Mahar Loka

Mahar Loka Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar Loka, Medical and health, No. 6, Moe Ma Kha Street, Malikha Housing, Thingangyun Township, Yangon.

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။အကြောင်...
01/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။
အကြောင်းကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော်ဖြစ်သလို ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဖြစ်ပါတယ်….။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် အဇာတသတ်မင်းကြီးအမှူးပြုတဲ့ ပရိသတ်တို့ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့လည်း သိရပါတယ်🙏🏻

🔸 အဇာတသတ်မင်းကြီးဟာ မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရနေတဲ့အချိန် တန်ဆောင်မုန်းလပြည့်ညရဲ့ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရတဲ့အခါ အခုလိုနေ့မျိုးမှာ ဘယ်လိုရဟန်းသာမဏေ ၊ ဗြဟ္မဏတို့ထံ ဆည်းကပ်ရင် ကောင်းမလဲဆိုတာကို တွေးတောမိပြီး မင်းချင်းတို့ကို ဖွင့်ဟတိုင်ပင်မိခဲ့တယ်လို့ ဆိုကြပါတယ်။
မင်းလိုလိုက်အကြိုက်ဆောင်တတ်တဲ့ မင်းချင်းတွေက သူတို့ကိုးကွယ်ဆည်းကပ်တဲ့ မိစ္စာဒိဌိဆရာကြီး ၆ ဦးကို ညွှန်ပြရာ အဇာတသတ်မင်းက နားမဝင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နှုတ်ဆိတ်နေတဲ့ ဗုဒ္ဓဘာသာဝင်ဆေးဆရာ ဇီဝကကို မေးမြန်းခဲ့ရာ ဆေးဆရာ ဇီဝကက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြီး ဘုရားရှင်ကို ဆည်းကပ်ဖို့ လျှောက်တင်ခဲ့ပါတယ်။

🔸 အဇာတသတ်မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး ဆင်မြင်းဗိုလ်ပါခြံရံကာ ဆရာဇီဝကရဲ့ ဥယျာဉ်တော်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ထံကို ကြွချီခဲ့တယ်လို့ ဆိုပါတယ်။ ဥယျာဉ်တော်ထဲမှာ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ကို ဖူးတွေ့တဲ့အခါ အဇာတသတ်မင်းကြီးက မေးမြန်းလျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်🙏🏻
🌕တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ကထိန်သင်္ကန်းတွေဆက်ကပ်လှူဒါန်းကြတဲ့ ကထိန်ပွဲတော်ကလည်း တန်ဆောင်မုန်းလရဲ ကျင်းပမြဲဖြစ်တဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလဟာ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ ကာလဖြစ်ပါတယ်။

ဒါအပြင် တန်ဆောင်မုန်းလမှာ ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းတဲ့ ပွဲတော်တွေကိုပါ ကျင်းပကြလေ့ရှိပါတယ်။ နေ့မကူး ၊ ရက်မကူးစေပဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်မှုကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းကနေ လပြည့်နေ့ အာရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြလေ့ရှိပါတယ်။ မသိုးသင်္ကန်းကပ်လှူပွဲတွေကို နိုင်ငံတစ်ဝန်းဘုရားစေတီတွေမှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

🎈အထင်ကရ အရှိဆုံးပွဲတော် နောက်တစ်ခုလဲ ထပ်ရှိနေပါသေးတယ်။ ဒါကတော့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲဖြစ်ပါတယ်။ ထိုကဲ့သို့ တန်ဆောင်တိုင် လပြည့်ညများမှာ တောင်ကြီးမြို့တွင် မီးပုံးများကို ပြုလုပ်ကာ မြို့လုံးကျွတ် စည်းကားသိုက်မြိုက် စွာ ဘုရားရှင်ကို ပူဇော်ကြလေ့ရှိပါတယ်။ ဒါ့အပြင် တန်ဆောင်မုန်းလနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ပွဲတော်တစ်ခုကတော့ ကျီးမနိုးပွဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည လူအများအိပ်ချိန်ကနေ နံနက် အာရုဏ်မတက်မီကလအထိ ပြုလုပ်ကြလေ့ရှိပါတယ်။
သူခိုးကြီးညလို့လည်း ခေါ်ဆိုကြပြီး ရပ်ကွက်အတွင်း ၊ ကျေးရွာအတွင်းမှာ အရာဝတ္ထုတွေကို ရွှေ့ထားတာ ၊ တစ်စုံတစ်ယောက်ကို နောက်ပြောင်တာ စတဲ့အပြုအမူတွေနဲ့ ရိုးသားစွာနောက်ပြောင်ကျီစယ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

📌 ထိုကဲ့သို့သော ရက်ထူးရက်မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေနှင့် အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) မှ နိုဝင်ဘာလ ၄ ရက်နေ့ (အင်္ဂါနေ့) အထိ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
#တန်ဆောင်တိုင် #ရုံးပိတ်ရက် #ရုံးပိတ်ရက်

29/10/2025

📣 သတင်းကောင်းပါးအပ်ပါတယ်ရှင့်! 📣
✨ ကျွန်တော်တို့ရဲ့ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ကုမ္ပဏီမှ ပစ္စည်း/ဝန်ဆောင်မှုတွေကို ယခုအခါမှာတော့ 𝐊𝐁𝐙 𝐐𝐮𝐢𝐜𝐤𝐩𝐚𝐲 💳 ဖြင့် လွယ်ကူလျင်မြန်စွာ ငွေပေးချေလို့ရပြီဖြစ်ကြောင်း ဝမ်းသာအားရ အသိပေးအပ်ပါတယ်! ✨

💰 ငွေပေးချေမှုပမာဏအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးနော်!
𝐊𝐁𝐙 𝐐𝐮𝐢𝐜𝐤𝐩𝐚𝐲 ဖြင့် တစ်ကြိမ်တည်း 💵 ကျပ်သိန်း ၅၀ (၅,၀၀၀,၀၀၀) အထိ အများဆုံး ပေးချေနိုင်ပြီဖြစ်လို့ ပမာဏများသော ဝယ်ယူမှုများအတွက်ပါ လုံးဝ အဆင်ပြေစေမှာပါ။

လူကြီးမင်းတို့အနေဖြင့်...
• ဘဏ်ခွဲများသို့ သွားစရာမလိုဘဲ
• အချိန်ကုန်သက်သာစွာဖြင့်
• လုံခြုံစိတ်ချစွာ
𝐊𝐁𝐙 𝐐𝐮𝐢𝐜𝐤𝐩𝐚𝐲 ဝန်ဆောင်မှုဖြင့် ငွေပေးချေနိုင်ပြီဖြစ်လို့ အခုပဲ အသုံးပြုလိုက်ပါနော်!

💡 𝐊𝐁𝐙 𝐐𝐮𝐢𝐜𝐤𝐩𝐚𝐲 ဖြင့် ငွေပေးချေပုံ အဆင့်ဆင့်ကို အောက်က Video မှာ အသေးစိတ် လေ့လာနိုင်ပါတယ်! ⬇️

လွယ်ကူ၊ လျင်မြန်၊ အချိန်ကုန် သက်သာ 𝐊𝐁𝐙 𝐐𝐮𝐢𝐜𝐤𝐩𝐚𝐲 ဖြင့် ငွေပေးချေပါ….။

#ငွေပေးချေမှုအသစ် #လွယ်ကူလျင်မြန် #အွန်လိုင်းစျေးဝယ်

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း🙏🏻မင်္ဂလာပါရှင်၊လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…လာမည့် အောက်တိုဘာလ ၂၀ ရ...
19/10/2025

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း

🙏🏻မင်္ဂလာပါရှင်၊
လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…
လာမည့် အောက်တိုဘာလ ၂၀ ရက် (တနင်္လာနေ့) သည် ဒေဝါလီနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပါသောကြောင့်၊ ကျွန်ုပ်တို့၏ ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးလုပ်ငန်းများကို အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 09946500500 သို့ ဆက်သွယ်နိုင်ပါသည်။

မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ဒေဝါလီပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဒေဝါလီနေ့ #ရုံးပိတ်ရက်

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျ...
04/10/2025

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮

🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
08.10.2024 ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပုံမှန်အတိုင်းဝန်ဆောင်မှုများဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🏮ကျက်သရေမင်္ဂလာရှိသောဝါလကင်းလွတ်သီတင်းကျွတ်အခါသမယကို ချစ်ရတဲ့ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်….။

#သတင်းကျွတ် ရုံးပိတ်ရက် #ဝါလကင်းလွတ်သီတင်းကျွတ် #တယှဉ်နွှပျော် သီတင်းကျွတ်ပွဲတော်

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~~𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်...
19/07/2025

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ
၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ (စနေနေ့) သည် ◤အာဇာနည်‌နေ့ ◢ ဖြစ်တဲ့အတွက် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရုံးချုပ်နှင့် ရုံးခွဲများ အားလုံး ပိတ်ထားမည် ဖြစ်ပြီး ပစ္စည်းပို့ဆောင်ခြင်း ၊ ငွေကောက်ခံခြင်း ၊ စာပြန်ခြင်း ဝန်ဆောင်မှုများ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။

#အာဇာနည်နေ့ #ရုံးပိတ်ရက် #ဗိုလ်ချုပ်အောင်ဆန်း #အစးရရုံးပိတ်ရက် #ရုံးပိတ်ရက်ကြေညာခြင်း

📣 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📣ဝါဆိုလပြည့်နေ့ (ဇူလိုင် ၉ ရက် ဗုဒ္ဓဟူးနေ့) ဟာ ရုံးပိတ်ရက်ဖြစ်ပါကြောင်း ကြေညာအပ်ပါတယ်ခ င်...
09/07/2025

📣 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📣

ဝါဆိုလပြည့်နေ့ (ဇူလိုင် ၉ ရက် ဗုဒ္ဓဟူးနေ့) ဟာ ရုံးပိတ်ရက်ဖြစ်ပါကြောင်း ကြေညာအပ်ပါတယ်ခ င်ဗျာ။ ဒါကြောင့် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ကြိုတင်လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျ🙏🏻
အဆိုပါရုံးပိတ်ရက်အတွင်း သိလိုသောအကြောင်းအရာများအား 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗮𝗻𝗴𝗲𝗿 တွင်မေးမြန်းထားနိုင်ပြီး ရုံးဖွင့်ရက်(ဇူလိုင်လ ၁၀ရက်နေ့) တွင် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ။

🙏🏻ဝါဆိုလပြည့်နေ့ရဲ့ အနှစ်သာရက ဘာလဲဆိုတော့ မြတ်စွာဘုရားရှင်ရဲ့ သန္ဓေတည်ခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ပဉ္စဝဂ္ဂီငါးဦးတို့ ရဟန်းအဖြစ်ကို ရောက်ရှိခြင်း စတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေ စုပေါင်းဆုံစည်းတဲ့ အခါသမယပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့လေးမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး စိတ်ရောကိုယ်ပါ ချမ်းသာသုခ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!
အားလုံးပဲ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်လည်းယူ၊ အနားလည်းယူပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ! 🙏

#ဝါဆိုလပြည့်နေ့ #ကျန်းမာရေး #အစးရရုံးပိတ်ရက် #ရုံးပိတ်ရက်ကြေညာခြင်း

20/06/2025

𝐃𝐌 𝐒𝐞𝐧𝐬𝐨𝐫 ဆီးချိုတိုင်းတာစက် လေးရဲ့ အသုံးပြုနည်း အမှန်ကို သိပြီးကြပြီလား ❓

📌ကျွန်တော်တို့ ချစ်ရတဲ့ သုံးစွဲသူ customer မိဘများ ဆီးချိုတိုင်းတာတဲ့အခါ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး 𝐃𝐌 𝐒𝐞𝐧𝐬𝐨𝐫 ဆီးချိုစက်ရဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

#အသုံးပြုပုံအဆင့်ဆင့် #ကျန်းမာရေး

06/06/2025

𝐃𝐫.𝐒𝐦𝐢𝐭𝐡 သွေးပေါင်ချိန်တိုင်းတာစက် လေးရဲ့ အသုံးပြုနည်း အမှန်ကို သိပြီးကြပြီလား ❓

📌ကျွန်တော်တို့ ချစ်ရတဲ့ သုံးစွဲသူ customer မိဘများ ဆီးချိုတိုင်းတာတဲ့အခါ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး 𝐃𝐫.𝐒𝐦𝐢𝐭𝐡 သွေးပေါင်ချိန်စက်ရဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

#ကျန်းမာရေး
#အသုံးပြုပုံအဆင့်ဆင့် .Smith

𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရဲ့ (𝟖) နှစ်ပြည့် အလှူတော်မင်္ဂလာ(𝟏𝟕)ရက်နေ့ ၊ (𝟓)လပိုင်း ၊ (𝟐𝟎𝟐𝟓) ခုနှစ်တွင် ကျွန်တော်တို့ မဟာလောက မိသားစု နှ...
31/05/2025

𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရဲ့ (𝟖) နှစ်ပြည့် အလှူတော်မင်္ဂလာ

(𝟏𝟕)ရက်နေ့ ၊ (𝟓)လပိုင်း ၊ (𝟐𝟎𝟐𝟓) ခုနှစ်တွင် ကျွန်တော်တို့ မဟာလောက မိသားစု နှင့် ဝန်ထမ်းများ စုပေါင်း၍ နဝကမ္မ အလှူအဖြစ် သံဃာတော် (၅) ပါးအား နေ့ဆွမ်း ၊ ဆန်၊ဆီ၊ဆေး၊ဆား တို့အား ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ🙏🏻
မဟာလောကအား အစဉ်တစိုက် အားပေးလာခဲ့သော မိတ်ဟောင်း၊မိတ်သစ် Customer များလည်း ကျွန်တော်တို့နှင့် ထပ်တူ ကုသိုလ်သဒ္ဒါ ပွါးများ၍ သာဓု ခေါ်နိုင်ကြပါစေရန် အလှူမင်္ဂလာ ပုံရိပ်များကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ….။

#၈နှစ်ပြည့်အလှူတော်မင်္ဂလာ #ကျန်းမာရေး

🥳"𝟖 𝐲𝐞𝐚𝐫𝐬 𝐬𝐭𝐫𝐨𝐧𝐠! 𝐖𝐞'𝐯𝐞 𝐰𝐞𝐚𝐭𝐡𝐞𝐫𝐞𝐝 𝐬𝐭𝐨𝐫𝐦𝐬 𝐚𝐧𝐝 𝐛𝐮𝐢𝐥𝐭 𝐚 𝐟𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐬𝐮𝐜𝐜𝐞𝐬𝐬. 𝐇𝐞𝐫𝐞'𝐬 𝐭𝐨 𝐭𝐡𝐞 𝐧𝐞𝐱𝐭 𝐜𝐡𝐚𝐩𝐭𝐞𝐫.""𝐇𝐚𝐩𝐩𝐲 𝟖𝐭𝐡 𝐀𝐧𝐧𝐢𝐯...
17/05/2025

🥳"𝟖 𝐲𝐞𝐚𝐫𝐬 𝐬𝐭𝐫𝐨𝐧𝐠! 𝐖𝐞'𝐯𝐞 𝐰𝐞𝐚𝐭𝐡𝐞𝐫𝐞𝐝 𝐬𝐭𝐨𝐫𝐦𝐬 𝐚𝐧𝐝 𝐛𝐮𝐢𝐥𝐭 𝐚 𝐟𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐬𝐮𝐜𝐜𝐞𝐬𝐬. 𝐇𝐞𝐫𝐞'𝐬 𝐭𝐨 𝐭𝐡𝐞 𝐧𝐞𝐱𝐭 𝐜𝐡𝐚𝐩𝐭𝐞𝐫."

"𝐇𝐚𝐩𝐩𝐲 𝟖𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲!"🎉

𝟐𝟎𝟏𝟕 ခုနှစ်၊ 𝗠𝗮𝘆 လ၊ 𝟭𝟳 ရက်နေ့မှာ မြန်မာပြည်သူများရဲ့ ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ 𝗠𝗮𝗵𝗮𝗿 𝗟𝗼𝗸𝗮 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗟𝗶𝗺𝗶𝘁𝗲𝗱 ဟာ မြန်မာ့ဆေးဘက်ဆိုင်ရာ ကိရိယာဖြန့်ဖြူးရောင်းချရေး နယ်ပယ်ထဲကို စတင်ဝင်ရောက်လာခဲ့တာ အခုဆိုရင် ၈ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဤအချိန်ထိတိုင်အောင် အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ နဲ့ အာဟာရဖြည့်စွက်စာများကို မြန်မာပြည်အနှံ့ လက်လီ /လက်ကား ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့တာဟာ Customer တစ်ဦးချင်းစီရဲ့ အားပေးမှု ၊ ယုံကြည်မှုတို့နဲ့အတူ ကျွန်တော်တို့ 𝗠𝗮𝗵𝗮𝗿 𝗟𝗼𝗸𝗮 မှ ညီကိုမောင်နှမဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုတို့ ဟန်ချက်ညီခဲ့ကြလို့ပဲဖြစ်ပါတယ်ခင်ဗျာ🙏🏻
ကျွန်တော်တို့ကို အမြဲ ယုံကြည်အားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ🙏🏻
နောက်ထပ်လည်း အားလုံး စိတ်ကျေနပ်ရရှိစေဖို့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ဖို့ ကျွန်တော်တို့ 𝗠𝗮𝗵𝗮𝗿 𝗟𝗼𝗸𝗮 ညီကိုမောင်နှမဝန်ထမ်းများမှ ဒီထက်အများကြီး ကြိုးစားသွားပါ့မယ်လို့ ကတိကဝတ်ပြုရင်း……။

𝗧𝗵𝗮𝗻𝗸 𝘆𝗼𝘂 𝘁𝗼 𝗲𝗮𝗰𝗵 𝗮𝗻𝗱 𝗲𝘃𝗲𝗿𝘆 𝗺𝗲𝗺𝗯𝗲𝗿 𝗼𝗳 𝗼𝘂𝗿 𝘁𝗲𝗮𝗺. 𝗬𝗼𝘂𝗿 𝗰𝗼𝗻𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻𝘀 𝗵𝗮𝘃𝗲 𝗺𝗮𝗱𝗲 𝘁𝗵𝗶𝘀 𝗷𝗼𝘂𝗿𝗻𝗲𝘆 𝗶𝗻𝗰𝗿𝗲𝗱𝗶𝗯𝗹𝗲.🤜🏻🤛🏻

#ကျန်းမာရေး

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ ဖြစ်ပေသည်။🔸ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေ...
11/05/2025

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ ဖြစ်ပေသည်။

🔸ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
🔸မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
🔸မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
🔸မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။

✨ထိုကဲ့သို့သော ထူးမြတ်လှသည့် ကဆုန်လပြည့်နေ့မှသည် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 အား အစဉ်တစိုက် အားပေးလာခဲ့သော ဆေးဆိုင်များ၊ ဆေးရုံဆေးခန်းများ နှင့် မိတ်ဟောင်း၊မိတ်သစ် Customer များ ကျန်းမာခြင်း ၊ ချမ်းသာခြင်း တို့နှင့် ပြည့်စုံ၍ အနာရောဂါ ကင်းရှင်း ကာ စီးပွားလာဘ်လာဘ များ တိုးပွားပါစေကြောင်း 𝙈𝙖𝙝𝙖𝙧 𝙇𝙤𝙠𝙖 𝘾𝙤.𝙇𝙩𝙙 မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်🙏

#ဗုဒ္ဓနေ့ #ကဆုန်လပြည့်နေ့ #ကျန်းမာရေး

Address

No. 6, Moe Ma Kha Street, Malikha Housing, Thingangyun Township
Yangon

Website

Alerts

Be the first to know and let us send you an email when Mahar Loka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mahar Loka:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram