Mommy Connect by mommy Paed

Mommy Connect by mommy Paed Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mommy Connect by mommy Paed, Health & Wellness Website, Yangon.

I feel you Mommy.🩺
​မေ​မေတို့ရဲ့ ပူပင်​သောက​တွေ ရင်ဖွင့်နိုင်သလို
က​လေးကျန်းမာ​ရေးအ​ကြောင်း တိုင်ပင်​ဆွေး​နွေးနိုင်ပါတယ်
သားသားမီးမီးတို့အတွက် ​ပူပင်မှု​တွေ ကင်း​​ဝေးရ​စေဖို့ ၂၄ နာရီ က​လေးဆရာဝန်နဲ့ ​ဆွေး​နွေးလို့ရမဲ့ WF24/7 Team ကလဲ အမြဲ Welcome ပါ

မိခင်ဘဝက ကိုယ့်အတွက် စိတ်ပင်ပန်းမှုများစေလား?အဲ့လိုဆိုရင်တော့ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူးmommy Paed လဲ ကိုယ့်ကိုကိုယ် အသုံ...
05/09/2025

မိခင်ဘဝက ကိုယ့်အတွက် စိတ်ပင်ပန်းမှုများစေလား?
အဲ့လိုဆိုရင်တော့ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူး

mommy Paed လဲ ကိုယ့်ကိုကိုယ် အသုံးမဝင်တဲ့ လူတစ်ယောက်လို ခံစားရပြီး စိတ်ကျရောဂါ ဖြစ်ခါနီးထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်

ဒါ့ကြောင့် Welcome to ‘Bloom and Bond’ program.

💖Bloom and Bond💖

ခံစားချက်တွေ စိတ်ဒဏ်ရာတွေ သက်သာစေပြီး နားလည်မှု၊ ပံ့ပိုးမှုတွေ ပေးမဲ့ နေရာလေးတစ်ခု (safe place) လေးတစ်ခု မိခင်တိုင်း နဲ့ ကလေးလေးတိုင်းအတွက် လိုအပ်ပါတယ်

အဲ့ဒီနေရာလေးမှာ
၁. ကလေးတွေရဲ့ စိတ်ခံစားချက်တွေအတူတူ ဖော်ထုတ် အဖြေရှာကြမယ်
၂. မေမေတို့ရဲ့ အခက်အခဲ ပြဿနာတွေ ဆွေးနွေးတိုင်ပင် လမ်းညွှန်ပေးမယ်
၃. မေမေတို့ရဲ့ စိတ်သောကတွေအတွက် အထောက်အကူဖြစ်စေမဲ့ work-shop လေးတွေပြုလုပ်ပေးပြီး page ကနေတဆင့် ဗဟုသုတတွေ မျှဝေပေးမယ်

So ‘Bloom with love and Bond With strength’.

Program လေး စတဲ့အခါ ဆရာမနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရတဲ့ session လေးတွေလဲ ရှိမယ်
Workshop တွေလဲ အလျင်းသင့်သလို ပြုလုပ်ပေးမှာမို့ keep in touch ပါနော်

(ကလေးလေးတွေရဲ့ ကျန်းမာရေးအတွက်လဲ WF24/7 program ကလဲ ဆက်ရှိနေဦးမှာပါ
Bloom and Bond အကြောင်း အသေးစိတ်မေးမြန်းလိုပါက 📱viber no. 09428450360 မှာ B&B လို့ စာတိုလေးပေးပို့ပါ
မေမေတိုင်းအတွက် counselling session အခမဲ့ voucher လေးတွေ ရရှိမှာ ဖြစ်ပါတယ်)

27/07/2025

Circumcision (ဂျိုးထိပ် အရေပြားဖြတ်ခြင်း)

မိဘတွေ ဖြစ်လာကြတော့ သားသားမီးမီးလေးတွေအတွက် အဘက်ဘက်က အကောင်းဆုံး ဖြစ်စေဖို့ ဆုံးဖြတ်ချရတာမျိုးတွေ ခဏခဏကြုံရတာပေါ့

ကလေးလေးက သားသားလေးဆိုရင် ဖေဖေမေမေတို့တွေဝေဒွိဟ ဖြစ်ရမဲ့ အခိုက်အတန့် လေး ရှိပြန်ပါရော

💬“သားသားရဲ့ ဂျိုးထိပ်အရေပြားလေး ဖြတ်ရမယ် ပြောတယ် မဖြတ်လို့မရဘူးလား”
💬”ဂျိုးထိပ်အရေပြား မဖြတ်ပဲ ထားရင် ဘာတွေဖြစ်နိုင်လဲ”
💬”ကလေးနာမှာစိုးရိမ်တယ် သားသားဖေဖေလဲ မဖြတ်ထားပေမဲ့ အဆင်ပြေခဲ့တာပဲ မလုပ်လို့မရဘူးလား”
စသဖြင့် အတွေးကိုယ်စီ အမြင်ကိုယ်စီ ရှိကြပါတယ်

ဒီတော့
“Circumcision” လို့ ခေါ်တဲ့ “ဂျိုးထိပ်အရေပြားဖြတ်ခြင်း” အကြောင်း လေ့လာကြစို့နော်

❓Circumcision ဆိုတာ ဘာလဲ
- ဂျိုး ထိပ်ဖူးလေးကို အုပ်ထားတဲ့ အရေပြားကို ဖယ်ရှားတာ ဖြစ်ပါတယ်

❓Circumcision လုပ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ
(၁) ဘာသာရေး နဲ့ ဓလေ့ထုံးတမ်း တွေကြောင့်
- ဂျူး လူမျိုးနဲ့ အစ္စလာမ် ဘာသာဝင်တွေမှာ သားသားလေးတွေ မွေးကင်းစအရွယ်ထဲက ဘာသာရေးအယူအဆအရ circumcision ပြုလုပ်ကြပါတယ်
(၂) လူမှုရေးနဲ့ ပတ်ဝန်းကျင်ကြောင့်
- သားသားလေးရဲ့ ပတ်ဝန်းကျင်က အမျိုးသားအများစုဟာ circumcised လုပ်ထားကြတဲ့အခါ ကလေးကိုလဲ ကွဲပြားမှုရှိတယ်ဆိုတဲ့ ခံစားချက် မရှိအောင် ပြုလုပ်ပေးကြပါတယ်
(၃) ကျန်းမာရေး ကောင်းကျိုးများကြောင့်
- ဆီးလမ်းကြောင်းပိုးဝင်မှု နည်းပါးစေခြင်း
- လိင်မှတဆင့်ကူးစက်သော ရောဂါဖြစ်မှုနှုန်း နည်းပါးစေခြင်း
- လိင်တံကင်ဆာ (pe**le cancer) ဖြစ်မှုနှုန်း မရှိသလောက်ထိ လျော့ကျစေခြင်း
- အိမ်ထောင်ဖက် အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွါးမှုနည်း လျော့ကျစေခြင်း စတာတွေ အပြင်
- ဂျိုးထိပ်အရေပြား ပိုးဝင်ခြင်း (balanitis)၊ ဂျိုးထိပ်အရေပြားကို နောက်ပြန်ဆွဲမရခြင်း (Phimosis)၊ ဂျိုးထိပ်အရေပြားနောက်ဆုတ်ဆွဲမိပြီး ပုံမှန်နေရာ ပြန်မရောက်ခြင်း (Paraphimosis) စတဲ့ အခြေအနေတွေမှ ကာကွယ်နိုင်ခြင်းအပြင်
- သန့်ရှင်းရေး လွယ်လွယ်ကူကူ ပြုလုပ်လို့ ရနိုင်ခြင်း
စတဲ့ အချက်တွေကြောင့် Circumcision ပြုလုပ်ဖို့ ရွေးချယ်ကြပါတယ်

❓Circumcision မပြုလုပ်ချင်တဲ့ အကြောင်းတွေကကော ဘာတွေဖြစ်မလဲ
- Circumcision ပြုလုပ်ခြင်းဟာ သားသားလေးရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်တယ်လို့ ယူဆကြခြင်း
- ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ သွေးစိမ့်တာ၊ ပိုးဝင်မှာ၊ အနာမကျက်မှာ စတာတွေကို စိုးရိမ်ခြင်း
- မှန်ကန်တဲ့သန့်ရှင်းရေး နည်းလမ်းများကို ကောင်းစွာ သင်ကြားပေးနိုင်ပါက အထက်ဖော်ပြပါ အခြေအနေများဖြစ်ပွါးနှုန်း လျော့နည်းနိုင်မည်ဟု ယူဆခြင်း
- လိင်ခံစားမှုအပေါ် သက်ရောက်မှု ရှိနိုင်ခြင်း
စတာတွေကြောင့် Circumcision မလုပ်ဖို့ ရွေးချယ် ကြပြန်ပါတယ်

❓Circumcision ပြုလုပ်သင့်သည့်အခြေအနေများ
- Phimosis (ဂျိုးထိပ်အရေပြား နောက်ပြန်ဆွဲမရခြင်း)
- Recurrent Balanitis (ဂျိုးထိပ်အရေပြား ပိုးဝင်ခြင်း)
- Paraphimosis (ဂျိုးထိပ်အရေပြားနောက်ဆုတ်ဆွဲမိပြီး ပုံမှန်နေရာ ပြန်မရောက်ခြင်း)

အထက်ပါ အခြေအနေမျိုးရှိရင်တော့ Circumcision မလုပ်ရင် ဆိုးကျိုးပဲ ရှိနိုင်တာမို့ တွေဝေစရာ မလိုပဲ အရေပြား ဖြတ်သင့်ပါတယ်

✅Circumcision ပြုလုပ်ဖို့ ရွေးချယ်ပြီဆိုရင်
- ကလေး ဘယ်အသက်အရွယ်မှာမဆို Circumcision လုပ်နိုင်ပါတယ် (လေ့လာချက်တွေအရ ၁ နှစ်အောက်မှာ ပြုလုပ်တာ နောက်ဆက်တွဲ အခြေအနေနည်းပြီး ကလေးရဲ့ စိတ်ခံစားမှု အခြေအနေအတွက် အကောင်းဆုံး ဖြစ်တယ်လို့ အဆိုပြုပါတယ်)
- ခွဲစိတ်ဆရာဝန်နဲ့ မခွဲစိတ်ခင်/ခွဲစိတ်ပြီး ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို ဆွေးနွေးတိုင်ပင်သင့်ပါတယ် (အလွန်ရှားပါးသော နောက်ဆက်တွဲ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ နာကျင်ခြင်း၊ အနာမကျက်ခြင်း စသည်တို့ ကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်)

✅ Cirumcision ပြုလုပ်သင့်တဲ့ အခြေအနေမရှိတာကြောင့် မလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်တော့
- သားသားလေးကို ဂျိုးသန့်ရှင်းရေး နေ့စဉ် မှန်မှန်ကန်ကန် ပြုလုပ်ပေးပါ
- ငယ်ရွယ်စဉ်မှာ အရေပြား အပြည့်အဝ နောက်ပြန်ဆွဲမရတာ ပုံမှန်ဖြစ်တယ်ဆိုတာ သတိချပ်ပြီး အတင်းအကြပ် မဆွဲမိစေဖို့ ဂရုပြုပါ
- တကိုယ်ရည်သန့်ရှင်းရေး ကိုယ်တိုင် ပြုလုပ်နိုင်လာတဲ့ အရွယ်မှာ ဂျိုးသန့်ရှင်းရေး ပြုလုပ်ဖို့ သင်ကြားပေးပါ

ဒီလောက်ဆိုရင်တော့ ဖေဖေမေမေတို့ ဆုံးဖြတ်ချက်ချနိုင်ပြီလို့ ယူဆတာမို့ ထပ်သိချင်တာ တိုင်ပင်ချင်တာရှိရင် အမြဲ welcome မို့ page messenger မှာ Hi ပေးပါနော်

သားရှင် ဖေဖေမေမေတို့ စိတ်သောက လျော့ကျစေဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mommy Connect by mommy Paed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram