KTT Medical Products

KTT Medical Products Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KTT Medical Products, Medical and health, No 3 Pinlon Yeikmon Housing , TGG, Yangon.

💦 မကြာမီ ကျရောက်လာတော့မည့် မြန်မာ့ရိုးရာသင်္ကြန် နှစ်သစ်ကူး အချိန်အခါသမယမှာ အတာရေသဘင်နှင့်အတူ စိတ်ကြည်လင်အေးမြလန်းဆန်းခြ...
10/04/2026

💦 မကြာမီ ကျရောက်လာတော့မည့် မြန်မာ့ရိုးရာသင်္ကြန် နှစ်သစ်ကူး အချိန်အခါသမယမှာ အတာရေသဘင်နှင့်အတူ စိတ်ကြည်လင်အေးမြလန်းဆန်းခြင်းကို ထာ၀စဉ် ပိုင်ဆိုင်နိုင်ကြပါစေကြောင်း KTT Group Pte.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်….🙏🙏🙏

.,Ltd

အလုပ်ကြမ်းလုပ်ရလို့ပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ် ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေကို လူတိုင်းကြုံဖူးကြမှာပါ။...
11/03/2026

အလုပ်ကြမ်းလုပ်ရလို့ပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ် ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေကို လူတိုင်းကြုံဖူးကြမှာပါ။

ဒီလိုအချိန်မှာ အမြန်သက်သာချင်ဇောနဲ့ နီးစပ်ရာဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်မိနေပြီလား?

Vinn20 (Piroxicam 20mg) ဆိုတာ အရိုးအဆစ်ရောင်ရမ်းတာ (Osteoarthritis) နဲ့ ကြွက်သားနာကျင်မှုတွေအတွက် အရမ်းထိရောက်တဲ့ ဆေးတောင့် (Capsule) လေးဖြစ်ပါတယ်။

ဒါပေမဲ့ သတိထားရမှာက...

* ဒီဆေးဟာ ဆရာဝန်ဆေးညွှန်း (Prescription) ပါမှသာ သောက်သုံးသင့်တဲ့ဆေးဖြစ်ပါတယ်။

* ဆေးသောက်မယ်ဆိုရင် အစာအိမ်မထိခိုက်စေဖို့ အစာရှိချိန် (သို့မဟုတ်) အစာအိမ်ဆေးတစ်ခုခုနဲ့ တွဲဖက်သောက်သုံးဖို့ အလွန်အရေးကြီးပါတယ်။

KTT Medical အနေနဲ့ သင့်ကျန်းမာရေးကို ရှေးရှုပြီး ဈေးနှုန်းကိုလည်း လူတန်းစားမရွေး သုံးစွဲနိုင်အောင် သင့်တင့်မျှတစွာ စီစဉ်ထားပါတယ်။
နာကျင်မှုတွေကင်းဝေးဖို့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ Vin20 ကို သောက်သုံးကြပါစို့။
Hotline: 09455554881
Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သင့်လား❓အကိုက်အခဲပျောက်ဆေး (𝑷𝒂𝒊𝒏𝒌𝒊𝒍𝒍𝒆𝒓𝒔) အများစုဟာ စနစ်တကျမသောက်သ...
10/03/2026

အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သင့်လား❓

အကိုက်အခဲပျောက်ဆေး (𝑷𝒂𝒊𝒏𝒌𝒊𝒍𝒍𝒆𝒓𝒔) အများစုဟာ စနစ်တကျမသောက်သုံးရင် ဘေးထွက်ဆိုးကျိုး
ပြင်းထန်တတ်ပါတယ် ခင်ဗျာ 💯☑️

ခေါင်းကိုက်တာ၊ သာမန်ဖျားတာတွေ အတွက်တော့ 𝑷𝒂𝒓𝒂𝒄𝒆𝒕𝒂𝒎𝒐𝒍 ကို ဆေးညွှန်းအတိုင်း ကိုယ့်ဘာသာသောက်သုံးလို့ရပေမယ့်

အကိုက်အခဲပျောက်ဆေးပြင်းတွေဖြစ်တဲ့ 𝑵𝑺𝑨𝑰𝑫 ဆေးဝါးတွေကိုတော့ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးရမှာဖြစ်ပါတယ် ခင်ဗျာ 🤩

👉𝑵𝑺𝑨𝑰𝑫𝒔 ဆေးဝါးတွေကို စနစ်တကျမသောက်သုံးရင်

✅အစာအိမ်ထိခိုက်ခြင်း

✅ကျောက်ကပ်ထိခိုက်ခြင်း

✅အသည်းထိခိုက်ခြင်း

✅ဓာတ်မတည့်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပြီး နှလုံးနဲ့သွေးတိုးရောဂါရှင်တွေအတွက်လည်း
အန္တရာယ်ရှိစေနိုင်ပါတယ် ခင်ဗျာ 💯

𝑽𝒊𝒏𝒏 20 ( 𝑷𝒊𝒓𝒐𝒙𝒊𝒄𝒂𝒎 20 𝒎𝒈) ‌ဆေးကတော့ အရိုးအဆစ်များရောင်ရမ်းတာနဲ့ နာကျင်ကိုက်ခဲတာတွေအတွက် ထိရောက်တဲ့ 𝑵𝑺𝑨𝑰𝑫𝒔 ဆေးတစ်မျိုးဖြစ်ပြီး

☑️ 𝑨𝒓𝒕𝒉𝒓𝒊𝒕𝒊𝒔 𝑷𝒂𝒊𝒏 (အဆစ်ရောင်ရောဂါကြောင့်ဖြစ်သောနာကျင်မှု)

☑️𝑴𝒖𝒔𝒄𝒍𝒆 𝑷𝒂𝒊𝒏 (ကြွက်သားနာကျင်မှု)

☑️ 𝑱𝒐𝒊𝒏𝒕 𝑷𝒂𝒊𝒏 (အဆစ်နာကျင်မှု)

☑️ 𝑰𝒏𝒇𝒍𝒂𝒎𝒎𝒂𝒕𝒊𝒐𝒏 (ရောင်ရမ်းခြင်း) ဝေဒနာများကို သက်သာပျောက်ကင်းစေတာမို့ ဆရာဝန်ညွှန်ကြားချက် နဲ့အညီ သောက်သုံးသင့်တဲ့ဆေးဖြစ်ပါတယ် 👍💯

💊အကိုက်အခဲပျောက်ဆေးပြင်းတွေဖြစ်တဲ့ 𝑵𝑺𝑨𝑰𝑫𝒔 တွေကိုတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးမှ ဘေးထွက်ဆိုးကျိုးကင်းမှာဖြစ်ကြောင်း ဗဟုသုတ မျှဝေလိုက်ရပါတယ် ခင်ဗျာ 🤩✨

Hotline: 09455554881

Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အားကိုးရတဲ့ Vinn20 အကြောင်း သိထားသင့်တဲ့ ဆေးပညာဗဟုသုတလေးတွေကို KTT Medical မှ မျှဝေပေးချင်ပါတ...
05/03/2026

အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အားကိုးရတဲ့ Vinn20 အကြောင်း သိထားသင့်တဲ့ ဆေးပညာဗဟုသုတလေးတွေကို KTT Medical မှ မျှဝေပေးချင်ပါတယ်။

Vinn20 ကို ဘယ်အချိန်မှာ သုံးမလဲ?
* အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis)
* လေးဖက်နာရောဂါ (Rheumatoid arthritis)
* အလုပ်ကြမ်းလုပ်ခြင်းကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း (Acute musculoskeletal pain)

ဘယ်သူတွေ မသောက်သင့်ဘူးလဲ?

ဆေးစွမ်းထက်ပေမဲ့ ပန်းနာရင်ကြပ်ရှိသူများ၊ အရိုးပွဝေဒနာရှင်များနှင့် ကျောက်ကပ်ရောဂါရှိသူများအနေနဲ့ လုံးဝ (လုံးဝ) မသောက်သုံးသင့်ပါဘူး။

Vinn20 က ပါရာစီတမောထက် ပိုပြီးထိရောက်မှုအားကောင်းသလို ဘေးထွက်ဆိုးကျိုးကိုလည်း ဂရုစိုက်ရပါတယ်။
ဒါကြောင့် "ကိုယ့်အတွက် အသင့်တော်ဆုံးကုသမှု" ဖြစ်စေဖို့ ကျွမ်းကျင်
ဆရာဝန်ရဲ့ လမ်းညွှန်ချက်ကို အမြဲဦးစားပေးလိုက်နာပါ။

Hotline: 09455554881
Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

ကိုယ်ကရောဂါလည်းသက်သာချင်တယ် ဆေးညွှန်းတွေကို‌လည်း သေချာမလိုက်နာဘူးဆိုရင် ပျောက်ကင်းမှာတော့ မဟုတ်ဘူးနော်။‼️ကိုယ့်‌ကျန်းမာရ...
04/03/2026

ကိုယ်ကရောဂါလည်းသက်သာချင်တယ် ဆေးညွှန်းတွေကို‌လည်း သေချာမလိုက်နာဘူးဆိုရင် ပျောက်ကင်းမှာတော့ မဟုတ်ဘူးနော်။‼️

ကိုယ့်‌ကျန်းမာရေးအတွက် ကိုယ်ကိုယ်တိုင် ဂရုစိုက်မှသာလျှင် သက်သာပျောက်ကင်းစေမှာပါ။✨

မှီဝဲနေတဲ့ဆေးတွေက ဘယ်လောက်ကောင်းကောင်း ဆေးညွှန်းအတိုင်း သောက်သုံးဖို့လည်း လိုအပ်ပါသေးတယ်။

ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ မမေ့နဲ့ဦးနော်🥰

မှတ်ချက် - Vin 20 ဆေးအား ဆရာဝန်၏ ညွှန်ကြားချက်နှင့် အညီ သောက်သုံးရန်

Hotline: 09455554881
Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

ဆေးဝါးတွေကို သောက်သုံးရာမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်က အရေးကြီးပါတယ်မိမိသဘောဆန္ဒနဲ့ သောက်သုံးမယ်ဆိုရင် မလိုလားအပ်တဲ့ဆိုးကျ...
27/02/2026

ဆေးဝါးတွေကို သောက်သုံးရာမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်က အရေးကြီးပါတယ်

မိမိသဘောဆန္ဒနဲ့ သောက်သုံးမယ်ဆိုရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားမှုကိုခံယူခြင်းက ဒီဆိုးကျိုးတွေကနေ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

အဓိကအားဖြင့် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်တဲ့ အကြောင်းကတော့……

📌 အဆိပ်သင့်မှုကိုကာကွယ်ခြင်း - သောက်သုံးရမယ့် ပမာဏထက် ပိုသောက်မိလို့ အဆိပ်သင့်တာ၊ လက်ရှိသောက်နေကြဆေးနဲ့ ဓာတ်မတည့်တာမျိုးတွေက ဆရာဝန်တွေသာ သိရှိနိုင်တဲ့အချက်တွေဖြစ်ပါတယ်။

📌 ထိရောက်မှုရှိခြင်း - ဆေးကိုဘယ်အချိန်မှာ ဘယ်လောက်ပမာဏသောက်သုံးရမယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်က ဆေးရဲ့အာနိသင်ကို ပိုထိရောက်စေပြီး ရောဂါလည်း အပျောက်မြန်စေပါတယ်။

📌 ကုသမှုမြန်ဆန်ခြင်း - ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်းက ‌ရောဂါနဲ့ဆေးက ကိုက်ညီရဲ့လားဆိုတာ ဆရာဝန်အနေနဲ့ မှန်းဆနိုင်ပြီး လိုအပ်ရင် ကုသနည်းတွေကိုပါ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

📌 အသက်ဆုံးရှုံးမှုကိုကာကွယ်နိုင်ခြင်း - လေ့လာမှုတွေအရ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးသောက်ခြင်းကြောင့် တစ်နှစ်ကို သေဆုံးသူဦးရေ (125,000) ခန့်ရှိတဲ့အတွက် မပေါ့ဆသင့်ပါဘူး။

အနှစ်ချုပ်ရရင်တော့ ဆေးတွေရဲ့အာနိသင်ထိရောက်ဖို့၊ ရောဂါမြန်မြန်ပျောက်ဖို့၊ ဓာတ်မတည့်မှုတွေ မဖြစ်ဖို့အတွက် ဘာဆေးပဲသောက်သောက် ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်‌။

Hotline: 09455554881

Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

ကြွက်သားနှင့် အရိုးအဆစ် ထုံကျင်ကိုက်ခဲတာတွေ ဖြစ်လာတဲ့အခါ ဆေးရုံဆေးခန်းတွေကိုလည်း မသွားချင်ဘူး။အိမ်မှာပဲ ဆေးကောင်းကောင်းသ...
25/02/2026

ကြွက်သားနှင့် အရိုးအဆစ် ထုံကျင်ကိုက်ခဲတာတွေ ဖြစ်လာတဲ့အခါ ဆေးရုံဆေးခန်းတွေကိုလည်း မသွားချင်ဘူး။

အိမ်မှာပဲ ဆေးကောင်းကောင်းသောက်ပြီး အနားယူချင်တဲ့သူတွေရှိကြလား❓

နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ ဆရာ၀န်တွေညွှန်ကြားချက်အတိုင်း သောက်သုံးသင့်တဲ့ ဆေးကောင်းလေး ညွှန်းပေးပါမယ်‌။

✅ထိရောက်ရမယ်
✅Safe ဖြစ်ရမယ်
✅ဈေးနှုန်းသင့်တင့်ရမယ်။

ဒါဆိုရင်တော့ Vinn 20 ကိုသာဆောင်ထားနော်။

KTT ကနေတင်သွင်းထားတဲ့ Vinn20 ဟာ Piroxicam 20 mg ပါ၀င်တာကြောင့်

အရိုးအဆစ်များကိုက်ခဲခြင်းနှင့်
ကြွက်သားများ နာကျင်ရောင်ရမ်းခြင်းတို့ကို ချက်ချင်းဆိုသလို ပျောက်ကင်းစေနိုင်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ ကွာလတီကိုမှ တင်သွင်းထားတာဖြစ်လို့ အိမ်မှာပဲ အလွယ်တကူ ရောဂါသက်‌သာစေတော့ အချိန်ကုန် လူပင်ပန်းလည်း သက်သာစေတာပေါ့။

Hotline: 09455554881
Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

မြို့ပြရော ကျေးလက်‌ပါမကျန် ကျန်းမာရေးအတွက်အထောက်အကူပေးနေမယ့် KTT Medical Product ✨မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမို့ ...
22/02/2026

မြို့ပြရော ကျေးလက်‌ပါမကျန် ကျန်းမာရေးအတွက်
အထောက်အကူပေးနေမယ့် KTT Medical Product ✨

မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမို့ ဆေးဝါးကောင်းတွေဝယ်ဖို့ အခက်မတွေ့စေရပါဘူးနော် 😍

နိုင်ငံအနှံ့က နေရာတိုင်းကိုရောက်အောင်လာမယ့်
KTT Medical Product ရှိနေပါပြီ 🤗

✅နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ စိစစ်ရွေးချယ်ထားပြီး

✅ အရည်အသွေး မှန်ကန်စိတ်ချရသော အစွမ်းထက်

ဆေးဝါးများကို မြို့ပြနေပြည်သူများအတွက်သာမက
ကျေးလက်နေပြည်သူများပါ မှာယူသုံးစွဲနိုင်ပါကြောင်း
သတင်းကောင်းလေး ပေးလိုက်ပါရစေနော် ✨

Hotline: 09455554881

Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

ကျန်းမာစေဖို့ ဆေးဝါးတွေရွေးချယ်တဲ့အခါ❗အရည်အသွေးကောင်းဖို့လိုသလို ကောင်းမွန်တဲ့ဝန်ဆောင်မှုကလည်း စိတ်ကျေနပ်မှုရရှိစေမှာပါ ...
21/02/2026

ကျန်းမာစေဖို့ ဆေးဝါးတွေရွေးချယ်တဲ့အခါ❗

အရည်အသွေးကောင်းဖို့လိုသလို ကောင်းမွန်တဲ့ဝန်ဆောင်မှုကလည်း စိတ်ကျေနပ်မှုရရှိစေမှာပါ 🌿

💁‍♂️ KTT Medical Product မှာတော့

✅ဆေးဝါးနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည် ဂရုတစိုက် ဖြေကြားပေးမယ့်အပြင်

✅Online ကနေမှာယူတဲ့အခါလည်း စနစ်တကျနဲ့ သပ်ရပ်စွာထုပ်ပိုးပြီး အိမ်ရောက်တဲ့အထိ စိတ်ချမ်းသာမှု အပြည့်ရရှိအောင် အကောင်းဆုံး ဝန်‌ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ 💯👍

နိုင်ငံတကာစံချိန်စံညွှန်းမီ ဆေးဝါးများကို KTT Medical Product မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျာ ✨

Hotline: 09455554881

Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

အရိုးအဆစ်အမြစ်နာကျင်မှုတိုင်းအတွက် အကောင်းဆုံးဆေးကတော့ Vinn 20 ပါ ✨💊Vinn 20 မှာပါဝင်တဲ့ Piroxicam 20 mg က အလွန် အစွမ်းထက...
20/02/2026

အရိုးအဆစ်အမြစ်နာကျင်မှုတိုင်းအတွက် အကောင်းဆုံးဆေးကတော့ Vinn 20 ပါ ✨

💊Vinn 20 မှာပါဝင်တဲ့ Piroxicam 20 mg က အလွန် အစွမ်းထက်ပြီး အရိုးအဆစ်အမြစ် နာကျင်ရောင်ရမ်းခြင်းများကို အထူးသက်သာစေတာမို့

☑️အဆစ်အမြစ်နာကျင်ကိုက်ခဲသူများ

☑️ဒူးနာ၊ ခါးနာ ဝေဒနာခံစားနေရသူများ

☑️Gout ရောဂါရှိသူများ

☑️သွေးလေးဖက်နာရောဂါရှိသူများ

☑️ကျီးပေါင်းဝေဒနာရှင်များ အနေနဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီ သောက်သုံးနိုင်ပါတယ် ခင်ဗျာ 🧑‍⚕️

နိုင်ငံတကာစံချိန်စံညွှန်းမီ အရည်အသွေးမြင့် ဆေးဝါး များကို KTT Medical Product မှာ စုံလင်စွာ ဝယ်ယူ
ရရှိနိုင်ပါတယ် ခင်ဗျာ ✨

Hotline: 09455554881

Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

Gong Xi Fa Cai 🐴🧧🎐စိတ်ခွန်အားအပြည့်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်သော 2026 Lunar New Year ဖြစ်ပါစေကြေ...
17/02/2026

Gong Xi Fa Cai 🐴🧧🎐

စိတ်ခွန်အားအပြည့်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်သော 2026 Lunar New Year ဖြစ်ပါစေကြောင်း KTT Group Pte.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

.,Ltd

ကိုက်တာခဲတာတွေအတွက်ဆို ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကင်းသွားဖို့ဆိုရင် Vinn20 ရှိတယ်နော်။Vinn20 ကိုဘယ်လိုလူတွေ ...
12/02/2026

ကိုက်တာခဲတာတွေအတွက်ဆို ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကင်းသွားဖို့ဆိုရင် Vinn20 ရှိတယ်နော်။

Vinn20 ကိုဘယ်လိုလူတွေ သောက်သုံးသင့်လဲဆိုရင်
✅လက်ဆစ်ခြေဆစ်ရောင်ရမ်းနေတဲ့သူတွေ
✅သွေးလေးဖက်နာ
✅Gout အဆစ်အမြစ်ရောင်ရောဂါ
✅ကျီးပေါင်းရောဂါ စတဲ့ဝေဒနာခံစားနေရတဲ့သူတွေ သောက်သုံးသင့်ပါတယ်။

တစ်နေ့လျှင်တစ်ကြိမ် တစ်လုံး သောက်လို့ရပြီး ရောဂါပြင်းထန်တဲ့အပေါ်မူတည်ပြီး နှစ်လုံးထိ သောက်သုံးနိုင်ပါတယ်။

နဂိုရောဂါအခံရှိသူတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးဖို့တော့ လိုမယ်နော်။

ကိုက်ခဲနာကျင်တာတွေအတွက် Vinn20 ကိုဆောင်ထားဖို့ မမေ့နဲ့နော်။

📌 ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးဖို့တော့ လိုမယ်နော်📌

Hotline: 09455554881
Office; No(3), Pinlon Yeik Mon Housing.
No(2), Main Road, Kyeepwaryae Quarter, Thingangyun Township, Yangon, 11071, Myanmar.




.,Ltd

Address

No 3 Pinlon Yeikmon Housing , TGG
Yangon
11071

Telephone

+959455554883

Website

Alerts

Be the first to know and let us send you an email when KTT Medical Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share