Bumrungrad Clinic Yangon

Bumrungrad Clinic Yangon Bumrungrad Clinic Yangon provides primary healthcare and medical diagnostics for health screenings as the same quality as Bumrungrad International in BKK.

💊 ဆေးတွေ အာနိသင်မပျက်ပြယ်အောင် ဘယ်လိုထိန်းသိမ်းကြမလဲ? 🌡️အပူချိန်သာမန်ဆေးဝါးများကို အပူချိန် (၁၈) မှ (၂၅) ဒီဂရီ ဆဲလ်စီးယပ...
01/11/2025

💊 ဆေးတွေ အာနိသင်မပျက်ပြယ်အောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

🌡️အပူချိန်
သာမန်ဆေးဝါးများကို အပူချိန် (၁၈) မှ (၂၅) ဒီဂရီ ဆဲလ်စီးယပ်စ်အတွင်း၊ Cold Chain ဆေးဝါးများကို အပူချိန် (၂)မှ (၈) ဒီဂရီ ဆဲလ်စီးယပ်စ်အတွင်း ထားပါ။

☀️ အလင်းရောင်
နေရောင်ခြည်တိုက်ရိုက်မထိသောနေရာမှာ ထားပါ။

💧စိုထိုင်းဆ
စိုထိုင်းဆများတဲ့ နေရာတွေမှာ မထားသင့်ပါ။

🌬️ လေ
လေလုံအောင် ထားပါ။


📌 နေ့ခင်းဘက်တွေမှာ အလွန်အမင်း အိပ်ချင်တာက သာမန်ပဲလား?🔺နေ့လည်နေ့ခင်းမှာ၊ အလုပ်ချိန်မှာ အိပ်ငိုက်တာ၊ အိပ်ချင်တာက ဖြစ်လေ့ဖြ...
31/10/2025

📌 နေ့ခင်းဘက်တွေမှာ အလွန်အမင်း အိပ်ချင်တာက သာမန်ပဲလား?

🔺နေ့လည်နေ့ခင်းမှာ၊ အလုပ်ချိန်မှာ အိပ်ငိုက်တာ၊ အိပ်ချင်တာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပင်ပန်းနေတာ၊ ညအိပ်မပျော်တာတွေကြောင့် ဖြစ်နိုင်ပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို ရှာရမှာ ဖြစ်ပါတယ်။

📌 ဘယ်အချိန်တွေမှာ ဆရာဝန်ပြရမလဲ?

🔺အမြဲ အိပ်ချင်၊ အိပ်ငိုက်နေတာကြောင့်

▪️ အလုပ်မှာ ဖြစ်ဖြစ် ကျောင်းမှာ ဖြစ်ဖြစ် အာရုံစူးစိုက်လို့ မရတဲ့အခါ၊ တစ်ခုခုဆို ဆုံးဖြတ်ချက် မချနိုင်တာတဲ့အခါ၊ စာတစ်ခုကို ဖတ်နေပေမယ့် ခေါင်းထဲ မဝင်တာ၊ အဓိပ္ပါယ်ကို နားမလည်တာ

▪️ မေ့တတ်လာတဲ့အခါ၊ အရင်က အကြောင်းအရာတွေ မှတ်မိပေမယ့် လတ်တလော ပြောခဲ့တဲ့စကားတွေ၊ လုပ်ခဲ့တဲ့ အကြောင်းအရာတွေကို မမှတ်မိတာ များလာတဲ့အခါ
- အလုပ်ခွင်မှာ စွမ်းဆောင်ရည်တွေ ကျလာတဲ့အခါ၊ အလုပ်တွေ အချိန်မီပြီးမြောက်အောင် မဆောင်ရွက်နိုင်တော့တဲ့အခါ

▪️ ယာဉ်မောင်းနေချိန်တိုင်း အိပ်ငိုက်လာတာ

▪️ ညဘက်အိပ်ချိန်ရောက်ရင် မအိပ်ချင်တော့တာ၊ အိပ်မပျော်တာ၊ အိပ်တဲ့အခါမှာလည်း ဟောက်နေတတ်တာ

📌 ဒီလိုမျိုးတွေ ဖြစ်တဲ့အခါ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။ အိပ်ရေးမဝတာ၊ အိပ်ရေးပျက်တာက ဦးနှောက်နှင့် အာရုံကြောပြဿနာတွေကြောင့်လား၊ စိတ်ဖိစီးမှုတွေကြောင့်လား၊ Lifestyle ကြောင့်လား၊ အခြားအကြောင်းရင်းတွေကြောင့်လားဆိုတာကို စနစ်တကျ အဖြေရှာသင့်ပါတယ်။ ဒါမှ နေ့စဉ်ဘဝကို လန်းလန်းဆန်းဆန်း အဆင်ပြေပြေ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။


✨ “အဆီဆို ဘာအဆီမှ မစားဘူး”ဆိုတာ မှန်ရဲ့လား?💫 ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေကို စားပေးဖို့လိုအပ်ပါတယ်။ အစားအစာထ...
28/10/2025

✨ “အဆီဆို ဘာအဆီမှ မစားဘူး”ဆိုတာ မှန်ရဲ့လား?

💫 ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေကို စားပေးဖို့လိုအပ်ပါတယ်။ အစားအစာထဲက ကောင်းမွန်တဲ့ အဆီတွေက -
✅ ဗီတာမင်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့
✅ ဆဲလ်တွေ ပုံမှန်အတိုင်း ပွါးများဖို့
✅ ဦးနှောက်နှင့် အာရုံကြော၊ အမြင်အာရုံ တိုးတက်ကောင်းမွန်ဖို့
✅ အနာကျက်မြန်ဖို့
✅ ဟော်မုန်းနှင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။

💫 ကောင်းမွန်တဲ့ အဆီဓာတ်တွေကို မစားဖြစ်ရင် အသားအရေခြောက်သွေ့တာ၊ ဆံပင်ကျွတ်တာ၊ ကိုယ်ခံအားနည်းတာနှင့် ဗီတာမင်ချို့တဲ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အဆီဓာတ်တွေ ရရှိဖို့ အဆီများတဲ့ငါး၊ အစေ့အဆံတွေ၊ သံလွင်ဆီ၊ ထောပတ်သီး စတာတွေကို စားသုံးသင့်ပါတယ်။


🩺 သတိထားရမယ့် ဒူးခေါင်းအရိုးအဆစ်ရောင် လက္ခဏာတွေ …✨ အသက် ၅၀ နှင့်အထက် လူကြီးတွေ၊ ဒူးခေါင်းနားတဝိုက် ကြွက်သားအားနည်းတဲ့သူတ...
25/10/2025

🩺 သတိထားရမယ့် ဒူးခေါင်းအရိုးအဆစ်ရောင် လက္ခဏာတွေ …

✨ အသက် ၅၀ နှင့်အထက် လူကြီးတွေ၊ ဒူးခေါင်းနားတဝိုက် ကြွက်သားအားနည်းတဲ့သူတွေ၊ ကိုယ်
အလေးချိန်များသူတွေ၊ မကြာခဏ ဒူးထောက်ထိုင်သူတွေ၊ Squat ထိုင်သူတွေ၊ ဒူးကွေးပြီး အကြားကြီးထိုင်ရတဲ့သူတွေမှာ ဒူးခေါင်းအရိုးအဆစ်ရောင် ဖြစ်
နိုင်ခြေမြင့်ပါတယ်။ မတ်တတ်အကြာကြီးရပ်ရတာ၊ လမ်းအကြာကြီးလျှောက်ရတာ၊ မာရသွန်နှင့် တင်းနစ်လို ပြင်းထန်တဲ့ အားကစားလှုပ်ရှားမှုတွေကလည်း ဒူးကို အလွန်အကျွံအသုံးပြုရတာကြောင့် ဒူးခေါင်းအရိုးအဆစ်ရောင် ဖြစ်စေနိုင်ပါတယ်။

✨ လျစ်လျှူရှုမထားသင့်တဲ့ လက္ခဏာတွေကတော့
-မတ်တတ်ရပ်တဲ့အခါတိုင်း၊ လမ်းလျှောက်တဲ့အခါတိုင်း၊ လှေကားတွေတက်တဲ့အခါတိုင်း ဒူးအမြဲနာနေတာ
-ဒူးဆစ်နေရာက တောင့်တင်းသလို ကြပ်နေသလို ခံစားရတာ၊ ဒူးမခိုင်တာ၊ လှုပ်ရှားရခက်ခဲပြီး နာကျင်တာ
-ဒူးဆစ်ထဲက ရောင်တာ၊ ပူတာ၊ နာတာ
-ဒူးခေါင်းလှုပ်ရှားမှုလုပ်တိုင်း အသံမြည်တာ
-ခြေထောက်တွေ မညီတော့တာ၊ လေးကိုင်းပုံသဏ္ဍာန်ဖြစ်လာတာ
-ဒူးခေါင်းကို အပြည့်မကွေးနိုင်တာ၊ မဆန့်နိုင်တာ
-လမ်းလျှောက်ရင်း အလေး မ မနိုင်တော့တာ

🩺 ဒီလက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတိုင်ပင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။


With the deepest sorrow, the physicians, nurses, and staff of Bumrungrad International Hospital join the entire nation i...
25/10/2025

With the deepest sorrow, the physicians, nurses, and staff of Bumrungrad International Hospital join the entire nation in mourning the passing of Her Majesty Queen Sirikit The Queen Mother — a revered figure of boundless grace, compassion, and lifelong dedication to the people of Thailand.

Her Majesty’s unwavering commitment to improving health, nurturing culture, and uplifting the lives of all Thai citizens has been an enduring source of inspiration in our noble calling of care and healing.

As we remember Her Majesty’s extraordinary legacy, we humbly offer our highest respect and heartfelt condolences, praying that her soul may rest in eternal peace.

May her timeless virtues continue to guide and inspire us in our service to the nation.

🩺 အတွေ့များတဲ့ အဆစ်ပြဿနာတွေ …✨ ဒူးဆစ်နဲ့ ပတ်သက်ရင်-Knee Osteoarthritisအလွန်အကျွံအသုံးပြုတာကနေ အရိုးနုတွေအားနည်းပျက်စီးလာ...
24/10/2025

🩺 အတွေ့များတဲ့ အဆစ်ပြဿနာတွေ …

✨ ဒူးဆစ်နဲ့ ပတ်သက်ရင်
-Knee Osteoarthritis
အလွန်အကျွံအသုံးပြုတာကနေ အရိုးနုတွေအားနည်းပျက်စီးလာတာကြောင့်ဖြစ်တဲ့ ဒူးနာတာ

-Knee Instability or Patellar Dislocation
ဒူးဆစ်ပတ်လည်က အဆက်တွေ အားနည်းလာတာကြောင့်ဖြစ်တဲ့ ဒူးဆစ်လွဲတာ

-Fractures Around the Knee Implants
အရိုးပွတာ၊ လေးဘက်နာအဆစ်ရောင်ရောဂါနှင့် အကြိမ်ကြိမ် ဒူးဆစ်အစားထိုးကုသတာ/ ပြန်လည်
ခွဲစိတ်တာကြောင့်ဖြစ်တဲ့ ဒူးဆစ်အစားထိုးထားတဲ့နေရာပတ်လည်က အရိုးတွေ ကျိုးတာ

✨ တင်ပါးဆုံရိုးနဲ့ ပတ်သက်ရင်
-Hip Osteoarthritis
တင်ပါးဆုံနဲ့ ပေါင်အတွင်းထဲက နာပြီး လမ်းလျှောက်ရခက်ခဲတာ

-Hip Fracture
ချော်လဲပြီးနောက် တင်ပါးဆုံရိုးကျိုးတာ (အထူးသဖြင့် သက်ကြီးပိုင်းတွေ)

-Avascular Necrosis of the Hip
ပေါင်ရိုးထိပ်ကို သွေးလုံလုံလောက်လောက် မရောက်တော့ပဲ အရိုးတွေ ပျက်စီးလာတာ

-Hip Dislocation
ပြင်းပြင်းထန်ထန်ပြုတ်ကျတာနှင့် မတော်တဆမှုတွေကြောင့် တင်ပါးဆုံရိုးလွဲတာ

🩺 ဒီလို အတွေ့များတဲ့ အဆစ်ပြဿနာတွေကို အမြဲစောင့်ကြည့်လေ့လာထားမှ အဆစ်နဲ့ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာတွေ မရှိအောင် ဂရုစိုက်ကုသနိုင်မှာဖြစ်ပြီး ပျောက်ကင်းသက်သာဖို့လည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


🔎 ဘယ်အစားအစာတွေက အစာအိမ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေလဲ?✅ အမျှင်ဓာတ်ကြွယ်ဝတဲ့ Oats၊ ပန်းသီး၊ ဘယ...
22/10/2025

🔎 ဘယ်အစားအစာတွေက အစာအိမ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေလဲ?
✅ အမျှင်ဓာတ်ကြွယ်ဝတဲ့ Oats၊ ပန်းသီး၊ ဘယ်ရီသီး၊ အရွက်စိမ်းတွေနှင့် ပဲအမျိုးမျိုး ဒါတွေက အူလမ်းကြောင်းလှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။ ဒိန်ချဉ်၊ ကင်ချီနှင့် Kefir လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ကောင်းမွန်တဲ့ Bacteria လေးတွေ ကြောင့်လည်း အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သံလွင်ဆီ၊ ထောပတ်သီးနှင့် အစေ့အဆံတွေကရတဲ့ ကောင်းမွန်တဲ့ အဆီတွေကလည်း အူလမ်းကြောင်းကို ချောမွေ့စေပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေကတော့ လေပွတာ၊ လေအောင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။

🔎 လေ့ကျင့်ခန်းလုပ်တာက ဝမ်းမချုပ်အောင် တကယ်ကာကွယ်ပေးလား?
✅ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရင် သွေးလှည့်ပတ်မှုကောင်းပြီး အူလမ်းကြောင်းရဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကောင်းပြီး ဝမ်းမှန်စေပါတယ်။ လမ်းလျှောက်တာ၊ အကြောဆန့်တာမျိုးနဲ့တင် အစာဟောင်းတွေ အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

🔎 Probiotics Supplement တွေရော သောက်ဖို့လိုလား?
✅ အမျှင်ဓာတ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ မျှတအောင် စားသုံးရင်ကို Probiotics တွေ ရရှိနေနိုင်ပြီဖြစ်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှပဲ သောက်သုံးသင့်ပါတယ်။

🔎 ဝမ်းချုပ်တာအတွက် ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ?
✅ အမြဲရင်ပူနေတာ၊ အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်ကျလာတာ၊ ဗိုက်အပြင်းအထန်အောင့်တာ၊ အစာမျိုချရခက်ခဲတာ၊ မကြာခဏအန်တာ၊ ပုံမှန်ဝမ်းသွားချိန်တွေ ပြောင်းသွားတာ၊ ဝမ်းထဲမှာ သွေးပါလာတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်သင့်ပါတယ်။



💚 အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာစေဖို့ လက်တွေ့ကျတဲ့ Tips တွေ …💚 အချိန်မှန် ပုံမှန်စားပါ။အစားကို အချိန်မှန် ပုံမှန်စား...
18/10/2025

💚 အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာစေဖို့ လက်တွေ့ကျတဲ့ Tips တွေ …

💚 အချိန်မှန် ပုံမှန်စားပါ။
အစားကို အချိန်မှန် ပုံမှန်စားပေးတာက သင့်ရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ မနက်စာ လွတ်တာ၊ အချိန်မှန်မစားတာတွေက အစာအိမ်နှင့် အူလမ်းကြောင်းရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ဟန်ချက်ပျက်စေပါတယ်။ တစ်နေ့ ၃ နပ်ကို မျှမျှတတအချိန်မှန်စားတာက အကောင်းဆုံးဖြစ်ပြီး လိုအပ်လို့ အဆာပြေမုန့်တွေ စားရင်လည်း အချိန်တစ်ခု သတ်မှတ်ပြီး စားသင့်ပါတယ်။

💚 အမျှင်ဓာတ်တွေ ဦးစားပေးစားပါ။
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲနှင့် အစေ့အဆံတွေကနေ Soluble နှင့် Insoluble Fibre တွေကို ရရှိနိုင်တာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ဒါဆိုရင် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေမှာပဲ ဖြစ်ပါတယ်။ လေပွတာနှင့် လေအောင့်တာတွေကို ကာကွယ်ဖို့ကတော့ အမျှင်ဓာတ်တွေကို တစ်ရက်ချင်း ဖြည်းဖြည်းတိုးမြှင့်စားပေးသင့်ပါတယ်။ ရေများများလဲ သောက်ပေးသင့်ပါတယ်။

💚 ရေဓာတ်ပြည့်ဝအောင်လုပ်ပါ။
ရေက အစာဟောင်းတွေကို ပျော့ပျောင်းစေပြီး အူလမ်းကြောင်းတစ်လျှောက် ကောင်းကောင်းမွန်မွန်ရွေ့လျားစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ရေ၊ အသီးဖျော်ရည်၊ စွပ်ပြုတ်ရည် အကုန် သောက်သုံးနိုင်ပြီး Caffeine နဲ့ သကြားပါဝင်မှုများတဲ့ အချိုရည်တွေကိုတော့ လျှော့သင့်ပါတယ်။

💚 ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးတာကလည်း အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အစာစားပြီး မိနစ် ၂၀ ခန့် လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာ၊ ကတာလိုမျိုး နှစ်သက်ရာကို ပြုလုပ်နိုင်ပါတယ်။ Pelvic Floor Exercise လုပ်ပေးတာကလည်း ဝမ်းသွားရလွယ်စေပြီး ဝမ်းကျန်တာမျိုးကို ကာကွယ်ပေးပါတယ်။

💚 စိတ်ဖိစီးမှုလျှော့ပြီး အိပ်ရေးဝဝအိပ်ပါ။
ဦီးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းက ဆက်နွယ်နေတာကြောင့် စိတ်ဖိစီးမှုများပြီး အိပ်မပျော်တာကလည်း အစာအိမ် အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်တာ၊ တရားထိုင်တာ၊ အာရုံစူးစိုက်မှုကောင်းစေတဲ့ ယောဂ၊ ထိုက်ချိစတာတွေကို ပြုလုပ်သင့်ပြီး တစ်နေ့ အနည်းဆုံး ၇-၈ နာရီပြည့်အောင် အိပ်စက်သင့်ပါတယ်။


🔶 RSV Infection ကို ကာကွယ်လို့ရလား? 🔸Respiratory Syncytial Virus (RSV) ဆိုတာ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါကို ဖြစ်စေတဲ့ ...
18/10/2025

🔶 RSV Infection ကို ကာကွယ်လို့ရလား?

🔸Respiratory Syncytial Virus (RSV) ဆိုတာ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါကို ဖြစ်စေတဲ့ Virus တစ်မျိုးဖြစ်ပါတယ်။

🔸ရောဂါပိုးကူးစက်ခံရပြီး (၂)ရက်မှ (၈)ရက်အတွင်း ပုံမှန် အအေးမိတုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူတဲ့ ဖျားနာ၊ ချောင်းဆိုး၊ နှာစေး၊ နှာပိတ် လက္ခဏာတွေ စဖြစ်လာတတ်ပါတယ်။ ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းအောက်ပိုင်းကို ရောက်လာတဲ့အချိန်မှာတော့ အဆုတ်လေပြွန်ရောင်တာနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့ အခြေအနေမှာဆိုရင် အသက်ရှူမြန်လာတာ၊ အသက်ရှူရင် အသံမြည်တာနှင့် အသားအရောင်တွေ ပြာလာတာအထိ ဖြစ်တတ်ပြီး အသက်အန္တရာယ်ရှိနိုင်လို့ ဆေးရုံတက်ရောက် ကုသဖို့ လိုအပ်ပါတယ်။

🔶 RSV က ဘယ်လို ကူးစက်တတ်လဲ?
🔸ရောဂါပိုးရှိသူရဲ့ နှာချေ၊ ချောင်းဆိုးတာက ထွက်လာတဲ့ နှာရည်၊ သလိပ် အမှုန်အမွှားတွေကနေ ကူးစက်နိုင်ပြီး ဒါတွေနဲ့ ထိတွေ့ထားတဲ့ အရာဝတ္ထုပစ္စည်းတွေကို ကိုင်တွယ်မိရာက တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

🔶 ဘယ်သူတွေက ကူးစက်ခံရနိုင်ခြေများလဲ?
- လမစေ့ပဲ မွေးဖွားထားတဲ့ ကလေးတွေ (ကိုယ်ဝန် ၃၅ ပတ်နှင့် အောက်)
- (၁)နှစ်အောက် မွေးကင်းစလေးတွေ
- နာတာရှည်အဆုတ်ရောဂါနှင့် မွေးရာပါနှလုံးရောဂါရှိတဲ့ အသက် (၂)နှစ်အောက် ကလေးတွေ
- သက်ကြီးရွယ်အိုတွေ
- နာတာရှည် အဆုတ်နှင့် နှလုံးရောဂါရှိသူတွေ
- ဆီးချိုရောဂါရှိသူတွေ
- ကိုယ်ခံအားနည်းသူတွေ(HIV ရှိသူနှင့် ကင်ဆာကုသမှုခံယူနေရသူ)

🔶 ဘယ်လိုကာကွယ်လို့ရလဲ?
🔸 အခြေခံအားဖြင့် လက်ကို မကြာခဏဆေးခြင်း၊ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ခြင်း၊ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါတွေအပြင် RSV ကူးစက်ရောဂါအဖြစ်များတဲ့ အချိန်တွေမှာ ကြိုတင်ထိုးထားလို့ရတဲ့ဆေးနှင့် ကာကွယ်ဆေးလည်း ထွက်ရှိနေပြီဖြစ်ပါတယ်။

(၁) ရောဂါကူးစက်နိုင်ခြေများတဲ့ အခြေအနေရှိတဲ့ ကလေးတွေအတွက် Monoclonal antibody ဖြစ်တဲ့ Palivizumab ဆိုတဲ့ ဆေးတစ်မျိုးကို ထိုးထားပေးနိုင်ပါတယ်။
- လမစေ့ပဲ မွေးထားတဲ့ ကလေးတွေနှင့် RSV Season အစမှာ အသက်(၆)လနှင့်အောက် ကလေးတွေ၊
- နာတာရှည်အဆုတ်ရောဂါရှိပြီး လွန်ခဲ့တဲ့ (၆)လအတွင်း ဆေးကုသမှုခံယူထားရတဲ့အပြင် RSV Season အစမှာ အသက်(၂)နှစ်အောက်ဖြစ်နေတဲ့ ကလေးတွေ၊
- မွေးရာပါ နှလုံးရောဂါရှိပြီး RSV Season အစမှာ အသက်(၂)နှစ်အောက်ဖြစ်နေတဲ့ ကလေးတွေ၊
ဒီဆေးကို ထိုးထားရင် RSV ကြောင့် ဆေးရုံတက်ရောက်ကုသရတာ၊ ဆေးရုံမှာ ကြာရှည်ကုသရနိုင်ခြေကို လျှော့ချပေးနိုင်ပြီး အသက်ရှူလမ်းကြောင်းအောက်ပိုင်းအထိ ကူးစက်ပြီး ရောဂါပြင်းထန်တာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ်။

(၂) သက်ကြီးရွယ်အိုတွေအတွက်ဆိုရင်တော့ ကာကွယ်ဆေး ထွက်ရှိနေပါပြီ။ အသက်(၆၀)နှင့် အထက် လူကြီးတွေ၊ ရောဂါကူးစက်နိုင်ခြေများတဲ့အသက်(၅၀-၅၉)နှစ်အတွင်း လူကြီးတွေ ထိုးနိုင်ပါတယ်။ တစ်ကြိမ်သာထိုးဖို့လိုအပ်ပြီး RSV ကြောင့် အသက်ရှူလမ်းကြောင်းအောက်ပိုင်းကူးစက်ရောဂါတွေ မဖြစ်အောင် 82.6% ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါအခံရှိတဲ့ လူကြီးတွေမှာဆိုရင် 94.6% ကာကွယ်ပေးနိုင်တဲ့အထိ ထိရောက်မှုရှိပါတယ်။

🔶 RSV အဖြစ်များတဲ့ အချိန်ကတော့ နေရာဒေသ၊ လူဦးရေထူထပ်မှုနှင့် ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး ပေါ်ပေါက်လာတတ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ မိုးရာသီ(ဇူလိုင်လမှ နိုဝင်ဘာလအတွင်း) ဖြစ်ပွါးလေ့ရှိပြီး အမေရိကန်နိုင်ငံမှာဆိုတော့ စက်တင်ဘာမှ ဖေဖော်ဝါရီအတွင်း အဖြစ်များလေ့ရှိပါတယ်။ ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း နေထိုင်တဲ့ နေရာဒေသအလိုက် RSV အဖြစ်များတဲ့ အချိန်မရောက်ခင် ကြိုတင်ထိုးထားလေ့ရှိကြတာကို ဗဟုသုတအနေတဲ့ ဖော်ပြပေးလိုက်ပါတယ်။



🎀 Mammogram (ရင်သားဓာတ်မှန်)🎀 Mammogram ရိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?🔲 Low-energy-X-rays ကို အသုံးပြုပြီး ရင်သားကို စစ်ဆေ...
15/10/2025

🎀 Mammogram (ရင်သားဓာတ်မှန်)

🎀 Mammogram ရိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?
🔲 Low-energy-X-rays ကို အသုံးပြုပြီး ရင်သားကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။

🎀 Mammogram ရိုက်ရင် ဘာတွေကြုံတွေ့ရနိုင်လဲ?
🔲 ရင်သားကို Compression Paddle နဲ့ ဖိမှာ ဖြစ်တဲ့အတွက် အနည်းငယ်သက်တောင့်သက်တာ မဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်သားလျော့နေတဲ့အချိန်မှာပဲ ဒီ Procedure ကို လုပ်ဖို့ အကြံပြုပါတယ်။

🎀 ဘာကြောင့် ရင်သားကို ဖိဖို့လိုအပ်တာလဲ?
🔲 ရင်သားအထူက ညီညီမျှမျှဖြစ်သွားတဲ့အထိ ဖိမှရင်သားထဲက Tissue အားလုံးကို သေချာမြင်ရမှာ ဖြစ်ပါတယ်။

🔲 ရင်သား Tissue တွေထဲက သေးငယ်တဲ့ မူမမှန်မှုတွေကအစ တွေ့ရှိနိုင်ဖို့လဲ ဖြစ်ပါတယ်။

🔲 ရင်သား Tissue ရဲ့ အထူက နည်းသွားတာကြောင့် Low-energy-X-Rays ကိုပဲ အသုံးပြုဖို့ လိုအပ်ပါတော့တယ်။

🔲 ဖိထားတာ ဖြစ်တဲ့အတွက် လှုပ်ရှားမှု မရှိတော့ပဲ ပုံရိပ်တွေကို ပိုပြတ်သား ရှင်းလင်းစေပါတယ်။

🎀 Mammogram ရိုက်ရင် ဘာအကျိုးရှိလဲ?
🔲 ရင်သားနဲ့ ပတ်သက်တဲ့ရောဂါတွေကို စောစောသ စစ်ဆေးသိရှိနိုင်ဖို့၊ ကုသနိုင်ဖို့ အထောက်အကူပြုပါတယ်။ စစ်တမ်းတွေအရဆိုရင် နှစ်စဉ် Mammogram ရိုက်ရင်းကနေ ရင်သားကင်ဆာရှိနေခဲ့ရင် ကုသလို့ရနိုင်သေးတဲ့ အခြေအနေ၊ ရင်သားဖြတ်တောက်စရာမလိုသေးတဲ့ အခြေအနေမှာတင် စောစောသိရှိနိုင်ပါတယ်။

🔲 ရင်သားထဲက သေးငယ်တဲ့အကျိတ်တွေကိုပါ သေချာမြင်ရလို့ ဆရာဝန်ရဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေကိုလည်း အထောက်အကူပြုပါတယ်။

💗 ဒါကြောင့် အသက် ၄၀ အထက် အမျိုးသမီးတိုင်း ရင်သားကို နှစ်စဉ်စစ်ဆေးသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်ရှင်။


🎗️ October လကို Pink October လို့တင်စားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး လူတွေရဲ့ ဂရုပြုမှုတွေ မြင့်...
11/10/2025

🎗️ October လကို Pink October လို့တင်စားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး လူတွေရဲ့ ဂရုပြုမှုတွေ မြင့်တက်လာစေဖို့၊ စောစီးစွာ စစ်ဆေးခြင်းကို အားပေးဖို့၊ ရင်သားကင်ဆာကုသခြင်းနှင့် စစ်ဆေးခြင်းနည်းလမ်းတွေရဲ့ ပြောင်းလဲတိုးတက်လာပုံ အဆင့်ဆင့်ကို ဂုဏ်ပြုဖို့၊ နှစ်စဉ် Campaign တွေကို ဒီလအတွင်းမှာ ပြုလုပ်ကြလို့ ဖြစ်ပါတယ်။

🩷 စောစီးစွာစစ်ဆေးသိရှိခြင်းဟာ အရေးကြီးကြောင်းရင်သားကင်ဆာကို လူတွေရဲ့ဂရုပြုမှုတွေ မြင့်တက်လာဖို့ ဆောင်ရွက်တဲ့နေရာမှာ အဓိကထား ပညာပေးဖြန့်ဝေကြပါတယ်။ ရင်သားဓာတ်မှန် Digital Mammogram ဟာ ရင်သားကင်ဆာကို အစောပိုင်းအဆင့်တွေမှာတင် စစ်ဆေးသိရှိနိုင်ဖို့အတွက် အဖိုးတန် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Breast Ultrasound ကတော့ တိကျတဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်တာကြောင့် ရင်သားကင်ဆာကို စောစီးစွာ စစ်ဆေးသိရှိဖို့ ထပ်ဆောင်းကူညီပေးနိုင်ပါတယ်။

🎗️ မျိုးရိုးဗီဇစစ်ဆေးခြင်းကလည်း ရင်သားကင်ဆာဖြစ်နိုင်ခြေများစေတဲ့ ပုံမမှန် မျိုးရိုးဗီဇတွေရှိ၊ မရှိ(BRCA1 and BRCA2)ကို သိနိုင်ပြီး ပိုတိကျတဲ့ ကာကွယ်၊ ကုသမှုနည်းလမ်းတွေကို ချမှတ်ဆောင်ရွက်နိုင်စေပါတယ်။

🩷 ရင်သားကင်ဆာကုသတဲ့အခါမှာလည်း အခုဆိုရင် နည်းပညာတွေ ပြောင်းလဲတိုးတက်နေပါပြီ။ အစောပိုင်းအဆင့်တွေအတွက်ဆိုရင် ရင်သားကို ပုံမပျက်စေပဲ ကင်ဆာဖြစ်နေတဲ့ Tissue ကိုပဲ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရှိနေပါပြီ။ ပြန်ရည်ကြောမှ အသားစယူစစ်ဆေးပြီး အခြားကုသမှုတွေ လိုမလိုကိုလည်း ဆုံးဖြတ်ကြပါတယ်။

🎗️ ဓာတ်ရောင်ခြည်နဲ့ ကုသတာကတော့ ရင်သားနှင့် အနီးအနားရှိပြန်ရည်ကြောတွေမှာ ကင်ဆာဆဲလ်တွေ ကျန်နေတာမျိုးမရှိအောင် ဆောင်ရွက်ပေးပါတယ်။

🩷 Chemotherapy ကတော့ အလျင်အမြန်တိုးပွါးနေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်စီးနိုင်ဖို့ အာနိသင်ပြင်းတဲ့ ဆေးတွေနဲ့ ကုသတာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု မခံယူခင်ရော ခံယူပြီးတဲ့အချိန်မှာရော ဒီကုသမှုကို ခံယူနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ဆဲလ်တွေကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိနေပါတယ်။

🎗️ Targeted Therapy ကတော့ လတ်တလောပေါ်ထွက်လာတဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့ ဆဲလ်တွေကို ထိခိုက်မှုနည်းနည်းနဲ့ ကင်ဆာဆဲလ်တွေကို အဓိကထား တိုက်ဖျက်ပေးပါတယ်။

🩷 Immunotherapy ကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားကနေတစ်ဆင့် တိုက်ဖျက်နိုင်စေဖို့ ဆောင်ရွက်ပေးပါတယ်။

🎗️ ဒီကုသမှုနည်းလမ်းတွေထဲကမှ ရင်သားကင်ဆာအဆင့်အလိုက် သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်ကုသရင် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ဖြစ်လာစေပါတယ်။

🩷 အမျိုးသမီးတိုင်း ရင်သားကို ကိုယ်တိုင်ပုံမှန် စစ်ဆေးတာ ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။ မိသားစုမျိုးရိုးရှိတဲ့သူ (သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ)တွေကတော့ အသက် (၃၀) ကစပြီး Breast Ultrasound၊ အသက် (၄၀) ကစပြီး ရင်သားဓာတ်မှန် Mammogram ရိုက်တာတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ရင်သားကင်ဆာကို စစ်ဆေးကာကွယ်ကုသနည်းတွေကို ဂရုပြုမှုမြင့်တက်အောင်၊ သုတေသနတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် နောင်အနာဂတ်မှာ ရင်သားကင်ဆာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ရောဂါတစ်ခုအဖြစ်ကနေ ပျောက်ကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။


🏮သီတင်းကျွတ်လပြည့်နေ့ အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေက...
06/10/2025

🏮သီတင်းကျွတ်လပြည့်နေ့ အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဘမ်ရွန်ဂရက်ရန်ကုန်ဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🏮

Address

No. 9/B, Ma Naw Hari Street, Dagon Township
Yangon
11191

Opening Hours

Monday 07:00 - 16:00
Tuesday 07:00 - 16:00
Wednesday 07:00 - 16:00
Thursday 07:00 - 16:00
Friday 07:00 - 16:00
Saturday 07:00 - 12:00

Telephone

+959782302424

Alerts

Be the first to know and let us send you an email when Bumrungrad Clinic Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bumrungrad Clinic Yangon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Bumrungrad Clinic Yangon is your local access to Bumrungrad International Hospital.

Founded in 2016, the clinic ensures the same level of quality as Bumrungrad’s main campus in BKK by matching our medical technology, equipment and bringing in healthcare professionals who have received training in Thailand and overseas.

Bumrungrad Clinic Yangon offers health screening services, primary care services, on-site medical laboratory services, medical imaging services, pharmacy services, appointment scheduling and continuation of care services.

Bumrungrad Clinic is fully integrated with Bumrungrad International’s computer infrastructure to ensure seamless coordination between diagnostic and primary care services in Yangon and specialized care services at the main hospital in Bangkok.