Thita Min Special Clinic

Thita Min Special Clinic ၁၉၈၄ ခုနှစ်မှ စတင်ပြီးနှစ်ပေါင်း (၄၀)နီးပါးကျန်းမာရေး၀န်ဆောင်မှုပေးနေသောအထူးကုဆေးခန်း။

အထူးကုပါမောက္ခဆရာဝန်များကိုယ်တိုင် ရောဂါအမျိုးမျိုးကို ရောဂါအမျိုးအစားအလိုက် တာဝန်ယူ ကုသပေးနေသည်မှာနှစ်ပေါင်း(၄၀)နီးပါးကြာပြီဖြစ်ပါသည်။

 #အိုခြင်းကို_တွန်းလှန်နိုင်ဖို့_သိပ္ပံနည်းပညာကလမ်းကြောင်းဖွင့်ပေးလိုက်တဲ့  #စိတ်ဝင်စားဖွယ်ရှာဖွေတွေ့ရှိမှုCycloastragen...
22/11/2025

#အိုခြင်းကို_တွန်းလှန်နိုင်ဖို့_သိပ္ပံနည်းပညာကလမ်းကြောင်းဖွင့်ပေးလိုက်တဲ့ #စိတ်ဝင်စားဖွယ်ရှာဖွေတွေ့ရှိမှု

Cycloastragenol (CAG) ဟာ အိုခြင်းကို တွန်းလှန်နိုင်ဖို့ သိပ္ပံနည်းပညာက လမ်းကြောင်းဖွင့်ပေးလိုက်တဲ့ စိတ်ဝင်စားဖွယ် ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းကို ဂျီယွန် အဖွဲ့အစည်း (Geron Corporation) က တွေ့ရှိခဲ့တာပါ။ ဂျီယွန်အဖွဲ့အစည်းကို 1990 ပြည့်နှစ်မှာ ဒေါက်တာ မိုက်ကယ် ဝက်စ် (Michael D. West) နဲ့ ဒေါက်တာ မေရီ ဝက်စ် (Mary C. West) တို့က စတင် တည်ထောင်ခဲ့ပါတယ်။

ဒီအဖွဲ့အစည်းက တယ်လိုမဲရေ့ (Telomerase) အင်ဇိုင်းကို နည်းမျိုးစုံနဲ့ စမ်းသပ်ပြီး ကင်ဆာ ကာကွယ် ကုသနိုင်ဖို့နဲ့ အသက်ရှည်စေဖို့မှာ အဓိက ဦးတည်ချက်ထားပြီး လေ့လာမှုတွေကို လုပ်ဆောင်လျက်ရှိ ပါတယ်။ ဒီအဖွဲ့အစည်းကို ဦးဆောင်တဲ့သူတွေကလည်း ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်တွေဖြစ်တဲ့
(၁) ဒေါက်တာ ဂျိမ်းစ်ဝက်ဆန် (Dr. James Watson) - DNA Double Helix ကို စတင်တွေ့ရှိခဲ့ပြီး နိုဘယ်ဆုရခဲ့သူ
(၂) ပရော်ဖက်ဆာ လီယိုနာ့ဒ် ဟေးဖလစ် (Prof. Leonard Hayflick) - ဟေးဖလစ် ကန့်သတ်ချက်ကို တွေ့ရှိခဲ့သူ
(၃) ပရော်ဖက်ဆာ ဂန်တာဘလိုဘယ် (Prof. Gunter Blobel) - Protein Signaling နဲ့ Gene targeting ကိုတွေ့ရှိပြီး နိုဘယ်ဆုရရှိခဲ့သူ နဲ့
(၄) ပရော်ဖက်ဆာ ကာရိုးလ်ဂရိဒါ (Prof. Carol Greider) - တယ်လိုမဲရေ့စ် အင်ဇိုင်းကို တွေ့ရှိခဲ့ပြီး နိုဘယ်ဆုရခဲ့သူ တို့ပဲ ဖြစ်ပါတယ်။

သူတို့ဦးဆောင်တဲ့ ဂျီယွန်အဖွဲ့အစည်းကြီးက မော်လီကျူး‌ပေါင်းများစွာကို စမ်းသပ်ပြီးတဲ့နောက်မှာ မွန်ဂို ဒေသမှာပေါက်တဲ့ Astragalus membranaceus ဆိုတဲ့ အပင်မျိုးစိတ်ကနေ ဆိုက်ကလို အက်စ်ထရာဂျီနော ဒြပ်ပေါင်းကို တွေ့ရှိခဲ့ပါတယ်။ ဆိုက်ကလိုအက်စ်ထရာဂျီနော က တယ်လိုမဲရေ့စ် အင်ဇိုင်းကို လှုံ့ဆော်ပေးတဲ့ဒြပ်ပေါင်း (Telomerase Activator) ဖြစ်ပြီး တယ်လိုမဲရာတွေကို ရှည်စေနိုင်ပါတယ်။ ဒါကြောင့် ဆဲလ်တွေပွားများတဲ့အခါ တယ်လိုမဲရာလေးတွေတိုလာပြီး ဆဲလ်တွေပျက်စီးသေဆုံးတာ၊ ဇွန်ဘီဆဲလ်တွေအဖြစ် ပြောင်းပြီး အိုမင်းရင့်ရော်လာတာတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

ဂျီယွန်အဖွဲ့အစည်းဟာ ၂၀၀၄ ခုနှစ်မှာ ဆိုက်ကလို အက်စ်ထရာဂျီနောကို မူပိုင်ခွင့်တင်ခဲ့ပြီး ဈေးကွက်တွင် ရောင်းချဖို့အတွက် TA Sciences (Telomerase Activation Sciences) ဆိုတဲ့ ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့ပါတယ်။ TA Sciences ကုမ္ပဏီက ၂၀၁၄ ခုနှစ်ကစတင်ပြီး ဆိုက်ကလိုအက်စ်ထရာဂျီနော ကို TA65 နာမည်နဲ့ ကမ္ဘာ့ဈေးကွက်မှာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မှာဆိုရင် မူပိုင်ခွင့်ကာလကုန်ဆုံးသွားတဲ့အတွက် ကမ္ဘာမှာ ဆိုက်ကလိုအက်စ်ထရာဂျီနောကို လွတ်လပ်စွာ ထုတ်လုပ်ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။ ဒီဆေးဟာ စတင်ရောင်းချကာစမှာဆို တစ်လစာ အတွက် တစ်ဘူးကို အမေရိကန် ဒေါ်လာတစ်ထောင်ထိပေးရပြီး အခုဆိုရင် တစ်ဆယ်မီလီဂရမ် ဆေးတောင့် ၆၀ပါသော (10 mg x 60 capsules) ဆေးဘူးတစ်ဘူးကို ဒေါ်လာနှစ်ရာဝန်းကျင်အထိ ကျဆင်းလာပါတယ်။ ဒါပေမဲ့လည်း မြန်မာငွေနဲ့ဆို တစ်လကို (၁ဝ) သိန်းကျော် ပမာဏဖြစ်တာမို့ ကုမ္ပဏီတွေအနေနဲ့ တင်သွင်းရောင်းချဖို့ ဈေးကြီးနေပါသေးတယ်။ အခုဆိုရင်တော့ ပြည်တွင်းမှာ FAME ဆေးဝါးကနေ ဆိုက်ကလိုအက်စထရာဂျီနောကို RejuMax (ပျိုရွယ်နုဆေး) နာမည်နဲ့ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

T.A. Sciences ဟာ TA65 နဲ့ပတ်သက်တဲ့ လက်တွေ့စမ်းသပ်မှုပေါင်း (Clinical Studies) များစွာကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ တယ်လိုမဲရာတွေရှည်လာတာ၊ လူတွေရဲ့ ကျန်းမာတဲ့သက်တမ်းကို ပိုရှည်လာ စေတာ၊ နာတာရှည်ရောဂါတွေရဲ့ အခြေအနေတွေကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေတာကို အထောက်အထားတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

ဆိုက်ကလို အက်စ်ထရာဂျီနော (Cycloastragenol) ကို ရှာဖွေတွေ့ရှိမှုကြောင့် ကျွန်တော်တို့ နေထိုင်ရမဲ့ သက်တမ်းကို ပိုရှည်အောင် ဆွဲဆန့်နိုင်ပြီး ဘဝမှာ အကျိုးရှိတဲ့ လုပ်ငန်းတွေ ပိုပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းကို အလွယ်တကူ အရိုးရှင်းဆုံးနည်းဖြင့် ရရှိနိုင်နေပြီ ဖြစ်ပါတယ်။

Dr. Khin Maung Lwin(Fame)

❝ 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 ❞ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ  #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ဖြစ်ပါတယ် .....
10/10/2025

❝ 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 ❞

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ဖြစ်ပါတယ် ...

ယခုနှစ်(၂၀၂၅)ရဲ့အထိမ်းအမှတ် ဆောင်ပုဒ်ကတော့ .....

"Mental health in humanitarian emergencies"

"ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများရှိ လူသားခြင်း စာနာမှုဆိုင်ရာ စိတ်ကျန်းမာရေး"... ဖြစ်ပါတယ်။

ဒီဆောင်ပုဒ်ဟာ ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ၊ သဘာဝဘေးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လူတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြထားပါတယ်။

အကျပ်အတည်းများရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာများနဲ့ နေ့စဥ် စိတ်ဖိစီးမှုတွေဟာကျန်းမာရေးကို အရေးပေါ်အခြေအနေတွေ ဖြစ်နိုင်သည်အထိ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ကြီးမားစွာ ထိခိုက်စေပါတယ်။ အကျပ်အတည်းတစ်ခုခု ကြုံရပြီဆိုတာနဲ့ လူငါးဦးမှာ တစ်ဦးနှုန်းဟာ စိတ်ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကို ခံစားရနိုင်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာဆိုရင် လူသုံးဦးမှာ တစ်ဦးနှုန်းက စိတ်ကျန်းမာရေး အခြေအနေတစ်ရပ်ကို တွေ့ကြုံရပြီး လူနှစ်ဆယ်မှာ တစ်ဦးနှုန်းကတော့ ပြင်းထန်တဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စိတ်ကျန်းမာရေးဆိုတာ တစ်ဦးတစ်ယောက်ရဲ့ သီးခြားကိစ္စရပ်သက်သက် မဟုတ်ဘဲ ကျွန်တော်တို့ အားလုံး ပူးပေါင်းကူညီဆောင်ရွက်ရမယ့်တာဝန် တစ်ရပ်လည်း ဖြစ်ပါတယ်။ နေရပ်စွန့်ခွာရတာ၊ ကျန်းမာရေးစနစ်တွေ ပြတ်တောက်သွားတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေရရှိဖို့ဟာ ပိုပြီးခက်ခဲလာပါတယ်။

စိတ်ကျန်းမာရေးဟာ ရှင်သန်ရပ်တည်ရေး အတွက်သာမက၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့
ရပ်ရွာအသိုက်အဝန်းတွေအတွက် ပြန်လည်တည်ဆောက် ရေးနဲ့ ဘေးဒုက္ခများကို ရေရှည်ခံနိုင်ရည်ရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

စိတ်ကျန်းမာရေးဟာ ဘယ်လောက်ပဲ အရေးကြီးတယ် ပြောပြော၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသားကျန်းမာရေး ဘတ်ဂျက်ရဲ့ (၂)ရာခိုင်နှုန်းလောက်သာ စိတ်ကျန်းမာရေးအတွက် သုံးစွဲနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကျွန်တော်တို့တတွေဟာ မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ အားပေးကူညီ ရှေ့ဆက်သွားဖို့က အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့စိတ်ကျန်းမာရေး ကောင်းမွန်မှုကို ဦးစားပေးဆောင်ရွက်တဲ့အခါ ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်တွေ ဖန်တီးနိုင်မယ်။

ကောင်းမွန်လာတဲ့ ကျန်းမာရေးကြောင့် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်တွေလည်းလျော့ကျလာနိုင်မယ်။ ကျန်းမာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ပျိုးထောင်နိုင်မယ်။ စိတ်ကျန်းမာရေးကို အလေးထားခြင်းဟာ ရေရှည်ကြံ့ကြံ့ခံနိုင်ရည်စွမ်းအား ကိုပါ တည်ဆောက်ပေး နိုင်ပါတယ်။
ဒါ့အပြင် ဘဝရဲ့ စိန်ခေါ်မှုတွေဟာလည်း စိတ်ခွန်အား၊ မျှော်လင့်ချက်တို့ ရှိမှသာလျှင် ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အကူအညီဖြစ်စေပါတယ်....

ဒါကြောင့် စိတ်ကျန်းမာရေးကို ကိုယ်တိုင် ကြိုးစားတည်ဆောက်ခြင်းနဲ့ ပတ်ဝန်းကျင်အတွက် ကူညီထောက်ပံ့ပေးခြင်းဟာ လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ပေး
နေခြင်းပဲ ဖြစ်ပါတယ်...

မြန်မာနိုင်သူ နိုင်ငံသားများအားလုံးလည်း
စိတ်ပိုင်းဆိုင်ရာ ကျန်းမာပြီး စိတ်ခွန်အား
အပြည့်နဲ့အတူ ဘေးဒုက္ခကြားက စိတ်ကျန်းမာရေးခွန်အားပေးဖို့ လိုအပ်နေသူ
အားလုံးကို လက်တွဲ ကူညီပေးနိုင်သော
သူများလည်း ဖြစ်ကြပါစေ 💞🙏...



🌏🫀𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆 🫀"ကမ္ဘာ့နှလုံးကျန်းမာရေးနေ့၂၀၂၅" ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့ဟာ  #ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ပဲ ဖြစ်ပါတယ်....
29/09/2025

🌏🫀𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆 🫀
"ကမ္ဘာ့နှလုံးကျန်းမာရေးနေ့၂၀၂၅"

ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့ဟာ
#ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ပဲ ဖြစ်ပါတယ်...

၂၀၂၅ ခုနှစ်အတွက် ဆောင်ပုဒ်မှာ
" #နှလုံးခုန်သံကို_လျစ်လျူမရှုပါနှင့်!"
(Don't Miss a Beat!) ဖြစ်ပါတယ်...

နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများသည် ကမ္ဘာတစ်ဝန်းတွင် အသက်ဆုံးရှုံးမှုအများဆုံး ဖြစ်စေသော ရောဂါများထဲမှ တစ်ခုဖြစ်ပါတယ်..

ဒါကြောင့်.. နှလုံးကျန်းမာရေးကို အထူးဂရုစိုက်အလေးထားကြရန်ကမ္ဘာတဝန်း တိုက်တွန်းနေ
ကြခြင်းဖြစ်ပါတယ်...

ကျန်းမာသော နှလုံးသားပိုင်ရှင်များ ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုပုံစံတွေ ပြောင်းလဲဘို့ လိုအပ်ပါတယ်

သင့်နှလုံး ကျန်းမာရေးကောင်းအောင် ပြုမူနေထိုင်စားသောက်ပြီး ကျန်းမာပျော်ရွှင်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့... ယနေ့ပဲ ကိုယ့်ကို
ကိုယ် ကတိပြုလိုက်ပါ......

#လူသားတိုင်းရောဂါကင်းဝေးပြီး
#သက်တမ်းစေ့နေထိုင်နိုင်သောကျန်းမာသော
#နှလုံးပိုင်ရှင်များဖြစ်ကြပါစေ🙏💞......



 ွေက_ဘာတွေလဲ ❓ #ခန္ဓာကိုယ်အတွက်ကောင်းကျိုးပေးတာလား ❓          Probiotics ဆိုတာက အစာအိမ်နဲ့အူလမ်းကြောင်း ကောင်းတယ် ၊ ကိုယ...
09/06/2025

ွေက_ဘာတွေလဲ ❓
#ခန္ဓာကိုယ်အတွက်ကောင်းကျိုးပေးတာလား ❓

Probiotics ဆိုတာက အစာအိမ်နဲ့အူလမ်းကြောင်း ကောင်းတယ် ၊ ကိုယ်ခံအားကောင်းတယ် ဆိုပြီး ငဗစ် နဲ့ တူတူနာမည်ကြီးလာတာပါ

ဟိုးအရင်ထဲက ပိုးသတ်ဆေးပေးလို့ရတဲ့ ဝမ်းပျက်တာ (Antibiotic diarrhoea) မှာ သုံးခဲ့ကြတာပါ။

Bacteria ဆိုရင် ကျွန်တော်တို့ကို ဒုက္ခပေးမယ့် ၊ ရောဂါတွေပေးမယ့် သက်ရှိတွေလို့ပဲ ထင်မှတ်ထားတတ်ကြပါတယ်
ဒါပေမယ့်
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ 39–300 trillion bacteria ရှိတယ် ဆိုတော့ကာ
Bacteria အကောင်သိန်းပေါင်း ၃၉၀,၀၀၀,၀၀၀ အဲ့လောက်ရှိပါတယ် တဲ့။ (မယုံရင်လည်း ရေကြည့်ကြပေါ့ 😁)
အဲ့ထဲက အများစုဟာ အူလမ်းကြောင်းမှာ ရှိနေကြပြီး အူမကြီးမှာအဓိက နေကြပါတယ်။

1. အမျိုးအစား - (၁) => သူတို့ဟာ သူတို့ ကျွန်တော်တို့စားတဲ့အစာတွေ စားပြီး ကျွန်တော်တို့ကို ဒုက္ခမပေးပဲ နေကြတယ်
2. အမျိုးအစား - (၂) => အများစုကတော့ သူတို့အတွက် အစားစားရတယ် ၊ နေစရာရနေသလို ကျွန်တော်တို့ကိုလည်း ပြန်ပြီး အကျိုးပြုနေကြပါတယ်

👉 အစာမကြေရင်ပြည့်ရင်ကယ်၊ လေပွတာတွေကို သက်သာစေပါတယ်
👉 ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ကူညီပေးပါတယ်
👉 ကိုယ်ခံအားကို ထိန်းညှိပေးပါတယ်
👉 အရေပြားကျန်းမာရေးအတွက် ကူညီပေးပါတယ်
👉 တချို့သော ရောဂါတွေကို ကာကွယ်ပေးပါတယ်

3. အမျိုးအစား - (၃) => Bacteria အနည်းငယ် ကတော့ အစားစား နေရာယူ ကြသလို ရောဂါတွေပေးဖို့ ချောင်းနေကြပါတယ်
_________
အမျိုးအစား - (၂) Bacteria တွေ က အပေါ်မှာပြောထားသလို ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းထဲမှာနေကြရင်း

👉 အစာချေဖျက်မှု မှာ အကူညီပေးကြပါတယ်
👉 သူတို့ကထုတ်ပေးတဲ့ ဓာတ်ပစ္စည်းတွေက ကျွန်တော်တို့ အူ နံရံကို ကျန်းမာသန်စွမ်းစေလို့ ရောဂါဖြစ်စေမယ့် ပိုးမွှားတွေ က အူရဲ့နံရံကိုဖောက်ပြီး ခန္ဓာကိုယ်ထဲဝင်မယ့် အန္တရာယ်ကနေတားဆီးပေးပါတယ်
👉 ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို နှိုးဆွကေးတဲ့အတွက် ကိုယ်ခံအားကောင်းစေပါတယ်
👉 တချို့ Bacteria တွေက Vitamin K ထုတ်ပေးလို့ သွေးရောဂါတချို့ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်
အဲ့လိုမျိုး

ကျွန်တော်တို့ အူထဲမှာနေပြီး ကျွန်တော်တို့ ကျန်းမာရေးကောင်းအောင် ကူပေးနေတဲ့ အမျိုးအစား - (၂) Bacteria တွေ ကို အပြင်ကနေဖြည့်ပေးတာ က Probiotics ပါ။

ဆေးကုမ္ပဏီအမျိုးမျိုး ကနေ နာမည်အမျိုးမျိုး နဲ့ ထုတ်လုပ်ကြပေမယ့် ပါဝင်တဲ့ Bacteria တွေက

***အများဆုံးကတော့ Lactobacillus Bifidobacteria ဖြစ်ပြီး
Saccharomyces, Streptococcus, Enterococcus, Escherichia, Bacillus စတာတွေလည်း ပါဝင်တတ်ပါတယ်။

Probiotics ဆိုတာက အကောင်လေးတွေဖြစ်ပြီး
Prebiotics ဆိုတာရှိပါသေးတယ်
Prebiotics ဆိုတာက အူထဲမှာရှိတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုနေတဲ့ Bacteria (Normal Gut Flora) တွေအတွက် အစာ (အားဆေး သဘောမျိုးပေါ့) ဖြစ်ပါတယ်။

တချို့ဆေးတွေမှာ Probiotics ရော သူ့အတွက်အစာ Prebiotics ရော ပါဝင်တတ်ပါတယ်

အူလမ်းကြောင်း ရဲ့ ကျန်းမာရေးကောင်းစေလို့ IBS (Irritable bowel syndrome ) ဘာစားစား မတည့်ပဲ ဗိုက်နာဝမ်းပျက်တတ်တဲ့ရောဂါ မှာ Probiotics တွေ သုံးလာကြပါတယ်။
👉 တချို့မှာ အကူညီဖြစ်တယ်
👉 တချို့မှာ အကျိုးမထူးပါဘူး

ကျွန်တော်ပြောနေကြပါ
ခေါင်းမိုးပေါက်လို့ မိုးယိုနေတာကို ရေတွေလိုက်သုတ်လိုက် ၊ ပုံးတွေ ခွက်တွေခံ လိုက်လုပ်နေတာ #အဖြေမှန်_မဟုတ်ပါဘူး
👉 တကယ်က ခေါင်မိုးက #အပေါက်ကို_ဖာလိုက်ရမှာပါ

Tension Headache (အကြောင်းရင်းမရှိပဲနာတာရှည်ခေါင်းကိုက်ခြင်း) တို့ IBS တို့ဆိုတာ စိတ်ဖိစီးမှုအခြေခံကြောင့် ဖြစ်လာရတာမို့
ဘာက ဖိစီးနေရတာလဲ ကို ရှာဖွေဖေါ်ထုတ်ဖြေရှင်း လိုက်နိုင်ရင်တော့ လုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်။
_________
🚨 Probiotics ကောင်းကြောင်းရေးတော့
Probiotics တွေ စျေးကြီးပေးပြီး သောက်ရတော့မှာလား ❓

✳️ မဟုတ်ပါဘူး ✳️

အူထဲမှာ အဲ့ဒီအကောင်လေးတွေက ရှိနေပြီးသားပါဗျာ

လိုအပ်တဲ့အခါ သောက်ရတဲ့အခါ ဘာတွေ အကျိုးရှိလဲ သိစေချင်လို့ပါ။

အစားအစာကနေရလား ဆိုတော့ ရတာပေါ့

- yogurt (ဒိန်ချဉ်)
- kefir (ကီဖာ)
- sauerkraut (ဂေါ်ဖီချဉ်)
- tempeh (ပဲပုပ်ချဉ်)
- kimchi
- မုန်ညှင်းချဉ်

အစရှိတဲ့ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေကလည်း Probiotics ပြည့်ဝတဲ့ အစားအစာတွေပါပဲ ( #အတူတူပါပဲ)

အူလမ်းကြောင်းအတွက် ဘာကြီးက Probiotics တွေပါလို့ ကောင်းတယ် ဆိုပြီး စျေးကြီးပေးပြီး စားသုံးကြမယ့် အစား #ကိုယ့်အရပ်_ကိုယ့်ဒေသထွက် ပစ္စည်းများကို စားသုံးနိုင်ကြစေဖို့ပါ။

#တန်ဆေးလွန်ဘေး ဆိုတာလည်းရှိပါသေးတယ်ဗျာ
ကောင်းတယ်ဆိုတိုင်း တရားလွန်စားရင်တော့ ဒုက္ခတွေ့ကြမှာပေါ့

နောက်တစ်ချက်က ဗိုက်အောင့်ပြီးဝမ်းပျက်နေတယ် အူလမ်းကြောင်းကောင်းတယ် ဆိုပြီး မုန်ညှင်းချဉ်တွေ စားတယ် ဆိုတာကတော့ အဓိပ္ပာယ်မရှိမှန်းသိကြမှာပါ။

ရောဂါက ဖြစ်လာရင်ကုရမှာပါ

ဖြည့်စွက်စာဆိုတာက ရောဂါမဖြစ်ခင် ရောဂါဖြစ်မလာရအောင် ကြိုပြီး စားသုံးကြရတဲ့ အစာဖြစ်ကြောင်းတင်ပြရင်း

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

(page)


❝ 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 ❞ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ  #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ဖြစ်ပါတယ် .....
10/10/2024

❝ 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 ❞

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ဖြစ်ပါတယ် ...

ယခုနှစ်၏အထိမ်းအမှတ် ဆောင်ပုဒ်မှာ......

"Mental Health at Work"
"လုပ်ငန်းခွင်စိတ်ကျန်းမာ​ရေး
ပြည်သူအားလုံး​စောင့်​ရှောက်​ပေး"..ဖြစ်ပါတယ်။

အလုပ်ခွင်တွင်း စိတ်ကျန်းမာရေးကို ပံ့ပိုးပေးခြင်းသည် သုခချမ်းသာ၊ ကုန်ထုတ်စွမ်းအားနှင့် အလုပ်အပေါ် စိတ်ကျေနပ်မှုကို တိုးစေပါတယ်။ အားလုံးအတွက် ပါဝင်နိုင်သော၊ ပိုမို ကျန်းမာသော၊ ဖြစ်ထွန်းသော အလုပ်ခွင်တစ်ခု ဖန်တီးရန်

💢 စိတ်ကျန်းမာရေးပြသနာတွေနဲ့ ပတ်သတ်တဲ့ ရှေးရိုးစွဲ မကောင်းတဲ့ အယူအဆ၊ အမည်းစက်များကို လျှော့ချပေးကြပါစို့။

💢 လိုအပ်သော အထောက်အပံ့များ ပံ့ပို့ပေးကြပါစို့။

💢 အုပ်ချုပ်မှုပိုင်းကို တာဝန်ယူထားသည့် ဝန်ထမ်းများကို လေ့ကျင့်ပေးကြပါစို့။

ယနေ့ကျရောက်သော "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့" မှအစပြု၍ မိမိတို့၏ စိတ်ကျန်းမာရေးသာမက မိမိတို့လူ့ပတ်ဝန်းကျင်ရှိ စိတ်ရောဂါခံစားနေရသောသူများကို ပစ်မထားဘဲ ဖေးမကူညီအားပေးခြင်းဖြင့် သာယာလှပသော လူ့ပတ်ဝန်းကျင်ကို တည်ဆောက်ကြပါစို့ ....

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးစိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းများ နဲ့ ပြည့်စုံနိုင်ကြပါစေ💞🙏...




 #အစားများလို့ဗိုက်တင်းပြည့်ပြီး_ဗိုက်အင့်တဲ့အခါ   ဝါးတာ  #မှန်ပါလား           ဒါမှမဟုတ်    ာသောက်သင့်လဲ  #ဗိုက်တင်းတယ် ...
11/09/2024

#အစားများလို့ဗိုက်တင်းပြည့်ပြီး_ဗိုက်အင့်တဲ့အခါ ဝါးတာ #မှန်ပါလား
ဒါမှမဟုတ်
ာသောက်သင့်လဲ


#ဗိုက်တင်းတယ် #ရင်ခေါင်းတောင့်တယ်

ကျွန်တော်တို့ အစာအိမ်က ဗိုက်ဘယ်ဘက်နံရိုးအောက်ကနေပြီး ရင်ညွန့်ရိုးအောက်နားအထိရှိပါတယ်။

​အစာအိမ်ထဲ အရည်အပြည့်ဖြည့်ရင် ၂ လီတာကနေ ၄ လီတာထိ ဆန့်တယ်လို့ဆိုပါတယ်
အဖတ်စားရင် 1 quart ဆန့်တယ်ဆိုတော့ ၂ ပေါင်ကျော်ကျော် ပမာဏရှိတာ စားလို့ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက်တော့ နည်းနည်းကွာမှာပေါ့။

အစာအိမ်ရဲ့ပုံက အနီးစပ်ဆုံး အင်္ဂလိပ်စာလုံး J လေးကို တစောင်းလေးထားတာနဲ့တူပြီး အစာရေမျိုက အလယ်နားလောက်မှာ လာဆက်တာဆိုတော့ J ရဲ့ ထိပ်ပိုင်းနားလောက် (Fundus) မှာ လေလေးနည်းနည်းရှိတတ်ပါတယ် (မြင်သာအောင် အစာအိမ်ပုံထည့်ပေးထားပါတယ်)

အစားတွေတရားလွန်စားပြီး အစာအိမ်အပြည့်ဖြည့်တဲ့အခါ အဲ့ဒီ ထိပ်ပိုင်း Fundus နားက လေရှိတဲ့နေရာထိပါ ပြည့်လာပြီး အဲ့ဒီလေက နေစရာမရှိတော့လို့ တိုးထွ​က်လာတဲ့အခါ #လေတက်တယ် ဆိုပြီးဖြစ်ပါတယ်။

ထမင်းထိုင်စားနေရင်း #လေတက်တယ် ဆိုတာ ဗိုက်ပြည့်ပြီ/နေရာလွတ်မရှိတော့ဘူးလို့ အချက်ပေးတာပါ။

စားလို့ကောင်းတဲ့အခါ လေတက်လည်း ထပ်စားပါတယ် ၊ စားလို့ကောင်းနေတော့ မသိသာပေမယ့် စားပြီးတဲ့အခါ ထိုင်လို့မရအောင် တင်းပြီး နေရအရမ်းခက်ပါတယ်။

အဲ့တော့ ဘာလုပ်ကြလဲ 🤷‍♂️

တချို့က #လျက်စား စားတယ်
တချို့က #မဟာဖြေဆေး ဆိုတာကြီးစားတယ်
တချို့က Air-X သောက်တယ်
Omeprazole သောက်တဲ့လူကသောက်တယ်
နည်းနည်း တီးမိခေါက်မိလူက Enzyme plus ဆိုတာမျိုးသောက်တယ်။

1. လျက်စားနဲ့ မဟာဖြေဆေးက ဘာတွေပါလို့ ဘာတွေဖြစ်လဲ ကျွန်တော်မသိပါဘူး (ချိုလည်းချိုပြီး ငန်လည်းငန်တဲ့အတွက် နွယ်ချို နဲ့ ဆားတော့ပါမယ် ထင်ပါတယ်
👉 နွယ်ချို ရော ဆား ကပါ 😢 သွေးပေါင်တက်စေပါတယ်။ (သွေးတိုးရောဂါဝေဒနာရှင်တွေ အတွက်အန္တရာယ်ပါ)

2. Air-X က ဗိုက်ထဲကလေ အလုံးသေးသေးလေးတွေကို စုပြီး လေလုံးအကြီးကြီးဖြစ်အောင်လုပ်တဲ့ဆေးပါ။
လေလုံးအကြီးကြီး က အပေါ်ပြန်တက်ရင် လေတက်တယ်၊ အောက်ဆင်းရင် လေလည်တယ်ပေါ့။
👉 အခုဖြစ်တာက လေပွတာ မဟုတ်ဘူး အစာတွေနဲ့ပြည့်တာ ဆိုတော့ အကျိုးမရှိဘူးလို့ ယူဆပါတယ်

3. Omeprazole ဆိုတာ အစာခြေရည်အထွက်နည်းစေတဲ့ဆေးဖြစ်လို့ ၊
အစားတွေတရားလွန်စားထားပြီး အစာခြေရည်မထွက်အောင်လုပ်တဲ့ဆေး သောက်တဲ့လူတွေ ရဲ့ အတွေးက အရမ်းကို အံ့ဩဖို့ကောင်းပါတယ်
လုံးဝ မဆိုင်ပါဘူး (မသောက်ပါနဲ့)

4. Enzyme plus လိုဆေးမျိုးက အစာခြေတဲ့ Enzyme တွေပါလို့ အစာစားပြီးရင်ပြည့်တာအတွက် အစာပိုခြေအောင်လို့ဆိုပြီး သောက်ကြတာက ဖြစ်သင့်သလိုဖြစ်နေပါတယ်။ ဒါပေမယ့်
***Enzyme plus လိုဆေးမျိုးတွေက အစာခြေ Enzyme တွေ ကောင်းကောင်းမထုတ်နိုင်တဲ့ မုန့်ချိုအိတ် မကောင်းတဲ့ ရောဂါဝေဒနာရှင်တွေ အတွက်ဆေး မို့လို့ နဂိုက အစာခြေတဲ့ Enzyme တွေရှိပြီးသား လူမှာ မလိုပါဘူး။

အစားတွေ တရားလွန်စားလိုက် အစာကြေတဲ့ Enzyme ပါတဲ့ဆေး တွေသောက်လိုက်နဲ့ ဆိုရင် စားသမျှအစာအကုန်ခြေဖျက် အကုန်စုပ်ယူပြီး လူက ဝ သထက် ဝ ၊ ရောဂါထူပြောသထက် ထူပြော လာပါလိမ့်မယ်။

အစားအများကြီးစားတာဟာ ကောင်းတဲ့နေရာမရှိပါဘူး။ ( အစားတရားလွန်လျှော့တာလည်း မကောင်းပါဘူး)
အဝလွန်လာရင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ OSA (အိပ်ရင်းအသက်ရှူရပ်သွားနိုင်တဲ့ရောဂါ)၊ အဲ့ကနေမှ လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာတွေဖြစ်လာပါလိမ့်မယ်

👉

ဟိုးအပေါ်က မေးခွန်းကို ပြန်ဖြေရရင်

#အစားအများကြီးစားပြီး_ရင်ပြည့်ရင် #ဘာဆေးသောက်ရမလဲ ⁉️

👉 ဘာမှမသောက်ပါနဲ့

1. အဲ့လောက်ပြည့်အောင် မစားဖို့ပဲ လိုတာပါ
2. စားမိသွားပြီ 👉 စားပြီးရင် မထိုင်ပါနဲ့၊ မလှဲပါနဲ့ လမ်းလျှောက်ပါ (၁၀-၁၅ မိနစ်လျှောက်ပါ)
3. လမ်းမလျှောက်နိုင်ရင် မတ်တပ်ရပ်နေပါ

အဲ့လိုပဲလုပ်ကြပါ၊ ဆေး 💊 ဆိုတာကြီးတွေ လျှောက်လျှောက်မသောက်ကြပါနဲ့ဗျာ

ဆေး တိုင်းဟာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်၊ လိုအပ်လို့သောက်ရရင် တစ်မျိုးပေါ့၊ မလိုအပ်ပဲသောက်ပြီး ဘေးထွက်ဆိုးကျိုးတွေ ခံစားရရင် မတန်ဘူးပေါ့ဗျာ

#ကျန်းမာရေးဗဟုသုတ_တိုးပြီး_သက်ရှည်ကျန်းမာ_စိတ်ချမ်းသာကြပါစေ🥰


(page)

🙏💞 "HAPPY DEEPAWALI" 💞🙏🪔 🪔 🪔 🪔 🪔 🪔 🪔 🪔 🪔 🪔Wishing you a happy and prosperous deepawali.Let this festival of lights bring...
11/11/2023

🙏💞 "HAPPY DEEPAWALI" 💞🙏

🪔 🪔 🪔 🪔 🪔 🪔 🪔 🪔 🪔 🪔

Wishing you a happy and prosperous deepawali.Let this festival of lights
bring in brightness & happiness in your life today and always.

Thita Min Special Clinic Family 💞🙏



10/10/2023

❝ World Mental Health Day ❞

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ဖြစ်ပါတယ် ...

ယခုနှစ်၏အထိမ်းအမှတ် ဆောင်ပုဒ်မှာ..
Mental health is a universal human right .
"စိတ်ကျန်းမာရေးသည် လူတိုင်းရသင့်ရထိုက်သော အခွင့်အရေးဖြစ်သည်"... ဟု အဓိပ္ပါယ်ရပါသည်။

ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ်
“I had a black dog, his name was depression”
အသိပညာပေး video အား မြန်မာဘာသာဖြင့် မျှဝေပေးလိုက်ပါတယ်

ယနေ့ကျရောက်သော "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့" မှအစပြု၍ မိမိတို့၏ စိတ်ကျန်းမာရေးသာမက မိမိတို့လူ့ပတ်ဝန်းကျင်ရှိ စိတ်ရောဂါခံစားနေရသောသူများကို ပစ်မထားဘဲ ဖေးမကူညီအားပေးခြင်းဖြင့် သာယာလှပသော လူ့ပတ်ဝန်းကျင်ကို တည်ဆောက်ကြပါစို့ ....

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးစိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းများ နဲ့ ပြည့်စုံနိုင်ကြပါစေ💞🙏...




 #အထူးဂရုစိုက်ပါနော်(ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါအသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်) ...
28/09/2023

#အထူးဂရုစိုက်ပါနော်

(ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါအသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်)

#မျက်လုံးတစ်ဖက်နီရဲနေတာပဲ_ခိုးလိုးခုလုလည်းဖြစ်သေးတယ်
( #မျက်စိနာခြင်း)

ကျွန်တော်တို့ မျက်လုံးမှာ
👉 အဖြူရောင်အပိုင်းကို Conjunctiva လို့ ခေါ်ပြီး
👉 အလယ်က အမည်းကို Cornea လို့ခေါ်ပါတယ်

အမည်းရောင် Cornea ရဲ့ အလယ်မှာ အလင်း (ပုံရိပ်) ဝင်ဖို့ အပေါက် Pupil ရှိပါတယ်။ အဲ့ဒါကြောင့် မျက်လုံးမှာ အဖြူနဲ့ အမည်း ဘယ်ဟာ အရေးကြီးလဲ ဆိုရင် အမည်းက အရေးကြီးပါတယ်။

မျက်လုံးက အဖြူရောင် Conjunctiva ရောင်ရမ်းတာကို Conjunctivitis - မျက်စိနာတယ်လို့ခေါ်ကြပါတယ်။
Conjunctiva ရောင်ရမ်းမှုဖြစ်တဲ့အတွက်
- နီရဲနေပါတယ် (ပန်းရောင်လည်းဖြစ်နိုင်တာပေါ့)
- ခိုးလို့ခုလု ဖြစ်နေပါတယ်
- နာပါတယ်
- မျက်ဝတ်တွေထွက်တာများပါတယ်
မျက်စီ နီပြီးနာတဲ့အတွက် မျက်စိနာတယ်ပေါ့။

ဖြစ်ရတဲ့အကြောင်းရင်း အများဆုံးဟာ
* ဓာတ်မတည့်လို့ပါ (Allergy)
ဒုတိယ အကြောင်းရင်းကတော့
* Virus ကြောင့်ပါ
နောက်ဆုံးကတော့
* Bacteria ကြောင့်ပေါ့
Allergy ကြောင့်ဆိုရင် ယားတာ၊ နီတာ ၊ နာတာ၊ ခိုးလို့ခုလုဖြစ်တာ အပြင် တခြား လက္ခဏာတွေဖြစ်ခဲပါတယ်။
ခုအချိန်မှာ လူအများအပြား မျက်စိနာနေကြပါတယ်။
မျက်စိနာတာအပြင်
- နှာမွှန် ၊ နှာချေ
- ချောင်းဆိုး
- ကိုယ်လက်ကိုက် နုံးတာ အပြင်
- တချို့မှာ ဖျားကြပါတယ်
နီးစပ်ရာလူ တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်က လူတွေ အကုန် ကူးကုန်ပါတယ်
အဲ့ဒါကြောင့် အခုဖြစ်နေတဲ့ မျက်စိနာတာဟာ Virus ကြောင့်နာကြတာအဖြစ်နိုင်ဆုံးပါ ။

မျက်စိ ခဏခဏ ပွတ်တဲ့သူတွေဟာ ပထမတစ်လုံးဖြစ်ပြီး ၄-၅ ရက်ကြာရင် နောက်တစ်ဖက်ကူးတတ်ပါတယ်။ ***မပွတ်ကြပါနဲ့

ပွတ်ရင် Virus တွေဟာ လက်မှာပါသွားပြီး အဲ့လက်နဲ့ ထိသမျှ လူ အကုန် လိုက်ကူးနိုင်ပါတယ်။

😅😁 ကျွန်တော် ငယ်ငယ်ကဆို မျက်စိနာနေတဲ့သူ ကို ကြည့်မိရင် ကူးတယ် ထင်လို့ မျက်စိနာတဲ့သူကို မကြည့်ရဲပါဘူး ။ #ကူးစက်မှုက_ထိတွေ့မှုကနေကူးပါတယ် (Contact Transmission)

ခုဖြစ်နေတဲ့ Virus ဟာ Adenovirus ဖြစ်တယ်လို့ ဆိုကြပါတယ် (Adenovirus Conjunctivitis လို့ခေါ်ပါတယ်)

Virus ကြောင့်ဖြစ်လို့ ကိုယ်ခံအားက သူ့အလုပ်သူလုပ်ပါလိမ့်မယ်
ခံစားရတာသက်သာရအောင်ကတော့
- မျက်ရည်တုခပ်တာ (မျက်စိခြောက်တာ၊ ခိုးလို့ခုလုဖြစ်တာ သက်သာစေပါတယ်)
- ရေများများသောက်တာ
- အာဟာရပြည့်အောင်စားတာ
- ကောင်းကောင်းအနားယူတာ တွေအပြင်
- ရေစိုဝတ်လေးနဲ့ မျက်ခွံပေါ်ကပ်လို့ရပါတယ်

🚨 Virus ဖြစ်လို့ - ပိုးသတ်ဆေးပါတဲ့မျက်စဉ်းဆေး တွေဟာ အကျိုးမရှိပါဘူး
🚨 Virus ဖြစ်လို့ Steroid ပါတဲ့ မျက်စဉ်းတွေဟာ ကိုယ်ခံအားကျစေလို့ ဆေးသုံးကာမှ ပိုအန္တရာယ်များ စေပါတယ်။
ဆေးဆိုင်ကနေ မိမိသဘောနဲ့ မျက်စဉ်းတွေလျှောက်မခပ်ပါနဲ့။
__________
အပေါ်မှာ ရှင်းပြထားသလိုပေါ့
Conjunctivitis မျက်စိနာတာဟာ မျက်စိအဖြူရောင်မှာပဲဖြစ်လို့ အမြင်အာရုံကို မထိပါဘူး။
မျက်စိနာတာ အပြင် အမြင်တွေဝါးလာတာပါဖြစ်ရင် အလယ်က အမည်းရောင် Cornea ပါ ထိတာဖြစ်လို့ အရေးကြီးပါတယ် #မျက်စိဆရာဝန်_အမြန်ပြပါ 🚨

(Photo Credit;Alamy)

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ🙏💞

(page မှ)


အညော်မိရင်_အနာရင်းတတ်တယ်_ဆိုတာဟုတ်လား #ခွဲစိတ်ပြီးစလူနာ_အညော်မခံရဘူးဆို            မီးဖိုချောင်က ထွက်တဲ့အငွေ့တွေက အန္တရာ...
21/09/2023

အညော်မိရင်_အနာရင်းတတ်တယ်_ဆိုတာဟုတ်လား
#ခွဲစိတ်ပြီးစလူနာ_အညော်မခံရဘူးဆို



မီးဖိုချောင်က ထွက်တဲ့အငွေ့တွေက အန္တရာယ်ရှိ မရှိ မသိရင်တောင် အနံ့က တော်တော်ဆိုးပါတယ်။
အစားဆိုတာက စားလို့သာကောင်းတာ #စားလို့ကောင်းတယ်လို့_ဖြစ်လာရအောင် ပြင်ဆင်ချက်ပြုတ်ရတဲ့ အိမ်ထောင်ရှင်မတွေ (အိမ်ထောင်ရှင်ထီးတွေ/စားဖိုမှူးတွေ) အတွက်က အပင်ပန်းခံရသလို ရေရှည်မှာ ကျန်းမာရေးဆိုင်ရာဆိုးကျိုး တွေ ရှိလာနိုင်ပါတယ်။

Cooking Fumes (ဟင်းချက်ရာကထွက်တဲ့ အငွေ့) ပဲခေါ်ခေါ်
Kitchen Fumes (မီးဖိုချောင်ကထွက်တဲ့ အငွေ့) ပဲခေါ်ခေါ်
ညော်နံ့ပါပဲ (မွှေးတာလည်း ရှိတာပေါ့လေ 😁)

#အဲ့ဒီအငွေ့တွေထဲဘာတွေပါတုန်း ❓

- nitrogen dioxide,
- carbon monoxide,
- carbon dioxide,
- volatile organic compounds,
- carcinogens and others

ပြောရရင် အပူရှိန်ပြင်းပြင်း နဲ့ အသားကင်ရာက ထွက်လာတဲ့ အငွေ့ထဲမှာ polycyclic aromatic hydrocarbons (PAHs) ဆိုတဲ့ ကင်ဆာဖြစ်စေ နိုင်တဲ့ အငွေ့ပါဝင်ပါတယ်။

ဆိုးလား ဆိုတော့ ဆိုးတာပေါ့

ဒါပေမယ့် အဲ့အငွေ့တွေရှူမိတိုင်း ကင်ဆာဖြစ်ရောလား ဆိုတော့ 🚨 မဟုတ်ပါဘူး 🚨

ကျွန်တော်တို့ စားသောက်တဲ့အစာ၊ သောက်သုံးတဲ့ရေ၊ ရှူသွင်းတဲ့လေ တွေထဲမှာ ခန္ဓာကိုယ်ကြီးကို အန္တရာယ်ဖြစ်စေနိုင်တဲ့
- ဓာတုပစ္စည်းတွေ
- ပိုးမွှားတွေ
- ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး ရဲ့ချစ်ဖို့ကောင်းတဲ့အချက်က အဲ့ဒီဓာတ်ပစ္စည်းတွေကို အန္တရာယ်မပေးနိုင်တဲ့ ပစ္စည်းတွေ အဖြစ်ပြောင်းလဲပေးပြီး စွန့်ထုတ်ပစ်ပါတယ်။

အရာရာမှာ အတိုင်းအဆ ရှိတယ် ဆိုတဲ့အတိုင်းပေါ့
- အကင်တွေစားရင်
- ဆိုးဆေးတွေ တာရှည်ခံအောင်ထည့်တဲ့ ဓာတုပစ္စည်းတွေ
- ဓာတ်မြေဩဇာတွေ
- ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေ တရားလွန်များတဲ့ ကင်ဆာဖြစ်စေ အစားအသောက်တွေ တရားလွန်စားပြီး ခန္ဓာကိုယ်က ရှင်းပေးနိုင်တဲ့ ပမာဏထက် ပိုများလာတဲ့အခါ မှာတော့

👉 #ကင်ဆာ_ဖြစ်ကြပြီပေါ့

အဲ့လိုပါပဲ

နေ့စဉ်နေ့တိုင်း ဟင်းချက်နေရပြီး ညော်နံ့တွေ ရှူနေရတဲ့အခါ (ဆယ်စုနှစ်နဲ့ချီကြာလာတဲ့အခါ)

- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကတော့ ကျိန်းသေဖြစ်ပါတယ်

* အဆုတ်ပွ အဆုတ်ရောင်
* ပန်းနာရင်ကြပ်
* ထိပ်ခပ်နာ
* အဆုတ်ကင်ဆာ ထိတောင်ဖြစ်နိုင်ပါတယ်။

မဖြစ်ရအောင် ဘယ်လိုလုပ်ကြမလဲ ❓

အဲ့လို မကောင်းတဲ့ အငွေ့တွေနဲ့ Exposure (ထိတွေ့မှု) နည်းနိုင်သမျှနည်းရအောင်လုပ်ကြရမှာပါ

👉 ငွေကြေးတတ်နိုင်ရင်တော့ မီးဖိုအပေါ်မှာ အငွေ့စုပ်တဲ့ ပန်ကာ နဲ့ ခေါင်းတိုင်တွေ တပ်ကြပေါ့
လူတိုင်းလုပ်နိုင်တာကတော့
👉 မီးဖိုခန်းကို လေဝင်လေထွက် ကောင်းအောင် တံခါးတွေ အကုန်ဖွင့်ထားရပါမယ်

(အိမ်က အမေကလေ ဆေးလိပ်လည်း မသောက်ပဲ အဆုတ်ကင်ဆာဖြစ်သွားတယ် ဆိုတာ အကြောင်းရင်းတွေ အများကြီးထဲက လေဝင်လေထွက်မကောင်း တဲ့ မီးဖိုခန်းထဲမှာ အနှစ် ၃-၄ ဆယ်လောက် ထမင်းဟင်း ချက်နေရတာလည်း အချက်တစ်ချက်ပါပဲ)

_________
လူပြောများတဲ့ *အနာရှိရင်_ညှော်မခံ နဲ့ #အနာရင်းတတ်တယ် ဆိုတာကို ရှင်းရရင်။

အနာရှိရက် နဲ့ မီးဖိုခန်းဝင်ပြီး ချက်ပြုတ်နေရရင်တော့

1. အငွေ့တွေရှူသွင်းနေရတဲ့ အတွက် သွေးတွင်း Oxygen ပမာဏ နည်းလာနိုင်တဲ့ အတွက် အနာကျက်နှေးပါတယ်
2. ကောင်းကောင်းအနားမယူပဲ လှုပ်ရှားနေတဲ့အတွက် အနာကျက်နှေးပါတယ်
3. အပူတွေ နဲ့ အလုပ်လုပ်ရတဲ့ အတွက် ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေ နဲ့ မီးခိုးတွေ ဖုန်တွေ အမှုန်တွေ ရောပြီး ချေး(ဂျေး) တွေ ဖြစ်လာရာက အနာကို ပိုး ဝင်ပြီး အနာရင်း လာနိုင်ပါတယ်။
4. အလုပ်တွေလုပ် ပင်ပန်းပြီး အစာကျတော့ ကောင်းကောင်းမဝင်တဲ့အခါ အာဟာရချို့တဲ့ပြီး အနာကျက်နှေးပါတယ်

အဲ့ဒီအချက်တွေကြောင့် #အနာရင်းလာနိုင်သလို #အနာကျက်_နှေးရတာပါ။
_________
- အိမ်ဦးခန်းမှာ ငုတ်တုတ်ထိုင်ရင်း ညော်နံ့လေးခဏ ရှူမိရုံနဲ့ အနာကြီးရင်း မသွားပါဘူး။
- ဘေးအိမ်က ညှော် လုပ်တာကို ရှူမိရုံ နဲ့ အနာကြီးရင်း မသွားပါဘူး။
- လမ်းလျှောက်ထွက်ရင်း ညှော်နံ့ ရှူမိရုံ နဲ့ အနာကြီးရင်း မသွားပါဘူး။
________
" ရှေးထုံးလည်း မပယ်နဲ့" ဆိုတဲ့ စကားရှိတဲ့အတွက် အနာရှိတယ် ဆိုရင် ညှော်ကတော့ ရှောင်ရပါမယ်။

ရှောင်တယ် ဆိုတဲ့ နေရာမှာ ညှော်နံ့လေး ခဏလောက်ရလိုက်တာကို
- တအိမ်လုံးပတ်ရန်ရှာ နေဖို့ မလိုကြောင်း
- ဘေးအိမ်ကို ရန်သွားတွေ့ ရန်မလိုကြောင်း ရှင်းပြတာပါ

ယောက္ခမကြီး အနာရှိလို့ ညှော်နဲ့တိုက်သတ်မယ် ဆိုပြီး ငရုတ်သီးတွေ လှော်နေရင် ယောက္ခမကြီးကတော့ အနံ့ရှူရုံနဲ့က နှာချေရုံက လွဲပြီးတခြားမဖြစ်ပဲ အနီးကပ်ရှူရတဲ့ကိုယ်ပဲ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံရနိုင်လို့ အချီးနှီးပါနော် 😬😬😬
__________
နိဂုံးချုပ်ရရင်

- မီးဖိုချောင်ကထွက်တဲ့ အငွေ့တွေက ရေရှည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်
- အဲ့လို မဖြစ်ရအောင် မီးဖိုခန်းကို လေဝင်လေထွက်ကောင်းအောင် စီမံရပါမယ်
- ညှော်နံ့ရှူရုံ နဲ့ အနာမရင်းကြောင်း အကျိုးသင့်အကြောင်းသင့် သိကြမယ်ထင်ပါတယ်

ရှေးလူကြီးများက အနာရောဂါရှိလျှင် မြန်မြန်သက်သာရအောင် မီးဖိုခန်းမဝင်စေလိုလို့ "အနာရှိရင် ညှော်ရှောင်ရမယ်" လို့ ပြောကြားခဲ့ပုံရပါတယ်။

#ကျန်းမာရေးဗဟုသုတတိုးပြီး_သက်ရှည်ကျန်းမာ_စိတ်ချမ်းသာကြပါစေ🙏💞

(page)


 #ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ် #ဖျားတယ်_ကိုယ်လက်ကိုက်တယ်အဖျားကြီးတယ်၊ ကိုယ်လက်ကိုက်တယ်အနီစက်လေးတွေ ထွက်တယ် ဆိုရင်မ...
21/06/2023

#ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ်
#ဖျားတယ်_ကိုယ်လက်ကိုက်တယ်

အဖျားကြီးတယ်၊
ကိုယ်လက်ကိုက်တယ်
အနီစက်လေးတွေ ထွက်တယ် ဆိုရင်

မိုးတွင်းလည်းဖြစ်တယ် ခြင်တွေလည်း အရမ်းကိုက်တော့

#သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိထားကြပါဗျို့

🚨 🚨 🚨

#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး

ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷‍♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး

ဆေးရုံဆေးခန်းတွေ သွားဖို့ကလည်းမလွယ်ဘူး 😢သွားပြီး ဟိုက ကူးလာမှာလည်းကြောက်တယ် 😢
အိမ် Lock down ကျမှာကြောက်တယ် 😰
Quarantine နေရမှာကြောက်တယ် 😰

ဆိုတော့ကာ

🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့

👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး

😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး

Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ

#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်

Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ

>>>>>>>>

"Heat Stroke"ကို  #သတိထားအခုလို.. ပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေ တဆင့် ခန္ဓာကိုယ် သွေးက...
06/04/2023

"Heat Stroke"ကို #သတိထား

အခုလို.. ပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေ တဆင့် ခန္ဓာကိုယ် သွေးကြောထဲကို ရောက်ရှိသွားပြီး၊
အပူအအေး ဆန့်ကျင်ဘက် ဖြစ်စဉ်ပြင်းပြင်း
ထန်ထန် ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကို ရုတ်ချည်း၀င်ရောက်ခြင်း၊ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်းကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာ အပူအအေး ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး Heat Stroke မြန်မာလို ( #အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့ အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာ ပူလို့ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့် သွေးစီးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ ဒဏ်ကိုမခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊ သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး မာဆတ်နေပြီ ဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ ဟောင်းနွမ်းလာတဲ့ အခါ
မာကျွတ်လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့် အသက်ကြီးတဲ့လူတွေမှာ ပိုဖြစ်လွယ်ပါတယ်တဲ့။

အထူးသဖြင့် အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ အထူး သတိထား
သင့်ပါတယ်တဲ့။

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

Heat Stroke မဖြစ်အောင်
#ဒါတွေကို_ရှောင်ရပါမယ် တဲ့-

(၁) နေပြင်းချိန် အပြင်မထွက်ပါနှင့်၊
မလွဲသာလို့ ထွက်ရမယ် ဆိုရင်လည်း
အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။

(၂) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျင်
သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။

(၃)ရေသောက်လျင် ရိုးရိုးရေသောက်ပါ။
ရေခဲရေမသောက်ပါနှင့်။

(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသော
နေရာတွင်ဆင်းရမည်ဆိုလျင်မဆင်းမီက ကြိုတင်ရေသောက်ထားပါ။
အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက
ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။

(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီ
ချက်ခြင်းရေမချိုးပါနှင့်၊
မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။

(၆)ပူစပ်တဲ့အစာစားရင် ကိုယ်အပူရှိန်
တက်တတ်ပြီး၊ပူပြင်းတဲ့ နေ့လည်နှင့်
ညနေစောင်းတွေမှာ အရက်သေစာ
မသောက်စားသင့်ပါ။

(၇) ရေနွေးကြမ်းမှာ ဆားလှော်အနည်းငယ်
ခပ်သောက်တာဟာ ရှေးလူကြီးများ၏
အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့
အတွက် ကျင့်သုံးသင့်ပါတယ်တဲ့

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး
အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ် အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို ပေါ့ပေါ့ဆဆ သွားလာနေထိုင် လုပ်ကိုင်နေရုံနဲ့
မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင် သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း .....

#နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား.....။ ။

Ref:
#ကြည်လွင်မြင့်(မုဒြာ)
(၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါဆောင်းပါး)

Address

No. 398, Shwe Bon Tha Street(Upper Block), Pabadan Township
Yangon
11141

Telephone

+959752426422

Website

Alerts

Be the first to know and let us send you an email when Thita Min Special Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thita Min Special Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category