Myanma Sanpya Crop Nutrition Company

Myanma Sanpya Crop Nutrition Company အရည်အသွေးမြင့် မြေဩဇာများနှင့် ရွက်ဖျန်းမြေဩဇာများအား တင်သွင်းဖြန့်ချိလျက်ရှိပါသည်။ MSCN

29/01/2026

🌿 နွေသီးနှံများအတွက် 🌿

စံပြ ၁၅+၁၅+၁၅ ၊ စံပြ ၁၆+၁၆+၁၆၊ စံပြထွက်တိုး ၁၅+၇+၈ #ပင်ပွါး #ကွန်ပေါင်းဓာတ်မြေဩဇာ #မြန်မာ့စံပြ #သီးနှံအာဟာရမြန်မာ့စံပြ

28/01/2026

🔷 အိတ်အပြာ ဆိုပြီး အထင်မမှားနဲ့နော်.... ပင်ပွါး.... မြန်မာ့စံပြ ပင်ပွါး 🔷

#ပင်ပွါး #ကွန်ပေါင်းဓာတ်မြေဩဇာ

ဈေးသင့်တင့်ပြီး အရည်အသွေးမြင့်စွာရရှိနိုင်သည့် စံပြပင်ပွား ၁၈+၁၀+၅ ကွန်းပေါင်းမြေဩဇာမြေဩဇာအသုံးပြုခြင်းဖြင့် ရရှိနိုင်မည...
27/01/2026

ဈေးသင့်တင့်ပြီး အရည်အသွေးမြင့်စွာရရှိနိုင်သည့် စံပြပင်ပွား ၁၈+၁၀+၅ ကွန်းပေါင်းမြေဩဇာ

မြေဩဇာအသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတွေကတော့...

🌽 စိုက်ပျိုးသီးနှံ အမျိုးအစားအားလုံးနှင့် ကိုက်ညီမှုရှိခြင်း

🌽 သီးနှံစိုက်ပျိုးသူများအတွက် သင့်တင့်သည့် ဈေးနှုန်းဖြင့် ရရှိနိုင်ခြင်း

🌽 အရည်အသွေး ယုံကြည်စိတ်ချရရခြင်း 🌿 စသည့် အကျိုးရလဒ်များရရှိစေမှာပါ ခင်ဗျာ။

ဇန်နဝါရီလ (၂၆) ရက် မှ  ‌ဖေဖော်ဝါရီလ(၁)ရက် အထိ စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ 🌦️ ...
26/01/2026

ဇန်နဝါရီလ (၂၆) ရက် မှ ‌ဖေဖော်ဝါရီလ(၁)ရက် အထိ စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

🌦️ ဘင်္ဂလားပင်လယ်အော် အခြေအနေ 🌦️

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချူန်းရွာနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် အများအားဖြင့်သာယာမည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၄)ဒီဂရီဖာရင်ဟိုက်မှ (၇၄)ဒီဂရီ ဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၇၅) ဒီဂရီဖာရင်ဟိုက် မှ (၈၅) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၆)ဒီဂရီဖာရင်ဟိုက်မှ (၉၆) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

🌥️ အနိမ့်ဆုံးအပူချိန် အခြေအနေ 🌥️

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၃၄) ဒီဂရီဖာရင်ဟိုက်မှ (၄၅) ဒီဂရီ ဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တို့တွင် (၄၆) ဒီဂရီဖာရင်ဟိုက် မှ (၅၆)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၅၇) ဒီဂရီဖာရင်ဟိုက် မှ (၆၈)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၅၆%) မှ (၆၆%) အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၆၇%) မှ (၇၇%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၇၈%) မှ (၈၈%) အတွင်း ရှိနိုင်ပါသည်။

⛈️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ ⛈️

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၃) မီလီမီတာမှ (၂၃) မီလီမီတာအတွင်း နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄) မီလီမီတာ မှ (၃၄) မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ
CreditToOriginalUploader

23/01/2026

တောင်သူအားလုံးကြိုက်နှစ်သက်ကြသည့် အကောင်းဆုံးမြေဩဇာ နိုက်ထရိုဖော့စကာ ၁၅+၁၅+၁၅

နိုက်ထရိုဖော့စကာ ၁၅+၁၅+၁၅ မြေဩဇာသည် အာဟာရများကို စနစ်တကျ ပေါင်းစပ်ထားပြီး သီးနှံပင်များအတွက် ပြည့်စုံသော အာဟာရဓာတ်များ မျှတစွာထောက်ပံ့ပေးနိုင်ပါသည်။

အပင်မှ လျင်မြန်စွာစားသုံးနိုင်သော အာဟာရဓာတ်ပုံစံသာမက တာရှည်အကျိုးသက်ရောက်နိုင်သော အာဟာရဓာတ်ပုံစံပါဝင်ခြင်း၊ အပင်အာဟာရဓာတ်များ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေခြင်း၊ မြေဩဇာတစ်စေ့ချင်းစီတွင် အချိုးကျအာဟာရများ ပြည့်စုံစွာပါဝင်တာကြောင့် အရည်အသွေးမြင့်မားသည့် အထွက်နှုန်းကိုရရှိစေမှာသေချာပါတယ် ခင်ဗျာ။

#မြန်မာ့စံပြမြေဩဇာကုမ္ပဏီ #သီးနှံအာဟာရမြန်မာ့စံပြ

22/01/2026

ENTEC® မြေဩဇာသည် နိုက်ထရိုဂျင်လေလွင့်ဆုံးရှုံးမှုကို မရှိသလောက်နည်းပါးစေပြီး အပင်၏ လိုအပ်ချက်အရ နိုက်ထရိုဂျင်ထောက်ပံ့ပေးမှုကို လိုက်‌လျောညီထွေဖြစ်အောင် ထောက်ပံ့ပေးနိုင်သဖြင့် အရည်အသွေးမြင့်မားသော သီးနှံအထွက်ကိုရရှိစေနိုင်ပါသည်။

အဲန်တက် ၁၂+၁၂+၁၇ မြေဩဇာသည် ရာသီဥတုမရွေး အပင်မှ ထိရောက်စွာ စားသုံးနိုင်တာကြောင့် သီးနှံစိုက်ခင်းတိုင်းအတွက် အထူးပင်သင့်လျော်သည့် မြေဩဇာအမျိုးအစားဖြစ်ပါသည်။ နိုက်ထရိုဂျင်ကို ထိန်းသိမ်းနိုင်မှုအားနည်းသော(သဲဆန်သောမြေ၊ ရေဝပ်သောမြေ၊ မိုးများသော‌ဒေသ) များတွင် အသုံးပြုနိုင်သည့် မြေဩဇာဖြစ်ပါသည်။

အရည်အသွေးမြင့်မြေဩဇာဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

#သီးနှံအာဟာရမြန်မာ့စံပြ

မြေဩဇာဈေးကွက်အတွင်း စတင်ဖြန့်ချနေပြီဖြစ်သည့် စံပြ စူပါ - မိုးသီး ယူရီးယားမြေဩဇာ မြန်မာ့စံပြမြေဩဇာကုမ္ပဏီသည် အရည်သွေးမြင့...
21/01/2026

မြေဩဇာဈေးကွက်အတွင်း စတင်ဖြန့်ချနေပြီဖြစ်သည့် စံပြ စူပါ - မိုးသီး ယူရီးယားမြေဩဇာ

မြန်မာ့စံပြမြေဩဇာကုမ္ပဏီသည် အရည်သွေးမြင့်မြေဩဇာများကိုသာ ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိနေသည့် မြေဩဇာကုမ္ပဏီဖြစ်ပါသည်။ ယခုအခါမှာလည်း စံပြ စူပါ - မိုးသီး ယူရီးယားမြေဩဇာကို ဈေးကွက်အတွင်းသို့ စတင်ရောင်းချနေပြီဖြစ်ပါသည်။ စိုက်ပျိုးမည့်မြေနှင့် သီးနှံပင်၏ နိုက်ထရိုဂျင်လိုအပ်ချက်ကို အခြေခံ၍ထုတ်လုပ်ထားသည့် မြေဩဇာဖြစ်ပါသည်။

မြေချဉ်ငန်ကိန်းမြင့်မားသော မြေများ၊ မိုးခေါင်ရေရှားသောဒေသများ၊ မြေနီသဲဝန်းသောဒေသနှင့် ရေဝပ်သောဒေသများမှ စိုက်ပျိုးမြေများတွင် သုံးစွဲရန်သင့်တော်သည့် မြေဩဇာဖြစ်ပါသည်။

Nitrogen 46 % ပါဝင်ပြီး Zinc 1000 ppm ပေါင်းစပ်ထားတာကြောင့် သီးနှံပင်ကြီးထွားမှုနှင့် အမြစ်ဖွံ့ဖြိုးမှုကို အားကောင်းစေပါသည်။ စံပြ စူပါ - မိုးသီး ယူရီးယားမြေဩဇာ သည် တောင်သူဦးကြီးတို့ စိုက်ခင်းတိုင်း အထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိစေနိုင်ဖို့ ယူဆောင်လာမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

20/01/2026

🌾 စံပြ မိုးပျံ" ၁၇+၈+၈ ကွန်ပေါင်းမြေဩဇာ🌾

စံပြ မိုးပျံမြေဩဇာသည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးသီးနှံအစုံ ရွေးချယ်အသုံးပြုနိုင်ပြီး အရည်အသွေး စိတ်ချယုံကြည်ရသည့် အရည်သွေးမြင့်မြေဩဇာဖြစ်ပါတယ်။

တောင်သူဦးကြီးတို့ စိုက်ခင်းသီးနှံတိုင်း အောင်မြင်တိုးတက်ဖို့ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးပြည့်မီသည့် စံပြ မိုးပျံကိုရွေးချယ်အသုံးပြုဖို့ သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

ဇန်နဝါရီလ (၁၉) ရက် မှ ဇန်နဝါရီလ (၂၅) ရက်အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ⛅️ ဘင...
19/01/2026

ဇန်နဝါရီလ (၁၉) ရက် မှ ဇန်နဝါရီလ (၂၅) ရက်အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

⛅️ ဘင်္ဂလားပင်လယ်အော် အခြေအနေ ⛅️

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချူန်းရွာနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့်တောင်ပိုင်း)တို့တွင် အများအားဖြင့် သာယာမည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၂) ဒီဂရီဖာရင်ဟိုက် မှ (၇၂) ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၇၃) ဒီဂရီဖာရင်ဟိုက် မှ (၈၃) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၄) ဒီဂရီဖာရင်ဟိုက် မှ (၉၄) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

🌤️ အနိမ့်ဆုံးအပူချိန် အခြေအနေ 🌤️

ချင်းပြည်နယ်တွင် (၃၇) ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၄၆) ဒီဂရီဖာရင်ဟိုက် မှ (၅၆) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၅၇) ဒီဂရီဖာရင်ဟိုက် မှ (၆၇) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၅၆%) မှ (၆၇%) အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၈%) မှ (၇၉%) အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၈၀%) မှ (၉၁%)အတွင်း ရှိနိုင်ပါသည်။

🌦️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ 🌦️

မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၁) မီလီမီတာ မှ (၂၂) မီလီမီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၃) မီလီမီတာမှ (၃၃) မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ

အချိုးညီတာကိုမှ ကြိုက်နှစ်သက်ကြသည့် တောင်သူဦးကြီးတွေအတွက် စံပြ ၁၅+၁၅+၁၅🔰 စံပြ ၁၅+၁၅+၁၅ မြေဩဇာသည် စပါး၊ ပြောင်း၊ နှမ်း၊ ဝ...
16/01/2026

အချိုးညီတာကိုမှ ကြိုက်နှစ်သက်ကြသည့် တောင်သူဦးကြီးတွေအတွက် စံပြ ၁၅+၁၅+၁၅

🔰 စံပြ ၁၅+၁၅+၁၅ မြေဩဇာသည် စပါး၊ ပြောင်း၊ နှမ်း၊ ဝါ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ငရုပ်၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်၊ ကွမ်းရွက်နှင့် ဟင်းသီးဟင်းရွက်များ၊ ဥယျာဉ်ခြံသီးနှံများပါ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

🔰 သီးနှံစုံအတွက် လိုအပ်သလို ရွေးချယ်အသုံးပြုနိုင်ပြီး အရည်အသွေးမြင့်မားမှုကို ရရှိစေနိုင်ပါတယ်။

အရည်အသွေးမြင့်မားသည့် သီးနှံအထွက်များရရှိစေဖို့ အခုပဲအသုံးပြုလိုက်ကြရအောင်...

မြန်မာ့စံပြမြေဩဇာကုမ္ပဏီမှ တင်သွင်းဖြန့်ချိသော မြေဩဇာများကို အစဉ်အမြဲအားပေးကြသည့် တောင်သူဦးကြီးများအတွက် စံပြ စူပါမိုးသီ...
15/01/2026

မြန်မာ့စံပြမြေဩဇာကုမ္ပဏီမှ တင်သွင်းဖြန့်ချိသော မြေဩဇာများကို အစဉ်အမြဲအားပေးကြသည့် တောင်သူဦးကြီးများအတွက် စံပြ စူပါမိုးသီး ယူရီးယားမြေဩဇာကို မကြာခင်ဈေးကွက်အတွင်းသို့ စတင်ရောင်းချတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ဗျ။ ‌‌

Nitrogen 46 % ပါဝင်ပြီး Zinc 1000 ppm ပေါင်းစပ်ထားတာကြောင့် သီးနှံပင်ကြီးထွားမှုနှင့် အမြစ်ဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ် ခင်ဗျာ။ တောင်သူဦးကြီးတို့ စိုက်ခင်းတိုင်း အထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိစေနိုင်ဖို့ မြန်မာ့စံပြမြေဩဇာကုမ္ပဏီနှင့် လက်တွဲလိုက်ပါဗျ။

14/01/2026

စံပြ ထွက်တိုး ၁၅+၇+၈ မြေဩဇာ 🌽🥕🥬

🌿 စံပြ ထွက်တိုးသည် သီးနှံသက်တမ်းတစ်လျှောက် သုံးစွဲနိုင်သည့် တန်ဖိုးသင့်မြေဩဇာဖြစ်ပါတယ်။

🌿 သီးနှံစုံရွေးချယ်အသုံးပြုနိုင်ပြီး အထွက်နှုန်းတိုးတက်အောင်မြင်မှုကို ရရှိစေပါတယ်။

🌿 တောင်သူဦးကြီးတိုင်းရွေးချယ်အသုံးပြုနိုင်အောင် သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချပေးနေတာကြောင့် အခုပဲရွေးချယ်အသုံးပြုလိုက်ကြရအောင်...

" သီးနှံအာဟာရ မြန်မာ့စံပြ "

Address

No. 95(A), Kyaik Wyne Pagoda Road, 8 Mile, Near Junction 8 Shopping Center, Mayangone Township
Yangon
MSCN

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959765409706

Alerts

Be the first to know and let us send you an email when Myanma Sanpya Crop Nutrition Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

မြန်မာ့ စံပြမြေသြဇာ ကုမ္ပဏီ

မြန်မာ့ စံပြမြေသြဇာ ကုမ္ပဏီသည် ဂျာမနီနိုင်ငံ BASF ကုမ္ပဏီမှ ထုတ်လုပ်ပြီး Euro Chem Agro ကုမ္ပဏီ၊ COMPO ကုမ္ပဏီနှင့် K+S KALI GmbH ကုမ္ပဏီတို့မှတစ်ဆင့် အရည်အသွေးနှင့် နည်းပညာမြင့်မားသော မြေသြဇာများနှင့် ရွက်ဖျန်းမြေသြဇာများအား တင်သွင်းဖြန့်ချိလျက်ရှိပါသည်။

တိုးတတ်နေသည့် လူဦးရေအတွက် အာဟာရဓာတ် ပြည့်ပြည့်၀၀ ပါဝင်သော လူနှင့်တိရစ္ဆာန်အစားအစာများ လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ရန် အာဟာရဓာတ်ပြည့်စုံကြွယ်ဝသော အစားအစာများဖြင့် လူသားအားလုံး အာဟာရဓာတ်ချို့တဲ့မှုကင်းစင်စေပြီး ကျန်းမာချမ်းသာကြစေရန် ရည်ရွယ်ပြီးဖြန့်ချိပါသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ရေမြေသဘာဝ၊ သီးနှံအမျိုးအစားနှင့် လိုက်လျောညီထွေမှုရှိကာ အထွက်နှုန်း သိသိသာသာ တိုးတက်စေပြီး တောင်သူကြီးများ ကြွယ်ဝချမ်းသာစေရန်အလို့ဌာ ရည်ရွယ်လျက် အရည်အသွေး ကောင်းမွန်သော Complex မြေသြဇာများ၊ (Nitrophoska fertilizer) များ၊ အာနိသင်တာရှည်ခံသော (Stabilized Nitrogen fertilizer) ENTEC မြေသြဇာများ၊ နည်းပညာမြင့်သော အာဟာရစုံ ပိုတက်စီယမ်မြေသြဇာနှင့် အရည်အသွေးမြင့် ရွက်ဖျန်းမြေသြဇာများ တင်သွင်းဖြန့်ချိလျက်ရှိသည့်အပြင် Fertigation အတွက် မြေသြဇာများကိုလည်း တိုးတက်လာမည့် စိုက်ပျိုးရေးနည်းစနစ်များအတွက် ရည်ရွက်ကာ တင်သွင်းထားပါသည်။


  • ကွန်ပလက်(စ်) မြေသြဇာအမျိုးအစားဖြစ်ပါသည်။