Oasis - လူငယ်မောင်နှမများပရဟိတအဖွဲ့

  • Home
  • Myanmar
  • Yangon
  • Oasis - လူငယ်မောင်နှမများပရဟိတအဖွဲ့

Oasis - လူငယ်မောင်နှမများပရဟိတအဖွဲ့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oasis - လူငယ်မောင်နှမများပရဟိတအဖွဲ့, Yangon.

Oasis (အိုအေစစ်) လူငယ်မောင်နှမများပရဟိတအဖွဲ့အနေနဲ့ ဆင်းရဲနွမ်းပါးကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များ အတွက်လိုအပ်လျက်ရှိသော အာဟာရဒါန၊ပညာရေးအထောက်အပံ့များကို မိမိတို့တတ်နိုင်သည့်ဘက်မှ အုတ်တစ်ချပ်၊သဲတစ်ပွင့်ဖြစ်စေ ကူညီဆောင်ရွက်ခြင်းဖြစ်ပါသည်။

Oasis လူငယ် မောင်နှမများ ပရဟိတအဖွဲ့ (ရန်ကုန်) ​၏ မန္တလေးမြို့သို့ အလှုမှတ်တမ်းပါခင်ဗျာ မန္တလေးမြို့တွင် ငလျင်ဘေးသင့်နှင့...
07/04/2025

Oasis လူငယ် မောင်နှမများ ပရဟိတအဖွဲ့ (ရန်ကုန်) ​၏ မန္တလေးမြို့သို့ အလှုမှတ်တမ်းပါခင်ဗျာ

မန္တလေးမြို့တွင် ငလျင်ဘေးသင့်နှင့်မီးဘေးသင့် ပြည်သူများအား စောင့်ရှောက်လျှက်ရှိသော 41လမ်းx88-89ကြားရှိ ရွှေဂူကြီးကျောင်းတွင် ပြည်သူများနေထိုင် ရေး အဆင်ပြေစေရန် ဖျာများ နှင့် တခြား လှုဖွယ် ပစ္စည်းများ လှူဒါန်းပေးခဲ့ပါသည် ။ ညဘက်တွင် အလင်းမီးအား ကျောင်းတိုက် မှ မီးစက်နှိုးကာ ကူညီ ရသည့်အတွက် Solar Led Street Light များ အိမ်သုံး Solar မီးသီး ငယ်များလဲ လှူဒါန်းပေးခဲ့ပါသည် ။ ထို့အပြင် ပြိုကျနေသော ကျောင်းတိုက် နှင့် ထိခိုက်ဒဏ်ရာ ရထားသော ရဟန်း သံဃာများအတွက် နဝကမ္မအလှုတော်ငွေ နှင့် ငလျင်ဘေးမီးဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေ များ ပေးအပ်ခဲ့ပါသည် ။

စစ်ကိုင်းဘက်မှ ပရဟိတ အသင်း တစ်ခု အတွက်လဲ Life Straw ရေသန့်စက် နှစ်လုံးအား သယ်ယူ ပို့ဆောင်ခြင်း လှုဒါန်း ဒါန ပြုခဲ့ပါသည်

ငလျင်ဒဏ်ကြောင့် မိမိတို့ အိမ် နေရပ် ကို စွန့်ခွာပြီး ကျုံးဘေးနှင့် လေယာဉ်ကွင်းအဟောင်း အနီး တွင် ဘေးလွတ်ရာ ရှောင်တိမ်းနေရသော ပြည်သူများအားလဲ လှုဒါန်းငွေ များ စာအိတ်နှင့်တကွ ပေးအပ် လှူဒါန်းမှု များ ပြုလုပ်ခဲ့ပါသည်

တစ်ချို့နေရာများတွင် မှတ်တမ်းတင်ရန် အခက်အခဲများ ရှိသောကြောင့် အလှုရှင်များနှင့်အဖွဲ့ဝင် များ သာဓုခေါ်နိုင်စေရန် သင့်တော်သော ပုံများကိုသာ မှတ်တမ်းတင်အပ်ပါသည်ခင်ဗျာ

အလှုရှင်များ အဖွဲ့ဝင် များနှင့်တကွ မြန်မာပြည်သူပြည်သား အားလုံး ဘေးရန်ကင်းကွာပြီး ဆန္ဒနှင့် ဘဝ ထပ်တူကြ နိုင်ကြပါစေ

Oasis-အိုအေစစ် လူငယ်မောင်နှမများပရဟိတအဖွဲ့ (ရန်ကုန်)

ရန်ကုန် မန်းလေး အသွားအပြန် လမ်းခရီးအခြေအနေ ရန်ကုန်မှ မန်းလေးသို့ (4.4.2025)ကျနော်တို့က ရန်ကုန်ကနေ အမြန်းလမ်းကို ည ၁၁ တိတ...
07/04/2025

ရန်ကုန် မန်းလေး အသွားအပြန် လမ်းခရီးအခြေအနေ

ရန်ကုန်မှ မန်းလေးသို့ (4.4.2025)

ကျနော်တို့က ရန်ကုန်ကနေ အမြန်းလမ်းကို ည ၁၁ တိတိမှ စတင်တက်ပါတယ် ..
0mile - 115mile ပုံမှန် လမ်း ပျက်တာလေး တချို့က လွဲရင် မောင်းရအဆင်ပြေပါတယ် ကားလဲ များပါတယ် ..
115mile -153 mile လမ်း အနည်းငယ်ဆိုးပါတယ် .. တံတားအတက်အဆင်းလေးတွေ အရှိန်လျော့ပါ
153 mile မှာ လမ်းပိတ်ထားပေမယ့် ကားသေးဖြတ်လို့ရပါတယ် ..
153mile - 173mile လမ်း တော်တော် ဆိုးပါတယ် ဗျ … တံတားအတက်အဆင်းတွေ အရမ်းကြမ်းသလို လမ်းဖြောင့်မှာလဲ ရေကျော်လှိုင်း လေးတွေ ဖြစ်နေတာကြောင့် လုံးဝ Speed တင်မမောင်းသင့်ပါဘူး .. 164 mile ဆွာတံတား ကျိုးထားတော့ ဘေလီတံတားကို အတက်အဆင်းတစ်လှည့်ဆီမောင်းရပါတယ် .. အဲ့ဒါကျော်ရင် ၃/၄ မိုင်လောက်ကလဲ အသွားတစ်လမ်းကို အပြန်ကားများပါ 2 way မောင်းရပါတယ်
173mile - 285mile လမ်း ဘာမှမဖြစ် သလောက်ကောင်းပါတယ် .... 200mile(NPW) မှာ မနက် 4:30 ဝန်းကျင် ရှေ့နောက်ကားတစ်စီးမှ မရှိတော့လို့ 15မိနစ်လောက် ခဏ ကားစောင့်ခဲ့ရပါသေးတယ်
345 mile မှာ တံတားကျိုးထားလို့ မြေသားလမ်းလွှဲကနေမောင်းရပါတယ် .. လေဆိပ်အဝိုင်းမှာ ညာချိုးပြီး လမ်းဟောင်းကို ဆင်းပြီး မောင်းရပါတယ် .. ကျန်တစ်လျှောက် အဆင်ပြေပါပြီ

မန်းလေး- ရန်ကုန် (6.4.2025)
လမ်းဟောင်းအတိုင်း ပြန်လာရင်း မန်းလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုင်းဘုတ်တွေ့ရင် ညာဘက် ချိုးပြီး အမြန်လမ်းတက်ရပါမယ် .. (အဲ့နေရာမှာ တည့်သွားမိလို့ စဉ့်ကိုင်ရောက်ခါနီးမှ ပြန်လှည့်လာရပါတယ်)

အမြန်လမ်းပေါ် စတက်ပြီး Toll Gate အကျော် မှ မိုင် ၃၀၀ လောက်ထိ လမ်းအက်ကွဲမှု များသောကြောင့် ပုံမှန်သတိထားမောင်းရပါတယ်

285mile -200mile လမ်းကောင်းပေမယ့် 212 mile မှာ တံတား အတက်အဆင်း တော်တော် ကြမ်းပါတယ် ..
200mile - 115mile တောက်လျှောက် လာလမ်းအတိုင်း လမ်းဆိုးပါတယ် .. ရေကျော်/တံတားအတက်အဆင်း / လမ်းဖာ နေရာအရမ်းများပါတယ် .. အရှိန်လျှော့မောင်းသင့်ပါတယ် ..
115mile- 0mile လမ်းပုံမှန်အတိုင်းပါဘဲ ခင်ဗျာ

⛽️ ⛽️ အသွားရော အပြန်ရော 134 မိုင် အပြန်ဘက် BOC ဆီဆိုင် 24hr ဖွင့်လို့ အပြည့်ထည့်ပါတယ် ခင်ဗျာ ⛽️⛽️

အမြန်လမ်းအသုံးပြုသူများနှင့် မိတ်ဘက်ပရဟိတ အဖွဲ့များ အဆင်ပြေစေရန် ကိုယ်တိုင် သွားခဲ့သော အတွေ့အကြုံပြန်လည် ရေးသားခြင်းပါခင်ဗျာ ..

အလှုမှတ်တမ်းများလဲ မကြာမီ တင်ပြပေးပါဦးမည်

Oasis-အိုအေစစ်လူငယ်မောင်နှမများပရဟိတအဖွဲ့(ရန်ကုန်)


mOasis

02/04/2025

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လက်ရှိ ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲဖြစ်လျက်ရှိသော ငလျင်ဘေးသင့် အများပြည်သူများအတွက် ကျနော်တို့ Oasis-အိုအေစစ်လူငယ်မောင်နှမများပရဟိတအဖွဲ့(ရန်ကုန်) မှ မြေပြင်တွင် ကြိုးစားကူညီနေကြသော အဖွဲ့များနှင့် ချိတ်ဆက်ကာ တက်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးလျက်ရှိပါတယ်ခင်ဗျာ ... အလှုရှင်များအနေဖြင့်လဲ မိမိတို့တက်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။

လက်ရှိ တွင် မိမိတို့တတ်နိုင်သည့်ဘက်မှ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့်

Dr ကျော်စွာလင်း - 100,000 ကျပ်

ကိုကောင်းမြတ် +မအိအိထွေး - 50,000 ကျပ်

မနှင်းဝသုန်ထက် - 500,000 ကျပ်

ကိုကောင်းထက်အောင် +မဇင်ဝေဝေလွင် - 50,000 ကျပ်

မခင်စုစုထွန်း - 50,000 ကျပ်

ကိုဇော်မျိုးအောင် - 100,000 ကျပ်

မဖြူစင်သန့် - 30,000 ကျပ်

မဖြိုးပပ - 50,000 ကျပ်

မဆုသက်ထားဆွေ - 250,000 ကျပ်

ကိုစစ်ရန်ထွန်း+မခိုင်သူဇာထွန်း - 100,000 ကျပ်

မခိုင်မွန်ကျော် - 30,000 ကျပ်

ကိုမင်းသန့်ထူး - 200,000 ကျပ်

ကိုစစ်လင်း - 100,000 ကျပ်

Nanda + nang - 50,000 ကျပ်

စေတနာရှင်တစ်ဦး - 100,000 ကျပ်

မဝင်းနွယ်ဦး - 30,000 ကျပ်

ဦးစိုင်းကျော်လှိုင် မိသားစု - 70,000 ကျပ်

ကိုအောင်မျိုးထက် - 30,000 ကျပ်

ကိုသီဟစိုး - 500 baht

ကိုရဲလွင်မိုး + မသက်ဖူးရွှေ - 1,000 baht

ကိုထွန်းထွန်း+မချစ်နွယ်ဝိုင်း - 3800 baht

ကိုမြတ်လင်းဦး +မမြင့်သီရိဇော် - 9,000 baht

ကိုတိုးပြည့်စုံဦး - 5,000 baht

ကိုဝေဖြိုး - 500 baht

ကိုရဲနောင် - 500 baht

မစုစုဇင် - 300,000 ကျပ်

မမေဖူးငုံ - 120,000 ကျပ်

ကိုအာကာလွင် - 50,000 ကျပ်

ဒေါ်ဝါဝါသန့် မိသားစု - 200,000 ကျပ်

မဇင်သူသူခိုင် - 150,000 ကျပ်

မယွန်းမြတ်သွယ် မိသားစု - 100,000 ကျပ်

ကိုတေဇာလင်း - 500 baht

ကိုကောင်းထက်ဝင်း+မပန်းအိဖြူ - 2515 baht

ကိုထင်ကျော်မျိုး (ခ)ကိုစနေ - 50,000 ကျပ်

Dianadoo - 50,000 ကျပ်

ကို Tommy - 100,000 ကျပ်

ကိုစစ်လွင် - 100,000 ကျပ်

Earthquake donation from USA, Yangon, Singapore, Chaiang Mai, Mae Sot - 200,000 ကျပ်

Wone wone - 25,000 ကျပ်

ကိုမောင်ကြီးနှင့်ဇနီး မိသားစု - 1,000 baht

ပြုံးပြုံးနှင့်မျိုးမမ - 11,000 ကျပ်

မနှင်းရည်ခန့် -50,000 ကျပ်

ကိုဇင်ထွဠ်ဝင်း + မဇင်သွယ်သွယ်အေး - 100,000 ကျပ်

မချိုချိုဦး - 100,000 ကျပ်

ကိုအောင်ကုဋေ - 1,500 baht

မထက်ရတနာထွန်း - 100,000 ကျပ်

ဦးဝင်းချို+ဒေါ်မြင့်မြင့်သန်း မိသားစု - 500,000 ကျပ်

(ဦးဇော်ဝင်း)+ဒေါ်စန်းစန်းရီ မိသားစု - 200,000 ကျပ်

ကိုရဲမင်းသော်+မနှင်းသဇင်ထွန်း - 100,000 ကျပ်

အိမ်ပြန်ချင်ပြီ အဖွဲ့ - 500,000 ကျပ်

ဦးသိန်းဦး+(ဒေါ်မြင့်မြင့်သောင်း) မိသားစု ရန်ကုန် - 100,000

မဝင်းဝါ - 50,000 ကျပ်

မခြူးဝေလှိုင် - 200,000 ကျပ်

ကိုအောင်ကျော်မိုး + မနေခြည်ထွန်း - 100,000 ကျပ်

ဦးမင်းဇော် + ဒေါ်စိန်စိန် မိသားစု - 500,000 ကျပ်

ဦးလှိုင်မြင့်+ဒေါ်မြင့်မြင့်လှိုင် သမီး မစုရည်နန္ဒာမိသားစု - 200,000 ကျပ်

သွန်းသွန်း - 30,000 ကျပ်

ဒေါ်ခိုင်မာဝင်းမိသားစု - 50,000 ကျပ်

Classic V**e Shop - 300,000 ကျပ်

ကိုထူးမောင်မောင်ကျော်+မခင်ရတနာတိုး - 100,000 ကျပ်

မခင်ရတနာမိုး - 200,000 ကျပ်

ဦးမောင်မောင်လေး+ဒေါ်ခင်ဌေးနွယ် - 100,000 ကျပ်

ကိုထွန်းထွန်းနိုင် - 100 Baht

ကိုမောင်လွင် - 100 Baht

ကိုအောင်မင်းဦး - 100 Baht

ရှိန်းမြင့်မိုးအောင်+မိုးဆန်း - 100 Baht

ကိုအောင်ထက်+ မကေသီခိုင် - 600 Baht

ဦးတင့်ရှိန် - 200 Baht

ကိုတေဇာအောင်+မနှင်းဆုနိုင် - 200 Baht

ကိုရဲလင်းကို+မသန်းယုမော် - 200 Baht

ကိုကျော်ကြီး - 100 Baht

ကိုနိုင်ကို - 200 Baht

ကိုအာကာဖြိုး+မ၀ါ၀ါစံ - 1,000 Baht

မုံကြီး - ၃၀၀ Baht

စေတနာရှင်တစ်ဦး - 30,000 ကျပ်

Shin Min Set မှ တစ်ဆင့် ( Kurume family donations) - 1,200,000 ကျပ်

ကို ကျနော်တို့ Oasis-အိုအေစစ် လူငယ်မောင်နှမများ ပရဟိတ အဖွဲ့ (ရန်ကုန်) သို့ ပါဝင်လှူဒါန်းပေးခဲ့ကြပါသည်။

***သာဓု သာဓု သာဓု***

စေတနာရှင်/အလှူရှင်များအနေဖြင့် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဒီထက်မက လှူဒါန်းနိုင်ကြပါစေ။

အလှူငွေများကို (30.3.2025) မှ ( 3.4.2025) အထိ ဆက်လက်ပြီး လက်ခံ ဆောင်ရွက်ပေးသွားပါမည်ဖြစ်သောကြောင့်

အဖွဲ့ဝင်များ ၊ အလှူရှင်များအနေဖြင့် ပါဝင် လှူဒါန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

🔵Kpay မှ ပါဝင် လှူဒါန်းချင်သူများအနေဖြင့် Note တွင် Oasis ဟုသာရေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ 🔵

ကိုရဲမင်းသော် - 09788989878

ကိုအောင်ကျော်မိုး - 09420044922

ကိုရဲလွင်မိုး - 09795011865 (viber)

ကိုရန်မျိုးအောင် - 09752938752

ကိုဝေဖြိုး - 09796413851 (viber)

*** ဆန္ဒ နှင့် ဘဝ ထပ်တူကျပါစေ***

(၁.၄.၂၀၂၅) လမ်းအခြေအနေရန်ကုန် ဇီးရိုးမိုင် မှ ၁၃၈မိုင် အုတ်တွင်းပေါက်ထိ သွားလို့ရ။ ၁၃၈ မိုင်မှ လမ်းဟောင်းသို့ ဖြတ်ဆင်းနိ...
01/04/2025

(၁.၄.၂၀၂၅) လမ်းအခြေအနေ

ရန်ကုန် ဇီးရိုးမိုင် မှ ၁၃၈မိုင် အုတ်တွင်းပေါက်ထိ သွားလို့ရ။ ၁၃၈ မိုင်မှ လမ်းဟောင်းသို့ ဖြတ်ဆင်းနိုင်။

- ၁၁၅ မိုင် ဖြူးဘက်မှလည်း လမ်းဟောင်းသို့ သွားနိုင်။

- ၉၄ မိုင်လောက်မှစ၍ ၁၁၅ မိုင်လောက်ထိ လမ်းနိမ့်သွားတဲ့ နေရာတချို့ရှိ၍ သတိထားမောင်းရန်လိုအပ်။ တံတား အတက်အဆင်းများ ကတ္တရာပြန်ဖို့ပေးထား၍ နည်းနည်း အဆင်ပြေ။ တံတားအတက်အဆင်းများ အနိမ့်အမြင့်ရှိ

- အုတ်တွင်းပေါက်မှ နေပြည်တော်ထိ လမ်းဟောင်းအတိုင်း သွား၍ အဆင်ပြေ။
- သာဂရမှာ တချို့ကားများ အမြန်လမ်းဘက်ပြန်တက်၍ နေပြည်တော်၊ မိတ္ထီလာအထိ အမြန်လမ်းအတိုင်း ခရီးဆက်နိုင်။
- အုတ်တွင်းမှ နေပြည်တော်သို့ တောင်ငူ၊ ကေတုမတီနားတဝိုက်မှ လွဲ၍ လမ်းကောင်း၊ သွားဖို့ ပိုသင့်၊
- နေပြည်တော်၊ ပျဉ်းမနား ထမင်းဆိုင်၊ စားသောက်ဆိုင် အဆင်မပြေ။ မဖွင့်တာများ။
- သာဂရနား၊ သာဝတ္ထိ ရေနီနားတဝိုက် ထမင်းဆိုင်များရှိ။
- ‌ဆီဖြည့်လိုပါက ရေနီ Max ဆီဆိုင်မှာ ဖြည့်လာတာ အဆင်ပြေတယ်။ နေပြည်တော်ထဲ ဆီဆိုင်တွေ ကားများတယ်။

- နေပြည်တော်ထဲ လမ်းမကြီးများ တွန့်ခေါက်ကျိုးကြေ ရှ်တတ်၍ သတိထား ဖြည်းဖြည်းမောင်းရန်လိုအပ်၊

- နေပြည်တော် တောင်ညိုလမ်းအတိုင်း အမြန်လမ်း မိုင် ၂၂၀ ပေါက်သို့ တက်ရန် အဆင်ပြေ၊ အပျက်အစီးနည်း

- ‌အမြန်လမ်း နေပြည်တော်မှ ၂၈၅ မိုင် သီးကုန်းပေါက်မှ မိတ္ထီလာဘက် ဆင်းပြီး လမ်းဟောင်းဘက်မှ မန္တလေးဘက် တက်ရန် ပိုအဆင်ပြေ။

၂၈၅ မိုင်မှ ၃၄၄ မိုင် ၄ ဖာလုံ ကျောက်ဆည် လမ်းခွဲသို့ သွားနိုင်သော်လည်း အမြန်လမ်းကြီး လှိုင်းပိုများသွားတယ်။

၃၄၄ မိုင် ကျောက်ဆည်ပေါက်မှာ အတက်ကား အဆင်းကား တခါတရံ ကားပိတ်နိုင်၊ မြေလမ်းအတိုင်းဆင်းပြီးကျောက်ဆည်သို့ တိုက်ရိုက်သွားလို့မရ။
အမြန်လမ်း အောက်ဘက်သို့ ဘယ်ချိုးပြီး တံတားဦးလေဆိပ် ဘေးလမ်းမှတဆင့် တံတားဦး တိုးဂိတ် အဝိုင်းသိူ့ သွားနိုင်၊ လမ်းကျဉ်းတယ်။ တချို့နေရာ လမ်း အပျက်အဆီးရှိတယ်။

- တံတားဦးအဝိုင်းမှ အရှေ့ဘက်တည့်တည့်ဖြတ်၍ ပလိပ်ဘက် လမ်းဟောင်းဘက်သို့ သွားရပါမည်။

- အဝိုင်းကျော်ပြီး ပလိပ်ဘက် အသွားလမ်းပေါ် လမ်းအက်ကွဲမှုများ ချိုင့်ဝင်မှုများရှိ၊ သတိထား၍ ဖြည်းဖြည်း‌မောင်းရန်
- တံတားဦးအဝိုင်းတွင် အမြန်လမ်းပေါ်ပြန်တက်၍ အမြန်လမ်းအတိုင်း ဘီအိုစီ အဝိုင်း ဘက်သို့ မသွားသင့်၊ ဒုတ္ထဝတီ တံတားကျိုးထား။

အချုပ်အားဖြင့် ဆိုရသော်
- မန္တလေးမှ မိတ္ထီလာ လမ်းဟောင်းအတိုင်းသာ သွားပါ။
- မိတ္ထီလာမှ ၂၈၅ မိုင် သီးကုန်း အမြန်လမ်းပေါ်တက်၍ နေပြည်တော်အထိ သွားပါ။
- နေပြည်တော်ထဲဖြတ်ဝင်၊ လမ်းဟောင်းအတိုင်း အုတ်တွင်းထိ ဆင်းတာ ပိုကောင်း။
- အုတ်တွင်းမှ ၁၃၈ မိုင် ဘက် ပြန်ထွက်၍ အမြန်လမ်းအတိုင်း ဇီးရိုးမိုင်အထိ အဆင်ပြေ။

Crd-Ko Sann Maung Maung

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လက်ရှိ ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ် ငလျင်လှုပ်ခြင်းကြောင့် အသက်အိုးအိမ်တိုက်တာများပ...
30/03/2025

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လက်ရှိ ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ် ငလျင်လှုပ်ခြင်းကြောင့် အသက်အိုးအိမ်တိုက်တာများပျက်စီးနေကြောင်း စိတ်မကောင်းခြင်းများစွာကြားသိမြင်တွေ့ နေရပါတယ် ခင်ဗျာ

သို့ဖြစ်ပါ၍ ကျနော်တို့ Oasis-အိုအေစစ် လူငယ်မောင်နှမများ ပရဟိတ အဖွဲ့ (ရန်ကုန်) မှ မိမိတို့ တက်နိုင်သည့်ဘက်တွင် ပါဝင်လှူဒါန်း ကူညီရန် အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
Edited - ယခုအခါ တွင် မြေပြင်တွင် ကြိုးစားကူညီ နေကြသော အဖွဲ့များနှင့်လဲ ချိတ်ဆက်ထားပြီးပါပြီဗျ

အဖွဲ့ဝင်များ ၊ အလှူရှင်များအနေဖြင့် ပါဝင် လှူဒါန်းနိုင်ရန် အတွက် အသိပေးနှိုးဆော်ပြီး ဖိတ်ခေါ်အပ်ပါသည် ခင်ဗျာ ... အလှူငွေများကို (30.3.2025) မှ စတင်ပြီး လက်ခံဆောင်ရွက်ပေးနေပါပြီဗျ

🔵🔵Kpay မှ ပါဝင် လှူဒါန်းချင်သူများအနေဖြင့် Note တွင် Oasis ဟုသာရေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ 🔵🔵

လှူဒါန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

ကိုရဲမင်းသော် - 09788989878
ကိုအောင်ကျော်မိုး - 09420044922
ကိုရဲလွင်မိုး - 09795011865 (viber)
ကိုရန်မျိုးအောင် - 09752938752
ကိုဝေဖြိုး - 09796413851 (viber)

*** ဆန္ဒ နှင့် ဘဝ ထပ်တူကျပါစေ***





(ပုံပိုင်ရှင်များကို Crd ပေးပါတယ်ခင်ဗျာ၊ ယူသုံးခွင့်ပြုပါဗျ)

Address

Yangon

Telephone

09779923764

Website

Alerts

Be the first to know and let us send you an email when Oasis - လူငယ်မောင်နှမများပရဟိတအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Oasis - လူငယ်မောင်နှမများပရဟိတအဖွဲ့:

Share