Sae Paing Family Clinic စေပိုင်မိသားစုဆေးခန်း
  • Home
  • Myanmar
  • Yangon
  • Sae Paing Family Clinic စေပိုင်မိသားစုဆေးခန်း
Sae Paing Family Clinic စေပိုင်မိသားစုဆေးခန်း QUALITY HEALTH CARE
16/12/2021
ဆွေမျိုးအချင်းချင်းသွေးမလှူသင့်ကြောင်းရှင်းလင်းချက်
အမျိုးသားသွေးဌာန၊ တာဝန်ခံ ဒေါက်တာသီတာအောင်နှင့် တွေ့ဆုံခြင်း
05-Mar-2018 tagged as ကျန်းမာရေး သွေးလှူရှင်
“အဓိကတော့ အမျိုးအချင်းချင်း သွေးမသွင်းတာအကောင်းဆုံးပဲ”
ဆွေမျိုးအချင်းချင်း သွေးလှူဒါန်းခြင်းကြောင့် သွေးလက်ခံသည့်သူသည် ရက်ပေါင်း ၃၀ အတွင်း အသက်သေဆုံးနိုင်သည်ဟုဆိုသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ပြည်သူလူထု ဗဟုသုတရရှိစေရန်နှင့် သတိပြုမိစေရန်အတွက် အမျိုးသားသွေးဌာန၏ တာဝန်ခံဒေါက်တာသီတာအောင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
Voice : အမျိုးအချင်းချင်း သွေးလှူဒါန်းလို့မရဘူးဆိုတာ ဟုတ်ပါသလား ဆရာမ။ ဒီအကြောင်းလေးကို ရှင်းပြပေးပါဦး။
Dr.TDA : အမျိုးအချင်းချင်း သွေးသွင်းရင်ဖြစ်တာကို ပြောတာပါ။ ဒါကို နည်းပညာပိုင်းအခေါ်အရတော့ Transfusion Associated Graft Vs Host Disease (TaGvHD) လို့ ခေါ်တယ်။ အဓိက ဘာဖြစ်တာလဲဆိုတော့ Host ဆိုတာက လူနာ၊ Graft ဆိုတာက သွင်းလိုက်တဲ့သွေး၊ သွေးလှူရှင်ဆီကသွေး။ ဒီတော့ လူနာထဲကို သွေးလှူရှင်ဆီက သွေးသွင်းလိုက်တယ်။ အဲဒီအချိန်မှာ လူနာရဲ့ကိုယ်ထဲမှာ သွေးလှူရှင်ရဲ့သွေးထဲက Mature T Lynphozytes ဆိုတဲ့ စစ်သားတွေရှိတယ်။ အဲဒါတွေက ပျံ့သွားတယ်။ အလှူရှင်ဆီကဟာက လူနာရဲ့ကိုယ်ထဲရောက်မှဖြစ်တာ။ T Lynphozytes ဆိုတာ ခန္ဓာကိုယ်မှာ ကိုယ်ခံအားနဲ့ပတ်သက်တဲ့ ဆဲလ်တွေရှိတယ်။ T၊ B၊ NK ဆိုတဲ့အထဲကမှ T ဆိုတဲ့ Lynphozytes က စထွက်ခါစမှာ မရင့်ကျက်ဘူး။ တစ်ခုနဲ့တစ်ခု မတူဘူးပေါ့။ ဒါတွေက တော်တော်ခက်ခဲနက်နဲတဲ့အရာပေါ့။ ခန္ဓာကိုယ်ကနေ ပြန်တိုက်ထုတ်ရမယ့် Lynphozytes ဆဲလ်တစ်မျိုးက လူနာကိုယ်ထဲရောက်ပြီးပျံ့တော့ လူနာမှာရှိနေတဲ့ ဆဲလ်တွေနဲ့ လိုက်တိုက်တာ။
Voice : အဲဒီဆဲလ်တွေကနေ လူနာကို ဘာတွေ ဆက်ဖြစ်စေနိုင်ပါသလဲ ဆရာမ။
Dr.TDA : ဒီတော့ ဘာတွေဖြစ်လဲဆိုတော့ သူ့ဘက်က စစ်သားနဲ့ လူနာထဲကစစ်သားနဲ့ တိုက်တာ။ တိုက်တဲ့အခါကျတော့ လူနာထဲမှာရှိနေတဲ့ ကိုယ်ခံအားကို စောင့်ရှောက်ပေးတဲ့သူတွေက အပြင်ကဝင်လာတဲ့ T Lynphozytes တွေက အမျိုးလို့ ထင်ထားတယ်။ ပုံစံတွေက မတိမ်းမယိမ်းဖြစ်နေတော့ လူနာက ဝင်လာတဲ့ဟာကို ကိုယ်နဲ့တော်တော်ညီတော့ (Self-ကိုယ်) လို့ပဲမှတ်တယ်။ ဒါပေမဲ့ ဝင်လာတဲ့ကောင်က စွမ်းအားများပြီးတော့ Self လို့မှတ်ထားတဲ့ဟာကို တိုက်ပစ်လိုက်တာ။ တိုက်လိုက်တော့ အဓိကထိတာက ခြင်ဆီကိုထိသွားတယ်။ ပြီးရင် အသည်းရဲ့ဆဲလ်တွေနဲ့ အစာအိမ်လမ်းကြောင်းကို ထိတယ်။ အပြင်ကနေ ရန်သူဝင်မှာကို ခန္ဓာကိုယ်က သဘာဝကြီးက တားထားတယ်။ အပြင်ကဝင်ရင် အရေပြားကကာရမယ်။ အစားကဝင်ရင် အူကကာရမယ်။ ထွက်လာတာမှန်သမျှကို ခြင်ဆီကနေပြီးတော့ ရန်သူကိုတိုက်ဖို့အတွက် စစ်သားထုတ်ပေးရတယ်။ တော်တော်များများက သွေးလည်ပတ်တာကနေ လည်သွားလို့ရှိရင် အသည်းထဲကျရင် စားပစ်တော့ စားတဲ့နေရာတွေမှန်သမျှကို တိုက်ပစ်တော့ အရေပြားမှာ ခြစ်ရာတွေပေါ်သွားတယ်။ လူက ဝလာတယ်။ ဝမ်းလျှောတယ်။ အဓိကက ၂၁ ရက်လောက်ဆိုရင် သေချာပေါက် ၉၉ ဒသမ ၉ ရာခိုင်နှုန်း အသက်ဆုံးရှုံးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ဘာမှအကာအကွယ်မရှိတော့ဘဲ ရောဂါပိုးတွေဝင်တယ်။ သွေးသွင်းခြင်းကို ကြောက်စေချင်တာပေါ့။ သွေးသွင်းခြင်းဆိုတာက သွေးဆိုတဲ့အနီလေးတွေမဟုတ်ဘဲနဲ့ အဲဒီသွေးထဲမှာ တစ်ယောက်နဲ့တစ်ယောက် အမြွှာချင်းတောင်မတူတဲ့ ကိုယ်ခံအားစနစ်တွေ အကုန်ပါသွားတယ်။ ဒါကြောင့် လူနာကနေ သွင်းလိုက်တဲ့သူနဲ့ မတိမ်းမယိမ်း အမျိုးဖြစ်နေတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ လက်ခံလိုက်ပေမယ့် သူက ကိုယ်ခံအားနည်းနည်းကျနေတဲ့အချိန်မှာ ဝင်လာတဲ့ကောင်က သူ့ကိုပြန်တိုက်သွားတာပေါ့။ သွေးပေးတဲ့သူမှာ ရောဂါဘာညာရှိလို့ မဟုတ်ဘူး။ ဒါက သဘာဝပဲ။
Voice : အမျိုးအချင်းချင်း သွင်းလို့မရဘူးဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.TDA : အဖေ၊ အမေအတူတူဆို မရဘူး။ ယောကျာ်းနဲ့ မိန်းမဆိုရတယ်။ အမျိုးဆိုတာက သွေးနှော (Blood Related) ဖြစ်ရမယ်။ ကိုယ့်အဖေဘက်က အမျိုးတွေနဲ့မရသလို ကိုယ့်အမေဘက်က အမျိုးတွေနဲ့လည်းမရဘူး။ အိမ်ထောင်သည် အချင်းချင်းရတယ်။ သူတို့က မွေးလာတဲ့ကလေးတွေမှာ အသားဝါတာဖြစ်တယ်။ ဝါရင် သွေးချိန်းတာတွေလုပ်ရတယ်။ အဲဒီလိုအချိန်ကျရင် သူ့အဖေရဲ့သွေးနဲ့ ချိန်းတာတွေမလုပ်သင့်ဘူး။ မဖြစ်လို့လုပ်ရမယ်ဆိုရင် ဝင်သွားမယ့် Lynphozytes တွေကို သတ်ရတယ်။ ဘာနဲ့သတ်ရသလဲဆိုတော့ Radiation (ဓာတ်ရောင်ခြည်) နဲ့ သတ်ရတယ်။ Gamma Irradiator ဆိုတဲ့စက်နဲ့ပါ။ Lynphozytes တွေ ပွားမယ့်ဟာကို Radiation က ဖြတ်ပစ်လိုက်တာ။ မဖြစ်လို့သွင်းရမယ်ဆိုရင် Irradiate လုပ်ပြီးမှ သွင်းရတယ်။
Voice : ဒီလိုအမျိုး အချင်းချင်း သွေးသွင်းလို့မရဘူးဆိုတာ အခုမှဖြစ်လာတာလား ဆရာမ။
Dr.TDA : ဟိုအရင်တုန်းကတော့ ဘာဖြစ်မှန်းမသိဘူး။ အခုတော့ အကြောင်းရှာနိုင်တာပေါ့။ စဖြစ်ကတည်းက ငါတို့ အခုမှဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ သွေးသွင်းလိုက်တယ်။ တစ်ခုခုဖြစ်သွားတယ်။ ဒါပေမဲ့ သွေးသွင်းလို့ဖြစ်တာလား၊ မဖြစ်တာလားဆိုတာ မသိသေးဘူး။ နောက်ပိုင်းကျတော့ ဆရာမတို့က စုံစမ်းစစ်ဆေးနိုင်တဲ့နည်းလမ်းတွေ အရမ်းတိုးတက်လာတဲ့အခါကျတော့ သုတေသနတွေလုပ်ရင်းနဲ့ အကြောင်းရင်း အခုမှပေါ်တာပေါ့။ ဖြစ်တာက အရင်တုန်းကတည်းက ဖြစ်ချင်ဖြစ်မယ်။ သွေးသွင်းလိုက်တယ်။ ၂၁ ရက်၊ တစ်လလောက်ကြာမှ အသားတွေဝါတယ်။ ဝမ်းတွေလျှောပြီး ဆုံးသွားတတ်တယ်။ ဘယ်သူကမှ သွေးကြောင့်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် တခြားတိုင်းပြည်တွေမှာ သွေးသွင်းပြီးတဲ့ လူနာတစ်ယောက်က ဘယ်အချိန်မှာ တစ်ခုခုပြန်ဖြစ်ဖြစ် Report ပြန်တင်ရတယ်။ ဒါကဘာကြောင့်ဖြစ်နိုင်သလဲဆိုတာကို ဖြစ်တဲ့လက္ခဏာတွေနဲ့ ထင်တဲ့အကြောင်းတွေကို စုံစမ်းပြီး Test တွေ လုပ်ရတယ်။ အခု Test တွေလုပ်တာပိုပြီး တိုးတက်လာတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ ဒါကြောင့်ဖြစ်တာ သိသွားတဲ့အတွက် ဘယ်လိုကာကွယ်ရမလဲ၊ Radiation မသုံးနိုင်တဲ့အချိန်ကျရင်တော့ မသွင်းတာ အကောင်းဆုံးပဲ။
Voice : ဒီကိစ္စကို ဘယ်တုံးလောက်က စသိတာလဲ။
Dr.TDA : ဖွံ့ဖြိုးပြီးတိုင်းပြည်တွေ သိတာကတော့ ၂၀ ရာစုလောက်တည်းက စသိနေပါပြီ။ ဆရာမတို့ဆီမှာကတော့ ဒီလိုမျိုး နှစ်ယောက်လောက်ပဲ တွေ့သေးတယ်။ ဆရာမတို့က စုံစမ်းလေ့လာမှုတွေ မလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ ဖြစ်တဲ့လက္ခဏာတွေနဲ့ ဒီကိစ္စရဲ့ လက္ခဏာတွေကိုပေါင်းပြီးတော့ သတိထားမိတာပေါ့။ သူတို့ဆီက ဗဟုသုတတွေရလာတယ်။ ၂၀၁၀ ခုနှစ်လောက်ကျော်တော့မှ ပိုပြီး Awareness ဖြစ်လာတာပေါ့။ တွေ့ခဲ့တဲ့လူနာနှစ်ယောက်လုံးကတော့ သေသွားတာပေါ့။ သွေးလှူလိုက်တဲ့သူကတော့ ဘာမှမဖြစ်ပါဘူး။ သွေးလက်ခံတဲ့သူမှာလည်း အမြဲတမ်းဖြစ်မယ်တော့ မဟုတ်ဘူးပေါ့။ သူက ကံတရားလို့ပြောသော်လည်း သွေးလက်ခံတဲ့သူရဲ့ ကိုယ်ခံအားပေါ် မူတည်တာပေါ့။ သူ့ကိုတိုက်တဲ့သူကို ပြန်တိုက်နိုင်ရင်တော့ ဘာမှမဖြစ်ဘူး။ သူက မတိုက်လိုက်မိလို့ဖြစ်သွားတာ။ အဓိကတော့ ကိုယ်ခံအားကျနေတဲ့သူတွေမှာ ပိုဖြစ်တတ်တာပဲ။
Voice : Radiation သုံးတယ်ဆိုတာကို ရှင်းပြပေးပါဦး။
Dr.TDA : ထည့်မယ့်သွေးအထုပ်ကို Gamma Irradiator ထဲ ထည့်လိုက်တာပေါ့။ ထည့်ပြီး Radiation ပေးရတယ်။ သုံးမိနစ်၊ လေးမိနစ်အတွင်းမှာ အကုန်သေသွားတာ။ ဒီလိုထည့်သတ်လိုက်မယ်ဆိုရင်တော့ သွေးကို အသုံးပြုလို့ရတယ်။
Voice : Gamma Irradiator နဲ့ ဆဲလ်ကို သတ်ပေးတာက မြန်မာနိုင်ငံမှာရော လုပ်ဆောင်ပေးနေပြီလား ဆရာမ။
Dr.TDA : ဆရာမတို့ဆီမှာ Irradiator မရှိဘူး။ သူက ဒေါ်လာငါးသိန်းလောက် တန်ဖိုးရှိတယ်။ ဆရာမတို့က အခုခြင်ဆီလဲတဲ့သူတွေအတွက်တော့ မြောက်ဥက္ကလာဆေးရုံမှာ တစ်လုံးဝယ်ထားတာတော့ ရှိပါတယ်။
Voice : အမျိုးအချင်းချင်း သွေးလှူလို့မရဘူးဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာမအနေနဲ့ သွေးလှူဒါန်းတဲ့အခါ သတိပြုနိုင်မှာတွေကို ပြောပြပေးပါဦး။
Dr.TDA : အဓိကတော့ ကိုယ့်အမျိုးလိုရင် ကိုယ့်အမျိုးပေးမှပဲရမယ်ဆိုတဲ့ အခြေအနေက ရိုးရိုးသာမန်လူတွေ မပေးထားလို့ပေါ့။ သူများတိုင်းပြည်မှာကတော့ ကလေးတွေပေးတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှန်သမျှကို Irradiate Blood ပေးတယ်။ ဆရာမ တို့ဆီမှာ Irradiate Blood က မသုံးနိုင်ဘူး။ မသုံးနိုင်တဲ့အခြေအနေမှာ တကယ်လို့ လူနာသည် သူ့ရဲ့ကိုယ်ခံအား နည်းနည်းကျနေခဲ့မယ်ဆိုရင် ဖြစ်တတ်တယ်။ လူနာကိုယ်ခံအားကျရင် ဖြစ်နိုင်တဲ့တခြားအကြောင်းတွေလည်းရှိတယ်။ ဒါကြောင့် ဖြစ်နိုင်တယ်ဆိုရင်တော့ အမျိုးပေးမှရတော့မယ့် အခြေအနေမျိုးမဖြစ်အောင် သွေးလှူဘဏ်မှာ တခြားလူပေးထားတဲ့ သွေးတွေပြည့်နေမယ်ဆိုရင်တော့ မလိုတော့ဘူး။ ပေးခဲ့ရင်တော့ လွှဲပေးလို့ရတာပေါ့။ ကိုယ့်အမျိုးပေးမှ ရမယ်ဆိုတဲ့အခြေအနေမျိုး မဖြစ်အောင်လုပ်ရမှာပေါ့။ အဓိကကတော့ အမျိုးသွေးမှပေးရလောက်တဲ့ အခြေအနေမျိုးမဖြစ်အောင် စေတနာသွေးလှူရှင်တွေ ထောက်ပံ့ထားခဲ့မယ်ဆိုရင် ဆရာမတို့က ရှောင်လွှဲလို့ရသွားတာပေါ့။ ဒီကိစ္စက Irradiation မလုပ်သရွေ့ကတော့ ဘယ်သူဖြစ်မယ်ဆိုတာ ပြောလို့မရဘူး။ အဓိကတော့ အမျိုးအချင်းချင်း သွေးမသွင်းတာအကောင်းဆုံးပဲ။ အမျိုးအချင်းချင်းဆိုတာက Blood Related ကို ပြောတာပေါ့။
Voice : ဆရာမအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုကို သတင်းစကားပါးပေးပါဦး။
Dr.TDA : ဆရာမကတော့ လူငယ်လေးတွေကို ပြောချင်တာက ရက်ပေါင်း ၁၂၀ ကြာရင် ပိုနေမယ့်သွေးနဲ့ လူနာတွေ မလိုတဲ့အချိန်တည်းကကို လာရောက်ထောက်ပံ့ပေးခြင်းက ဒီလိုအမျိုးချင်း မဖြစ်မနေပေးရတဲ့အခြေအနေကို ကြုံလာမှာမဟုတ်ဘူး။ ဒါကြောင့် အခုကတည်းက စေတနာသွေးလှူရှင်စနစ်ကို လူငယ်တွေထဲမှာ မွေးမြူပြီး ထူထောင်လိုက်မယ်ဆိုရင်တော့ ဒါတွေအကုန်လုံးက ပပျောက်သွားမှာပါ။
Voice : ဟုတ်ကဲ့။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင
Crd # # #နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး
20/07/2021
⚠️⚠️⚠️ သေချာ ဖတ် ပါ ⚠️⚠️⚠️
တကယ်အရေးကြီးတဲ့အချက်ပဲ
အားဆေးပဲထိုးချင်တာ ဖျားပြီးမစားနိူင်တာကို
ဆေးမချိတ်ပေးလို့စိတ်ဆိုးကြတာ‌ ဖတ်ကြည့်ပါ။
ကိုဗစ်မှာလေ အရေးကြီးဆုံးက လူနာနဲ့ လူနာရှင်ရဲ့ စိတ်ဓာတ်ပါပဲ
အခုအတွေ့အများဆုံး ပြသနာက ဘာလဲဆိုတော့ လူနာကော လူနာရှင်ကောက အရမ်း.အလွယ်လိုက်ချင်ကြတာပဲ
စဖျားပြီဆိုတာနဲ့ အထပ်ထပ်မှာတယ်
အစားကို ဝင်အောင်စားပါ မဝင်ဝင်အောင်ကျွေးပါလို့ မှာတယ်
မစားချင်ဘူးဆိုပြီး ပေတေပြီးနေတယ်
၁၅၀၀၀ အကုန်ခံပြီး ကောင်းကောင်းမွန်မွန်ချက်ပြုတ်ထားတဲ့ အစားကို စားဖို့ထက် အားဆေးသွင်းဖို့ကို ပိုစိတ်ဝင်စားတယ်
ဖျားတယ် ကိုယ်လက်နာတယ်ဆို Paracetamol လောက်ပဲသောက်ပါဆိုရင်
ဟင့်အင်း မရဘူး အကိုက်အခဲပျောက်ဆေးမှ ထိုးချင်တယ်
မြန်မြန်သက်သာမယ့် အကိုက်အခဲပျောက်ဆေး ပြင်းပြင်းမှ သောက်ချင်တယ်
အဲ့တော့ ဘာဖြစ်လဲ အစာအိမ်တွေနာတယ် အန်တယ်
အစားမဝင်တော့ဘူး ပိုဆိုးတယ်
အဲ့ခါကျ ဆေးသွင်းချင်တယ်ဆိုပြီး ဂျာအေး သူ့အမေရိုက်တယ်
ဖျားတာ ချောင်းဆိုးတာ အားမရှိတာ ဘာညာလက္ခဏာတွေက ပိုးကြောင့်ဖြစ်တာ
ပိုးကို ကိုယ်ခံအားက မတိုက်နိုင်သရွေ့ အဲ့ဒါတွေဖြစ်နေမှာ
ကိုယ် ခံ အား ကောငျးဖို့ အစားဝင်အောင်စားပါ အရည်များများသောက်ပါ ကိုယ်လက်လှုပ်ရှားပေါ့ပေါ့ပါးပါးလုပ်ပြီး စိတ္ကို လျှော့ပါလို့ ပြောရင် လိုက်မလုပ်ချင်ကြဘူး
လူမမာကြီးလို အိပ်ရာထဲ ပစ်လှဲပြီး သူများတွေပြောသမျှ အားဆေးဆိုတာမှန်သမျှကို အားကိုးပြီး သောက်မယ်
ကိုယ်တိုင်အားထုတ်ရမှာဆို ဘာမွ မလုပ်ချင်ကြဘူး
မှောက်နေပါဆိုလဲ မမှောက်ချင်ဘူး
အစားဝင်အောင်စားပါဆို မစားချင်ဘူး
အဲ့လိုလူနာမျိုးကိုတော့ ကျနော်တို့ လုပ်ပေးရ အရမ်းခက်ပါတယ်
နောက်တစ်မျိုးက ခုချိန်ထိ ကိုဗစ်ဆိုတာကို လက်မခံနိုင်တဲ့သူတွေပါ
ဖျားတယ် နေမကောင်းဖြစ်ပြီဆို ဒီအချိန်မှာ ကိုဗစ်ပဲလို့ တွေးထားပါ
အဲ့လိုတွေးရတာ ဘာများပင်ပန်းလို့လဲ
အချို့တွေက ဇွတ်ကို ရိုးရိုးတုပ်ကွေးကြတာ
ဆရာဝန်အချို့တောင် ပါသေးတယ်
အနံ့ပျောက်နေတာကိုတောင် ရိုးရိုးတုပ်ကွေးပါလို့ ဇွတ်ငြင်းချင်ကြသေးတယ်
ထားပါ ဘာပဲ ဖြစ်ဖြစ် ကိုဗစ်နဲ့ ရိုးရိုးတုပ်ကွေး ဘာကြာလဲ
သောက်ရတဲ့ဆေးက ဘာမွ မကြာဘူး
ကိုဗစ်မှာက စဖြစ်တဲ့ရက်ကနေ ၅ ရက်နဲ့ ၁၀ ရက်အတွင်း က အောက်ဆီဂျင်ကျတတ်တယ်
အဲ့ဒါလေးကို သတိထားဖို့ပဲ လိုတာ
အဲ့ဒါကို သတိမထားပဲ ပေါ့ပေါ့နေကြလို့လဲ သေကြတာ
အစောပိုင်း အောက်ဆီဂျင်ကျတာကို မသိကြဘူး
ဘယ်သိမလဲ မောမှမမောတာ ( အဲ့ဒါကလဲ ကိုဗစ်ရဲ့ ထူးခြားချက်ပဲ)
မောလာတာတို့ နုံးတာတို့ဖြစ်တဲ့အချိန်ကျ အောက်ဆီဂျင်က ထိုးကျနေပြီ
အဲ့အချိန်မှဆို အရမ်းစိတ်ပူရပြီ
အာ့ကြောင့်ပဲ အောက်ဆီဂျင်တိုင်းပါလို့ တဖွဖွမှာနေတာ
တကယ်အရေးပါတဲ့ အောက်ဆီဂျင်တိုင်းတဲ့စက်ကျ မဆောင်ကြဘူး
အရေးမပါတဲ့ အားဆေးတွေကျရင်တော့ စျေးကြီးပေးလုယက်ပြီး ဝယ်ကြတယ်
တွေ့နေမြင်နေတာတွေကိုသာ စိတ်တိုနေရရင် ဘာမှတောင် ဆက်လုပ်မနိုင်ဘူး
ပြီးတော့ အရမ်းလဲ တတ်ကြတယ်
နားလည်တဲ့သူတွေကို မေးကြပါဆို ဟင့်အင်း ကိုယ့်ဘာသာရသမျှ ဆေးမြီးတိုနဲ့ကုကြ
မှာတာတွေကိုလဲ သေချာမလိုက်နာကြနဲ့
ဟူး ပြောရင် မကုန်တော့ဘူး
အဲ့ထဲမှာမှ ပြောရအခက်ဆုံးက အသက်ကြီးတဲ့ လူကြီးတွေပဲ
ခုနောက်ပိုင်း လူငယ်တွေက တော်တော် ပြောလို့ရလာပြီ
ဆေးက အစ ဒါသောက်သင့်လားဆရာဆိုတာ လာမေးတယ် မလိုပဲ မသောက်နဲ့ဆိုတာကို လက်ခံလာပြီ
ဘာလာလာသောက်ပြီး ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို အခံရဆုံးကလဲ လူကြီးတွေပဲ
ခုနောက်ပိုင်းတော့ တိုတိုပဲမှာတော့တယ်
မသေချင်ဘူးမလား မှောက်အိပ်တတ်အောင်အိပ်
အသက်ရှင်ချင်တယ်မလား အစားဝင်အောင်စားလို့...
Crd
13/07/2021
ကလေး ကိုဗစ်
အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ
ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)
ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ
၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်
၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ
၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ
နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအ​ေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်
နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်
ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​ေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်
အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်
မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ
ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
Cred: Prof Saw Win
စေပိုင် မိသားစုဆေးခန်းမှ Dr. ဇေယျာအောင်သည် 27.11.2017 မှစ၍ "ခေတ်သစ် မိသားစုဆေးခန်း"တွင်အပတ်စဉ်အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့...
25/11/2019
စေပိုင် မိသားစုဆေးခန်းမှ Dr. ဇေယျာအောင်သည် 27.11.2017 မှစ၍ "ခေတ်သစ် မိသားစုဆေးခန်း"တွင်
အပတ်စဉ်
အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့ -> ညနေ ၅ မှ ၈နာရီ
တနင်္ဂနွေနေ့ -> နံနက် ၉ မှ ၁၂နာရီ
ဆေးခန်းထိုင်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
"ခေတ်သစ် မိသားစုဆေးခန်း"
အမှတ် ၃၄၊ ရန်ကင်းလမ်း၊ မြေနီကုန်း (မြောက်)၊ စမ်းချောင်း၊ ရန်ကုန်။
ဖုန်း - 09-969447272
25/09/2019
အသည်းရောင် အသားဝါ အီး ပိုး (Hepatitis E) အကြောင်း
25/09/2019
အသည်းရောင် အသားဝါ အီး ပိုး (Hepatitis E) အကြောင်း
အသည်းရောင် အသားဝါ စီပိုး (Hepatitis C) အကြောင်း
25/09/2019
အသည်းရောင် အသားဝါ စီပိုး (Hepatitis C) အကြောင်း
(Unicode)🛑အော်တဇင် (Autism) ဆိုတာဘာလဲ********************************ကျွန်မ ဒီ စာရေးရခြင်းရဲ့ ရည်ရွယ်ချက် (၂) ခုရှိပါတယ်...
20/09/2019
(Unicode)
🛑အော်တဇင် (Autism) ဆိုတာဘာလဲ
********************************
ကျွန်မ ဒီ စာရေးရခြင်းရဲ့ ရည်ရွယ်ချက် (၂) ခုရှိပါတယ်။ မိဘတစ်ဦး ဒီစာဖတ်ပြီးတဲ့အခါ ကိုယ့်ကလေးကို အော်တဇင်ရှိရင်ရှိကြောင်းစောစောသိဖို့နဲ့ ရှိတာသိပြီးရင် ကလေးကို လိုအပ်တဲ့ အကူအညီ အမြန်ဆုံးပေးဖို့ပါ။ လက်ရှိသုသေတနပြုသူများအရ ကမ႓ာတဝှမ်းလုံးမှာ ကလေး ၁၀၀ မှာ ၁ ယောက် အော်တဇင်ရှိတယ်ဆိုတော့ အဖြစ်များတယ်ပြောလို့ရပါတယ်။
အော်တဇင်ရောဂါဟာ သွေးစစ်လို့မသိန်ိုင်သလို ဓာတ်မှန်ရိုက်လို့လဲ မပေါ်ပါဘူး။ကလေးတစ်ယောက်မှာရှိကြောင်း ပထမဆုံး သံသယရှိရမယ့်သူက "အုပ်ထိန်းသူမိဘ"ပါ။ ဒါကြောင့် မိဘတိုင်း အော်တဇင်ကလေးက ဘယ်လိုလေးလဲလို့ သိထားသင့်ပါတယ်။
🛑အော်တဇင်ဘာကြောင့်ဖြစ်လဲ
**************************
ဦးနှောက်တစ်နေရာရာက ဖွံ့ဖြိုးမှု အရှိန်လွန်ပြီး ဦးနှောက်ရဲ့ အခြားနေရာတွေနဲ့ စည်းကိုက်ဝါးကိုက် လိုက်လျောညီထွေမပြုမူနိုင်တော့တဲ့ပြသနာပါ။ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုရှိကြောင်း တွေ့ရပါတယ်။ ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်ပါ။ ကာကွယ်ဆေးထိုးခြင်းကြောင့် အော်တဇင်မဖြစ်ပါ။ ရောဂါဖြစ်ရခြင်း အခြားအကြောင်းရင်းများကို ရှာဖွေနေဆဲပါ။
🛑အော်တဇင်လို့ ဘယ်အခါသံသယရှိမလဲ
**********************************
အော်တဇင် တစ်ယောက်နဲ့တစ်ယောက် ပုံမှန်မဟုတ်တာခြင်းမတူပါဘူး။ ဒါပေမယ့် သူတို့လေးတွေက အချက် (၃) ချက်မှာ ချို့ယွင်းမှု ဖြစ်နေတာခြင်းတော့ တူပါတယ်။
🔺(၁) စိတ်ခံစားမှု ပုံမမှန်ခြင်း
ဥပမာများ-
နေ့စဉ်ကြားနေကျအသံများကို အလွန်အကျွံကြောက်ရွံ့ခြင်း
လှုပ်ရှားနေသော အရာဝတ္ထုများကိုမှ နှစ်ခြိုက်ခြင်း
အပူဓာတ်နှင့် နာကျင်ခြင်းကို သူများထက် ခံနိုင်ရည်ရှိခြင်း (ဥပမာ-ချော်လဲ ခေါင်းပေါက်တာတောင် မငိုခြင်း)
စိတ်ဆိုး ဒေါသထွက်လွယ်ခြင်း
ကလေးပီပီ အရုပ်မျိုးစုံကို မနှစ်သက်ဘဲ တစ်မျိုး နှစ်မျိုးကိုပဲ စွဲလမ်းနှစ်ခြိုက်ခြင်း
လုပ်နေကျ အရာတစ်ခုမှ သွေဖယ်ရမှာကို လုံးဝလက်မခံခြင်း
🔺(၂) အပြုအမူ ပုံမမှန်ခြင်း
ဥပမာများ-
တစ်စုံတရာကို ထပ်ခါတလဲလဲ လှည့်နေခြင်း
တစ်စုံတရာကို ထပ်ခါတလဲလဲ စီတန်းနေခြင်း
လက်ဖဝါးကို မှောက်လိုက်လှန်လိုက် တစ်ချိန်လုံးလုပ်နေခြင်း
လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်ဖွင့်လိုက် အချိန်တိုင်းလုပ်နေခြင်း
🔺(၃) စကားပြောနှင့် ပေါင်းသင်းဆက်ဆံရေး ပုံမမှန်ခြင်း
ဥပမာများ-
၁၂ လထိ လက်ညှိုးမထိုးတတ်ခြင်း
၁၂ လထိ တာ့တာ မလုပ်တတ်ခြင်း
၁၂ လထိ သူ့အမည်ခေါ်လျှင် လုံးဝ မတုံ့ပြန်ခြင်း
၁၈ လထိ စကားတစ်လုံးမှ မပြောခြင်း
၂ နှစ်အထိ စကားလုံးတွဲများ လုံးဝမပြောခြင်း
ပြောတတ်ပြီးသား စကားလုံးများ မပြောတော့ခြင်း
စကားလုံးတစ်လုံးကို အကြိမ်ကြိမ်ပြောခြင်း
ပြုံးပြရင် ပြန်မပြုံးခြင်း
အခြားကလေးတွေကို စိတ်မဝင်စားခြင်း
သူ့ကိုစကားပြောရင် အဝေးတစ်နေရာကို ငေးကြည့်နေတတ်ခြင်း
တစ်ယောက်ထဲ ကစားရတာကိုမှ နှစ်သက်ခြင်း
သူ့အကြိုက် သူစိတ်ဝင်စားတာကို သူများကို မပြောပြခြင်း
🛑အော်တဇင်ရှိတာ စောစောသိဖို ့ဘာလို့လိုအပ်လဲ
********************************
အော်တဇင်တိုင်းက ဉာဏ်ရည်မမှီသူများ မဟုတ်ပါဘူး။ ကြီးပြင်းလာတဲ့အခါ အများနည်းတူ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ရာ အတွက် စကားသင်ဖို့နဲ့ ပညာသင်ကြားရေးမှာ အထူး အကူအညီလိုပါတယ်။
ကိုယ့်ကလေးမှာ အော်တဇင် ရှိတယ်လို့ သံသယရှိရင် မိသားစုဆရာဝန်မှတဆင့်ဖြစ်စေ၊ ကလေးဆရာဝန်နဲ့တိုက်ရိုက်ဖြစ်စေ အမြန် ဆွေးနွေးတိုင်ပင်ပါ။ ရောဂါရှိမရှိဆုံးဖြတ်ဖို့ ဆရာဝန်အပြင် စိတ်ပညာရှင်၊ ကလေးဦးနှောက်အထူးကုဆရာဝန်၊ ကလေး စိတ်ကျန်းမာရေးဆရာဝန် အစရှိသူတို့ အဆင့်ဆင့်စစ်ဆေးပြီး တိုင်ပင်ဆွေးနွေးရပါတယ်။ မြန်မာ အော်တဇင် အသင်းနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။ အော်တဇင်ကို ကုသတဲ့ ဆေးဝါးမရှိပါ။ ဒါပေမယ့် ရောဂါရှိတာသိရင် လိုအပ်တဲ့ အထောက်အကူအများကြီးပေးခြင်းဖြင့် ကလေးရဲ့ အနာဂတ် အဆင်ပြေအောင် ပံ့ပိုးပေးနိုင်ပါတယ်။
အော်တဇင်က အခုမှ ပေါ်တဲ့ ရောဂါမဟုတ်ပါ။ အခုနောက်ပိုင်းမှာ သိသူပိုများလာတာပါ။ အော်တဇင်ရှိသူကလေးများကို လိုအပ်တဲ့ အကူအညီမပေးဘဲ "ငကြောင်" "ငပေါ" လို့ ခေါ်ဆိုခြင်း ကင်းဝေးနိုင်ကြပါစေ။ အော်တဇင်ကလေးများကို ကူညီထောက်ပံ့သော အဖွဲ့အစည်းများအား တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဂုဏ်ပြုပံ့ပိုးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
မှတ်ချက်- ကာကွယ်ဆေးထိုးလို့ အော်တဇင်မဖြစ်ပါ။
#နေနေမိုးဆွေ (Child Health Myanmar)
Reference- Autism Spectrum Australia, Raising Children Net.
Photo Credit to Google
(Zawgyi)
********************************
**************************
**********************************
ဥပမာများ-
ဥပမာများ-
ဥပမာများ-
********************************
Photo Credit to Google
(Unicode)25 September 2019 (ဗုဒ္ဓဟူးနေ့) မှ စ၍ ''စေပိုင် မိသားစု ဆေးခန်း''ကို အပြီးတိုင် ပိတ်မည် ဖြစ်ကြောင်း ဝမ်းနည်းစွာ...
20/09/2019
(Unicode)
25 September 2019 (ဗုဒ္ဓဟူးနေ့) မှ စ၍ ''စေပိုင် မိသားစု ဆေးခန်း''ကို အပြီးတိုင် ပိတ်မည် ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်။ 😢😢😢
Page မှ တဆင့် မေးမြန်းလာသော ကျန်းမာရေးဆိုင်ရာ မေးခွန်းများအား ပြန်လည် ဖြေကြားပေးနိုင်တော့မည် မဟုတ်ကြောင်း ကြေညာအပ်ပါသည်။
သို ့သော် ပြည်သူလူထုများ ကျန်းမာရေးနှင့် ပတ်သတ်သော ဗဟုသုတများအား ဆက်လက် ဖတ်ရှုနိုင်ရန်နှင့် ကျန်းမာရေးဗဟုသုတများ ဆက်လက် မျှဝေပေးနိုင်ရန် ရည်ရွယ်ပြီး ဆေးခန်း Page ကို မဖျက်သိမ်းပဲ ဆက်လက် ထားရှိပါမည်။
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေရန် ဆုမွန်ကောင်း တောင်းရင်း~~~🙏🙏🙏
ဆန္ဒမွန်ဖြင့်
စေပိုင် မိသားစုဆေးခန်း
(Zawgyi)
ဆန္ဒမွန်ဖြင့်
လေဖြတ်ခြင်းအကြောင်း
19/09/2019
လေဖြတ်ခြင်းအကြောင်း
Address
No. 62, Shwe Laung Street, Sanchaung Township
Yangon
11111
Opening Hours
Monday 10:00 - 13:00
16:00 - 21:00
Tuesday 10:00 - 13:00
16:00 - 21:00
Wednesday 10:00 - 13:00
16:00 - 21:00
Thursday 10:00 - 13:00
16:00 - 21:00
Friday 10:00 - 13:00
16:00 - 21:00
Saturday 10:00 - 13:00
16:00 - 21:00
Telephone
959443052766
Website
Alerts
Be the first to know and let us send you an email when Sae Paing Family Clinic စေပိုင်မိသားစုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to Sae Paing Family Clinic စေပိုင်မိသားစုဆေးခန်း:
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category