Myat Thukha Dental Clinic

Myat Thukha Dental Clinic Dental Clinic for your beautiful smile

22/10/2019

"မြတ်သုခ သွားနှင့်ခံတွင်းဆေးခန်း” အား အမှတ်(၂/၂၇၄)၊မင်းရဲကျော်စွာလမ်း၊(၃)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့ တွင် ပုံမှန်အတိုင်းပိတ်ရက်မရှိ မနက်(၉)နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်ထားကြောင်း အသိပေးအပ်ပါသည်။

"မြတ်သုခ သွားနှင့်ခံတွင်းဆေးခန်း” အား အမှတ်(၂/၂၇၄)၊မင်းရဲကျော်စွာလမ်း၊(၃)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့ တွင် ပြေ...
01/10/2019

"မြတ်သုခ သွားနှင့်ခံတွင်းဆေးခန်း” အား အမှတ်(၂/၂၇၄)၊မင်းရဲကျော်စွာလမ်း၊(၃)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့ တွင် ပြောင်းလဲဖွင့်လှစ်ထားကြောင်း အသိပေးအပ်ပါသည်။

29/09/2019

ဆေးခန်းနေရာပြောင်းရွေ့ခြင်းနှင့် အသေးစားပြု ပြင်ခြင်း ဆောင်ရွက်နေသောကြောင့် ယနေ့(၂၉.၉.၂၀၁၉) မှ (၃.၁၀.၂၀၁၉) အထိ ယာယီ ဆေးခန်းပိတ်ထားပါသည်။😊😊😊

Laser Teeth Whitening
11/09/2019

Laser Teeth Whitening

01/07/2019

ဆေးခန်းမသွားချင်တဲ့ သားသား မီးမီးတို့ရဲ့ ဖေဖေ မေမေ တို့အတွက် 😅😅😅

16/06/2019

ရှေ့သွားကျဲနေလို့ စိတ်မညစ်ပါနဲ့
နီးစပ်ရာသွားဆေးခန်းမှာ ကုသမှုခံယူပါ

28/02/2019
26/09/2018

မင်္ဂလာပါ

သွားလေးတွေ မညီမညာဖြစ်နေလို့ သူငယ်ချင်းအပေါင်းအသင်းတွေကြားထဲ နေထိုင်ပြောဆိုရတာ Self-confidence လျော့နည်းနေပါသလား??

သွားများ ထပ်နေလို့ ခံတွင်းသန့်ရှင်းမှု မရှိသလိုခံစားရပါသလား??

သွားများကျဲနေလို့ စိတ်အားငယ်နေရပါသလား??

ခေတ်နဲ့အညီနည်းပညာတွေတိုးတက်ကောင်းမွန်လာလို့ ဒီပြသနာတွေအတွက် ပူပန်စရာမလိုတော့ပါဘူးနော်

သွားညှိကုသလို့ရနေပါပီ

♻️♻️ သွားညှိကုသမှု (Orthodontic Treatment) ဆိုတာဘာလဲ???

📣 သွားများမညီမညာဖြစ်၍ စားရဝါးရခက်ခဲနေသောပြသနာများ
📣 သွားများထပ်နေ၍ ခံတွင်းသန့်ရှင်းရေးကောင်းစွာမလုပ်နိုင်သော ပြသနာများ (ခံတွင်းနံ့ဆိုးခြင်းများ)
📣 စားကြွင်းစားကျန်များအလွယ်တကူ ကပ်ငြိနေနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွားပိုးစားခြင်းများ
📣 အလှအပ ပြသနာများ
ဒီလိုပြသနာတွေအတွက် အဓိကအနေနဲ့ သွားများကိုသော်လည်းကောင်း သွားနှင့် မေးရိုးကိုသော်လည်းကောင်း ပြုပြင်၍ ကုသပေးခြင်းကို သွားညှိကုသမှုလို့ခေါ်ပါတယ်

♻️♻️ ဘယ်လိုအသက်အရွယ်တွေမှာ သွားညှိကုသလို့ရပါသလဲ???

🔹အသက် ၈နှစ် (ကလေးသွားနှင့် လူကြီးသွားလဲချိန်) မှ စ၍ သွားညှိကုသလို့ရပါပီ (Growth period)

🔹 သွားနှင့် မေးရိုး ပြုပြင်ရာတွင် အသက်အပိုင်းအခြားလေး သတိပြုပေးပါနော်

▪️မိန်းကလေးဆို အသက် ၁၁-၁၃နှစ်
▪️ယောကျာ်းလေးဆို အသက် ၁၂-၁၄နှစ်အတွင်းဆို မေးရိုးကိုပါ ပြုပြင်လို့ ရနိုင်ပါသည်

◽️၁၄နှစ်အထက်ဆိုရင်တော့ သွားများကိုသာအလွယ်တကူ ပြုပြင်၍ ရနိုင်ပါသည်

♻️♻️ သွားညှိကုသမှု ဘယ်နမျိုး ရှိပါသလဲ ???

🖊 Removable appliance - ကိုယ်တိုင်ဖြုတ်၍ တပ်၍ ရနိုင်သော ကုသမှု
🖊 Fixed appliances - Brackets မျာကို အသုံးပြု၍ ကုသမှု

Brackets or Bracesအနေနဲ့
⚜️Traditional braces (metal)
⚜️Danmon braces (metal)
⚜️Ceramic braces တွေ ရွေးချယ်စရာရှိပါတယ်နော်

နောက်ဆုံးတစ်ခုကတော့ အလုပ်ထဲမှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် သွားညှိနေတယ်ဆိုတာ မသိသာလောက်တဲ့အထိ ကြည်လင် ပါးလွှာတဲ့ သွားညှိကိရိယာလေးပါ
ဒါကိုတော့ 💕Clear Aligner or Invisalign 💕 လို့ခေါ်ပါတယ်

အထက်ပါ ကုသမှုအမျိုးမျိုးကိုတော့ ကျွန်တော်တို့ မြတ်သုခ သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှာ ကုသ၍
ရနိုင်ပါတယ်ဗျ

လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းအခြေအနေအရပ်ရပ်အတွက် သိလိုသမျှ ကို စုံစမ်းမေးမြန်းလိုပါကလည်း ဆက်သွယ်နိုင်ပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်ဗျ 🙏🙏🙏

"မြတ်သုခ သွားနှင့်ခံတွင်းအထူးကုဆေးခန်း"

လိပ်စာ
📬📬📬အမှတ်​(၅၃၆)၊သမိုင်း(၆)လမ်း၊(၁)ရပ်​ကွက်၊မရမ်းကုန်းမြို့နယ်​၊ရန်​ကုန်​မြို့။

ဖုန်း
📱📱📱09 44 80 444 78, 09 9560 77931

ဆေးခန်းဖွင့်ချိန်
⏰⏰⏰နေ့စဉ် နံနက် ၉ နာရီ မှ ည ၉ နာရီ အထိ

23/09/2018
23/09/2018

" Brace တပ်ရင် သွားနူတ်ခံရမှာလား? "
Beauty is PAIN ( Episode 2)

ဒီမေးခွန်းလေးကို မေးတဲ့လူတွေများလွန်းတာကြောင့် ဒီအပတ်မှာတော့ Brace 😬 နဲ့ ပတ်သက်တာလေးတွေ ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
အရင်ဆုံး Brace ဆိုတာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင်တော့ " အထိန်းအချုပ် " လို့ပြန်ရပါမယ် ။ Brace တွေကို သွားဘက်ဆိုင်ရာဆေးပညာမှာတော့ သွားလေးတွေကို ပုလဲလုံးလေးတွေ ကြိုးနဲ့သီထားသလို ညီညာလှပအောင်လုပ်တဲ့နေရာမှာ အသုံးပြုပါတယ် ။
သွားခေါနေတဲ့သူတွေ၊ သွားထပ်နေတဲ့သူတွေ၊ သွားကျဲတဲ့သူတွေ ၊ အောက်မေးရိုး အပေါ်မေးရိုးတွေ ရှေ့ထွက်နေတဲ့သူတွေ စတဲ့ လူတွေကို လှအောင်လုပ်ပေးတဲ့ အနုပညာပါလှတဲ့ ပညာရပ်တစ်ခုပေါ့ ။
သွားတွေကို ညီညာလှပအောင်လုပ်တဲ့ အနုပညာလို့တင်စားပါရစေ ။ 😍
လူတွေတော်တော်များများက " သွားထိန်း "😰 တပ်တယ်လို့ ပြောကြတယ် ။ 😏😡😣
ဆရာဝန်တွေကတော့ "သွားညှိကုသမှု သို့မဟုတ် Brace တပ်တယ်"လို့ သုံးနှုန်းပါတယ် ။ အလှအပနဲ့ သက်ဆိုင်တဲ့ ကုသမှုတစ်မျိုးပေါ့ ။
Brace တပ်တဲ့ ကုသမှုလုပ်တဲ့အခါမှာ သွားနူတ်ခံရမှာလား ? မခံရဘူးလား ? ဆိုတာဟာ ကုသမှုခံယူမယ့်လူနာတွေက တော်တော်သိချင်ကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ် ။ ကုသမှုခံယူကြတဲ့ မိတ်ဆွေတွေထဲ တချို့က သွားနူတ်ခံရတယ် တချို့ကလည်း နူတ်တာမခံရဘူးဆိုတော့ သိချင်ကြပြီလေ ။
ကုသတဲ့ ဆရာဝန်များ မတူလို့လား....။ ဘာလား ညာလားပေါ့ ။🤔
Brace တပ်မယ့်သူတွေ သွားနူတ်ခံရတာ မခံရတာဟာ ရှင်းရှင်းလေးဗျ ။ ကုသမှုခံယူမယ့် လူနာရဲ့ သွားအခြေအနေပေါ်ပဲမူတည်ပါတယ် ။
ယေဘုယျအားဖြင့် ဘယ်လို လူနာမျိုးတွေက Brace တပ်တဲ့အခါ သွားနူတ်ခံရဖို့ အခွင့်အလမ်းပိုများသလဲဆိုတာကို အနည်းငယ်ပြောပြပါရစေ ။

#သွားထပ်တဲ့သူတွေ😳

ဒီလိုလူတွေမှာ သူတို့မေးရိုးရဲ့ size တွေက သွားတွေအားလုံးအတွက်နေရာအလုံအလောက်မရှိဘူးလို့ ပြောရမယ် ။ မေးရိုးဟာ အတော်အတန်သေးနေတာမို့ သွားတွေဟာ ပေါက်စရာနေရာမရှိဘဲ လည်တဲ့သွားက လည် ၊ ထပ်တဲ့ဟာတွေထပ် ထော်လော်ကန့်လန့်သွားတွေ ဖြစ်ကုန်ရောပေါ့ ။ မေးရိုးသေးသေးလေးမှာ သွားတွေကြပ်ညှပ်ထွက်နေတာ မြင်ယောင်ကြည့်ပေါ့ ။
ဒီကုသမှုကလည်း ရှင်းလင်းပါတယ်... သွားတွေအတွက် မေးရိုးမှာနေရာမရှိဘူး ...ဒီတော့ သွားတွေအတွက် နေရာလေးတွေဖန်တီးကြမယ်ပေါ့ ။
*ဆိုးဆိုးဝါးဝါးတွေ သွားထပ်နေရင်တော့ မေးရိုးမှာ နေရာအနည်းငယ် ထွက်လာဖို့ရန်အတွက် တချို့သော သွားတွေကို နူတ်ပစ်ရမှာဖြစ်ပါတယ် ။ အဲ့ဒီလို နူတ်ထားတဲ့ နေရာလေးလွတ်လာမှ ထပ်နေတဲ့သွားတွေကို Brace လေးနဲ့ ပြေအောင်လုပ်ရတာပါ ။
*ဆိုးဆိုးဝါးဝါး သွားထပ်တာမဟုတ်ရင်တော့ မေးရိုးကို ကြီးအောင် ချဲတဲ့နည်းတွေနဲ့လည်း လုပ်ကြတာရှိပါတယ် ။ ဒီလိုနည်းနဲ့ လုပ်တဲ့အခါ မျက်နှာအနေအထား ၊ပုံပန်းတွေပါ ပြောင်းလဲသွားတတ်ပါတယ် ။

Brace တပ်တဲ့အခါ ယေဘုယျ သွားနူတ်ခံရနိုင်တဲ့ တခြားအကြောင်းအရင်းတွေကတော့ သွားခေါရင် ၊ အပေါ်မေးရိုးနဲ့အောင်မေးရိုး ကိုက်ပုံတွေ မမှန်ရင် ၊ မျက်နှာအနေအထား တဖက်နဲ့ တဖက်မညီမျှရင် ၊ သွားနဲ့မျက်နှာနဲ့ အချိုးလွဲနေရင် ၊ သွားတွေအပိုပေါက်နေရင် ၊ အံဆုံးတွေ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ် ။
ဒါတွေကိုတော့ အသေးစိတ်ရေးမပြတော့ပါဘူး ။
သွားညှိအထူးကုဆရာဝန်တွေက သွားနူတ်ဖို့မလိုဘူးလို့ပြောတဲ့ လူနာတွေက ကုသမှုပြီးဖို့ အချိန်ပိုမြန်တာကို တွေ့ရပါတယ် ။
တကယ်လို့ သွားညှိအထူးကုဆရာဝန်တွေက Brace မတပ်ခင် သွားနူတ်ဖို့လိုတယ်လို့ပြောတဲ့အခါမှာလည်း တကယ်လိုအပ်လို့ နူတ်ဖို့အကြံပေးတာဖြစ်ပါတယ် ။

တကယ်တော့ သွားညှိကုသမှုကို မလုပ်ခင် လူနာရဲ့ သွားတွေကို သေချာစစ်ဆေး ၊ ဓာတ်မှန်ရိုက် ၊ သွားပုံစံ မေးရိုးပုံစံတွေယူ အားလုံးကို သေချာ ကြည့်ပြီးမှ ၊ သေချာတွက်ချက်ပြီးမှသာ ကုသမှုနဲ့ပတ်သက်သမျှအရာရာကို သွားညှိအထူးကုဆရာဝန်က ဆွေးနွေးပေးမှာဖြစ်ပါတယ် ။
ဆွေးနွေးတဲ့အခါ သွားနူတ်ခံရ/မခံရအပြင် ခန့်မှန်းကုသမှုကြာချိန် ၊ ကုန်ကျစရိတ် ၊ လာရမယ့်ရက်ချိန်း ၊ ကောင်းကျိုး ဆိုးကျိုး အကုန်ဆွေးနွေးပေးမှာဖြစ်ပြီး လူနာဆုံးဖြတ်ပြီးတာနဲ့ ရက်ချိန်းယူပြီး ကုသမှုကိုစတင်နိုင်ပါတယ် ။
***ဒါကြောင့် သွားညှိအထူးကုဆေးခန်းတွေရဲ့ Facebook စာမျက်နှာတွေကတဆင့် သို့မဟုတ် ဖုန်းကနေတဆင့် ကုန်ကျစရိတ်တွေမေးမြန်းတာ ကုသမှုကြာချိန်တွေကို မေးမြန်းတာဟာ ခန့်မှန်းအနေအထားသာဖြစ်ပြီး တခါတလေ နားလည်မှုလွဲမှားတာတွေပါဖြစ်နိုင်တာဖို့ ဆရာဝန်ကြီးတွေဆီ ကိုယ်တိုင်သွားပြီးဆွေးနွေးကြဖို့ကိုလည်း တိုက်တွန်းပါရစေခင်ဗျာ ။ ***

#သွားနူတ်ရမယ်ဆိုရင် ဆက်ကုရမလား?

Beauty is PAIN ပါ ။
မလှတာတွေကို လှအောင်လုပ်မှာဆိုတော့ အနည်းအကျဉ်းတော့ စတေးရမှာပါပဲ ။
အခုမိမိရဲ့ပုံစံကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုရင်၊ စိတ်ဆင်းရဲနေရတယ်ဆိုရင် သွားနူတ်ရုံမက ဘာကြီးပဲ ဖြတ်ရတောက်ရ Do it !

အားလုံးလှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်ကြပါစေ ။
မေတ္တာဖြင့်
ဒေါက်တာ မျိုးမြင့်အောင်


#သွားနှင့်ခံတွင်းကျန်းမာရေး

Photo Credit Google

   (class 2B)
16/09/2018



(class 2B)

19/08/2018

Address

No. (2/274), Min Ye Kyaw Swar Street, 3rd Ward, Hlaing Thar Yar Township
Yangon
11401

Alerts

Be the first to know and let us send you an email when Myat Thukha Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram