LiverCare Myanmar

LiverCare Myanmar LiverCare is the Liver Health Supplement with Siliphos which protects your liver and improve liver functions.
(271)

သင့်အသည်းကျန်းမာရေး မထိခိုက်စေချင်... -------------------------------------လူ့ခန္ဓာကိုယ်မှာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ...
12/11/2025

သင့်အသည်းကျန်းမာရေး မထိခိုက်စေချင်...
-------------------------------------
လူ့ခန္ဓာကိုယ်မှာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ အများကြီး ရှိပါတယ်။ သွေးသန့်စင်ပေးခြင်း၊ အဆိပ်အတောက် ဖယ်ရှားပေးခြင်း၊ စွမ်းအင်အတွက် လိုအပ်တဲ့ ဓာတ်တွေကို တည်ဆောက်ပေးခြင်း၊ အစာခြေရာမှာ ပါဝင်ပြီး စုပ်ယူလိုက်တဲ့ အာဟာရကို တည်ဆောက်ခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကို အသည်းက လုပ်ဆောင်နေပါတယ်။

အသည်းကျန်းမာရေး ထိခိုက်စေတဲ့ အကြောင်းတွေထဲမှာ အဖြစ်များတာကတော့ အသည်းရောင် အသားဝါ ပိုးတွေ ဝင်တာနဲ့ အသည်းထိခိုက်စေတဲ့ ရောဂါတွေ ခံစားရတာပါ။
လတ်တလောမှာ အသည်းထိခိုက်နေပြီဆိုရင် အတွေ့ရများတတ်တဲ့ လက္ခဏာတွေကတော့....
◾မျက်စိဝါတာ၊ အသားဝါတာ၊
◾ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ပြောင်းတာ၊
◾ ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ အန်တာ အစားအသောက်ပျက်တာ စတာတွေ ဖြစ်ပါတယ်။

နာတာရှည်အသည်းထိခိုက်နေပြီဆိုရင် အတွေ့ရများတတ်တဲ့ လက္ခဏာတွေကတော့....
◾ခြေလက်ဖောတာ၊ ဗိုက်ပူတာ၊
◾အသည်းနေရာမှာ ဗိုက်နာတာ၊
◾အစားအသောက်ပျက်ပြီး ပိန်တာ၊
◾ကော်ဖီမှုန့်ရောင် အန်တာ၊ ဝမ်းမည်းမည်းသွားတာ... စတာတွေဖြစ်ပါတယ်။
အဲဒီလိုလက္ခဏာတွေ ပြတဲ့အခါ အသည်းကျန်းမာရေးအတွက် သင့်တော်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေကို ဆရာဝန်နဲ့ ပြသပြီး လိုက်နာရမှာ ဖြစ်ပါတယ်။

အသည်းထိခိုက်နေချိန်မှာ အသည်းကျန်းမာနေစေဖို့ လိုက်နာရမယ့် အချက်တွေကတော့....
(၁) ဆေးလိပ်၊ အရက်ကို လုံးဝ ရှောင်ရမှာ ဖြစ်ပါတယ်။
(၂) အဆီရှောင်ပြီး အချိုလျှော့စားရပါမယ်။ အသီးအနှံတွေကို ပိုပြီး စားပေးသင့်ပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ပြီး တက်တက်ကြွကြွနေရပါမယ်။
(၄) ကိုယ်မသိတဲ့ ဆေးမြီးတိုတွေကို ဆင်ခြင်ရပါမယ်။
(၅) ကိုယ်အလေးချိန် ထိန်းသိမ်းရပါမယ်။

အသည်းကျန်းမာစေဖို့ လစ်ဗာကဲအသည်းအားဆေးတွေကို မှီဝဲနိုင်ပါတယ်။ လစ်ဗာကဲအသည်းအားဆေးကို အသည်းကြီးသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင် ရောဂါရှိသူတွေ၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိသူတွေ၊ အသည်း ထိခိုက်စေတဲ့ ဆေးဝါးတွေကို သောက်သုံးနေသူတွေ၊ အသည်းကျန်းမာရေးကို ကာလရှည် ဂရုစိုက်ဖို့ လိုအပ်သူတွေ၊ အဆိပ်အတောက်ဒဏ်မှ ကာကွယ်လိုသူတွေ၊ အရက် သောက်သုံးသူတွေနဲ့ ကျန်းမာတဲ့ လူနေမူဘဝပုံစံကို လိုက်နာဖို့ ခက်ခဲသူတွေက တစ်နေ့ တစ်တောင့်မှ နှစ်တောင့် မှီဝဲလို့ ရပါတယ်။ 💛
‘’အသည်းကိုကြင်နာ အသက်ရှည်စွာ လစ်ဗာကဲ ဖြင့် နေထိုင်ပါ’’

“ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မင်္ဂလာရှိစွာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ” ကြောင်း LiverCare မိသားစုက ဆုမွန်ကောင်း တေ...
04/11/2025

“ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မင်္ဂလာရှိစွာ
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ” ကြောင်း LiverCare မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အသည်းကို ကြင်နာ ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့်နေထိုင်ပါ။

အားလပ်ရက်မှာ၊ သောကြာညနေမှာ ဘော်ဒါတွေနဲ့ ဆုံဖြစ်လို့ တစ်ခွက်ပြီး တစ်ခွက် သောက်မိတာ၊ အသားကင်တွေ စားမိတာ၊ အာလူးကြော်လေး ဝါး...
30/10/2025

အားလပ်ရက်မှာ၊ သောကြာညနေမှာ ဘော်ဒါတွေနဲ့ ဆုံဖြစ်လို့ တစ်ခွက်ပြီး တစ်ခွက် သောက်မိတာ၊ အသားကင်တွေ စားမိတာ၊ အာလူးကြော်လေး ဝါးမိတာတို့ လုပ်မိနေပြီလား…
အသည်းလေး ကျန်းမာအောင် ဂရုစိုက်ပေးဖို လိုမယ်နော်…💛
သောက်ဖြစ်၊ စားဖြစ်ပြီဆိုတာနဲ့ လစ်ဗာကဲကို မဖြစ်မနေ ဆောင်ထားသင့်တာပေါ့။😊
လစ်ဗာကဲအသည်းအားဆေးက ဆီလီဖော့စ်ပါဝင်တဲ့ တစ်ခုတည်းသော အသည်းအားဆေးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင်အီး၊ ဗီတာမင်ဘီအုပ်စုနဲ့ ဇင့်တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေခြင်း၊ အသည်းအမာရွတ်များကို သက်သာစေခြင်း၊ အသည်းဆဲလ်အသစ်များ ဖွဲ့စည်းပေးခြင်း၊ သွေးတွင်းမကောင်းတဲ့ အဆိပ်အတောက်များ လျော့ကျစေပြီး အသည်းကျန်းမာစေခြင်း စတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။💯
လစ်ဗာကဲအသည်းအားဆေးကို အရက်သောက်ချိန်နဲ့ အနည်းဆုံး ၆ နာရီခြားပြီး သောက်သုံးပေးဖို့ အကြံပြုအပ်ပါတယ်။

အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့်နေထိုင်ပါ။

အရက်နှင့် အသည်း------------------အရက်အလွန်အကျွံသောက်တာက အသည်းအဆီဖုံးခြင်းကို ဖြစ်စေသလို ကြာရှည်စွဲသောက်တဲ့အခါ အသည်းရောင်...
14/10/2025

အရက်နှင့် အသည်း
------------------
အရက်အလွန်အကျွံသောက်တာက အသည်းအဆီဖုံးခြင်းကို ဖြစ်စေသလို ကြာရှည်စွဲသောက်တဲ့အခါ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
Tips!
- အရက်မသောက်တာ အကောင်းဆုံးပါ။
- မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်ပါ။
- အသည်းကျန်းမာရေး စစ်ဆေးမှုခံယူပါ။
- အသည်းအားဆေး လစ်ဗာကဲ မှီဝဲပါ။💯
‘’အသည်းကိုကြင်နာ အသက်ရှည်စွာ လစ်ဗာကဲ ဖြင့် နေထိုင်ပါ’’

“သီတင်းကျွတ်ချိန်ခါအသည်းကျန်းမာမင်္ဂလာရှိစွာနွှဲပျော်နိုင်ကြပါစေ”ကြောင်း လစ်ဗာကဲမိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါသည်။   ...
06/10/2025

“သီတင်းကျွတ်ချိန်ခါ
အသည်းကျန်းမာ
မင်္ဂလာရှိစွာ
နွှဲပျော်နိုင်ကြပါစေ”ကြောင်း လစ်ဗာကဲမိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🙏🙏
‘’အသည်းကိုကြင်နာ အသက်ရှည်စွာ လစ်ဗာကဲ ဖြင့် နေထိုင်ပါ’’

လူ့ခန္ဓာကိုယ်မှာ အသည်းက …▶  အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း▶ ကိုယ်ခံအားစနစ်မှာ ပါဝင်လုပ်ဆောင်ပေးခြင်း▶ စွမ်းအင်တွေကို ...
25/09/2025

လူ့ခန္ဓာကိုယ်မှာ အသည်းက …
▶ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း
▶ ကိုယ်ခံအားစနစ်မှာ ပါဝင်လုပ်ဆောင်ပေးခြင်း
▶ စွမ်းအင်တွေကို လိုအပ်တဲ့အခါ သုံးနိုင်အောင် သိုလှောင်ပေးထားခြင်း
▶ ဟော်မုန်းတွေကို ဟန်ချက်ညီမျှစေခြင်း
▶ အစာထဲက အဆီတွေကို ချေဖျက်ပေးခြင်း စတဲ့ လုပ်ငန်းဆောင်တာ အများကြီးကို လုပ်ဆောင်နိုင်တဲ့ စူပါ ပါဝါ ရှိနေတာပါ။
အသည်းရဲ့ စူပါပါဝါတွေ အားကောင်းဖို့နဲ့ အသည်းလေး ကျန်းမာနေစေဖို့ ကောင်းမွန်တဲ့ အာဟာရ၊ အနားယူအိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေကို လိုက်နာဖို့ လိုသလို လစ်ဗာကဲနဲ့ အားဖြည့်ပေးဖို့လည်း အရေးကြီးပါတယ်။ 😊
လစ်ဗာကဲအသည်းအားဆေးကို လိုအပ်ချက်ပေါ်မူတည်ပြီး တစ်နေ့ တစ်တောင့်မှ နှစ်တောင့်အထိ မှီဝဲနိုင်ပါတယ်။💛
အသည်းကို ကြင်နာ၊ အသက်ရှည်စွာ၊ လစ်ဗာကဲနဲ့ နေထိုင်ပါ။

အသည်းအဆီဖုံးခြင်းရဲ့ အဓိက ကုသမှုက “ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ခြင်း”ပါ----------------------------------------အသည်း...
16/09/2025

အသည်းအဆီဖုံးခြင်းရဲ့ အဓိက ကုသမှုက “ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ခြင်း”ပါ
----------------------------------------
အသည်းအဆီဖုံးနေပြီဆိုရင် ဘာလုပ်ရမလဲဆိုပြီး သိချင်ကြပါတယ်။
အသည်းဆဲလ်ထဲမှာ အဆီများနေတာကို အသည်းအဆီဖုံးတယ်လို့ ခေါ်ပါတယ်။ အသည်းအဆီဖုံးတာမှာ အရက်ကြောင့် အသည်းအဆီဖုံးခြင်းနဲ့ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အရက်ကြောင့် အသည်းအဆီဖုံးတယ်ဆိုရင် အရက်ဖြတ်တာက အဓိက ကုသမှုပါ။ ပြီးမှ အသည်းစစ်ဆေးမှုပေါ်မူတည်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်တာက အဓိက ကုသမှုဖြစ်ပါတယ်။
(၁) ကိုယ်အလေးချိန်က များနေရင် ကိုယ်အလေးချိန်လျှော့ရပါမယ်။
(၂) နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းလုပ်ရပါမယ်။ အထိုင်များတာကို လျှော့ချရပါမယ်။
(၃) အဆီများတဲ့အစားအစာ၊ အချိုရည်တွေ၊ ချိုလွန်းတဲ့ သရေစာတွေ၊ ဆီကြော်စာတွေ ရှောင်ရပါမယ်။
(၃) ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်တို့လို့ ကာဗိုဟိုက်ဒရိတ်တွေ လျှော့စားရပါမယ်။
(၄) တာရှည်ခံအောင် လုပ်ထားတဲ့ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လို အစားအစာတွေ တတ်နိုင်သမျှ ဆင်ခြင်ရပါမယ်။
(၅) စားအုန်းဆီနဲ့ ကြော်ချက်ထားတဲ့ ဟင်းလျာတွေ၊ ထောပတ်၊ ချိစ် စတာတွေကို လျှော့စားရပါမယ်။
ဒီလိုကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာရင်း၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူရင်း အသည်းကျန်းမာစေဖို့ အားဖြည့်တဲ့အနေနဲ့ လစ်ဗာကဲအသည်းအားဆေးကို ပုံမှန် သောက်လို့ရပါတယ်။💛
အသည်းကို ကြင်နာ၊ အသက်ရှည်စွာ၊ လစ်ဗာကဲနဲ့ နေထိုင်ပါ။

အသက်ရှည်လိုလျှင် သင့်အသည်းကို ဂရုစိုက်ပါ--------------------------------------------အသည်းက လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတ...
03/09/2025

အသက်ရှည်လိုလျှင် သင့်အသည်းကို ဂရုစိုက်ပါ
--------------------------------------------
အသည်းက လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ လုပ်ငန်းစဉ်အများကြီးကို ပြုလုပ်ပေးနေတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အဆိပ်အတောက်မှန်သမျှကို ချေဖျက်ပေးတာကြောင့် အသည်း ကျန်းမာနေမှ ခန္ဓာကိုယ်ကျန်းမာပြီး အသက်ရှည်မှာပါ။

အသည်းကျန်းမာဖို့ဆိုရင် အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံး ဖြစ်ပါတယ်။ အသည်းထိခိုက်နိုင်တဲ့ တခြားအကြောင်းရင်းတွေက အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးပဲ ဖြစ်ပါတယ်။ ဘီပိုး၊ စီပိုး ကူးစက်မှုမရှိဘူး၊ အရက်မသောက်ဘူးဆိုရင်တော့ အသည်းထိခိုက်မှုက တော်တော်နည်းမှာပါ။

အသည်းကျန်းမာနေစေဖို့ ထပ်မံရှောင်သင့်တာတွေက ကင်ထားတဲ့ အသားတွေ၊ ကျပ်တိုက်ထားတဲ့ အသား(ဥပမာ- ငါးကျည်းကျပ်တိုက်)၊ မီးတောက်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ အသား/ ငါးတွေကို ဆင်ခြင်သင့်ပါတယ်။
နောက်တစ်ခုက ဆိုးဆေးပါတဲ့ အစားအသောက် (အထူးသဖြင့် ခွင့်မပြုဆိုးဆေးပါတဲ့ အစားအသောက်)၊ မှိုတက်စာတွေ (အထူးသဖြင့် ငရုတ်သီးခြောက်မှိုတက်)တွေကို ရှောင်သင့်ပါတယ်။ အဆီအအိမ့်တွေ အလွန်အမင်း စားရင်လည်း အသည်းကို ထိခိုက်စေနိုင်တဲ့အတွက် သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။

အသည်းကြီးသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင်ရောဂါရှိသူတွေ၊ B ပိုး၊ C ပိုးရှိသူတွေ၊ အသည်းကိုထိခိုက်စေတဲ့ ဆေးဝါးတွေကို သောက်သုံးနေသူတွေ၊ ကာလရှည် အသည်းကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်သူတွေ၊ အရက်သောက်သုံးသူတွေနဲ့ ကျန်းမာသော လူနေမူဘဝပုံစံနဲ့ နေထိုင်ဖို့ ခက်ခဲသူတွေအနေနဲ့ လစ်ဗာကဲအသည်းအားဆေးကို မှီဝဲနိုင်ပါတယ်။
လစ်ဗာကဲအသည်းအားဆေးကို လိုအပ်ချက်ပေါ် မူတည်ပြီး တစ်နေ့တစ်တောင့်မှ နှစ်တောင့် မှီဝဲနိုင်ပါတယ်။💛
အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့်နေထိုင်ပါ။

နောက်နှစ်ပေါင်းများစွာအထိ သင့်အသည်းကို ကျန်းမာစေချင်ပါတယ် …အသည်းကျန်းမာဖို့ အခုကတည်းက လစ်ဗာကဲနဲ့ စောင့်ရှောက်လိုက်ပါ 💛လစ...
08/08/2025

နောက်နှစ်ပေါင်းများစွာအထိ သင့်အသည်းကို ကျန်းမာစေချင်ပါတယ် …
အသည်းကျန်းမာဖို့ အခုကတည်းက လစ်ဗာကဲနဲ့ စောင့်ရှောက်လိုက်ပါ 💛

လစ်ဗာကဲက Siliphos (ဆီလီဖော့စ်) ပါဝင်တဲ့ တစ်ခုတည်းသော အသည်းအားဆေးဖြစ်ပါတယ်။ ဆီလီဖော့စ်က မကောင်းတဲ့ သွေးတွင်းအဆိပ်အတောက်တွေကို လျှော့ချပေးပြီး အသည်းဆဲလ်တွေကို အသစ်ဖွဲ့စည်းပေးပါတယ်။
▶ Siliphos က Silybin နဲ့ Phosphatidylcholine ကို ပေါင်းစပ်ထားတာဖြစ်လို့ သွေးထဲ ရောက်တဲ့ အာနိသင် Bioavailability ပိုကောင်းပါတယ်။ ဒါ့အပြင် Phytosome Technology ပေါင်းစပ်ထားတာကြောင့် အသည်းကို ထိရောက်စွာ ကာကွယ်ပေးပြီး အသည်းအင်ဇိုင်းတွေကို လျှင်မြန်စွာကျစေပါတယ်။
▶ ဗီတာမင် E ပါတဲ့အတွက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် အသည်းကို ကျန်းမာစေပါတယ်။
▶ ဗီတာမင်ဘီအုပ်စုပါတဲ့အတွက် အသည်းကို ကျန်းမာစေပါတယ်။
▶ ဇင့်ပါတာကြောင့် အသည်းကို အားဖြည့်ပေးပါတယ်။
အသည်းကြီးသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင်ရောဂါရှိသူတွေ၊ B ပိုး၊ C ပိုးရှိသူတွေ၊ အသည်းကိုထိခိုက်စေတဲ့ ဆေးဝါးတွေကို သောက်သုံးနေသူတွေ၊ ကာလရှည် အသည်းကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်သူတွေ၊ အရက်သောက်သုံးသူတွေနဲ့ ကျန်းမာသော လူနေမူဘဝပုံစံနဲ့ နေထိုင်ဖို့ ခက်ခဲသူတွေအတွက် လစ်ဗာကဲက ကိုယ်ရံတော်လေးလို စောင့်ရှောက်ပေးနေပါတယ်။
လစ်ဗာကဲအသည်းအားဆေးကို လိုအပ်ချက်ပေါ် မူတည်ပြီး တစ်နေ့တစ်တောင့်မှ နှစ်တောင့် မှီဝဲနိုင်ပါတယ်။😊
‘’အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ’’

28/07/2025

သတိပြုကာကွယ်ပါ
အသည်းအဆီဖုံးရောဂါ
----------------------
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အထိမ်းအမှတ်အဖြစ် အသည်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာ ဗဟုသုတတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီဗီဒီယိုထဲမှာ အသည်းအထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာမေကြည်ကျော်က…
▶ အသည်းအဆီဖုံးရောဂါက ဘာကြောင့်ဖြစ်ရသလဲ၊
▶ ဘယ်လိုကျန်းမာရေးပြဿနာတွေက အသည်းအဆီဖုံးရောဂါဖြစ်ဖို့ အားပေးလှုံ့ဆော်တတ်သလဲ၊
▶ အသည်းအဆီဖုံးနေရင် ဘာတွေစစ်ဆေးသင့်သလဲ၊
▶ အသည်းအဆီဖုံးတာကို မကုသဘဲထားရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ၊
▶ အသည်းအဆီဖုံးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်သလဲ
▶ အသည်းအဆီဖုံးရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်…အစရှိတဲ့ သိကောင်းစရာ ဗဟုသုတတွေကို ပြည့်ပြည့်စုံစုံ ပြောကြားထားပါတယ်။
‘’အသည်းကိုကြင်နာ အသက်ရှည်စွာ လစ်ဗာကဲ ဖြင့် နေထိုင်ပါ’’

အသည်းအင်ဇိုင်းမြင့်တက်ခြင်းနှင့် အသည်းကျန်းမာရေး-------------------------------သွေးစစ်လိုက်လို့ အသည်းအင်ဇိုင်းမြင့်တက်နေ...
20/07/2025

အသည်းအင်ဇိုင်းမြင့်တက်ခြင်းနှင့် အသည်းကျန်းမာရေး
-------------------------------
သွေးစစ်လိုက်လို့ အသည်းအင်ဇိုင်းမြင့်တက်နေပြီဆိုတာနဲ့ တချို့လူတွေက စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ အသည်းအင်ဇိုင်းက ဘာကြောင့်မြင့်တက်ရတာလဲဆိုပြီးလည်း သိချင်ကြပါတယ်။

အများအားဖြင့် အသည်းရဲ့ လုပ်ငန်းဆောင်တာ ပုံမှန်ရှိ/မရှိ အသည်းထဲ ဆဲလ်တွေထိခိုက်မှုရှိ/မရှိ သိရှိလိုတာကြောင့် အသည်းအင်ဇိုင်းစစ်ဆေးမှု ပြုလုပ်ကြတာပါ။ လူတွေကျန်းမာနေချိန်မှာ အသည်းအင်ဇိုင်းက အသည်းထဲမှာ ရှိနေကြပါတယ်။ ရောဂါအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် အသည်းထဲက အင်ဇိုင်းတွေက သွေးထဲရောက်လာကြတာ ဖြစ်ပါတယ်။

အများအားဖြင့် မြင့်တက်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့-
◾ Alanine transaminase (ALT)
◾Aspartate transaminase (AST)
◾ Alkaline phosphatase (ALP)
◾ Gamma-glutamyl transpeptidase (GGT)
◾ 5’-nucleotidase
◾ Lactate dehydrogenase တို့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အများဆုံး စစ်ဆေးလေ့ရှိတဲ့ အသည်းအင်ဇိုင်းနှစ်မျိုးက Alanine transaminase (ALT) နဲ့ Aspartate transaminase (AST) တို့ပဲဖြစ်ပါတယ်။
အများအားဖြင့် အသည်းအင်ဇိုင်းတွေက အနည်းငယ်နဲ့ ယာယီမြင့်တက်မှုသာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အသည်းအင်ဇိုင်းမြင့်တက်တိုင်း အသည်းတစ်ခုတည်းကိုပဲ အပြစ်ရှာလို့ မရပါဘူး။ ASTက အသည်းမှာသာမက တခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်း (ကြွက်သား၊ ကျောက်ကပ်၊ ဦးနှောက်)တွေမှာလည်း ရှိပါတယ်။ ALT ကတော့ အသည်းမှာ အဓိက ရှိပါတယ်။

အသည်းအင်ဇိုင်းမြင့်တက်ရသည်မှာ...
အသည်းအင်ဇိုင်းတက်တိုင်း အသည်းရောဂါဖြစ်နေတာတော့ မဟုတ်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ရောဂါဝေဒနာတွေနဲ့ အခြေအနေအများစုက အသည်းအင်ဇိုင်းမြင့်တက်မှုကို ဖြစ်စေနိုင်ပါတယ်။ မြင့်တက်စေတဲ့ အကြောင်းရင်းတွေကတော့-
(၁) အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုး၊ စီပိုးရှိခြင်း၊
(၂) အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း၊
(၃) အရက်ကြောင့် အသည်းရောင်ခြင်း၊
(၄) အသည်းကင်ဆာဖြစ်ခြင်း၊
(၅) အရက်သောက်တာများခြင်း၊
(၆) နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ပန်ကရိယရောင်ခြင်း၊
(၇) ကြွက်သားအားနည်းရောဂါ (Polymyositis)၊
(၈) လည်ပင်းကြီးရောဂါများ၊
(၉) ဆေးဝါး ဒါမှမဟုတ် အဆိပ်အတောက်ကြောင့် အသည်းရောင်ရမ်းခြင်း၊
(၁၀) ကိုယ်ထဲမှာ ကြေးနီဓာတ်များနေခြင်း (wilson disease) အစရှိတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အသည်းအင်ဇိုင်း မြင့်တက်နေတဲ့အခါ…
သွေးစစ်လိုက်လိုက်လို့ အသည်းအင်ဇိုင်း ALT၊AST၊ ALP နဲ့ GGTတွေက ပုံမှန်ရှိသင့်တာထက် များနေပါက ဖြစ်စေနိုင်တဲ့ အခြေခံအကြောင်းရင်းကို မူတည်ပြီး ဆရာဝန်က စမ်းသပ်စစ်ဆေးမှုနဲ့ ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အသည်းကျန်းမာရေးအတွက် ဒီအချက်တွေကိုလည်း လိုက်နာပေးသင့်ပါတယ်။
▶ အသည်းရောင်ဘီပိုး ကာကွယ်ဆေးထိုးပါ။
▶ အရက်၊ ဆေးလိပ် မသောက်သင့်ပါ။ သောက်တတ်ရင် ဖြတ်သင့်ပါတယ်။
▶ လေ့ကျင့်ခန်းလုပ်ပါ။
▶ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ။
▶ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။
▶ အာဟာရ ပြည့်ဝမျှတစွာ စားသောက်ပါ။
▶ ချိုလွန်း၊ အဆီများလွန်းတဲ့ အစာတွေကိုရှောင်ပါ။
▶ အစားအစာကို သန့်ရှင်းစွာ ပြင်ဆင်ပြီး ကောင်းစွာ ကျက်အောင် ချက်ပြုတ်ထားတဲ့အစာတွေကိုသာ စားပါ။
▶ အသင့်စားအစာ၊ မှိုတက်စာ၊ ပြုပြင်ထားတဲ့ အစာနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတဲ အစာတွေကို ရှောင်ပါ။
‘’အသည်းကိုကြင်နာ အသက်ရှည်စွာ လစ်ဗာကဲ ဖြင့် နေထိုင်ပါ’’

‘’ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာကုသိုလ်ကောင်းမှုပြုကာ အသည်းကျန်းမာကြပါစေ” ကြောင်း လစ်ဗာကဲမိသားစုက ဆုမွန်ကောင်း တော...
09/07/2025

‘’ဝါဆိုလပြည့်နေ့
ဓမ္မစကြာအခါတော်နေ့မှာ
ကုသိုလ်ကောင်းမှုပြုကာ
အသည်းကျန်းမာကြပါစေ” ကြောင်း လစ်ဗာကဲမိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါသည်။
‘’အသည်းကိုကြင်နာ အသက်ရှည်စွာ လစ်ဗာကဲ ဖြင့် နေထိုင်ပါ’’

Address

No. 12/A, KabarAye Pagoda Road, (Near Marina Residence), Mayangone
Yangon
11061

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

01657033

Website

Alerts

Be the first to know and let us send you an email when LiverCare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram