01/02/2024
Depression လို့ခေါ်တဲ့
စိတ်ကျရောဂါဆိုတာ ဘာလဲ?????
စိတ်ကျရောဂါဟာ ကျား၊ မ၊ လူကြီး၊ လူငယ်၊ ဆင်းရဲချမ်းသာမရွေးအဖြစ်များတဲ့ စိတ်ဝေဒနာရောဂါတစ်မျိုးပါ။
စိတ်ကျရောဂါဟာ အဖြစ်များသလို ပြင်းထန်သောရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
ဒီရောဂါဟာ ဘယ်ကနေစပြီးဖြစ်တတ်သလဲဆိုရင် စိတ်ဓာတ်ကျခြင်း၊ တစ်စုံတစ်ခုအပေါ်စိတ်ဝင်စားမှုနည်းပါးခြင်း၊ ပျော်ရွှင်မှုဆုံးရှုံးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မိမိကိုယ်ကိုအသုံးမဝင်သူတစ်ယောက်ဟုယူဆခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းတို့ကြောင့် စတင်ဖြစ်ပေါ်လေ့ရှိသော စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါတယ်။
အမျိုးသမီးများကလေးမီးဖွားပြီးချိန်တွင်လည်းစိတ်ကျဝေဒနာရောဂါကို ခံစားရတတ်ပါတယ်။စိတ်ထိခိုက်စရာဖြစ်ရပ်ဆိုးများနှင့် ကြုံတွေ့ရပြီးနောက်ပိုင်းတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရောဂါစစ်တမ်းများအရ စိတ်ကျရောဂါဟာ 2020 ခုနှစ်မှစပြီးယနေ့အချိန်ထိ ဒုတိယ နေရာကိုရောက်နေပြီလို့ တွေ့ရှ်ိလာရပါတယ်။ဒီလိုရောဂါခံစားနေရတဲ့ လူနာများထဲမှာမှ 25% အောက်သာလျှင် ပြန်လည်ကောင်းမွန်လာကြတာကိုလည်း တွေ့ရပါတယ်။
ဝမ်းနည်းပူဆွေးခြင်း၊ ခံစားချက်မဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကူအညီမဲ့ခြင်း စသည့်အရာများခံစားရခြင်း၊ ယားယံခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ လိင်မှုကိစ္စအားနည်းခြင်း၊ စိတ်ဝင်စားမှု/ဝါသနာများဆုံးရှုံးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့်စွမ်းအင်ကုန်ခမ်းခြင်း၊ မိမိကိုယ်ကိုသတ်သေရန်စိတ်ကူးခြင်း/ကြိုးစားခြင်း စသည့် အချက်များမှာ စိတ်ကျရောဂါရဲ့ လက္ခဏာများဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့လည်း နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ HIV/AIDS၊ ဆီးချို၊ ပါကင်ဆန် ရောဂါများဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါဆိုရင် စိတ်ကျရောဂါကို ဘယ်လိုထိန်းချုပ်မလဲ.......
(၁) လူနေမှုပုံစံပြောင်းလဲရမယ်။
(၂) စိတ်ဖိစီးမှုတွေကိုလျော့ချရမယ်။
(ဥပမာ-တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း.....)
(၃) မိသားစုနှင့် ပတ်ဝန်းကျင်ရဲ့ ကူညီဖေးမ မှုကို ခံယူရပါ
မယ်။
(၄) နှစ်ခြိုက်စွာအိပ်စက်အနားယူရပါမယ်။
(၅) စိတ်ပိုင်းဆိုင်ရာကုထုံးများကိုလည်း နားလည် တတ်ကျွမ်းတဲ့ဆရာဝန်ကြီးများနှင့် အချိန်ယူတိုင်ပင်ဆွေးနွေး၍ စနစ်တကျကုသမှုခံယူသင့်ပါတယ်။
လူတိုင်းလူတိုင်းဟာ တစ်ခါတစ်ရံမှာတော့ ဝမ်းနည်းမှုကိုခံစားရတတ်ပါတယ်
သင်ဝမ်းနည်း စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းဟာ သင့်ရဲ့နေ့စဉ်လူနေမှုဘဝကို အနှောက်အယှက်ပေးပြီး သင်နဲ့ သင့်ကို ချစ်တဲ့လူတစ်ယောက်ချင်းစီကိုပါ သင်နဲ့ထပ်တူနာကျင်ခံစားရစေပါတယ်။
ဒါကြောင့် စိတ်ကျရောဂါကို အတတ်နိုင်ဆုံးမဖြစ်ရလေအောင် ပျော်ရွှင်စွာနေထိုင်ပါ ဘဝကို မိသားစု
ချစ်ရသူ သူငယ်ချင်းများနဲ့အတူ
နွေးထွေးကြင်နာစွာဖြတ်သန်းကြပါလို့ ကျွန်တော်တို့ Healthcare for U page ကနေအကြံပြုလိုက်ပါတယ်ခင်ဗျာ။