MMDC & LUDU Laboratories

MMDC & LUDU Laboratories ISO 9001:2015 and CAP Certified Molecular Laboratories in Myanmar
(209)

လူထု ဓာတ်ခွဲခန်းသည် မြန်မာနိူင်ငံ၏ ပထမဆုံး အဆင့်မြင့် Molecular နှင့် အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။ နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ fully automatic analyzer စက်သစ်ကြီးများဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်းများစွာဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာနိူင်ငံတွင် ISO (9001:2008) လက်မှတ်ကို ပထမဆုံးရရှိထားသော နိူင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်သည်။

Position: Digital MarketerEmployment Type: Full-TimeDepartments in need of staff: YGN - 1 Post / MDY – 1 Post___________...
30/03/2026

Position: Digital Marketer
Employment Type: Full-Time
Departments in need of staff: YGN - 1 Post / MDY – 1 Post
________________________________________
𝗝𝗼𝗯 𝗗𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻
LUDU Laboratories is looking for a Digital Marketer to help deliver healthcare services to the public through effective digital channels. This role covers social media management, campaign creation, graphic design, and basic IT support.
1. Digital Marketing & Content Creation
• Develop and manage digital marketing strategies across platforms (Facebook, Viber, Telegram, TikTok).
• Plan, create, and post health education content, laboratory service promotions, and awareness campaigns.
• Monitor campaign performance using analytics tools and optimize based on KPIs.
• Manage online ad campaigns (e.g., Facebook Ads, TikTok Ads) and prepare performance reports.
2. Graphic Design & Branding
• Create branding assets such as brochures, posters, infographics, test package promotions, and lab visuals.
• Ensure all visuals align with the laboratory’s brand identity and maintain a professional look.
• Design high-quality graphics for social media and printed materials.
• Edit and enhance lab-related photography or medical illustrations when required.
3. IT & Technical Support
• Manage and troubleshoot lab computers, printers, internet connections, and basic IT infrastructure.
• Coordinate with IT vendors for software/hardware updates and digital tools.
• Provide basic training on AI and digital tools to other departments when needed.
________________________________________
𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁𝘀
Education & Experience
• Any graduate or final-year student (preference for Business Management, IT, Marketing & Medical-related backgrounds).
• At least 1 year of experience in Digital Marketing or Graphic Design.
𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 & 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗔𝘁𝘁𝗶𝘁𝘂𝗱𝗲
• Even though you are not a medical student, you must be able to continuously study medical topics and diseases. Candidates with a background or strong interest in the medical field will find it easier to adapt and perform well in this role.
Technical Skills
• Proficient in Adobe Photoshop, Adobe Illustrator, Canva, and Meta Business Suite.
• Working knowledge of Facebook Ads Manager, TikTok Ads Center, and Google Analytics.
• Familiarity with Microsoft Office (Word, Excel, PowerPoint) and basic IT troubleshooting.
Soft Skills
• Strong time management; ability to work effectively under pressure.
• Self-motivated with research and problem-solving abilities.
• Good teamwork and communication skills.
Language
• Fluent in Myanmar and English (both written and spoken).
________________________________________
𝗕𝗲𝗻𝗲𝗳𝗶𝘁𝘀
• Salary – Competitive and negotiable based on experience.
• Career growth opportunities – gain hands-on experience in digital marketing within the healthcare sector, with access to training programs.
• Exposure to modern tools – work with AI, Google Analytics, Facebook Business Suite, and other industry-standard platforms.
• Flexible working environment – a creative workplace that encourages initiative and independent decision-making.
• Additional perks:
o Flexible working hours
o Discounted laboratory testing services for employees
o Opportunity to implement your own creative ideas and projects

(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ 𝗖𝗩 𝗙𝗼𝗿𝗺 နှင့် 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
• 𝗖𝗩 𝗙𝗼𝗿𝗺 နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ 𝗘𝗺𝗮𝗶𝗹 / 𝗩𝗶𝗯𝗲𝗿 မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန် - 𝗬𝗚𝗡
• အမှတ် (၇၉၇)၊ အခန်းအမှတ်(၀၀၄-က) ၊ 𝗠𝗔𝗖 𝗧𝗼𝘄𝗲𝗿 𝟮, ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / 𝗩𝗶𝗯𝗲𝗿 – 𝟬𝟵 - 𝟰𝟮𝟬𝟬𝟱𝟬𝟳𝟵𝟲 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• 𝗘𝗺𝗮𝗶𝗹 – 𝗺𝘇.𝗵𝘂𝗺𝗮𝗻𝗿𝗲𝘀𝗼𝘂𝗿𝗰𝗲𝗺𝗴𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

ဆက်သွယ်ရန် - 𝗠𝗗𝗬
အခန်း (၃)၊ SY တိုက်တန်း၊ လမ်း ၃၀၊ ၇၇ နှင့် ၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
ဖုန်း / 𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟰𝟰𝟰𝟳𝟳𝟵𝟳𝟳 (ရုံးချိန် အတွင်းသာဆက်သွယ်ရန်)
𝗘𝗺𝗮𝗶𝗹 – 𝗺𝗱𝘆𝗺𝘇𝗶𝗿𝗰𝗼𝗻.𝗮𝗮𝗺𝟮@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

🌎𝗪𝗼𝗿𝗹𝗱 𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀 𝗗𝗮𝘆 (ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့)🎗️ ဒီကနေ့ မတ်လ (၂၄) ရက်နေ့မှာ ကျရောက်တဲ့ 𝗪𝗼𝗿𝗹𝗱 𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀 𝗗𝗮𝘆 ...
24/03/2026

🌎𝗪𝗼𝗿𝗹𝗱 𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀 𝗗𝗮𝘆 (ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့)

🎗️ ဒီကနေ့ မတ်လ (၂၄) ရက်နေ့မှာ ကျရောက်တဲ့ 𝗪𝗼𝗿𝗹𝗱 𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀 𝗗𝗮𝘆 (ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့) ကို ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

🎗️ ၂၀၂၆ ခုနှစ်၏ 𝗪𝗼𝗿𝗹𝗱 𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀 𝗗𝗮𝘆 𝗧𝗵𝗲𝗺𝗲 – “𝗬𝗲𝘀! 𝗪𝗲 𝗖𝗮𝗻 𝗘𝗻𝗱 𝗧𝗕: 𝗟𝗲𝗱 𝗯𝘆 𝗖𝗼𝘂𝗻𝘁𝗿𝗶𝗲𝘀, 𝗣𝗼𝘄𝗲𝗿𝗲𝗱 𝗯𝘆 𝗣𝗲𝗼𝗽𝗹𝗲” သည် 𝗧𝗕 ကို အဆုံးသတ်နိုင်ရန်မှာ လူထုတစ်ရပ်လုံး၏အားထုတ်မှုနှင့် ပူးပေါင်းပါဝင်မှု သည်အရေးကြီးကြောင်းကို ဖော်ပြပေးပါသည်။

🎗️ ဒါကြောင့် ဒီလိုအထိမ်းအမှတ်နေ့လေးမှာ တီဘီရောဂါနဲ့ပတ်သက်ပြီး သိမှတ်ဖွယ်ရာဗဟုသုတတွေကို မျှဝေပေးပါရစေ။

🎗️တီဘီရောဂါကို ဖြစ်ပွားစေတဲ့ 🦠𝗠𝘆𝗰𝗼𝗯𝗮𝗰𝘁𝗲𝗿𝗶𝘂𝗺 𝘁𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀 လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကို (၁၈၈၂) ခုနှစ် မတ်လ (၂၄) ရက်နေ့မှာ👨‍⚕️ 𝗗𝗿.𝗥𝗼𝗯𝗲𝗿𝘁 𝗞𝗼𝗰𝗵 က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

🎗️တီဘီရောဂါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အဖြစ်များနေဆဲ ကျန်းမာရေးပြဿနာတစ်ခုဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအတွေ့များပါတယ်။

🎗️ပြီးတော့ မြန်မာနိုင်ငံကလည်း တီဘီရောဂါနဲ့ ဆေးယဥ်ပါးတီဘီတွေ အဖြစ်အများဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့ တီဘီရောဂါနဲ့ပတ်သက်ပြီး ပိုသတိထားဖို့လိုအပ်ပါတယ်။

🎗️တီဘီရောဂါက လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်လို့ ရောဂါပိုးရှိတဲ့သူက ချောင်းဆိုး၊ နှာချေတာကနေတစ်ဆင့် ထွက်လာတဲ့အမှုန်အမွှားကို အနီးအနားမှာရှိတဲ့လူက ရှုရှိုက်မိရင် လွယ်လွယ်ကူကူ ကူးစက်သွားနိုင်ပါတယ်။

🎗️နောက်ပြီး တီဘီက အဆုတ်မှာ အဓိကဖြစ်ပွားတယ်ဆိုပေမဲ့ ဦးနှောက်၊အရိုး၊ အရေပြား၊ အူလမ်းကြောင်း စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။

🎗️လူတစ်ယောက်က ၃ပတ်ထက်ပိုပြီး ဖျားနေမယ်၊ ချောင်းဆိုးနေမယ်၊ ချောင်းဆိုးတဲ့အခါ သွေးစတွေ၊ ချွဲတွေပါနေမယ်၊ ကိုယ်အလေးချိန်ကျဆင်းသွားမယ်၊ အားအင်ကုန်ခမ်းမယ်၊ ညဘက်တွေမှာ ချွေးတွေထွက်မယ်၊ အဖျားငွေ့ငွေ့လေးရှိနေမယ်ဆိုရင် တီဘီရောဂါလို့ သံသယဖြစ်သင့်ပါတယ်။

🎗️ဒီလိုလက္ခဏာတွေ ခံစားနေရရင် တီဘီရောဂါရှိနေလားဆိုတာ သေချာသိရှိနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ လုပ်ပေးသင့်တဲ့စစ်ဆေးမှုတွေကတော့

• 🔬𝗦𝗽𝘂𝘁𝘂𝗺 𝗙𝗼𝗿 𝗔𝗙𝗕 (သလိပ်ကနေတစ်ဆင့် တီဘီပိုးစစ်ဆေးခြင်း)
• 🦠𝗧𝗕 𝗖𝘂𝗹𝘁𝘂𝗿𝗲 (တီဘီပိုးမွေးခြင်း)
• 🩻 𝗖𝗵𝗲𝘅𝘁 𝗫 𝗥𝗮𝘆 (ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း)
• 🧐𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗶𝗻 𝗦𝗸𝗶𝗻 𝗧𝗲𝘀𝘁 (ငုတ်လျှိုးတီဘီရှိမရှိ စစ်ဆေးခြင်း)
• 🧪𝗤𝘂𝗮𝗻𝘁𝗶𝗳𝗲𝗿𝗼𝗻 𝗧𝗕 𝗚𝗼𝗹𝗱 𝗣𝗹𝘂𝘀 (ငုတ်လျှိုးတီဘီရှိမရှိ သွေးမှစစ်ဆေးခြင်း)
• 🚽𝗨𝗿𝗶𝗻𝗲 𝗧𝗕 𝗟𝗔𝗠 (ဆီးမှတစ်ဆင့် တီဘီစစ်ဆေးခြင်း)
• 🧬𝗧𝗕 𝗣𝗖𝗥 𝗧𝗲𝘀𝘁 တွေဖြစ်ပါတယ်။

ခြုံပြောရမယ်ဆိုရင် တီဘီရောဂါက လေမှတစ်ဆင့်ကူးစက်ပြီး အဖြစ်များတဲ့ရောဂါဆိုပေမယ့် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ကာ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း 💊ဆေးကိုသေချာသောက်သုံးမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကို တီဘီရောဂါဖြစ်နေတယ်လို့ သံသယရှိရင် စစ်ဆေးမှုတွေပြုလုပ်ပြီးအမြန်ဆုံးကုသမှုခံယူဖို့ 👩‍⚕️အကြံပြုလိုက်ပါတယ်။
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 : 𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#𝗪𝗼𝗿𝗹𝗱𝗧𝗕𝗗𝗮𝘆 #𝗪𝗼𝗿𝗹𝗱𝗧𝘂𝗯𝗲𝗿𝗰𝘂𝗹𝗼𝘀𝗶𝘀𝗗𝗮𝘆 #𝗘𝗻𝗱𝗧𝗕 #𝗪𝗼𝗿𝗹𝗱𝗧𝗕𝗗𝗮𝘆𝟮𝟬𝟮𝟲 #ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗠𝗗𝗖&𝗟𝗨𝗗𝗨𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀

ကျွန်ုပ်တို့၏ ကျောက်ကပ်နှင့် ကျွန်ုပ်တို့၏ တာဝန်လူ့ခန္ဓာကိုယ်ဟာ အံ့ဖွယ်သဘာဝတစ်ခုဖြစ်ပြီး ကိုယ်တွင်းအင်္ဂါအသီးသီးသည် သူ့အ...
13/03/2026

ကျွန်ုပ်တို့၏ ကျောက်ကပ်နှင့် ကျွန်ုပ်တို့၏ တာဝန်

လူ့ခန္ဓာကိုယ်ဟာ အံ့ဖွယ်သဘာဝတစ်ခုဖြစ်ပြီး ကိုယ်တွင်းအင်္ဂါအသီးသီးသည် သူ့အလုပ်နှင့်သူ အရေးပါလှပါတယ်။ ထိုအင်္ဂါများထဲတွင် ကျောက်ကပ်သည် ခန္ဓာကိုယ်၏ သန့်စင်စက်ရုံကြီးသဖွယ် လုပ်ဆောင်နေသော အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှစ်စဉ် မတ်လ ဒုတိယကြာသပတေးနေ့ကျရောက်သည့် ကမ္ဘာ့ကျောက်ကပ်နေ့ သည် ကျောက်ကပ်၏ အရေးပါမှုကို ပြန်လည်သုံးသပ်ရန်၊ ကျောက်ကပ်ရောဂါအကြောင်း လူသိများစေရန်နှင့် ကျန်းမာသောဘဝတစ်ခုအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဖြန့်ဝေရန် ရည်ရွယ်သော ကမ္ဘာ့လုံးဆိုင်ရာနေ့ထူးတစ်ရက်ပင် ဖြစ်ပါတယ်။ ကျောက်ကပ်သည် ပဲလုံးပုံသဏ္ဍာန်ရှိပြီး ခါးတစ်ဖက်တစ်ချက်စီမှာ တည်ရှိပါတယ်။ ၎င်း၏ အဓိကလုပ်ဆောင်ချက်များမှာ (၁) သွေးထဲမှ အညစ်အကြေးများနှင့် ပိုလျှံအရည်များကို စစ်ထုတ်ခြင်း၊ (၂) သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ (၃) သွေးနီဥဆဲလ်များ ထုတ်လုပ်ရန် ဟော်မုန်းထုတ်ပေးခြင်း၊ (၄) အရိုးများ သန်မာစေရန် ဗီတာမင် D ကို အသက်ဝင်စေခြင်း စသည့် အရေးကြီးတာဝန်များကို ထမ်းဆောင်နေပါတယ်။ ကျောက်ကပ်ရောဂါ၏ အန္တရာယ်အရှိဆုံးအချက်မှာ ကနဦးအဆင့်တွင် ရောဂါလက္ခဏာ သိသိသာသာ မပြတတ်ခြင်းပင်ဖြစ်တယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကို "တိတ်ဆိတ်သောလူသတ်သမား" ဟုပင် သတ်မှတ်ကြပါတယ်။ ရောဂါပြင်းထန်လာမှသာ ခြေထောက်ဖောရောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း စသည့် လက္ခဏာများ စတင်ပြသလေ့ရှိပါတယ်။

ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူများမှာ -
• ဆီးချိုသွေးချိုရောဂါရှိသူများ
• သွေးတိုးရောဂါရှိသူများ
• မိသားစုထဲတွင် ကျောက်ကပ်ရောဂါအခံရှိသူများ
• အသက် ၆၀ အထက်လူကြီးများ
• ဆေးလိပ်သောက်သုံးသူများနှင့် အဝလွန်သူများ ဖြစ်ပါတယ်။

ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းရန် လိုက်နာသင့်သည့် အချက်များမှာ -
၁။ တစ်နေ့လျှင် ရေသန့် ၆-၈ ဖန်ခွက် မှန်မှန်သောက်ပါ။
၂။ အငန်လျှော့စားပါ။
၃။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ များများစားပေးပါ။
၄။ ဆီးချို၊ သွေးတိုးရှိပါက ပုံမှန်ကုသမှုခံယူပါ။
၅။ အကိုက်အခဲပျောက်ဆေးများ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်မသောက်ပါနှင့်။
၆။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
၇။ ဆေးလိပ်ဖြတ်ပါ၊ အရက်ရှောင်ပါ။
၈။ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျောက်ကပ်စစ်ဆေးမှု (ဆီးစစ်၊ သွေးစစ်ဆေးမှု) ခံယူပါ။

ကျောက်ကပ်ဟာ အစားထိုး၍မရသော အဖိုးမဖြတ်နိုင်သည့် ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးသွားပါက ကျန်ဘဝတစ်သက်လုံး သွေးသန့်စင်ခြင်း (Dialyis) ခံယူရန် သို့ ကျောက်ကပ်အစားထိုးကုသမှု ခံယူရန် လိုအပ်လာနိုင်ပါတယ်။ ထို့ကြောင့် ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ ဤကမ္ဘာ့ကျောက်ကပ်နေ့မှာ ကျွန်ုပ်တို့တစ်ဦးချင်းစီက မိမိ၏ကျောက်ကပ်လေးကို ပြန်လည်ဂရုစိုက်ကြရန်၊ ကျန်းမာသော နေထိုင်မှုပုံစံကို ကျင့်သုံးကြရန် တိုက်တွန်းလိုက်ရပါတယ်။ ကျောက်ကပ်လေး ကျန်းမာရင် ကျွန်ုပ်တို့ရဲ့ဘဝလေး လန်းဆန်းတက်ကြွနေမှာ အမှန်ပါပဲ။
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 : 𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#ကျန်းမာပျော်ရွှင်စွာနေထိုင်ခြင်း &LUDULaboratories

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။𝟭. 𝗦𝗮𝗹𝗲...
13/03/2026

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

𝟭. 𝗦𝗮𝗹𝗲𝘀 𝗦𝘂𝗽𝗲𝗿𝘃𝗶𝘀𝗼𝗿
• ရန်ကုန် (လမ်းမတော် (၂ ဦး)
𝟮. 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၂ ဦး)
3. 𝗔𝗱𝗺𝗶𝗻 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၃) ဦး)
4. 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ အင်းစိန် / မြောက်ဥက္ကလာ / သာကေတ (၁) ဦးစီ)
5. 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၂) ဦး)
6. 𝗕𝗹𝗼𝗼𝗱 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗼𝗿
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ သာကေတ (၁) ဦး)
7. 𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱
• ရန်ကုန် (လမ်းမတော် (၂) ဦး )
8. 𝗗𝗲𝗹𝗶𝘃𝗲𝗿𝘆
• ရန်ကုန် (လမ်းမတော် (၃) ဦး ၊ သင်္ဃကျွန်း / တောင်ဥက္ကလာ / မြောက်ဥက္ကလာ /တာမွေ/အင်းစိန် (၁) ဦးစီ)
(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ 𝗖𝗩 𝗙𝗼𝗿𝗺 များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

• 𝗖𝗩 𝗙𝗼𝗿𝗺 နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ 𝗘𝗺𝗮𝗶𝗹 / 𝗩𝗶𝗯𝗲𝗿 မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
• အမှတ် (၇၉၇)၊ အခန်းအမှတ်(၀၀၄-က) ၊ 𝗠𝗔𝗖 𝗧𝗼𝘄𝗲𝗿 𝟮, ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / 𝗩𝗶𝗯𝗲𝗿 – 𝟬𝟵 - 972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• 𝗘𝗺𝗮𝗶𝗹 – 𝗺𝘇.𝗵𝘂𝗺𝗮𝗻𝗿𝗲𝘀𝗼𝘂𝗿𝗰𝗲𝗺𝗴𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

🌍 World Obesity Day 2026📅 မတ်လ (၄) ရက်ယခုနှစ် World Obesity Day ၏ ဆောင်ပုဒ်ဖြစ်သော “8 Billion Reasons to Act on Obesity”...
04/03/2026

🌍 World Obesity Day 2026
📅 မတ်လ (၄) ရက်

ယခုနှစ် World Obesity Day ၏ ဆောင်ပုဒ်ဖြစ်သော “8 Billion Reasons to Act on Obesity” ဟာကမ္ဘာပေါ်ရှိ လူဦးရေ ၈ ဘီလီယံလုံးနှင့် ဆက်နွယ်နေသော အဝလွန်ခြင်း ပြဿနာ၏ ပြင်းထန်မှုကို ထင်ဟပ်ဖော်ပြနေပါတယ်။ ယနေ့အချိန်တွင် ကမ္ဘာပေါ်တွင် လူဦးရေ ၁ ဘီလီယံကျော် သည် အဝလွန်ခြင်းနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရပါတယ်။ အဝလွန်ခြင်း ကိုယ်အလေးချိန်သာ မဟုတ်ပဲ နာတာရှည်ရောဂါများ ဖြစ်ပွါးနိုင်ခြေကို မြင့်တင်ပေးသည့် အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

⚠️အဝလွန်ခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ
• ဆီးချိုရောဂါ (Type 2 Diabetes)
• သွေးတိုးရောဂါ
• နှလုံးနင့်သွေးကြောရောဂါများ
• လေဖြတ်ခြင်း
• အသည်းအဆီဖုံးခြင်း
• အချို့သော ကင်ဆာရောဂါများ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါ့အပြင် အဝလွန်ခြင်းဟာ ခန္ဓာကိုယ်၏ ဟော်မုန်းစနစ်နှင့် ဇီဝရုပ်ဖြစ်ပျက်မှုစနစ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

💚အဝလွန်ခြင်းကို ကာကွယ်ရန်နှင့် ကျန်းမာရေးကောင်မွန်စေရန်အတွက် လုပ်ဆောင်သင့်သောအချက်များ
🥗 အာဟာရညီမျှသော အစားအစာစားသုံးခြင်း
🏃‍♂️ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
💧 ရေများများသောက်သုံးခြင်း
😴 လုံလောက်သော အိပ်စက်ချိန်
🩺 ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း တို့လုပ်ဆောင်သင့်ပါတယ်။

အဝလွန်ခြင်းနှင့် ဆက်စပ်သော နာတာရှည်ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် အောက်ပါ ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန် ပြုလုပ်သင့်ပါတယ်။

✅ BMI တိုင်းတာခြင်း
✅ သွေးချိုစစ်ဆေးမှု (FBS / HbA1c)
✅ အဆီဓာတ်စစ်ဆေးမှု (Lipid Profile)
✅ အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု (Liver Function Test)
✅သိုင်းရိုက်ဟော်မုန်းစစ်ဆေးမှု (Thyroid Function Test)
✅ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးမှု (Renal Function Test)

စောစီးစွာ သိရှိခြင်းသည် ကုသမှုကို အချိန်မီ စတင်နိုင်ရန်အတွက် အရေးကြီးသော အချက်ဖြစ်ပါတယ်။

သင်၏ ကျန်းမာရေးကောင်းမွန်သော အနာဂါတ်အတွက်
🔬 ယနေ့ စစ်ဆေးပါ။
🪬မနက်ဖြန်ကို ကာကွယ်ပါ။

MMDC နှင့် LUDU ဓာတ်ခွဲခန်းများတွင် အဝလွန်ခြင်းဆိုင်ရာ စစ်ဆေးမှုများဖြစ်သော Lipid Profile ကို 20% discount ဖြင့် ယနေ့ရက်နေ့မှ 17 ရက်နေ့ထိ လာရောက်စစ်ဆေးနိုင်မှာဖြစ်တဲ့အပြင်
BMI (Body Mass Index) ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျနော်တို့ လူထု ဓာတ်ခွဲခန်းတိုင်းမှာ အခမဲ့လာရောက်တိုင်းတာစစ်ဆေးနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 : 𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#အဝလွန်ခြင်းကိုကာကွယ်စို့
&LUDULaboratories

စားသောက်မှုမမှန်ခြင်းဆိုင်ရာ အသိပညာပေးခြင်း (Eating Disorders Awareness)စားသောက်မှုမမှန်ခြင်းက လူတွေရဲ့ အာရုံစိုက်မှု နည...
27/02/2026

စားသောက်မှုမမှန်ခြင်းဆိုင်ရာ အသိပညာပေးခြင်း (Eating Disorders Awareness)
စားသောက်မှုမမှန်ခြင်းက လူတွေရဲ့ အာရုံစိုက်မှု နည်းပါးလှသော်လည်း လူအများအပြား၏ ဘဝကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် Eating Disorders အကြောင်းကို လူထုအား ပညာပေးရန်၊ နားလည်မှု မြှင့်တင်ရန်နှင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပါတယ်။

ဒီလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်တွေက ဘာတွေလဲ?
၁။ စားသောက်မှုမမှန်ခြင်းများသည် 'ဆန္ဒတစ်ခု' သို့ 'ဘဝနေထိုင်မှုပုံစံ' မဟုတ်ဘဲ ပြင်းထန်သော စိတ်ကျန်းမာရေး ရောဂါများဖြစ်ကြောင်း နားလည်လက်ခံလာစေရန်။
၂။ အဖြစ်များသော စားသောက်မှုမမှန်ခြင်း အမျိုးအစားများ (Anorexia, Bulimia, Binge-Eating Disorder) နှင့် ၎င်းတို့၏ လက္ခဏာများ၊ သတိပေးချက်များကို သိရှိနိုင်စေရန်။
၃။ ဤရောဂါများနှင့် ပတ်သက်သည့် ရှက်ရွံ့မှု၊ အပြစ်ရှိသလို ခံစားရမှုများကို လျှော့ချပေးပြီး ခံစားနေရသူများ ရဲရဲဝံ့ဝံ့ အကူအညီ တောင်းခံလာနိုင်စေရန်။
၄။ မိမိကိုယ်တိုင် သို့ မိမိချစ်ရသူတစ်ဦးဦးတွင် ဤပြဿနာရှိနေပါက ကျွမ်းကျင်သော ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ အကူအညီများ ရယူရန် တိုက်တွန်းအားပေးခြင်း။

အဖြစ်များသော စားသောက်မှုမမှန်ခြင်းများ
• Anorexia Nervosa (အန်နိုရက်ဇီးယား) လို့ခေါ်တဲ့ ကိုယ်အလေးချိန် တိုးလာမှာကို အလွန်အမင်း ကြောက်ရွံ့ပြီး အစာကို ပြင်းပြင်းထန်ထန် ကန့်သတ်စားသုံးခြင်း။
• Bulimia Nervosa (ဗူလီးမီးယား) လို့ခေါ်တဲ့ တစ်ကြိမ်တည်းနှင့် အများအပြား အစားအသောက် စားသုံးမိခြင်း (Binge Eating) နှင့် ထိုကယ်လိုရီများကို ဖယ်ရှားရန် အန်ခြင်း၊ ဝမ်းနုတ်ဆေးစားခြင်း (Purging) တို့ ထပ်တလဲလဲ ဖြစ်ပွားခြင်း။
• Binge-Eating Disorder (ဘိန်းဂ်ျ-အစားအသောက်မူမမှန်ခြင်း) လို့ခေါ်တဲ့ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသလို ခံစားရပြီး အချိန်တိုအတွင်း အစားအသောက် အများအပြားကို မကြာခဏ စားသုံးမိခြင်း (Purging မလုပ်ပါ)။

ကျွန်ုပ်တို့ ဘယ်လိုပါဝင်ကူညီနိုင်မလဲ?
• စိတ်ချရသော ရင်းမြစ်များမှ တစ်ဆင့် စားသောက်မှုမမှန်ခြင်းများအကြောင်း ဗဟုသုတ ရှာဖွေ လေ့လာပါ။
• သင်သိရှိလာသော အချက်အလက်များကို မိသားစု၊ မိတ်ဆွေများအား မျှဝေပါ။ လူမှုကွန်ရက်တွင် ပို့စ်တင်ခြင်းဖြင့် အခြားသူများလည်း သိရှိအောင် ကူညီ မျှဝေပါ။
• ဤပြဿနာရှိသူများကို အပြစ်မတင်ဘဲ စာနာနားလည်မှုဖြင့် ချဉ်းကပ်ပါ။ သူတို့အတွက် သင်ရှိနေကြောင်း ခံစားသိရှိစေပါ။
• ကျွမ်းကျင်သော အကူအညီ (ဆရာဝန်၊ အာဟာရပညာရှင်၊ စိတ်ပညာရှင်) ရယူရန် နူးညံ့သိမ်မွေ့စွာ အားပေးပါ။
စားသောက်မှုမမှန်ခြင်းသည် ကုသ၍ရနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ အသိပညာပေးခြင်းသည် ထိခိုက်ခံစားနေရသူများအတွက် ကုသခွင့်ရရှိရေးနှင့် ကျန်းမာသော ဘဝဆီသို့ ပြန်လည်လျှောက်လှမ်းနိုင်ရေး တံခါးဖွင့်ပေးခြင်းပင် ဖြစ်ပါတယ်။
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 : 𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝


#စားသောက်မှုမမှန်ခြင်း #ပြန်လည်နာလန်ထူနိုင်ပါတယ်

Silent Dehydration - သင်မသိလိုက်ဘဲ ဖြစ်နေတတ်တဲ့ ရေဓာတ်ခန်းခြောက်မှုဒီနေ့မှာတော့ ကျွန်တော်တို့ သတိမထားမိဘဲ ခံစားနေရတတ်တဲ့...
20/02/2026

Silent Dehydration - သင်မသိလိုက်ဘဲ ဖြစ်နေတတ်တဲ့ ရေဓာတ်ခန်းခြောက်မှု

ဒီနေ့မှာတော့ ကျွန်တော်တို့ သတိမထားမိဘဲ ခံစားနေရတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကတော့ "မသိလိုက်ဘဲ ရေဓာတ်ခမ်းခြောက်ခြင်း (𝗦𝗶𝗹𝗲𝗻𝘁 𝗗𝗲𝗵𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻)" လို့ခေါ်တဲ့ အခြေအနေပါ။ လူအများစုက ရေငတ်တယ်လို့ ခံစားရမှသာ ရေသောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ရေဓာတ်စတင်ခန်းခြောက်ချိန်မှာ ရေငတ်တဲ့ခံစားချက်က ချက်ချင်းပေါ်မလာတတ်ပါဘူး။ အဲဒီလို ရေငတ်တယ်ဆိုတဲ့ အချက်ပြမှုမပေါ်ခင်ကတည်းက ခန္ဓာကိုယ်ဟာ ရေဓာတ်ချို့တဲ့မှုကို စတင်ခံစားနေရပါပြီ။
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေဟာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာအလုပ်လုပ်ဖို့၊ ကိုယ်အပူချိန်ထိန်းညှိဖို့၊ အစာချေဖျက်ဖို့နဲ့ အာဟာရဓာတ်တွေ သယ်ယူပို့ဆောင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလို အရေးပါတဲ့ ရေဓာတ်ချို့တဲ့မှုကို ဘာလို့ "𝗦𝗶𝗹𝗲𝗻𝘁 𝗗𝗲𝗵𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻" လို့ခေါ်တာလဲဆိုတော့ ၎င်းရဲ့လက္ခဏာတွေဟာ သိသိသာသာကြီး မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဦးနှောက်က ရေဓာတ်လိုအပ်ကြောင်း အချက်ပြဖို့ နောက်ကျတတ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ဒီအချက်ပြမှု ပိုအားနည်းပါတယ်။

တိတ်ဆိတ်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့-
• ပုံမှန်မဟုတ်ဘဲ ပင်ပန်းနွမ်းနယ်ခြင်း
• ခေါင်းကိုက်ခြင်း
• အာရုံစူးစိုက်ရခက်ခြင်း
• ခံတွင်းခြောက်ခြင်း
• အရေပြားခြောက်သွေ့ခြင်း
• ဝမ်းချုပ်ခြင်း
• ဆီးအရောင်ရင့်ခြင်း တို့ဖြစ်ပါတယ်။
ဒီလက္ခဏာတွေကို သာမန်အားဖြင့် ပင်ပန်းတာ၊ အိပ်ရေးမဝတာနဲ့ အထင်မှားတတ်ကြပါတယ်။
ဒီပြဿနာက ဘယ်သူတွေမှာ ပိုအဖြစ်များလဲဆိုတော့-
၁။ သက်ကြီးရွယ်အိုများ
၂။ ကလေးငယ်များ
၃။ အားကစားသမားများ
၄။ ခဏခဏဖျားနာသူများ
၅။ ဆီးဆေးသောက်နေရသူများ
၆။ 𝗔𝗶𝗿 𝗰𝗼𝗻 ခန်းထဲမှာ အချိန်ကြာကြာနေရသူများ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ရေငတ်တဲ့အထိမစောင့်ဘဲ တစ်နေ့တာလုံး ရေကို မှန်မှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက် အနေနဲ့ တစ်နေ့ကို ရေ ၆-၈ ဖန်ခွက် (၁.၅ မှ ၂ လီတာ) ခန့် သောက်သုံးပေးသင့်ပါတယ်။ ရေသောက်ဖို့ မေ့တတ်သူတွေအနေနဲ့ ဖုန်းမှာ သတိပေးချိန်ပေးတာ၊ ရေဘူးကို အနီးကပ်ထားတာ၊ အသီးအနှံနဲ့ ဟင်းချိုလို အစားအစာတွေကနေလည်း ရေဓာတ်ဖြည့်တင်းနိုင်ပါတယ်။
ဆီးအရောင်ကိုလည်း သတိထားကြည့်ပါ။ ဆီးအရောင် ဖျော့ဖျော့လေးဖြစ်နေရင် ရေဓာတ်ပြည့်ဝတယ်လို့ အဓိပ္ပာယ်ရပြီး ရင့်ရင်၊ ဝါရင် ရေပိုသောက်ဖို့ လိုအပ်ပါပြီ။ ဒီလို ရိုးရှင်းတဲ့ အလေ့အထလေးတွေကို ဂရုစိုက်ခြင်းအားဖြင့် တိတ်ဆိတ်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ရေဓာတ်ပြည့်ဝအောင် ထားဖို့ မမေ့ပါနဲ့။
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :
𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#မသိလိုက်ဘဲရေဓာတ်ခမ်းခြောက်ခြင်: #ရေသောက်ဖို့မမေ့နဲ့နော် #𝗦𝗶𝗹𝗲𝗻𝘁𝗗𝗲𝗵𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻
#𝗗𝗲𝗵𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗛𝗶𝗱𝗱𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵𝗥𝗶𝘀𝗸 #𝗛𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻𝗠𝗮𝘁𝘁𝗲𝗿𝘀 #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

အပြုံးလေးတွေ မှေးမှိန်မသွားစေဖို့ကလေးတိုင်းဟာ ဘဝရဲ့ နွေဦးပန်းလေးတွေပါ။ မျှော်လင့်ချက်အလင်းရောင်တွေနဲ့ လှပစွာ ဖူးပွင့်နေခ...
13/02/2026

အပြုံးလေးတွေ မှေးမှိန်မသွားစေဖို့

ကလေးတိုင်းဟာ ဘဝရဲ့ နွေဦးပန်းလေးတွေပါ။ မျှော်လင့်ချက်အလင်းရောင်တွေနဲ့ လှပစွာ ဖူးပွင့်နေချိန်ပါ။
ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းမှာ ကလေးငယ် သိန်းနဲ့ချီဟာ ကင်ဆာဆိုတဲ့ မိုးမည်းတိမ်လွှာအောက် ရောက်နေရပါတယ်။ ဖေဖော်ဝါရီ (၁၅) ရက်ဟာ အပြည်ပြည်ဆိုင်ရာ ကလေးကင်ဆာနေ့ ဖြစ်ပါတယ်။
ဒီနေ့ဟာ ကလေးကင်ဆာ ဝေဒနာခံစားနေရသူလေးတွေအတွက် စာနာမျှဝေရတဲ့နေ့သာမက
သူတို့လေးတွေရဲ့ ဘဝတွေကို ကယ်တင်ဖို့၊ ဗဟုသုတတွေ မျှဝေဖို့နဲ့ လက်တွဲပြီး ကူညီဖို့ နှိုးဆော်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကလေးကင်ဆာဟာ အချိန်မီ စောစီးစွာသိရှိပြီး သင့်လျော်သော ကုသမှုခံယူပါက အရွယ်ရောက်ကင်ဆာများထက် ပျောက်ကင်းနိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရောဂါရှာဖွေတွေ့ရှိမှု နောက်ကျတာ၊ ကုသမှု လက်လှမ်းမီနိုင်မှု နည်းတာတွေကြောင့်
ကလေးအသက်ပေါင်းများစွာ ဆုံးရှုံးနေရတာပါ။

ဒါကြောင့် မိဘတိုင်း သိထားသင့်တဲ့
ကလေးကင်ဆာရဲ့ သတိပေးလက္ခဏာတွေ ကတော့ -
🔸 ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းလာခြင်း
🔸 အကြောင်းမရှိဘဲ ဖျားနေခြင်း၊ ညဘက်ချွေးထွက်များခြင်း
🔸 အရိုး၊ အဆစ်၊ ခါးတွေ နာကျင်နေခြင်း
🔸 ခေါင်းကိုက်ခြင်း၊ မနက်ပိုင်းမှာ အန်ခြင်း
🔸 မျက်လုံးမှာ အလင်းပြန်နေခြင်း (ဓာတ်ပုံရိုက်ရင် ကြောင်မျက်လုံးလို ဖြူနေတာ)
🔸 ကိုယ်လက်အကြိတ်တွေ ရောင်ရမ်းခြင်း
🔸 သွေးအားနည်းပြီး ဖြူဖပ်ဖြူရော်ဖြစ်နေခြင်း
ဒီလက္ခဏာတွေကို မိဘတိုင်း သတိထား စောင့်ကြည့်ဖို့ လိုပါတယ်။
ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေလည်း လုပ်ပေးသင့်ပါတယ်။
စောစောသိရင် ကုလို့ရတယ်။
ကုလို့ရရင် ပျောက်ကင်းနိုင်တယ်။

ကလေးကင်ဆာဆိုတာ ဘယ်မိသားစုအတွက်မဆို လှိုင်းလေပြင်းမုန်တိုင်းတစ်ခုလိုပါပဲ။
ဒါပေမယ့် ကျွန်တော်တို့အားလုံး လက်တွဲထားရင် ဒီမုန်တိုင်းကိုလည်း အတူတူ ကျော်လွှားနိုင်ပါတယ်။
သိခြင်းဟာ ကာကွယ်ခြင်းရဲ့အစ၊ ကာကွယ်ခြင်းဟာ အသက်ကယ်တင်ခြင်းရဲ့အစပါ။
ဒီနေ့မှာ ကျွန်တော်တို့ တစ်ဦးစီတိုင်း -
✅ ကလေးကင်ဆာအကြောင်း ဗဟုသုတတွေ မျှဝေပေးခြင်း
✅ ကင်ဆာဝေဒနာခံစားနေရတဲ့ ကလေးလေးတွေကို အားပေးခြင်း
✅ အလှူငွေနဲ့ဖြစ်စေ၊ အချိန်နဲ့ဖြစ်စေ ပံ့ပိုးကူညီခြင်း
✅ စောစီးစွာ သိရှိနိုင်ဖို့ ဆောင်ရွက်ခြင်း
ဒီနည်းလမ်းတွေနဲ့ ပါဝင်ကူညီနိုင်ပါတယ်။
သူတို့လေးတွေရဲ့ အပြုံးတွေ မှေးမှိန်မသွားပါစေနဲ့။
သူတို့လေးတွေရဲ့ အိပ်မက်တွေ ပျောက်ဆုံးမသွားပါစေနဲ့။
ကလေးတိုင်း ပြုံးပျော်ခွင့်ရှိပါတယ်။
ကလေးတိုင်း ဘဝကို ဆက်လျှောက်ခွင့်ရှိပါတယ်။
အဲဒီအခွင့်အရေးတွေ မဆုံးရှုံးရလေအောင်
ကျွန်တော်တို့အားလုံး အတူတကွ ရပ်တည်ကြပါစို့။

#ကလေးတိုင်းအပြုံးလှစေဖို့ #အတူတူရင်ဆိုင်ကြမယ်
#𝗮𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

🦠 𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 (နီပါးဗိုင်းရပ်စ်) နောက်ဆုံးရသတင်းလတ်တလော အိန္ဒိယအခြေအနေအိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရှိ 𝗕𝗮𝗿𝗮𝘀𝗮𝘁 မ...
30/01/2026

🦠 𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 (နီပါးဗိုင်းရပ်စ်) နောက်ဆုံးရသတင်း

လတ်တလော အိန္ဒိယအခြေအနေ
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရှိ 𝗕𝗮𝗿𝗮𝘀𝗮𝘁 မြို့၊ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် 𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ အတည်ပြုလူနာ ၅ ဦး ရှိပြီး၊ ၎င်းတို့၏ အများစုသည် ကျန်းမာရေးဝန်ထမ်းများ ဖြစ်ပါတယ်။ အနီးကပ်ထိတွေ့ခဲ့သူ လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြားစောင့်ကြည့်မှု (𝗤𝘂𝗮𝗿𝗮𝗻𝘁𝗶𝗻𝗲) ပြုလုပ်ထားပြီး၊ ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဤအခြေအနေသည် အိန္ဒိယနိုင်ငံအတွင်း ဒေသဆိုင်ရာ ကူးစက်မှုအဆင့်သာ ရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွက် သတင်းအချက်အလက် ဗဟုသုတအနေဖြင့် ကြိုတင်သတိပြုနိုင်စေရန် မျှဝေလိုက်ပါတယ်။
--------------------------------------------------
𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 အကြောင်း
𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 သည် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သည့် ရောဂါပိုး (𝗭𝗼𝗼𝗻𝗼𝘁𝗶𝗰 𝘃𝗶𝗿𝘂𝘀) ဖြစ်ပြီး၊ သဘာဝအတိုင်း ရောဂါပိုးသယ်ဆောင်သည့် အဓိကသက်ရှိမှာ အသီးစားလင်းနို့များ (𝗙𝗿𝘂𝗶𝘁 𝗯𝗮𝘁𝘀) ဖြစ်ပါတယ်။ လူသားတွင် ဖြစ်ပွားနိုင်သည့် လက္ခဏာများတွင် ကိုယ်ပူခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ နှင့် ဦးနှောက်ရောင်ရမ်းခြင်း (𝗘𝗻𝗰𝗲𝗽𝗵𝗮𝗹𝗶𝘁𝗶𝘀) တို့ ပါဝင်ပါတယ်။ လက်ရှိအချိန်အထိ ဤရောဂါအတွက် သီးသန့်ကာကွယ်ဆေး သို့ ထိရောက်သော ကုသဆေး မရှိသေးသဖြင့် အလွန်အရေးကြီးသည့် ရောဂါပိုးအဖြစ် သတ်မှတ်ထားပါတယ်။ ယခင်ဖြစ်ပွားမှုများတွင် သေဆုံးနှုန်း (𝗙𝗮𝘁𝗮𝗹𝗶𝘁𝘆 𝗥𝗮𝘁𝗲) ၄၀% မှ ၇၅% အထိ မြင့်မားခဲ့ပါတယ်။
ဒေသတွင်း နိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်ချက်များ
အိန္ဒိယတွင် ဖြစ်ပွားနေသော အခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အိန္ဒိယမှ ရောက်ရှိလာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း (𝗦𝗰𝗿𝗲𝗲𝗻𝗶𝗻𝗴) များ စတင်ဆောင်ရွက်လျက်ရှိပြီး၊ ထိုင်ဝမ်နိုင်ငံသည်လည်း ခရီးသွားလာသူများအတွက် သတိပေးညွှန်ကြားချက်များ (𝗧𝗿𝗮𝘃𝗲𝗹 𝗔𝗱𝘃𝗶𝘀𝗼𝗿𝘆) ထုတ်ပြန်ရန် ပြင်ဆင်နေလျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ 𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 ကူးစက်ခံရသူ မတွေ့ရှိရသေးပါ။ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝗪𝗛𝗢) ၏ အဆိုအရ၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသသည် ဤဗိုင်းရပ်စ်၏ သဘာဝသယ်ဆောင်ရာ လင်းနို့များ ကျက်စားရာဒေသဖြစ်သဖြင့် ကူးစက်နိုင်ခြေ ရှိသည့် ပတ်ဝန်းကျင် အခြေအနေမျိုး ရှိနေပါတယ်။ ဒါ့ကြောင့် ကြိုတင်သတိပြု သတိထားရန် လိုအပ်ပါတယ်။
--------------------------------------------------
ကြိုတင်ကာကွယ်ရေး အကြံပြုချက်များ
မြန်မာနိုင်ငံသားများ အနေဖြင့် အောက်ပါအချက်များကို သတိပြု လိုက်နာသင့်ပါတယ်။
• ကျေးလက်နှင့် နယ်စပ်ဒေသများတွင် ထန်းရည်/ဓနိရည်ကို အစိမ်းသောက်သုံးခြင်း ရှောင်ကြဉ်ပြီး ကျိုချက်ပြီးမှသာ သောက်သုံးပါ။ သစ်ပင်မှ ကြွေကျသော အသီးများ သို့ လင်းနို့/ငှက်များ ကိုက်ဖြတ်ထားသည့် အသီးများကို ရှောင်ကြဉ်ပါ။
• မြို့ပေါ်တွင် ဈေးမှဝယ်ယူသော သစ်သီးများကို မစားသုံးမီ ရေစင်ကြယ်စွာ ဆေးကြောပါ။ ကိုက်ရာတွေ့ထားပါက မစားပါနဲ့။
• 𝗡𝗶𝗽𝗮𝗵 𝗩𝗶𝗿𝘂𝘀 သည် လူတစ်ဦးမှ တစ်ဦးသို့ တံတွေး၊ နှာရည်၊ ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့် ကူးစက်နိုင်သဖြင့် လက်ကို စက္ကန့် ၂၀ ကြာ ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ။ ဖျားနာသူကို ပြုစုရာတွင် 𝗠𝗮𝘀𝗸 နှင့် လက်အိတ် (𝗣𝗣𝗘) တို့ကို အသုံးပြုပါ။
--------------------------------------------------
အရေးကြီး သတိပေးချက်
အိန္ဒိယတွင် ဖြစ်ပွားနေသော အခြေအနေသည် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ကူးစက်ရောက်ရှိလာပြီဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် တိရစ္ဆာန်နှင့် လူသား ထိတွေ့မှုမှတစ်ဆင့် ရောဂါသစ်များ ပေါ်ပေါက်လာနိုင်သည်ကို ထောက်ရှုကာ သတိရှိစွာ နေထိုင်ခြင်းသည် အကောင်းဆုံးသော ကြိုတင်ကာကွယ်မှု နည်းလမ်းဖြစ်ပါတယ်။ မှန်ကန်သော သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ယုံကြည်ရသည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များမှသာ ရယူပါ။

#𝗡𝗶𝗽𝗮𝗵𝗩𝗶𝗿𝘂𝘀 #ဂရုပြုရန် #𝗮𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။𝟭. 𝗦𝗮𝗹𝗲...
27/01/2026

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

𝟭. 𝗦𝗮𝗹𝗲𝘀 𝗦𝘂𝗽𝗲𝗿𝘃𝗶𝘀𝗼𝗿
• ရန်ကုန် (လမ်းမတော် (၂ ဦး)

𝟮. 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၃ ဦး)

𝟯. 𝗜𝗧 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၁) ဦး)

𝟰. 𝗦𝗲𝗻𝗶𝗼𝗿 𝗖𝗮𝘀𝗵𝗶𝗲𝗿
• ရန်ကုန် (လမ်းမတော် (၁ ဦး)

𝟱. 𝗖𝗮𝘀𝗵𝗶𝗲𝗿
• ရန်ကုန် (လမ်းမတော် (၂ ဦး)

𝟲. 𝗔𝗱𝗺𝗶𝗻 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၂) ဦး)

𝟳. 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ သာကေတ (၁) ဦး)

𝟴. 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝘁𝗮𝗳𝗳
• ရန်ကုန် (လမ်းမတော် (၂) ဦး)

𝟵. 𝗕𝗹𝗼𝗼𝗱 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗼𝗿
• ရန်ကုန် (လမ်းမတော် / သာကေတ (၁) ဦးစီ)

𝟭𝟬. 𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱
• ရန်ကုန် (လမ်းမတော် (၂) ဦး )

𝟭𝟭. 𝗗𝗲𝗹𝗶𝘃𝗲𝗿𝘆
• ရန်ကုန် (လမ်းမတော် (၃) ဦး ၊ သင်္ဃကျွန်း / မြောက်ဥက္ကလာ / အင်းစိန် (၁) ဦးစီ)
(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ 𝗖𝗩 𝗙𝗼𝗿𝗺 များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

• 𝗖𝗩 𝗙𝗼𝗿𝗺 နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ 𝗘𝗺𝗮𝗶𝗹 / 𝗩𝗶𝗯𝗲𝗿 မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
• အမှတ် (၇၉၇)၊ အခန်းအမှတ်(၀၀၄-က) ၊ 𝗠𝗔𝗖 𝗧𝗼𝘄𝗲𝗿 𝟮, ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / 𝗩𝗶𝗯𝗲𝗿 – 𝟬𝟵 - 𝟰𝟮𝟬𝟬𝟱𝟬𝟳𝟵𝟲 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• 𝗘𝗺𝗮𝗶𝗹 – 𝗺𝘇.𝗵𝘂𝗺𝗮𝗻𝗿𝗲𝘀𝗼𝘂𝗿𝗰𝗲𝗺𝗴𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

ပျော်ရွှင်စရာအားလပ်ရက်တွေ ကုန်ဆုံးပြီးနောက်💙 ကျန်းမာရေးကို ပြန်လည်ဂရုစိုက်ကြရအောင် 💙အားလပ်ရက်ကာလမှာ မိသားစုနဲ့အတူ ချစ်ခင...
23/01/2026

ပျော်ရွှင်စရာအားလပ်ရက်တွေ ကုန်ဆုံးပြီးနောက်
💙 ကျန်းမာရေးကို ပြန်လည်ဂရုစိုက်ကြရအောင် 💙

အားလပ်ရက်ကာလမှာ မိသားစုနဲ့အတူ ချစ်ခင်ရတဲ့ သူတွေနဲ့ ပျော်ရွှင်စရာအချိန်များကို ဖြတ်သန်းခဲ့ကြရမယ် ထင်ပါတယ်။ သို့သော် ခရီးသွားလာခြင်း၊ မိသားစုတွေ့ဆုံပွဲများ၊ ဧည့်ခံပွဲများနှင့် ရိုးရာပွဲတော်များကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်စားသောက်မှုပုံစံမှာ မလွှဲမရှောင်သာ ပြောင်းလဲသွားတတ်ပါတယ်။ ခရီးစဉ်တလျောက်နှင့် ပွဲလမ်းသဘင်တွေမှာ စားသောက်မိခဲ့တဲ့ အချိုများသောအစားအစာများ၊ အဆီများသောအစားအစာများ ခန္ဓာကိုယ်အတွင်း သွေးတွင်းသကြားတတ်ခြင်း၊ ကိုလက်စထရောနှင့် အဆီဓာတ်များမြင့်တက်ခြင်း စတဲ့ဇီဝကမ္မပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။

🍰 အားလပ်ရက်အတွင်း စားသောက်မှုပုံစံပြောင်းလဲခြင်း၏ သက်ရောက်မှုများ
သွေးတွင်းသကြားဓာတ် မြင့်တက်လာနိုင်သည်
ကိုလက်စထရောနှင့် အဆီဓာတ် မြင့်တက်နိုင်သည်
ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ် တိုးလာနိုင်သည်

🔄 အားလပ်ရက်အပြီး ကျန်းမာရေးပြန်လည်ထိန်းသိမ်းရန်
၁။ စားသောက်မှုပုံစံ ပြန်လည်ချိန်ညှိခြင်း
အသီးအရွက်နှင့် အသီးအနှံများ ပိုမိုစားသုံးပါ
• အမျှင်ဓာတ်ပါသော အစားအစာများ (ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို) ကို ရွေးချယ်ပါ
• ရေများများသောက်ပါ၊ အချိုရည်များရှောင်ပါ
• အစာကို နည်းနည်းနှင့် မကြာခဏစားပါ

၂။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
• တစ်နေ့လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ခြင်း
• ယောဂကျင့်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း

၃။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
• သွေးတွင်းသကြားဓာတ် (FBS, HbA1c)
• သွေးတွင်းအဆီဓာတ် (Lipid Profile)
• သွေးပေါင်ချိန်တိုင်းတာခြင်း

📊 စစ်ဆေးသင့်သော ဓာတ်ခွဲစစ်ဆေးမှုများ
အားလပ်ရက်အပြီး ၂-၄ ပတ်အတွင်း အောက်ပါစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
၁။ Fasting Blood Sugar (FBS) - အစာမစားမီသွေးချိုတိုင်းတာခြင်း
၂။ HbA1c - လွန်ခဲ့သော ၂-၃ လအတွင်း ပျမ်းမျှသွေးချိုထိန်းချုပ်မှုအခြေအနေ
၃။ Lipid Profile - ကိုလက်စထရော၊ ထရိုင်ဂလစ်စရိုက်၊ HDL, LDL
၄။ Postprandial Blood Sugar - အစာစားပြီး ၂ နာရီအကြာ သွေးချိုတိုင်းတာခြင်းအသီးအရွက်များ ပိုမိုစားပါ

💡ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါသည်
မိမိ၏ ခန္ဓာကိုယ်အခြေအနေကို အချိန်မီ သိရှိခြင်းက ရေရှည်ကျန်းမာရေးအတွက် အရေးကြီးဆုံးသော အဆင့်တစ်ခုဖြစ်ပါတယ်။

💙အားလပ်ရက်ရဲ့ ပျော်ရွှင်မှုနောက်မှာ ကျန်းမာရေးကိုလည်း မမေ့ကြပါနဲ့💙
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :
𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#အားလပ်ရက်အပြီးကျန်းမာရေး #ဆီးချိုသတိ #နှလုံးကျန်းမာရေး #သွေးချိုထိန်းချုပ်ရေး
#𝗛𝗲𝗮𝗹𝘁𝗵𝘆𝗟𝗶𝘃𝗶𝗻𝗴 #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

👨‍⚕️သင်ရဲ.🧍ခန္ဓာကိုယ်မှာရှိတဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗က သင့်ရဲ့ ကျန်းမာရေးအတွက် လုံလောက်မှု ရှိရဲ့လား❓𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 ကို  “𝗦𝘂𝗻𝘀𝗵𝗶𝗻𝗲 𝗩𝗶𝘁𝗮𝗺𝗶𝗻...
16/01/2026

👨‍⚕️သင်ရဲ.🧍ခန္ဓာကိုယ်မှာရှိတဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗က သင့်ရဲ့ ကျန်းမာရေးအတွက် လုံလောက်မှု ရှိရဲ့လား❓
𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 ကို “𝗦𝘂𝗻𝘀𝗵𝗶𝗻𝗲 𝗩𝗶𝘁𝗮𝗺𝗶𝗻” နေရောင်ခြည်၏ ဗီတာမင် ဟုလည်း ခေါ်ကြပါတယ်။
🌦️နေရောင်ခြည်လုံလောက်စွာ မရရှိသောနိုင်ငံများတွင် နေထိုင်သူများနှင့် 🌞နေရောင်ခြည်လုံလောက်စွာ ရရှိသောနိုင်ငံများတွင် နေထိုင်ကြပေမဲ့လည်း အချိန်အများစုကို အိမ်ထဲ၊ကားထဲ၊ရုံးထဲမှာပဲ ဖြတ်သန်းနေကြသူတို့တွင် 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 ချို့တဲ့ခြင်းကို ကြံုတွေ့နေကြရပါတယ်။

🌞 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 သင်၏ကျန်းမာရေးအတွက် ဘာလို့အရေးကြီးသလဲ❓

𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 သည်
✅အရိုးအဆစ် ကျန်းမာရေးအတွက် အရေးကြီးသည်။
✅ကြွက်သားအားနည်းခြင်းများကို လျော့ချပေးသည်။
✅ကိုယ်ခံစွမ်းအားကို အားပြည့်စုံစေသည်။
✅စိတ်၏ကျန်းမာရေးအတွက် ကူညီပံ့ပိုးသည်။
✅ကယ်လစီယမ်နှင့် ဖောစပိတ်ဓာတ် စုပ်ယူနိုင်စွမ်းကို တိုးမြှင့်ပေးပါသည်။

‼️သင့်မှာ အောက်ပါအချက်တွေရှိနေပြီ ဆိုရင်တော့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 ကိုစစ်ဆေးကြည့်သင့်ပါတယ်။
•အရိပ်ထဲမှာပဲ ရေရှည် အလုပ်လုပ်တဲ့သူ
•အိမ်ထဲ၊ ရုံးထဲမှာ အချိန်အများကြီးနေသူ
•အရိုး/ကြွက်သား နာကျင်မှုများရှိသူ
•အမြဲမောပန်းနွမ်းနယ်နေသူ
•ကိုယ်ဝန်သည်၊ အသက်ကြီးသူ၊ အဝလွန်သူ၊ အိပ်ရာထဲတွင် လဲလျောင်းနေရသော နာတာရှည်ရောဂါသည်ဖြစ်နေသူတို့တွင် 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 စစ်ဆေးကြည့်သင့်ပါတယ်။

✨ 𝗦𝘁𝗿𝗼𝗻𝗴𝗲𝗿 𝗕𝗼𝗻𝗲𝘀,𝗕𝗲𝘁𝘁𝗲𝗿 𝗜𝗺𝗺𝘂𝗻𝗶𝘁𝘆, 𝗛𝗲𝗮𝗹𝘁𝗵𝗶𝗲𝗿 𝗟𝗶𝗳𝗲 ဆိုသည့်အတိုင်း 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 တွင် 🧪 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗 𝗧𝗲𝘀𝘁 ကို မှန်ကန်မှုမြင့်၊ ယုံကြည်စိတ်ချရသောစနစ်များဖြင့် ကျွမ်းကျင်သည့် ပညာရှင်များက စစ်ဆေးပေးနေပြီ ဖြစ်ပါတယ်။
-------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗠𝗠𝗗𝗖 & 𝗟𝗨𝗗𝗨 𝗹𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝗶𝗲𝘀 𝗣𝗮𝗴𝗲 ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပေးထားဖိုဖိတ်ခေါ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮

𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :
𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#𝗩𝗶𝘁𝗮𝗺𝗶𝗻𝗗𝗖𝗵𝗲𝗰𝗸 #𝗞𝗻𝗼𝘄𝗬𝗼𝘂𝗿𝗟𝗲𝘃𝗲𝗹𝘀 #𝗦𝘁𝗿𝗼𝗻𝗴𝗲𝗿𝗕𝗼𝗻𝗲𝘀𝗕𝗲𝘁𝘁𝗲𝗿𝗜𝗺𝗺𝘂𝗻𝗶𝘁𝘆 #𝗛𝗲𝗮𝗹𝘁𝗵𝘆𝗟𝗶𝘃𝗶𝗻𝗴
#𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

Address

Building No (797), Room No (004-A), MAC Tower (II), Corner Of Bogyoke Road & Wardan Street, Lanmadaw Township
Yangon
0264956

Alerts

Be the first to know and let us send you an email when MMDC & LUDU Laboratories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MMDC & LUDU Laboratories:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

လူထု ဓာတ်ခွဲခန်းသည် မြန်မာနိူင်ငံ၏ ပထမဆုံး အဆင့်မြင့် Molecular နှင့် အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။ မြန်မာတစ်နိူင်ငံလုံးတွင် ရုံးခွဲပေါင်းများစွာဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာနိူင်ငံတွင် ISO (9001:2015) လက်မှတ်ကို ရရှိထားသော နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်သည်။