Parami Hospital

Parami Hospital Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

ပါရမီအထွေထွေရောဂါကု ဆေးရုံတွင် ကျန်းမာရေးဝန်ဆောင်မှုများကို အများပြည်သူများအတွက် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ ဝန်ဆောင်မှုပ...
02/10/2025

ပါရမီအထွေထွေရောဂါကု ဆေးရုံတွင် ကျန်းမာရေးဝန်ဆောင်မှုများကို အများပြည်သူများအတွက် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ပါရမီအထွေထွေရောဂါကုဆေးရုံတွင်နှလုံးနှင့်ဆိုင်‌သောရောဂါများ၊ အရိုးအကြောဆိုင်ရာရောဂါများ၊သွေးရောဂါများနှင့် ကလေးအထူးကုများကို ဖော်ပြပါဆရာဝန်များဖြင့် ပြသနိုင်ပါပြီ ...
ဆရာဝန်များနှင့်ပတ်သက်ပြီး 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်ရန်နှင့် အထွေထွေမေးမြန်းစုံစမ်းမှုများ ပြုလုပ်နိုင်ပါတယ် ..ဆရာဝန်အချိန်များ အနည်းအငယ်အပြောင်းအလဲရှိနိုင်တာကြောင့် 𝐁𝐨𝐨𝐤𝐢𝐧𝐠 ကြိုယူဖို့လိုပါမယ်ရှင် ...

☎️ 95 9 774 555566
လိပ်စာ - ပါရမီအထွေထွေ‌ရောဂါကုဆေးရုံ၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (ချော်တွင်းကုန်းမှတ်တိုင်အနီး)။

#ပါရမီအထွေထွေရောဂါကုဆေးရုံ


#ကလေးအထူးကု
#နှလုံးအထူးကု
#သွေးရောဂါအထူးကု

#၂၄နာရီပတ်လုံး
#𝐁𝐨𝐨𝐤𝐢𝐧𝐠
#ကျန်းမာရေးဝန်ဆောင်မှု

01/10/2025

📍မှတ်ဉာဏ်လျော့ပါးခြင်း( Dementia) အကြောင်း သိကောင်းစရာ အပိုင်း (၁)📍

🏥ပါရမီအထွေထွေရောဂါကု ဆေးရုံတွင်ကျင်းပပြုလုပ်ခဲ့သောပွဲ အစီအစဉ်မှာဆရာမကြီး‌‌ေဒါ်စိမ်းမြမြ‌ေအးနှင့် ဆရာဦးဝင်းမြင့်ထွန်းတို့ဆွေး‌နွေးပေးခဲ့သည့် အဖြစ်များလာသော မှတ်ဉာဏ်လျော့ပါးလာသောရောဂါ အကြောင်း ဗွီဒီယိုလေးကို တင်ဆက်လိုက်ရပါတယ်။
🏥ပါရမီအထွေထွေရောဂါကုဆေးရုံမှ ရရှိနိုင်သော Services များနှင့် activities များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရန်
Viber
Join ⁨Parami General Hospital⁩ https://invite.viber.com/.. on Viber

YouTube
www.youtube.com/

Website
https://paramihospital.com/?page_id=5669&lang=en

Telegram
https://t.me/paramigeneralhospital

LinkedIn
linkedin.com/company/parami-generalhospital






#ဒေါက်တာစိမ်းမြမြအေး
#ဦးဝင်းမြင့်ထွန်း
#မှတ်ဉာဏ်လျော့ပါးလာသောရောဂါအကြောင်း အပိုင်း(၁)
#ပါရမီ‌အထွေထွေရောဂါကုဆေးရုံ

🎉𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐃𝐚𝐲 🎉 စက်တင်ဘာ ၂၅ ရက်နေ့တွင်ကျရောက်သော "ကမ္ဘာ့ဆေးဝါးပညာရှင်နေ့" 𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐃𝐚𝐲 " အထိမ်းအမှတ်အဖြစ...
01/10/2025

🎉𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐃𝐚𝐲 🎉
စက်တင်ဘာ ၂၅ ရက်နေ့တွင်ကျရောက်သော "ကမ္ဘာ့ဆေးဝါးပညာရှင်နေ့
" 𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐃𝐚𝐲 " အထိမ်းအမှတ်အဖြစ် ပါရမီအထွေထွေရောဂါကုဆေးရုံတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်...
လူနာများ၏ ကျန်းမာရေးလိုအပ်ချက်များဖြစ်သော ဆေးဝါးများနှင့်ပတ်သက်၍ ကဏ္ဍအသီးသီးမှ ဝန်ဆောင်မှုပေးနေတဲ့ 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬 များအား အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ပါရမီဆေးရုံမှအမှတ်တရလက်ဆောင်ပစ္စည်းပေးခြင်း၊ အမှတ်တရကိတ်ခွဲခြင်း၊ 𝐆𝐫𝐨𝐮𝐩 𝐏𝐡𝐨𝐭𝐨 ရိုက်ကူးခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့ကြပုံများကို မှတ်တမ်းပုံရိပ်များဖြင့် မျှဝေပေးလိုက်ပါတယ် .....

#ပါရမီအထွေအထွရောဂါကုဆေးရုံ


#𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬

𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟖 𝟐𝟎𝟐𝟓 🗓️📢 𝐂𝐏𝐃 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐍𝐔𝐑𝐒𝐈𝐍𝐆 𝐌𝐀𝐍𝐀𝐆𝐄𝐌𝐄𝐍𝐓 𝐎𝐅 𝐏𝐑𝐄𝐒𝐒𝐔𝐑𝐄 𝐒𝐎𝐑𝐄/ 𝐖𝐎𝐔𝐍𝐃 📢💜 𝐂𝐏𝐃 𝐩𝐫𝐨𝐯𝐢𝐝𝐞𝐫 𝐃𝐚𝐰 𝐌𝐚𝐰 𝐌𝐚𝐰 𝐓𝐡𝐚𝐧 💜၇ ကြိမ်မြော...
30/09/2025

𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟖 𝟐𝟎𝟐𝟓 🗓️
📢 𝐂𝐏𝐃 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠
𝐍𝐔𝐑𝐒𝐈𝐍𝐆 𝐌𝐀𝐍𝐀𝐆𝐄𝐌𝐄𝐍𝐓 𝐎𝐅 𝐏𝐑𝐄𝐒𝐒𝐔𝐑𝐄 𝐒𝐎𝐑𝐄/ 𝐖𝐎𝐔𝐍𝐃 📢

💜 𝐂𝐏𝐃 𝐩𝐫𝐨𝐯𝐢𝐝𝐞𝐫
𝐃𝐚𝐰 𝐌𝐚𝐰 𝐌𝐚𝐰 𝐓𝐡𝐚𝐧 💜
၇ ကြိမ်မြောက် (𝐂𝐏𝐃 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 )
📣၂၀၂၅ အောက်တိုဘာလ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ 📣
📣 မနက် (၈:၃၀ မှ ၁၀:၃၀) နာရီ အထိ 📣
𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐨𝐟 𝐏𝐑𝐄𝐒𝐒𝐔𝐑𝐄 𝐒𝐎𝐑𝐄/ 𝐖𝐎𝐔𝐍𝐆 𝐓𝐎𝐏𝐈𝐂 ကို သင်ကြားပေးသွားမှာ
ဖြစ်ပါတယ်ရှင် ....

(၁ . ၁၂ . ၂၀၂၅) မှ (၃၀ . ၁၁ . ၂၀၂၆) အတွင်း သူနာပြုလိုင်စင်သက်တမ်းတိုးရန် (𝐂𝐏𝐃 𝐩𝐨𝐢𝐧𝐭 𝟔 𝐩𝐨𝐢𝐧𝐭𝐬) လိုအပ်သူများ တက်ရောက်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ် ..... သက်တမ်းတိုးမဲ့သူများအနေဖြင့် သက်တမ်းတိုးမဲ့ရက်ထက် ( ၃ ) လ ကြိုတင်ပြီး သူနာပြုနှင့် သားဖွားကောင်စီရုံးသို့ လိုအပ်သောစာရွက်စာတမ်းများဖြင့် လျှောက်ထားပေးရမှာဖြစ်ပါတယ် ......

စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် ( ၂၂ . ၉. ၂၀၂၅) မှစ၍ ( ၃. ၁၀. ၂၀၂၅) အတွင်း ရုံးဖွင့်ရက်များတွင် ရုံးချိန်မနက်(၁၀ )နာရီနောက်ဆုံးထားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ် ....

📌လူဉီးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီ။ 📌
📌 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐞𝐞𝐬 - 𝟏𝟎,𝟎𝟎𝟎 𝐌𝐌𝐊
📌 𝐒𝐄𝐀𝐓𝐈𝐍𝐆 𝐂𝐀𝐏𝐀𝐂𝐈𝐓𝐘 - 𝟑𝟎 𝐒𝐄𝐀𝐓𝐒
📌 𝐋𝐎𝐂𝐀𝐓𝐈𝐎𝐍 - ပါရမီအထွေထွေဆေးရုံ၊ ချော်တွင်းကုန်းမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်
📌 𝐅𝐋𝐎𝐎𝐑 - 𝟏𝟐𝐭𝐡
📌 𝐑𝐎𝐎𝐌 -𝐀𝐔𝐃𝐈𝐓𝐎𝐑𝐈𝐔𝐌 𝐑𝐎𝐎𝐌
💜ဆက်သွယ်ရန်ဖုန်းနံပါတ်
ဒေါ်မော်မော်သန်း ၀၉၉၇၅၆၆၅၃၀၂ 💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ






မပေါ့ဆသင့်ပါ ခွေးရူးပြန်ရောဂါ ပါရမီနဲ့အတူ မှတ်သားလေ့လာ 🩺💜ခွေးရူးပြန်ရောဂါဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ရောဂါတစ်ခုဆိုပေမဲ့ လ...
28/09/2025

မပေါ့ဆသင့်ပါ ခွေးရူးပြန်ရောဂါ ပါရမီနဲ့အတူ မှတ်သားလေ့လာ 🩺💜

ခွေးရူးပြန်ရောဂါဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ရောဂါတစ်ခုဆိုပေမဲ့ လူတိုင်းသတိမပြု ပေါ့ဆစွာနေထိုင်ကြတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

ခွေးရူးပြန်ရောဂါဆိုတာ Rhabdoviridae ( ရပ်ဘဒိုဗီရီဒေး) ဆိုတဲ့ဗိုင်းရပ်စ်ကြောင့် ခွေး၊ကြောင် တွေမှာ ဖြစ်လာရတာပဲဖြစ်ပါတယ်။ ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်ရဲ့ သားရည်က လူ့ကိုယ့်ခန္ဓာထဲကို ရောက်တဲ့အခါ လူမှာပါ ခွေးရူးပြန်ရောဂါ ဖြစ်သွားရတာဖြစ်ပါတယ်။

ခွေးရူးပြန်ရောဂါဟာ အစောပိုင်းမှာလက္ခဏာမပြတတ်ဘဲ ကူးစက်ခံရပြီး ရက် (၃၀ မှ ၆၅ ရက်) ၊ တချို့အခြေအနေတွေမှာ နှစ်ပေါင်းများစွာကြာပြီးမှ

📍 ခေါင်းကိုက်မူးဝေခြင်း

📍အကိုက်ခံရတဲ့နေရာကထုံခြင်း၊နာခြင်း

📍ဂယောင်ခြောက်ခြားဖြစ်ခြင်း

📍ကြွက်တက်ခြင်း၊အကြောရပ်ဆိုင်းခြင်း

📍ရေကြောက်ခြင်း

📍တုပ်ကွေးနဲ့ဆင်တူစွာဖျားခြင်း

အစရှိတဲ့လက္ခဏာတွေကို အဆင့်ဆင့်ခံစားလာရမှာပဲဖြစ်ပါတယ်။

လက္ခဏာအကုန်ပြပြီး (၄ ရက်မှ ၇ ရက်) အတွင်း တက်ခြင်း၊သတိမေ့ခြင်း မှတဆင့် အသက်ဆုံးရှုံးခြင်းအထိပါ ဖြစ်လာနိုင်ပါတယ်။

ခွေးရူးပြန်ရောဂါဟာ တွေးထားတာထက်တောင် ပိုစိုးရိမ်စရာကောင်းတဲ့ ရောဂါဖြစ်တာမို့

📌ခွေး၊ကြောင်စသောတိရစ္ဆာန် သွားများနှင့်ထိမိခြင်း

📌ကိုယ့်ရဲ့အနာကို ခွေး၊ကြောင်က လျှာဖြင့်လျက်ခြင်း

📌တိရစ္ဆာန်ရဲ့ သားရည်ကို လုံးဝမထိမိအောင် နေထိုင်ခြင်း တို့နဲ့ကာကွယ်ထားသင့်ပါတယ်။

တကယ်လို့အမှတ်မထင် ထိမိခဲ့မယ်ဆိုရင်လည်း

🧷ဒဏ်ရာကိုဆပ်ပြာ၊ရေသန့်သန့်နဲ့ စင်ကြယ်စွာဆေးကြောပါ

🧷တိရစ္ဆာန်မှာ ခွေးရူးပြန်ရောဂါရှိမရှိ စစ်ဆေးပါ

🧷ဒဏ်ရာကိုဆရာဝန်နဲ့ပြသကာ ဆွေးနွေးတိုင်ပင်ပါ။

ခွေးရူးရောဂါကာကွယ်ဆေးဟာလည်း ဒဏ်ရာနားကိုထိုးနှံရတဲ့‌ဆေးနဲ့ လက်မောင်းနေရာကို (၄ ကြိမ်မှ ၅ကြိမ် )ရက်ခြားပြီးထိုးနှံရတာ‌ဆိုပြီး နှစ်မျိုး အပြင် အခြေအနေပေါ်မူတည်ပြီး ကွဲပြားတဲ့ပုံစံတွေလည်းရှိတတ်ကြပါတယ်။

❗️လူတိုင်းလုံးဝပေါ့ဆလို့မရတဲ့အချက်ကတော့ ဒီရောဂါဟာ ကာကွယ်ဖို့သာရှိပြီး ကုသနိုင်တဲ့ဆေးမရှိဘူးဆိုတာပါပဲ❗️

တိရစ္ဆာန်လေးတွေဟာလည်း အချစ်ခံရဖို့ထိုက်တန်တဲ့ ကလေးတွေဆိုပေမဲ့ သူတို့ရဲ့သွား၊သားရည်နဲ့ထိမိတဲ့အခါ လူသားတွေမှာ အသက်ပါဆုံးရှုံးနိုင်တယ်ဆိုတာကိုတော့မေ့လို့မဖြစ်တာမို့ အသိညဏ်ရှိတဲ့ လူသားတွေက မပေါ့ဆဘဲ သတိပြုမှဖြစ်ပါလိမ့်မယ်။

ဒီနေ့ဟာ ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်ရေးနေ့ဖြစ်တဲ့အပြင် လတ်တလောမှာလည်း ရောဂါဖြစ်ပွားနေတဲ့ဖြစ်ရပ်တွေရှိနေတာမို့ သတိပြုမှတ်သားလေ့လာနိုင်ဖို့✨ ပါရမီအထွေထွေရောဂါကုဆေးရုံ✨မှ အသိပညာပေးမျှဝေလိုက်ပါတယ်ရှင်။

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လည်းမမေ့ပါနဲ့ ချစ်လည်းချစ်ပါ ၊ ကိုယ်တိုင်အတွက်လည်း ကာကွယ်ပါ။ 💜🩺

World Rabies Day ( September28)

✨Act Now You,Me,Community "



#‌ခွေးပြန်ရောဂါ
#ပါရမီအထွေထွေရောဂါကုဆေးရုံ

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။✅ကျောက်ကပ်ရောင်ရမ်းတာ ဒါမှမ...
26/09/2025

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။✅

ကျောက်ကပ်ရောင်ရမ်းတာ ဒါမှမဟုတ် ဆီးချို၊သွေးချို ရောဂါကြောင့် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေချို့ယွင်းပျက်စီးခြင်းကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကျောက်ကပ် အစားထိုးခြင်းဖြစ်ပါတယ်။ 💁‍♂️

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်အစားထိုးခြင်းကို မလုပ်နိုင်သေးတဲ့ အချိန်မှာ လူနာအများစုရွေးချယ်ကြတာက ကျောက်ကပ်အတုအသုံးပြုပြီး စက်နှင့်သွေးသန့်စင်ပေးခြင်းပဲဖြစ်ပါတယ်🤗

ပါရမီအထွေထွေရောဂါကု ဆေးရုံကြီးရဲ့ ကျောက်ကပ်သန့်စင်ခြင်းဌာနဟာဆိုရင် ဂျပန်နိုင်ငံမှ Green Hospital Supply နှင့်ပူးပေါင်းပြီး
- ဂျပန်နိုင်ငံက တင်သွင်းတဲ့ Nipro Surdial 55 Dialysis Machine
- နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့ MOR-D Compact Reverse Osmosis System
- ရာနှုန်းပြည့် ပိုးမွှားသန့်စင်ပေးနိုင်တဲ့ Medical Grade R.O water ရေသန့်စင်စက် စတဲ့နည်းပညာမြင့် စက်ကိရိယာများကိုအသုံးပြုပြီး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်📢🥳

ပါရမီ​အထွေထွေရောဂါကုဆေးရုံကြီးမှ ရရှိနိုင်သော Services များနှင့် activities များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရန် ပါရမီဆေးရုံကြီး၏ အခြား social media channels များဖြစ်သော Viber , YouTube , Website , Telegram နှင့် LinkedIn channels များတွင် like and subscribe လုပ်ထားနိိုင်ပါသည် ။

Viber
Join ⁨Parami General Hospital⁩ https://invite.viber.com/... on Viber

YouTube
www.youtube.com/

Website
https://paramihospital.com/?page_id=5669&lang=en

Telegram
https://t.me/paramigeneralhospital

LinkedIn
linkedin.com/company/parami-generalhospital




💊 🌍World Pharmacist Day🧑‍⚕️💊2025ခုနှစ်ဒီနှစ်အတွက် World Pharmacist Day ရဲ့ Theme လေးကတော့ “Think Health, Think Pharmacis...
25/09/2025

💊 🌍World Pharmacist Day🧑‍⚕️💊
2025ခုနှစ်ဒီနှစ်အတွက် World Pharmacist Day ရဲ့ Theme လေးကတော့ “Think Health, Think Pharmacist"ပဲဖြစ်ပါတယ်။🤗
ခေတ်နဲ့အညီတိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ World Pharmacist Dayကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကြပါတယ်။😍

ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိတဲ့ ကမ္ဘာတစ်ဝှမ်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များနဲ့အတူ ပါရမီအထွေထွေရောဂါကုဆေးရုံမှာ တာဝန်ထမ်းဆောင်လျက်ရှိကြတဲ့ Pharmacist များကိုဂုဏ်ပြုသောအားဖြင့် World Pharmacist Day ကို လှိုက်လှဲစွာကြိုဆိုလိုက်ရပါတယ်။👏💜



🧒🏻ကလေးများအတွက် စိတ်အချရဆုံးSpecial Package  for Children!👩🏻ကလေးများအတွ​က်ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်ပြီး သွားနှင့်ခံတွ...
24/09/2025

🧒🏻ကလေးများအတွက် စိတ်အချရဆုံး
Special Package for Children!👩🏻
ကလေးများအတွ​က်ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်ပြီး သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း လက်ဆောင်ရယူနိုင်ပါပြီ။🎁

ဘာကြောင့်ကလေးများကိုကျန်းမာရေးစစ်ဆေးသင့်သလဲဆိုတာပြောပြပါရစေနော်။

✅ကလေးဟာ တစ်ရှောင်ရှောင်နဲ့ဖျားနေမယ်၊ ဝိတ်မတက်ခြင်း၊ အဝလွန်ခြင်း၊ မွေးရာပါသွေးအားနည်းရောဂါဖြစ်ခြင်း ၊ မျက်စိအားမကောင်းခြင်း၊ စသည်တို့ကို စစ်ဆေးမှုမလုပ်ပဲမသိနိုင်ပါဘူးနော်။

✅ရာသီအကူးအပြောင်းအလဲ၌ကလေးများတွင်ပုံမှန်ဖြစ်လေ့ရှိသောရောဂါများ၊ ပိုးများမဖြစ်အောင်ကြိုတင်ကာကွယ်ရန်အနေဖြင့် စစ်ဆေးခြင်းပြုလုပ်ရန်သင့်လျော်ပါတယ်။

✅ကြိုတင်စစ်ဆေးမှုလုပ်ခြင်းအားဖြင့် အနာသိမှဆေးသိဆိုသလို လိုအပ်သော ပိုးသတ်ဆေးပေးခြင်းဖြစ်စေပါသည်။ ပိုးသတ်ဆေးများမလိုအပ်ပဲပေးပါက ကလေးအတွက် ဆေးကို Immune ဖြစ်သွားစေပြီး၊ ဆေးမတိုးခြင်းများဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ရဲ့တန်ဖိုးရှိလှတဲ့ကလေးငယ်လေးများအတွက် ကျန်းမာရေးသွေးစစ်ဆေးမှု Program အနေဖြင့်
"Healthy Child Check Up" ကို Package ၂ မျိုး (Standard နှင့် Exclusive) ဆိုပြီးအထူးစျေးနှုန်းလေးတွေနဲ့ အတူ သားသားမီးမီးတို့ သွားကျန်းမာရေးစစ်ဆေးခြင်းကိုပါ မေတ္တာလက်ဆောင် အနေထည့်ပေးထားပါတယ်။
❤️မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့သားသား၊ မီးမီးလေးတို့ရဲ့ကျန်းမာရေးကိုစိတ်လည်းချ၊ ဈေးနှုန်းလည်းမှန်ကန်ပြီးကြိုတင်စစ်ဆေးထားခြင်းဖြင့်ကျန်းမာရေးစောင့်ရှောက်လိုက်ပါနော်. ❤

အသေးစိပ်အချက်အလက်များကိုထပ်မံသိရှိလိုပါက ပါရမီဆေးရုံကြီး၏
Hot Line ☎️ 09774555566 သို့ဆတ်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။




Child package
#ကလေးကျန်းမာရေး
#ပါရမီဆေးရုံ

🏥ပါရမီအထွေထွေရောဂါကုဆေးရုံ (တနင်္လာနေ့) တွင်ပြသနိုင်‌သော🧑‍⚕️ အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယား 🗓️ကိုဖော်ပြပေးလိုက်ပါတယ်ရှ...
22/09/2025

🏥ပါရမီအထွေထွေရောဂါကုဆေးရုံ (တနင်္လာနေ့) တွင်ပြသနိုင်‌သော🧑‍⚕️ အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယား 🗓️ကိုဖော်ပြပေးလိုက်ပါတယ်ရှင်💜💜
==============================
🧑‍⚕️အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားများမှာ အပြောင်းအလဲရှိနိုင်ပါသောကြောင့်
# ဖုန်း- 09774555566 ကိုဆက်သွယ်စုံစမ်းပြီး ကြိုတင်ရက်ချိန်း ရယူနိုင်ပါသည်။💜💜

#ပါရမီ‌အထွေထွေရောဂါကုဆေးရုံ






#တနင်္လာနေ့

World Alzheimer's Day  ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါနေ့ကမ္ဘာ့အယ်ဇိုင်းမားနေ့သည် နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်ဖြစ်ပါသည်။ အယ်လ်ဇိုင...
21/09/2025

World Alzheimer's Day
ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါနေ့
ကမ္ဘာ့အယ်ဇိုင်းမားနေ့သည် နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်ဖြစ်ပါသည်။ အယ်လ်ဇိုင်းမားရောဂါနှင့် တခြားသော မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါများနှင့် ပတ်သက်ပြီး သတိပြုမိစေရန် ကြိုးစားအားထုတ်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ အယ်လ်ဇိုင်းမားအပါအဝင် မှတ်ဉာဏ်ချို့ယွင်းရောဂါများ အကြောင်း ပွင့်လင်းစွာ ဆွေးနွေးပြီး ပိုမိုနားလည်မှုနှင့် ပံ့ပိုးမှုများ တည်ဆောက်နိုင်စေရန် ရည်ရွယ်ထားပါသည်။ အယ်လ်ဇိုင်းမားဆိုသည်မှာ အတွေးအခေါ်၊ မှတ်ဉာဏ် နှင့် ဆင်ခြင်နိုင်စွမ်း ချို့ယွင်းလာစေတဲ့ ဦးနှောက်နဲ့ ပတ်သက်သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။
အယ်လ်ဇိုင်းမားနှင့် မှတ်ဉာဏ်ချို့ယွင်းရောဂါ လက္ခဏာများမှာ
 ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း သိသိသာသာကျဆင်းခြင်း။
 ငွေကြေးစီမံခန့်ခွဲမှု လုံးဝမစွမ်းဆောင်နိုင်ခြင်း။
 ရက်စွဲ/နေရာကို လုံးဝမမှတ်မိနိုင်ခြင်း။
 တစ်ခါတရံ စကားပြောဆိုမှုဆိုင်ရာ ပြဿနာများ။
 ပစ္စည်းများပျောက်ပါက ရှာဖွေရန် နည်းလမ်းကို ပြန်လည်စဉ်းစား၍မရခြင်း။ စသည်တို့ဖြစ်ပါသည်။
အယ်လ်ဇိုင်းမားနှင့် မှတ်ဉာဏ်ချို့ယွင်းရောဂါ လက္ခဏာများသည်
အသက်အရွယ်အကြောင့် ဖြစ်သည့် ပုံမှန်ပြောင်းလဲမှုလက္ခဏာများနှင့်ဆင်တူပါသည်။ အသက်အရွယ်ကြောင့်ဖြစ်သည့်ပုံမှန်ပြောင်းလဲမှုများတွင် တခဏအတွင်းပြန်လည်မှတ်မိလေ့ရှိပါသည်။
နေ့စဉ်ဘဝမှာ မှတ်ဉာဏ်များ ဆုံးရှုံးလာရခြင်းက အယ်လ်ဇိုင်းမား (သို့မဟုတ်) တခြားမှတ်ဉာဏ်ချို့ယွင်း သောရောဂါများ၏လက္ခဏာတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အယ်လ်ဇိုင်းမားရောဂါကို စောစီးစွာသိရှိကုသပါက ရောဂါအခြေအနေဆိုးရွားမှုများကို လျှော့ချပေးနိုင်ပါသည်။ မှတ်ဉာဏ်ချို့ယွင်းမှု လက္ခဏာများ ဖြစ်ပေါ်လာပါက သေချာစွာ စစ်ဆေးပြီး ဦးနှောက်နှင့်အာရုံကြောအထူးဆရာဝန်ကြီးများနှင့် အမြန်ဆုံးပြသ၍ အယ်လ်ဇိုင်းမားရောဂါ ဟုတ်/မဟုတ် စစ်ဆေးမှု ခံယူသင့်ပါသည်။


's Day





#မှတ်ဉာဏ်လျော့ပါးလာသောရောဂါအကြောင်း
#ပါရမီ‌အထွေထွေရောဂါကုဆေးရုံ

" မှတ်ဉာဏ်လျော့ပါးလာခြင်း (Dementia) အကြောင်းသိကောင်းစရာ အပိုင်း (၂)" ကျန်းမာရေးဗဟုသုတဟောပြောပွဲ ဖိတ်ကြားလွှာ 💌လာမည့် စက...
20/09/2025

" မှတ်ဉာဏ်လျော့ပါးလာခြင်း (Dementia) အကြောင်းသိကောင်းစရာ အပိုင်း (၂)" ကျန်းမာရေးဗဟုသုတဟောပြောပွဲ ဖိတ်ကြားလွှာ 💌
လာမည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ပါရမီ အထွေထွေရောဂါကုဆေးရုံတွင် မှတ်ဉာဏ်လျော့ပါးလာခြင်း (Dementia) အကြောင်းသိကောင်းစရာအပိုင်း (၂) ခေါင်းစဉ်ဖြင့်
🌟 ပါမောက္ခ ဒေါ်စိမ်းမြမြအေး ( ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး)မှ ကျန်းမာရေးဗဟုသုတဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါကြောင်း ပါရမီအထွေထွေရောဂါကုဆေးရုံ မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ဆွေးနွေးပွဲသို့ " မှတ်ဉာဏ်လျော့ပါးလာခြင်း "နှင့်ပတ်သက်ပြီး ဆွေးနွေးသိရှိလိုသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။💜💜 လူဦးရေကန့်သတ်ထားပါသဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါဖုန်းနံပါတ်သို့ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ လူကိုယ်တိုင်မတတ်ရောက်နိုင်ပါက zoom Link မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
စာရင်းပေးသွင်းရန် ☎️ - ၀၉၉၄၀၁၅၀၁၅၃

Registration Link : https://bit.ly/Parami_Part2
ID : 894 4720 7575
Passcode : Parami






#ဒေါက်တာစိမ်းမြမြအေး
#ဦးဝင်းမြင့်ထွန်း
#မှတ်ဉာဏ်လျော့ပါးလာသောရောဂါအကြောင်း အပိုင်း(၂)
#ပါရမီ‌အထွေထွေရောဂါကုဆေးရုံ

🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပါရမီအထွေထွေရောဂါကုဆေးရုံတွင်တာဝန်ထမ်းဆောင်ရန် ✨ Pharmacist ✨ရာထူးနေရာအတွက် အမြန်ခ...
20/09/2025

🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ
ပါရမီအထွေထွေရောဂါကုဆေးရုံတွင်တာဝန်ထမ်းဆောင်ရန်
✨ Pharmacist ✨
ရာထူးနေရာအတွက် အမြန်ခေါ်ယူလိုပါသည်။
🎁 အကျိုးခံစားခွင့်များ🎁
KPI Incentive (လစဉ်အခြေခံလစာ၏ ၂၀% အထိ)နှစ်စဥ် Bonus
Medical & Allowance Benefits
Ferry & Accomodation Allowance
Career Development Opportunities

✅Email- hrdept@paramihospital.com သို့လည်းကောင်း၊ Viber No (09-949220466)သို့လည်းကောင်း CV form များပို့၍လျှောက်ထားနိုင်ပါတယ်။

✅လူကိုယ်တိုင် လာရောက်လျှောက်ထားလိုပါက ရုံးလိပ်စာ-
No 19(A)၊ဦးဘဟန်လမ်းသွယ် ၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ လိပ်စာဖြင့် လာရောက်လျှောက်ထားနိုင်ပါကြောင်းကြေငြာအပ်ပါတယ်။

💜 လူနာများအတွက် ပိုမိုကောင်းမွန်တဲ့ Healthcare ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကသင့်ကို ​ရှာ​ဖွေနေပါတယ်....💜

Address

No60 G(1) Parami Road, Mayangone Township
Yangon
11062

Alerts

Be the first to know and let us send you an email when Parami Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Parami Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Since, 2010, Royal Parami Life Sciences Co., Ltd has laid down plans to be a center of medical excellence by embracing a strong commitment to continuously improved quality service and patient safety.

Nation's First Private Children Hospital in Myanmar, with leading Paediatricians and Health Care Providers, in order to thrive as "One of a Leading First Private Children Hospitals in Myanmar". In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.