MMDC & LUDU Laboratories

MMDC & LUDU Laboratories ISO 9001:2015 and CAP Certified Molecular Laboratories in Myanmar
(212)

လူထု ဓာတ်ခွဲခန်းသည် မြန်မာနိူင်ငံ၏ ပထမဆုံး အဆင့်မြင့် Molecular နှင့် အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။ နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ fully automatic analyzer စက်သစ်ကြီးများဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်းများစွာဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာနိူင်ငံတွင် ISO (9001:2008) လက်မှတ်ကို ပထမဆုံးရရှိထားသော နိူင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်သည်။

📣 ရန်ကုန်မြို့ ၊တောင်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူများ ကျန်းမာရေးအတွက် ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် သွားလာရေး အဆင်...
01/12/2025

📣 ရန်ကုန်မြို့ ၊တောင်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူများ ကျန်းမာရေးအတွက် ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် လူထုဓါတ်ခွဲခန်း(တောင်ဥက္ကလာ)ရုံးခွဲကို

🏠အခန်း(၆၅၂)၊ မြေညီထပ်၊ ရွှန်းမေတ္တာကွန်ဒို၊မေတ္တာလမ်း ၊ ၁၃ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်သို့ ဒီဇင်ဘာလ(၁)ရက်နေ့ ၊၂၀၂၅ ခုနှစ်မှစရျ် ပြောင်းရွှေ့ဖွင့်လှစ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

✅နိုင်ငံတကာ အဆင့်မှီစက်ကြီးများကို အသုံးပြုပြီး
သွေး၊ဆီး၊ဝမ်း၊သလိပ် အစရှိသည့် ဓါတ်ခွဲစမ်းသပ်ခြင်းများကို မနက်(၈)နာရီမှ ည(၇)နာရီအထိ ပိတ်ရက်မရှိ လာရောက်စစ်ဆေးနိုင်ပြီ ဖြစ်ပါသည်။

လိပ်စာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် တောင်ဥက္ကလာပရုံးခွဲသို့ လာရောက်စစ်ဆေးသူများကိုလည်း

🔴ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၁၅)ရက်နေ့ထိကို 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸𝘂𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 စစ်ဆေးမှုများအတွက် 𝟯𝟬% 𝗱𝗶𝘀𝗰𝗼𝘂𝗻𝘁 နှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများအတွက် 𝟮𝟬% 𝗱𝗶𝘀𝗰𝗼𝘂𝗻𝘁 (သတ်မှတ်ထားသော စစ်ဆေးမှုများသာ) ပေးသွားမည်

ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

#ရုံးပြောင်းရွှေ့ဖွင့်လှစ်ကြောင်းကြေငြာခြင်း

❤️Your Health is Your Wealth Healthy Heart, Healthy Life - Start Today!!ကျန်းမာသောနှလုံး ၊ကျန်းမာသောဘဝ အတွက် သည်နေ့ကစပြီ...
28/11/2025

❤️Your Health is Your Wealth
Healthy Heart, Healthy Life - Start Today!!
ကျန်းမာသောနှလုံး ၊ကျန်းမာသောဘဝ အတွက် သည်နေ့ကစပြီး အဝလွန်ခြင်းကို တိုက်ထုတ်ကြပါစို့💪

Obesity လို့ခေါ်တဲ့ အဝလွန်ခြင်းဆိုတာဘာလဲ❓
အဝလွန်တာက ဘာလို့မကောင်းတာလဲ❓

အခုခေတ်မှာ သွားမယ်လာမယ်ဆိုရင် စက်ပစ္စည်းအကူအညီတွေ 🚘 နဲ့ပဲ သွားလာကြတာများပြီး အစားအသောက်တွေကလည်း အသင့်စားနဲ့ အဆီအဆိမ့် 🍩 တွေများလာတော့ အဝလွန်တာတွေ တော်တော်ဖြစ်လာတာတွေ့ရပါတယ်

အဝလွန်တာက လူကိုအလှပျက်စေရုံသာမက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲရောဂါဆိုးကြီးတွေကိုပါ ခေါ်ဆောင်လာနိုင်တာကြောင့် အဝလွန်တာက လုံးဝ (လုံးဝ) ❌️ မကောင်းပါဘူးနော်။

အဝလွန်တာကို ဒီအတိုင်းကြည့်ရုံနဲ့ တိတိကျကျပြောလို့မရပါဘူး။ အဝလွန်နေလားဆိုတာကို BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း) နဲ့ စစ်ကြည့်လို့ 30 ကျော်နေရင်၊ မြန်မာလို အာရှနိုင်ငံသားတွေဆိုရင် BMI 25 ကျော်တာနဲ့ အဝလွန်တယ်လို့ ပြောနိုင်ပါတယ်။

BMI ဆိုတာ Body Mass Index ပါ။ မိမိရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို တိုင်းတာပြီး တွက်ချက်လို့ရပါတယ်။ ဝိတ်ချဖို့လို‌နေသလား၊ ဒီထက်ပို ဝိတ်တက်အောင်လုပ်သင့်လား ဆိုတာကို BMI ကြည့်ပြီးသိနိုင်ပါတယ်။
BMI သည်
🔵30 - Obesity ဟူရျ် သတ်မှတ်လို့ရပါတယ်။

နောက်ပြီး အဝလွန်နေလားဆိုတာ ခါးအရွယ်အစားတိုင်းတာကြည့်ပြီးလည်း ပြောနိုင်ပါတယ်။အမျိုးသမီး ♀️ တွေက ခါးဆိုဒ် 88 cm နဲ့အထက်၊ အမျိုးသား ♂️ တွေဆို 102 cm နဲ့အထက်ဆိုရင် အဝလွန်တယ်လို့ ပြောနိုင်ပါပြီ။

ဘယ်အချက်တွေက အဝလွန်စေပါသလဲ❓
🔴အသင့်စားအစားအစာများ အပါအဝင်ကယ်လိုရီမြင့်မားသောအစားအစာများ စားသုံးခြင်း
🔴အရက်နှင့် အချိုရည်များ သောက်သုံးခြင်း
🔴ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
🔴မျိုးရိုးလိုက်ခြင်း
🔴ဟော်မုန်းမညီမျှသော ရောဂါများရှိခြင်း(ဥပမာ- ဆီးချို၊ သိုင်းရွိုက်)
🔴အိပ်ချိန်မမှန်ခြင်း
🔴စိတ်ဖိစီးမှုများခြင်း တို့ဖြစ်ပါတယ်။

ဒါဆို အဝလွန်တာရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

🔴နှလုံးရောဂါ၊ လေဖြတ်ရောဂါ
အဝလွန်သူတွေဟာ သွေးတွင်းကိုလက်စထရောတွေများလို့ သွေးကြောမှာ အဆီတွေလာစုပုံပြီး ကျဥ်းစေသလို သွေးတိုးပါဖြစ်စေတာကြောင့် နှလုံးသွေးကြောကျဥ်းရောဂါ🫀တွေနဲ့ လေဖြတ်ရောဂါတွေ အရမ်းကိုဖြစ်လွယ်ပါတယ်။

🔴အမျိုးအစား 2 ဆီးချိုရောဂါ
အဝလွန်တာက သွေးတွင်းသကြားဓာတ်ကို ကျစေတဲ့ အင်ဆူလင်ရဲ့လုပ်ဆောင်မှုကို နှောင့်ယှက်ပြီး သွေးတွင်းသကြားဓာတ်တွေ မြင့်မား ⬆️ ကာ အမျိုးအစား 2 ဆီးချိုတွေ ဖြစ်နိုင်ခြေများပါတယ်။

🔴ကင်ဆာရောဂါ
အဝလွန်ခြင်းကြောင့် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ မုံ့ချိုအိတ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

🔴အိပ်ပျော်နေစဥ်အသက်ရှုရပ်ပြဿနာ
လည်ပင်းမှာရှိတဲ့အဆီတွေက လေပြွန်ကိုကျဥ်းစေလို့ အိပ်တဲ့အခါ အသက်ရှုရခက်တာ၊ ရပ်သွားတာမျိုးတွေ ကြုံနိုင်ပါတယ်။

🔴အသည်းနဲ့သည်းခြေပြဿနာ
သည်းခြေကျောက်တည်ခြင်း၊ အသည်းအဆီဖုံးခြင်း စတဲ့ရောဂါတွေက အဝလွန်တဲ့သူ တော်တော်များများ ခံစားရနိုင်ပါတယ်။

🔴အဆစ်အမြစ်ရောင်ရမ်းခြင်း
အရိုး🦴 အဆစ်တွေက ဝတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းရတာကြာတော့ ဒဏ်တွေဖြစ်ပြီး အရိုးအဆစ်တွေရောင်ရမ်းနာကျင်တာတွေ ဖြစ်လွယ်ပါတယ်။

🔴ကိုယ်ဝန်ဆောင်ပြဿနာများ
အဝလွန်တဲ့အမျိုးသမီးတွေဆိုရင် ရာသီလည်းမမှန်တတ်တဲ့အပြင် ကလေးရဖို့ခက်တာ၊ ကိုယ်ဝန်ဆောင်ကာလ🤰🏻သွေးတိုးတာတွေပါ ဖြစ်စေပါတယ်။

🔴စိတ်ဓာတ်ကျခြင်း
အဝလွန်သူတွေက ခွဲခြားဆက်ဆံခံရခြင်းကြောင့် စိတ်ဓာတ်ကျနိုင်သလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေနည်းပြီး စိတ်ဓာတ်ကျ 😔 လွယ်ပါတယ်။

အဝလွန်ခြင်းကို ဘယ်လိုကာကွယ်လို့ရနိုင်မလဲ❓
အဝလွန်စေသောအကြောင်းတရားများမှာ
ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဝလွန်ရောဂါနဲ့ သူ့နောက်ဆက်တွဲအန္တရာယ်တွေ မဖြစ်ရလေအောင်
✅ကျန်းမာစေတဲ့ ဟင်းသီးဟင်းရွက်🥬 တွေကို ပိုစားပေးခြင်း
✅နေ့စဥ်ကိုယ်လက်လေ့ကျင့်ခန်း🚶🏻‍♀️လုပ်ခြင်း
✅တနေ့ကို အနည်းဆုံး ၈နာရီ အိပ်စက် အနားယူပေးခြင်း
✅အရက် ၊ အချိုရည်နှင့် အသင့်စားအစားအစာများစားသုံးခြင်းကို လျှော့ချခြင်း
✅ကိုယ်အလေးချိန်တွေထိန်းသိမ်းခြင်း
✅BMI ကို မကြာခဏ ပုံမှန်စစ်ဆေးခြင်းတို့ကိုလုပ်ပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ရအောင် ထိန်းပေးကြရပါမယ်။

Normal BMI ရှိနေပေမယ့်လည်း ရောဂါအခံကြောင့်ဖြစ်စေ၊ အသက်အရွယ်ကြောင့်ဖြစ်‌စေ၊ မျိုးရိုးဗီဇကြောင့်ဖြစ်‌စေ သွေးတွင်းအဆီဓာတ်များနေနိုင်ပါသေးတယ်။ ဒါကိုတော့ 🧪Lipid Profile လို့ခေါ်တဲ့ သွေးစစ်ဆေးကြည့်မှသာသိနိုင်မှာဖြစ်ပါတယ်။

တခြားအရေးကြီးသောစစ်ဆေးမှုတွေရော ပြုလုပ်နိုင်ပါသလား❓
မိမိက အဝလွန်နေတဲ့သူဆိုရင် အပေါ်ကအချက်တွေအပြင် ဆရာဝန်👨🏻‍⚕️နဲ့ တိုင်ပင်ပြီး နောက်ဆက်တွဲပြဿနာတွေဖြစ်မဖြစ်အောက်ဖော်ပြပါ ရှာဖွေစစ်ဆေးတာတွေပါ လုပ်ပေးသင့်ပါတယ်။
🧪Lipid Profile (အဝလွန်ခြင်းနှင့် သက်ဆိုင်နှလုံးရောဂါ အန္တရာယ်ကို စောင့်ကြည့်နိုင်ပါသည်)
🧪Blood Glucose/HbA1C (ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ကို သိရှိနိုင်ပါသည်)
🧪Liver Function Test(အသည်း အဆီဖုံးခြင်း ဖြစ်နိုင်ခြေကို သိရှိနိုင်ပါသည်)
🧪Thyroid Function Test( ဟော်မုန်းမညီမျှမှုကြောင့် အလေးချိန်တိုးလာခြင်း ရှိမရှိကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်)

🌟MMDC နှင့် LUDU ဓာတ်ခွဲခန်းများတွင် အဝလွန်ခြင်းဆိုင်ရာ စစ်ဆေးမှုများကို 20% discount ဖြင့် December 1 ရက်နေ့မှ 15ရက်နေ့ထိ လာရောက်စစ်ဆေးနိုင်မှာဖြစ်တဲ့အပြင်
BMI (Body Mass Index) ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျနော်တို့ လူထု ဓာတ်ခွဲခန်းတိုင်းမှာ အခမဲ့လာရောက်တိုင်းတာစစ်ဆေးနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။
-------------------------------
📒 ဒီလိုမျိုးကျန်းမာရေးအစီစဥ◌်လေးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။
𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :
𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#အဝလွန်ခြင်း #

အသည်းကျန်းမာရေး ဗဟုသုတ စစ်ဆေးကြရအောင်!လူကြီးမင်းတို့ရဲ့ အသည်းအကြောင်း ဘယ်လောက် သိပါသလဲ... 😉အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတ...
21/11/2025

အသည်းကျန်းမာရေး ဗဟုသုတ စစ်ဆေးကြရအောင်!

လူကြီးမင်းတို့ရဲ့ အသည်းအကြောင်း ဘယ်လောက် သိပါသလဲ... 😉

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နေ့စဉ် ပြုမူနေတဲ့ အပြုအမူတွေ၊ စားသောက်နေတဲ့ အစားအစာတွေက အသည်းကို ဘယ်လောက်ထိ သက်ရောက်မှုရှိနေမလဲ?

ဒီအစီစဥ◌်လေးမှာ အသည်းနဲ့ပတ်သက်တဲ့ အယူအဆမှားတွေ၊ မှန်ကန်တဲ့ အချက်အလက်တွေကို "အမှန်" နဲ့ "အမှား" ဆိုပြီး ခွဲခြားဖြေဆိုရမှာဖြစ်ပါတယ်။

ပုံတွေပေါ်ကမေးခွန်းတွေကို ဖတ်ပြီး ကိုယ့်ရဲ့အဖြေကို စဉ်းစားဖြေကြည့်ပါ။

ကဲ... စလိုက်ကြရအောင်!

-------------------------------
📒 ဒီလိုမျိုးကျန်းမာရေးအစီစဥ◌်လေးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :
𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။1. Admi...
20/11/2025

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Admin Officer
• ရန်ကုန် (လမ်းမတော် (၂ ဦး)

2. Sales & Marketing Staff
• ရန်ကုန် (လမ်းမတော် (၃) ဦး)

3. Admin Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး)

4. Customer Service Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ သင်္ဃကျွန်း / သာကေတ (၁) ဦးစီ)

5. Cashier
• ရန်ကုန် (လမ်းမတော် (၂) ဦး)

6. Computer Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ အင်းစိန် (၁) ဦး)

7. Blood Collector
• ရန်ကုန် (လမ်းမတော် / သာကေတ / သင်္ယကျွန်း (၁) ဦးစီ )

8. Nurse Aid
• ရန်ကုန် (လမ်းမတော် (၂) ဦး )

9. Delivery
• ရန်ကုန် (လမ်းမတော် ၊ သင်္ဃကျွန်း (၂) ဦးစီ)
(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ CV Form များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email / Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
• အမှတ် (၇၉၇)၊ အခန်းအမှတ်(၀၀၄-က)၊ MAC Tower 2, ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / Viber – 09-972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• Email – mz.humanresourcemgr@gmail.com

Know Viral Load 🧪, Protect Your Liver👨‍⚕️“သင်၏ ရောဂါပိုးကောင်ရေကိုသိမှ သင့်အသည်းကိုကာကွယ်နိုင်မှာ”အသည်းရောင်အသားဝါ 🦠ဘီပိ...
20/11/2025

Know Viral Load 🧪, Protect Your Liver👨‍⚕️
“သင်၏ ရောဂါပိုးကောင်ရေကိုသိမှ သင့်အသည်းကိုကာကွယ်နိုင်မှာ”

အသည်းရောင်အသားဝါ 🦠ဘီပိုးနှင့်စီပိုးတို့ဟာ မြန်မာနိုင်ငံတွင် အတွေ့များသော ရောဂါပိုးများဖြစ်ပါတယ်။
စောစီးစွာသိရှိစစ်ဆေးပြီး ဆေးကုသမှုခံယူပါက ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါများဖြစ်ပွါးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။

🔬MMDC နှင့် LUDU Laboratory တွင် အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုး ပိုးကောင်ရေ စစ်ဆေးခြင်း 🧪အပါအဝင် အသည်း၏ လုပ်ငန်းဆောင်တာများ ပုံမှန်ရှိ မရှိစစ်ဆေးခြင်းတို့ကို တိကျမှန်ကန် မြန်ဆန်စွာဖြင့်စစ်ဆေးပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

-------------------------------
📒 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :
𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#ရောဂါပိုးကောင်ရေ

လူထုအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေးရုံး) တို့တွင် လုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။𝗔𝘀...
18/11/2025

လူထုအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေးရုံး) တို့တွင် လုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။

𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗦𝗮𝗹𝗲𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗿
• မန္တလေး (၃) ဦး
• M.B.,B.S, B.D.S, B.Pharm, B.Med.Tech, B.Bio.Tech
• Salary - ညှိနှိုင်း
• လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးပါမည်
• ခရီးသွားလာနိုင်ရပါမည်
• 𝗖𝗩 𝗙𝗼𝗿𝗺 နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ 𝗘𝗺𝗮𝗶𝗹 / 𝗩𝗶𝗯𝗲𝗿 မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
အခန်း (၃)၊ SY တိုက်တန်း၊ လမ်း ၃၀၊ ၇၇ နှင့် ၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
ဖုန်း / 𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟰𝟰𝟰𝟳𝟳𝟵𝟳𝟳 (ရုံးချိန် အတွင်းသာဆက်သွယ်ရန်)
𝗘𝗺𝗮𝗶𝗹 – 𝗺𝗱𝘆𝗺𝘇𝗶𝗿𝗰𝗼𝗻.𝗮𝗮𝗺𝟮@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့⚕️နှစ်စဉ် နိုဝင်ဘာလ (၁၄) ရ...
14/11/2025

လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့

⚕️နှစ်စဉ် နိုဝင်ဘာလ (၁၄) ရက်နေ့သည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ထိန်းသိမ်းကာကွယ်ရေးနေ့ (World Diabetes Day) ဖြစ်ပါတယ်။

⚕️ယခုနှစ် World Diabetes Day ၏ဆောင်ပုဒ်မှာ “Diabetes and Well-Being at Work” “လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့” ဟူ၍ဖြစ်ပါတယ်။

⚕️ဆီးချိုရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်များသော ရောဂါ ဖြစ်ပြီး WHO မှတ်တမ်းများအရဆိုလျှင် ကမ္ဘာပေါ်ရှိလူဦးရေ၏ 589သန်းခန့်သည် ဆီးချိုရောဂါဝေဒနာ ခံစားနေကြရပါတယ်။ ရောဂါခံစားရသူများထဲမှ ၁၀ယောက်တွင် ၇ယောက်ဟာ လုပ်ငန်းခွင်တွင်း အရွယ်ရောက်ပြီးသူများ ဖြစ်ကြပါတယ်။

အလုပ်သည် လူအများအတွက် နေ့တစ်နေ့၏ အချိန်အများစုကို သုံးရာနေရာ ဖြစ်ပါတယ်။ဒါကြောင့် အလုပ်နှင့်ပတ်သတ်သော စိတ်ဖိစီးမှု၊ ပုံမှန်မဟုတ်သော အစားအစာချိန်များ၊ လှုပ်ရှားမှုနည်းခြင်းတို့က ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်ပြီး ၊ဆီးချိုရောဂါရှိပြီးသူများအတွက်လည်း သွေးတွင်းသကြားထိန်းချုပ်မှုကို ပိုမိုခက်ခဲစေနိုင်ပါသည်ကို တွေ့ရှိလာရပါတယ်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် လုပ်ငန်းခွင်တွင်း ဝင်ရောက်နေသော အရွယ်ရောက်ပြီးသူများ၏ ကျန်းမာရေးသည်လည်း ဂရုပြုရမည့် ကဏ္ဍတရပ်အဖြစ် ပါဝင်လာသည်ကို တွေ့ရပါတယ်။

💡ပထဆုံးအနေနဲ့ ဆီးချိုသွေးချိုရောဂါဟာ ဘာလဲ ❓ဘာကြောင့်ဖြစ်ရတာလဲ❓ဆိုတာ လေ့လာကြည့်ကြရအောင်

⚕️ဆီးချိုသွေးချိုရောဂါဆိုသည်မှာ Insulin Hormone ချို့တဲ့ခြင်း၊ အလုပ်မလုပ်တော့ခြင်း (သို့) မထွက်တော့ခြင်းကြောင့် Glucose များ ဆဲလ်အတွင်းသို့ မဝင်ရောက်နိုင်တော့ပဲ သွေးထဲတွင် စုပုံလာကာ သွေးတွင်းအချိုဓာတ်များ တက်လာသော ရောဂါတမျိုးဖြစ်ပါတယ်။
⚕️ဆီးချိုသွေးချိုရောဂါအမျိုးအစားများမှာ
1️⃣ Type 1 Diabetes Mellitus - လူငယ်များတွင် အဖြစ်များသော ဆီးချိုသွေးချိုရောဂါ
2️⃣Type 2 Diabetes Mellitus - သက်ကြီးပိုင်းတွင် အဖြစ်များသော ဆီးချိုသွေးချိုရောဂါ
3️⃣ Gestational Diabetes Mellitus - ကိုယ်ဝန်ဆောင်သည်များတွင် ဖြစ်တတ်သော ဆီးချိုရောဂါ အမျိုးအစားတို့ ဖြစ်ပါတယ်။

⚕️ရောဂါလက္ခဏာများအနေဖြင့်
⏩ ခန္ဓာကိုယ် မလှုပ်ချင်၊ မကိုင်ချင်လောက်အောင် နှုံးချိနေတတ်ခြင်း
⏩ ရေငတ်လွယ်ခြင်း
⏩ ရေသောက်များခြင်း
⏩ ဆီးမကြာခဏသွားခြင်း
⏩ ညဘက်ဆီးမကြာခဏသွားခြင်း
⏩ ခန္ဓာကိုယ်ယားယံခြင်း
⏩ အနာကျက်ရန်ခက်ခဲခြင်း
⏩ ကြွက်သားများရှုံ့လာခြင်း
⏩ ကိုယ်အလေးချိန် လျော့ကျခြင်း စသည်တို့ကို တွေ့ရပါတယ်။

⚕️ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးများ အနေဖြင့်လည်း
⏩ ကျောက်ကပ်ပျက်စီးခြင်း
⏩မျက်စိအမြင်အာရုံလျော့နည်းလာခြင်း
⏩ မျက်စိကွယ်ခြင်း
⏩ ခြေလက်ထုံကျဉ်ခြင်း
⏩ အရေပြားရောဂါ ဖြစ်လွယ်ခြင်း
⏩ အနာဖြစ်လွယ်ခြင်း
⏩ အနာမကျက်ခြင်း
⏩ ခြေထောက်သွေးကြောပိတ်၍ ခြေထောက်ပုပ်ခြင်း
⏩ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်၊ လေဖြန်းခြင်း
⏩ နှလုံးသွေးကြောပိတ်၍ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်သွားနိုင်သည်ကို တွေ့ရပါတယ်။

⚕️ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို စစ်ဆေးခြင်းဖြင့်လည်း သိရှိနိုင်ပါတယ္။
1️⃣ Fasting Blood Sugar (FBS)
2️⃣ Random Blood Sugar (RBS)
3️⃣ HbA1C
4️⃣ OGTT (ကိုယ်ဝန်ဆောင်သည်များတွင် စစ်ဆေးရ)

1️⃣ မနက်စောစောတွင် အစားမစားမှီတွင် စစ်ဆေးရသော စစ်ဆေးမှု FBS
- 126 mg/dl အထက်မကျော်သင့်

2️⃣ အစာစားပြီး (၂) နာရီနောက်ပိုင်းတွင် စစ်ဆေးရသော စစ်ဆေးမှု 2HPP (or) RBS
- 200 mg/ dl အထက်မကျော်သင့်

3️⃣ သုံးလအတွင်း သွေးတွင်းအချိုဓာတ် ပျမ်းမျှဘယ်လောက်ထိ တက်ခဲ့သည်ကို စစ်ဆေးသည့် HbA1C
- 6.5% အထက်မကျော်သင့်

⚕️ဆီးချိုမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း
⏩ အချို အလွန်အကျွံစားသုံးခြင်းကိုရှောင်ကြဉ်ပါ
⏩ ကိုယ်အလေးချိန်ကို လျှော့ချပါ
⏩ ကျန်းမာရေးနဲ့ ညီညွတ်သော နေထိုင်မှုပုံစံကိုပြောင်းလဲပါ
⏩ နေ့စဉ် နာရီဝက်ခန့် လမ်းပုံမှန်လျှောက်ပါ
⏩ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

⚕️ဆီးချိုသွေးချိုဝေဒနာလက္ခဏာများ ခံစားလာရသည့်အချိန်မှ စစ်ဆေးခြင်းမျိုးမဟုတ်ပဲ မိမိ၏ နေထိုင်မှုပုံစံ လွဲမှားနေသည်ဖြစ်စေ၊ မျိုးရိုးရှိသည်ဖြစ်စေ၊ အသက် (၄၀) ကျော်လာလျှင်ဖြစ်စေ တစ်ခုခုရှိနေလျှင် ဆီးချိုသွေးချိုဝင်မဝင် ပုံမှန်စစ်ဆေးသင့်ပါသည်။ ဆီးချိုသွေးချို စတင်ဖြစ်ပွားစအချိန်တွင် ဆေးသောက်စရာမလိုသေးပဲ လူနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အစားအသောက်ပုံစံပြောင်းလည်းခြင်းအားဖြင့်လည်း ဆီးချိုသွေးချိုရောဂါ ဝင်မသွားစေရန် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါရှိနေနိုင်သည်ဟု သံသယရှိလာပါကလည်း ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ အရည်အသွေးပြည့်မှီပြီး ယုံကြည်စိတ်ချရသော ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးကာ ကုသမှုကို စောလျှင်စွာ ခံယူသင့်ပါတယ်။

🧪MMDC & LUDU Laboratory တွင် World Diabetes Day အထိမ်းအမှတ်အဖြစ် Diabetes Screening နှင့် Diabetes Control Packages များကို 14.11.2025 မှ 28.11.2025 ထိကို အထူး promotion စျေးနှုန်းဖြင့် စစ်ဆေးနိုင်မည် ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။

Viber: https://invite.viber.com/?g2=AQBkgomvdore5k4d7hcGrhgGhRRto6QGjB%2F6o4Kb4rLah8zGbxaEeYB3XbAZMwaw

Telegram: https://t.me/mmdcludu

TitTok: https://www.tiktok.com/.laboratory?_t=ZS-8sFlYKWNJjD...

YouTube:
https://youtube.com/?si=vQ-vTdqbkKIsBe



&LUDULaboratories

07/11/2025

ကျွန်တော်တို့ အမျိုးသားတွေဟာ မကြာခဏ 'ကြံခိုင်သန်မာကြတဲ့သူ'တွေဆိုတဲ့ မှတ်ချက်တွေကြောင့် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျစ်လျူရှုမိ၊ ပုန်းကွယ်မိတတ်ကြပါတယ်။ လူတစ်ဦး ကျန်းမာနေတယ်ဆိုတာ မျက်စိနဲ့မြင်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတစ်ခုတည်းနဲ့ ပြည့်စုံပြီလို မဆိုနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဟာ ဂရုစိုက်ထိုက်တဲ့ အရာတစ်ခုဖြစ်လို့လျစ်လျူမရှုစေချင်ပါဘူး။ ဒီတော့... ကိုယ့်အတွက်ရော၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ အသုံးတည့်စေဖို့... ဒီဗီဒီယိုလေးထဲမှာ သိထားသင့်တဲ့ အခြေခံအချက်လေးတွေ၊ ဘယ်လိုစောင့်ကြည့်မလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။
-------------------------------
📒 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝐕𝐢𝐛𝐞𝐫: 𝐡𝐭𝐭𝐩𝐬://𝐢𝐧𝐯𝐢𝐭𝐞.𝐯𝐢𝐛𝐞𝐫.𝐜𝐨𝐦/?𝐠𝟐=𝐀𝐐𝐁𝐤𝐠𝐨𝐦𝐯𝐝𝐨𝐫𝐞𝟓𝐤𝟒𝐝𝟕𝐡𝐜𝐆𝐫𝐡𝐠𝐆𝐡𝐑𝐑𝐭𝐨𝟔𝐐𝐆𝐣𝐁%𝟐𝐅𝟔𝐨𝟒𝐊𝐛𝟒𝐫𝐋𝐚𝐡𝟖𝐳𝐆𝐛𝐱𝐚𝐄𝐞𝐘𝐁𝟑𝐗𝐛𝐀𝐙𝐌𝐰𝐚𝐰

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗺𝗺𝗱𝗰𝗹𝘂𝗱𝘂 𝗧𝗶𝘁𝗧𝗼𝗸: 𝗵𝘁𝘁𝗽𝘀://

𝗧𝗶𝘁𝗧𝗼𝗸: 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗹𝘂𝗱𝘂.𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆?𝗶𝘀_𝗳𝗿𝗼𝗺_𝘄𝗲𝗯𝗮𝗽𝗽=𝟭...

𝗬𝗼𝘂𝗧𝘂𝗯𝗲: 𝗵𝘁𝘁𝗽𝘀://𝘆𝗼𝘂𝘁𝘂𝗯𝗲.𝗰𝗼𝗺/@𝗟𝗨𝗗𝗨𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆?𝘀𝗶=𝘃𝗤-𝘃𝗧𝗱𝗾𝗯𝗸𝗞𝗜𝘀𝗕𝗲𝟱𝗱

#𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗣𝗮𝘁𝗶𝗲𝗻𝘁𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 #𝗠𝗼𝘃𝗲𝗺𝗯𝗲𝗿

07/11/2025

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Assistant Admin Manager
• ရန်ကုန် (လမ်းမတော် (၁ ဦး)

2. Admin Officer
• ရန်ကုန် (လမ်းမတော် (၂ ဦး)

3. Sales & Marketing Supervisor
• ရန်ကုန် (လမ်းမတော် (၂) ဦး)

4. Sales & Marketing Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး)

5. Admin Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး)

6. Customer Service Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ သာကေတ (၁) ဦး)

7. Blood Collector
• ရန်ကုန် (သာကေတ / သင်္ယကျွန်း (၁) ဦးစီ )

8. Delivery
• ရန်ကုန် (လမ်းမတော် ၊ သင်္ဃကျွန်း ၊ အင်းစိန် (၁) ဦးစီ)

(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ CV Form များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email / Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

☎️ ဆက်သွယ်ရန်
အမှတ် (၇၉၇)၊ အခန်းအမှတ်(၀၀၄-က)၊ MAC Tower 2, ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
ဖုန်း / Viber – 09-972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
Email – mz.humanresourcemgr@gmail.com

လူထုအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေးရုံး) တွင် လုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။1. Med...
06/11/2025

လူထုအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေးရုံး) တွင် လုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Medical Officer
• မန္တလေး (၁) ဦး
• M.B.,B.S, B.D.S, B.Pharm, B.Med.Tech, B.Bio.Tech

2. General Worker
• မန္တလေး (၁) ဦး
• ဆိုင်ကယ်ပါရှိရမည်။
• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ Email / Viber မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။

👉 ဆက်သွယ်ရန်
အခန်း (၃)၊ SY တိုက်တန်း၊ လမ်း ၃၀၊ ၇၇ နှင့် ၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
ဖုန်း / Viber - 09944477977 (ရုံးချိန် အတွင်းသာဆက်သွယ်ရန်)
Email – mdymzircon.aam2@gmail.com

🟢 မန္တလေးမြို့၊ ၇၅ လမ်း၊ ၃၀ နှင့် ၃၁ လမ်းကြားရှိ "လူထု အထွေ‌ထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း" တွင် အသည်းအ...
27/10/2025

🟢 မန္တလေးမြို့၊ ၇၅ လမ်း၊ ၃၀ နှင့် ၃၁ လမ်းကြားရှိ "လူထု အထွေ‌ထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း" တွင် အသည်းအထူးကုဆရာဝန်ကြီး Prof ဒေါက်တာ ဒေါ်သန္တာထွန်း နှင့် တိုင်ပင်ဆွေးနွေး ပြသနိုင်ပါသည်။

ဆရာဝန်ကြီးနှင့် ပြသနိုင်တော့ အချိန်
- Monday to Saturday - 8:00 to 9:00 AM

🟢 ဆရာဝန်ကြီးနှင့် လာရောက်ပြသလိုပါက အောက်ဖော်ပြပါ ဆေးခန်းဖုန်း သို့ ကြိုတင်ဖုန်းဆက်၍ ရက်ချိန်းရယူနိုင်သည်။

လူထု
အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်
အထူးကုဆေးခန်း
အမှတ် ၇၇၊ ၇၅လမ်း၊ လမ်း ၃၀ နှင့် ၃၁ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 943161000, 09 43161009


24/10/2025

ကျန်းမာကြံ့ခိုင်သူတွေမှာရော Medical Check Up ဆေးစစ်ဖို့ လိုအပ်ပါသလား?

လူတစ်ဦး ကျန်းမာနေတယ်ဆိုတာ မျက်စိနဲ့မြင်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတစ်ခုတည်းနဲ့ ပြည့်စုံပြီလို့ မဆိုနိုင်ပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းမှာ တိတ်တဆိတ် ပြောင်းလဲနေတဲ့ ကျန်းမာရေးအခြေအနေတွေကို စောစောသိရှိနိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ရောဂါများကို အချိန်မီ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းရဲ့ အရေးပါပုံကို ရှင်းပြထားတာမို့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပေးကြပါနော်။
-------------------------------
📒 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာနိုင်ဖို့ 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝐕𝐢𝐛𝐞𝐫: 𝐡𝐭𝐭𝐩𝐬://𝐢𝐧𝐯𝐢𝐭𝐞.𝐯𝐢𝐛𝐞𝐫.𝐜𝐨𝐦/?𝐠𝟐=𝐀𝐐𝐁𝐤𝐠𝐨𝐦𝐯𝐝𝐨𝐫𝐞𝟓𝐤𝟒𝐝𝟕𝐡𝐜𝐆𝐫𝐡𝐠𝐆𝐡𝐑𝐑𝐭𝐨𝟔𝐐𝐆𝐣𝐁%𝟐𝐅𝟔𝐨𝟒𝐊𝐛𝟒𝐫𝐋𝐚𝐡𝟖𝐳𝐆𝐛𝐱𝐚𝐄𝐞𝐘𝐁𝟑𝐗𝐛𝐀𝐙𝐌𝐰𝐚𝐰

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗺𝗺𝗱𝗰𝗹𝘂𝗱𝘂

𝗧𝗶𝘁𝗧𝗼𝗸: 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗹𝘂𝗱𝘂.𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆?𝗶𝘀_𝗳𝗿𝗼𝗺_𝘄𝗲𝗯𝗮𝗽𝗽=𝟭...

𝗬𝗼𝘂𝗧𝘂𝗯𝗲: 𝗵𝘁𝘁𝗽𝘀://𝘆𝗼𝘂𝘁𝘂𝗯𝗲.𝗰𝗼𝗺/@𝗟𝗨𝗗𝗨𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆?𝘀𝗶=𝘃𝗤-𝘃𝗧𝗱𝗾𝗯𝗸𝗞𝗜𝘀𝗕𝗲𝟱𝗱

#𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗣𝗮𝘁𝗶𝗲𝗻𝘁𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀

Address

Building No (797), Room No (004-A), MAC Tower (II), Corner Of Bogyoke Road & Wardan Street, Lanmadaw Township
Yangon
0264956

Alerts

Be the first to know and let us send you an email when MMDC & LUDU Laboratories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MMDC & LUDU Laboratories:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

လူထု ဓာတ်ခွဲခန်းသည် မြန်မာနိူင်ငံ၏ ပထမဆုံး အဆင့်မြင့် Molecular နှင့် အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။ မြန်မာတစ်နိူင်ငံလုံးတွင် ရုံးခွဲပေါင်းများစွာဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာနိူင်ငံတွင် ISO (9001:2015) လက်မှတ်ကို ရရှိထားသော နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်သည်။