06/12/2025
အများသိစေရန် အသိပေးကြေညာခြင်း
ဤကြေညာချက်သည် အောက်ဖော်ပြပါ အချက်များကို တရားဝင် ရှင်းလင်းအသိပေးအပ်ပါသည်။
Strategic Alliance Marketing Company Limited အနေဖြင့်
* ၂၀၁၀ ခုနှစ်မှ စတင်ကာ SAM Field Marketing Services အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း ထုတ်ကုန်အမှတ်တံဆိပ်များအတွက် Field Marketing services: Sampling, Activation, Retail Marketing, Event Management services များ တာဝန်ယူလုပ်ဆောင် လုပ်ငန်းလည်ပတ်ခဲ့ပါသည်။
* ၂၀၁၈ ခုနှစ်တွင် SAM Distribution လုပ်ငန်းခွဲအနေဖြင့် Unilever EAC Myanmar Limited ၏ ထုတ်ကုန်များကို နိုင်ငံအဝှမ်း Modern Trade ဆိုင်ခွဲများအားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီး General Trade retail အတွက် ကုန်ပစ္စည်းဖြန့်ချိရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါ Strategic Alliance Marketing Company Limited အောက်တွင် လုပ်ကိုင်ခဲ့သော SAM Field Marketing Services နှင့် SAM Distribution တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် မိတ်ဖက် Stakeholder များကို အသိပေးအကြောင်းကြား၍ တရားဝင် လုပ်ငန်းရပ်နားခဲ့ပြီး ဖြစ်ပါသည်။ ထိုအချိန်မှစ၍ အဆိုပါလုပ်ငန်းနှစ်ခုလုံးသည် လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ၎င်းတို့၏အမည်များကို ကိုယ်စားပြုရန်၊ အသုံးပြုရန် သို့မဟုတ် ထိုအမည်များအောက်တွင် မည်သည့်လုပ်ဆောင်မှုကိုမျှ ပြုလုပ်ရန် ခွင့်ပြုထားခြင်း မရှိပါ။
Strategic Alliance Marketing Company Limited အနေဖြင့် လက်ရှိအချိန်တွင် “Mohinga - မွင်းငါး” အမှတ်တံဆိပ် တောချက်မုန့်ဟင်းခါးဟင်းရည် အခြောက်မှုန့်ထုပ် ထုတ်လုပ်ရေး၊ “Mohinga House - မွင်းငါးဆိုင်” F&B Retail လုပ်ငန်း၊ Yummy စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး၊ ယခုဖော်ပြခဲ့သော လုပ်ငန်းများမှအမ အခြားပြင်ပမည်သည့် လုပ်ငန်း/ပုဂ္ဂိုလ်များနှင့်မှ ဆက်နွယ်လုပ်ကိုင်နေခြင်း မရှိပါ။
လက်ရှိတွင် ရပ်ဆိုင်းထားပြီးသော ဤလုပ်ငန်းအမည်များကို ခွင့်ပြုချက်မရှိဘဲ အချို့သောပုဂ္ဂိုလ်/အဖွဲ့အစည်းများက အသုံးပြုရန် ကြိုးပမ်းနေကြောင်း ကျွန်ုပ်တို့ သိရှိရပါသည်။
ထို့ကြောင့် မိတ်ဖက်များ၊ ရောင်းချသူများ (Vendors) နှင့် သက်ဆိုင်သူမိတ်ဖက်များ (Stakeholders) အားလုံးကို အောက်ပါအချက်များကို သတိပေးလိုပါသည်-
• အထက်ပါလုပ်ငန်း (၂)ခုသည် သက်ဆိုင်ရာကဏ္ဍများတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပါ။
• ဤအမည်များအောက်တွင် ဆောင်ရွက်သော မည်သည့်လုပ်ဆောင်မှုမဆို၊ ပက်သက်ဆက်နွယ်သည်ဟု မည့်သည့်ဖော်ပြချက်မဆို ခွင့်ပြုချက်မရှိသော လုပ်ဆောင်မှုဖြစ်ပါသည်။
• Strategic Alliance Marketing Company Limited နှင့် ၎င်း၏ ဒါရိုက်တာများသည် ထိုကဲ့သို့သော လုပ်ဆောင်မှုများအတွက် မည်သည့်တာဝန်ယူမှုမျှ ရှိမည်မဟုတ်ပါ။
• အမည်ကို အလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းတို့အပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မည်သည့်ဆက်သွယ်မှု သို့မဟုတ် ကိုယ်စားပြုမှုမျိုးကိုမဆို စစ်ဆေးအတည်ပြုလိုပါက ကျွန်ုပ်တို့ထံသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။
Strategic Alliance Marketing Company Limited အမှုဆောင် ဒါရိုက်တာအဖွဲ့
ဆက်သွယ်ရန် : 09254203540, 09945000980
Strategic Alliance Marketing Company Limited, အမှတ် ၂၆၇၊ မဟာဂန္ဓာရုံလမ်း၊ ၄၈ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။