17/04/2026
11.04.2026 မှာ စတင်ခဲ့တဲ့ 20Hrs Basic Anatomy Course Batch 08 (Online Class) လေးကတော့ ဒီနေ့ဆိုရင် ၇ ရက်မြောက်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးပါပြီ။
ရှေ့မှာ In-Person Class တွေသာ တောက်လျှောက်ဖွင့်လှစ်သင်ကြားခဲ့တာမို့ ခုလို ပထမဆုံး online class ဖွင့်တဲ့အခါ သင်ကြားမှုမှာ အဆင်ပြေပါ့မလားလို့ စိုးရိမ်စိတ်ရှိခဲ့ပါတယ်။
ကြိုတင်ပြင်ဆင်မှုလေးတွေ သေချာလုပ်ထားနိုင်ခဲ့တဲ့အတွက်လည်း တကယ်သင်တဲ့အခါကျတော့ In-Person Class တွေ သင်ရတာနဲ့မခြား အဆင်ပြေချောမွေ့ခဲ့ပါတယ်။
သင်တန်းစတဲ့ရက်ကနေ ခုချိန်ထိမှာ စိတ်ပါဝင်စားစွာနဲ့ အပြည့်အဝ စီးမျောလက်ခံပေးကြတဲ့ သူတစ်ယောက်ချင်းစီက ပေးတဲ့ ခွန်အားတွေကြောင့်သာ မျှော်မှန်းထားတာထက် အများကြီး ရှေ့ပိုရောက်ခဲ့ပါတယ်။
သင်တန်းသား တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်တစားကြိုးစားအားထုတ်မှု၊ တန်ဖိုးထားပြီး လက်ခံသင်ယူမှု တိုင်းကို ကျေးဇူးတင်ပါတယ်။ အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။
လေ့ကျင့်ခန်းလုပ်သူတွေမှာ အဓိကလိုအပ်တဲ့ မိမိခန္ဓာကိုယ်အကြောင်း ရင်းနှီး၊ နားလည်၊ သဘောပေါက်ပြီး လေ့ကျင့်မှုတွေမှာ အန္တရာယ်ကင်းရှင်းစွာနဲ့ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေရရှိစေဖို့ ကိုယ်နိုင်ရာဝန်ကို အကောင်းဆုံး ဆက်ထမ်းပါဦးမယ်။
#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်