ATHA Yoga Corner

ATHA Yoga Corner ATHA YOGA NUSASSANAM
စိတ်နဲ့ခန္ဓာ ကိုသင်ကိုယ်တိုင်တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင် YOGA စလေ့ကျင့်လို့ရပါပြီ

Thank you for taking the time to leave such a kind review. 🥰✨
16/01/2026

Thank you for taking the time to leave such a kind review. 🥰✨

Yogaကသင်ပေးနေရုံနဲ့ Yogaပညာတွေပြည့်စုံနေပြီလို့မခံယူပါဘူး တစ်ဖက်မှာလဲသင်ပေးရင်း တစ်ဖက်မှာလဲ ပညာတွေကအမြဲလေ့လာနေရတာပါ Tr May Thuရဲ့ ကြိုးစားအားထုတ်မူတွေအတွက် Congratulation 🎉
Anatomy ဆိုတဲ့လူသားတွေရဲ့ခန္ဓာဗေဒနဲ့ပတ်သက်နဲ့အကြောင်းတွေကို သင်ရတာပါ ဆရာကအသေးစိတ်လူပိန်းနားလည်အောင်သင်ပေးတာမို့ Anatomy လို့ပြောလိုက်တာနဲ့ကြောက်နေတဲ့သူတွေခက်တယ်လို့တွေးတဲ့သူတွေလဲ ဆရာဆီမှာတက်ကြည့်ပါလို့အကြံပေးပါရစေ Yogaဆရာမတွေဆိုတာ Anatomy သိကိုသိထားသင့်ပါတယ် အရိုး အကြော အရွတ် ကြွက်သား သွေး နှလုံး အစရှိတဲ့အလုပ်လုပ်ပုံတွေကို သိထားမှ ကိုယ်ဆီလာတက်တဲ့ သူတွေကို injury ကင်းကင်းနဲ့သင်ကြားနိုင်မှာဖြစ်ပါတယ် Anatomy နဲ့ပတ်သက်ရင်ဆရာကို fully recommend ပေးပါတယ်

အတန်းတစ်ရက်ချင်းစီမှာ တစ်ယောက်ချင်းစီရဲ့ စိတ်ပါဝင်စားစွာကြိုးစားအားထုတ်ခဲ့သမျှ တကယ့်ကို အသိအမှတ်ပြုကျေးဇူးတင်ရတဲ့ အတန်းလ...
16/01/2026

အတန်းတစ်ရက်ချင်းစီမှာ
တစ်ယောက်ချင်းစီရဲ့ စိတ်ပါဝင်စားစွာ
ကြိုးစားအားထုတ်ခဲ့သမျှ
တကယ့်ကို အသိအမှတ်ပြု
ကျေးဇူးတင်ရတဲ့ အတန်းလေး

20Hrs Basic Anatomy Course Batch 04
(05.01.2026 ~ 15.01.2026)
GAIA Social Club, Yangon

လေ့လာသင်ယူမှုတွေမှ တဆင့်
ကိုယ်ကိုယ်တိုင်ရဲ့ လေ့ကျင့်မှုနဲ့
ပြန်လည်မျှဝေမှုတွေမှာ
အထောက်အပံ့ကောင်းအဖြစ် သို့

May our Effort & Labor support
others’ Health, Growth & Peace.

ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးနှစ်ပြီး
တို့တွေ အားထုတ်ခဲ့သမျှ ဘယ်အရာမှ
အလဟဿ မဖြစ်ပါဘူး✨



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

20Hrs Basic Anatomy Course Batch 04(05.01.2026~15.01.2026)သင်တန်းခေါင်းစဉ်ကတော့ Basic Anatomy Course၊ ဘာတွေသင်လဲဆိုတော့ ...
13/01/2026

20Hrs Basic Anatomy Course Batch 04
(05.01.2026~15.01.2026)

သင်တန်းခေါင်းစဉ်ကတော့ Basic Anatomy Course၊ ဘာတွေသင်လဲဆိုတော့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အကြောင်း၊ လှုပ်ရှားမှုတွေအတွက် လိုအပ်တဲ့ အရိုးတွေနဲ့ကြွက်သားတွေအကြောင်း၊ စာလိုပြောတော့ ခန္ဓာဗေဒ၊ ရည်ရွယ်ရင်းက physical body အကြောင်း အဓိကသင်မယ်ပေါ့။

လူဆိုတဲ့ ဖြစ်တည်မှုကို ပြန်ဆန်းစစ်ကြည့်တဲ့အခါ ရုပ်ခန္ဓာသီးသန့် ဖြစ်တည်ရရိုးထုံးစံမှမရှိတာ
စိတ်ဟာရုပ်မှာတည်ပြီး
ရုပ်ဟာစိတ်ကိုမှီရတာမျိုး
အဲ့တော့ တွဲဖော်တွဲဖက် စိတ်နဲ့ပတ်သက်တာတွေ မပါမဖြစ် ထည့်ပြောရတယ်။

နောက်တစ်ခုက အသက်ဓာတ်ကလေးတည်နေဖို့၊ အသက်ရှင်နေဖို့ အသက်ရှူနေနိုင်ဖို့က လိုပြန်ပါတယ်။ ဒီတော့အသက်ကောင်းကောင်းရှူတတ်ဖို့လည်း ထပ်ဖြည့်ရတယ်။

Mind, Body, Spirit ၃ ခု ပြည့်စုံမျှတရင်တော့ လူသားတစ်ယောက်ရဲ့ အခြေခံခန္ဓာဗေဒ အကြောင်း သိသင့်သလောက် သိမယ်လို့ ယုံကြည်ပါတယ်။

ပြောလိုက်၊ လက်တွေ့လုပ်လိုက်၊ ပြန်ဆွေးနွေးလိုက် သင်မဝဘူး။ အချိန်မလောက်လို့ တစ်နာရီ ထပ်တိုး၊ တစ်ရက် ၃ နာရီ မပျင်းဘူး၊ မအီဘူး၊ မပြန်ချင်ဘူး။

တော်တော်ကျေနပ်ရတဲ့ ခဏလေးများစွာ✨



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

11/01/2026

အတန်းတစ်တန်းသင်တဲ့အခါ၊ သင်ကြားမျှဝေမှုတွေကို လုပ်တဲ့အခါ ခုလောလောဆယ် အခြေအနေ အရ Information များများပေးနိုင်ဖို့ ကိုယ်က များများပြောရတဲ့ အနေအထား တစ်ခုရှိပါတယ်။

တချိန်ကျရင်တော့ နားထောင်ခြင်းကို အဓိကထားတဲ့ အတန်းလေးတွေ လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်။ တစ်ပါးသူစီက အသံကို အချိန်ယူပြီးနားထောင်ပေးနိုင်ဖို့ ကြိုးစားပါမယ်။



#အောက်ခြေခိုင်ဖို့အခြေခံကစကြမယ်

📣 Spinal Mobility & Handstand 📣“Two Transformative Workshops (Batch-2)သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမ (၃)ယောက် အတူတကွ မ...
08/01/2026

📣 Spinal Mobility & Handstand 📣
“Two Transformative Workshops (Batch-2)

သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမ (၃)ယောက် အတူတကွ မျှဝေသင်ကြားပေးမယ့် ဒုတိယအကြိမ်ပြုလုပ်သော Two Transformative Workshops ရဲ့ ရည်ရွယ်ချက် နဲ့ ရရှိသွား​စေမည့်အရာတွေကို လေ့လာဖတ်ရှုပြီး ဒါတွေဟာကိုယ့်အတွက်လိုအပ်တယ်ဆိုရင် လာတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဘယ်သူတွေသင်မလဲ?

🙎‍♂️Sayar Pyae Phyo Naing (Speciality in Yoga Anatomy)
🙍‍♀️Tr Phyu Eu (RYT 500, with advanced yoga trainings)
🙎‍♂️Sayar Myo Min Htet (Calisthenics training speciality)

🧘‍♂️ခါးနောက်ပြန်ကော့ခြင်း(Backbend)လေ့ကျင့်စဉ် နဲ့ ဇောက်ထိုး Handstand လေ့ကျင့်မှု ဒီ၂ခုဟာ စိတ်လှုပ်ရှားပျော်ရွှင်ဖို့ကောင်းသလို တပြိုင်နက်တည်းမှာ ကြောက်ရွံ့ခြင်းကိုလဲဖြစ်လေ့ရှိပါတယ်။ သတိရှိရှိနဲ့လေ့ကျင့်မယ်၊ ခန္ဓာကိုယ်ရဲ့အရိုးကြွက်သားစနစ်ကိုနားလည်သဘောက်ပေါက်ပြီး လေ့ကျင့်မယ်ဆိုရင် ရေရှည်မှာအကျိုးကျေးဇူးအလွန်များလှတဲ့ကျင့်စဉ်တွေဖြစ်ပါတယ်။

🙏 📘ဒီWorkshopမှာ ဘာတွေရရှိမှာလဲ?
👉 A mix of movement techniques and alignment tips
👉 Strength and mobility drills to support your practice
👉 Discover your body through basic anatomy exploration
👉 Ask questions, share experiences, and enjoy the journey with fellow practitioners

🧘‍♂️ ၅ရက်တာ ၁၅နာရီကြာမယ့် ဒီWorkshopလေးမှာ
ရိုးရှင်းပြီးလွယ်ကူစွာသင်ကြားမယ့် ခန္ဓာဗေဒသဘောတရားတွေကတဆင့် မိမိရဲ့ handstand နဲ့ backbendကျင့်စဉ်တွေကို ဘယ်လိုပံ့ပိုးပေးတယ်ဆိုတာကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။

📜 ရေရှည်​အကျိုးရှိစေဖို့အတွက် ကိုယ်တိုင်လေ့ကျင့်နေသူရော အခြားသူကိုမျှဝေနေသူတွေအတွက်ပါ တကယ်ကိုလိုအပ်တဲ့လေ့ကျင့်မှုတွေပြုလုပ်ရမှာဖြစ်ပြီး သင်တန်းပြီးမြောက်တဲ့အသိအမှတ်ပြု Certificateပါပေးမှာဖြစ်ပါတယ်။

🤸🏻‍♀️ဒီWorkshopလေးဟာ Healthy backbend & Freestanding handstand ဖြစ်အောင်လေ့ကျင့်နေသူတိုင်းအတွက် မိမိကိုယ်ကိုယုံကြည်မှုနောက်တဆင့်တက်လာစေဖို့၊ မတော်တဆထိခိုက်ဒါဏ်ရာရရှိခြင်းတွေကိုရှောင်ရှားနိုင်စေဖို့ရည်ရွယ်တာဖြစ်လို့ စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါတယ်။

📣💻 အဝေးကနေအပြင်သင်တန်းကို လာရောက်မတက်နိုင်သူများအတွက်လဲ Onlineကနေတက်နိုင်အောင် Zoom နဲ့စီစဉ်ပေးထားပါတယ်ရှင့်။

🧘‍♂️ သတိရှိရှိ လေ့ကျင့်ကြမယ်။
🧘‍♂️ နက်နက်ရှိုင်းရှိုင်း အသက်ရှူကြမယ်။
🧘‍♂️ သိနားလည်မှုမှတဆင့် ကျန်းမာစွာပြောင်းလဲကြပါမယ်။

🏡 သင်တန်းနေရာ - Lunar Yoga Studio
လမ်းသစ်ရိပ်သာအိမ်ရာဝင်း/လမ်းမတော်မြို့နယ်/ရန်ကုန်
📲 09785149994





နှစ်သစ်ရဲ့ လဆန်း ၅ ရက်နေ့မှာ စတင်ခဲ့တဲ့ 20Hrs Basic Anatomy Course Batch 04 မှာ တော့ Yoga, Pilates Instructor တွေနဲ့ Pra...
06/01/2026

နှစ်သစ်ရဲ့ လဆန်း ၅ ရက်နေ့မှာ စတင်ခဲ့တဲ့ 20Hrs Basic Anatomy Course Batch 04 မှာ တော့ Yoga, Pilates Instructor တွေနဲ့ Practitioner တွေအပြင် Gym မှာ Intensive Training လုပ်နေသူတွေလည်း တက်ရောက်ကြတယ်။

လာတက်ကြသူတွေမှာ တူညီတဲ့ ဘုံရည်ရွယ်ချက်လေးတစ်ခုကတော့ Anatomy ကို အခြေခံပိုင်း ပိုင်နိုင်ပြီး ကိုယ်စီ လေ့ကျင့်မှုတွေနဲ့ မျှဝေမှုတွေမှာ ချိတ်ဆက် အသုံးပြုနိုင်ဖို့ပါပဲ။

ဒါကြောင့် ဒီ Batch လေးမှာတော့ အောက်ခြေခိုင်အောင် Anatomy ရဲ့ အခြေခံပိုင်းတွေကို သေချာ ကျေညက်အောင် သင်ကြားမျှဝေရင်း ချိတ်ဆက်နိုင်လာအောင် အပြန်အလှန် ဆွေးနွေးမှုတွေကို အသားပေး သွားဖို့ ရည်ရွယ်ထားပါတယ်။



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

04/01/2026

သင်တန်းတစ်ခု တက်တဲ့အခါ သင်တန်းကာလမှာပဲ သင်ယူရတာမျိုးမဟုတ်ပဲ တောက်လျှောက် ဆက်လက်လေ့လာဖို့လိုပါတယ်။

အဲ့လိုလေ့လာတဲ့အခါမှာလည်း ချိတ်ဆက်နားလည်ဖို့ ခက်ခဲတာတွေ ကြုံလာရဦးမှာ သဘာဝပါပဲ။

ဒါကြောင့် သင်တန်းတွေ တက်ပြီးသွားလည်း ကိုယ့်မှာ မေးစရာ မေးခွန်းတွေ ရှိနေရင် မေးဖို့ လိုပါတယ်။



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

GAIA, Yangon05.01.2026 ✨
02/01/2026

GAIA, Yangon
05.01.2026 ✨

လာမယ့် January ၅ ရက်နေ့မှာတော့Basic Anatomy Course လေးရန်ကုန် GAIA မှာ စပါမယ် ✨
01/01/2026

လာမယ့် January ၅ ရက်နေ့မှာတော့
Basic Anatomy Course လေး
ရန်ကုန် GAIA မှာ စပါမယ် ✨

01/01/2026

လေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေမှာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ Anatomy အကြောင်း လေ့လာတဲ့ အခါ မြင်သမျှ တွေ့သမျှ စကားလုံးကို အလွတ်ကျက်ရတာမျိုးက အင်မတန် ပင်ပန်းခက်ခဲပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပုံပန်းသဏ္ဍာန်၊တည်နေရာနဲ့ လုပ်ဆောင်ပုံတွေအပေါ်မူတည်ပြီး အမည်တွေ သတ်မှတ်ထားတာမို့ Terminology တွေကို အခြေခံအားဖြင့်နားလည်သွားရင် နာမည်အဆန်းဒေကို အင်္ဂလိပ်လို အလွတ်အမြဲကျက်နေရတဲ့ ဒုက္ခက လွတ်ပါလိမ့်မယ်။



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

31/12/2025

စိတ်နဲ့ခန္ဓာ ကျန်းမာစေမယ့်
အလေ့အကျင့်ကောင်းတွေ
ပြုစုပျိုးထောင်ရင်း

စိတ်သစ် လူသစ်နဲ့
နှစ်သစ်ကို တကယ်ကြိုဆိုနိုင်ကြပါစေ ✨

28/12/2025

၂၀၂၅ တစ်နှစ်လုံးမှာ ၆ လလောက်ပဲ Yoga လမ်းကြောင်းပေါ်မှာ မျှဝေသင်ကြားမှုတွေ လုပ်နိုင်ခဲ့ပေမယ့် လုပ်ခွင့်ရခဲ့သလောက်က ကျေနပ်စရာအတိပါ။

Injury ကြောင့် နားထားရတာ ကြာပြီဖြစ်တဲ့ Asanas Practices တွေနဲ့ Anatomy Based Yoga Asanas Class လေးတွေ ၂၀၂၆ မှာတော့ ပြန်ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when ATHA Yoga Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ATHA Yoga Corner:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category