
  • Home
  • Myanmar
  • Yangon

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံ The very first private high-end mental health hospital in Myanmar.

ဒီ​နေ့ကေခုတ်တဲ့အဖွဲ့👨🏻👨🏻တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တေ...
19/11/2025

ဒီ​နေ့ကေခုတ်တဲ့အဖွဲ့👨🏻👨🏻
တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်

ဘဝသစ် ရှိနေပါတယ် 🏡🏡🏡

ဘဝသစ်ဆိုတာ .. 👇👇👇
မူးယစ်ဆေး ဖြတ်ချင်ပေမယ့် မဖြတ်နိုင်လို့ စိတ်ညစ်နေရသူတွေ
မူးယစ်ဆေးကြောင့် လူတောမတိုးနိုင်သူတွေ
အရက်ကြောင့် လူမှုဒုက္ခမျိုးစုံ ခံစားနေရသူတွေနဲ့
စိတ်ရောဂါဝေဒနာ ဖြစ်ပွား ခံစားနေရသူတွေကို ...
ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ နေရာတစ်ခုပါ။

ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်လိုသူတွေကို ဘဝသစ်ကလက်ကမ်းကြိုနေပါတယ်🤝🤝🤝

"ဘဝသစ် စိတ်ကျန်းမာရေးဆေးရုံ"
အမှတ်(၁၉၂)၊ အင်းဝလုံးချင်းအိမ်ယာ၊ ဧရာဝတီ(၁)လမ်း၊
(၆၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 254202871 ,09 5111933
ဖုန်းဆက်လိုက်သည်နှင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသည့် ဝန်ဆောင်မှုထားရှိပေးပါသည်။

တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်  ဘ...
18/11/2025

တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်

ဘဝသစ် ရှိနေပါတယ်

ဘဝသစ်ဆိုတာ ..
မူးယစ်ဆေး ဖြတ်ချင်ပေမယ့် မဖြတ်နိုင်လို့ စိတ်ညစ်နေရသူတွေ
မူးယစ်ဆေးကြောင့် လူတောမတိုးနိုင်သူတွေ
အရက်ကြောင့် လူမှုဒုက္ခမျိုးစုံ ခံစားနေရသူတွေနဲ့
စိတ်ရောဂါဝေဒနာ ဖြစ်ပွား ခံစားနေရသူတွေကို ...
ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ နေရာတစ်ခုပါ။

ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်လိုသူတွေကို ဘဝသစ်ကလက်ကမ်းကြိုနေပါတယ်။

"ဘဝသစ် စိတ်ကျန်းမာရေးဆေးရုံ"
အမှတ်(၁၉၂)၊ အင်းဝလုံးချင်းအိမ်ယာ၊ ဧရာဝတီ(၁)လမ်း၊
(၆၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 254202871 ,09 5111933
ဖုန်းဆက်လိုက်သည်နှင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသည့် ဝန်ဆောင်မှုထားရှိပေးပါသည်။

Trauma ရဲ့သဘောသဘာဝ

စိတ်ကျန်းမာရေး ပြဿနာတွေ၊ Disorders တွေအများအပြား Trauma ကနေ စဖြစ်လာတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ စိတ်ကျန်းမာရေးပြဿနာတိုင်းကတော့ စိတ်ဒဏ်ရာကြောင့် မဟုတ်ပါဘူး။ နောက်ဆက်တွဲ အရှက်ရမှု၊ သိုဝှက်မှုတို့ပါလာတတ်ပြီး အပြစ်ပြောခံ၊ အမြင်စောင်းခံရမှာ စိုးရိမ်လို့ (အထူးသဖြင့်ဖြစ်စကာလတွေမှာ) အတွင်းထဲမှာ သိုဝှက်ထားတတ်ပါတယ်။

အဲဒီလိုအတွင်းမှာ သိမ်းထား၊ ဖွင့်ဟပြောဆိုနိုင်ခြင်းမရှိလို့၊ ဖိနှိပ်မိလို့ ပိုပြီးကြီးမားတဲ့ ဆိုးတဲ့နောက်ဆက်တွဲတွေ ဖြစ်လာတတ်ပါတယ်။ စိတ်ကျရောဂါ၊ မူးယစ်ဆေးသုံးတာ၊ မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်တာတွေ အပါအဝင်ပါ။ ဒါကြောင့် လုံခြုံစိတ်ချရသူ၊ လုံခြုံတဲ့ နေရာမှာ ရင်ဖွင့်ပြောဆိုတာ၊ စိတ်ကျန်းမာရေးအကူအညီယူတာ စတာတွေလုပ်ဖို့က သက်သာ ပျောက်ကင်းဖို့အတွက် အရေးကြီးပါတယ်။

Trauma ရဲ့လက္ခဏာတွေထဲက သတိလွန်ကဲမှု

တစ်ကြိမ် ဆိုးရွားတာကြုံတွေ့ပြီး နောက်ထပ်သဘောတရားတူတဲ့ အခြေအနေမျိုး ကြုံရင်၊ တူညီတဲ့အဖြစ်အပျက်ဖြစ်နိုင်တဲ့နေရာမျိုးရောက်ရင် စိတ်ပူပန်တာ၊ သတိလွန်ကဲတာ၊ စိတ်ဖိစီးမှုများတာ စတာတွေ ဖြစ်တတ်ပါတယ်။ ထပ်ဖြစ်မှာအလွန်အမင်း စိုးရိမ်ပြီး သတိ လွန်ကဲကာ လုံခြုံမှုမရှိဘူး။ လူတွေ/ အခြေအနေတွေကို မယုံရဘူးဆိုပြီး စိတ်ထဲလွှမ်းမိုးပြီး ခံစားရခက်တဲ့ အခြေအနေမျိုးပါ။

အဲဒီလိုကြုံလာရင် လုပ်လို့ရတာက အခြေအနေတွေကို လက်တွေ့ကျကျမြင်မိအောင် တွေးပြီး၊ ခံစားနေရတာကို အသိအမှတ်ပြု၊ မိမိကိုယ်ကိုသနားကြင်နာမှုပေးတာမျိုးဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ အဖြစ်အပျက်မျိုးစုံ အချိန်မရွေးဖြစ်နိုင်တယ်၊ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူး။ ဖြစ်ပျက်ခဲ့ဖူးတာလည်း ထပ်ဖြစ်နိုင်တယ်။ အဲဒီတော့ ခံစားနေတာ ပူပန်နေတာ၊ သတိရှိနေတာ မမှားဘူး။

ဥပမာ အခြားလူ/ ကိုယ်တိုင်ယာဉ်မတော်တဆမှု ကြုံခဲ့ရလို့ ကားမောင်းရင် စိတ်ထဲ ပူပန်နေတယ်။ တစ်ခုခုဖြစ်တော့မယ်ဆိုတာ တွေးနေမိရင်း ကားမောင်းခြင်းက လုံးဝအပြည့်အဝ လုံခြုံခြင်းမရှိတာကို လက်ခံတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကားကို လုံခြုံစွာမောင်းတတ်တယ်။ ကားကလည်း သေချာပြုပြင်ထိန်းသိမ်းထားတယ်။

ကိုယ်က အရင်အဖြစ်အပျက်ကြောင့် အခုလို သတိလွန်ကဲ ပူပန်နေတာဖြစ်တယ်။ အဲဒါကလည်းအပြစ်မဟုတ်ဘူး။ ကိုယ့်ဘက်က လုံခြုံစိတ်ချရတဲ့မောင်းနှင်မှုကို လုပ်နေတယ်ဆို တယ် စသည်ဖြင့် မိမိကိုယ်ကို သနားကြင်နာ၊ နွေးထွေးမှုကိုပြန်ပေးခြင်းဖြင့် ခံစားနေရတာ သက်သာနိုင်ပါတယ်။

အကူအညီနဲ့ မျှော်လင့်ချက်က ရှိစမြဲပါ

တချို့အချိန်တွေမှာ ဘဝတွေရော၊ ကမ္ဘာကြီးမှာပါ မျှော်လင့်ချက်မဲ့ ကူရာမဲ့တယ်လို့ မြင်ရ၊ ခံစားရတာမျိုးတွေရှိတတ်ပါတယ်။ Dr. Paul Conti ကိုယ်တိုင်ရော သူ့ စိတ်ကျန်းမာရေး လုပ်ကိုင်တဲ့ ဘဝတစ်လျှောက်မှာပါ အဲလိုခံစားရပေမယ့် ပြန်ကောင်းတဲ့ အလင်းရောင်တောက်ပ တဲ့၊ မျှော်လင့်ချက်တွေပြန်ရှိလာတဲ့ အခြေအနေမြောက်များစွာကြုံတွေ့ခဲ့ရပါတယ်။

ခန်းစီးနဲ့ဥပမာပေးရရင် ခန်းစီးက ပိတ်မိနေတဲ့အခါ အလင်းရောင်မရ ဖြစ်နေတတ်ပေမဲ့ ပြန်ပွင့်ဖို့၊ အလင်းရောင်တွေရဖို့ အကူအညီတွေကရှိစမြဲပါ။ ပထမအကြိမ် အကူအညီရှာလို့ မရရင်၊ ။ ဒုတိယအကြိမ်၊ မရသေးရင် တတိယအကြိမ်၊ နောက်ဆုံးရတဲ့အထိ ကြိုးစားခွင့်ရှိတယ်။

အကူအညီတွေ၊ အပြော ပြောင်းအလဲတွေပေးနိုင်မယ့် လူတွေက သေချာပေါက်ရှိတယ်၊ သေချာပေါက်လည်းတွေ့ပါမယ်ဆိုတာတင်ပြပေးလိုက်ရပါတယ်။


ျားထံမှလေ့လာသိမှတ်ဖွယ်အကြောင်းအရာများ

တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်  ဘ...
14/06/2025

တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်

ဘဝသစ် ရှိနေပါတယ်

ဘဝသစ်ဆိုတာ ..
မူးယစ်ဆေး ဖြတ်ချင်ပေမယ့် မဖြတ်နိုင်လို့ စိတ်ညစ်နေရသူတွေ
မူးယစ်ဆေးကြောင့် လူတောမတိုးနိုင်သူတွေ
အရက်ကြောင့် လူမှုဒုက္ခမျိုးစုံ ခံစားနေရသူတွေနဲ့
စိတ်ရောဂါဝေဒနာ ဖြစ်ပွား ခံစားနေရသူတွေကို ...
ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ နေရာတစ်ခုပါ။

ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်လိုသူတွေကို ဘဝသစ်ကလက်ကမ်းကြိုနေပါတယ်။

"ဘဝသစ် စိတ်ကျန်းမာရေးဆေးရုံ"
အမှတ်(၁၉၂)၊ အင်းဝလုံးချင်းအိမ်ယာ၊ ဧရာဝတီ(၁)လမ်း၊
(၆၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 5111933 , 09 254202871 ,
ဖုန်းဆက်လိုက်သည်နှင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသည့် ဝန်ဆောင်မှုထားရှိပေးပါသည်။

လှူဒါန်းရသောကုသိုလ်အကျိုးကြောင့်သက်ရှိအားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ကပ်ကြီး ၃ပါးမှကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန...
17/04/2025

လှူဒါန်းရသောကုသိုလ်အကျိုးကြောင့်

သက်ရှိအားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာ
ဖြင့် ကပ်ကြီး ၃ပါးမှကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ🙏🙏🙏

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့အတက်နေ့ကုသိုလ်အလှူ🏨 ပြုခဲ့သမျှကုသိုလ်အစုစုကို၇ရက်သားသမီးများကိုမျှဝေပေးပါတယ်🙏🙏🙏
16/04/2025

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့အတက်နေ့ကုသိုလ်အလှူ🏨 ပြုခဲ့သမျှကုသိုလ်အစုစုကို၇ရက်သားသမီးများကိုမျှဝေပေးပါတယ်🙏🙏🙏

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့အ​ကြတ်​နေ့ကုသိုလ်အလှူ ပြုခဲ့သမျှကုသိုလ်အစုစုကို၇ရက်သားသမီးများကိုမျှဝေပေးပါတယ်🙏🙏🙏
15/04/2025

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့အ​ကြတ်​နေ့ကုသိုလ်အလှူ ပြုခဲ့သမျှကုသိုလ်အစုစုကို၇ရက်သားသမီးများကိုမျှဝေပေးပါတယ်🙏🙏🙏

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့အကျနေ့ကုသိုလ်အလှူ🏨 ပြုခဲ့သမျှကုသိုလ်အစုစုကို၇ရက်သားသမီးများကိုမျှဝေပေးပါတယ်🙏🙏🙏
14/04/2025

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့အကျနေ့ကုသိုလ်အလှူ🏨 ပြုခဲ့သမျှကုသိုလ်အစုစုကို၇ရက်သားသမီးများကိုမျှဝေပေးပါတယ်🙏🙏🙏

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့ အကြိုနေ့ကုသိုလ်အလှူ🏨
13/04/2025

ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမိသားစုရဲ့ အကြိုနေ့ကုသိုလ်အလှူ🏨

23/02/2025

ဧည့်ခန်းထဲက နှင်းဆီပန်းအိုးကို ပန်းအစစ်လား၊ အတုလား ခွဲချင်စိတ်နဲ့ ကျွန်တော် စိုက်ကြည့်နေတာ အချိန်အတော်ကြာပြီ။ နောက်ဆုံး မနေနိုင်တော့ လက်နဲ့ တို့ထိလိုက်တယ်။
ဟာ .. အစစ်ဗျ၊ နှင်းဆီအစစ်တွေ 🌹🌹🌹

ဒါဖြင့် နှင်းဆီနံ့ကို ကျွန်တော် ဘာလို့ မရတာလဲ။ နှာခေါင်းကို ရှုံ့လိုက်ပွလိုက် လုပ်ပြီး ကျွန်တော် သေချာ အနံ့ခံကြည့်တယ်။ ထူးခြားမလာဘူး။ နှင်းဆီပန်းအိုးကို ကောက်ကိုင်ပြီး အနီးကပ် ရှူလိုက်တယ်။ ဘာနံ့မှ မရပြန်ဘူး။
ပန်းအိုးကို ခုံပေါ် ပြန်ချပြီး ကျွန်တော် အကြာကြီး ငြိမ်နေတယ်။ လည်ချောင်းထဲကများ နာသလား၊ အသက်ရှူရ ခက်သလား။ ဖျားချင်ချင်ရော ဖြစ်သလားလို့ တွေးတယ်။ သေချာတယ် .. ကျွန်တော် ဘာမှမဖြစ်ဘူး၊ ကျွန်တော့်မှာ ဖြစ်တဲ့ လက္ခဏာဟာ အနံ့မရတာ တစ်ခုတည်း။

ဒါကို ဒီမနက်မှ ကျွန်တော် သတိထားမိတာ။ နေ့လယ်စာစားတော့ ပထမဆုံး စ သတိထားမိတာပဲ။ မနက်လင်းခါနီးမှ အိပ်ပျော်သွားတာမို့ နေ့လယ်စာဟာ ဒီနေ့အတွက် ကျွန်တော် ဦးဆုံး စားရတဲ့ အစားအစာ။ အမေ့လက်ရာ ဆီပြန်ဟင်းဟာ ခါတိုင်းရနေကျ အနံ့မျိုး မရှိဘူး။ ငါးပိရည်ခွက်ကို ကျွန်တော် ကောက်ကိုင်ပြီး နမ်းကြည့်တော့လည်း ငါးပိနံ့ လုံး၀ မရဘူး။ တို့စရာ ရှောက်ရွက်ကို ချေပြီး ရှူကြည့်ပြန်တယ်။ ဒါလည်း အနံ့မရဘူး။

ထမင်းစားပြီးတော့ ကျွန်တော် နေမရ ထိုင်မရ ဖြစ်လာတယ်။ အခုတလော ဖတ်ထားတဲ့ အချက်အလက်တွေကလည်း ခေါင်းထဲမှာ ပလူပျံံနေပြီ။ ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ ထူးခြားတဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းခြောက်ဆိုးတာ၊ ကိုယ်အပူချိန် မြင့်တက်တာ၊ အသက်ရှူရ ခက်ခဲတာတွေအပြင် အနံ့မရတာ၊ အရသာ ခံစားလို့မရတော့တာလည်း ပါနေတာ ကျွန်တော် သိထားတယ်လေ။

အခု ကျွန်တော် အနံ့မရတော့ဘူး။ ဒါနဲ့ပဲ သေချာချင်စိတ်နဲ့ ဧည့်ခန်းထဲက နှင်းဆီပန်းအိုးဆီ ရောက်လာတော့တာပဲ။ အမေ ကျွန်တော့်ကို တစ်နေရာကနေ ကြည့်နေတယ်ဆိုတာလည်း မသိဘူး။ နှင်းဆီပန်းအိုးကို ကျွန်တော် ကိုင်လိုက် ချလိုက် လုပ်နေတယ်။
ပထမဆုံး ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သတိပြုလာမိတာ ချွေးစေးတွေ ပြန်နေတယ်ဆိုတာပဲ။ နဖူးက ချွေးတွေ စီးကျလာတယ်။ ကျွန်တော့်လည်ချောင်းတွေ အလိုလို ခြောက်ကပ်လာတယ်။
ဒီရက်တွေထဲ အိမ်ထဲမှာပဲ နေရမယ်ဆိုပေမယ့် ကျွန်တော် အပြင်သွားခဲ့သေးတယ်။ သူများတွေလို ၀မ်းရေးအတွက်တော့ မဟုတ်ဘူး။ ကျွန်တော် လက်လွှတ်လို့မရတဲ့ ဆေးပြားလေးတွေ ယူဖို့အတွက် ...
အပြင်မထွက်နဲ့လို့ အမေ ဘယ်လိုပြောပြော ခန္ဓာကိုယ်က ဖောက်လွဲဖောက်ပြန်လုပ်ပြီး ဆေးပြားလေးတွေကို အလွန်အကျွံ မတောင့်တလာခင် ထွက်မှဖြစ်မယ်လို့ တွေးပြီး ကျွန်တော် ထွက်ခဲ့မိတယ်။

ဒီဆေးပြားလေးတွေကို စမ်းသုံးကြည့်တုန်းက စိတ်ခံစားမှုတွေကို ကျွန်တော် ခုထိ မှတ်မိပါသေးတယ်။ သူငယ်ချင်းတစ်ယောက် လက်တို့တာကနေ သုံးဖြစ်သွားတဲ့ ဆေးပြားလေးတွေဟာ ကျွန်တော့်ကို အလိုလိုနေရင်း လန်းဆန်းတက်ကြွနေစေတယ်။ ကျွန်တော် အမြဲတမ်း ပျော်နေတယ်။ ပင်ပန်းတယ်လို့ကို လုံး၀ မခံစားရတော့တာ။ အလုပ်ကို တစ်ညလုံး လုပ်ဆို လုပ်နိုင်တယ်။ နှစ်ညလောက် ဆက်တိုက် မအိပ်ရလည်း ကျွန်တော် ဘာမှမဖြစ်ဘူး။ လန်းဆန်းတက်ကြွတုန်းပဲ။

နောက်ပိုင်း သုံးတာ ကြာလာပြီး တဖြည်းဖြည်း စွဲလာတဲ့အခါကျတော့ တစ်မျိုး ပြောင်းလာပြန်တယ်။ ကျွန်တော် စိတ်ဆတ်လာတယ်။ အမြဲတမ်း စိုးရိမ်ကြောက်လန့်နေတတ်လာတယ်။ ညညဆို အိပ်မပျော်တော့ဘူး။ လူတိုင်းကို မယုံသင်္ကာစိတ် ၀င်လာတယ်။ အစပိုင်းကတော့ အမေ ကျွန်တော့်ကို မရိပ်မိပါဘူး။ အမေက သိပ်ရိုးတယ်လေ။ ပထမဆုံး စ သိတာကတော့ ကျွန်တော့်အစ်မပဲ။ အိမ်ထောင်ခွဲနေတဲ့ အစ်မ အမေ့ဆီ လာလာလည်ရင်းနဲ့ ကျွန်တော် ဖြစ်ပျက်ပုံကို ရိပ်မိသွားခဲ့တယ်။ အစ်မကနေတစ်ဆင့် အမေပြန်သိပြီး ငိုလို့ ယိုလို့ ဖြစ်တော့ ကျွန်တော် ဆေးပြားလေးတွေကို ဖြတ်သေးတာပါပဲ။ မရခဲ့ဘူးလေ။

ခုတော့ ကျွန်တော်ဟာ အမေ စိတ်ပူသလို ဆေးနဲ့ မသေဘဲ ဗိုင်းရပ်စ်ကြောင့် ဒုက္ခရောက်တော့မလား။ အပြင်သွားတုန်း Mask တပ်တာကအစ အစစ ဂရုစိုက်ပါရဲ့နဲ့ ကျွန်တော် ကံဆိုးခဲ့ပြီလား။ ကျွန်တော် ဖြစ်တာက နောက်ထားဦး၊ သွေးတိုးနဲ့ နှလုံးရောဂါ အခံရှိတဲ့ အမေ့ကိုပါ ကူးသွားခဲ့ရင် ၇၀ ဆိုတဲ့ အသက်အရွယ်မှာ အမေ ခံနိုင်ရည် ရှိပါဦးမလား။ အမေ..အမေ..အမေ့ကို ကျွန်တော် ဒုက္ခပေးမိပြီ ....

မျက်ရည်မကျပေမယ့် မျက်ရည်ကျနေသလိုပဲ ကျွန်တော် တုန်ယင်ပြီးရှိုက်နေမိတယ်။
'သား' လို့ခေါ်ပြီး ပုခုံးပေါ် လက်တစ်ဖက် တင်လာလို့ မော့်ကြည့်တော့ အမေဟာ ကျွန်တော့်အနားမှာရပ်နေတယ်။ အကြောင်းစုံ မေးလို့ ပြောပြတော့ အမေလည်း ထိတ်လန့်သွားရှာတယ်။ ပထမတော့ ကျွန်တော် ထင်လိုက်တာ အမေဟာ သူ့အတွက်ပါ ပူသွားတာလို့ပေါ့။ ဒါပေမဲ့ အဲဒီလို မဟုတ်ခဲ့ဘူး။
"တစ်ခုခုဆို အမေ ဝေဒနာ ဖြစ်ရတာက အရေးမကြီးဘူး၊ သားကို ဘာဝေဒနာမှ မခံစားစေ့ချင်ဘူး၊ သားဟာက သေချာရဲ့လား၊ ဘာအနံ့မှမရတော့တာ သေချာရဲ့လား"
"သေချာတယ် အမေ"
အစ်မကို ဖုန်းဆက်ခေါ်ပြီး သားအမိနှစ်ယောက် ဘာတွေ ပြောကြတယ် မသိဘူး။ ဧည့်ခန်းမှာ ကျွန်တော် ခေါင်းငိုက်စိုက်ချ ထိုင်နေခဲ့တယ်။

အမေ ကျွန်တော့်ဆီ ပြန်ရောက်လာတော့ စောစောတုန်းက ဆူဝေနေတဲ့ ကျွန်တော့်စိတ်ဟာ ငြိမ်သက်စပြုလာပြီ။ 'စိတ်အေးအေးထား..စိတ်အေးအေးထား' လို့ ဘေးကနေ အမေ တဖွဖွ ပြောတဲ့အတိုင်း ကျွန်တော် စိတ်ကလေး နည်းနည်းအေးလာတယ်။
ဒီအချိန်မှာပဲ နှင်းဆီနံ့ကို ကျွန်တော် စ ရလာတယ်။ စိုးရိမ်ပူပန်မှု ဖျတ်ခနဲ ပျောက်ပြီး ကျွန်တော် ပျော်သွားတယ်။ တကယ်တော့ ကိုဗစ်ရဲ့ လက္ခဏာ မဟုတ်ဘဲ ဆေးပြားလေးတွေ အလွန်အမင်း စွဲလမ်းရာကနေ ရလာတဲ့ စိုးရိမ်ထိတ်လန့်မှု အကျိုးဆက်ပဲ ဖြစ်ပါလိမ့်မယ်။ နှင်းဆီနံ့ ရလာတဲ့အကြောင်း အမေ့ကို ပြောပြတဲ့အခါ အမေဟာ ကျွန်တော့်ထက် ပိုပြီး ၀မ်းသာတော့တာပေါ့။

ပြီးတော့ အမေ ဒီ့ထက် ၀မ်းသာသွားတာကတော့ အစ်မ ကျွန်တော့်ကို ပို့ပေးချင်တယ်လို့ ပြောပြောနေတဲ့ ဘဝသစ်ဆီ လိုက်ခဲ့ဖို့ ကျွန်တော် ကတိပေးလိုက်လို့ပါပဲ။ အစ်မက ကျွန်တော့်ကို အဲ့ဒီမှာ ဆေးဖြတ်စေချင်နေတာကြာပြီ။ ကျွန်တော်က ကိုယ့်ဘာသာကိုယ် လက်မခံချင်တာကြောင့် မသွားခဲ့တာ ... ခုတော့ အမေစိတ်ချမ်းသာတာမြင်ချင်တဲ့စိတ်က စိုးမိုးခဲ့တာကြောင့် ဘဝသစ်ကို သွားပြီး လူသစ် စိတ်သစ်နဲ့ ဘဝအသစ်ဖြစ်တဲ့အခါ ပြန်လာခဲ့ပြီး မိသားစု အားကိုးရတဲ့ သားကောင်းတစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးလိုက်ပါပြီ။ အမေ ... သားကို စောင့်နေပါ။ သား ပြန်လာမှာပါ အမေ။

"ဘဝသစ် စိတ်ကျန်းမာရေးဆေးရုံ" 🏥
အမှတ်(၁၉၂)၊ အင်းဝလုံးချင်းအိမ်ယာ၊ ဧရာဝတီ(၁)လမ်း၊
(၆၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 5111933 , 09 254202871 , 09 787976539

ဘဝသစ်ဆိုတာ ..
🔸 မူးယစ်ဆေး ဖြတ်ချင်ပေမယ့် မဖြတ်နိုင်လို့ စိတ်ညစ်နေရသူတွေ
🔹 မူးယစ်ဆေးကြောင့် လူတောမတိုးနိုင်သူတွေ
🔸 အရက်ကြောင့် လူမှုဒုက္ခမျိုးစုံ ခံစားနေရသူတွေနဲ့
🔹 စိတ်ရောဂါဝေဒနာ ဖြစ်ပွား ခံစားနေရသူတွေကို ...
ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ နေရာတစ်ခုပါ။

ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်လိုသူတွေကို ဘဝသစ်က လက်ကမ်းကြိုနေပါတယ်။

ဖုန်းဆက်လိုက်သည်နှင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသည့် ဝန်ဆောင်မှုထားရှိပေးပါသည်။ ✅✅✅

တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်  ဘ...
04/12/2024

တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်

ဘဝသစ် ရှိနေပါတယ်

ဘဝသစ်ဆိုတာ ..
မူးယစ်ဆေး ဖြတ်ချင်ပေမယ့် မဖြတ်နိုင်လို့ စိတ်ညစ်နေရသူတွေ
မူးယစ်ဆေးကြောင့် လူတောမတိုးနိုင်သူတွေ
အရက်ကြောင့် လူမှုဒုက္ခမျိုးစုံ ခံစားနေရသူတွေနဲ့
စိတ်ရောဂါဝေဒနာ ဖြစ်ပွား ခံစားနေရသူတွေကို ...
ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ နေရာတစ်ခုပါ။

ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်လိုသူတွေကို ဘဝသစ်ကလက်ကမ်းကြိုနေပါတယ်။

"ဘဝသစ် စိတ်ကျန်းမာရေးဆေးရုံ"
အမှတ်(၁၉၂)၊ အင်းဝလုံးချင်းအိမ်ယာ၊ ဧရာဝတီ(၁)လမ်း၊
(၆၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 5111933 , 09 254202871 ,
ဖုန်းဆက်လိုက်သည်နှင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသည့် ဝန်ဆောင်မှုထားရှိပေးပါသည်။

နှစ်သစ်မှာ မဖြစ်မနေ လုပ်စေချင်တဲ့ အလေ့အထတစ်ခုကို ပြောပါဆို စိတ်ကျန်းမာရေးကို ဂရုစိုက်စေချင်တာပါပဲ။

ဒီဘက်နောက်ပိုင်းမှာတော့ အရင်ထက်စာရင် စိတ်ကျန်းမာရေးအကြောင်းတွေ ပိုပြီး အပြောများလာကြပြီ။ ဂရုစိုက်ရကောင်းမှန်းလည်း သိလာကြပြီ။

ဒါပေမဲ့ တကယ်လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ဆိုရင်တော့ တွန့်ဆုတ်နေကြတုန်းပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာတင် အဲဒါကို သတိထားမိတယ်။

ဒါတွေ လုပ်လိုက်ရင်ပဲ ကိုယ်က စိတ်ပိုင်းဆိုင်ရာ အားနည်းသူအဖြစ်၊ မကြံ့ခိုင်သူအဖြစ် ဝန်ခံလိုက်ရာ ရောက်သွားမလား ဆိုတဲ့ အတွေးက တားဆီးနေတာကို အဓိကအားဖြင့် တွေ့ရတယ်။ အမျိုးသားတွေဆို ပိုဆိုးတယ်။

တကယ်က မဆိုင်ပါဘူး။ လူခန္ဓာကိုယ် နေမကောင်းဖြစ်တာ ဘာဆန်းသလဲ။ ဖျားလို့ အနားယူရတာရော ဘာဆန်းသလဲ။ ဆေးခန်းသွားပြရတာရော ဘာဆန်းသလဲ။ ဘာတွေများ ရှက်စရာ လိုနေလို့လဲ။

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ဒီသဘောပဲ။ စိတ်တွေ ဖျားနာတဲ့အခါ နာမယ်။ ပင်ပန်းတဲ့အခါ ပင်ပန်းမယ်။ ဒါကို ကုစားဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်မယ်။ ဘယ်လိုမှ မရတော့ရင် တတ်ကျွမ်းနားလည်တဲ့ ဆွေးနွေးပေးနိုင်သူဆီ သွားမယ်။ ဘယ်တစ်ခုကမှ အဆန်းဟုတ်မနေဘူး။ ရှက်စရာလည်း ကောင်းမနေဘူး။

တစ်နေ့တစ်နေ့ ကိုယ့်ရဲ့ ၂၄ နာရီကို ကြည့်လိုက်ရင် အလုပ်တွေ လုပ်မယ်။ တွေ့စရာရှိတဲ့ လူတွေနဲ့ တွေ့မယ်။ သွားစရာရှိတာ သွားမယ်။ အိပ်မယ်။ စားမယ်။ စိတ်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တာတွေ လုပ်မိနေတာတော့ အတော်နည်းတယ်။

ဟောပြောပွဲတစ်ခုမှာ နားထောင်ဖူးတဲ့ ဥပမာနဲ့ တင်စားပြီး ပြောရရင် ခြေထောက်ကျိုးနေတာကို မကုဘဲ အလုပ်လုပ်၊ ရုံးတက်နေတဲ့သူ မရှိပေမဲ့၊ အဲဒီလို ခြေထောက်ကျိုးတာနဲ့ တူတဲ့ စိတ်ဒဏ်ရာကြီး ရှိနေပါလျက်နဲ့ အလုပ်လုပ်၊ ရုံးတက်၊ ဘာမှမဖြစ်သလို နေနေတဲ့သူတွေတော့ အများကြီးရှိတယ်။

ကိုယ်ရော အဲဒီထဲ ပါနေလား ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။

စိတ်ကျန်းမာရေးကို ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ သာမန်ကိစ္စတစ်ခုအဖြစ် ရှုမြင်လာကြဖို့ သိပ်အရေးကြီးတယ်။ ကိုယ်တိုင် ဘယ်လိုအချိန်ပေးဖြစ်နေတယ်၊ စိတ်ဓါတ်ကျတဲ့ အချိန်တွေ ဘယ်လိုရှိတယ်၊ ဘယ်လိုကုစားတယ်၊ အကူအညီ ဘယ်လိုယူခဲ့တယ် စသဖြင့် ပြန်လည်မျှဝေပေးခြင်းကလည်း အများကို အထောက်အကူ ဖြစ်စေတယ်လို့ မြင်ပါတယ်။

သြော် သူလည်း ဒီလိုဖြစ်ခဲ့တာပဲ၊ ငါ ခုလို ဖြစ်နေတာရော ဘာဆန်းသလဲ ဆိုတဲ့အမြင်မျိုး ရလာမယ်။ သူကနေမှ တစ်ဆင့်ပြန်ဖြန့်ဝေရင်း သူ့အဝန်းအဝိုင်းမှာလည်း ဒီလိုအမြင်တွေ အားကောင်းလာမယ်။ အဲဒီကမှ တစ်စတစ်စနဲ့ စိတ်ကျန်းမာရေး ထိခိုက်နေတာဟာ ရှက်စရာ မဟုတ်ဘူး ဆိုတဲ့အမြင်တွေ ပိုကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။

ဒီအတွက် ကိုယ်တိုင်လည်း ဂရုစိုက်ပါ။ ကိုယ်ဘယ်လိုတွေ ခံစားခဲ့ရ၊ ခံစားနေရတယ် ဆိုတာကိုလည်း မျှဝေပေးပါ။ စိတ်ကျန်းမာရေးကို Normalize လုပ်တဲ့နေရာမှာလည်း ကိုယ်တိုင် တတပ်တအား ပါဝင်လိုက်ပါ။

ဒေါက်တာ ဖြိုးသီဟ
၄.၁၂.၂၀၂၄

◾◾◾◾◾◾

ကျွန်တော် မိတ်ဆက်ပေးနေကျ Yours TODAY Program က လာမဲ့သောကြာနေ့မှာလည်း ရှိပါတယ်။ ဒီအစီအစဉ်ကို ကနေ To Day Psychology Classes ကနေ လုပ်ဆောင်တာဖြစ်ပြီး သေချာလေ့ကျင့်ပေးထားတဲ့ Volunteer Listener တွေကနေ နားထောင်ပေးတာပါ။ ဒါကြောင့် ကိုယ့်ရင်ထဲ ပိတ်​လှောင်​နေတာ​တွေ ရှိတယ်ဆို ဒီအစီအစဉ်လေးမှာ Join ကြည့်လို့ ရပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာအချိန် ညနေ ၇ နာရီကနေ ၉ နာရီပါ။ စည်းကမ်းချက်တွေနဲ့၊ စာရင်းပေးသွင်းရမဲ့ လင့်ခ်ကိုတော့ ကွန်မန့်မှာ ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ရေဘေးသင့်ပြည်သူတွေအတွက် ဘဝသစ်စိတ်ကျန်းမာ​ရေးဆေးရုံမှလှူဒါန်းမှု့လေးတွေပါရှင်🙏🙏🙏ကုသိုလ်တွေထပ်တူရပီကပ်ကြီးသုံးပါးဘေးမှလဲအမ...
19/09/2024

ရေဘေးသင့်ပြည်သူတွေအတွက် ဘဝသစ်စိတ်ကျန်းမာ​ရေးဆေးရုံမှ
လှူဒါန်းမှု့လေးတွေပါရှင်🙏🙏🙏

ကုသိုလ်တွေထပ်တူရပီကပ်ကြီးသုံးပါးဘေးမှလဲအမြန်ဆုံးကင်းဝေးကြပါစေရှင်🙏🙏🙏

04/06/2024

Address

အမှတ် ( ၁၉၂ ) ၊ ဧရာဝတီ ( ၁) လမ်း၊ ( ၆၆ ) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
Yangon
11431

Alerts

Be the first to know and let us send you an email when ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category