စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း

  • Home
  • စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း

စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း Traditional Clinic and Traditional medicine production
Since 2018

30/11/2025

November ကို နှုတ်ဆက်ရင်း ပို့ရမယ့်ဆေးတွေ packaging 🤗

ကဲ November ကို နှုတ်ဆက်ရင်း ဆေးတွေပို့ဖို့ packaging 🤗ဟင်္သာတ သောင်ကြီး၊ ဇလွန်မြို့တို့ကနေ မှာယူအားပေးကြပါသော သွေးတိုးက...
30/11/2025

ကဲ November ကို နှုတ်ဆက်ရင်း ဆေးတွေပို့ဖို့ packaging 🤗
ဟင်္သာတ သောင်ကြီး၊ ဇလွန်မြို့တို့ကနေ မှာယူအားပေးကြပါသော သွေးတိုးကျဆေး၊ စက္ခုပါလ မျက်စိကြည် ဝမ်းမှန်ဆေး၊ အစာကြေလေပုပ်ထုတ်ဆေး၊ နှလုံးအားတိုးဆေး၊ ဒဏ်ကျေလိမ်းဆေးဆီ ၊ အာရုံကြောအားတိုးဆေး၊ ရှူလိမ်းဆေး
အို .... စုံလို့ပါရော 🍀
ဝယ်ယူအားပေးကြပါသော တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏
လက်လီ၊ လက်ကား ဝယ်ယူအားပေးနိုင်ပါသည် ။
#စွမ်းရည်လင်း
#မြန်မာ့တိုင်းရင်းဆေး
#အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
အမှတ် ၈၁၀ (က)၊ သမိုင်း (၈)လမ်း၊ စတုတ္ထအဖြတ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
၀၉ ၄၂၀၀၆၈၁၆၉ ၀၉၇၉၅၂၃၉၆၁၂
မနက် ၁၀ နာရီ မှ ညနေ ၆ နာရီအထိ
တနင်္လာ ၊ အင်္ဂါ ပိတ်ပါသည်

ဆေးခန်းလာပြကြတဲ့ လူနာတွေထဲ ရခိုင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားလူမျိုးတွေ များလာပါတယ် ၊ ဆေးခန်းလာပြတဲ့အခါ မြန်မာစကားန...
14/11/2025

ဆေးခန်းလာပြကြတဲ့ လူနာတွေထဲ ရခိုင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားလူမျိုးတွေ များလာပါတယ် ၊ ဆေးခန်းလာပြတဲ့အခါ မြန်မာစကားနားလည်တဲ့ တစ်ယောက်ယောက်ခေါ်လာခဲ့ပေးကြပါလားဟင် 😅
တစ်ယောက်ထဲလာပြတော့ ဒီဆရာမလည်း ရောဂါရာဇဝင်ယူတဲ့အခါ ဘယ်လိုတွေချာလည်ရိုက်နေမှန်းကိုမသိတာ 😖
ကျေးဇူးပြုပြီး စကားပြန်ခေါ်လာပေးကြပါနော် 🙏 မဟုတ်ရင် ရောဂါကောက်ချက်ချတဲ့အခါ ၊ ကုသမှု ၊ ကုထုံးတွေမှာ အဆင်မပြေမှုများ ဖြစ်လာနိုင်လို့ပါ 🙏

ဒီလို review လေးတွေကြောင့်စွမ်းရည်လင်း ဆိုတာ ရပ်တည်နေတာပါ 🙏ဝမ်းသာပီတိဖြစ်ရပါသော ❤️ #စွမ်းရည်လင်း #ဒဏ်ကျေလိမ်းဆေးဆီ #တိုင...
16/10/2025

ဒီလို review လေးတွေကြောင့်
စွမ်းရည်လင်း ဆိုတာ ရပ်တည်နေတာပါ 🙏
ဝမ်းသာပီတိဖြစ်ရပါသော ❤️
#စွမ်းရည်လင်း
#ဒဏ်ကျေလိမ်းဆေးဆီ
#တိုင်းရင်းဆေး

သီတင်းကျွတ်အမှီ ပို့ပေးရတဲ့ ဆေးအမှာလေးတွေ 🥰သောင်ကြီး ၊ ဇလွန်၊ တလုတ္ထော်၊ ကလော ၊ စမ်းချောင်း၊ လှိုင်၊ အရှေ့ဒဂုံ ၊ တောင်ဒဂ...
03/10/2025

သီတင်းကျွတ်အမှီ ပို့ပေးရတဲ့ ဆေးအမှာလေးတွေ 🥰
သောင်ကြီး ၊ ဇလွန်၊ တလုတ္ထော်၊
ကလော ၊ စမ်းချောင်း၊ လှိုင်၊ အရှေ့ဒဂုံ ၊ တောင်ဒဂုံ ၊ တွံတေး ၊ ဘုတလင်
ပို့ဆောင်ရခက်ခဲတဲ့ နေရာတွေကအစ လူကြုံနဲ့တဆင့်မှာကြရတာ 😔 တစ်ရွာလုံး ဒီဆေးပဲသုံးကြတာမို့တဲ့ 🥹
စွမ်းရည်လင်း ဆေးတိုက်မှ ထုတ်လုပ်သော တိုင်းရင်းဆေးဝါးများကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးကြပါသော တစ်ဦးတစ်ယောက်ချင်းစီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏

01/10/2025

4.10.2025 ( Saturday )
5.10.2025 ( Sunday )
ဆေးခန်းနှစ်ရက် ပိတ်ပါတယ်ရှင့် 🙏
ချမ်းမြေ့ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ...

လူနာတစ်ချို့ 👇ဆရာမရေ ဂုတ်မှာလည်း အဖုကြီးက ပိုတက်လာလို့ ပိုကြီးလာလို့ ကျီးပေါင်းဖြစ်နေပြီထင်တယ်တဲ့ တကယ်ကတော့ ဂုတ်မှာ အဲ့လ...
13/09/2025

လူနာတစ်ချို့ 👇
ဆရာမရေ ဂုတ်မှာလည်း အဖုကြီးက ပိုတက်လာလို့ ပိုကြီးလာလို့ ကျီးပေါင်းဖြစ်နေပြီထင်တယ်တဲ့
တကယ်ကတော့ ဂုတ်မှာ အဲ့လိုအဖုကြီး ဖြစ်လာတိုင်း ဇက်ကျီးပေါင်း (Cervical Spondylosis )မဟုတ်ပါဘူးနော်
ဇက်ကျီးပေါင်းရောဂါရှိသူတိုင်းလည်း ဂုတ်ပိုးမတက်ကြပါဘူး
ဇက်ကျီးပေါင်းရဲ့ ရောဂါလက္ခဏာတွေက သီးသန့်သတ်သတ်ပါ ဇက်ကျီးပေါင်းရောဂါကို ဓာတ်မှန်ရိုက်ခြင်းအားဖြင့် တိကျစွာစမ်းသပ်နိုင်ပါတယ် ။
ဂုတ်ပိုးတက်ခြင်း (Neck Hump)ကတော့ တချို့ ဘာလက္ခဏာမှ မခံစားရသလို တစ်ချို့မှာတော့ အကြောတက်ခြင်း၊ လည်ပင်းနဲ့ ပခုံးတွေမှာ တောင့်တင်းခြင်း၊ နာကျင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ် ... မည်သို့ပင်ဆိုစေကာမူ လည်ဂုတ်မှာ ပုံမှန်မဟုတ်ဘဲ ဂုတ်ပိုးတက်နေရင်တော့ အမြင်အားဖြင့်လည်း ဆိုးစေပါတယ်နော်
ဒါဖြင့် ဒီလိုမျိုး ဂုတ်ပိုးတက်တာကရော ဘာကြောင့်ဖြစ်လာတာလဲ ?
▪️အဓိကအားဖြင့် လည်ပင်းအနေအထား မမှန်ကန်ခြင်း
အချိန်ကြာမြင့်စွာ ဦးခေါင်းနှင့် ကျောအပေါ်ပိုင်းကို မော့လွန်းခြင်း၊ ငုံ့လွန်းခြင်း
▪️အသက်အရွယ်ကြောင့် အရိုးပါးလာခြင်း၊ ပွလာခြင်း
▪️နောက်ကျောပိုင်း ကြွက်သားများ အားနည်းလာခြင်း
▪️အရွတ်ပြားများ ပျက်စီးပြီး လည်ဆစ်ရိုး ပုံမှန်မဖြစ်ခြင်း
▪️အဝလွန်ခြင်း စတဲ့ အကြောင်းများကြောင့် ဂုတ်ပိုးတက်ခြင်း ဖြစ်စေနိုင်ပါတယ် .....
ဂုတ်ပိုးမတက်အောင် ဘယ်လိုကာကွယ်ရမလဲ ?
▪️လေ့ကျင့်ခန်း အဓိကလုပ်ပေးပါ ၊ ပုံမှန်ပြုလုပ်ပါ
လည်ပင်းနှင့် ပခုံး၊ ကျောပိုင်း ကြွက်သားများကို ပြေလျော့စေသည့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ
▪️ခန္ဓာကိုယ် အလေးချိန် ထိန်းပါ
▪️မိမိ ကိုယ်နေဟန်ထားကို အမြဲသတိပြုပါ
▪️ Phone ၊ Computer ၊ Laptop တို့ကို အသုံးပြုပါက မျက်လုံးနှင့် screen ကို တပြေးညီ တစ်ပေခန့် ခွာပြီး အသုံးပြုပါ
▪️ဂုတ်ပိုးတစ်ဝိုက် ကြွက်သားများ နာကျင် တောင့်တင်းပါက ရေနွေးအိတ်ကပ်ပေးပါ

ကြည့်ရဆိုး အမြင်ဆိုးစေတဲ့ ဂုတ်ပိုးတက်ခြင်း မဖြစ်အောင် ကာကွယ်နိုင်ကြပါစေ မိမိခန္ဓာကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် .......
#စွမ်းရည်လင်း
#အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
အမှတ် ၈၁၀ (က)၊ သမိုင်း (၈)လမ်း၊ စတုတ္ထအဖြတ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
၀၉ ၄၂၀၀၆၈၁၆၉
၀၉ ၇၉၅၂၃၉၆၁၂
၀၉ ၉၇၆၆၉၉၉၈၃
#ဂုတ်ပိုးတက်ခြင်း

လူနာအများစုပြောလေ့ရှိတဲ့ ကြွက်တက်တာ .....ဆရာမရေ ညဘက်ညဘက် ကြွက်တက်နေတာ အလွန်မတန် နာတယ် အောင့်တယ် ဆရာမရယ် ဘာကြောင့်ဒီလိုကြ...
22/08/2025

လူနာအများစုပြောလေ့ရှိတဲ့ ကြွက်တက်တာ .....
ဆရာမရေ ညဘက်ညဘက် ကြွက်တက်နေတာ အလွန်မတန် နာတယ် အောင့်တယ် ဆရာမရယ် ဘာကြောင့်ဒီလိုကြွက်တက်နေတာလဲ ဘာလုပ်ရမလဲ မေးတတ်ကြလို့ ကြွက်တက်ခြင်းအကြောင်း မျှဝေပေးပါ့မယ်နော်
ညဘက် အိပ်ချိန်တွေမှာ အများစုကြုံတတ်ဖြစ်တတ်ကြတာကတော့ ရုတ်တရက် ကြွက်တက်ခြင်းပဲ ဖြစ်ပါတယ် ......
များသောအားဖြင့် ခြေသလုံးကြွက်သား ရုတ်တရက် တောင့်တင်းခြင်း နာကျင်ခြင်းတို့ကို စက္ကန့်အနည်းငယ်မှ မိနစ်အတော်ကြာတဲ့အထိ ခံစားရတတ်ပါတယ် ။ အိပ်ပျော်နေချိန်နဲ့ မနက်ခင်းနိုးတဲ့အချိန်တွေမှာ ဖြစ်လေ့ရှိကြပါတယ် ။
တချို့ဆို ညစဉ်ရက်အတော်ကြာကြာ ကြွက်တက်နေတတ်ပါတယ်။
🥇ဘာကြောင့် ဒီလိုကြွက်တက်သလဲ
အကြောင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ် ။ တချို့ ကြွက်သားတွေ အလွန်တောင့်တင်းလို့ ၊ တချို့ကတော့ ခန္ဓာကိုယ် သွေးတွင်းမှာရှိတဲ့ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့လို သတ္ထုဓာတ်တွေ လျော့နည်းသွားလို့၊ ရေဓာတ်ခမ်းခြောက်လို့ ၊ ရာသီဥတုအေးလို့ ၊ တချို့ အချိန်ကြာမြင့်စွာမတ်တပ်ရပ်လို့ ၊ အချိန်ကြာကြာ ထိုင်လို့ ၊ တချို့ အဝလွန်လို့ သွေးလှည့်ပတ်မှု မကောင်းလို့ စသည်ဖြင့်ပေါ့နော် အကြောင်းမျိုးစုံကြောင့် ကြွက်တက်နိုင်ပါတယ်
🥈ကြွက်တက်ပြီဆိုရင် အမြန်ဆုံးသက်သာစေဖို့ ဘယ်လိုနေထိုင်ရမလဲ
▪️ ခြေသလုံးကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ
▪️ ခြေဖျား အကုပ်အကော့ လေ့ကျင့်ခန်း ပြုလုပ်ပါ
▪️ ရေနွေးအိတ် သို့မဟုတ် ရေခဲကပ်ပေးနိုင်ပါတယ်
▪️ ဟိုလျှောက် ဒီလျှောက် လုပ်ပေးနိုင်ပါတယ်
🥉ကြွက်မတက်အောင် ဘယ်လိုကာကွယ်ရမလဲ
▪️ရေဓာတ်ခမ်းခြောက်ခြင်း မရှိရအောင် အရည်များများသောက်ပေးပါ ။ ဓာတ်ဆားရည်၊ အုန်းစိမ်းရည်ကဲ့သို့သော အရည်များလည်း သောက်သုံးပေးနိုင်ပါတယ် ။ ရေများများသောက်ပေးပါ
▪️ အရက်၊ ဘီယာ ရှောင်ကြဉ်ပါ
▪️ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝသော အစားအစာများ စားပေးပါ
( ဥပမာ - ငှက်ပျောသီး ၊ ဒိန်ချဉ် ၊ မုန်လာစိမ်း၊ ဆီးသီး၊ စပျစ်သီး၊ ဟင်းနုနွယ်၊ ဖရုံသီး၊ မုန်လာဥနီ )
▪️ အကြောလျှော့ လေ့ကျင့်ခန်းကို မနက်တစ်ကြိမ် ည တစ်ကြိမ် အိပ်ယာဝင် အိပ်ယာထချိန်တိုင်း မဖြစ်မနေ ပြုလုပ်ပါ
▪️ တစ်နေကုန် မတ်တပ်ကြာကြာ ရပ်ရသောသူများ အထိုင်များသောသူများအတွက် အကောင်းဆုံးကတော့ ခြေသလုံးကြွက်သားတွေကို ဖြေးညင်းစွာ ဆုပ်နယ်ပြီးမှ အိပ်ပါ
အကြောလျှော့ပြီးမှ အိပ်ပါ
▪️ ခြေထောက်အောက်ပိုင်းကို အအေးမခံပါနှင့်
🏅ဆေးခန်းတွင် ရရှိနိုင်သော ကုထုံးများ
▪️ကြွက်သားများ ပြေလျော့အောင် ဆီနွေးနွေးလိမ်းပေးခြင်း
▪️သွေးလှည့်ပတ်မှုကောင်းအောင် ဆေးကြပ်ထုပ်ထိုးခြင်း
▪️အကြောလျှော့ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
▪️သောက်ဆေး၊ လိမ်းဆေးပေးခြင်း
#စွမ်းရည်လင်း
#အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
အမှတ် ၈၁၀(က)၊ သမိုင်း(၈)လမ်း၊ စတုတ္ထအဖြတ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
09795239612
09420068169
09976699983
မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ။
တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါသည် ။

ခုလည်း မိုးရာသီရောက်လာတော့ အဆစ်ရောင်ကိုက် လေးဘက်နာသောက်ဆေးပြားဘူးတွေ ရောင်းရချိန်ပေါ့ကွယ် ...... #စွမ်းရည်လင်း #တိုင်းရင...
31/07/2025

ခုလည်း မိုးရာသီရောက်လာတော့
အဆစ်ရောင်ကိုက် လေးဘက်နာသောက်ဆေးပြားဘူးတွေ ရောင်းရချိန်ပေါ့ကွယ် ......
#စွမ်းရည်လင်း
#တိုင်းရင်းဆေး
#အဆစ်ရောင်ကိုက်လေးဘက်နာသောက်ဆေးပြား

9.7.2025ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါတော်နေ့ ဆေးခန်းပိတ်ပါတယ်ရှင့် 🙏
09/07/2025

9.7.2025
ဝါဆိုလပြည့်နေ့
ဓမ္မစင်္ကြာအခါတော်နေ့
ဆေးခန်းပိတ်ပါတယ်ရှင့် 🙏

Address


Opening Hours

Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959795239612

Website

Alerts

Be the first to know and let us send you an email when စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram