Dr Wai Yan အရေပြားကျန်းမာရေး

Dr Wai Yan အရေပြားကျန်းမာရေး အရေပြား နှင့် ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများကို အများပြည်သူသိရှိစေရန် Committed to delivering patient-centered care and improving community health outcomes.

A dedicated and compassionate resident dermatologist with extensive experience providing comprehensive medical care to diverse patient populations. Skilled in managing chronic skin conditions, medical aesthetics, Men's Health, and Sexually Transmitted Diseases coordinating multidisciplinary care teams, and promoting health education and preventive care initiatives.

26/10/2025

အမြစ်ပြတ်ဖို့ဘယ်လိုလိမ်းရမလဲ?
ဘယ်လောက်ကြာကြာလိမ်းရလဲ?
ဘယ်တော့ဆေးခန်းပြသင့်လဲ?

23/10/2025

#ရေရှည်မှာဘယ်ဆေးပိုကောင်းလဲ?
#အဖြူကွက်တွေပြန်မဖြစ်ဖို့လိမ်းနည်း...
#ခရုသင်း/သမင်ဖြူရောဂါအတွက်အစိုဓါတ်ပေးလိမ်းဆေးတွေလိုအပ်သလား?
#ဘာတွေသတိထားရမလဲ? Sunscren တွေလိုအပ်သလား?

#ဒေါက်တာဝေယံဖြိုး #အရေပြားနှင့်အလှအပ

နည်းနည်းပူအိုက်လာပြီဆိုရင်  #ညှင်း(မှိုပိုး) တွေလဲဖြစ်လာတတ်ကြပြီး အမေးများလို့ ပြန်ဖော်ပြလိုက်ပါတယ်။
22/10/2025

နည်းနည်းပူအိုက်လာပြီဆိုရင် #ညှင်း(မှိုပိုး) တွေလဲဖြစ်လာတတ်ကြပြီး အမေးများလို့ ပြန်ဖော်ပြလိုက်ပါတယ်။

 #မှိုသတ်ဆေးတွေလိမ်းလို့ သောက်လို့  #မတိုးရင်ဒါတွေဖြစ်နေနိုင်တယ်...  #ဒေါက်တာဝေယံဖြိုး  #အရေပြားနှင့်အလှအပ
21/10/2025

#မှိုသတ်ဆေးတွေလိမ်းလို့ သောက်လို့ #မတိုးရင်ဒါတွေဖြစ်နေနိုင်တယ်...

#ဒေါက်တာဝေယံဖြိုး #အရေပြားနှင့်အလှအပ

18/10/2025

💢ဆေးဖိုးတွေ အလဟဿမဖြစ်ချင်ရင် ဒီနည်းအတိုင်း လိမ်းပါ။

#နှင်းခူ ( ) နှင့် #ထပ်တစ်ရာနာ ( ) အတွက်
ထိရောက်တဲ့ဆေးလိမ်းနည်း

ဘယ်လိုလိမ်းရင် #နှင်းခူ နဲ့ #ဂျွတ်ပွေးနာ (Psoriasis) တွေ
မြန်မြန်သက်သာမလဲ? အရေပြားဆရာဝန်ရဲ့ လျှို့ဝှက်ချက် နည်းလမ်းများ!

နောက်တပိုင်းမှာ သမင်ဖြူ နှင့် ပွေးတွေအတွက်လိမ်းဆေးလိမ်းနည်းဆက်လက်ပြောပြသွားပါမယ်ခင်ဗျာ...

ဝက်ခြံ နှင့် တင်းတိတ် အတွက် ထိရောက်တဲ့ဆေးလိမ်းနည်း
👉https://www.facebook.com/share/v/1BhY6qGVdm/

မှတဆင့် ပြသချင်တယ်ဆိုရင် အောက်ပါ Link ကနေ ကိုယ်တိုင် Appointment ယူနိုင်ပါတယ်။
👉https://mymedicine.com.mm/r/SepFbDr.WYPVideo

ကျေးဇူးတင်ပါတယ်

#ဒေါက်တာဝေယံဖြိုး
MBBS (YGN) Dip in P.Dermatology (UK)
MSc in P.Dermatology (UK)
အရေပြားကျန်းမာရေးဆရာဝန်
Kembangan Specialist Centre ,Kembangan Thuwunna Skin Clinic
#အရေပြားနှင့်အလှအပ

ကျွန်တော့်ရဲ့Post တွေကိုအစဉ်တစိုက်ကြည့်ပေးတဲ့  တွေကြောင့်စာတွေရေးဖို့ Content တွေဆက်လုပ်ဖို့ ခွန်အားဖြစ်စေပါတယ်💎ကျေးဇူးအ...
15/10/2025

ကျွန်တော့်ရဲ့Post တွေကိုအစဉ်တစိုက်ကြည့်ပေးတဲ့ တွေကြောင့်စာတွေရေးဖို့ Content တွေဆက်လုပ်ဖို့ ခွန်အားဖြစ်စေပါတယ်💎
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ 💎

Hlaing Hlaing Moe, ရည် မွန်, May Thu, April Thazin, Aung Pyae, Tay Za, Win Theingi, Monzarlwin Monzarlwin, Daw Thein Nu, Daw Htay Htay Win, Khin Sandar Htun, Phaw Rose, Na Sar, MoeThan Oo

Drop a comment to welcome them to our community, fans

12/10/2025

#မြန်မြန်ပျောက်ချင်တာ... ဒါပေမယ့် #လိမ်းနည်းမှန်တာ သေချာရဲ့လား?
💢လိမ်းနည်းမှားရင် ဆေးမတိုးဘူးဆိုတာသိထားသင့်
💢ဝက်ခြံတွေ ထပ်မထွက်အောင် ကာကွယ်ချင်ရင်...

 #ဂျွတ်ပွေးနာ  #ထပ်တစ်ရာနာ    #ကုသလို့ပျောက်ကင်းသလား? လူနာက ၄၆နှစ် အမျိုးသား ရုတ်တရက် အနီကွက်တွေနဲ့ ယားလာတဲ့ အကွက်တွေ ၁လ...
10/10/2025

#ဂျွတ်ပွေးနာ #ထပ်တစ်ရာနာ #ကုသလို့ပျောက်ကင်းသလား?

လူနာက ၄၆နှစ် အမျိုးသား ရုတ်တရက် အနီကွက်တွေနဲ့ ယားလာတဲ့ အကွက်တွေ ၁လအတွင်းပြန့်လာလို့ (နယ်မှာနေတာဆိုတော့)Online ကတဆင့်ပြခဲ့တာပါ။

မှိုရောဂါလို့ထင်လို့ မှိုသတ်ဆေးတွေလည်း ၁လလောက်သောက်ခဲ့ပါသေးတယ်။ နှင်းခူ ဓါတ်မတည့်တာလို့ထင်လို့ ဆေးတွေထိုးလေ ပိုပွားလေဖြစ်လာပါတယ်။ပုံထဲကလိုပဲ တကိုယ်လုံးဖြစ်နေပါပြီ။ဘယ်လောက်စိတ်သောကရောက်နေမလဲခန့်မှန်းကြည့်ပါဗျာ။

Online က တဆင့် ဓါတ်ပုံ နဲ့ Video Call ကတဆင့် ဆွေးနွေးစစ်ဆေးကြည့်တဲ့အခါ တကယ်ဖြစ်နေတာက ဂျွတ်ပွေးနာ/ထပ်တစ်ရာနာ/Psoriasis ပါဗျာ။ အရေပြားရောဂါတွေရဲ့ ၈၀% လောက်က ပုံသဏ္ဌာန်ကိုတွေ့ရရင်ရောဂါအမည်တတ်လို့ရနိုင်ပါတယ်။

Psoriasis က Autoinflammatory/Autoimmune အရေပြားနှင့်ကိုယ်ခံအားစနစ်ရယ် ကိုယ့်မှာပါလာတဲ့ အခံရယ် ပေါင်းစပ်ပြီးဖြစ်လာတဲ့ နာတာရှည်အရေပြားယောင်ရမ်းတဲ့ရောဂါတခုပါ။လူ၁၀၀ မှာ ၃ ယောက်ခန့်ဖြစ်နိုင်ပါတယ်။ မကူးစက်ပါဘူး။ မျိုးရိုးရှိရင်ပိုဖြစ်တတ်ပါတယ်။

ဖြစ်ရခြင်းအကြောင်း-အရေပြားရောင်ရမ်းမှု၊အရေပြားအသစ်ဖြစ်ထွန်းနှုန်း ၆ဆလောက်များလာတဲ့အတွက် ထူလာတာ အဖတ်တွေထွင်တာဖြစ်လာပါတယ်၊ ရောင်ရမ်းမှုက အ​ရေပြားဆံချည်မျှင်သွေးကြောတွေကိုပါပွာူစေတဲ့အတွက် အဖတ်တွေအောက်ဖက်မှာဆိုရင် နီရဲရဲ အသားပြင်ကြီးရှိနေတာ သူ့ရဲ့လက္ခဏာတခုပါပဲ။

Psoriasis မှာ မျိုးကွဲတွေလည်းရှိပါတယ်။တခုနဲ့တခု ကုရတဲ့ဆေးဝါး အနည်းငယ်ကွာခြားပါတယ်။လက်ဖုဝါးခြေဖုဝါးနဲ့လက်သည်းခြေသည်းတွေမှာဖြစ်တတ်တဲ့ Psoriasis အမျိုးအစားက ပုံမှန်အရေပြားမှာဖြသ်တာထက်ကုသရပိုခက်တတ်ပါတယ်။ ပြည်ဖုတွေဖြစ်တတ်တဲ့ Pustular Psoriasis ဆိုလည်းအမြန်ပြန့်ပွားတန်လို့ဆေးကုသမှုနှေးနေလို့မဖြစ်ပါဘူး။

အခုပြထားတဲ့လူနာက အဖြစ်များတဲ့ Chronic Plaque အမျိုးအစားဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ အကျယ်အဝန်း နဲ့ ပြန့်နှံ့နှုန်းကအင်မတန်မြန်တဲ့အတွက် ပြင်းထန်အဆင့်လို့သတ်မှတ်ပြီးကုသရပါတယ်။
မကုသမှီ ရေရှည် သောက်ဆေးတွေသောက်ဖို့အတွက် သင့်တော်မှုရှိမရှိအခြားဆင်တူရောဂါတွေနဲ့ခွဲခြားဖို့ သွေးစစ်ဆေးတာတွေအရင်လုပ်ရပါတယ်။ ဆီးချိုရှိတာထပ်တွေ့ပါတယ်။

ရန်ကုန်ကိုဆင်းလာခဲ့ပြီး ဆေးရုံ ၅ရက်တက်ခဲ့ရပါတယ်။
သောက်ဆေး လိမ်းဆေး တွေနဲ့စတင်ကုသရပါတယ်။ ဆေးတွေက High Dose ပေးရတာရယ် ဆီးချိုအခံရှိတာကြောင့်ရယ်အတွက် လူနာကို ဆေးရုံမှာ အနီးကပ်စောင့်ကြည့် (ဆေး side Effect တွေရှိမရှိ) ဆေးကုသမှုပြုလုပ်ရတာပါ။ ဆီးချိုအတွက် အထွေထွေသမားတော်နဲ့တွဲပြီးကုသရပါတယ်။

Psoriasis က အရေပြားတင်မကပဲ အဆစ်အမြစ်တွေရောင်စေတာနဲ့ အခြားအတွင်းကရောဂါတွေဖြစ်တဲ့ ဆီးချို သွေးတိုး နှလုံးနှင့်သွေးကြောရောဂါတွေပါတွဲရက်ဖြစ်တတ်တာသတိထားရပါတယ်။

ကုသပြီး ၂လမှာ အသစ်တွေထွက်တာရပ်တန့်သွားသလိုအဟောင်းအကွက်တွေတဖြည်းပါးလာပါတယ်။ဆေးပတ်လည်လာတဲ့အဘောပါ။

၄လလောက်မှာ ၇၀% လောက်ပျောက်ကင်းလာပါတယ်။

၉လအကြာမှာ ၉၉% ပျောက်ကင်းသွားပါပြီ။

April 2024 ကနေ စပြီးကုသခဲ့တာ အခု Jan 2025ထိဆိုရင် ၁၇လ အကြာမှာ ၁၀၀% အကုန်ပျောက်ကင်းသွားပါတယ်။အရင်ဖြစ်ခဲ့တဲ့ အနာရွက်အမဲကွက်တွေအနည်းငယ်သာကျန်ခဲ့ပါတော့တယ်။

စစခြင်း သောက်ဆေးရောလိမ်းဆေး တွေရောသုံးရပါတယ်။ သောက်ဆေးဆိုရင် Psoriasis အတွက်၂မျိုးလောက်သောက်ရပါတယ်။

အခုအချိန်မှာတော့ လိမ်းဆေးတွေက အရန်အသင့်သာဆောင်ထားပြီးသောက်ဆေးအချို့ကိုဆက်လက်သောက်ရပါတယ်။ဒီသောက်ဆေးတွေကိုလည်းတဖြည်းဖြည်းခြင်းလျော့ပြီး(ချက်ချင်းရပ်တန့်လို့မရပါ) ရပ်လို့ရရင်ရပ်တန့်ဖို့ အစီအစဉ်လည်းဆွဲထားပါတယ်။ကိုယ်ခံအားစနစ်ကိုထိန်းကြောင်းတဲ့ဆေးတွေသောက်ရတာဖြစ်တဲ့အတွက် ၃လ တခါ သွေးစစ်ဆေးမှုခံယူရပါတယ်။ဆေးခန်း ၃လတခါလောက်ပဲပြဖို့လိုအပ်ပါတယ်။

ဒီလူနာရဲ့ဆေးညွှန်းတွေအတအကျလိုက်နာဆောင်ရွက်မှု၊ ရက်ချိန်းမှန်ကန်စွာလာရောက်ပြသမှုနဲ့ ဇွဲရှိရှိ ဆက်တိုက်ကုသနိုင်မှုတွေက လည်းရောဂါပျောက်ကင်းဖို့အတွက်အများကြီးအထောက်အကူပြုခဲ့တာလို့မြင်ပါတယ်။

ကျွန်တော်တို့ဆေးခန်း နဲ့ သူနာပြုတွေဆရာဝန်တွေ အနေနဲ့လည်းလူနာနဲ့အဆက်အသွယ်မပျက်ဖို့ လိုအပ်ရင် Online ကတဆင့် ပဲဖြစ်ဖြစ် ဖုန်းနဲ့ဆွေးနွေးတာပဲဖြစ်ဖြစ်အဆင်ပြေအောင်ပြုလုပ်ပေးထားခဲ့တာတွေကလည်းအထောက်အပံ့တခုဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ဘယ်လိုပြင်းထန်တဲ့ရောဂါပဲဖြစ်ပါစေ စနစ်တကျကုသမှုပြုလုပ်ရင်အားလုံးပျောက်ကင်းနိုင်တယ်ဆိုတာသိရှိစေဖို့မျှဝေလိုက်တာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Online မှတဆင့် ပြသချင်တယ်ဆိုရင် အောက်ပါ Link ကနေ ကိုယ်တိုင် Appointment ယူနိုင်ပါတယ်။

👉https://mymedicine.com.mm/r/SepFbDr.WYPVideo

ဒေါက်တာဝေယံဖြိုး
MBBS (YGN) Dip in P.Dermatology (UK)
MSc in P.Dermatology (UK)
အရေပြားကျန်းမာရေးဆရာဝန်
Kembangan Specialist Centre ,Kembangan Thuwunna Skin Clinic
#အရေပြားနှင့်အလှအပ #ဒေါက်တာဝေယံဖြိုး

06/10/2025

💢 #ဘယ်လိုရောဂါတွေကနာတာရှည်အင်ပျဉ်ဖြစ်စေသလဲ?
💢ဘယ်လိုကုသရသလဲ?
💢အရှင်းပျောက်အောင်ကုသလို့ရသလား?
💢ဘယ်လိုလက္ခဏာတွေရှိရင်ဆေးခန်းပြသသင့်ပြီလဲ?

သီးတွေစားမိရင်လည်း..အင်ပြင်တွေထွက်နေခဲ့ရင်...
👉https://www.facebook.com/61553651425538/videos/1219522586885641/
Dermographism နှင့် အခြားအင်ပျဉ်များအကြောင်း
👉https://www.facebook.com/share/v/1CbX7BbcPf/
အင်ပြင်ထွက်စေတဲ့အကြောင်းအရင်း(ပထမပိုင်း)
👉https://www.facebook.com/share/v/1FNfzT9bhj/
အင်ပြင်တွေဘာကြောင့်ဖြစ်ရတာလဲ (သိပ္ပံနည်းကျကျသိချင်ရင်
👉 https://www.facebook.com/share/p/163Lm7CcJj/?mibextid=wwXIfr
ပင်လယ်စာတွေစားပြီး အင်ပြင်ထနေသူများအတွက်
👉 https://www.facebook.com/share/p/15VeRjXSGz/?mibextid=wwXIfr
အပူအစပ်တွေက အင်ပြင်ဖြစ်စေသလား? အင်ပြင်ဖြစ်တတ်တဲ့သူတွေရေ အပူအစပ်ရှောင်ရမလား?
👉https://www.facebook.com/share/p/1FhSsvJ9qc/

ဒေါက်တာဝေယံဖြိုး
MBBS (YGN) Dip in P.Dermatology (UK)
MSc in P.Dermatology (UK)
အရေပြားကျန်းမာရေးဆရာဝန်
Kembangan Specialist Centre ,Kembangan Thuwunna Skin Clinic
#အရေပြားနှင့်အလှအပ #ဒေါက်တာဝေယံဖြိုး

 #ကလေးတွေမှာ  #အင်ပျဉ်ထတာနဲ့ ပတ်သက်ပြီးအရေပြားဆရာဝန်တစ်ဦးအနေနဲ့ ရှင်းလင်းပြတ်သားပြီး အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေ ပြ...
04/10/2025

#ကလေးတွေမှာ #အင်ပျဉ်ထတာနဲ့ ပတ်သက်ပြီး
အရေပြားဆရာဝန်တစ်ဦးအနေနဲ့ ရှင်းလင်းပြတ်သားပြီး အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေ ပြောပြထားပါတယ်ဗျာ။

ကလေးတွေမှာလည်းလူကြီးတွေလိုအင်ပျဉ်ထတာတွေဖြစ်တတ်ကြပေမယ့် အကြောင်းအရင်းတွေတော့အနည်းငယ်ကွဲပြားကြပါတယ်။

အင်ပျဉ်အကြောင်းနည်းနည်းပြောပါရစေ

👉အင်ပျဉ်ဆိုတာ ဘာလဲ?

အင်ပျဉ် (Hives) ကို urticaria လို့လည်း ခေါ်ပါတယ်။ အရေပြားပေါ်မှာ ယားယံပြီး ဖောင်းကြွနေတဲ့ အနီရောင် ဒါမှမဟုတ် အရေပြားအရောင်အတိုင်း အဖုအပိမ့်တွေပါ။ သူတို့ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။

အင်ပျဉ်ရဲ့ ထူးခြားချက်ကတော့ နာရီအနည်းငယ်အတွင်းမှာပဲ ပေါ်လာလိုက်၊ နေရာပြောင်းသွားလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်ပြီး ၂၄ နာရီအတွင်းမှာ လုံးဝ ပျောက်ကွယ်သွားတတ်ပါတယ်။
ကလေးတွေမှာ အင်ပျဉ်ဖြစ်တာ ဘယ်လောက်အဖြစ်များသလဲ။

💢ကလေးတွေမှာ အင်ပျဉ်ဖြစ်တာ အလွန်အဖြစ်များပါတယ်။ လေ့လာမှုတွေအရ ကလေးတွေရဲ့ ၂၅% အထိဟာ သူတို့ဘဝရဲ့ တစ်ချိန်ချိန်မှာ အင်ပျဉ်အဖုအပိမ့်တွေ ဖြစ်ဖူးကြပါတယ်။ ကောင်းတဲ့အချက်ကတော့ အများစုဟာ ခြောက်ပတ်ထက် ပိုမကြာဘဲ ခဏတာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါကို acute urticaria လို့ ခေါ်ပြီး ကလေးတွေမှာ အများဆုံး တွေ့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။

💢ကလေးတွေမှာ အင်ပျဉ်ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းများ

👉 #အစားအသောက် ဓာတ်မတည့်တာကိုပဲ ချက်ချင်းတွေးမိတတ်ပေမယ့် ကလေးတွေမှာ အင်ပျဉ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ 👉 #ဗိုင်းရပ်စ်ပိုးကူးစက်မှုပါ။ ဒါကို အအေးမိတာ တုပ်ကွေးမိတာ အသပ်ရှူလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် တခြားဖျားနာတာတွေနဲ့အတူ ဖြစ်တတ်တဲ့ အရေပြားအဖုအပိမ့်အဖြစ် မှတ်ယူနိုင်ပါတယ်။

☝️အသက်အရွယ်အလိုက် အဖြစ်များတဲ့ အကြောင်းရင်းတွေကို ခွဲခြမ်းပြထားပါတယ်-

• မွေးကင်းစကလေးများနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များ: ဒီအသက်အရွယ်မှာ အစားအသောက်အသစ်တွေ စတင်ကျွေးတဲ့အတွက် အစားအသောက်ဓာတ်မတည့်မှုဟာ အဓိက စိုးရိမ်စရာဖြစ်ပါတယ်။ အများဆုံး ဖြစ်စေတဲ့ အစားအစာတွေကတော့:
• နွားနို့
• ကြက်ဥ
• မြေပဲ
• သစ်ပင်ကရတဲ့ အခွံမာသီးများ (ဥပမာ- ဗာဒံစေ့၊ သီဟိုဠ်စေ့)
• ပဲပိစပ်
• ဂျုံ

• အသက်ကြီး (၅နှစ်အထက်) ရှိတဲ့ကလေးများ: အစားအသောက်ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပေမယ့် တခြားအကြောင်းအရာတွေက ပိုအဖြစ်များလာပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုက ထိပ်ဆုံးမှာ ဆက်ရှိနေပြီး၊ ဒီအရာတွေလည်း ပါဝင်နိုင်ပါတယ်:
• ဆေးဝါးများ: ဆေးဆိုင်မှာ ဝယ်ယူနိုင်တဲ့ ဆေးတွေနဲ့ ဆေးညွှန်းနဲ့သောက်ရတဲ့ဆေးတွေ၊ အထူးသဖြင့် ပဋိဇီဝဆေးများ (Antibiotics) ဖြစ်တဲ့ ပင်နီစလင် (penicillin) လိုမျိုး ဆေးတွေက ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
• အင်းဆက်ပိုးကိုက်ခြင်း သို့မဟုတ် တုတ်ခြင်း: အင်ပျဉ်ဟာ အင်းဆက်ပိုးကိုက်တဲ့နေရာ ဒါမှမဟုတ် တုတ်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။
• ပတ်ဝန်းကျင်ဆိုင်ရာအချက်များ: အပင်တွေ၊ ဝတ်မှုန်တွေ၊ အိမ်မွေးတိရစ္ဆာန်ရဲ့ အမွေးတွေနဲ့ ထိတွေ့တာ၊ ဒါမှမဟုတ် အေးတဲ့အပူချိန် ဒါမှမဟုတ် အရေပြားကို ဖိအားပေးတာမျိုးလို ရုပ်ပိုင်းဆိုင်ရာအချက်တွေကြောင့်လည်း အင်ပျဉ်ဖြစ်နိုင်ပါတယ်။

☝️အိမ်မှာ ဘယ်လိုဂရုစိုက်သင့်သလဲ

အင်ပျဉ်အများစုဟာ အရေးပေါ်အခြေအနေမဟုတ်ဘဲ အိမ်မှာပဲ ကုသနိုင်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ယားယံတာနဲ့ မသက်မသာဖြစ်တာကို သက်သာစေဖို့ပါ။

• ဓာတ်မတည့်မှု သက်သာစေတဲ့ဆေးများ: ကလေးတွေအတွက် cetirizine (Zyrtec) ဒါမှမဟုတ် loratadine (Claritin) လိုမျိုး ဆေးဆိုင်မှာ ဝယ်ယူနိုင်တဲ့ ဓာတ်မတည့်မှု သက်သာစေတဲ့ဆေးရည်ဟာ ယားယံတာနဲ့ ရောင်ရမ်းတာကို သက်သာစေဖို့ အလွန်ထိရောက်ပါတယ်။ ဆေးပုလင်းပေါ်က သောက်သုံးပုံ အညွှန်းကို သေချာလိုက်နာပါ ဒါမှမဟုတ် ကလေးဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးပါ။

• ရေအေးဝတ်ကပ်ပေးခြင်း: ရေအေးဆွတ်ထားတဲ့ အဝတ်စိုကို အဖုအပိမ့်တွေပေါ်မှာ ကပ်ပေးတာက သက်သောင့်သက်သာဖြစ်စေပါတယ်။

• ဖြစ်စေနိုင်တဲ့ အရာတွေကို ရှောင်ပါ: အစားအသောက်အသစ် ဒါမှမဟုတ် ဆပ်ပြာလိုမျိုး ဖြစ်စေနိုင်တဲ့အရာကို ခန့်မှန်းနိုင်ရင် ရှောင်ရှားပါ။

• ရေအေးနဲ့ ရေချိုးပေးခြင်း: colloidal oatmeal ပါတဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း အရေပြားကို သက်သာစေနိုင်ပါတယ်။

• အဝတ်အစားပွပွဝတ်ပေးခြင်း: အရေပြားကို ထပ်ပြီး ယားယံမှုမဖြစ်စေဖို့ အဝတ်အစားပွပွ၊ ချည်သားပွပွတွေကို ဝတ်ဆင်ပေးပါ။

☝️ဘယ်အချိန်မှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်သလဲ

အင်ပျဉ်ဟာ ယေဘုယျအားဖြင့် အန္တရာယ်မရှိပေမယ့် တချို့လက္ခဏာတွေကတော့ anaphylaxis လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။

💢သင့်ကလေးမှာ အင်ပျဉ်အပြင် အောက်ပါလက္ခဏာတွေထဲက တစ်ခုခုရှိနေရင် ချက်ချင်း အနီးဆုံး အရေးပေါ်ဌာနကို သွားပါ:
• အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အစာမျိုရခက်ခဲခြင်း
• ရင်ကျပ်သံလို အသံထွက်ခြင်း
• နှုတ်ခမ်း၊ လျှာ၊ မျက်နှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းလာခြင်း
• ခေါင်းမူးခြင်း သို့မဟုတ် မူးလဲခြင်း
• အသံဝင်ခြင်း

💢ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ

အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတွေ မရှိပေမယ့် ဒီလိုအခြေအနေတွေမှာ သင့်ကလေးဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ဆက်သွယ်တာက ကောင်းတဲ့အကြံပါပဲ:
• အင်ပျဉ်တွေက ပြင်းထန်ပြီး အိမ်တွင်းကုသမှုနဲ့ မသက်သာခြင်း။
• အင်ပျဉ်တွေက ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်ထက် ပိုကြာနေခြင်း။
• အင်ပျဉ်တွေနဲ့အတူ ဖျားခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း သို့မဟုတ် ဗိုက်နာခြင်းတို့ တွဲဖြစ်နေခြင်း။
• အစားအသောက် သို့မဟုတ် ဆေးတစ်မျိုးမျိုးကြောင့်ဖြစ်တယ်လို့ သံသယရှိတဲ့အတွက် ဆေးစစ်ပြီး ရေရှည်စီမံကိန်းဆွဲဖို့ ဆွေးနွေးနိုင်ခြင်း။
• အင်ပျဉ်တွေက ခြောက်ပတ်ထက်ပိုပြီး ထပ်ခါတလဲလဲ ပြန်ဖြစ်နေခြင်း။

☝️အရေးအကြီးဆုံးကတော့ သင့်ကလေးအကြောင်းကို သင့်ထက်ပိုပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာရှိရင် သင့်ဆရာဝန်ဆီ ဆွေးနွေးမေးမြန်းတာက အမြဲတမ်း အကောင်းဆုံးပါပဲ။ ပြသသင့်တဲ့ဆရာဝန်-ကလေးအထူးကု၊အရေပြားအထူးကု၊အာဟာရဆိုင်ရာဆရာဝန် တွေနဲ့လိုအပ်ရင်ဆွေးနွေးကုသသင့်ပါတယ်။

ပိုသိချင်တာတွေရှိရင် Comment ထဲမှာမေးလို့ရပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

#ဒေါက်တာဝေယံဖြိုး
MBBS, DPD (UK) MSc PD (UK)
အရေပြားကျန်းမာရေးဆရာဝန်
Resident Dermatologist
Kembangan Specialist Centre,
Kembangan Thuwunna Clinic.

03/10/2025

👉 #နာတာရှည်အင်ပြင်ဆိုတာဘာလဲ?
👉ဘယ်သူတွေဖြစ်တတ်လဲ?
👉ဘယ်လိုအကြောင်းအရာတွေကြောင့် နာတာရှည်အင်ပြင်ဖြစ်ရတာလဲ?
👉ဘာတွေရှောင်ဖို့လိုအပ်လဲ?

အသေးစိတ်ပြောပြထားပါတယ်ခင်ဗျာ

ဒုတိယ ပိုင်းမှာ ဆက်လက်ပြောပြပါအုံးမယ်ခင်ဗျာ။

အသီးတွေစားမိရင်လည်း..အင်ပြင်တွေထွက်နေခဲ့ရင်...
👉https://www.facebook.com/61553651425538/videos/1219522586885641/

Dermographism နှင့် အခြားအင်ပျဉ်များအကြောင်း
👉https://www.facebook.com/share/v/1CbX7BbcPf/

အင်ပြင်ထွက်စေတဲ့အကြောင်းအရင်း(ပထမပိုင်း)
👉https://www.facebook.com/share/v/1FNfzT9bhj/

အင်ပြင်တွေဘာကြောင့်ဖြစ်ရတာလဲ (သိပ္ပံနည်းကျကျသိချင်ရင်
👉 https://www.facebook.com/share/p/163Lm7CcJj/?mibextid=wwXIfr

ပင်လယ်စာတွေစားပြီး အင်ပြင်ထနေသူများအတွက်
👉 https://www.facebook.com/share/p/15VeRjXSGz/?mibextid=wwXIfr

အပူအစပ်တွေက အင်ပြင်ဖြစ်စေသလား? အင်ပြင်ဖြစ်တတ်တဲ့သူတွေရေ အပူအစပ်ရှောင်ရမလား?
👉https://www.facebook.com/share/p/1FhSsvJ9qc/

ကျေးဇူးတင်ပါတယ်။

ဒေါက်တာဝေယံဖြိုး
MBBS (YGN) Dip in P.Dermatology (UK)
MSc in P.Dermatology (UK)
အရေပြားကျန်းမာရေးဆရာဝန်
Kembangan Specialist Centre ,Kembangan Thuwunna Skin Clinic
#အရေပြားနှင့်အလှအပ #ဒေါက်တာဝေယံဖြိုး

👉  #ပုရွက်ဆိတ်တွေ ဖုံးလွှမ်းနေတဲ့  #အစားအသောက်တွေကို စားသုံးတာဟာ ကောင်းမွန်တဲ့ အပြုအမူမဟုတ်ပါဘူးဆိုတာလူတိုင်းသိကြမှာပါဗျ...
27/09/2025

👉 #ပုရွက်ဆိတ်တွေ ဖုံးလွှမ်းနေတဲ့ #အစားအသောက်တွေကို စားသုံးတာဟာ ကောင်းမွန်တဲ့ အပြုအမူမဟုတ်ပါဘူးဆိုတာလူတိုင်းသိကြမှာပါဗျာ။

👉ပုရွက်ဆိတ်အနည်းငယ်ကို စားသုံးမိတာ ပုရွက်ဆိတ်နည်းနည်းတက်နေတဲ့ အစားအသောက်တွေစားမိတာဟာ များသောအားဖြင့် အန္တရာယ်မရှိပေမဲ့၊ အစားအသောက်ပေါ်မှာ ပုရွက်ဆိတ်အများအပြား ရှိနေခဲ့ခြင်းက ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ဝင်ရောက်နိုင်တဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။

👉ပုရွက်ဆိတ်တွေ သယ်ဆောင်လာနိုင်တဲ့ #ကူးစက်ပိုးတွေနဲ့ #ဘက်တီးရီးယားတွေရှိပါတယ်။ အစားအစာတွေကြားထဲက ပုရွက်ဆိတ်ကိုစားမိတာဖြစ်ဖြစ် သူတို့နဲ့ထိတွေ့ထားခဲ့တဲ့အစားအသောက်တွေကိုစားမိတာဖြစ်ဖြစ် အခန့်မသင့်ရင်ရောဂါတွေရရှိနိုင်ပါတယ်။

ပုရွက်ဆိတ်တွေဟာ "mechanicaI vectors" လို့ခေါ်တဲ့ #ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ မသန့်ရှင်းတဲ့ နေရာတွေဖြစ်တဲ့ အမှိုက်ပုံ၊ ဆွေးမြေ့နေတဲ့ အရာဝတ္ထုတွေ၊ ဒါမှမဟုတ် မစင်တွေပေါ်မှာ လမ်းလျှောက်သွားလာပြီး သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ခြေထောက်တွေပေါ်မှာ အန္တရာယ်ရှိတဲ့ အဏုဇီဝပိုးမွှားတွေ ကပ်ညိနေနိုင်ပါတယ်။ အဲဒီပိုးမွှားတွေကအစားအသောက်ပေါ် ရောက်လာတဲ့အခါ ဒီရောဂါတွေကို #ကူးစက်စေနိုင်ပါတယ်။စားမိတဲ့ ပမာဏအနည်းအများနဲ့ပါဝင်တဲ့ပိုးအမျိုးအစားပေါ်မူတည်ပြီးရောဂါတခုခုဖြစ်လာနိုင်မလား မဖြစ်ဘူးလားကွဲပြားနိုင်ပါတယ်။

ပုရွက်ဆိတ်တွေဟာ အစားအသောက်ကြောင့်ဖြစ်တဲ့ ရောဂါပိုးမျိုးစုံကို သယ်ဆောင်နိုင်တယ်ဆိုတာ တွေ့ရှိထားပြီး၊ အဲဒီရောဂါပိုးတွေကတော့-

💢 Salmonella: အဖျား၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်းကို ဖြစ်စေနိုင်တဲ့ အစားအသောက်ကနေဖြစ်တဲ့ အဆိပ်သင့်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
💢 E. coli: ပြင်းထန်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်တဲ့ နောက်ထပ်ဘက်တီးရီးယားတစ်ခု ဖြစ်ပါတယ်။
💢Staphylococcus: အစားအသောက်ကြောင့် အဆိပ်သင့်ခြင်းနဲ့ အရေပြားကူးစက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
💢Shigella: အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်တဲ့ shigellosis ကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။
💢 Clostridium: အချို့သော မျိုးစိတ်တွေဟာ အစားအသောက်ကြောင့် အဆိပ်သင့်ခြင်းနဲ့ အခြားပြင်းထန်တဲ့ ကူးစက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
💢Yersinia: အဖျားနဲ့ ဗိုက်နာခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။
💢Fungi and molds: ပုရွက်ဆိတ်တွေဟာ အစားအသောက်တွေကို ပျက်စီးစေပြီး ဖျားနာစေနိုင်တဲ့ ဒီဇီဝပိုးမွှားတွေကိုလည်း သယ်ဆောင်နိုင်ပါတယ်။

👉အခြားအန္တရာယ်များ

#ပိုးသတ်ဆေးပါဝင်မှု: သင့်အိမ်မှာ ပုရွက်ဆိတ်တွေရှိနေရင်၊ ပုရွက်ဆိတ်တွေဟာ ပိုးသတ်ဆေးတွေ ဒါမှမဟုတ် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိနိုင်ပါတယ်။ ဒီပစ္စည်းတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာပါလာပြီး သင့်အစားအသောက်ကို ကူးစက်နိုင်ပါတယ်။
#ဓာတ်မတည့်ခြင်း: ရှားပါးပေမဲ့၊ အချို့လူတွေဟာ ပုရွက်ဆိတ်ကိုက်ခြင်း ဒါမှမဟုတ် စားသုံးမိခြင်းကြောင့် ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မီးပုရွက်ဆိတ်လို မျိုးစိတ်တွေနဲ့ဆို ပိုဖြစ်တတ်ပါတယ်။
#ကပ်ပါးကောင်များ: ရှားပါးပေမဲ့၊ ရောဂါပိုးဝင်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို စားမိရင် ကပ်ပါးကောင်တွေ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားနိုင်တဲ့ အန္တရာယ်အနည်းငယ် ရှိပါတယ်။

✅အကြံပြုချက်

အန္တရာယ်အကင်းဆုံးအဖြေကတော့ ပုရွက်ဆိတ်တွေ အများကြီးပါဝင်နေတဲ့ အစားအသောက်တွေကို စွန့်ပစ်လိုက်ဖို့ပါပဲ။ အထူးသဖြင့် အစားအသောက်ဟာ ချက်ပြုတ်ခြင်း ဒါမှမဟုတ် အပူပေးခြင်း မပြုလုပ်မယ့် အစားအသောက်မျိုးဆို ပိုပြီး စွန့်ပစ်သင့်ပါတယ်။ ပုရွက်ဆိတ်အနည်းငယ်ကနေ ရောဂါဆိုးကြီးကြီးမားမားရနိုင်တဲ့ အန္တရာယ်က နည်းပါးပေမဲ့၊ ပုရွက်ဆိတ်အများအပြားပါလာခြင်းက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးတွေ ဝင်ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေကို ပိုတိုးစေပါတယ်။

ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေလိုမျိုး ကျန်းမာရေးထိခိုက်လွယ်သူတွေအတွက် အန္တရာယ်က ပိုပြီး မြင့်မားပါတယ်။ ဒါကြောင့်ဘစန့်ရှင်းတဲ့အစားအသောက်တွေကိုသာဦးစားပေးပြီးရွေးချယ်စားသောက်သင့်သလို ပုရွက်ဆိတ်တက်ခဲ့တဲ့ အစားအသောက်တွေကိုရှောင်ရှားတာဟာ ပိုကောင်းတဲ့ အန္တရာယ် ကင်းတဲ့ရွေးချယ်မှု ဖြစ်ပါတယ်လို့အသိပေးချင်ပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်။

ဒေါက်တာဝေယံဖြိုး
MBBS (YGN) Dip in P.Dermatology (UK)
MSc in P.Dermatology (UK)
အရေပြားကျန်းမာရေးဆရာဝန်
Kembangan Specialist Centre ,Kembangan Thuwunna Skin Clinic
#အရေပြားနှင့်အလှအပ #ဒေါက်တာဝေယံဖြိုး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Wai Yan အရေပြားကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Wai Yan အရေပြားကျန်းမာရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category