08/03/2023
ECCD နည်းလမ်းဆိုတာက သပ်သပ် Montessori နည်းလမ်းဆိုတာကသပ်သပ် မဟုတ်ပါဘူးနော် ❌❌
Montessori Method is one of the approaches to ECCD.
1960 ခုနှစ်ဝန်းကျင်ကတည်းက ကမ္ဘာတဝှမ်းလုံးမှာ Early Childhood Education ကို ချဥ်းကပ်တဲ့သင်ကြားနည်းတွေ အမျိုးမျိုးပေါ်ထွက်လာခဲ့တယ်။ အဲ့ဒီချဥ်းကပ်နည်း၊ သင်ကြားနည်းတွေအနက် Maria Montessori ဆိုတဲ့ပညာရှင်က Early Childhood Education ကို ချဥ်းကပ်တဲ့သင်ကြားနည်းပုံစံမို့လို့ ပညာရှင်ရဲ့နာမည်ကိုအစွဲပြု၍ Montessori နည်းလမ်းလို့ခေါ်တာပါ။
ECCD ကို ချဥ်းကပ်တဲ့ အခြားပညာရှင်တွေ အခြားနည်းလမ်းတွေလည်းအများကြီးရှိပါသေးတယ်။
Bank Street Approach, Waldorf School, Reggio Emilia စသည်ဖြင့် Early Childhood Education ကို ပညာရှင်အမျိုးမျိုးနည်းလမ်းအမျိုးမျိုးဖြင့် သင်ကြားနည်းတွေရှိကြပါတယ်။ နည်းလမ်းအားလုံးက Early Childhood အရွယ် ကလေးသူငယ်များကို ဘက်စုံဖွံ့ဖြိုးမှုရအောင် လေ့ကျင့်သင်ကြားပြုစုပျိုးထောင်ပေးကြဖို့ပဲ ရည်ရွယ်ပါတယ်။
ဒါကြောင့် ECCD နည်းလမ်းက သပ်သပ် Montessori နည်းလမ်းကသပ်သပ်မဟုတ်ပါဘူး။
မေတ္တာဖြင့်
ဒေါက်တာရွှေရည်ဝင်း
ပညာရေးစိတ်ပညာပါရဂူ