Redfox Healthcare

Redfox Healthcare Healthcare Services

🏢Max Group of Hospitals ရဲ့ Unit တစ်ခုဖြစ်တဲ့ "BLK-Max Super Specialty Hospital"🇮🇳🇮🇳🇮🇳အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  မှာရ...
03/02/2026

🏢Max Group of Hospitals ရဲ့ Unit တစ်ခုဖြစ်တဲ့ "BLK-Max Super Specialty Hospital"

🇮🇳🇮🇳🇮🇳အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာရှိတဲ့ "BLK-Max Super Specialty Hospital" ဟာ အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးနဲ့ နာမည်အရှိဆုံး ပုဂ္ဂလိကဆေးရုံကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။

🔷မြန်မာနိုင်ငံက လူနာအတော်များများလည်း ဆေးကုသမှု သွားရောက် ခံယူလေ့ရှိတဲ့ နေရာတစ်ခုပါ။

🔷အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု ကွန်ရက်တစ်ခုဖြစ်တဲ့ Max Healthcare အုပ်စုရဲ့ အစိတ်အပိုင်း (Unit) တစ်ခုပဲဖြစ်ပါတယ်။

🔷Max Healthcare အုပ်စုဟာ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ဆေးရုံကွန်ရက်များထဲမှ တစ်ခုဖြစ်ပြီး ခုတင်ပေါင်း ၅,၀၀၀ ကျော် ဆန့်တဲ့ ဆေးရုံနဲ့ ကျန်းမာရေးဌာနပေါင်း ၂၀ ကျော်ကို ဖွင့်လှစ်ထားရှိပါတယ်။

🔷အဓိကအားဖြင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများဖြစ်သော (ဒေလီ-NCR၊ ပန်ဂျပ်၊ အူထရာခန်း နှင့် မဟာရာရှ်ထရာ) တို့မှာတည်ရှိလို့နေပါတယ်။

🔷BLK-Max ဟာ ဒီအုပ်စုထဲမှာ အဆင့်မြင့်ဆုံးနဲ့ အကြီးဆုံး Flagship Hospital တစ်ခုအဖြစ် ပါဝင်နေတာလည်းဖြစ်ပါတယ်။

🔷ဆေးရုံကြီးရဲ့တည်နေရာကတော့အိန္ဒိယနိုင်ငံ ဒေလီမြို့လယ်က Pusa Road (Rajendra Place) မှာ တည်ရှိလို့နေပါတယ်။

🔷BLK-Max Super Speciality Hospital ဟာ နယ်ပယ်ပေါင်းစုံ လွှမ်းခြုံထားတဲ့ Super Speciality ဆေးရုံကြီးဖြစ်တာကြောင့် ရောဂါအတော်များများကို တစ်နေရာတည်းမှာ
ကုသနိုင်မှာဖြစ်ပါတယ်။

🔷ဆေးရုံရဲ့ အင်္ဂါရပ်တွေအနေနဲ့တော့ ခုတင် ၆၅၀ ကျော်ရှိပြီး အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် ၁၂၅ ခုကျော် ပါဝင်ပါတယ်။

🔷နိုင်ငံတကာအဆင့်မီ JCI (Joint Commission International) နဲ့ အိန္ဒိယနိုင်ငံရဲ့ NABH အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားပါတယ်။

🔷Cyber knife VSI (ကင်ဆာကုသရန်)၊
Da Vinci Robotic System (စက်ရုပ်ခွဲစိတ်မှု) စတဲ့ နောက်ဆုံးပေါ် စက်ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။

🔷လက်ရှိကုသပေးမှုအပိုင်းတွေအနေနဲ့တော့...

1️⃣ကင်ဆာရောဂါအမျိုးမျိုး (Oncology)
ဒေလီမှာရှိတဲ့ အကောင်းဆုံး ကင်ဆာစင်တာတွေထဲက တစ်ခုဖြစ်ပြီး Robotic Surgery (စက်ရုပ်ခွဲစိတ်မှု) နဲ့ Tomo Therapy (နောက်ဆုံးပေါ် ဓာတ်ရောင်ခြည်ကုထုံး) တို့ရှိပါတယ်။

• ဦးနှောက်၊ အဆုတ်၊ ရင်သား၊ အစာအိမ်၊ အသည်း၊ သားအိမ်နဲ့ ဆီးကြိတ်ကင်ဆာများ။
• Haemato Oncology: သွေးကင်ဆာ၊ လင်ဖိုးမား (Lymphoma) ရောဂါများ။

2️⃣ရိုးတွင်းခြင်ဆီအစားထိုးခြင်း (Bone Marrow Transplant - BMT)
BLK-Max ဟာ အိန္ဒိယမှာ အကြီးဆုံး BMT Centre တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
• Thalassemia (သွေးအားနည်းရောဂါ)။
• Aplastic Anemia နှင့် အခြားသော သွေးဆိုင်ရာရောဂါများ။
• ကလေးသူငယ်များနှင့် လူကြီးများအတွက် Autologous နှင့် Allogeneic အစားထိုးကုသမှုများ။

3️⃣ ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း (Organ Transplants)
• Liver Transplant: အသည်းအစားထိုးခြင်း။
• Kidney Transplant: ကျောက်ကပ်အစားထိုးခြင်း။
• Heart Transplant: နှလုံးအစားထိုးခြင်း။

4️⃣ နှလုံးနှင့် သွေးကြောဆိုင်ရာ (Heart & Vascular)
• နှလုံးသွေးကြောပိတ်ရောဂါ (Angioplasty & Bypass Surgery)။
• နှလုံးအဆို့ရှင်လဲခြင်း (Valve Replacement - TAVI)။
• ကလေးနှလုံးရောဂါ ခွဲစိတ်မှုများ။

5️⃣ အရိုး၊ အကြောနှင့် ကျောရိုး (Orthopaedics & Spine)
• ဒူးဆစ်နှင့် တင်ပါးဆုံရိုး အစားထိုးခြင်း (Joint Replacement)။
• ကျောရိုးခွဲစိတ်ခြင်း (Spine Surgery) - စက်ရုပ်စနစ်သုံးပြီး ပိုမိုတိကျစွာ ခွဲစိတ်နိုင်ပါတယ်။
• အားကစားကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများ။

6️⃣အာရုံကြောနှင့် ဦးနှောက် (Neurosciences)
• လေဖြတ်ခြင်း (Stroke) နှင့် ဝက်ရူးပြန်ရောဂါ။
• ဦးနှောက်အကျိတ် (Brain Tumor) ခွဲစိတ်မှုများ။
• Parkinson's ရောဂါ ကုသမှုများ။

7️⃣အခြားအရေးကြီးသော ဌာနများ
• အစာအိမ်နှင့် အသည်း: Gastroenterology (မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်ရောဂါများ)။
• ဆီးနှင့် ကျောက်ကပ်: Urology (ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးကြိတ်ရောဂါများ)။
• ကလေးအထူးကု: Paediatrics
(ကလေးခွဲစိတ်မှုနှင့် အထူးကြပ်မတ်ကုသမှု)။
• အလှအပနှင့် ပြုပြင်ခွဲစိတ်မှု:
Plastic & Cosmetic Surgery။
• မျိုးပွားခြင်းဆိုင်ရာ: IVF (ဖန်ပြွန်သန္ဓေသား) ကုသမှု။

🇲🇲🇲🇲BLK-Max ကို သွားရောက်ပြသမယ်ဆိုရင် သူတို့မှာ Redfox Healthcare Service ရှိတာကြောင့် ဆရာဝန်ချိန်းဆိုတာတွေနဲ့ ဘာသာပြန်အတွက် အတော်လေး အဆင်ပြေပါတယ်။

🔷BLK-Max ဆေးရုံကြီးမှာ နယ်ပယ်ပေါင်းစုံကုသနိုင်ပြီး ပိုပြီးထင်ရှားတဲ့ကုသမှုတွေအနေနဲ့တော့
• ကင်ဆာရောဂါအတွက် ခေတ်မီစက်ကိရိယာများသုံးပြီး ဓာတ်ရောင်ခြည်ပေးခြင်း၊ ခွဲစိတ်ခြင်းနဲ့ ဆေးသွင်းကုသခြင်း
• နှလုံးရောဂါ အတွက် နှလုံးခွဲစိတ်မှုနဲ့ ကလေးနှလုံးရောဂါကုသမှုပေးခြင်း
• ကိုယ်ခန္ဓာအစိတ်အပိုင်း အစားထိုးခြင်း တွေဖြစ်တဲ့ အသည်းအစားထိုးခြင်း၊ ကျောက်ကပ်အစားထိုးခြင်းနဲ့ ရိုးတွင်းခြင်ဆီအစားထိုးခြင်း (Bone Marrow Transplant) တွေမှာ အာရှမှာ အဆင့်မြင့်ဆုံးစာရင်းဝင်ဖြစ်ခြင်း
• အရိုးနဲ့ အကြော (Orthopedics’): ဒူးဆစ်လဲခြင်းနဲ့ ကျောရိုးခွဲစိတ်မှုတွေမှာ စက်ရုပ် (Robotic) နည်းပညာကို အသုံးပြုခြင်း

"ကျန်းမာရေးနဲ့ပတ်သက်လို့ အမြဲတမ်းတိကျသေချာပြီး စိတ်လုံခြုံမှုအပြည့်အဝရရှိစေဖို့
" Redfox Healthcare Service" ကို ဆက်သွယ်လိုက်ပါရှင်

📍 Yangon Office: No.44-A, 36th Avenue St, Across side of India Embassy, Kyautada Ts, Yangon.
📞 Ph: 09-972674664, 09-440237569

📍 Mandalay Office: No.G-11, Ground Floor of Diamond Plaza, 78th st between 33rd x 34th st, Mandalay.
📞 Ph: 09-440237569, 09-73057815

📍 Taunggyi Office: No. 351, 3rd Floor of Citysquare Shopping Center, Taunggyi.
📞 Ph: 09-974191302, 09-973933918

🥰 Redfox Healthcare မှ  ကျန်းမာရေးအသိပညာဆိုင်ရာ ဆွေးနွေးပွဲ အစီအစဉ်...✅ ဝါရင့် ကျွမ်းကျင် ဆရာဝန်ကြီးများ နှင့် အခမဲ့ဆွေး...
31/01/2026

🥰 Redfox Healthcare မှ ကျန်းမာရေးအသိပညာဆိုင်ရာ ဆွေးနွေးပွဲ အစီအစဉ်...

✅ ဝါရင့် ကျွမ်းကျင် ဆရာဝန်ကြီးများ နှင့် အခမဲ့ဆွေးနွေးခွင့်

‎🩺အိန္ဒိယနိုင်ငံရဲ့ ဝါရင့် နှလုံး၊ သွေးကြော ခွဲစိတ်ဆရာဝန်ကြီး နှင့် ဦးနှောက်၊ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး နှစ်ဦးနဲ့အတူ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများကို #အခမဲ့ လုပ်ဆောင်နိုင်မယ့် အစီအစဉ်လေးရှိပါတယ်ရှင်
‎
‎🩺နှလုံး၊ သွေးကြော ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ "Subhash Kumar Sinha" နှင့် ဦးနှောက်အာရုံကြောဆိုင်ရာကုသမှု/ကျောရိုးခွဲစိတ်မှု များအတွက် ဆရာဝန်ကြီး ဒေါက်တာ "Bipin Walia" တို့ပဲဖြစ်ပါတယ်။
‎
‎🥰ဆွေးနွေးလိုတဲ့ မိဘပြည်သူများအနေနဲ့ ဖေဖော်ဝါရီလ (၈)ရက် ၊ တနင်္ဂနွေနေ့
‎နေ့လည် (၁)နာရီမှ (၃)နာရီအထိ Park Royal Hotel ၊ ရန်ကုန်မြို့ မှာ တွေ့ဆုံ‌မေးမြန်း ဆွေးနွေးနိုင်မှာမို့
‎
‎☎️ကြိုတင်စာရင်းသွင်းလိုပါက
‎- 09440237569
‎- 09974191301
‎- 09972674664 တို့ကို ဆက်သွယ် စုံစမ်းလို့ရတယ်နော်...

🩺 ပါဝင်ဆွေးနွေးမည့် ဝါရင့် ကျွမ်းကျင် ဆရာဝန်ကြီးများ —
Dr. Subhash Kumar Sinha (နှလုံး ခွဲစိတ် ဆရာဝန်ကြီး)
Dr. Bipin Walia (ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ခွဲစိတ် ဆရာဝန်ကြီး)

---

📅 Event Details

📍 Park Royal Hotel, Yangon
🗓 February 8 (Sunday)
⏰ 1:00 PM – 3:00 PM

ဒီအစီအစဉ်မှာ ကျန်းမာရေးနှင့် ပတ်သက်သော အချက်အလက်များကို ဝါရင့် ကျွမ်းကျင် ဆရာဝန်ကြီး များနှင့် ဆွေးနွေးနိုင်ပါသည်။

☎️ ကြိုတင်စာရင်းသွင်းရန်
09-440237569
09-974191301
09-972674664

---

🏥 More Than Healthcare, Your Lifelong Partner

Redfox Healthcare Service

📍 Yangon Office
No.44-A, 36th Avenue St, Across side of India Embassy, Kyautada Ts, Yangon
📞 09-972674664, 09-440237569

📍 Mandalay Office
No.G-11, Ground Floor of Diamond Plaza, 78th St (33rd × 34th), Mandalay
📞 09-440237569, 09-73057815

📍 Taunggyi Office
No.351, 3rd Floor of City-square Shopping Center, Taunggyi.
📞 09-974191302, 09-973933918

---

🥰🥰 Redfoxမှ အားလုံးအတွက် သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်...🩺အိန္ဒိယနိုင်ငံရဲ့ ဝါရင့် နှလုံး၊ သွေးကြော ခွဲစိတ်ဆရာဝန်ကြီး...
29/01/2026

🥰🥰 Redfoxမှ အားလုံးအတွက် သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်...

🩺အိန္ဒိယနိုင်ငံရဲ့ ဝါရင့် နှလုံး၊ သွေးကြော ခွဲစိတ်ဆရာဝန်ကြီး နှင့် ဦးနှောက်၊ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး နှစ်ဦးနဲ့အတူ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများကို #အခမဲ့ လုပ်ဆောင်နိုင်မယ့် အစီအစဉ်လေးရှိပါတယ်ရှင်

🩺နှလုံး၊ သွေးကြော ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ "Subhash Kumar Sinha" နှင့် ဦးနှောက်အာရုံကြောဆိုင်ရာကုသမှု/ကျောရိုးခွဲစိတ်မှု များအတွက် ဆရာဝန်ကြီး ဒေါက်တာ "Bipin Walia" တို့ပဲဖြစ်ပါတယ်။

🥰ဆွေးနွေးလိုတဲ့ မိဘပြည်သူများအနေနဲ့ ဖေဖော်ဝါရီလ (၈)ရက် ၊ တနင်္ဂနွေနေ့
နေ့လည် (၁)နာရီမှ (၃)နာရီအထိ Park Royal Hotel ၊ ရန်ကုန်မြို့ မှာ တွေ့ဆုံ‌မေးမြန်း ဆွေးနွေးနိုင်မှာမို့

☎️ကြိုတင်စာရင်းသွင်းလိုပါက
- 09440237569
- 09974191301
- 09972674664 တို့ကို ဆက်သွယ် စုံစမ်းလို့ရတယ်နော်...

🫀နှလုံးရောဂါနဲ့ပတ်သက်ပြီးပြောရရင်တော့
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးဖြစ်တဲ့ "နှလုံးသွေးကြောကျဉ်းရောဂါ"ပဲဖြစ်ပါတယ်။ ဒီရောဂါဟာ နှလုံးကြွက်သားတွေကို သွေးနဲ့ အောက်ဆီဂျင် ထောက်ပံ့ပေးတဲ့ သွေးကြောမကြီးတွေထဲမှာ အဆီခဲတွေ (Plaque) ပိတ်ဆို့ရာကနေ ဖြစ်လာတာပဲဖြစ်ပါတယ်။

🔷နောက်ထပ်ပြောပြချင်တာကတော့ "ဦးနှောက်အာရုံကြော" ဝေဒနာနဲ့ပတ်သက်တာလေးပါ

🥰ဒီနေ့ခေတ်ရဲ့ ဦးနှောက်ကင်ဆာ ကုသမှုလောကမှာ အနုစိတ်အကျဆုံးနဲ့ ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခု ကတော့ ဦးနှောက်ရဲ့အတွင်းအကျိတ်မှာ ပျံ့နှံ့နေတဲ့ ကင်ဆာအကျိတ်ငယ်များကိုကုသဖို့ရာ အလိုလျှောက်ဓာတ်ရောင်ခြည် ကုသမှုစနစ် ကို Arc Radiation ကုသနည်းပဲဖြစ်ပါတယ်။

🔶Hyper Arc ဆိုတာကတော့ ဦးနှောက်အကျိတ်များ (အထူးသဖြင့် နေရာအနှံ့ပျံ့နှံ့နေသော ကင်ဆာအကျိတ်များ)နဲ့ ဦးခေါင်းခွံအတွင်း ဖြစ်ပွားတဲ့ အခြားဝေဒနာများကို ကုသဖို့ရာအတွက် အထူးထုတ်လုပ်ထားတဲ့ အလိုအလျောက်စနစ်သုံး Stereotactic Radiosurgery (SRS) နည်းပညာတစ်ခု ဖြစ်ပါတယ်။

More Than Healthcare, Your Lifelong Partner
"Redfox Healthcare Service"

📍 Yangon Office: No.44-A, 36th Avenue St, Across side of India Embassy, Kyautada Ts, Yangon.
📞 Ph: 09-972674664, 09-440237569

📍 Mandalay Office: No.G-11, Ground Floor of Diamond Plaza, 78th st between 33rd x 34th st, Mandalay.
📞 Ph: 09-440237569, 09-73057815

📍 Taunggyi Office: No. 351, 3rd Floor of Citysquare Shopping Center, Taunggyi.
📞 Ph: 09-974191302, 09-973933918



🥰🥰 ကျွန်မတို့ 𝐑𝐞𝐝𝐅𝐨𝐱 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မှ အားလုံးအတွက်သတင်းကောင်းလေးတစ်ခုပါးချင်ပါတယ်.....📢📢📢🫶🏻😍✨✨✨✨🩺အိန္ဒိယနိုင်ငံရဲ့ ဝါရင့် န...
27/01/2026

🥰🥰 ကျွန်မတို့ 𝐑𝐞𝐝𝐅𝐨𝐱 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မှ အားလုံးအတွက်သတင်းကောင်းလေးတစ်ခုပါးချင်ပါတယ်.....📢📢📢

🫶🏻😍✨✨✨✨🩺အိန္ဒိယနိုင်ငံရဲ့ ဝါရင့် နှလုံးနဲ့ သွေးကြော ခွဲစိတ်ဆရာဝန်ကြီးနဲ့ ဦးနှောက်နဲ့‌ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး နှစ်ဦးတို့နဲ့အတူ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများကို #အခမဲ့ လုပ်ဆောင်နိုင်မယ့် အစီအစဉ်လေးရှိပါတယ်ရှင် ✨✨✨✨😍🫶🏻
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🩺🫀နှလုံးနဲ့သွေးကြော ခွဲစိတ်ဆရာဝန်ကြီး
“👨🏻‍⚕️𝐃𝐫 𝐒𝐮𝐛𝐡𝐚𝐬𝐡 𝐊𝐮𝐦𝐚𝐫 𝐒𝐢𝐧𝐡𝐚 ” နဲ့ 🧠ဦးနှောက်နဲ့အာရုံကြောဆိုင်ရာကုသမှုများ ကျောရိုးခွဲစိတ်မှု များအတွက် ဆရာဝန်ကြီး “👨🏻‍⚕️ 𝐃𝐫 𝐁𝐢𝐩𝐢𝐧 𝐖𝐚𝐥𝐢𝐚 ” တို့နှစ်ဦးပဲဖြစ်ပါတယ် 🙏🏻😍🙏🏻

🥰ဆွေးနွေးလိုကြတဲ့ မိဘပြည်သူများအနေနဲ့ ဖေဖော်ဝါရီလ (၈)ရက် ၊ တနင်္ဂနွေနေ့
နေ့လည် (၁)နာရီမှ (၃)နာရီ
𝐏𝐚𝐫𝐤 𝐑𝐨𝐲𝐚𝐥 𝐇𝐨𝐭𝐞𝐥 ၊ ရန်ကုန်မြို့ မှာ
တွေ့ဆုံ‌မေးမြန်းဆွေးနွေးနိုင်ကြမှာပဲဖြစ်ပါတယ်ရှင့်။

🗓️𝐃𝐚𝐭𝐞: 𝟎𝟖.𝟎𝟐.𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
⏰𝐓𝐢𝐦𝐞: 𝟎𝟏:𝟎𝟎 𝐩𝐦 - 𝟎𝟑:𝟎𝟎 𝐩𝐦
📍𝐕𝐞𝐧𝐮𝐞: 𝐏𝐚𝐫𝐤 𝐑𝐨𝐲𝐚𝐥 𝐇𝐨𝐭𝐞𝐥, 𝐘𝐚𝐧𝐠𝐨𝐧

☎️ 𝐅𝐨𝐫 𝐁𝐨𝐨𝐤𝐢𝐧𝐠:
📞 𝐏𝐡: 𝟎𝟗-𝟒𝟒𝟎𝟐𝟑𝟕𝟓𝟔𝟗,
📞𝟎𝟗-𝟗𝟕𝟒𝟏𝟗𝟏𝟑𝟎𝟏,
📞𝟎𝟗-𝟗𝟕𝟐𝟔𝟕𝟒𝟔𝟔𝟒

🫀နှလုံးရောဂါနဲ့ပတ်သက်လို့ပြောရရင်တော့
ကျွနိမတို့ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးကတော့ “ 🫀နှလုံးသွေးကြောကျဉ်းရောဂါ” ပဲဖြစ်ပါတယ်။

ဒီရောဂါဟာ နှလုံးကြွက်သားတွေကို သွေးနဲ့
အောက်ဆီဂျင် ထောက်ပံ့ပေးတဲ့ သွေးကြောမကြီးတွေထဲမှာ အဆီခဲတွေ (Plaque) ပိတ်ဆို့ရာကနေ ဖြစ်လာတာပါ။

🔶အဖြစ်များရတဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေအနေနဲ့ အဆီအဆိမ့်၊ ဆားနဲ့ အချို အလွန်အကျွံ စားသုံးခြင်း။

🔶သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ ကိုလက်စထရော (သွေးတွင်းအဆီ) များခြင်း။

🔶ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းနဲ့ စိတ်ဖိစီးမှု များခြင်း ဆိုတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်

🔶နှလုံးရောဂါအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်မှု ပုံစံတွေအနေနဲ့ နှလုံးသွေးကြော အစားထိုးကုသခြင်း

🔶(CABG)မှာ ပိတ်နေတဲ့ နှလုံးသွေးကြောတွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းက သွေးကြောနဲ့ အစားထိုး ဆက်ပေးခြင်း

🔶နှလုံးအဆို့ရှင် ပြုပြင်ခြင်း သို့မဟုတ် လဲလှယ်ခြင်း (Valve Surgery)

🔶ပျက်စီးနေတဲ့ အဆို့ရှင်တွေကို ပြန်ပြင်တာ ဒါမှမဟုတ် အသစ်လဲခြင်း

🔶နှလုံးအပေါက်ပိတ်ခြင်း: မွေးရာပါ နှလုံးအပေါက်ပါလာသူတွေကို ကုသပေးတာမျိုးတွေနဲ့ကုသပေးနိုင်ပါတယ်။

🔷နောက်ထပ်ပြောပြချင်တာကတော့ "ဦးနှောက်အာရုံကြော" ဝေဒနာနဲ့ပတ်သက်တာလေးပါ

🥰ဒီနေ့ခေတ်ရဲ့ ဦးနှောက်ကင်ဆာ ကုသမှုလောကမှာ အနုစိတ်အကျဆုံးနဲ့ ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခု ကိုပြောပြပေးချင်ပါတယ်

အဲ့ဒါကတော့ ဦးနှောက်ရဲ့အတွင်းအကျိတ်များကို

ကုသနိုင်ဖို့ ပျံ့နှံ့နေတဲ့ ကင်ဆာအကျိတ်ငယ်များကိုကုသဖို့ရာ အလိုလျှောက်ဓာတ်ရောင်ခြည် ကုသမှုစနစ် ကို ⚡ ကုသနည်းလို့ဆိုပါတယ်

🔶𝐇𝐲𝐩𝐞𝐫 𝐀𝐫𝐜 ဆိုတာကတော့ ဦးနှောက်အကျိတ်များ (အထူးသဖြင့် နေရာအနှံ့ပျံ့နှံ့နေသော

ကင်ဆာအကျိတ်များ) နဲ့ ဦးခေါင်းခွံအတွင်း ဖြစ်ပွားတဲ့ အခြားဝေဒနာများကို ကုသဖို့ရာအတွက် အထူးထုတ်လုပ်ထားတဲ့ အလိုအလျောက်စနစ်သုံး ⚡𝐒𝐭𝐞𝐫𝐞𝐨𝐭𝐚𝐜𝐭𝐢𝐜 𝐑𝐚𝐝𝐢𝐨𝐬𝐮𝐫𝐠𝐞𝐫𝐲 (𝐒𝐑𝐒) နည်းပညာတစ်ခု ဖြစ်ပါတယ်။

🔶ကျန်းမာတဲ့တစ်ရှူးတွေကိုထိခိုက်မှုအနည်းဆုံးဖြစ်ပြီးအကျိတ်များရှိရာဆီကို တိကျတဲ့ဆေးပမာဏကို ပေးပို့ကုသနိုင်ပါတယ်။ 𝐖𝐡𝐨𝐥𝐞-𝐛𝐫𝐚𝐢𝐧 𝐫𝐚𝐝𝐢𝐚𝐭𝐢𝐨𝐧 ထက်ပိုမိုမြန်ဆန်ပြီးဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။

သူ့ရဲ့အဓိကအကျိုးကျေးဇူးရလဒ်တွေကတော့

• အကျိတ်များစွာကို တစ်ပြိုင်နက် ကုသနိုင်ခြင်း: ဦးနှောက်အတွင်း ပျံ့နှံ့နေသော အကျိတ်ငယ် အခု ၂၀ ခန့်အထိကို တစ်ကြိမ်တည်းဖြင့် (တစ်လုံးချင်းစီ ကုသစရာမလိုဘဲ) ကုသပေးနိုင်ခြင်းမှာ အလွန်ထူးခြားသော တိုးတက်မှုဖြစ်ပါတယ်။

• တိကျသော ဆေးပမာဏ ပေးပို့မှု: အလိုအလျောက် ထောင့်ပေါင်းစုံမှ ပတ်၍ ဓာတ်ရောင်ခြည်ပေးခြင်း (𝐀𝐫𝐜𝐬) ကြောင့် အကျိတ်ရှိရာသို့သာ ဆေးရောက်ရှိပြီး ဘေးပတ်ဝန်းကျင်ရှိ ဦးနှောက်တစ်ရှူးများကို အကာအကွယ်ပေးနိုင်ပါတယ်

• ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း: ကျန်းမာသော ဦးနှောက်အစိတ်အပိုင်းများသို့ ဓာတ်ရောင်ခြည်ထိတွေ့မှု လျှော့ချပေးနိုင်လို့ လူနာ၏ လူနေမှုဘဝ အရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်

• မြန်ဆန်ပြီး ထိရောက်ခြင်း: ဆော့ဖ်ဝဲလ်စနစ်ဖြင့် အလိုအလျောက် စီစဉ်ပေးခြင်းကြောင့် ကုသမှုကြာချိန်နဲ့ ကြိုတင်ပြင်ဆင်ချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်

• ခွဲစိတ်စရာမလိုခြင်း: ၎င်းသည် ခွဲစိတ်စရာမလိုဘဲ အကျိတ်များကို ထိန်းချုပ်ပေးနိုင်သော နည်းလမ်းဖြစ်လို့ ခွဲစိတ်ကုသမှုရဲ့ နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ပါတယ်။

ကုသမှုကြာချိန်အနေနဲ့ ၁၅မိနစ်ကနေ မိနစ် ၂၀ခန့်သာကြာမြင့်ပါတယ်။ ဓာတ်ရောင်ခြည်ပေးပို့ချိန်ကတော့ ၂မိနစ်ကနေ ၅မိနစ်အတွင်းမှာပြီးစီးပါတယ်။

🔷အရင်ခေတ်ကအကျိတ်တစ်ခုခြင်းစီကိုအသေးစိတ်ပစ်မှတ်ထားရတဲ့နည်းလမ်းတွေမှာ အကျိတ်အရေအတွက်များရင် ၂နာရီလောက်ထိကြာတတ်ပေမယ့် ⚡𝐇𝐲𝐩𝐞𝐫 𝐀𝐫𝐜 ကတော့ အကျိတ်အားလုံးကိုတပြိုင်ထဲကုသရလို့ အချိန်ကုန်အလွန်သက်သာပါတယ်။

🔷လူနာအနေနဲ့ နာကြင်မှုမရှိခြင်း လေဝင်လေထွက်ကောင်းတဲ့ ပလတ်စတစ် ပိုက်ကွန်မျက်နှာဖုံးကို အသုံးပြုထားရခြင်း ကုသမှုတောက်လျှောက်သတိရှိနေပြီး ဆရာဝန်များနဲ့စကားပြောဆိုနိုင်ခြင်းဆိုတဲ့အားသာချက်တွေလည်းရှိပါတယ်။

🔷အကျိတ်အရွယ်အစားပေါ်မူတည်ပြီး တကြိမ်တည်းနဲ့ကုသမှုပြီးမြောက်တာရှိသလို အရွယ်အစားကြီးရင်တော့ (၃)ကြိမ်ကနေ (၅)ကြိမ်ထိကုသရတတ်ပါတယ်။

🔷တစ်ချို့လူနာတွေမှာတော့ ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ဆံပင်အနည်းငယ်ကျွတ်ခြင်းတွေကို ယာယီခံစားရတတ်ပါတယ်။

𝐌𝐨𝐫𝐞 𝐓𝐡𝐚𝐧 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞, 𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞𝐥𝐨𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫
“ 𝙍𝙚𝙙𝙛𝙤𝙭 𝙃𝙚𝙖𝙡𝙩𝙝𝙘𝙖𝙧𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚 ”

⚕️𝐑𝐞𝐝𝐟𝐨𝐱 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 - 𝐈𝐦𝐩𝐫𝐨𝐯𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 👍🏻

📍 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞: 𝐍𝐨.𝟒𝟒-𝐀, 𝟑𝟔𝐭𝐡 𝐀𝐯𝐞𝐧𝐮𝐞 𝐒𝐭, 𝐀𝐜𝐫𝐨𝐬𝐬 𝐬𝐢𝐝𝐞 𝐨𝐟 𝐈𝐧𝐝𝐢𝐚 𝐄𝐦𝐛𝐚𝐬𝐬𝐲, 𝐊𝐲𝐚𝐮𝐭𝐚𝐝𝐚 𝐓𝐬, 𝐘𝐚𝐧𝐠𝐨𝐧.

📞 𝐏𝐡: 𝟎𝟗-𝟗𝟕𝟐𝟔𝟕𝟒𝟔𝟔𝟒, 𝟎𝟗-𝟒𝟒𝟎𝟐𝟑𝟕𝟓𝟔𝟗

📍 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞: 𝐍𝐨.𝐆-𝟏𝟏, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫 𝐨𝐟 𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐏𝐥𝐚𝐳𝐚, 𝟕𝟖𝐭𝐡 𝐬𝐭 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝟑𝟑𝐫𝐝 𝐱 𝟑𝟒𝐭𝐡 𝐬𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

📞 𝐏𝐡: 𝟎𝟗-𝟒𝟒𝟎𝟐𝟑𝟕𝟓𝟔𝟗, 𝟎𝟗-𝟕𝟑𝟎𝟓𝟕𝟖𝟏𝟓

📍 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐎𝐟𝐟𝐢𝐜𝐞: 𝐍𝐨. 𝟑𝟓𝟏, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫 𝐨𝐟 𝐂𝐢𝐭𝐲𝐬𝐪𝐮𝐚𝐫𝐞 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫, 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢.

📞 𝐏𝐡: 𝟎𝟗-𝟗𝟕𝟒𝟏𝟗𝟏𝟑𝟎𝟐, 𝟎𝟗-𝟗𝟕𝟑𝟗𝟑𝟑𝟗𝟏𝟖

📧 𝐄𝐦𝐚𝐢𝐥: 𝐢𝐧𝐟𝐨@𝐫𝐞𝐝𝐟𝐨𝐱𝐡𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞.𝐜𝐨𝐦



#နှလုံးရောဂါ #နှလုံးခွဲစိတ်ဆရာဝန် #ဦးနှောက်အကျိတ် #ဦးနှောက်ခွဲစိတ်ဆရာဝန်

❤️❤️သင့်ရဲ့အသည်းဟာမရှိမဖြစ်ပါ....👨‍⚕️🩺ကျွန်မတို့တွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့အသည်းဟာ မရှိမဖြစ်လိုအပ်လှတဲ့လုပ်ဆောင်ချက် ရာန...
22/01/2026

❤️❤️သင့်ရဲ့အသည်းဟာမရှိမဖြစ်ပါ....

👨‍⚕️🩺ကျွန်မတို့တွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့အသည်းဟာ မရှိမဖြစ်လိုအပ်လှတဲ့လုပ်ဆောင်ချက် ရာနဲ့ချီကိုလုပ်ဆောင်နိုင်သလို ကြီးမားပြီးအစွမ်းထက်လှတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
သွေးမှ အဆိပ်အတောက်များကိုစစ်ထုတ်ဖို့ရာ အသည်းဟာစစ်ထုတ်ကိရိယာတစ်ခုပဲဖြစ်ပါတယ်။
အဆိပ်အတောက်များလွန်းခြင်းက အသည်းရဲ့အရင်းအမြစ်များနဲ့လုပ်ဆောင်နိုင်စွမ်းကိုလွှမ်းမိုးထားပါတယ်
အသည်းရောဂါလို့ဆိုလာတဲ့အခါ တဖြည်းဖြည်းပျက်စီးလာတဲ့နာတာရှည်ဝေဒနာတစ်ခုဖြစ်လာတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု အဆိပ်အတောက်ဖြစ်ခြင်းနဲ့
ဇီဝဆိုင်ရာဖြစ်စဉ်များက နာတာရှည်အသည်းရောဂါကို ဖြစ်စေပါတယ်။
နာတာရှည်အသည်းရောဂါဟာ အဆင့်လေးဆင့်လောက်ထိရှိပါတယ်။
အသည်းရောင်ရောဂါ ၊ အမာရွတ်ဖြစ်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း ဆိုတဲ့အဆင့်တွေပဲဖြစ်ပါတယ်။
အစပိုင်းမှာလက္ခဏာမပြဘဲရှိနေတတ်ပါတယ်။
ခုခံအားစနစ်ကရောဂါပိုးကိုအနိုင်ယူဖို့ရာလုပ်ဆောင်နေချိန်မှာ ခနတာဖျားနာတာ ဗိုက်အောင့်တာ ပျို့အန်တာမျိုးတွေခံစားရနိုင်ပါတယ်။
ဒါပေမယ့် ရောဂါပိုးကိုအနိုင်မယူနိုင်ရင်တော့ နာတာရှည်ရောဂါပိုး ဝင်သွားနိုင်ပါတယ်။
အသည်းရောဂါရဲ့ တခြားအကြောင်းရင်းတချို့ကလည်း ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာတွေနဲ့ စတင်နိုင်သလို ရံဖန်ရံခါ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အသည်းရောဂါကိုပိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ
✅အရက်အလွန်အကျွံသောက်ခြင်း၊
✅သွေးကြောထဲထိုးဆေးများထိုးခြင်း၊
✅အက်စပရင် သို့မဟုတ် အက်စီတမီနိုဖင်လိုမျိုး အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊
✅ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာစုရှိခြင်း
✅အဆိပ်သင့်ဓာတုပစ္စည်းများနှင့် မှန်မှန်ထိတွေ့ခြင်း၊
✅အခြားသူများ၏ သွေး သို့မဟုတ် ခန္ဓာကိုယ်အရည်များနဲ့ မှန်မှန်ထိတွေ့ခြင်းတွေပါဝင်ပါတယ်။

🩺👨‍⚕️အသည်းရောဂါရှိမရှိသိစေဖို့ သွေးစစ်ဆေးခြင်း၊ CT Scan ၊ အာထရာဆောင်းသို့ MRI ရိုက်ခြင်း၊ ခန္ဓာကိုယ်တွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း၊
နျူးကလီးယားဆေးပညာနဲ့ပုံရိပ်ဖော်ခြင်း၊
အသည်းတစ်သျှူးစစ်ဆေးခြင်းစတဲ့နည်းလမ်းတွေနဲ့စစ်ဆေးနိုင်ပါတယ်။

အသည်းကျန်းမာရေးကို ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို သိပြီးထိရောက်စွာဖယ်ရှားခြင်း ဒါမှမဟုတ် လိုအပ်တာတွေကိုစီမံပေးနိုင်ရင်တော့ အသည်းရောဂါရဲ့အစောပိုင်းအဆင့်မှာတင်ပြန်ကောင်းအောင် ကုသပေးနိုင်ပါတယ်။

👨‍⚕️🩺ကျွန်မတို့ Redfox Healthcare Serviceကနေ အသည်းနဲ့ပတ်သက်လို့ကုသချင်သူတွေ မေးမြန်းဆွေးနွေးလိုသူတွေအတွက် အသည်းအစားထိုးကုသမှုနယ်ပယ်မှာ ရှေ့ဆောင်လမ်းပြပေးနိုင်တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

👨‍⚕️ဆရာကြီးရဲ့အမည်ကတော့ Dr. Arvinder Singh Soin ဖြစ်ပါတယ်။

✅လက်ရှိမှာတော့ အိန္ဒိယနိုင်ငံ၊ ဂါအူဂွန် (Gurgaon) မှာရှိတဲ့ Medanta-The Medicity အသည်းအစားထိုးကုသမှုနှင့် ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ဆေးပညာဌာန (Institute of Liver Transplantation and Regenerative Medicine) ရဲ့ ဥက္ကဌတစ်ယောက်လည်းဖြစ်ပါတယ်။

✅ ဆေးပညာနယ်ပယ်အတွက် ပံ့ပိုးကူညီမှုတွေကြောင့် အိန္ဒိယနိုင်ငံသမ္မတထံမှ Padma Shri ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသူပါ။

✅ နယူးဒေလီနဲ့ပန်ဂျပ်ပြည်နယ်တစ်ဝန်းလုံးမှာ အလှအပအသားအရေကုသရေးစင်တာတွေဖြစ်တဲ့ Aayna Clinic များကိုလည်းပူးတွဲတည်ထောင်ထားပါတယ်။

✅ အိန္ဒိယနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးနယ်ပယ်အသီးသီးတွင် အဓိကကျသော ဆေးဘက်ဆိုင်ရာဩဇာလွှမ်းမိုးသူတစ်ဦးဖြစ်သလို COVID-19 ကာလအတွင်း ကလည်း ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဆရာကြီးအနေနဲ့....
• အသည်း အစားထိုးကုသခြင်း
• အသည်းရောင် အသည်းခြောက်ခြင်း (Cirrhosis)
• ကင်ဆာခွဲစိတ်ကုသမှု
• သည်းခြေလမ်းကြောင်းပိတ်ဆို့ခြင်း (Biliary Atresia)
• Vaser အဆီစုပ်ယူခြင်း (Vaser Liposuction)
• အလှအပဆိုင်ရာ ခွဲစိတ်ကုသမှု (Cosmetic Surgery) စတဲ့နယ်ပယ်တွေကို စိတ်ပါဝင်စားစွာနဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။

👨‍⚕️🩺ဆရာကြီးရဲ့ #အောင်မြင်မှု မှတ်တိုင်တွေအနေနဲ့တော့..
• ၂၀၀၉ - အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဖြစ်သလို ကမ္ဘာ့ပထမဆုံးလို့လည်းဆိုတဲ့ အသည်းအစားထိုးကုသမှု အောင်မြင်ခဲ့ခြင်း
• ၂၀၁၂ - ကမ္ဘာ့ပထမဆုံး တစ်ပြိုင်နက်တည်း အသည်းအစားထိုးကုသမှု သုံးခု ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်း
• ၂၀၁၃ - အိန္ဒိယနိုင်ငံ၏ ပထမဆုံး အောင်မြင်သော အူသိမ် အစားထိုးကုသမှု များပဲဖြစ်ပါတယ်။

👨‍⚕️🩺ဆရာကြီးလက်ခံရရှိခဲ့တဲ့ #ဆုမှတ်တမ်း တွေအနေနဲ့....
• Padma Shri (အိန္ဒိယနိုင်ငံ သမ္မတမှ ချီးမြှင့်သည်) - ၂၀၁၀
• RD Birla - ၂၀၁၁
• Swastha Bharat Samman - ၂၀၁၁
• E- medinews award - ၂၀၁၂
• Limca စံချိန်မှတ်တမ်းစာအုပ်မှာ ၂၀၀၇/၂၀၀၈/၂၀၀၉/၂၀၁၀ မှတ်တမ်းတင်ခံရခြင်း
• DMA Award - ၁၉၉၀
• သုတေသန ရန်ပုံငွေ ချီးမြှင့်ခံရခြင်း - ၁၉၉၆
• Medindia Oration နှင့် Medindia Award - ၂၀၀၈
• DMA Distinguished Services Award - ၂၀၁၃
• British Transplantation Society Bursary ချီးမြှင့်ခံရခြင်း - ၁၉၉၇
• British Transplantation Society Bursary ချီးမြှင့်ခံရခြင်း - ၁၉၉၄
• MSOSA Award for Excellence - ၂၀၁၄
• Doc n Doc award for Excellence in Liver Transplantation (အသည်းအစားထိုးကုသမှု ထူးချွန်ဆု) - ၂၀၁၄
• MT India Healthcare Award - ၂၀၁၆

✅အသည်းကုထုံးတွေနဲ့ပတ်သက်လို့ ခန့်မှန်းကုန်ကျစရိတ်တွေအနေနဲ့...
❤️Liver Resection (အသည်းခွဲစိတ်ဖြတ်ထုတ်ခြင်း) USD 10000-14000
❤️RFA(ရေဒီယိုကြိမ်နှုန်းဖြင့် အပူပေးကုသခြင်း)၊ MWA (မိုက်ခရိုဝေ့ဖ်ဖြင့် အပူပေးကုသခြင်း)
USD 3500 - 5000
❤️IBRT (အတွင်းပိုင်း ဓာတ်ရောင်ခြည်ကုထုံး)
SBRT (ပြင်ပမှ အလွန်တိကျသော ဓာတ်ရောင်ခြည်ကုထုံး) USD 4000 - 4500
❤️TACE (အသည်းသွေးကြောပိတ် ကုထုံး)
USD 4000 - 6000
❤️TARE (ရေဒီယိုသတ္တိကြွ အမှုန်များဖြင့် ကုသသော အသည်းသွေးကြောပိတ် ကုထုံး)
USD16800 - 25000
❤️Liver transplant (အသည်းအစားထိုးကုသခြင်း) USD23000 - 30000
❤️PET Scanဖတ်ခြင်း USD400 - 500
❤️TIPS (အသည်းအတွင်းရှိ သွေးပြန်ကြောများ ဆက်သွယ်ခြင်း) USD 7000 - 10000
❤️Immunotherapy (ကိုယ်ခံစွမ်းအား မြှင့်တင်ကုထုံး) USD 8000 - 12000

"ကျန်းမာရေးနဲ့ပတ်သက်လို့ အမြဲတမ်းတိကျသေချာပြီး စိတ်လုံခြုံမှုအပြည့်အဝရရှိစေဖို့
" Redfox Healthcare Service ကို ဆက်သွယ်လိုက်ပါရှင်

📍 Yangon Office: No.44-A, 36th Avenue St, Across side of India Embassy, Kyautada Ts, Yangon.
📞 Ph: 09-972674664, 09-440237569

📍 Mandalay Office: No.G-11, Ground Floor of Diamond Plaza, 78th st between 33rd x 34th st, Mandalay.
📞 Ph: 09-440237569, 09-73057815

📍 Taunggyi Office: No. 351, 3rd Floor of Citysquare Shopping Center, Taunggyi.
📞 Ph: 09-974191302, 09-973933918

Thank you each n everyone for being a part of our Health Talk Forum. 🙏🏻😊🙏🏻Specially thanks to Dr Sandeep Vaishya and Dr ...
15/01/2026

Thank you each n everyone for being a part of our Health Talk Forum. 🙏🏻😊🙏🏻
Specially thanks to Dr Sandeep Vaishya and Dr Anil Mandhani for the valuable time. 🙏🏻🥰

⚕️RedFox Healthcare - Improving Lives Together 👍🏻

15/01/2026

ကျွန်မတို့ ⚕️RedFox Healthcare မှ ကျင်းပပြုလုပ်ခဲ့သည့် Health Talk Forum with Dr Sandeep Vaishya and Dr Anil Mandhani ၏ highlights များအချို့ကို sharing လုပ်ပေးလိုက်ပါတယ်ရှင့်။ ကျွန်မတို့ ⚕️RedFox မိသာစု ကိုယုံကြည်စိတ်ခြ‌စွာရွေးခြယ်ပေးသည် လူနာများအာလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ လူနာများအားလုံး စိတ်၏ချမ်းသားခြင် ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်ဆုံးကြပါစေလို့ဆုတောင်းပရစေရှင့်။ 🙏🏻🥰🙏🏻

👥ဦးခေါင်းခွံထဲက အငွေ့အစုအဝေး "ဦးနှောက်သွေးကြောကျဥ်း" Moyamoya ရောဂါ👨‍⚕️Moyamoya ရောဂါကတော့ ဦးခေါင်းခွံအတွင်းမှာရှိတဲ့ ဦး...
03/01/2026

👥ဦးခေါင်းခွံထဲက အငွေ့အစုအဝေး
"ဦးနှောက်သွေးကြောကျဥ်း" Moyamoya ရောဂါ

👨‍⚕️Moyamoya ရောဂါကတော့ ဦးခေါင်းခွံအတွင်းမှာရှိတဲ့ ဦးနှောက်ကိုပို့လွှတ်ထားတဲ့ Carotid သွေးလွှတ်ကြောမကြီးများ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားလှတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီလို ပိတ်ဆို့သွားမှုကို ပြန်လည်ကုစားဖို့ ကြိုးစားတဲ့အနေနဲ့ ဦးနှောက်၏ အခြေပိုင်းတွင် သေးငယ်နုနယ်သော သွေးကြောကွန်ရက်သစ်လေးများ အစုလိုက်အပြုံလိုက် ဖြစ်ထွန်းလာတတ်ပါတယ်။

ဂျပန်ဘာသာစကားနဲ့ "မိုယာမိုယာ" (Moyamoya) ဆိုတာကတော့ "အငွေ့အစုအဝေး" (Puff of smoke) ဟု အဓိပ္ပာယ်ရပြီး၊ ယင်းမှာ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ သွေးကြောစုလေးများရဲ့ ဝေဝါးသောပုံသဏ္ဌာန်ကို တင်စားခေါ်ဝေါ်တဲ့ Nick Nameပဲဖြစ်ပါတယ်။

အဓိကကတော့ Moyamoya ရောဂါဟာ ဦးနှောက်အတွင်းမှာရှိတဲ့ သွေးကြောအချို့ ကျဉ်းသွားတဲ့ ရောဂါပဲဖြစ်ပါတယ်။ ကျဉ်းခြင်း နဲ့ သွေးခဲခြင်းတွေက သွေးစီးဆင်းမှုကို ပိတ်ဆို့ထားပါတယ်။

အရန်သွေးကြောသစ်လေးများဟာ သေးငယ်ခြင်း၊ အားနည်းခြင်းတို့ကြောင့် သွေးယိုစီးခြင်း
သွေးကြောဖောင်းခြင်း နဲ့ သွေးခဲပိတ်ခြင်းတို့ ဖြစ်ပွားဖို့ အခွင့်အလမ်းများပါတယ်။

🌏ဒီ‌ဝေဒနာဟာ အာရှတိုက်သားတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး လူမျိုး၊ အသက်အရွယ်မရွေး လူတိုင်းမှာ ရောဂါဖြစ်ပွား နိုင်ပါတယ်။ ဖြစ်ပွားတဲ့အခါ အသက် (၁၀)နှစ်အောက်ကလေးများနှင့် အသက် (၄၀) ကျော်လူကြီးများမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

ကလေးငယ်တွေမှာလည်း TIAsနဲ့ လေဖြတ်ခြင်းလိုမျိုးလက္ခဏာတွေရှိနေတတ်ပြီးမှတ်ဉာဏ်ဖွံ့ဖြိုးမှုကိုတားဆီးနိုင်ပါတယ်။ မိုယာမိုယာရောဂါရဲ့ တိကျတဲ့အကြောင်းရင်းကို မသိရသေးပေမယ့်လည်း မိသားစုအချို့မှာဖြစ်ပွားလေ့ရှိပြီး မျိုးရိုးဗီဇဆိုင်ရာ ရောဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဦးနှောက်သို့ သွေးထောက်ပံ့မှု ပြတ်လပ်ခြင်းကနေ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါတယ်။

🔶အမျိုးအစားခွဲခြားခြင်းစနစ်အနေနဲ့အဆင့် ၆ ဆင့်ရှိပါတယ်။

အဆင့် ၁: Narrowing of carotid fork ဦးနှောက်သို့ သွေးပို့လွှတ်သည့် အဓိကသွေးကြောမကြီး (Carotid artery) ၏ ခွဆုံနေရာတွင် စတင်ကျဉ်းမြောင်းလာခြင်း။

အဆင့် ၂: Initiation of the moyamoya မိုယာမိုယာ (ဆေးလိပ်ငွေ့သဏ္ဌာန်) အရန်သွေးကြောများ စတင်ပေါ်ပေါက်လာခြင်းနှင့် ဦးနှောက်အတွင်းပိုင်းရှိ ပင်မသွေးကြောများ ကျယ်လာခြင်း။

အဆင့် ၃: Intensification of the moyamoya မိုယာမိုယာ သွေးကြောစုများ ပိုမိုများပြားသိသာလာခြင်း၊ ရှေ့ပိုင်းဦးနှောက်သွေးကြော (ACA) နှင့် အလယ်ပိုင်းဦးနှောက်သွေးကြော (MCA) တို့တွင် ပိတ်ဆို့မှုများ (Defects) စတင်ဖြစ်ပေါ်လာခြင်း၊

အဆင့် ၄ : Minimization of the moyamoya မိုယာမိုယာ သွေးကြောစုများ ပြန်လည်နည်းပါးသွားခြင်းနှင့် နောက်ပိုင်းဦးနှောက်သွေးကြော (PCA) တွင် ပိတ်ဆို့မှုများ ဖြစ်ပေါ်လာခြင်း၊

အဆင့် ၅ : Reduction of the moyamoya မိုယာမိုယာ သွေးကြောစုများ သိသိသာသာ လျော့နည်းသွားခြင်းနှင့် ဦးခေါင်းခွံပြင်ပရှိ သွေးကြော (External carotid artery) မှတစ်ဆင့် အရန်သွေးကြောများ ပိုမိုဖွံ့ဖြိုးလာခြင်း။

အဆင့် ၆ : Disappearance of the moyamoya မိုယာမိုယာ သွေးကြောစုများ လုံးဝပျောက်ကွယ်သွားခြင်းနှင့် ဦးနှောက်အတွင်း သွေးလှည့်ပတ်မှုမှာ ဦးခေါင်းခွံပြင်ပသွေးကြော (ECA) နှင့် ကျောရိုးသွေးကြော (Vertebral artery) တို့ကိုသာ အဓိကအားပြု၍ စီးဆင်းတော့ခြင်း။

🔶 Moyamoya Syndrome ဟာ တစ်ဖက်သတ်သွေးလွှတ်ကြောကျဉ်းခြင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အခြေအနေများစွာထဲက တစ်ခုလည်း ဖြစ်ပါတယ်။

🔶ရောဂါရဲ့ ပထမဆုံးလက္ခဏာမှာ လေဖြတ်ခြင်း (သို့မဟုတ်) ထပ်ခါတလဲလဲ ယာယီသွေးအားနည်းရောဂါ ခံစားရမှုများ (TIA) ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကလည်း “အသေးစားလေဖြတ်ခြင်း” လို့ခေါ်ဆိုကြပါတယ်။

🔷အခြား မိုယာမိုယာရောဂါလက္ခဏာတွေအနေနဲ့- ဦးနှောက်သွေးယိုစီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ သွေးကြောဖောင်းပွခြင်း၊အလိုအလျောက်လှုပ်ရှားမှုများဖြစ်ခြင်း ၊
အာရုံဆိုင်ရာ ပြဿနာများအ‌နေနဲ့ မြင်ခြင်း၊ ကြားခြင်း၊ အနံ့ခံခြင်း၊ အထိအတွေ့နှင့်/သို့မဟုတ် အရသာခံခြင်းဖြစ်ပေါ်တတ်ပါတယ်။

💊ဆေးဝါးကုသမှုအပိုင်းမှာတော့ ခေါင်းကိုက်ခြင်းကိုကုသဖို့နဲ့ သွေးကြောကျဉ်းခြင်းတွေကိုလျော့ချနိုင်မယ့် ဆေးဝါးတွေကို အသုံးပြုလေ့ရှိပါတယ်။

🩺👨‍⚕️မိုယာမိုယာရောဂါကို မြန်မြန်ဆန်ဆန်နဲ့ တိကျစွာ ရောဂါရှာဖွေဖို့အတွက် အဆင့်မြင့်ဆုံး ရုပ်ပုံဖော်နည်းပညာတွေကို အသုံးပြုပါတယ်။
ရုပ်ပုံဖော်နည်းပညာတွေအနေနဲ့တော့သံလိုက်ဓာတ်မှန်ရိုက်ခြင်း MRIနဲ့MRAက က သွေးစီးဆင်းမှု ပြတ်တောက်နေတဲ့ ဦးနှောက်ရဲ့ နေရာတွေကို ရှာဖွေဖို့ ကူညီပေးပါတယ်။

⚕️MRI စစ်ဆေးမှုအနေနဲ့တော့ ဦးနှောက်တစ်ရှူး၊ အကျိတ်၊ ကြွက်သား အရွတ်နဲ့အာရုံကြောတွေကို ကြည့်ရှုနိုင်ပြီး ဦးနှောက်တွင်း သွေးပြတ်လပ်တဲ့လက္ခဏာနဲ့သွေးယိုစိမ့်မှု၊ ဦးနှောက်ယောင်ခြင်း၊ ကင်ဆာကျိတ်နဲ့ လေဖြတ်ပြီး ဦးနှောက်တစ်ရှူးပျက်စီးမှုတွေကိုကြည့်ရှုနိုင်ပါတယ်။

⚕️MRA အနေနဲ့တော့ သွေးလွှတ်ကြော၊ သွေးပြန်ကြော များ ပိတ်ခြင်း၊ ဖောင်းခြင်း၊ကျဉ်းခြင်းနဲ့ Moyamoyaကြောင့်ဖြစ်တဲ့ Puff of Smoke သွေးကြောနုလေးများကို ပုံဖော်ကြည့်နိုင်ပါတယ်။။

⚕️Angiography (သွေးကြောဓာတ်မှန်)အနေနဲ့တော့ သွေးကြောအတွင်းကိုဆိုးဆေး Contrast Dyeထည့်သွင်းကာ X Rayရိုက်ပြီး သွေးကြော ပုံသဏ္ဌာန်နှင့် စီးဆင်းမှုကို ကြည့်ရှုခြင်းဖြစ်ပါတယ် ဒီနည်းကတော့ သွေးကြောပိတ်ခြင်း၊ ကျဉ်းခြင်း သို့မဟုတ် သွေးကြောဖောင်းခြင်း ရှိမရှိ အဖြေရှာဖို့ရာအထောက်အကူပေးပါတယ်

⚕️ CT Scan (ကွန်ပျူတာဓာတ်မှန်)အနေနဲ့တော့ သာမာန် X-rayထက်ပိုမိုတိကျတဲ့ ပုံရိပ်တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။ ဦးနှောက်အတွင်း သွေးယိုစီးမှု ရှိမရှိ သို့မဟုတ် လေဖြတ်ထားသော ဒဏ်ရာဟောင်းများ ရှိမရှိကို လျင်မြန်စွာ သိစေနိုင်ပြီး သွေးကြောထဲဆေးထည့်ကာ 3Dနည်းပညာနဲ့ကြည့်ရှုနိုင်ပါတယ်

⚕️EEG (Electroencephalogram - ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်းကတော့ ဦးနှောက်ထဲမှာရှိတဲ့ဆဲလ်များကထွက်တဲ့လျှပ်စစ်လှိုင်းတွေကိုတိုင်းတာခြင်းဖြစ်ပြီး ဦးနှောက်ထဲကမူမမှန်တဲ့လျှပ်စစ်လှိုင်းတွေကို သိရှိစေပါတယ်။

⚕️DSA (Digital Subtraction Angiography)ကတော့Angiography ထဲမှာအဆင့်မြင့်ဆုံးနဲ့ အတိကျဆုံး နည်းလမ်းဖြစ်ပါတယ်။ ကွန်ပျူတာ နည်းပညာကို အသုံးပြုပြီး သွေးကြောမဟုတ်သော (အရိုးနှင့် အသား) ပုံရိပ်များကို ထုတ်လိုက်ကာ သွေးကြောများကိုသာ သီးသန့် အလွန်ကြည်လင်စွာ ပုံဖော်ပေးခြင်း ပဲဖြစ်ပါတယ်။

🔷ထူးခြားချက်ကတော့ DSAနည်းလမ်းဟာ Moyamoya ရောဂါအတွက် Gold Standard (အကောင်းဆုံး စံသတ်မှတ်ချက်) လို့ဆိုကြပါတယ်။ပေါင်ခြံမှတစ်ဆင့် သေးငယ်သော ပိုက် (Catheter) လေးကို သွေးကြောထဲထည့်ကာ ဦးနှောက်အထိ ပို့လွှတ်ပြီး စစ်ဆေးရသဖြင့် အနည်းငယ် ထိုးဖောက်ဝင်ရောက်သော (Invasive) နည်းလမ်း ဖြစ်ပါတယ်။

🩺Moyamoya ရောဂါအတွက် ခွဲစိတ်ကုသမှုကတော့ အခြားသော သွေးကြောများကို အသုံးပြုပြီး ဦးနှောက်အတွင်းသို့ သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်ပါတယ် အဲ့ဒီနည်းကိုတော့ microsurgical revascularization လို့ ခေါ်ဆိုပါတယ်။

• တိုက်ရိုက် သွေးကြောဆက်ခြင်း (Direct bypass surgery): ဒီခွဲစိတ်မှုမှာ ကျန်းမာတဲ့ သွေးကြောတစ်ခုကို (များသောအားဖြင့် ဦးရေပြားမှ သွေးကြောကို ယူပြီး ဦးနှောက်အတွင်းရှိ သွေးလွှတ်ကြောအတွင်းသို့ တိုက်ရိုက် ချုပ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ ၎င်းသည် ဦးနှောက်အတွင်းသို့ သွေးစီးဆင်းမှုကို ချက်ချင်း ပြန်လည်ကောင်းမွန်စေပါတယ်။

• သွယ်ဝိုက် သွေးကြောဆက်ခြင်း (Indirect bypass surgery): ဒီနည်းလမ်းကတော့ ခွဲစိတ်ဆရာဝန်အနေနဲ့ သွေးကြောတစ်ခုကို ဦးနှောက် မျက်နှာပြင်ပေါ်တွင် ကပ်၍ ထားပေးခြင်း ဖြစ်ပါတယ်။ သွေးကြော အနာကျက်လာတာနဲ့ အမျှ ဦးနှောက်အတွင်းသို့ သွေးဖြည့်တင်းပေးမှုကို ပိုမိုကောင်းမွန်လာစေပါတယ်။ ဒီနည်းလမ်းကို Moyamoya ရောဂါရှိတဲ့ ကလေးငယ်များမှာ အများဆုံး အသုံးပြုလေ့ရှိပါတယ်။

• Direct Bypass: ရလဒ် ချက်ချင်းပြသဖြင့် လေဖြတ်နိုင်ခြေ မြင့်မားနေသော လူကြီးများမှာ ပိုမိုအသုံးပြုပါတယ်။

• Indirect Bypass: ကလေးငယ်များ၏ ဦးနှောက်သည် သွေးကြောသစ်များ ဖန်တီးနိုင်စွမ်း (Angiogenesis) ပိုကောင်းတဲ့အတွက် ကလေးများမှာ ဒီနည်းလမ်းက ပိုမိုအောင်မြင်တတ်ပါတယ်။

𝗥𝗲𝗱𝗳𝗼𝘅 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 - 𝗜𝗺𝗽𝗿𝗼𝘃𝗶𝗻𝗴 𝗟𝗶𝘃𝗲𝘀 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿

📍 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞: 𝐍𝐨.𝟒𝟒-𝐀, 𝟑𝟔𝐭𝐡 𝐀𝐯𝐞𝐧𝐮𝐞 𝐒𝐭, 𝐀𝐜𝐫𝐨𝐬𝐬 𝐬𝐢𝐝𝐞 𝐨𝐟 𝐈𝐧𝐝𝐢𝐚 𝐄𝐦𝐛𝐚𝐬𝐬𝐲, 𝐊𝐲𝐚𝐮𝐭𝐚𝐝𝐚 𝐓𝐬, 𝐘𝐚𝐧𝐠𝐨𝐧.
📞 𝐏𝐡: 𝟎𝟗-𝟗𝟕𝟐𝟔𝟕𝟒𝟔𝟔𝟒, 𝟎𝟗-𝟒𝟒𝟎𝟐𝟑𝟕𝟓𝟔𝟗

📍 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞: 𝐍𝐨. 𝐆-𝟏𝟏, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫 𝐨𝐟 𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐏𝐥𝐚𝐳𝐚, 𝟕𝟖𝐭𝐡 𝐬𝐭 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝟑𝟑𝐫𝐝 𝐱 𝟑𝟒𝐭𝐡 𝐬𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📞 𝐏𝐡: 𝟎𝟗-𝟒𝟒𝟎𝟐𝟑𝟕𝟓𝟔𝟗, 𝟎𝟗-𝟕𝟑𝟎𝟓𝟕𝟖𝟏𝟓

📍 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐎𝐟𝐟𝐢𝐜𝐞: 𝐍𝐨. 𝟑𝟓𝟏, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫 𝐨𝐟 𝐂𝐢𝐭𝐲 𝐒𝐪𝐮𝐚𝐫𝐞 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫, 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢.
📞 𝐏𝐡: 𝟎𝟗-𝟗𝟕𝟒𝟏𝟗𝟏𝟑𝟎𝟐, 𝟎𝟗-𝟗𝟕𝟑𝟗𝟑𝟑𝟗𝟏𝟖

🏠‌ခေတ်မီနည်းပညာများနဲ့ တိကျသေချာတဲ့ ကုသမှုများအတွက် Redfox Healthcare ရဲ့ ဝန်ဆောင်မှုများကို စိတ်ချယုံကြည်စွာလုပ်ဆောင်လိုက်ပါ

👨‍⚕️🩺သက်ဆိုင်ရာအဆင့်မြင့်ကျွမ်းကျင်ပညာရှင်ကြီးတွေနဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးပြီး ‌ ကျန်းမာတဲ့ဘဝလုံခြုံ နွေးထွေးတဲ့ စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကိုအရယူလိုက်ပါရှင်



Happiest New Year to each and everyone! 🎊Sending you healthy vibes for the New Year ✨💙Manifesting good health all year ✨...
31/12/2025

Happiest New Year to each and everyone! 🎊
Sending you healthy vibes for the New Year ✨💙
Manifesting good health all year ✨
For our patients, partners, and healthcare professionals 🙏🏻💙

We wish good health and well-being
to our patients, partners, and healthcare professionals.

— RedFox Healthcare

Address

No. 44-A, 36th Avenue Street (Across Side Of India Embassy), Kyautada Township
Yangon
11181

Telephone

+959440237569

Website

Alerts

Be the first to know and let us send you an email when Redfox Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Redfox Healthcare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram