15/11/2020
Tonsillitis အာသီးရောင်ခြင်း ❗❗❗
လူတိုင်းမှာ အာသီး ၂ ခုစီရှိတယ်။ ကောင်းနေရင် မျက်စိနဲ့မြင်ရတယ်။ ရောင်လာမှသာ ကြီးတာ၊ နီတာ၊ ပြည်တည်တာတွေ မြင်ရ၊ ခံစားရတယ်။ ပါးစပ်ဟခိုင်းရင် နီရဲရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် မြင်ရမယ်။ အစာမျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။ ရက်တိုရောင်ရာကနေ ပြည်တည်နိုင်တယ်။
အာသီးရောင်တာ အများစုက ဆေးမလိုဘဲပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာ ကြာတယ်။ Group A beta-haemolytic Streptococci ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ်အဖျား ရောဂါ နဲ့ Post-Streptococcal Glomerulonephritis ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပိုးသေဆေးပေးရတယ်။ သုတေသနတချို့က ဒီလိုဆေးပေးတာ အကျိုးနည်းနည်းသာရှိတယ်တဲ့။ တာရှည်ပေးဘို့လိုသူကို Azithromycin ပေးနိုင်တယ်။ Tympanostomy tube ပြွန်ထည့်ဘို့လိုသူကို ထည့်ပေးရမယ်။
ရှားပေမဲ့ ပိုဆိုးတဲ့ Staphylococcus aureus ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ MRSA ဆိုရင်တော်တော့ဆေးကို ယဉ်တယ်။ Streptococcus pneumoniae, Mycoplasma pneumoniae, Chlamydia pneumoniae, pertussis, Fusobacterium, diphtheria, syphilis, and gonorrhea တွေကနေလဲဖြစ်နိုင်တယ်။ ကျန်တာတွေလဲရှိသေးပြန်တယ်။
ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေက adenovirus, rhinovirus, influenza, coronavirus နဲ့ respiratory syncytial virus တွေဖြစ်ကြတယ်။ Epstein-Barr virus, herpes simplex virus, cytomegalovirus နဲ့ HIV ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်တယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ကြာမယ်။ ခဏခဏဖြစ်နေသူဟာ အလာဂျီဖြစ်နိုင်တယ်။ ဗက်တီးရီးယားဆေးနဲ့ မရပါ။ Cetrizine ည ၁ လုံးသောက်ပါ။ မတည့်တာကိုရှောင်ပါ။ နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။ Penicillin သို့မဟုတ် amoxicillin ဆေးကို ဗက်တီးရီးယားတွေအတွက် ပဌမတန်းစားအဖြစ်သုံးတယ်။ Cephalosporins နဲ့ Erythromycin တွေက ဒုတိယဆေးအုပ်စုတွေဖြစ်တယ်။ ပနယ်စလင်ဆေး မတည့်သူကို Erythromycin 250 mg တရက်တခါ၊ ၄ ရက် ပေးနိုင်တယ်။ နောက်တဆင့် Clindamycin or Amoxicillin-Clavulanate ဆေးပေးမယ်။ Abscess ပြည်တည်ရင် ခွဲထုတ်ရမယ်။ အာသီးကျောက်ဆိုတာလည်းရှိသေးတယ်။
လည်ချောင်းနာတာကို Strep throat လို့ခေါ်တယ်။ ဖျားမယ်။ ရက်တိုရောင်ရာကနေ ပြည်တည်နိုင်တယ်။ အများစုက ဆေးမလိုဘဲပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာ ကြာတယ်။ လည်ချောင်းနာနဲ့ အာသီးရောင်တာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားတွေထဲက Group A beta-haemolytic Streptococci ဗက်တီးရီးယားဟာ ရက်တိုရူမက်တစ် အဖျားရောဂါနဲ့ ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပိုးသေဆေးပေးရတယ်။
(၁) Amoxicillin အမောက်ဆာစလင်
အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊ ဘေးထွက်ဆိုးကျိုးများ = ဝမ်းပျက်၊ အရေပြားအနီပြင်ထွက်၊ ဆေးမတည့်ဖြစ်ခြင်း။
(၂) Azithromycin (အဇစ်သရိုမိုင်စင်)
ဆေးနာမည်ရင်းဖြစ်တယ်။ (မက်ခရိုလိုက်အုပ်စု) ပဋိဇီဝဆေး ဖြစ်တယ်။ ဆေးကုမ္ပဏီတွေက Zithromax, Zithromax TRI-PAK, Zithromax, Z-PAK, Zmax နာမည်တွေ ပေးထားတယ်။ Azithromycin extended-release suspension (Zmax) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက် သောက်ပါ။ နေ့တိုင်း အချိန်တူမှာ သောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။ ကလေးတွေအတွက် Azithromycin ဆေးရည် 100mg/5mL နဲ့ 200mg/5mL လာတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့၊ ဝမ်းပျက်၊ အန်၊ ကြွက်တက်၊ ဗိုက်အောင့်၊ ခေါင်းကိုက်။
(၃) Ofloxacin (အိုဖလောက်ဆာစင်)
Floxin (ဗက်တီးရီးယား) တွေကိုနိုင်တယ်။ ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့၊ ဝမ်းပျက်၊ အန်၊ ခေါင်းကိုက်။ အိပ်မရတာ၊ ခေါင်းမူးတာ၊ ယားတာ၊ အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင်တာတွေ ဖြစ်နိုင်တယ်။ ဖနောင့်ကြောကို ထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာ ရှောင်ရမယ်။
သတိထားဘို့က ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ ဗက်တီးရီးယားတွေ အခြေအနေ ပြောင်းစေတယ်။ အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ ဖန်းဂတ်စ် မှိုပိုးပါဝင်လာနိုင်တယ်။ တချို့အမျိုးသမီးတွေ အဖြူဆင်းတာ အဲတာကြောင့်ဖြစ်တယ်။ မလိုဘဲမသောက်သင့်ပါ။ လိုသူတွေက မသောက်ဘဲမနေသင့်ပါ။ လိုတဲ့သူ မသောက်ရင် လေးဖက်နာဆက်ဖြစ်နိုင်တယ်။
Paracetamol/Acetaminophen/Ibuprofen တခုခုပေးရမယ်။ အနာသာမက အရောင်လဲလျော့၊ အဖျားလဲကျတယ်။ ဆားရေနွေး၊ ငုံဆေး၊ ရေခဲငုံတာတွေကလည်း သက်သာစေလို့ သုံးသင့်တယ်။ Listerine mouth wash ကောင်းတယ်။
ကောင်းကောင်းနားနေပါ။ ရေခပ်နွေးနွေးသောက်လိုက်၊ အတော်အေးတာသောက်လိုက်သောက်ပါ။ အစာနူးညံ့တာကို ရွေးစားပါ။ အာခေါင်ခံတွင်းကို ထိရှပူလောင်စူးစေတာကိုရှောင်ပါ။ အခန်းတွင်းလေ စိုထိုင်းဆမှန်ပါစေ။ ဆားရေနွေးနဲ့ ပလုပ်ကျင်းပါ။ Benzocaine လိုထုံဆေးပါငုံစရာသုံးနိုင်တယ်။