Dr. Zwe Lin Thu

Dr. Zwe Lin Thu မိတ်ဆွေတို့ရဲ့ မိသားစုဆရာဝန် ဒေါက်တာ ဇွဲလင်းသူ

ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်ကင်းစွာ ဆေသောက်ခြင်း👉 "ငါဒီဆေးသောက်ရင် ကိုယ်ဝန်ဆောင်ချိန် ဘေးကင်းရဲ့လား" ဆိုတာ တွေးဖူးကြမှာပါ။သ...
26/09/2025

ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်ကင်းစွာ ဆေသောက်ခြင်း
👉 "ငါဒီဆေးသောက်ရင် ကိုယ်ဝန်ဆောင်ချိန် ဘေးကင်းရဲ့လား" ဆိုတာ တွေးဖူးကြမှာပါ။
သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တိုင်းနီးပါးဟာ အကိုက်ခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး ၊ ပိုးသတ်ဆေး တွေလို ဆေးတစ်မျိုးမျိုး သောက်တိုင်း သတိထားရပါမယ်။
ကိုယ်ဝန်ဆောင်စဉ် ဆေးသောက်သောအခါ လူကြီးအတွက် ပုံမှန်အားဖြင့် စိတ်ချရတဲ့ဆေးတွေဟာလည်း ဖွံ့ဖြိုးဆဲ ဝမ်းတွင်းကလေးအတွက် မစိတ်ချရနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဆရာဝန်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဆေးညွှန်းတိုင်းမှာ အကျိုးကျေးဇူးနဲ့ ဆိုးကျိုးခံစားရနိုင်ခြေကို သေချာချိန်ဆကြည့်ရှုရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆို ဒီချိန်ခွင်ဟာ ပိုမိုနူးညံ့ပြီး ရှုပ်ထွေးနိုင်ပါတယ်။
⚖️ အကျိုး နှင့် ဆိုးကျိုး ချိန်ဆခြင်း
လူနာအားလုံးအတွက် ဆရာဝန်တွေ ချိန်ဆကြတဲ့ အချက်တွေကတော့-
၁။ ဒီဆေးက လူနာရဲ့ရောဂါအခြေအနေ အတွက် တကယ် လိုအပ်ရဲ့လား။
၂။ ကောင်းကျိုးထက် ဆိုးကျိုး (သို့) အန္တရာယ်တွေ ပိုဖြစ်နိုင်သလား။
ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီဆုံးဖြတ်ချက်ချမှတ်ခြင်းဟာ ပိုမိုရှုပ်ထွေးပါတယ်။ အကြောင်းကတော့ ဆေးဟာ မိခင်ကိုသာမက မွေးဖွားမယ့်ကလေးကိုပါ သက်ရောက်မှုရှိနိုင်လို့ပါပဲ။
🤰 ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် အထူးသတိထားရတာလဲ?
- မိခင်ရဲ့ အချင်း ကတစ်ဆင့် အာဟာရ နှင့် အတူ ဆေးဝါးအများအပြားဟာ ကလေးဆီရောက်ရှိသွားနိုင်ပါတယ်။
- ပထမ သုံးလပတ် (First Trimester) မှာ ကလေးရဲ့အစိတ်အပိုင်းတွေ ဖွံ့ဖြိုးနေချိန်ဖြစ်တာကြောင့် အထူးချို့ယွင်းလွယ်ပါတယ်။
🚫 ကိုယ်ဝန်ဆောင်ချိန် သောက်သုံးရန် ဆိုးရွားစွာ တားမြစ်ထားသော ဆေးဝါးများ
- Isotretinoin (ဝက်ခြံဆေး)
- Warfarin (သွေးကျဲဆေး)
- Enalapril (သွေးတိုးကျဆေး)
- Tetracycline, Chloramphenicol (ပိုးသတ်ဆေးများ)
- Diclofenac (အကိုက်ခဲပျောက်ဆေး)
- Methotrexate (ကင်ဆာ/လေးဘက်နာဆေး)
- Sodium Valproate (အတက်ရောဂါဆေး)
"သဘာဝဆေးဖက်ဝင်ပစ္စည်း = စိတ်ချရတယ်" လို့ ထင်မှတ်ခြင်း ကလည်း အန္တရယ်ဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းလည်း သဘာဝဆေးဖက်ဝင်ပါတယ် ။ ကိုယ်ဝန်ဆောင်နဲ့ တော့ မတည့်ပါဘူး
💊 ပါရာစီတမော ဆိုရင်ကော?
- အကြံပြုထားတဲ့ ပမာဏအတိုင်း သောက်သုံးပါက ကိုယ်ဝန်ဆောင်ချိန်တွင် ယေဘုယျအားဖြင့် စိတ်ချရသည်ဟု ယူဆကြပါတယ်။
- အဖျားနှင့် အနည်းငယ်မှ အလယ်အလတ်အဆင့် ကိုက်ခဲမှုများအတွက် အသုံးများပါတယ်။
- အတိုဆုံးအချိန်အတွင်း၊ အနည်းဆုံးပမာဏကိုသာ သုံးစွဲခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
- မကြာသေးမီက လေ့လာမှုအချို့အရ ကြာရှည်စွာ/မြင့်မားသောပမာဏ သုံးစွဲခြင်းဟာ ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ စိုးရိမ်စရာတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပေမယ့် အထောက်အထားက အတိအကျမပြည့်စုံသေးပါဘူး။
- ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲဖျားနာမှုအတွက် ပထမဆုံးရွေးချယ်စရာအဖြစ် ပါရာစီတမော ကိုပဲ အကြံပြုနေဆဲဖြစ်ပါတယ်။
🏥 ဆရာဝန်များ အကြံပေး မူဝါဒများ
- မလိုအပ်ဘဲ ဆေးသောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်မယ်။
- စိတ်ချရမှုအရှိဆုံး၊ ထိရောက်မှုရှိသည့် အနိမ့်ဆုံးဆေးပမာဏကို သုံးစွဲမယ်။
- စိတ်ချရကြောင်း လေ့လာချက်တွေအပြည့်အစုံရှိပြီးသား ဆေးဝါးတွေကို ရွေးချယ်သုံးစွဲမယ်။
- ဆုံးဖြတ်ချက်တိုင်းကို လူနာတစ်ဦးချင်းစီအတွက် ချိန်ဆမယ်။ - မိခင်အတွက်ရတဲ့ အကျိုးကျေးဇူးနဲ့ ကလေးအတွက်ရှိတဲ့ ဆိုးကျိုးခံစားရနိုင်ခြေကို ယှဉ်မယ်။
- ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်ခြင်း၊ အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော ဆေးဝါးများနှင့် သဘာဝဆေးဖက်ဝင်ပစ္စည်းများကို ရှောင်ကြဉ်မယ်။
👉 အဓိကအချက် - ပါရာစီတမောဟာ ပုံမှန်အားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးစွဲခြင်း (သို့) ဆရာဝန်မညွှန်ဘဲ ကြာရှည်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
✅ အချုပ် အားဖြင့်
👉 Golden Rule - ကိုယ်ဝန်ဆောင်ချိန်တွင် ဘယ်ဆေးကိုမှ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ စသောက်ခြင်း၊ ရပ်ခြင်း၊ ပမာဏပြောင်းလဲခြင်း မပြုလုပ်ပါနှင့်။
သင့်ကျန်းမာရေး = ကလေးရဲ့ကျန်းမာရေး။ 💕
🔔 အသိပညာဖလှယ်ခြင်း
ဒီဆောင်းပါးလေးက အကျိုးရှိမယ်ထင်ရင် ကိုယ်ဝန်ဆောင်ထားတဲ့ (သို့) ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားတဲ့ မိတ်ဆွေတစ်ယောက်ယောက်ဆီကို share လိုက်ပါ။ အသိပညာတစ်ခုဟာ ဘဝနှစ်ခုကို တစ်ချိန်တည်း ကာကွယ်ပေးနိုင်ပါတယ်။
မိတ်ဆွေတို့ရဲ့
ဒေါက်တာ ဇွဲလင်းသူ

24/09/2025

Paracetamol ဆိုတာ အန္တရယ် အနည်းဆုံး ဖျားနာသက်သာစေတဲ့ ဆေးဖြစ်တယ်။ US သမ္မတ D. Trump က ကိုယ်ဝန်ဆောင်တွေ သောက်ရင် မွေးလာတဲ့ ကလေးတွေမှာ Autisim အာရုံကြောရောဂါတွေပါလာတယ်လို့ ပြောတဲ့အခါ...

Recommendation for friends who have aspiration to learn Pharmacy Management systematically.
14/09/2025

Recommendation for friends who have aspiration to learn Pharmacy Management systematically.

တက်ချင်တယ် ဆိုတာထက် တက်သင့်တဲ့ ...
🚨 ဆေးဆိုင် စီမံခန့်ခွဲမှု ဒီပလိုမာ 🚨
🎓 Diploma in Pharmacy Management (Online)
⚜️စက်တင်ဘာ 27 တန်းခွဲသစ် စမယ်⚜️
👩‍💼 သင့်ဆေးဆိုင်ကို ခေတ်မီစနစ်ကျတဲ့ စီမံခန့်ခွဲမှုနဲ့ တိုးတက် အောင်မြင်အောင် လုပ်ချင်တယ်ဆိုရင် ၊
🔝ဆေးဆိုင်လုပ်ငန်းကြီးများတွင် ရာထူးတက်ဖို့ ပြင်ဆင်လိုတယ်ဆိုရင်... ဒီသင်တန်းက သင့်အတွက်ပါ။ 👌
✔️ ဘာကြောင့် တက်သင့်သလဲ?
--------------------------------------
🧑‍⚕️ အတွေ့အကြုံရင့် ဆရာဝန်ကြီးများနှင့် ဆေးဆိုင် / ဆေးကုမ္ပဏီ Manager များက သင်ကြားပေးခြင်း။
📜 လက်တွေ့ Assignment, Presentation, Project များဖြင့် လေ့ကျင့်ပေးခြင်း။
👨‍🎓 သင်တန်းပြီးဆုံးလျှင် SKILL-Aid မှ Diploma ဘွဲ့ ရရှိခြင်း။
💊အလုပ်သင်ဝင်ရောက်လေ့လာနိုင်သော အခွင့်အရေးများပါ စီစဉ်ပေးခြင်း။
🎙️Diploma ဘာတွေ သင်ယူရမလဲ?
--------------------------------
⚕️Entrepreneurship in Pharmacy
(ဆေးဆိုင် စနစ်တကျတည်ထောင်ပုံ)
⚕️Operational Management in Retail Pharmacy
(ဆေးဆိုင် စနစ်တကျ လည်ပတ်စေပုံ)
⚕️HR Management in Pharmacy
(ဆေးဆိုင် ဝန်ထမ်းစီမံမှု)‌
⚕️Marketing in Pharmacy
(ဆေးဆိုင် စျေးကွက်ရှာဖွေခြင်း)
📚 သင်တန်းအကြောင်း
----------------------------------
📍 Online (Zoom Class + Video Recording)
🗓 စတင်မည့်ရက် – 27.09.2025
🕑 စနေ/တနင်္ဂနွေ 2:00 pm – 4:00 pm
⏳ သင်တန်းကာလ – 16 ပတ် (4 လ)
💰 သင်တန်းကြေး – 295,000 ကျပ်
(ကျောင်းသားဟောင်း နှင့် အထူး Discount များ ရရှိနိုင်ပါသည်)
📖 သင်ရိုး စာအုပ်များ ၊ အောင်လက်မှတ်များ ပို့ပေးမည်။
ခုပဲဆက်သွယ်လိုက်ပါ
📞09257775152 (Call / Viber)
🗨️ messenger
🏠 အမှတ် 242 ၊ ပထမထပ် ၊ ဆိပ်ကမ်းသာလမ်း (အထက်) ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။
လူဦးရေ အကန့်အသတ်ရှိသည်မို့ .. အမြန်ဆုံးစာရင်းပေးသွင်းထားပါ။ .
MYSE bit.ly/skillaid1 ဆုတံဆိပ်ရ
🪔SKILL-Aid (စကေးလ် အိတ်) မှာ
ဘဝ သက်မွေးဝမ်းကြောင်းတခု
အခုဘဲ စတင်လိုက်ရအောင်...
#ဆေးဆိုင်စီမံ #ဆေးဝါးသင်တန်း

မိတ်ဆွေများအတွက် ဆေးခန်းထိုင်ချိန်များ ကြေညာခြင်းနိုင်ဆေးခန်း09458733283, 09421129004အမှတ် ၃၇၃ ၊ ဗိုလ်စွန်ပတ်လမ်း (အထက်)...
11/09/2025

မိတ်ဆွေများအတွက် ဆေးခန်းထိုင်ချိန်များ ကြေညာခြင်း
နိုင်ဆေးခန်း
09458733283, 09421129004
အမှတ် ၃၇၃ ၊ ဗိုလ်စွန်ပတ်လမ်း (အထက်) ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်။
Mon-to-Fri -- နံနက် 10 am to 12 pm
နေဇာဆေးခန်း
09458733283, 09421129004
အမှတ် ၂၆၅ ၊ ရွှေဘုံသာလမ်း (အလယ်) ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်။
Mon-to-Fri -- ညနေ 5 pm to 7 pm
Appointment / Booking ကြိုယူပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

06/09/2025

ဖုန်း နှင့် Screen ပါတဲ့ device ကိရိယာ တွေဟာ ဒီခေတ် ကျွန်တော့်တို့ရဲ့ ဘဝမှာ ရှောင်ဖယ်မရလောက်အောင် နေရာယူထားကြပါတယ်။ နည်းပညာ တိုးတက်မှုရဲ့ ကောင်းကျိုးကို ခံစားနေရသလို သူ့ရဲ့ ဆိုကျိုးတွေကလည်း အရိပ်တခုလို လိုက်ပါလာရော... ဘယ်လိုပြဿနာတွေ ဖြစ်တတ်လည်း ၊ ဘယ်လို ဆင်ခြင်ဖို့လိုမလည်း ဆရာဇွဲနှင့် အတူ ဒီ video မှာ ဆွေးနွေးရအောင်....
🏫ကျောင်းသို့ လာလည်ဖို့ ဖိတ်ခေါ်တယ်နော်...
အမှတ် (242) ၊ ပထမထပ် ၊ ဆိပ်ကမ်းသာအထက်လမ်း ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။
☎️ ဖုန်းဆက်စုံစမ်းလိုက်ပါ။
09257775152, 09787369047, 09983801387

အငယ်လေးက အမြဲ မျက်နာ ငယ်ရတယ်...:P
06/09/2025

အငယ်လေးက အမြဲ မျက်နာ ငယ်ရတယ်...:P

📱ဖုန်းစွဲလမ်းမှု (Screen Addiction) ဆိုတာ အခုခေတ် လူငယ်တွေရဲ့ ကျန်းမာရေးမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။

📱 ဖုန်းစွဲလမ်းမှုက ဘာတွေဖြစ်စေလဲ?

-စိတ်ဖိစီးမှုများခြင်း 😥
-အိပ်ရေးပျက်ခြင်း 🛌
-ဇက်ကြောတက်၊ ကျီးပေါင်းနာဖြစ်ခြင်း
-မျက်စိထိခိုက်ခြင်း 👁️
-အာရုံစူးစိုက်မှုနည်းပြီး ဉာဏ်ဖျင်းလာခြင်း 📉
-လူတွေနဲ့ တွေ့ဆုံစကားပြောရမှာ ရှက်တတ်လာခြင်း 🗣️

👶 ကလေးတွေအတွက်ဆို ပိုဆိုးပါတယ်!
ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။

✅ ဒီလိုပြဿနာတွေကို ဘယ်လိုကာကွယ်မလဲ?
-အချိန်ကန့်သတ်ပါ - ကလေးငယ်တွေအတွက် ဖုန်းကြည့်ချိန်ကို သတ်မှတ်ပေးပါ။

-ဖုန်းကင်းမဲ့ဇုန်ထားပါ - ညစာစားပွဲလို မိသားစုအချိန်တွေမှာ ဖုန်းကို ရှောင်ကြဉ်ပါ။

-ဖုန်းမလိုတဲ့လှုပ်ရှားမှုတွေလုပ်ပါ - လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ ဒါမှမဟုတ် မိသားစုနဲ့အတူ အချိန်ဖြုန်းတာမျိုးတွေ လုပ်ဆောင်ပါ။

နည်းပညာရဲ့ ကောင်းကျိုးကို ယူပြီး ဆိုးကျိုးကို ရှောင်နိုင်ကြပါစေ။❤️

အကျိုးရင် Like & Share လုပ်ပြီး တခြားသူတွေကိုလည်း ဗဟုသုတမျှဝေလိုက်ပါနော်။❤️

ညနေ 6:30 pm မှာ Vid​eo လေးနဲ့ အသေးစိတ် ထပ် ရှင်းပြဦးမယ် စောင့်ကြည့်ဦးနော်

24/08/2025

Energy Drink လို့ခေါ်တဲ့ အားဖြည့် အချိုရည်တွေဟာ သောက်သူတွေကို ဘာလို့များ စွဲလမ်းစေသလည်း ။ ရေတို ၊ ရေရှည်မှာ ဘာဆိုးကျိုးတွေ ရနိုင်မလည်း ဆရာ ဇွဲ နှင့် အတူ ဆွေးနွေးကြရအောင်...

နိုင်ဆေးခန်း။
09421129004
အမှတ် ၃၇၃ ၊ ဗိုလ်စွန်ပတ်လမ်း (အထက်) ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်။
Mon-Fri 10 AM to 12 PM
🏫ကျောင်းသို့ လာလည်ဖို့ ဖိတ်ခေါ်တယ်နော်...
အမှတ် (242) ၊ ပထမထပ် ၊ ဆိပ်ကမ်းသာအထက်လမ်း ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။
☎️ ဖုန်းဆက်စုံစမ်းလိုက်ပါ။
09257775152, 09787369047, 09983801387

ဆေးဝါးသင်တန်းသစ်လေး ကြေညာပေးထားပါတာ်နော်
24/08/2025

ဆေးဝါးသင်တန်းသစ်လေး ကြေညာပေးထားပါတာ်နော်

ဆေးဆိုင် ဖွင့်ဖို့ စိတ်ကူးရှိတယ်လား?
မိမိ မိသားစုအတွက် ဆေးဝါးအကြောင်း လေ့လာချင်သလား?
🎓 မြန်မာနိုင်ငံ အဆင့်မြင့်ဆုံး
🏆 MYSE Award #1 ဆုတံဆိပ်ရ ဆေးဝါးအခြေခံသင်တန်းကျောင်း မှ
⚜️ “108 ကြိမ်မြောက် ဆေးဝါးသင်တန်း ” တန်းခွဲသစ် ကျေညာလိုက်ပါပြီ!
🏆 ဘာလို့ SKILL-Aid ကို ရွေးချယ်သင့်သလဲ?
အတွေ့အကြုံရှိ ဆရာဝန်ကြီးများ နှင့် ဆေးပညာရှင်များက အခြေခံမှ စပြီး လက်တွေ့ကျကျ သင်ကြားပေးမှာပါ။
သင်ရမှာတွေ 👇
✔️ ဆေးဝါးဗေဒ ၊ ခန္ဓာဗေဒ နှင့် ရောဂါဗေဒ ဘာသာရပ်များ
✔️ OTC ဆေးစပ်နည်း နှင့် ကျန်းမာရေးဗဟုသုတပေးနည်း
✔️ ဆေးဆိုင်လိုင်စင်လျှောက်နည်း ၊ စီမံခံခွဲမှု
✔️ အလုပ်သင် နှင့် အလုပ်ဝင်အခွင့်အရေးတွေပါ စီစဉ်ပေးပါတယ်။
သင်တန်းအချက်အလက်
📅 စတင်မည့်ရက်: 13. 09. 2025 (စနေနေ့)
⏳ သင်တန်းကာလ: 8 ပတ် (2 လ)
🕘 သင်တန်းရက်: စနေ၊ တနင်္ဂနွေ
🕘 အချိန်: မနက် 9:00 မှ နေ့လည် 12:00 အထိ
💰 သင်တန်းကြေး: 270,000 ကျပ်
💰 စာအုပ်စာတမ်းကြေး: 25,000 ကျပ်
⚡ အထူးအစီအစဉ်!
ပထမဆုံး အပ်နှံသူ ၁၀ ဦးအတွက် စာအုပ်ဖိုး 25,000 ကျပ်ကို ချက်ချင်းလျှော့ပေးမှာဖြစ်လို့ အခုပဲ စာရင်းပေးလိုက်တော့။
ဆက်သွယ်ပါ ၊ လာရောက် လေ့လာပါ။
☎️ 09257775152, 09787369047, 09983801387
🏫 လိပ်စာ- အမှတ် (242)၊ ပထမထပ်၊ ဆိပ်ကမ်းသာအထက်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
လူဦးရေ အကန့်အသတ်ရှိလို့ အခွင့်အရေး မဆုံးရှုံးခင် မြန်မြန်လေး လာရောက် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါတယ်။
🪔 သင်ရဲ့ အနာဂတ်အတွက် ​​ခြေလှမ်းသစ်များစတင်မယ်​
ရင်မှာ စွဲချိတ် SKILL-Aid....
#ဆေးဆိုင် #သက်မွေးပညာ

အားဖြည့်အချိုရည် (Energy Drink) ရဲ့ အန္တရာယ်များ 🚨"ကျွဲရိုင်း" လို့ခေါ်တဲ့ အားဖြည့်အချိုရည်တွေက လူငယ်တွေကြားမှာ ရေပန်းအစ...
24/08/2025

အားဖြည့်အချိုရည် (Energy Drink) ရဲ့ အန္တရာယ်များ 🚨
"ကျွဲရိုင်း" လို့ခေါ်တဲ့ အားဖြည့်အချိုရည်တွေက လူငယ်တွေကြားမှာ ရေပန်းအစားဆုံးပါ။ ဒါပေမယ့် ဒီလိုသောက်သုံးမှုက ဆိုးကျိုးတွေ အများကြီးရှိနေတယ်ဆိုတာ သင်သိပါသလား? 🤔

⚠️ ဘာတွေပါလဲ?
- သကြားဓာတ်အများအပြား - ခွန်အားရှိစေတယ် ၊ ဆီးချိုဖြစ်နိုင်ခြေမြင့်တက်စေတယ်
- ကဖိန်းဓာတ်မြင့်မားခြင်း - အိပ်ချင်စိတ်ပြေတယ် ၊ ရင်တုန်၊ လက်တုန်စေတယ်
- တော်ရိုရင်းနှင့် ဗီတာမင်ဘီ - ခန္ဓာကိုယ်ကို လန်းဆန်းနေအောင်ထိန်းပေးတယ်

⚡ ဆိုးကျိုးများ
- နှလုံးခုန်မြန်ခြင်း၊ အိပ်မပျော်ခြင်း
- နှလုံးစောစောပျက်စီးစေနိုင်ခြင်း
- ကျောက်ကပ်ထိခိုက်စေနိုင်ခြင်း
- အရက်နှင့်ရောသောက်မိပါက အန္တရာယ်ကြီးမားခြင်း

👶 ဒီလူတွေရှောင်ပါ
- ကလေးငယ်များ
- နှလုံးရောဂါရှိသူများ
- အားကစားသမားများ

💡 အကောင်းဆုံးအစားထိုးနည်းများ
- ကော်ဖီ/လက်ဖက်ရည် (ကဖိန်းနည်းတဲ့)
- နွားနို့/ဒိန်ချဉ် (သကြားမထည့်ဘဲ)
- ဓာတ်ဆားရည်
- အိပ်ရေးဝဝအိပ်စက်ခြင်း (သဘာဝအားဖြည့်နည်း)

ဒေါက်တာ ဇွဲလင်းသူ မှ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒီည Video တက်လာမယ် Video မှာ အသေးစိတ် ထပ်ရှင်းပြထားပါတယ်။ စောင့်ကြည့်ပေးပါဦး
---
👍 Like & Share ပြီး မိတ်ဆွေတွေ ကိုလည်း သတိပေးလိုက်ပါ
🔔 ကျန်းမာရေးဗဟုသုတ တွေ အမြဲ မပြတ်ရနေဖို့ Page ကို FOLLOW လုပ်ထားနိုင်ပါတယ်နော်..

ကျန်းမာပျော်ရွှင်သော ဘဝလေးကို တည်ဆောက်ကြပါစို့။ ❤️

17/08/2025

တိမ်စွဲတာ ဘာကြောင့်လည်? ဘယ်လို လက္ခဏာ ပြသလည်း ? ဘယ်လိုကုသမလည်း ? ဆရာ ဇွဲ နှင့်အတူ လေ့လာကြမယ်။ Video အဆုံးထိ ကြည့်လိုက်ရအောင်...

👀 အတွင်းတိမ်ရောဂါအကြောင်း သိထားသင့်သမျှ (Cataract)မျက်လုံးတွေ ဝါးလာပြီး အမြင်မှုန်ဝါးနေပြီလား?တစ်နေ့ အိပ်ရာနိုးလာတဲ့အခါ ...
17/08/2025

👀 အတွင်းတိမ်ရောဂါအကြောင်း သိထားသင့်သမျှ (Cataract)

မျက်လုံးတွေ ဝါးလာပြီး အမြင်မှုန်ဝါးနေပြီလား?
တစ်နေ့ အိပ်ရာနိုးလာတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဝါးမှုန်နေတယ်၊ အလင်းစူးရင် မခံနိုင်ဘူး၊ အရောင်တွေမှိန်လာတယ်ဆိုရင် **အတွင်းတိမ် (Cataract)** ဖြစ်နေနိုင်ပါတယ်။ ဒီရောဂါကို မကုဘဲထားရင် **မျက်စိကွယ်တဲ့အထိ** ဆိုးရွားနိုင်ပေမယ့်၊ အချိန်မီကုသရင် 99% ပျောက်ကင်းနိုင်ပါတယ်!

---

🔍 အတွင်းတိမ်ဆိုတာ ဘာလဲ?
မျက်လုံးထဲက မှန်ဘီလူး (Lens) ဝါးလာတဲ့အခါ အမြင်အာရုံမှုန်ဝါးလာတာပါ။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေများပြီး အထူးသဖြင့်
- အသက် 50+ မှာ 30%၊
- 75+ မှာ 70% ဖြစ်နိုင်ပါတယ်။

ဘာတွေကြောင့်ဖြစ်နိုင်လဲ?
✔️ အသက်ကြီးခြင်း
✔️ ဆီးချို/သွေးတိုးရောဂါရှိခြင်း
✔️ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးခြင်း
✔️ နေပူထဲ အလင်းခံမျက်လုံးကို အကာအကွယ်မဲ့ခြင်း

---

⚠️ ဘယ်လိုလက္ခဏာတွေပြတတ်လဲ?
- အမြင်မှုန်ဝါးခြင်း (ပါဝါမှန်တွေ ခဏခဏလဲရခြင်း)
- အလင်းစူးရင် မခံနိုင်ခြင်း (ညဘက် ကားမောင်းရခက်ခြင်း)
- အရောင်တွေ မှိန်ဖျော့လာခြင်း
- တစ်ဖက်တည်း (သို့) နှစ်ဖက်လုံးမှာ ဖြူဝါးနေခြင်း

---
💡 ကုသနည်းများ
အတွင်းတိမ်က ဆေးနဲ့မပျောက် ၊ ခွဲစိတ်ကုသမှသာ ပျောက်ကင်းပါတယ်။ ကံကောင်းတာက ခွဲစိတ်မှုက 10-15 မိနစ်ပဲကြာပြီး နာကျင်မှုမရှိဘဲ အောင်မြင်နှုန်း 99% အထိရှိတာပါ!

🔪 ခွဲစိတ်နည်း ၂ မျိုး:
1. Phacoemulsification (ခေတ်မီနည်း) – အပေါက်သေးသေးဖောက်ပြီး ဝါးနေတဲ့ Lens ကိုစုပ်ထုတ်၊ အတုန်းလေးထည့်ပေးခြင်း။ ချုပ်ရိုးမလို၊ အနာကျက်မြန်ပါတယ်။
2. သမားရိုးကျနည်း – Lens တစ်ခုလုံးထုတ်ပြီး မှန်အမာထည့်ခြင်း။ ချုပ်ရိုးလိုအပ်ပြီး နည်းနည်းပိုပြင်းထန်ပါတယ်။

❗ သတိပြုရန်: တိုင်းရင်းဆေးနည်းတွေ (ဆေးလိမ်းခြင်း၊ ဆေးစားခြင်း) က အတွင်းတိမ်ကို လုံးဝမပျောက်စေနိုင်ပါ။

---

🛡️ ကာကွယ်နည်းများ
- နေပူထဲသွားရင် UV ကာမျက်မှန် တပ်ပါ။
- ဆီးချိုရှိရင် သကြားဓာတ်ထိန်းပါ။
- အရည်ရွှမ်းအသီးအနှံ (အနီ/အဝါ) များများစားပါ။
- အသက် 40+ ဆိုရင် **နှစ်စဉ် မျက်စိစစ်ဆေးမှု** ခံယူပါ။

---
သတင်းကောင်း: အတွင်းတိမ်က ကုလို့ပျောက်တဲ့ရောဂါ ဖြစ်ပေမယ့် အချိန်မီမကုရင် မျက်စိကွယ်နိုင်ပါတယ်! ဒါကြောင့် ကိုယ့်မှာ အထက်ပါလက္ခဏာတွေရှိရင် မျက်စိအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

👉 ဒီဆောင်းပါးက အကျိုးရှိမယ်ထင်ရင် Like & Share လုပ်ပြီး သင့်မိသားစုကိုလည်း သတိပေးလိုက်ပါနော်!

#မျက်စိကျန်းမာရေး #အတွင်းတိမ် **

မိတ်ဆွေတို့ရဲ့ မိသားစု ဆရာဝန်
ဒေါက်တာဇွဲလင်းသူ

Address

နိုင်ဆေးခန်း >အမှတ် ၃၇၃ ၊ ဗိုလ်စွန်ပတ်လမ်း (အထက်)
Yangon
11141

Website

Alerts

Be the first to know and let us send you an email when Dr. Zwe Lin Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share