အထူးကုသမားတော် တယ်လ်လီ အွန်လိုင်း ဆေးခန်း

  • Home
  • Myanmar
  • Yangon
  • အထူးကုသမားတော် တယ်လ်လီ အွန်လိုင်း ဆေးခန်း

အထူးကုသမားတော် တယ်လ်လီ အွန်လိုင်း ဆေးခန်း မိသားစုဆရာဝန်တစ်ယောက်နဲ့ Online ပေါ်မှာ ဆွေးနွေးပါ။

“အထူးကု သမားတော်” တယ်လ်လီ အွန်လိုင်း ဆေးခန်း ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသိပေးလိုပါတယ်။လူနာများရဲ့✔️ ကျန်းမာရေးပြဿ...
16/12/2022

“အထူးကု သမားတော်” တယ်လ်လီ အွန်လိုင်း ဆေးခန်း ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသိပေးလိုပါတယ်။

လူနာများရဲ့
✔️ ကျန်းမာရေးပြဿနာများ၊
✔️ အထွေထွေရောဂါများ၊
✔️ အသည်းရောဂါများ (အသည်းရောင်အသားဝါ ရောဂါ၊ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာရောဂါ)
✔️ နာတာရှည် ရောဂါများ (သွေးတိုး၊ ဆီးချို/သွေးချို နှင့် နှလုံးရောဂါ) နှင့်
✔️ COVID-19 နောက်ဆက်တွဲ ရောဂါအကျိုးဆက်များ အတွက် ဆွေးနွေး၊တိုင်ပင်ကာ စနစ်တကျ ကုသမှု ခံယူ လိုသူများအတွက် အွန်လိုင်းမှ
Tele-consultation ဆောင်ရွက်ပေးနေပါတယ်။

အပြင်ကဆေးခန်းများတွင် သေချာဆွေးနွေးဖို့ အချိန် လုံလုံလောက်လောက်မရှိ၍ မိမိရဲ့ ရောဂါ အခြေအနေကို ပွင့်ပွင့်လင်းလင်း သိလိုသော လူနာများအတွက် သေချာဆွေးနွေးနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။
လူနာတဦးလျှင် အနည်းဆုံး မိနစ် (၃၀) ကြာ ဆွေးနွေးပေးပြီး လူနာတဦးချင်းစီရဲ့ ရောဂါ အခြေအနေပေါ်မူတည်ကာ ဆွေးနွေးချိန် လုံလုံလောက်လောက် ဖြင့် လိုအပ်တဲ့ အကြံဉာဏ်များကို ပေးမှာ ဖြစ်ပါတယ်။
လိုအပ်ပါက ထပ်မံကြာမြင့်သော ဆွေးနွေးချိန်အလိုက် တိုင်ပင်ဆွေးနွေးခများကို သင့်တင့်သော နှုန်းထားဖြင့် Counselling / Consultation လုပ်ပေးမှာ ဖြစ်ပါတယ်။

ဆွေးနွေးပြီးနောက် လူနာများအတွက်
- ဆက်လက်ကုသဖို့ လိုအပ်တဲ့ အကြံဉာဏ်များပေးခြင်း၊
- ရောဂါရှာဖွေခြင်းအတွက် လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခြင်း သာမက
- သက်ဆိုင်ရာ ရောဂါအလိုက် အထူးကု ဆရာဝန်များ ထံ ညွှန်းပို့ကာ ဆွေးနွေးတိုင်ပင်စေခြင်း စသည်တို့ကို လူနာတဦးချင်းစီရဲ့ လိုအပ်ချက် အလိုက် ဆောင်ရွက်ပေးပါတယ်။

ထိုဝန်ဆောင်မှုများ အတွက် “အထူးကု သမားတော်” တယ်လ်လီ အွန်လိုင်း ဆေးခန်း Page မှ သမားတော် နှင့် Tele-consultation (Messenger Video Call) ခေါ်ဆိုပြသနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

ထိုသို့ ဆွေးနွေးတိုင်ပင်လိုသူများ အနေနဲ့
✅ လူနာအမည်
✅ အသက်
✅ ဆက်သွယ်ရမည့် ဖုန်းနံပါတ် နှင့်
✅ လူနာ၏ ရောဂါအခြေအနေ
တို့ကို “Page ChatBox” သို့ ဆက်သွယ်၍ Appointment "Booking" ရယူနိုင်သလို 09770732636 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Chat Box ကနေ အခုပဲ ဆက်သွယ်နိုင်ပါတယ် …..

ပြည်သူအားလုံးကပ်ရောဂါဘေးမှကင်းရှင်းပြီး ကျန်းမာချမ်းသာကြပါစေ 🙏🏻🙏🏻🙏🏻

#အထူးကုသမားတော်

🛑ကိုဗစ်-၁၉ ကာလအတွင်း “အထူးကု သမားတော်” Page မှတဆင့် ကုသမှုခံယူကြကာ နေကောင်းကျန်းမာသွားကြပြီ ဖြစ်တဲ့ လူနာများအတွက် အထူးပဲ...
04/08/2021

🛑ကိုဗစ်-၁၉ ကာလအတွင်း “အထူးကု သမားတော်” Page မှတဆင့် ကုသမှုခံယူကြကာ နေကောင်းကျန်းမာသွားကြပြီ ဖြစ်တဲ့ လူနာများအတွက် အထူးပဲ ဝမ်းသာရပါတယ်။

🛑လူနာအများစုသည် ကိုဗစ်-၁၉ ရောဂါ ကို မိမိတို့ တတ်နိုင်တဲ့နည်းမျိုးစုံဖြင့် တွန်းလှန်ခဲ့ကြရာ အခုဆိုရင် တတိယလှိုင်းကို ကျော်ဖြတ်ပြီးလုနီးပါး ဖြစ်နေပါပြီ။
သို့ပေမယ့် လုံးဝ (လုံးဝ) ပေါ့ဆလို့ မရသေးတာကို အထူးပဲ သတိပေးလိုပါတယ်။
ကိုဗစ်-၁၉ ကြောင့် ကုသမှုကို ခံယူရခဲ့သူများအနေနဲ့လည်း ကိုဗစ်-၁၉ လွန်ကာလများမှာ မိမိရဲ့ အဆုတ်ကို ဂရုစိုက်ကြဖို့လိုကြောင်း အသိပေးလိုပါတယ်။

🛑“အထူးကု သမားတော်” ရဲ့ တာဝန်ခံဆရာဝန် အနေနဲ့ အခုကာလအတွင်း ကြည့်ရှုပေးရတဲ့ လူနာအများစုသည် ကိုဗစ်-၁၉ လူနာများ ဖြစ်တာကို တွေ့ရပါတယ်။
သို့သော် ဆေးရုံ/ဆေးခန်း သွားလာရန် ခက်ခဲတဲ့ အချိန်မို့ အချို့သော ကိုဗစ်-၁၉ မဟုတ်တဲ့ လူနာများကိုလည်း ကုသမှုပေးခဲ့ရတာ ရှိပါတယ်။

🛑“အထူးကု သမားတော်” ရဲ့ တာဝန်ခံဆရာဝန်သည် “အထွေထွေရောဂါကု သမားတော်/ဆရာဝန် - Physician” ဖြစ်သောကြောင့် သက်ဆိုင်ရာ ရောဂါအလိုက် ကုသမှုများကို ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း အသိပေးလိုပါတယ်။

🛑အိမ်သို့လာရောက်ကြည့်ရှုကာ ကုသပေးစေလိုသော လူနာများအနေနဲ့ Page ရဲ့ Messenger မှတဆင့် ဆက်သွယ်ကာ Appointment ရယူနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ 🙏🏻🙏🏻🙏🏻

31/07/2021

✅ အထွေထွေရောဂါကုသမားတော်
Home Visit Service အတွက် 2.8.2021 မှ စ၍ page messenger မှတဆင့် booking ယူနိုင်ပါသည်။

✅ အိမ်ပင့်ဝန်ဆောင်မှုအတွက်
-လူနာအမည်
- အသက်
- အဖျားရှိ/ မရှိ ( ရှိပါက အတိုင်းအတာ )
- SPO2 အတိုင်းအတာ
- သွေးပေါင်ချိန်
- နဂိုရောဂါအခံရှိ/ မရှိ
- လက်ရှိသောက်နေသောဆေး
- လူနာလက်ရှိအခြေအနေ
- ဆက်သွယ်ရမည့်ဖုန်းနံပါတ်
- နေရပ်လိပ်စာအပြည့်အစုံ

တို့ကိုပြောပြပေးပြီး page messenger မှတဆင့် booking တင်ပေးရပါမည်။

✅ Booking ဖြင့် ကုသရမည်ဖြစ်သောကြောင့် အရေးပေါ် ဝန်ဆောင်မှု မရနိုင်သေးပါ။

✅ လတ်တလောတွင် Home visit ခေါ်ယူနိုင်သော
မြို့နယ်များမှာ

- ကမာရွတ်
- ကြည့်မြင်တိုင်
- စမ်းချောင်း
- အလုံ မြို့နယ်များပဲဖြစ်ပါတယ် ။

အားလုံးပဲကျန်းမာကြပါစေ 🙏🏻🙏🏻🙏🏻

28/07/2021

“အထူးကု” သမားတော် Page ကို အထူးအားကိုးကာ Appointment ယူပြီး လာရောက်ကြည့်ရှုစေချင်သော လူနာများခင်ဗျား …..

တာဝန်ခံဆရာဝန် ၏ မိသားစုဝင် ကျန်းမာရေးကိစ္စများကို လိုက်ပါဆောင်ရွက်ပေးရမည် ဖြစ်ပါသဖြင့် တစ်ပတ်အတွင်း (လာမည့် တနင်္ဂနွေနေ့ အထိ) လာရောက် ကြည့်ရှုပေးနိုင်မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်။

ကြိုတင်ပြီး Appointment ယူထားသူများကို အထူးပဲ တောင်းပန်လိုပါတယ်။
မိသားစုကိစ္စဖြစ်လို့ ဘယ်လိုမှ ရှောင်လွှဲမရဘဲ လိုက်လံဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ်။

Appointment ပြန်ပေးနိုင်မည့်နေ့ကို ပြန်လည် အသိပေးပါမယ်။

အားလုံးကျန်းမာကြပါစေ 🙏🏻🙏🏻🙏🏻

“အထူးကု သမားတော်” ၏ တာဝန်ခံဆရာဝန် ကို ယုံကြည်ကာ ကုသမှု ခံယူကြသော လူနာများအတွက် အသိပေးလိုပါတယ်။ဆရာဝန် နှင့် တိုင်ပင်ဆွေးန...
25/07/2021

“အထူးကု သမားတော်” ၏ တာဝန်ခံဆရာဝန် ကို ယုံကြည်ကာ ကုသမှု ခံယူကြသော လူနာများအတွက် အသိပေးလိုပါတယ်။

ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် အဆင်ပြေကြတာ၊ လူနာများ သက်သာတာကို သိရတဲ့ အတွက် အလွန်ပဲ ဝမ်းသာရပါတယ်။
ဆရာရဲ့ မေတ္တာ၊ စေတနာ နဲ့ ကရုဏာ ရယ် လူနာများရဲ့ ယုံကြည်မှု တို့ က အဓိကကျတာကို အသိပေးလိုပါတယ်။

လက်ရှိအခြေအနေတွင်
- လူနာများ အလွန်များနေခြင်း၊
- အချိန် နှင့် လူအင်အား အကန့်အသတ်ရှိနေခြင်း နှင့်
- လူနာအဟောင်းများက Appointment များ ထပ်မံတောင်းခြင်း တို့ကြောင့်
Booking များကို လက်ခံပြီးတာနဲ့ ချက်ချင်းလာမကြည့်ပေးနိုင်တာကို နားလည်ပေးစေလိုပါတယ်။

လူနာရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး အရေးကြီး လူနာများကို အမြန်ဆုံးလာရောက်ကြည့်ရှုပေးနိုင်ဖို့ ကြိုးစားနေပါကြောင်း အသိပေးလိုပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ 🙏🏻🙏🏻🙏🏻

22/07/2021

✅ အိမ်ပင့်​ခေါ်ဆိုမှုများ အလွန်များပြား​နေပါသဖြင့် လိုချင်သောရက်ချိန်းတွင်Appointment မရပါက နောက်ရက်အတွက်ကြိုတင်ရက်ချိန်းပေးပြီး appointment ကြိုတင်ယူထားနိုင်ပါတယ်… ( page messenger မှတဆင့်ဆက်သွယ်ရန် )

✅ ကျန်းမာရေးအခြေအနေအရ တစ်နေ့လျှင် အိမ်အရေအတွက်အနည်းငယ်သာလက်ခံပေးရသဖြင့်
အဆင်မ​ပြေမှုများ ရှိပါလျှင် အနူးအညွတ်​တောင်းပန်ပါသည် 😞

ပြည်သူအားလုံးကပ်ရောဂါဘေးမှကင်းရှင်းပြီး ကျန်းမာချမ်းသာကြပါစေ 🙏🏻🙏🏻🙏🏻

COVID-19 တတိယလှိုင်းကာလအတွင်း ဆေးကုသမှုခံယူရန်ခက်ခဲသော လူနာများအား အထွေထွေရောဂါအထူးကုသမားတော် ကိုယ်တိုင် ကုသပေးမည့် အိမ်...
21/07/2021

COVID-19 တတိယလှိုင်းကာလအတွင်း ဆေးကုသမှုခံယူရန်ခက်ခဲသော လူနာများအား အထွေထွေရောဂါအထူးကုသမားတော် ကိုယ်တိုင် ကုသပေးမည့် အိမ်တိုင်ရာရောက်ဆေးကုသမှုဝန်ဆောင်မှု ကို ထိုက်သင့်သော နှုန်းထားဖြင့် ရယူနိုင်ပါသည်။

လိုအပ်နေသူများ Page Messenger မှတဆင့်ဆက်သွယ်ပါ။

လူ အင်အား အခြေအနေအရ

- စမ်းချောင်း၊
- အလုံ၊
- ကြည့်မြင့်တိုင် နဲ့
- ကမာရွတ် မြို့နယ်ရှိ လူနာများ အတွက်သာ ဆောင်ရွက်ပေးနိုင်ပါမည်။

လူနာအခြေအနေ၊ ရောဂါလက္ခဏာများအလိုက် အကောင်းဆုံးသော ကုသမှုများကို အိမ်တိုင်ရာရောက် ကုသပေးသွားရန် စီစဉ်ထားပါသည်။

#အိမ်ပင့်ဆရာဝန် #အထူးကုသမားတော် 🏥

Address

Yangon

Alerts

Be the first to know and let us send you an email when အထူးကုသမားတော် တယ်လ်လီ အွန်လိုင်း ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အထူးကုသမားတော် တယ်လ်လီ အွန်လိုင်း ဆေးခန်း:

Share

Category