Vita Xtrong Gym & Supplements Protein Shop

Vita Xtrong Gym & Supplements Protein Shop No -17 The Atrium condominium Relax Floor, Upper Pansodan Road & Conner of Bo Min Khaung Road,Mingalar Taung Nyunt Township,Yangon.

Contact:09972234444. 09448444440

19/10/2025

ပိတ်ရက်ကြေငြာခြင်း 🔊🔊

20.10.2025 သည် ဟိန္ဒူဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် ဒီပါဝါလီနေ့ဖြစ်သောကြောင့် စိတ်သွားတိုင်းကိုယ်ပါ လိုရာ ဆန္ဒတွေ တစ်လုံးဝကြီးပြည့်စုံကြပါစေ...

VX Supplements Myanmar သည် 20.5.2025 ရက်နေ့တွင် ဆိုင်ပိတ်မည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည် ခင်ဗျာ ...

🇲🇲

တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူတာ သဘာဝပါ။ အစားအသောက်အရသာ၊ ဝါသနာ၊ နေထိုင်မှုပုံစံ စသဖြင့်ပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ ကြံ...
14/10/2025

တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူတာ သဘာဝပါ။ အစားအသောက်အရသာ၊ ဝါသနာ၊ နေထိုင်မှုပုံစံ စသဖြင့်ပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ ကြံ့ခိုင်မှုပန်းတိုင်အတွက် အားကိုးရမယ့် ပစ္စည်းရွေးချယ်မှုမှာတော့ ကျွန်တော်တို့အားလုံး တူညီတဲ့ရွေးချယ်မှုတစ်ခုရှိပါတယ်... အဲဒါက VITAXTRONG ပါပဲ။

ဘာလို့လဲ? ရိုးရိုးလေးပါ။

ကိုယ့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးနဲ့ အလိုအပ်ဆုံးအာဟာရဓာတ်တွေပဲ ပေးတာမို့ပါ။

ရလဒ်က အမြဲတမ်း တိကျခိုင်မာလို့ပါ။

အရသာအကြိုက်တွေ ဘယ်လောက်ပဲကွဲပြားကွဲပြား... အားကစားသမားတိုင်း၊ ကျန်းမာရေးလိုက်စားသူတိုင်းရဲ့ နှလုံးသားက ရွေးချယ်တာက VX ပါပဲ။

သင့်ရဲ့ပန်းတိုင်အတွက် အကောင်းဆုံးရလဒ် ကို VITAXTRONG နဲ့အတူ ဖန်တီးလိုက်ပါ။

🇲🇲





အရင်းအနှီးများတော့ အကျိုးအမြတ်များတယ်✅✅✅✅✅အားလုံးသိကြတဲ့အတိုင်း Body building & Fitness အတွက် Gym ကစားကြတဲ့သူတွေဟာ သာမာန...
06/10/2025

အရင်းအနှီးများတော့ အကျိုးအမြတ်များတယ်
✅✅✅✅✅

အားလုံးသိကြတဲ့အတိုင်း Body building & Fitness အတွက် Gym ကစား
ကြတဲ့သူတွေဟာ သာမာန် အခြား အားကစားတွေထက် သဘာဝအတိုင်း
ကစားရင်ပဲ အစစအရာရာ အရင်းအနှီးပိုများပါတယ်
ကုန်သည် စကားနဲ့ ပြောရင် အရင်းအနှီးများတော့ အကျိုးအမြတ်ကပိုပြီး
များပါတယ်
ကျနော်ငယ်ငယ်ကတော့ အားကစားအမျိုးမျိုးမှာ ဂေါက်ရိုက် အားကစားနည်း
က အရင်းအနှီးပိုများတယ်လို့ ထင်ခဲ့တာပါ
လွန်ခဲ့တဲ့ နှစ် သုံးလေးဆယ်မှာတောင် Golf Set တမျိုးကို သိန်းရာကျော်တန်
တွေရှိခဲ့တာဆိုဆိုတော့ ဒီလိုပဲ ထင်မှတ်ခဲ့တာပါ

နောက်ပိုင်း အတွေ့အကြုံနဲ့ ဗဟုသုတများလာတဲ့အခါ ဘယ်အားကစားနည်း
မဆို ထိုက်တန်တဲ့ အရင်းအနှီး များကြတာပဲလို့ သိလာပါတယ်

ဘယ်အားကစားမှာမဆို အများသုံး Equipment တွေက အရေးပါသလို
တကိုယ်ရည် အသုံးအဆောင်တွေကလည်း မဖြစ်မနေ ဝတ်ဆင်၊တတ်ဆင်
ရတာတွေရှိပါတယ်

Bodybuilder & Fitness သမားတွေရဲ့ အဓိက အရင်းအနှီးကတော့
အစားအသောက်နဲ့ ဖြည့်စွက်စာတွေရဲ့ ကုန်ကျစရိတ်ပဲဖြစ်ပါတယ်
PED ပါ သုံးမယ်ဆိုရင် ပိုပြီး အကုန်အကျများပါတယ်

PED က ကာယဗလသမားများတင် သုံးတာမဟုတ်ပါ အခြား အားကစား
သမားများလည်း သုံးကျပါတယ်

ဘယ် အအားကစားသမားမဆို တန်ဖိုးအကြီးဆုံး အရင်းအနှီးကတော့
အသက်နဲ့ ကိုယ်လက်အင်္ဂါတွေဖြစ်ပါတယ်

ဟာဗျာ မဟုတ်သေးပါဘူး ကျန်းမာရေးအတွက် အားကစားလုပ်ပါတယ်
ဆိုမှ အားကစားလုပ်တာကြောင့် အသက်နဲ့ ကိုယ်လက်အင်္ဂါတွေ ရင်းနှီး
ထားရတယ်ဆိုတော့ ဘာလို့ အားကစားလုပ်တော့မှာလည်းလို့ စောဒက
တက်ချင်စရာပဲဖြစ်ပါတယ်
ကစားနေရင်း ပြိုင်ပွဲဝင်နေရင်း ပုံမှန်ဆိုရင် ဘာမှ မဖြစ်ပါဘူး
ဒါပေမဲ့ မတော်တဆ ဖြစ်စဉ်တွေမှာ ကိုယ်လက်အင်္ဂါတွေ အသက်တွေ
ပေးလိုက်ရတာတွေ အများကြီးရှိပါတယ်

လက်ဝှေ့သမားတွေဆိုရင် ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးရင်း
အသက်အန္တရာယ်တွေ ဆုံးရှုံးနိုင်ပါတယ်

ဘောလုံးသမားတွေ ‌ကွင်းထဲမှာ လဲကျပြီး သေဆုံးခဲ့တာတွေလည်းရှိသလို
ဒီနှစ်ထဲမှာကို ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ လက်ဝှေ့ပြိုင်ပွဲတခုတည်းမှာတင်
ဂျပန်နိုင်ငံက လက်ဝှေ့သမား နှစ်ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်

ကျနော်တို့နိုင်ငံမှာလည်း ပြီးခဲ့တဲ့ လ ထဲမှာတင် စက်ဘီးစီး အားကစား
သမားတယောက် စက်ဘီးစီး‌လေ့ကျင့်နေရင်း လဲကျသေဆုံးသွားခဲ့ရပါတယ်
နောက်ပြီး အထူးကုဆရာဝန်ကြီးတယောက် Gym ကစားပြီး အပြန်
ရေချိုးနေတုန်း ချော်လဲပြီး သတိလစ်သွားရာကနေ အသက်ဆုံးရှုံးသွားခဲ့
ပါတယ်
ကမ္ဘာ့ကာယလောကမှာလည်း ဟောတယောက် ဟောတယောက်နဲ့
အသက်ဆုံးရှုံးတာတွေများခဲ့ပါပြီ

ဘယ်သူမှမသိပဲ အားကစားလုပ်ရင်းနဲ့ အသက်ဆုံးရှုံးသွားသူတွေ
ဘယ်လောက်များနေလည်းဆိုတာကိုတော့ ဘုရားသခင်ကလွဲပြီး
ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး

လက်ဝှေ့သမားတွေ အသက်အန္တရာယ်ရှိတာကတော့ စင်ပေါ်မှာ
ယှဉ်ပြိုင်ထိုးသတ်ကြရင်း ခေါင်းကို အထိုးခံရတာများပြီး ဦးနှောက်အတွင်း
သွေးယိုစိမ့်မှု့ဖြစ်တာများပါတယ်

ကာယဗလသမားတွေ၊ဘောလုံးသမားတွေနဲ့ အခြားအားကစားလုပ်ရင်း
အသက်အန္တရာယ် ထိခိုက်သွားရတာတွေကတော့ ရုတ်တရက် နှလုံးခုန်ရပ်
သွားကြလို့ပဲ ဖြစ်ပါတယ်

နှလုံးခုံရပ်ပြီး အသက်ဆုံးရှုံးသွားရတဲ့ အကြောင်းရင်းများစွာရှိပါတယ်
အားကစားတခုခုကို မိမိနှလုံးခုန်နှုံးထက် ပိုပြီးလေ့ကျင့်ခြင်းကြောင့်
နှလုံးခုန်ရပ်သွားတာတွေရှိပါတယ်
ဒါကြောင့် ဆေးပညာရှင်တွေက အားကစားလုပ်မယ်ဆိုရင် မိမိ၏
အစွမ်းကုန်နှလုံးခုန်နှုံးရဲ့ 80%မှ90% ထိသာ လေ့ကျင့်ဖို့ အကြံပေး
ကြခြင်းဖြစ်ပါတယ်

နှစ်လုံးခုန်နှုံးဟာ အသက်အရွယ်အလိုက် ကွာခြားချက်ရှိပါတယ်
မိမိရဲ့အစွမ်းကုန် နှလုံခုန်နှုံးကို သိချင်လျှင် 220 ကို ပုံသေးထားပြီး
220 ထဲက မိမိရောက်ရှိနေတဲ့ အသက်ကို နုတ်ပါ ကျန်တဲ့ ရလဒ်သည်
မိမိ၏အစွမ်းကုန် နှလုံးခုန်နှုံးဖြစ်ပါတယ်
ဥပမာ အသက် 20 ရှိလူတယောက်ရဲ့ အစွမ်းကုန်နှလုံးခုန်နှုံးမှာ
220-20= 190 သည် အသက် 20 အရွယ်လူတယောက်၏အစွမ်းကုန်
နှလုံးခုန်နှုံးဖြစ်ပါတယ်
ဒါကြောင့် အားကစားလုပ်တဲ့ အခါ အစွမ်းကုန် နှလုံးခုန်နှုံးရဲ့ 60% မှ 90%
ထိသာ လုပ်ဆောင်သင့်ကြောင်း အကြံပေးထားတာဖြစ်ပါတယ်
အသက် 20 လူတယောက် အားကစားလုပ်မယ်ဆိုရင် နှလုံးခုန်နှုံးသည်
သူ၏နှလုံးခုန်နှုံး 60% 120 မှ 90% 180 ထိသာ လုပ်ဆောင်ရမယ်လို့
အကြံပြုထားပါတယ်

Bodybuilder & Fitness ကစားသမားတွေ နှလုံးခုန် ရုတ်တရက်ရပ်ပြီး
အသက်ဆုံးရှုံးသွားတာကတော့ PED ကြောင့်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်
ကြပါဘူး သေဆုံးသွားသူတွေရဲ့ ဂုဏ်သိက္ခာကိုထောက်ထားပြီး သေဆုံး
သွားရတဲ့ အကြောင်းအရင်းကို အတိအကျ မထုတ်ပြန်ကျတာပဲ ရှိပါတယ်
အရင်းစစ်တော့မြေမှာဆိုသလို အကြောင်းရင်းခံ ဇစ်မြစ်ကတော့
PED ကြောင့်ဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်

PED တွေမသုံးပဲ သာမာန်ကစားရင်တောင် Body Builders & Fitness
ကစားသမားတွေရဲ့ အစားအသောက်နဲ့ ဖြည့်စွက်စာတွေ၊Gym Wear တွေရဲ့စရိတ်က သာမာန်လူတွေ မျက်လုံးပြူးလောက်အောင် ကုန်ကျစရိတ်က
ကြောက်ခမန်းလိလိ များပါတယ်

ဒါဆိုရင် အရင်းအနှီးများတဲ့ အားကစားဆိုဝာာကို မလုပ်သင်ဘူးလား❓
သက်တောင့်သက်သာနေရင်း ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းမှာပေါ့
လို့ ယူဆစရာရှိပါတယ်

ဒါပေမဲ့ ဒီလိုတွေးလို့ မရပါဘူး အားကစားတခုခု မလုပ်ရင် ကျန်းမာရေး
အပိုင်းမှာ ပိုပြီးထိခိုက်ပါတယ် သံကောင်းတဲ့ ဓါးဖြစ်ပါစေ မသုံးပဲ မသွေးပဲ
ထားရင် ဓါးက သံချေးတက်ပြီး ပျက်စီးသွားမှာဖြစ်ပါတယ်

ခန္ဓာကိုယ်က ကြွက်သားတွေ ကိုယ်တွင်းအင်္ဂါတွေမှာ အဓိကကျတဲ့ နှလုံး
အဆုတ်၊အသည်း၊ကျောက်ကပ်တွေ သန်မာကြံ့ခိုင်ပြီး ပုံမှန်အလုပ်လုပ်ဖို့
လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်

အသက် 40 ကျော်ရင် အမျိုးသား/အမျိုးသမီးတွေမှာ ကြွက်သားတွေ
ဆုံးရှူံးခြင်း၊အရိုးပွ၊အရိုးပါးစတဲ့ ဆုတ်ယုတ်မှု့တွေ ခံစားလာကြပါတယ်

ထို့အတူ အရိုးအဆစ်တွေမှာရှိတဲ့ Tendon (အရွတ်)တွေ၊Ligament(အရွတ်တွဲ)
တွေဟာလည်း တောင့်တင်းပြီး လှုပ်ရှားရခက်လာကြပါတယ်

အသက် 40 ကျော်လာရင် ကယ်လိုရီလောင်ကျွမ်းမှု့ နည်း/နှေးသွားပြီးကိုယ်‌အလေးချိန်တွေ တက်လာကြပါတယ်
ဒါ‌ကြောင့် လှုပ်ရှားမှု့‌တွေမှာ လေးလံထိုင်းမှိုင်းပြီး ထိုင်ရ ထရခက်လာခြင်း
ခြေဖဝါးတွေကျိန်းခြင်း၊ဒူးနာ၊ခါးနာခြင်းတွေ ခံစားလာကြရပါတယ်
ကိုယ်လက်လှုပ်ရှားမှုမရှိပဲ စားချင်ရာတွေစားပြီး Life Style မမှန်သော
ကြောင့် အာရုံကြောဆိုင်ရာရောဂါတွေလည်း ခံစားကြရပါတယ်

ဒီလိုရောဂါတွေ မခံစားရအောင် အားကစားတခုခုကို ကစားပေးမှရပါမယ်

နှလုံးတွေ အဆုတ်တွေ ခွန်အားရှိသန်မာလာအောင် Cardio Exercise တွေ
ကစားပေးခြင်း
အထိုင်အထလွယ်ပြီး လှုပ်ရှားရ လွယ်ကူအောင် ယောဂ Yoga လေ့ကျင့်ခန်း
တွေ ကစားခြင်း ကြွက်သားတွေ မဆုံးရှုံးရအောင် Resistance Training တွေ
ဖြစ်တဲ့ အလေးမ လေ့ကျင့်ခန်းတွေ ကစားပေးဖို့ လိုအပ်ပါတယ်

အားကစားလုပ်သူရဲ့ နှလုံးခုန်နှုံးနဲ့ အားကစားမလုပ်သူတို့ရဲ့ နှလုံးခုန်နှုံးဟာ
သာမာန် အချိန်မှာ တမိနစ်မှာ အကြိမ် 20 ခန့် အားကစားလုပ်သူက နည်းသွား
ပါတယ်
တစ်မိနစ်မှာ အကြိမ် 20
တစ်နာရီမှာ အကြိမ် 1200
24 နာရီမှာ အကြိမ် 28800
အားကစားလုပ်သူဟာ တရက်မှာ နှလုံးခုန်နှုံး အကြိမ်ပေါင်း သုံးသောင်းနီးပါး
အားကစားမလုပ်သူထက် အကြိမ်ရေ နည်းသွားပါတယ်

နှလုံးခုန်တာ အကြိမ်ရေ နည်းတာကောင်းလား❓
အကြိမ်ရေများတာကောင်းလားလို့မေးလာခဲ့ရင် မိတ်ဆွေတို့ရဲ့
ကား/ဆိုင်ကယ် တာယာနဲ့ပဲ ဥပမာပေးပါရစေ
များများမောင်းတဲ့ တာယာ က အကုန်မြန်ပြီး နည်းနည်းမောင်းတဲ့ တာယာက
ကြာကြာခံပါတယ် နှလုံး လည်း ထိုဥပမာ အတိုင်းပါပဲ ခုန်တဲ့ အကြိမ်ရေ
နည်းလေ ရေရှည်ခံလေပါပဲ

နောက်တချက်မေးစရာတခုက နှလုံးခုန်တာက မြန်တာကောင်လား❓
နှေးတာ ကောင်းလား❓ဆိုတဲ့ဆိုတဲ့မေးခွန်းလည်းရှိပါတယ်

နှလုံးခုန်နှုံးဟာ အားကစားသမားနဲ့ အားကစားမလုပ်သူ မတူပါဘူး
အသက်အရွယ်အလိုက် နှလုံးခုန်နှုံးလည်းမတူပါဘူး
နှလုံးခုန်နှုံးဟာ မြန်လွန်းရင်လည်း မကောင်းသလို နှေးလွန်းရင်လည်း
မကောင်းပါဘူး
ပုံမှန် Rhythm စည်းချက်မှန်ဖို့လိုပါတယ်

လူတိုင်းဟာ ကျန်းမာ ကြံ့ခိုင်ဖို့ အားကစားတခုခုကို မဖြစ်မနေလုပ်ဖို့
လိုအပ်ပါတယ်
အရင်းအနှီးဘယ်လောက်များများ ထိုက်တန်တဲ့ ရင်းနှီးမှု့ကိုရတာဖြစ်လို့
အရင်းအနှီးများရင် အကျိုးအမြတ်လည်းများတယ်ဆိုတာ
မြေကြီးလက်ခတ် မလွဲပြန်ရတယ်ဆိုတာ သိစေချင်ပါတယ်

ဒါကြောင့် အားကစားလုပ်ဖို့ မပျင်ပါနဲ့💪💪💪
📝📝📝📝📝📝📝📝📝📝📝📝📝📝📝

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို
ဖြုတ်ချန်မထားခဲ့ပါနဲ့

🪔သီတင်းကျွတ်ဆုတောင်း 🪔✨သီတင်းကျွတ်အခါသမယလေးမှာ လေးစားချစ်ခင်ရတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပ...
05/10/2025

🪔သီတင်းကျွတ်ဆုတောင်း 🪔

✨သီတင်းကျွတ်အခါသမယလေးမှာ လေးစားချစ်ခင်ရတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ။✨

✨စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်စုံပါစေချစ်ရတဲ့မိသားစုတွေနဲ့ အတူပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးနိုင်ပါစေကြောင်း VX Supplements မှဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻

#သီတင်းကျွတ်ဆုတောင်း Supplements

🪔🪔သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်း🪔🪔သီတင်းကျွတ်ပိတ်ရက်အနေဖြင့် အောက်တိုဘာလ ၄ရက်နေ့မှ ၇ရက်နေ့အထိ VX Supplements  Ygn shop...
03/10/2025

🪔🪔သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်း🪔🪔

သီတင်းကျွတ်ပိတ်ရက်အနေဖြင့် အောက်တိုဘာလ ၄ရက်နေ့မှ ၇ရက်နေ့အထိ VX Supplements Ygn shop -1 နှင့် မန္တလေးဆိုင်ခွဲပိတ်ထားမည်ဖြစ်ပါသည်။

(8.10.2025) ဗုဒ္ဓဟူးနေတွင်ပုံမှန်တိုင်းပြန်လည်ဖွင့်သွားမည်ဖြစ်ပါသည်။

ပိတ်ရက်ကာလလေးအတွင်းမှာ Page Messager Reply လေးဖြေကြားပေးသွားမည်ဖြစ်ပြီး အနည်းငယ်ကြန့်ကြာမှုလေးတွေ ရှိရင်နားလည်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျ🙏🏻

🪔✨သီတင်းကျွတ်အခါသမယမှာ ဘေးရန်ကင်းကွာပြီး ချစ်ရတဲ့ မိသားစုများ၊ မိတ်ဆွေများနဲ့ နွေးထွေးစွာ အတူရှိနိုင်ကြပါစေ။ တန်ဖိုးရှိတဲ့အချိန်လေးများကို ဖန်တီးနိုင်ကြပါစေလို့ VX Supplements မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။✨🪔

Supplements
#သီတင်းကျွတ်
#ပျော်ရွှင်ကြပါစေ

လေ့ကျင့်တဲ့အခါ အပေါ်/အောက်ပိုင်း ညီမျှ အချိုးအစားကျစေဖို့နည်းလမ်းကောင်း တချို့✅✅✅✅✅✅Gym ထဲမှာ လေ့ကျင့်ကစားကြတဲ့အခါ လူတော...
03/10/2025

လေ့ကျင့်တဲ့အခါ အပေါ်/အောက်ပိုင်း ညီမျှ အချိုးအစားကျစေဖို့
နည်းလမ်းကောင်း တချို့
✅✅✅✅✅✅

Gym ထဲမှာ လေ့ကျင့်ကစားကြတဲ့အခါ လူတော်တော်များများဟာ
အပေါ်ပိုင်း အတက်မြန်တာရှိသလို အောက်ပိုင်းတွေ အတက်မြန်တာလည်း
ရှိကြပါတယ် အတွေ့ရအများဆုံးက အောက်ပိုင်းတွေက အတက်နှေးကြတာ
များကြပါတယ်

ခန္ဓာကိုယ်မှာ အကြီးဆုံးကြွက်သား 4 မျိုးရှိပါတယ်

1️⃣ Chest ရင်အုပ်
2️⃣ Back ကျောပြင်
3️⃣ Hip တင်ပါး
4️⃣ Thight ပေါင်
ခန္ဓာကိုယ်မှာ Major muscle တွေ 4 မျိုးရှိတဲ့အထဲမှာ
1️⃣Chest နဲ့ 2️⃣Back က ခန္ဓာကိုယ်အပေါ် ခါးအထက်ပိုင်းမှာရှိပြီး
3️⃣ Hip တင်ပါးနဲ့ 4️⃣ Thight ပေါင်တို့က ခန္ဓာကိုယ် ‌ခါးအောက်ပိုင်းမှာ
ရှိကြပါတယ်

မျိုးရိုးဗီဇအရ ခန္ဓာကိုယ် တည်ဆောက်ပုံတွေဟာ တယောက်နဲ့တယောက်
မတူ ကွဲပြားခြားနားခြင်းတွေရှိကြပါတယ်

တချို့ကြ ပခုံးတွေဘေးကား၊ကျောပြင်တွေကျယ် အပေါ်ပိုင်းက
အောက်ပိုင်းထက် ပိုကြီးနေတတ်ပါတယ်
တချို့ကြပြန်တော့လည်း ပခုံးကျဉ်း၊ခါးတို ပြီး အောင်ပိုင်းတင်ပါးဆုံရိုးတွေ
ဘေးကားပြီး အောက်ပိုင်းတွေက ပိုကြီးနေတတ်ပါတယ်
ဒါတွေက မလေ့ကျင့်ခင်မှာကို သိသာတဲ့ ခြားနားချက်တွေဖြစ်ပါတယ်

Gym ထဲ လေ့ကျင့်ကျတဲ့အခါမှာလည်း အများအားဖြင့်
အပေါ်ပိုင်းက ကြွက်သားတွေအတက်မြန်ပြီး အောက်ပိုင်းက
အတက်နှေးတာတွေရှိတတ်ပါတယ်

တချို့ကြပြန်တော့ လက်မောင်းတွေ၊ပခုံးတွေ၊ဂုတ်ပိုးတွေ၊ခြေသလုံးတွေ
လေ့ကျင့်ကစားသူတိုင်းမှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတခုခုက အတက်နှေး
တာရှိတတ်ကြပါတယ်
ဘယ်အစိတ်အပိုင်းက အတက်နှေးတာဖြစ်ပါစေ အတက်နှေးတဲ့ ကြွက်သား
အစိတ်အပိုင်းကို တပတ် (နှစ်ကြိမ်) ကစားပါ
ကစားတဲ့အခါ သေချာ အာရုံစူးစိုက် ညှစ်ပြီးကစားပါ
လေ့ကျင့်ခန်းအသစ်အဆန်းတွေ ထွင်ပြီး မကစားပါနဲ့
Basic အခြေခံလေ့ကျင့်ခန်းတွေ ဦးစားပေးကစားပါ
လေ့ကျင့်ခန်းတမျိုးကို 6 လအထက် ကစားပါရက်နဲ့ မတိုးတက်လာရင်
အခြားလေ့ကျင့်ခန်းတွေ ပြောင်း ကစားပါ
ကြွက်သားအစိတ်အပိုင်းတမျိုးအတွက် လေ့ကျင့်ခန်းတွေ
အများကြီး မကစားပါနဲ့

Chest,Back,leg ကစားနည်းတွေက များလွန်းတဲ့အတွက်
အတွဲ 1 အတွဲ 2 ဆိုပြီး ခွဲကစားပါ
ကြွက်သားတွေကြီးထွားဖို့ ကစားနည်းဟာ Overload System ဖြစ်တာမို့
အလေးတွေကို စနစ်တကျတိုး ကစားခြင်း
အကြိမ်ရေက 6 ကြိမ်မှ 12 ကြိမ် အတွင်း
အကျော့ရေက 3 ကျော့ မှ 4 ကျော့အတွင်း ဖြစ်ရမယ်လို့
ယေဘူယျ သတ်မှတ်ချက်တွေ ရှိပါတယ်

လေ့ကျင့်ရေးအပိုင်းမှာ ဂရုစိုက်ရသလို စားသောက်မှုနဲ့
အနားယူပိုင်းမှာလည်းဂရုစိုက်ဖို့ လိုအပ်ပါတယ်

မိမိတနေ့တာ လိုအပ်တဲ့ ကယ်လိုရီထက် 500-700 ပိုစားပေးပါ
မိမိကိုယ်အလေးချိန် တပေါင်အတွက် အနည်းဆုံး ပရိုတင်း 1 ဂရမ် စား
သောက်ပါ
အိပ်ချိန်ကို ဂရုစိုက်ပါ တနေ့မှာ အိပ်ချိန် 6 နာရီအထက်ရအောင်အိပ်ပါ

ကြွက်သားတွေကြီးထွားဖို့ Overload System အကျော့တိုင်း အလေးတိုး
ကစားရသည့်အတွက် ထိခိုက်ဒဏ်ရာမရဖို့ မကစားခင်မှာ
သွေးပူအကြောလျော့ Warming up တွေ
ကစားပြီးချိန်မှာ Cooling down သွေးအေးအကြောလျော့
ဆွဲဆန့်လေ့ကျင့်ခန်း Stretching တွေ မဖြစ်မနေဂရုတစိုက်ပြုလုပ်ပါ

ဒီစည်းကမ်းတွေ လိုက်နာမယ်ဆိုရင် အပေါ်ပိုင်းနဲ့ အောက်ပိုင်း ညီမျှစွာ
တိုးတက်ပြီး အခြားအတက်နှေးတဲ့ ကြွက်သားတွေလည်း တိုးတက်
လာပါလိမ့်မယ်
ခန္ဓာကိုယ်အချိုးအစားလှပဖို့ က ခါးသေး‌မှ ဖြစ်မယ်ဆိုတာကိုလည်း
မေ့မထားပါနဲ့

အပေါ်မှာ ရှင်းပြခဲ့တာတွေ သေချာနားမလည်း မရှင်းလင်းခဲ့ရင်
Messenger မှာ လာမေးနိုင်ပါတယ်

လေ့ကျင့်ကစားသူတိုင်း ရည်ရွယ်ချက်အလိုက် တိုးတက်ကြပါစေ
🚥🚥🚥🚥🚥🚥🚥
ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို
ဖြုတ်ချန်မထားခဲ့ပါနဲ့

🏋️‍♂️ BAAM!! Hydro Whey: ပြောင်းလဲမှုတွေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့! 🚀---GYM ဆော့ပြီးလို့ ကြွက်သားတွေ နာကျင်နေတာမျိ...
27/09/2025

🏋️‍♂️ BAAM!! Hydro Whey: ပြောင်းလဲမှုတွေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့! 🚀
---

GYM ဆော့ပြီးလို့ ကြွက်သားတွေ နာကျင်နေတာမျိုး၊ Energy တွေ ကုန်ခမ်းသွားတာမျိုး ဖြစ်ဖူးလား?

ဒါဆိုရင် အဲ့ဒါတွေကို အတိတ်မှာပဲ ချန်ထားခဲ့လို့ ရပါပြီ!

VX မှာ **BAAM!! Hydro Whey** ရှိပါတယ်။ Faster Recovery ၊ More Muscle Strength တွေကိုရရှိဖို့ ကူညီပေးမယ့် **USA Formula** နဲ့ ထုတ်လုပ်ထားတဲ့ **True Protein** ပဲ ဖြစ်ပါတယ်။

# # # ဘာကြောင့် BAAM!! Hydro Whey ကို ရွေးချယ်သင့်တာလဲ?

* **⚡️ 60% ပိုမိုမြန်ဆန်တဲ့ Recovery :** တစ်ကြိမ်သောက်ရုံနဲ့ **30g Protein** နဲ့ **8.8g BCAA** (အမိုင်နိုအက်ဆစ်) တွေ ရရှိမှာပါ။ ဒါကြောင့် Muscle တွေကို Relax လုပ်ပေးပြီး နောက်တစ်ကြိမ် လေ့ကျင့်ခန်းအတွက် အမြန်ဆုံး Recovery လုပ်နိုင်မှာပါ။

* **💪 40% ကြွက်သား သန်မာမှု:** စစ်မှန်ပြီး သေးငယ်တဲ့ Micro အမှုန့်လေးတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ **Micro Whey Isolate** ကိုသာ အသုံးပြုထားတာကြောင့် သင့်ကြွက်သားတွေ တည်ဆောက်ဖို့နဲ့ သန်မာဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးပါလိမ့်မယ်။

* **✅ "No Amino Spiking" မပါဝင်ခြင်း :** တကယ်လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုပဲ ရရှိစေမှာပါ။

* **🍏 သကြားဓာတ် လုံးဝ (လုံးဝ) မပါ:** ကျန်းမာရေးအတွက် ပိုကောင်းတဲ့၊ အရသာချိုမြိန်တဲ့ **Green Apple Flavour** နဲ့ဆိုတော့ သောက်ရတာလည်း အဆင်ပြေပါတယ်။

သင်ဟာ အားကစားကို တကယ်ပဲ စိတ်ပါဝင်စားသူ၊ ဒါမှမဟုတ် သင့်ကျန်းမာရေးအတွက် ပရိုတင်းဓာတ် ကောင်းကောင်းရှာဖွေနေသူဆိုရင် **BAAM!! Hydro Whey** ဟာ သင့်အတွက် အသင့်တော်ဆုံး ပါပဲ။

🇲🇲

ဘဝရဲ့စိန်ခေါ်မှုတွေက မင်းကိုရပ်တန့်ဖို့ကြိုးစားတိုင်း... မင်းက အရှုံးမပေးဘဲ ရှေ့ဆက်ပြေးဖို့ပဲလိုတယ်။ 🏃‍♂️🔥ခန္ဓာကိုယ်အတွက...
21/09/2025

ဘဝရဲ့စိန်ခေါ်မှုတွေက မင်းကိုရပ်တန့်ဖို့ကြိုးစားတိုင်း... မင်းက အရှုံးမပေးဘဲ ရှေ့ဆက်ပြေးဖို့ပဲလိုတယ်။ 🏃‍♂️🔥
ခန္ဓာကိုယ်အတွက် အကောင်းဆုံးစွမ်းအင်တွေကို လက်တစ်ကမ်းမှာဆောင်ထားပြီး သင့်ရဲ့ Body Fitness Journey ကို Adventure တစ်ခုလို ဖြတ်သန်းလိုက်ပါ။
Your Energy with VX…

Body building & Fitness သမားတွေ ပြိုင်ပွဲပြီးလျှင် ဖောယောင်ခြင်းပြဿနာ🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥Body Builder သမားအများစု ဟာ PED...
15/09/2025

Body building & Fitness သမားတွေ ပြိုင်ပွဲပြီးလျှင် ဖောယောင်ခြင်းပြဿနာ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
Body Builder သမားအများစု ဟာ PED သုံး သုံး မသုံးသုံးပြိုင်ပွဲပြီးသွားရင်
ခန္ဓာကိုယ်မှာ Water Retention ရေစုဝေးမှု့များပြီး ဖေါယောင်လာတတ်
ပါတယ်
PED သုံးပြီး ပြိုင်ပွဲဝင်သူတွေက ပိုပြီး အဖြစ်များပါတယ်
1️⃣ ဘာကြောင့် ဖေါယောင်ရလည်း?
2️⃣ ဘယ်လို ကာကွယ်ရမလည်း
ဖေါယောင်ခြင်း သက်သာအောင် ဘာတွေ လုပ်ဆောင်ရမလည်းဆိုတာ
စာအရှည်ကြီးနဲ့ ရှင်းပြမှာမို့ ပြိုင်ပွဲဝင်ကြသူများနဲ့ ဗဟုသုတရချင်သူများ
စာကို ဆုံးအောင် သေချာဖတ်ပါလို့ မေတ္တာရပ်ခံပါရစေ

Bodybuilder တွေ PED (Performance Enhancing Drugs) တွေသုံးပြီး
ပြိုင်ပွဲဝင်ကြတယ်၊ ပြိုင်ပွဲပြီးရင် ဖောယောင်လာတတ်တာ 90% လောက်ရှိ
ပါတယ်
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကို အသေးစိတ်ရှင်းပြပေးပါမယ်။

PED ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီလိုဆေးဝါးတွေ အဓိကပါဝင်ပါတယ်

✅ Anabolic Steroids: ကြွက်သားတည်ဆောက်မှုကို အရှိန်မြှင့်ပေးတဲ့
ဟော်မုန်းတု‌ဆေးတွေ
✅ Growth Hormone (HGH): ခန္ဓာကိုယ်ကြီးထွားမှုကို လှုံ့ဆော်ပေးပြီး
ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့ဆေးတွေ
✅ Insulin-like Growth Factor-1 (IGF-1): Growth Hormone ရဲ့
သက်ရောက်မှုကို ပိုမိုအားကောင်းစေတဲ့ဆေးတွေ
✅ Diuretics (ဆီးထုတ်ဆေး) ခန္ဓာကိုယ်ထဲက ရေဓာတ်ကို စွန့်ထုတ်ပစ်ပြီး အရေပြားအောက်မှာ ရေမစုအောင်လုပ်ပြီး သွေးကြောတွေ ပေါ်စေတဲ့ဆေးတွေ

ပြိုင်ပွဲရောက်ချိန်မှာ bodybuilder တစ်ယောက်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံ (Peak Condition) နဲ့ ရောက်ရှိဖို့ အရမ်းအရေးကြီးပါတယ်။
ဒီပုံစံရဖို့အတွက် PED တွေကို ဗျူဟာကျကျ သုံးကြရပါတယ်။

ကြွက်သားပမာဏ အများဆုံးဖြစ်အောင်: Anabolic steroids, HGH, IGF-1
တွေကို မြင့်မားတဲ့ ပမာဏနဲ့ သုံးပြီး ကြွက်သားအရွယ်အစားကို အကြီးဆုံးနဲ့
ပေါ်လွင်ကွဲပြားအောင် ကြိုးစား ကစားကြရပါတယ်

✅ရေဓာတ်လျှော့ချခြင်း (Cutting)
ပြိုင်ပွဲမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ Diuretics တွေသုံးပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်ကို လျှော့ချကြတယ်။
ဒါမှ အရေပြားကို ပါး‌စေပြီး ကြွက်သားနဲ့ သွေးကြောများကို စင်မြင်ပေါ်မှာ ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်တယ်။

🔵 Glycogen Loading

ပြိုင်ပွဲခါနီးမှာ ကာဗိုဟိုက်ဒရိတ်များများစားပြီး ကြွက်သားထဲကို glycogen (စွမ်းအင်သိုလှောင်ရာ) တွေ ပြည့်အောင်လုပ်ကြတယ်။ glycogen က ရေကို ဆွဲထားနိုင်တဲ့အတွက် ကြွက်သားတွေကို ပိုပြီး ပြည့်ဖြိုးပြီး သွေးကြောတွေ
ပိုမိုပေါ်လွင်စေတယ်

ဒီလိုလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းစနစ်ကို အကြီးအကျယ် အနှောင့်အယှက်ပေးပြီး ခန္ဓာကိုယ်ကို မတည်ငြိမ်တဲ့ အခြေအနေ
(extreme state) တစ်ခုကို ရောက်သွားစေပါတယ်။

🔴Body Builders တွေ ပြိုင်ပွဲပြီးတာနဲ့ ဘာဖြစ်လို့ ဖောယောင်လာရတာလည်း❓

ပြိုင်ပွဲပြီးတာနဲ့ bodybuilder တွေဟာ ကြွက်သားပေါ်အောင်ကြိုးစား ကစား
တာတွေ၊အစားအစာတွေထိန်းချုပ်ထားရတာတွေကနေ ဖြေလျော့လိုက်ကြပြီး
ကစားတာ ရပ်လိုက်သလို စားချင်တာတွေ စားပြစ်လိုက်ကြပါတယ်

💉PED သုံးတာ ရပ်လိုက်ခြင်း
ပြိုင်ပွဲပြီးတာနဲ့ steroids, HGH စတာတွေ သုံးတာကို ရပ်လိုက်ကြတယ်
(ဒါမှမဟုတ် ပမာဏအရမ်းလျှော့ကြတယ်)
ဒီလိုရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ hormonal crash ဖြစ်သွားတယ်။
သဘာဝ testosterone ထုတ်လုပ်မှုက လုံးဝနီးပါးရပ်သွားပြီး ခန္ဓာကိုယ်က ဟော်မုန်း‌တွေမညီမျှတော့ဘူး။

🍶ရေဓာတ်ပြန်လည်စုဆောင်းခြင်း (Water Rebound):
Diuretics သုံးပြီး ရေဓာတ်တွေ အပြင်းအထန်စွန့်ထုတ်ထားရာကနေ
ပုံမှန်စားသောက်မှုပြန်စတဲ့အခါ ခန္ဓာကိုယ်က"ရေဓာတ်ကို ပြန်ဆုံးရှုံးမှာစိုးလို့"
ပိုပြီးသိုလှောင်ဖို့ ကြိုးစားတယ်။
ဒီဖြစ်စဥ်ကို "Rebound Water Retention" လို့ခေါ်ပါတယ်
ဒီရေတွေက အရေပြားအောက်မှာ စုမိတဲ့အတွက် ဖောယောင်နေသလို
မြင်ရတာဖြစ်ပါတယ်

🍚ကယ်လိုရီစားသုံးမှု မြင့်တက်လာခြင်း
ပြိုင်ပွဲအတွက် လိုက်နာခဲ့ရတဲ့ ကြီးမားတဲ့ ကယ်လိုရီချို့တဲ့မှု (caloric deficit)
ကနေ ရုတ်တရက် ပုံမှန်အတိုင်း (ဒါမှမဟုတ်) ပုံမှန်ထက်ပိုပြီး စားသောက်မိတဲ့အခါ ခန္ဓာကိုယ်က စွမ်းအင်တွေကို အဆီအဖြစ် ပြန်သိမ်းဆည်းဖို့ စတင်ပြီး
လုပ်ဆောင်တယ်။

🕛 ဇီဝကမ္မဖြစ်စဉ် နှေးကွေးသွားခြင်း: လပေါင်းများစွာ ကယ်လိုရီအလွန်အမင်း
လျှော့စားထားရတဲ့အတွက် ဇီဝကမ္မဖြစ်စဉ် (Metabolism) က အရမ်းနှေးကွေး
သွားပါတယ်။
ဒီလိုနှေးနေတဲ့ဇီဝကမ္မနဲ့ ပုံမှန်စားလိုက်တဲ့အစားအစာတွေက မြန်မြန်ဆန်ဆန် အဆီအဖြစ် ပြောင်းလဲသိုလှောင်ခံရတယ်။

⛔ရလဒ်ကတော့ ဒီအချက်တွေအားလုံး ပေါင်းစပ်သွားတဲ့အခါ

✅ ဟော်မုန်းစနစ် ကမောက်ကဖြစ်
✅ ရေဓာတ်တွေ အလွန်အမင်းပြန်စုမိ
✅ဇီဝကမ္မဖြစ်စဉ် နှေးကွေး
✅ အဆီတွေ မြန်မြန်ပြန်တက်လာ

ဒါကြောင့် ပြိုင်ပွဲကြည့်ရတဲ့အချိန်က ကြွက်သားတွေကွဲပြား‌ပေါ်လွင်ပြီး
သွေးကြောတွေ ထောင်ထပေါ်လွင်နေတဲ့ ခန္ဓာကိုယ်ဟာ ရေဓါတ်ခန်းခြောက်
နီးပါးအခြေအနေဖြစ်ပါတယ်

ပြိုင်ပွဲပြီးရင် ကစားတာနားလိုက်သလို စားချင်တာတွေ စည်းမရှိကမ်းမရှိ
မထိန်းသိမ်းနိုင်တော့ပဲ စားပြစ်လိုက်တဲ့အတွက် ရေဓာတ်မရှိသလောက်ဖြစ်
နေတဲ့ bodybuildersတွေ ဟာ ပြိုင်ပွဲပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာပဲ
ဖောယောင်ပြီး ပုံစံပျက်ကာ "normal" ပုံစံထက် ပိုပြီးတောင် မလှတော့တဲ့
အထိ ဖြစ်သွားရတာပါ။
ဒါဟာ PED တွေကို ဆေးဘက်ဆိုင်ရာကြီးကြပ်မှုမရှိဘဲ အန္တရာယ်ရှိစွာ
သုံးစွဲမှုရဲ့ မလွဲမသွေရလဒ် (side effect) တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကို လုံးဝရှောင်လွဲလို့မရပေမယ့် ဖောယောင်လာခဲ့ရင်/ဖောယောင်ခြင်းနည်း
ပါအောင် ဆေးပညာရှင်တွေနဲ့၎င်း ပြိုင်ပွဲအတွေ့အကြုံများနေသူထံမှာ
အကြံညဏ်ရယူပြီး သက်သာအောင် လုပ်ဆောင်လို့ရပါတယ်

အောက်မှာ ပေးထားတဲ့ အကြံပြုချက်များက‌တော့ယေဘုယျ ကျန်းမာရေး
အကြံဉာဏ်များပေးခြင်းသာဖြစ်ပြီး ဆေးဘက်ဆိုင်ရာကုသမှုမဟုတ်ပါ။
မိတ်ဆွေရဲ့ ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီမှုရှိ မရှိ ဆရာဝန်နှင့်
အမြဲတမ်းတိုင်ပင်ပါ။

✅ရေဓာတ်ထိန်းညှိခြင်း (Water Manipulation - Reintroduction)

ဖောယောင်ရတဲ့ အဓိကအကြောင်းရင်းက ရေဓာတ်ပြန်လည်စုဆောင်းမှုပါ။
ဒါကို ဖြည်းဖြည်းချင်း ထိန်းညှိပေးဖို့လိုပါတယ်။

✅ရေသောက်သုံးမှု ဆက်လုပ်ပါ
ရေမသောက်ဘဲမနေပါနဲ့။ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတယ်လို့
မထင်စေဖို့ပါ။ တစ်နေ့ကို ရေ ၃-၄ လီတာ ခန့် မှန်မှန်သောက်ပေးခြင်းက ခန္ဓာကိုယ်ကို "ရေတွေပြန်ရနေပါပြီ၊ စုဆောင်းစရာမလိုတော့ဘူး" ဆိုတဲ့
အချက်ပြမှုပေးပါတယ်။

✅ ဆိုဒီယမ် (ဆား) ကို ထိန်းညှိပါ
ပြိုင်ပွဲအတွင်း ဆားလုံးဝကန့်သတ်ထားရာကနေ ရုတ်တရက် ဆားများများ
စားမိရင် ရေတွေပိုပြီးစုဆောင်းမိမယ်။ ဆားပါဝင်မှုများတဲ့ အစားအစာတွေ (processed food, အချိုရည်၊ ဟင်းခပ်မှုန့်) ကို ရှောင်ပါ။
ဆားကို သဘာဝအတိုင်း အနည်းငယ်သာ ထည့်သုံးပါ။

✅ ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာများ စားပါ
ပိုတက်ဆီယမ်က ဆိုဒီယမ်ရဲ့ သက်ရောက်မှုကို ထိန်းညှိပေးပြီး
ကိုယ်တွင်းကရေဓာတ်တွေကို ဟန်ချက်ညီစေပါတယ်။
ဥပမာ: ငှက်ပျောသီး၊ ထောပတ်သီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ

✅အာဟာရ ရွေးချယ်မှု (Nutritional choices)
ဇီဝကမ္မဖြစ်စဉ်ကို ပြန်လည်နိုးဆွပေးဖို့နဲ့ အဆီမတက်စေဖို့
အစားအစာကို ရွေးချယ်စားသောက်တတ်ဖို့ အရေးကြီးပါတယ်

✅ Reverse Dieting လုပ်ပါ
ပြိုင်ပွဲပြီးတာနဲ့ ကယ်လိုရီတွေအများကြီး ချက်ချင်းမတိုးပါနဲ့။
တစ်ပတ်ကို 100-200 kcal စတင်တိုးစားပြီး ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို
စောင့်ကြည့်ပါ။ ဒါဟာ ဇီဝကမ္မဖြစ်စဉ်ကို ပြန်မြန်စေပြီး အဆီတက်ခြင်းကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

✅ပရိုတင်းဓာတ် ဆက်လက်မြင့်မားစွာ စားသုံးပါ
ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ရန် နှင့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ရန်
ပရိုတင်းဓာတ်ကို များများစားပေးပါ။

✅သဘာဝအစားအစာများကို ဦးစားပေးစားပါ
Processed Food (ပြုပြင်ထားသောအစာများ)၊ အချိုရည်၊
အဆီများသောအစာများကို ရှောင်ပါ။

✅ Don't stop exercising လေ့ကျင့်ခန်းကို ရပ်မပြစ်ပါနဲ့
Cardio ကို ဆက်လုပ်ပါ ပြိုင်ပွဲအတွင်း ကဒီယိုအပြင်းအထန်လုပ်ထားရင်
ပြိုင်ပွဲပြီးတာနဲ့ လုံးဝမရပ်လိုက်ပါနဲ့။
ပြင်းထန်မှုနည်းတဲ့ steady-state cardio (ဥပမာ - စက်ဘီးနင်းခြင်း၊ လမ်းလျှောက်ခြင်း) ကို ဆက်လုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး
ဇီဝကမ္မဖြစ်စဉ်ကို ထောက်ပံ့ပေးကာ ဖောယောင်မှုကို သက်သာ/ကျစေ
နိုင်ပါတယ်။

✅ ကြွက်သားထိန်းသိမ်းရေး လေ့ကျင့်ခန်း
ကယ်လိုရီစားသုံးမှုတိုးလာချိန်မှာ ကြွက်သားဆုံးရှုံးမှုမဖြစ်အောင်
Resistance လေ့ကျင့်ခန်း‌တွေကို ဆက်လက်လုပ်ဆောင်ပါ။

✅ နေထိုင်မှုပုံစံ (Lifestyle)
အိပ်ရေးဝဝအိပ်ပါ အိပ်စက်ချိန်ဟာ ဟော်မုန်းပြန်လည်ထူထောင်ရေးအတွက် အရမ်းအရေးကြီးပါတယ်။
Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကို ကျစေပြီး Growth Hormone
ထုတ်လုပ်မှုကို အားပေးတယ်။
စိတ်ဖိစီးမှုကို လျှော့ချပါ Cortisol မြင့်မားနေခြင်းက ဗိုက်တဝိုက်အဆီစုခြင်းနဲ့ ရေဓာတ်စုခြင်းကို အားပေးပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း
တရားထိုင်ခြင်း၊ အနားယူခြင်းတို့ကို လုပ်ဆောင်ပါ။
ဆေးဘက်ဆိုင်ရာ နှင့် ဖြည့်စွက်စာ (Medical & Supplements) မလစ်ဟင်း
စေဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ

✅ Post-Cycle Therapy (PCT)
PED (အထူးသဖြင့် Steroids) သုံးထားသူများအတွက် ဆရာဝန်ကြီးကြပ်မှုအောက်မှာ PCT လုပ်ဖို့ အရေးကြီးပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ
ဟော်မုန်းထုတ်လုပ်မှုစနစ်ကို ပြန်လည်နိုးဆွပေးဖို့ဖြစ်ပါတယ်။

✅သဘာဝဆီးဆေးများ ရွေးချယ်စားသောက်ပါ
ကြက်သွန်ဖြူ၊ ပက်စလိ၊ ချင်း(ဂျင်း)၊ ကြက်သွန်နီ၊ သခွားသီး၊ ဖရဲသီး၊
ကော်ဖီ စတာတွေက သဘာဝအတိုင်း ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။

✅ဗီတာမင်နှင့် သတ္တုဓာတ်များ: မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊
ဗီတာမင် B6 တို့က ကိုယ်တွင်းရေဓာတ်ထိန်းညှိမှုကို ကူညီပေးနိုင်ပါတယ်။

✅အရေးကြီးသော အချက်
ဖောယောင်မှုဟာ ယာယီဖြစ်စဉ် တစ်ခုပါ။ ခန္ဓာကိုယ်ကို ပုံမှန်အခြေအနေကို
ပြန်ရောက်အောင် ညင်သာစွာ ဦးတည်ပေးနေတာပါ။ စိတ်ရှည်ရှည်ထားပြီး ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို နားလည်ပေးဖို့လိုပါတယ်။ ဒီဖြစ်စဉ်ကို မြန်မြန်
ဆန်ဆန်ဖြတ်ကျော်ဖို့ ဆေးဝါးတွေ၊ နည်းလမ်းတွေကို အလွန်အကျွံမလုပ်မိဖို့ အရေးကြီးပါတယ်။
ဒါဟာ ပြင်းပြင်းထန်ထန် ကစားလို့ အစားအစာတွေထိန်းချုပ်ပြိုင်ပွဲဝင်ကာ
ပြိုင်ပွဲပြီးသွားရင် အစားအစာတွေ အရမ်းကာရော ပြန်စားတဲ့အခါ
သဘာဝကျတဲ့ နောက်ဆက်တွဲဖြစ်စဥ် တစ်ခုပဲဖြစ်ပါတယ်။

✅ ပြိုင်ပွဲပြီးတာနဲ့ ဖောယောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်မလည်း❓
ပြိုင်ပွဲပြီးတာနဲ့ ဖောယောင်မှုကို လုံးဝမဖြစ်အောင် တားဆီးဖို့ဆိုတာ
မဖြစ်နိုင်ပေမယ့်၊ ဖောယောင်ခြင်းမပြင်းထန်ဖို့နဲ့ ကြာရှည် ဖောယောင်ခြင်း
မဖြစ်အောင် အများကြီး လျှော့ချလို့ရပါတယ်။

ဒါဟာ ပြိုင်ပွဲအတွက် အထွဋ်အထိပ် "Peak" လုပ်ထားတဲ့ ခန္ဓာကိုယ်ကနေ
ပုံမှန် ခန္ဓာကိုယ် ပြန်ဖြစ်ဖို့ ကို ညင်သာစွာ ပြန်ဆင်းတဲ့ အနုပညာ (The Art of Coming Down Gently) ပဲဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့အတွက် ပြိုင်ပွဲမစခင်၊ ပြိုင်နေစဉ်နဲ့ ပြိုင်ပြီးချိန်တွေမှာ ဗျူဟာ
ကျကျ စီစဉ်ထားရပါမယ်။

✅ပြိုင်ပွဲမတိုင်ခင် နှင့် ပြိုင်ပွဲအတွင်း ပြင်ဆင်မှု (Prevention is Key)
ပြိုင်ပွဲခါနီးမှာ ရေဓာတ်လွန်ကဲစွာ မခမ်းခြောက်ပါ‌စေနဲ့။
Diuretics ကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ သုံးစွဲခြင်းက
Rebound Effect ကို အများဆုံးဖြစ်စေပါတယ်။
သဘာဝနည်းလမ်းတွေနဲ့သာ ရေဓာတ်ထိန်းညှိပါ။
ဆားကို လုံးဝမဖြတ်ပါနဲ့၊ ထိန်းညှိပါ ဆားကို ရုတ်တရက် လုံးဝဖြတ်တော့
မယ်ဆိုရင် ခန္ဓာကိုယ်က ပိုပြီးတုန့်ပြန်မှုမြန်ပါတယ်။
ပြိုင်ပွဲမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်ကတည်းက ဆားကို
တဖြည်းဖြည်းချင်း လျှော့ချသွားတာက ပိုကောင်းပါတယ်။

✅ပြိုင်ပွဲပြီးချိန်မှာ ချက်ချင်းလုပ်ရမယ့် အရာများ
(Immediate Post-Show Protocol)

Electrolytes ကို ဦးစားပေးပြန်ဖြည့်ပါ ပြိုင်ပွဲပြီးတာနဲ့ ရေသောက်ရုံတင်
မကဘဲ Electrolytes (ဆား၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်) တွေကို ပြန်လည်
ဖြည့်တင်းပါ။
ဘာသောက်မလဲဆိုရင် အုန်းရည်၊ Electrolyte drinks (သကြားနည်းတာကို
ရွေးပါ)၊ ပိုတက်ဆီယမ်များတဲ့ ဖျော်ရည်တွေကို သောက်သုံးပါ။
ဘာတွေစားရမလဲဆိုရင် ငှက်ပျောသီး၊ ထောပတ်သီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ
ပြိုင်ပွဲပြီးတဲ့ ညက စပြီး ကယ်လိုရီအရမ်းမြင့်တဲ့ အဆီများပြီး ဆားနဲ့သကြား
ကဲတဲ့ အစားအစာတွေ (ပီဇာ၊ ဟမ်ဘာဂါ) ကို ရှောင်ပါ။
ဒါတွေက ဖောယောင်မှုကို ပိုဆိုးစေပါတယ်။
ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ညီမျှတဲ့ ပုံမှန်အစားအစာကို စားပါ။

✅Reverse Dieting ကို အခြေခံပါ
ဒါဟာ ဖောယောင်မှုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းပါပဲ။
ဆိုလိုတာက ပြိုင်ပွဲပြီးတာနဲ့ ကယ်လိုရီတွေကို ချက်ချင်းအများကြီးမတိုးဘဲ၊
တဖြေးဖြေးခြင်း တပတ်ခြင်းမှာ တိုးစားပါ
ဒီလိုစားတာက ဘာကောင်းကျိုးတွေရလည်းဆိုရင်တော့ ခန္ဓာကိုယ်ရဲ့
ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို ပြန်လည်မြန်ဆန်လာစေပြီး၊ ကယ်လိုရီ
ပိုတွေကို အဆီအဖြစ် သိုလှောင်မှုမလုပ်အောင် ဟန့်တားပေးတယ်။
ရေဓာတ်ပြန်လည်စုဆောင်းမှုကိုလည်း ထိန်းညှိပေးတယ်။
ကာဗိုဟိုက်ဒရိတ် နဲ့ ဆား ကို တဖြည်းဖြည်းချင်း ပြန်လည်တိုးမြှင့်ပါ
ကာဗိုဟိုက်ဒရိတ်က ၁ ရက်မှာ ၂၀-၃၀ ဂရမ်စီ၊ ဆားကို တစ်နေ့ ၀.၅ ဂရမ်စီလောက် ဖြည်းဖြည်းချင်း တိုးပေးပါ။
ရေကို ဆက်သောက်ပါ တစ်နေ့ကို ရေ ၄-၆ လီတာ သောက်သုံးခြင်းက
ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေမှန်း သိစေပြီး ရေတွေကို စုဆောင်းဖို့
မလိုအပ်တော့ဘူးလို့ ခန္ဓာကိုယ်ကို အချက်ပြ‌ပေးနေခြင်းဖြစ်ပါတယ်

Cardio ကို တဖြည်းဖြည်းချင်း လျှော့ချပါ ပြိုင်ပွဲအကြိုအတွင်း Cardio
အပြင်းအထန်လုပ်ထားရင် ပြီးတာနဲ့ ရပ်လိုက်တာထက်၊ တစ်ပတ်ကို
၁၀-၁၅% စီ ဖြည်းဖြည်းချင်း လျှော့ချသွားပါ။ ဒါကလည်း ဇီဝကမ္မဖြစ်စဉ် ရုတ်တရက်ကျဆင်းမှုကို ကာကွယ်ပေးပါတယ်။

Hormonal Balance (ဟော်မုန်းညီမျှအောင် ထိန်းညှိခြင်း)
PED (အထူးသဖြင့် steroids) သုံးထားသူများအတွက်
အထူးအရေးကြီးပါတယ်။

Post-Cycle Therapy (PCT)
ဆရာဝန် (သို့) အတွေ့အကြုံရှိ ဟော်မုန်းကုသရေးဆရာဝန်နဲ့ တိုင်ပင်ပြီး
PCT ကို စနစ်တကျလုပ်ဆောင်ပါ။
PCT ဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ testosterone ထုတ်လုပ်မှုကို ပြန်လည်
စတင်ဖို့နဲ့ ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်တဲ့ ရေဓာတ်စုခြင်း၊ အဆီတက်ခြင်း
တွေကို လျှော့ချပေးနိုင်ပါတယ်။

✅ဖောယောင်ခြင်းကို ကာကွယ်/သက်သာစေရန် အောက်ပါအချက်
(7)ချက်ကိုသတိထားပြီး သေချာလုပ်ဆောင်လိုက်နာပါ

1️⃣Extreme Dehydration ရှောင်ပါ: ဆေးဝါးသုံးပြီး ရေအလွန်အမင်းခမ်း
ခြောက်ခြင်းကို ရှောင်ပါ။
2️⃣Reverse Dieting လုပ်ပါ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊
ဆား အားလုံးကို ဖြည်းဖြည်းချင်း တိုးပါ။
3️⃣ရေများများဆက်သောက်ပါ: ခန္ဓာကိုယ်ကို ရေဓာတ်မခမ်းခြောက်တော့
ဘူးဆိုတဲ့ အချက်ပေးပါ။
5️⃣Electrolytes ကို ဦးစားပေးဖြည့်ပါ: ဆား၊ ပိုတက်ဆီယမ်၊
မဂ္ဂနီဆီယမ်ပါတဲ့ အစားအစာတွေ စားပါ။
6️⃣Cardio ကို ဖြည်းဖြည်းချင်း လျှော့ပါ: ဇီဝကမ္မဖြစ်စဉ် ရုတ်တရက်
မကျအောင်။
7️⃣PCT (လိုအပ်ပါက): ဆရာဝန်ညွှန်ကြားချက်နဲ့ ဟော်မုန်းစနစ်ကို ပြန်လည်ထိန်းညှိပါ။

ဒီနည်းလမ်းတွေကို အသုံးချခြင်းအားဖြင့် ပြိုင်ပွဲပြီးတဲ့နောက် ဖောယောင်မှုကို အနည်းဆုံးအဆင့်နဲ့ အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်သမားများ ပြိုင်ပွဲဝင်နေစဉ်အတွင်း ကြွက်တက်ခြင်း၊မူးမေ့ခြင်း
အသက်ဆုံးရှုံးရခြင်းများမှ ကင်းဝေးကြပါစေ။

📝📝📝📝📝📝📝📝📝📝📝📝📝📝📝

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို
ဖြုတ်ချန်မထားခဲ့ပါနဲ့

အားလုံးမင်္ဂလာပါ! ဒီနေ့မှာတော့ Gym ဆော့တဲ့သူတိုင်းအတွက် အကျိုးအများကြီးရှိတဲ့ Pre-Workout အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေ...
11/09/2025

အားလုံးမင်္ဂလာပါ! ဒီနေ့မှာတော့ Gym ဆော့တဲ့သူတိုင်းအတွက် အကျိုးအများကြီးရှိတဲ့ Pre-Workout အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပါ။ 💪

Pre-Workout တွေရဲ့ ထူးခြားချက်

Pre-Workout တွေဟာ လေ့ကျင့်ခန်းမလုပ်ခင် ခန္ဓာကိုယ်နဲ့ စိတ်ကို အသင့်ဖြစ်အောင် ပြင်ဆင်ပေးတဲ့ Supplement တစ်မျိုးဖြစ်ပါတယ်။ ဒီအတိုင်း လေ့ကျင့်တာထက် Pre-Workout သောက်ပြီး လေ့ကျင့်တာက အကျိုးကျေးဇူးတွေ ပိုရစေနိုင်ပါတယ်။
ဘာတွေပိုကောင်းစေလဲ?
• အားအင်ပိုတိုးစေတယ်: Pre-Workout ထဲမှာပါတဲ့ Caffeine ကြောင့် ကိုယ့်ရဲ့အားအင်ကို ပိုတိုးစေပြီး ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေပါတယ်။
• Focus ပိုကောင်းစေတယ်: လေ့ကျင့်ခန်းလုပ်တဲ့အခါ အာရုံစိုက်မှု ပိုကောင်းစေလို့ ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းကို ပိုပြီး ထိရောက်စေပါတယ်။
• စွမ်းဆောင်ရည်မြင့်မားစေတယ်: လေ့ကျင့်ခန်းကို ပိုပြီး ကြာကြာ၊ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်နိုင်လို့ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်လာစေပါတယ်။
• ကြွက်သားတည်ဆောက်မှု ပိုကောင်းစေတယ်: Pre-Workout ထဲက ပါဝင်ပစ္စည်းတချို့က ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင် ကူညီပေးပါတယ်။
ဒီလိုကောင်းကျိုးတွေကြောင့် Pre-Workout က ကိုယ့်ရဲ့ Gym Exercise တွေကို နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

Address

No. 17, The Atrium Condominium Relax Floor, Junction Of Upper Pansotan Road And Bo Min Gaung Road
Yangon
11051

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

09972234444

Alerts

Be the first to know and let us send you an email when Vita Xtrong Gym & Supplements Protein Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram