စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း

  • Home
  • Myanmar
  • Yangon
  • စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း

စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း Traditional Clinic and Traditional medicine production
Since 2018

14/03/2026

18.3.2026 မှ 27.3.2026 ထိ
ဆေးခန်းဖွင့်ရက်များတွင် 09976699983 ကိုသာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါရန် ........
09795239612 , 09420068169 တို့ကို ဆက်သွယ်၍ မရနိုင်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားပေးတာပါရှင့်.........
ဆေးဝယ်ယူလိုသူများ၊ ဆေးခန်းစုံစမ်းမေးမြန်းလိုသူများ 09976699983 ကို ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊
Page messenger (သို့) Viber မှ တစ်ဆင့် ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်ရှင် 🙏

တပေါင်းလပြည့်နေ့အတွက်ဆေးကုသိုလ် 🙏ချမ်းသာကိုယ်စိတ် မြဲကြပါစေဘေးရန်ပယ်ရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ကြပါစေ 🙏အာရုံကြောအာ...
02/03/2026

တပေါင်းလပြည့်နေ့အတွက်
ဆေးကုသိုလ် 🙏
ချမ်းသာကိုယ်စိတ် မြဲကြပါစေ
ဘေးရန်ပယ်ရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ကြပါစေ 🙏
အာရုံကြောအားတိုး‌ဆေး အထုပ် ၃၀
လိမ်းဆေး ၆ ဘူး
ရှူလိမ်းဆေး ၁၀ ပုလင်း
သွေးတိုးကျဆေး ၆ ဘူး
အစာကြေဆေး ၁၂ ဘူး
#စွမ်းရည်လင်း
#မြန်မာ့တိုင်းရင်းဆေး

ရှူလိမ်းဆေးတွေ အများကြီးအားပေးလို့ ကျွန်မတို့ စွမ်းရည်လင်းမိသားစုမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🍀ဝယ်ယူအားပေး သုံးစွဲကြ...
27/02/2026

ရှူလိမ်းဆေးတွေ အများကြီးအားပေးလို့ ကျွန်မတို့ စွမ်းရည်လင်းမိသားစုမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🍀
ဝယ်ယူအားပေး သုံးစွဲကြသူ
မိဘပြည်သူ‌တွေလဲ ချမ်းသာကိုယ်စိတ်မြဲကြပါစေရှင် 🙏
ခုလို ရာသီအပြောင်းလဲ အပူရှပ်ပြီး နှာစေး နှာပိတ်ခြင်းအတွက် အကောင်းဆုံး ရှူလိမ်းဆေး 👍
#စွမ်းရည်လင်း
#ရှူလိမ်းဆေးဆီ
မှာယူသုံးစွဲလိုပါက
09420068169, 09795239612
ကို ဟယ်လိုသာလုပ်လိုက်နော် 🤗

23/02/2026

ဒီနေ့ကတော့ ကျောက်ပန်းတောင်းကို ပို့ရမယ့် ဆီးချိုသွေးချိုကျဆေးတွေကို packaging လုပ်နေတာပဲ ဖြစ်ပါတယ် ......
#ဆီးချိုသွေးချိုကျဆေး
#စွမ်းရည်လင်း
#မြန်မာ့တိုင်းရင်းဆေး

လူနာအများစု ဖြစ်တတ် ကြုံတတ်တဲ့ လက္ခဏာ 👇တစ်ခါတစ်ရံ ချောင်းဆိုး ၊ နှာချေလိုက်တဲ့အချိန် ၊ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန်တွ...
15/02/2026

လူနာအများစု ဖြစ်တတ် ကြုံတတ်တဲ့ လက္ခဏာ 👇
တစ်ခါတစ်ရံ ချောင်းဆိုး ၊ နှာချေလိုက်တဲ့အချိန် ၊ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန်တွေမှာ အရှေ့ဘက်နံရိုး သို့မဟုတ် အနောက်ဘက်နံရိုးနားတစ်ဝိုက်မှာ မခံနိုင်အောင် နာကျင်ရတာမျိုး ကြုံးဖူးပါသလား ? ခန္ဓာကိုယ်ကို ဟိုဘက် ဒီဘက် စောင်းလိုက်တဲ့အချိန်မှာရော နာကျင်တဲ့ ခံစားမှုမျိုး ကြုံဖူးပါသလား ?
ဟုတ်ပါတယ် တစ်ချို့ကတော့ အကြောင်းတစ်ခုခုကြောင့် ရင်ဘတ်ဘေးဘက်အရိုးတစ်လျှောက် ရောင်ရမ်းပြီး အထက်ပါ လက္ခဏာမျိုး ခံစားရတတ်ကြပါတယ် ။ တစ်ချို့ကတော့ အကြောင်းရင်းကိုတောင် ကိုယ်တိုင်မသိလိုက်ဘဲ သတိမမူမိဘဲ " ဆရာမရေ ဘာဖြစ်မှန်မသိဘူး ၊ အဲ့နေရာက အသက်ရှူတာနဲ့ကို နာလိုက်တာ "လို့ ပြောတတ်ကြပါတယ် ။
နံရိုး၊ ရင်ဘတ်ဘေးတစ်လျှောက်ရှိ ကြွက်သားများ၊ အရိုးနုများ ဘာကြောင့် ရောင်ရမ်းတတ်ပါသလဲ ?
✔️ကြွက်သားတင်းလွန်းခြင်း
✔️နံရိုးကျိုးခြင်း ၊ နံရိုးနားတစ်ဝိုက် ဒဏ်နာဖြစ်ခြင်း
✔️နာတာရှည် ချောင်းဆိုးခြင်း ၊ အဆုတ်ပိုင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်ခြင်း
✔️အလေးမခြင်း
✔️သည်းခြေအိတ် သို့မဟုတ် အသည်းရောင်ခြင်း စတဲ့ အကြောင်းအရင်းများကြောင့် နံရိုး ၊ ရင်ဘတ်ဘေးတစ်လျှောက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ် ။
သက်သာအောင် ဘယ်လိုကုသမှုမျိုး ခံယူနိုင်ပါသလဲ ?
✔️အနားယူပါ
✔️အလေးမခြင်း၊ ဆွဲခြင်း ရှောင်ကြဉ်ပါ
✔️ ခန္ဓာကိုယ် ကိုယ်နေဟန်ထား မှန် မမှန် သတိပြုပါ
ရှေ့သို့ အလွန်ကုန်းခြင်း ၊ နောက်သို့ လှန်ခြင်းမျိုး ရှောင်ကြဉ်ပါ
✔️ လမ်းကြမ်းသော နေရာများ ၊ slow down များသော နေရာများကို ကား၊ ဆိုင်ကယ် ၊ သုံးဘီး ၊ ဆိုက်ကား များစီးပြီး မသွားပါနှင့်
✔️ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း လျော့စေရန် ရေခဲကပ်ခြင်း ၊ ရေနွေးအိတ်ကပ်ခြင်း ပြုလုပ်ပေးပါ
✔️ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးပါ
✔️ နာကျင်နေသော နေရာအား ဖိနှိပ်ခြင်း ရှောင်ကြဉ်ပါ
#စွမ်းရည်လင်းအထွေထွေရောဂါကုတိုင်းရင်းဆေးခန်းတွင်
ဆေးကြပ်ထုပ်ထိုးပေးခြင်း၊ သောက်ဆေးပေးခြင်း ၊ နီအောက်ရောင်ခြည်ပေး ကုသခြင်း၊ လိမ်းဆေးလိမ်းပေးခြင်း၊ ဆေးကပ်ခြင်းများဖြင့် နံရိုး နာကျင်ခြင်း၊ ရင်ဘတ်ဘေးတစ်လျှောက် အရိုးနုရောင်ရမ်းခြင်းကို ကုသမှုပေးလျက် ရှိပါသည် ........

တနင်္လာနှင့် အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါသည်
ကျန်ရက်များ ဆေးခန်းဖွင့်ချိန်
မနက် (၁၀ )နာရီမှ ညနေ (၆ )နာရီအထိ
အမှတ် ၈၁၀(က)၊ သမိုင်း (၈)လမ်း၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
ဆက်သွယ်ရန်
09 976699983,09 795239612

#နံရိုးနာကျင်ခြင်း

#စွမ်းရည်လင်း
#အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

မန္တလေးကို ပို့ရမယ့် လိမ်းဆေးတွေရယ် 💚ဓနုဖြူကို ပို့ရမယ့် သွေးတိုးကျဆေးနဲ့ အာရုံကြောအားတိုးဆေးတွေရယ် 🍀
08/02/2026

မန္တလေးကို ပို့ရမယ့် လိမ်းဆေးတွေရယ် 💚
ဓနုဖြူကို ပို့ရမယ့် သွေးတိုးကျဆေးနဲ့ အာရုံကြောအားတိုးဆေးတွေရယ် 🍀

တာမွေကို သွေးတိုးကျဆေး....အင်းစိန်ကို ဒဏ်ကျေလိမ်းဆေးဆီ ......ဝယ်ယူအားပေး ယုံကြည်သုံးစွဲသူ တစ်ဦးချင်းစီအား ကျေးဇူးတင်လျက်...
29/01/2026

တာမွေကို သွေးတိုးကျဆေး....
အင်းစိန်ကို ဒဏ်ကျေလိမ်းဆေးဆီ ......
ဝယ်ယူအားပေး ယုံကြည်သုံးစွဲသူ တစ်ဦးချင်းစီအား ကျေးဇူးတင်လျက် 🙏
#စွမ်းရည်လင်း
#မြန်မာတိုင်းရင်းဆေး

25/01/2026

#စွမ်းရည်လင်း
#မြန်မာ့တိုင်းရင်းဆေး

16/01/2026

အရောင်းရဆုံးသော ဒဏ်ကျေလိမ်းဆေးဆီ 🍀
ဝယ်ယူအားပေးသူ သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်လျက် .......
#စွမ်းရည်လင်း
#ဒဏ်ကျေလိမ်းဆေးဆီ

 #မိခင်မေတ္တာ လွန်ခဲ့သောအပတ်က ဆေးခန်းကို ၇၈နှစ်အရွယ် အမေအိုတစ်ယောက် ဆေးခန်းလာပြလေရဲ့ အဘွား ဆေးမှတ်တမ်းစာအုပ်ပါလားလို့ ကျ...
02/01/2026

#မိခင်မေတ္တာ
လွန်ခဲ့သောအပတ်က ဆေးခန်းကို ၇၈နှစ်အရွယ် အမေအိုတစ်ယောက် ဆေးခန်းလာပြလေရဲ့
အဘွား ဆေးမှတ်တမ်းစာအုပ်ပါလားလို့ ကျွန်မမေးတော့ အဘွားက လောလောနဲ့ထွက်လာခဲ့တာ မပါခဲ့ဘူး ဆရာမရယ် ပြန်ယူရမလားတဲ့
နေ့လည်ခင်းနေပူနေချိန်ဆိုတော့ နေပါစေအဘွား ပြန်မယူနဲ့တော့နော် ဒီတိုင်း နာမည်စာရင်းလေးပဲ ပေးလိုက်ပါလို့ ကျွန်မပြန်ပြောလိုက်ပါတယ်
အဘွားက ခြေကျင်းဝတ်လည်ပြီး အရွတ်ရောင်လို့ ဆေးခန်းလာပြခြင်းဖြစ်ပါတယ်
အဘွားက ဆက်၍ပြောသည်
အဘွား ဆရာမဆီကို ဆေးလာကုတာ ဒီတစ်ခါနဲ့ဆို သုံးကြိမ်မြောက်ပါ တစ်ခေါက်နဲ့တစ်ခေါက်ခြားနေတော့ ဆရာမ ကျွန်မကို ဘယ်မှတ်မိနိုင်မလဲတဲ့
နောက်ဆုံးတစ်ခေါက်က အဘွား ဆရာမဆေးခန်းကနေ ပျားရည်ဘူးသေးတစ်ဘူး ဝယ်သွားသေးတယ် တစ်ဘူး ၅၅၀၀ လေတဲ့
ကိုယ့်မှာ အဘွားရဲ့မှတ်ဉာဏ်ကို ဩချရလောက်အောင် အဘွားက ဆက်ပြောပြနေလေသည်
အဲ့တုန်းက ဆရာမ ကျွန်မကိုမေးတယ် ပျားရည်ဘာလုပ်မလို့လဲဆိုပြီးတော့ မေးပါတယ်တဲ့ အဘွားသား လူပျိုကြီးက အရက်အရမ်းသောက်တာ သူအရက်နာကျချိန် အဘွား ပျားသံပုရာလေးဖျော်တိုက်ချင်လို့ပါလို့ အဘွားကပြောတော့ ဆရာမတောင် အဘွားကို တအံ့တဩ ပြန်ကြည့်နေတာလေတဲ့
ကိုယ့်မှာ မမှတ်မိတော့ အားနာပါတယ် အဘွားရယ်ပေါ့
အဲ့တာနဲ့ အဘွားဆက်ပြောလေသည်
ပျားရည်ဝယ်သွားပြီးပြီးချင်း ပြန်ရောက်တော့လေ သားလူပျိုကြီးက အမေ ဒီပျားရည်ဘာလုပ်ဖို့တုန်းလို့ မေးပါတယ် သားအရက်နာကျနေရင် အမေဖျော်တိုက်ပေးချင်လို့ ဝယ်လာခဲ့တာ ဆေးခန်းအပြန် ပိုက်ဆံထပ်ကုန်မှာစိုးလို့ ဂါလီတောင်မစီးတော့ဘဲ လမ်းလျှောက်ပြန်လာတာလို့ အဘွားက သူ့သားလူပျိုကြီးကို ပြောလိုက်ပါတယ်တဲ့ သူ့သားလူပျိုကြီးလည်း အမေအိုအဘွားကို စိတ်မကောင်းဖြစ်သွားပုံရတယ် ဆရာမရယ် အဲ့နေ့ကစပြီး အရက်ဆို လုံးဝမသောက် မထိမတို့တော့တာ ဒီနေ့ထိပဲတဲ့ 🥹
အဲ့တာ ဆရာမကို ဝမ်းသာလွန်းလို့ ပြောချင်နေတာတဲ့ 🥹
အဘွားအဲ့လိုတွေ ပြောပြပြီး ဒီဆရာမရင်ထဲ နင့်သွားတာပါပဲ အော် ၇၈နှစ်အရွယ် မိခင်တစ်ဦးရဲ့ မေတ္တာပါလား ❤️ သားလူပျိုကြီးက အရက်တော့ပြတ်သွားတယ် အဲ့နေ့ကအဘွားချော်လဲပြီး ဆေးခန်းလာပြတာ လိုက်လည်းမပို့ တိုက်ပေါ်ကနေ အောက်လှေကားကိုတောင် တွဲမပို့ခဲ့ တစ်ယောက်တည်း မလျှောက်နိုင်တာကို ကြိုးစားပြီး ဆေးခန်းသို့ လာရှာလေရဲ့ အော် .......
စုန်ရေပဲရှိတယ် ဆန်ရေမရှိခဲ့ပါဘူး .........
ပြာသိုလပြည့် အမေများနေ့ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းကို လေးစားဂုဏ်ပြုရင်း ........

စွမ်းရည်လင်း တိုင်းရင်းဆေးတိုက်မှ သံဃာအပါး ၅၀ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် 🙏နှစ်သစ်အလှူ 🙏  #မြန်မာ့တိုင်းရင်းဆေး  #စွမ...
01/01/2026

စွမ်းရည်လင်း တိုင်းရင်းဆေးတိုက်မှ သံဃာအပါး ၅၀ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် 🙏
နှစ်သစ်အလှူ 🙏
#မြန်မာ့တိုင်းရင်းဆေး #စွမ်းရည်လင်း #အာရုံကြောအားတိုးဆေး

လူကြိုက်များသော ရှူလိမ်းဆေးဒီနှစ်ဆောင်းနဲ့ တော့ကွက်တိ 😀နှာစေး၊ နှာပိတ်၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းတို့အတွက်...
28/12/2025

လူကြိုက်များသော ရှူလိမ်းဆေး
ဒီနှစ်ဆောင်းနဲ့ တော့ကွက်တိ 😀
နှာစေး၊ နှာပိတ်၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းတို့အတွက် အထူးသင့်လျော်ဆုံးလေး
ဟင်္သာတမြို့က ရှူလိမ်းဆေး ၂၁ဘူး အမှာလေး
ပို့ဖို့ ready ပါရှင့် 💛 #စွမ်းရည်လင်း #မြန်မာ့တိုင်းရင်းဆေး #ရှူလိမ်းဆေး

Address

No . 810 ( A ) , Thamine 8th Street , Mayangone Tsp. Ygn
Yangon
11061

Opening Hours

Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959795239612

Website

Alerts

Be the first to know and let us send you an email when စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း:

Share

Category