27/03/2026
ဒီလိုအလေ့အထတွေကနှလုံးသွေ:ကြောကျဉ်း / နှလုံးသွေ:ကြောပိတ်ရောဂါကိုဖြစ်စေတယ် ဖတ်ကြည့်ပေးနော်
_____________
“နှလုံးသွေကြောကျဉ်းရောဂါ” နှင့် “နှလုံးသွေကြောပိတ်ရောဂါ” ဆိုသည်မှာ ရောနှောသုံးစွဲနေကြပေမယ့် အနည်းငယ်ကွဲပြားမှုရှိပါတယ်။
နှလုံး ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ထောက်ပံ့ပေးနေရသော သွေလွှတ်ကြောများရှိပါသည်။
နှလုံးသွေလွှတ်ကြောများ၏အရွယ်အစားသည် အချင်း ၃-၅ မီလီမီတာသာရှိပါသည်။ ထိုနှလုံးသွေလွှတ်ကြောနံရံများတွင် အဆီများစုပုံလာသောအခါ သွေလွှတ်ကြော၏အချင်းသည် တဖြည်းဖြည်း ကျဉ်းလာမှာဖြစ်ပါတယ်။ ထိုအခါနှလုံးသို့သွေထောက်ပံ့ပေးနိုင်မှုလျော့နည်းလာမည်ဖြစ်ပါသည်။ သို့သော်နှလုံးသွေလွှတ်ကြော လုံးဝပိတ်သွားခြင်းမျိုးမဟုတ်ဘဲ နှလုံးကလိုအပ်သည့် သွေပမာဏကိုရရှိနေနိုင်ဦးမည်ဖြစ်ပါသည်။
ဆကတငနသနသတကတမသနသတသတစဆစဆစ
ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်း၊ လှေကားတက်ခြင်း နှင့် အလေးအပင်မခြင်း စသော နှလုံးပိုမိုအလုပ်လုပ်ရမည့်အခြေအနေတွင် နှလုံးသည် ပုံမှန်ထက်သွေပိုမိုလိုအပ်လာနိုင်ပါသည်။ ထိုအခါ နှလုံးသွေလွှတ်ကြောကျဉ်းနေပါက လိုအပ်သောသွေပမာဏကို အပြည့်အဝ ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် နှလုံးသွေကြောကျဉ်းပြီး နှလုံးကြွက်သား ထိခိုက်ကာ ရင်ဘတ်အောင့်ခြင်းကိုခံစားရပါမည်။ ဒီ အခြေအနေကို “နှလုံးသွေကြောကျဉ်းရောဂါ” ဟုခေါ်ပါသည်။
“နှလုံးသွေကြောကျဉ်းရောဂါ” ရှိသူများသည် ပုံမှန်အခြေအနေတွင် မည်သည့်ရောဂါလက္ခဏာကိုမျှခံစားရမည်မဟုတ်ဘဲ အပေါ်ကပြောခဲ့သည့် နှလုံးပိုမိုအလုပ်လုပ်ရသောအခြေအနေတွင်သာ ရောဂါ
လက္ခဏာပြလေ့ရှိပါသည်။ ဒါ့ကြောင့် ပထမတစ်
ကြိမ် ရင်ဘတ်အောင့်ခြင်းကိုခံစားရသည်နှင့် တပြိုင်နက် “နှလုံးသွေကြောကျဉ်းရောဂါ” ဟုတ်/မဟုတ်ေ သချာ စစ်ဆေ:ကာ ကုသကာကွယ်ရပါမည်။
ဘာကိုကာကွယ်ရမှာလဲဆိုတော့ ... “နှလုံးသွေကြောပိတ်ရောဂါ” မဖြစ်အောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။
ဆိုလိုသည်မှာ “နှလုံးသွေကြောကျဉ်းရောဂါ” သည် “နှလုံးသွေကြောပိတ်ရောဂါ” ၏ ရှေးဦးလက္ခဏာ ဖြစ်နေနိုင်တာပါ။
ဆတစနစနစနစနစစမစအစအစအပကပသအစမစနစတစတစတစတစတစတဟတစစ
“နှလုံးသွေ:ကြောပိတ်ရောဂါ” ဆိုတာကတော့ နှလုံးသွေ:လွှတ်ကြော လုံးဝ ပိတ်သွားပြီး နှလုံးကြွက်သားပုပ်ကာ နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်းကို ဆိုလိုပါတယ်။
ဒီလိုလူနာတွေမှာ နှလုံးသွေလွှတ်ကြောများသည် အချင်းရဲ့ ၈၀-၉၀% လောက် ပိတ်နေတာကို တွေ့ရပါတယ်။ ပြောချင်တာက နှလုံးသွေကြောကျဉ်းနေတာကို မသိဘဲ ကုသမှုမယူတဲ့အခါ ပိုပိုကျဉ်းလာပြီး နောက်ဆုံးမှာတော့ ပိတ်တဲ့အထိရောက်ရတာဖြစ်ပါတယ်။ အဲ့လို နှလုံးသွေကြောပိတ်ပြီး နှလုံးကြွက်သားပုပ်သွားတဲ့အခါ ရုတ်တရက် နှလုံးရပ်ကာ အသက်ဆုံးရှုံးနိုင်ပါတယ်။
“နှလုံးသွေကြောပိတ်ရောဂါ” လူနာတွေမှာ နှလုံးသွေလွှတ်ကြောကျဉ်းနေတာကို မသိရှိတာက ပြဿနာဖြစ်ပါတယ်။
သိပ်ပြီးလည်း လှုပ်လှုပ်ရှားရှား မလုပ်ရတဲ့သူအနေနဲ့ ပုံမှန်ချိန်မှာ နှလုံးက သွေလိုအပ်ချက်ကနည်းတော့ ၈၀% လောက်ထိပိတ်နေရင်ကို ဘာရောဂါလက္ခဏာမှမပြဘဲရှိနေနိုင်တာပါ။ တချိန်မှာ နည်းနည်းလေးပြင်းပြင်းထန်ထန် လှုပ်ရှားမှုရှိတာနဲ့ လိုအပ်သလောက် သွေမပေးနိုင်တဲ့ အခြေအနေမှာ နှလုံးကြွက်သား ပုပ်ပြီး ရုတ်တရက်နှလုံးရပ်သွားတတ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုရှိပါသေးတယ်။
ကျဉ်းနေတဲ့ နှလုံးသွေလွှတ်ကြောကို သွေခဲလာပိတ်ရင်လည်း ရုတ်တရက် နှလုံးသွေကြောပိတ်ပြီး နှလုံးကြွက်သားပုပ်နိုင်ပါတယ်။
ဒါကြောင့် “နှလုံးသွေကြောကျဉ်းရောဂါ” နှင့် “နှလုံးသွေကြောပိတ်ရောဂါ” မှာ ခံလိုက်ရတာက နှလုံးဖြစ်လို့ နှလုံးရောဂါလို့ သိထားကြပေမယ့် ကာကွယ် ကုသတဲ့ အပိုင်းမှာတော့ သွေထဲရှိ အဆီတွေကို လျှော့ချခြင်း နဲ့ သွေကျဲအောင်ဆေ:ပေးခြင်း တို့ ပြုလုပ်ရပါတယ်။
“နှလုံးသွေကြောကျဉ်းရောဂါ” နှင့် “နှလုံးသွေကြောပိတ်ရောဂါ” ဖြစ်နိုင်ချေများတဲ့ သူတွေကတော့
- သွေတွင်းအဆီ (Cholesterol) များတဲ့သူတွေ
- သွေတိုးရောဂါရှိသူတွေ
- သွေချို/ဆီးချို ရောဂါရှိသူတွေ
- ဆေလိပ်သောက်သူများ
- အ*ရက်အလွန်အကျွံသောက်သူများ နှင့်
- အ*ဝလွန်သူများ
ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့သူတွေမှာ “နှလုံးသွေ:ကြောကျဉ်းရောဂါ” ရှိနေမလားဆိုပြီး ပုံမှန်စစ်ဆေ:မှုလုပ်နေရမှာ ဖြစ်ပါတယ်။
စစ်ဆေ:သိရှိနိုင်တဲ့ နည်းလမ်းတွေကတော့
- နှလုံးကို အီး စီ ဂျီ ဖြင့် စစ်ဆေ:ခြင်း (Electrocardiography - ECG)
“နှလုံးသွေကြောကျဉ်းရောဂါ” ရှိသူများသည် ပုံမှန်အခြေအနေတွင် မည်သည့်ရောဂါလက္ခဏာကိုမျှခံစားရမည်မဟုတ်သောကြောင့် အီး စီ ဂျီ တွင် ပုံမှန်ဖြစ်နေနိုင်ပါတယ်။
ထိုကဲ့သို့ လူနာများတွင် လေ့ကျင့်ခန်း တစ်ခုခုလုပ်ကာ အီး စီ ဂျီ ဖြင့် စစ်ဆေ:ရနိုင်ပါတယ်။
သို့မှသာ နှလုံးပိုမိုအလုပ်လုပ်ရသောအခြေအနေဖြစ်သွားပြီး နှလုံးသွေ:ကြောကျဉ်း သည့် လက္ခဏာကို စစ်ဆေသိရှိနိုင်ပါတယ်။
- နှလုံးသွေလွှတ်ကြောနံရံထူလာခြင်းကို တိုင်းတာခြင်း (Heart Scan - Coronary Calcium Score)
နှလုံးသွေလွှတ်ကြော နံရံမှာ အဆီတွေ စုပြီး နံရံတွေထူလာတဲ့အခါ နှလုံးသွေလွှတ်ကြောပိတ်လာမှာ ဖြစ်ပါတယ်။ ဘယ်လောက်ထိ အဆီတွေ နှလုံးသွေလွှတ်ကြောနံရံမှာ စုပုံနေလဲဆိုတာကို စစ်ဆေတာဖြစ်ပါတယ်။
ဒီအဖြေကိုကြည့်ပြီး “နှလုံးသွေကြောကျဉ်းရောဂါ” ကနေ “နှလုံးသွေကြောပိတ်ရောဂါ” ကို ဖြစ်နိုင်ချေ ဘယ်လောက်ရှိကြောင်း နဲ့ ကုသမှုပေးဖို့ လို/မလို သိရှိနိုင်ပါတယ်။
- နှလုံးသွေကြော ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT Coronary Angiogram)
ဒါကတော့ နှလုံးသွေလွှတ်ကြောတစ်ခုချင်းစီကို ဘယ်လောက်ထိ ကျဉ်းနေလဲ/ပိတ်နေလဲ သိရှိနိုင်အောင် စစ်ဆေတာ ဖြစ်ပါတယ်။
ဘယ်လောက်ထိကျဉ်းလဲ နဲ့ ဘယ်သွေကြောမှာ ကျဉ်းနေလဲ ဆိုတာ တိတိကျကျ သိရင် ကျဉ်းနေတဲ့ သွေလွှတ်ကြောကို ပိုက်ထည့်ခြင်း (Stent) သို့မဟုတ် သွေကြောအစားထိုးထည့်ပေးခြင်း (Coronary Artery Bypass Graft - CABG) ကုသမှုပေးနိုင်မှာ ဖြစ်ပါတယ်။
“နှလုံးသွေကြောကျဉ်းရောဂါ” နှင့် “နှလုံးသွေကြောပိတ်ရောဂါ” ကို ကာကွယ်နိုင်ဖို့အတွက်
- အဝမလွန်စေရန် ကိုယ်အလေးချိန်ကို ထိန်းပါ။
- ဆ*လိပ်သောက်ခြင်းကို ဖြတ်ပါ။
- အ*ရက်လျော့သောက်ပါ။ ဖြစ်နိုင်ရင် လုံးဝ ဖြတ်ပါ။
- ဆီးချို/သွေချို ရှိပါက ဆေပုံမှန်သောက်ကာ သွေတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
- သွေတွင်းအဆီကျဆေနှင့် သွေကျဲဆေများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် စနစ်တကျ ပုံမှန်သောက်ပါ။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်
.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...____