထဲက ချစ်ခြင်းတရားနဲ့ နွေးထွေးစွာ ပွေ့ဖက်ကာကွယ်ကြဖို့ 🩺💜 ပါရမီအထွေထွေရောဂါကုဆေးရုံမှ ဆန္ဒပြုတိုက်တွန်းအပ်ပါတယ်။

✨ "Together Against Loneliness" ✨

🌍
#ပါရမီအထွေထွေရောဂါကုဆေးရုံ 🏥

ပါရမီအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမဲ့ ဝန်ထမ်းအသစ်များကြိုဆိုမိတ်ဆက်တဲ့ 𝐎𝐧𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို မတ်လ ၁၈ ရက်နေ့...
20/03/2026

ပါရမီအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမဲ့ ဝန်ထမ်းအသစ်များကြိုဆိုမိတ်ဆက်တဲ့ 𝐎𝐧𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို မတ်လ ၁၈ ရက်နေ့ က ဆေးရုံ၏ 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐢𝐮𝐦 ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

𝐎𝐧𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွင်တက်ရောက်ခဲ့ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းအသစ်များရဲ့ ပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင် ...



Address

No60 G(1) Parami Road, Mayangone Township
Yangon
11062

Alerts

Be the first to know and let us send you an email when Parami Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Parami Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Since, 2010, Royal Parami Life Sciences Co., Ltd has laid down plans to be a center of medical excellence by embracing a strong commitment to continuously improved quality service and patient safety.

Nation's First Private Children Hospital in Myanmar, with leading Paediatricians and Health Care Providers, in order to thrive as "One of a Leading First Private Children Hospitals in Myanmar". In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.