09/09/2019
" အချိုမှုန့် နှင့် ကျန်းမာရေး"
အချိုမှုန့် သမိုင်း
၁၉၀၈- ခုနှစ်မှစ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံကြံ ၊ ပီလောပီနံဥ ၊ ရေညှိစသည့်
သဘာဝပစ္စည်းများနှင့် ပေါင်းစပ်ကာ ဂလူတာမိတ်
(GLUTAMAIE) ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင်
အရသာရှိသော (MONOSODIUMGLUTAMATE) MSG
ခေါ်အချိုမှုန့်ကိုရသည်။
အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍
(AJINOMOTO) ကမ္ဘာသို့ ဖြန်ချီလိုက်ရာ လူသားတို့နှစ်သက်စွဲလန်းသွားကြသည်။
နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို
အသုံးမပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။
ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ရောဂါအမျိုးမျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့် အန္တရာယ် ကို ကမ္ဘာ က သိလာကြသဖြင့် စီးပွားရေးသမားများက
နောက်ပုံစံတစ်မျိုးနှင့် ဟင်းခတ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုး
မျိုးတပ်ကြသော ကြက်သားမှုန့်တို့မှာ မှုလအချိုမှုန့်များ
ပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင်
မိုနိုဆိုဒီယမ် ဂလူတာမိတ်ကို တွေ့ရ၏ ။ (MONOSODIUM GLUTAMATE) ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့် ပိုမိုအန္တရာယ်ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး ၊ ပုဇွန်၊ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါနေသည်။)
အဆိုပါ ကြက်သားမှုန့်ကို တာရှည်စွာသုံးစွဲခြင်းကြောင့်
အသားပွစိစိ ၊ ဗိုက်ပူ၊ ခါးတုတ်၊ ဂုတ်သားတက်၊ မေးစိနှစ်ထပ်၊ မျက်လုံးအစ် ၊ လက်မောင်းတုတ် ၊ပေါင်မှာအထစ်ထစ်နှင့် ခြေသလုံးကြီး ဖြစ်နေကြ၏။
အချိုမှုန့် လွန်စွာစားသူများမှာ အဝလွန်ပြီးကင်ဆာအမျိုးမျိုး ၊ နှလုံးခုန်မြန် ၊ သွေးတိုး၊
အရေပြားကြမ်း၊ အပိန့်ထွက် ၊ မျက်စိမှုန် ၊ ရင်ကျပ် ၊ပန်းနာ ၊ ကျောက်ကပ်ပျက်စီး၊ ကိုယ်ဖောကိုယ်ရောင်၊
စိတ်ဂယောင်ခြောက်ခြား ၊ ဆီးချို ကျောက်တည်၊ လေပြေသွေးတွင်း အဆီမြင့်တက်အစရှိသော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
(ပင်လယ်စာ ၊ ငါး ၊ စပျက် ၊ မုန့်ညင်းတို့ဖြင့် ထုတ်လုပ်ထားသော သဘာဝဟင်းခတ်မှုန့်များကို သုံးစွဲသင့်သည်။)
စားသောက်ဖွယ်များ အရသာရှိပြီး စားကောင်းစေလိုလျှင် အရောင်မချွတ်ထန်းလျက်ကို
ပါးပါးလှီး၍ ဆားသင့်ရုံထည့်သုံးလျှင် အန္တရာယ်ကင်းသော ဟင်းခတ်မှုန့်ဖြစ်သည်။
အချို့မှုန့်ဆိုတာ ဘာလဲ.....?
ဘယ်လောက်များ အန္တရာယ်ပေးနိုင်လဲ သိချင်....
ရေရှည် မှန်မှန် စားသွားရင်
ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ
Monosodium glutamate MSG)လို့ခေါ်တဲ့
ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamicb Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုးပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့
အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား....?
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ
မဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။
Good Manufacturing Practice (GMP)
လို့်ခေါ်တဲ့ ကမ္ဘာအဆင့် ထုတ်လုပ်မှု စနစ်ကောင်း
(GMPစနစ်ရဲ့) အစားအသောက်တွေ ထုတ်လုပ်တဲ့
နေရာမှာ အချိုမှုန့် လုံးဝမပါပါဘူး ။အချိုမှုန့်ကို ရေရှည်
ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေရှိလာနိုင်မလဲ။
(၁) ..ဆီချိုမဖြစ်အောင် ထိန်းသိမ်းပေးတဲ့
အင် ဆူလင်ဟော်မုန်း (Insulin)ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောက်အယှက် တစ်ရပ်ဖြစ်စေလို့ ဆီချိုဖြစ်စေဖို့ ကောင်းကောင်းအထောက်အကူပြုပါတယ်။
(၂)... အစားအလွန်အကျွံ
စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအဝလွန်ခြင်းကို
တားဆီးပေးတဲ့ ဟော်မုန်းများကို ပါပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်းရောက်လာရင် သွေးတိုး ၊ ဆီချိုနှလုံးသွေးကြောပိတ်စတဲ့ အပေါင်းအဖော်တွေပါ
ပါလာပါလိမ့်မယ်။
(၃)...ဦးဏှောက်ဆဲလ်တွေကို မြန်မြန်ပျက်စီးယိုးယွင်းစေပါတယ်။
မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး
မေ့တတ်တဲ့ရောဂါတွေဖြစ်စေဖို့ အလားအလာ အရမ်း
များစေပါတယ်။
အချိုမှုန့်ကို မွေးကင်းစကတည်းကနေစပြီးစားတဲ့ကလေးတွေမှာ
ဥာဏ်ရည်ပိုင်း ယုတ်လျော့မှုရှိတာကို တွေ့ရှိရပါတယ်။
(၄) .. ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကိုလုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသား
အဆင့် ကြော်ငြာချက်တွေ ဥပဒေတွေ အလန့်တကြား
ထုတ်ခဲ့ရဖူးပါတယ်။
ဂျမန်ကျန်းမာရေးပညာရှင်တွေ ဘာတွေရလို့လဲဆိုတာ
စာဖတ်သူတို့သိပါသလား.....
အချိုမှုန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်းစွမ်းရည်ကျဆင်း၍မတိုးတော့ခြင်း
(Insulin - resistant) မွေးရာပါ ဖြစ်လာတာတွေ့
ရပါတယ်။ ဒါကြောင့် ဒီကလးတွေဟာ ကြီးလာရင် ဆီချိုဖြစ်ဖို့ သေချာသလောက်ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ ဆီချိုဖြစ်ပွားနှုန်း
မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
(၅).., နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေ
အချိုမှုန့်စားတဲ့အကျင့်ကြောင့် မွေးလာတဲ့ကလေးတွေရဲ့ medulla oblongate,
thalamus, orhypothalamus ဆိုတဲ့ ဦးဏှောက်အစိတ်အပိုင်းတွေ မှာရှိတဲ့ အာရုံကြောဆဲလ်တွေကိုပျက်စီးစေပါတယ်။
ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို
အဓိကထိန်းချုပ်တဲ့ ဦးဏှောက် ဧရိယာတွေဖြစ်လို့
ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက်
အလွန်အကျွံ စားတဲ့ အကျင့်ရှိတာ အဝလွန်ပြီး ရောဂါတွေထူစေတတ်တာ ၊ ကမ္ဘာတစ်ဝန်းလေ့လာတွေ့ရှိထားပါတယ်။
(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသားကျန်းမာရေး /
လူမှုရေး ဝန်ထုပ်ဝန်ပိုး(National Health /Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင်
အချိုမှုန့်ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့ လူမျိုးအကျိုးရှိစေမယ့်တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း
နစ်နာပါတယ်။)
(၆) ..မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း
ကျဆင်းခြင်းတွေဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ်တရုတ်စားတော်ဆက် ရောဂါစု ဖြစ်စေနိုင်ပါတယ်။
ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ ၊ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း ၊ ခေါင်းအရမ်းထိုးကိုက်ခြင်း ၊ခေါင်းမူခြင်း၊ မျက်နှာ မှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊
ဗိုက်အောင့်ခြင်း ၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့
အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပါတယ်။
(၇)... ပန်းကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါအပါအဝင် ကိုယ်တွင်းကလီစာ
တစ်ခုခု ရောင်ယမ်းတဲ့ရောဂါရှိနေသူတွေ ၊ အသက်ကြီးရွယ်အိုတွေ ၊ စာသင်ကြားနေတဲ့ကျောင်းသား ကျောင်းသူတွေအထူး
ရှောင်ကြဉ် သင့်ပါတယ်။
(၈)... လူအများစုဟာ ဆားက အငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့
ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင်
သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ
သွေးတိုးရောဂါကို ဖြစ်စေပါတယ်။
ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့်စွဲလန်းနေခြင်းကို
ဘယ်လို လျှော့ချအမြစ်ဖြတ်ကြမလဲ....
(၁)... လျှော့ ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်က
အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့
အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့ ။
(၂).. ယေဘုယျလမ်းညွန်
(General Guideline) အရပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့်
လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့ ။
ဒါဆိုရင်တော့ အန္တရာယ်နည်းတယ်လို့သိရပါတယ်။
(၃)... ရယ်ဒီမိတ် အစားအသောက်တွေအားလုံးနီးပါးမှာ
အချိုမုန့်ပါပြီးသားဆိုတာ သတိထားပါ။
ဘယ်တော့မှ အချိုမှုန့်ထပ်မထည့်ပါနဲ့ ။
(၄)... ရယ်ဒီမိတ်စားစရာတွေဝယ်ရင် လေဘယ်လ်ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှုပမာဏကို
ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်
ပစ္စည်းစာရင်း (Ingredient List)ရဲ့ အောက်ဆုံးမှာ အချို မှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏအတိအကျပါပါတယ်။
(၅)... ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုဇွန်ခြောက် ၊ ငါးပိစတာတွေ)ကို ပြန်လည်အစားထိုး
သုံးသင့်ပါပြီ။
ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ
ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချို မှုန့် မစားခဲ့ကြတာလည်း ပါပါတယ်ခင်ဗျား။
များပြားလှတဲ့အစားအသောက် တွေကြောင့်
ထူပြောလှတဲ့ရောဂါများ မဖြစ်အောင် စားလိုစိတ်ကို
ချုပ်တည်းနိုင်ကြ၍ အနာရောဂါ ဘေးဘယာများကင်းဝေးကြပါစေသား။
Credit တက္ကသိုလ် လုလင်
ကျန်းမာရေးအတွက် မှတ်သားစရာ 📖
ဝေမျှသည်။
Nann Hlaing Kalayar Win