Amara USA Supplements

Amara USA Supplements Vitamin/Supplements

02/04/2026

🌿ပန်းသီးရှာလကာရည် (Apple Cider Vinegar)

Short Chain Fatty Acid လည်းဖြစ်ပါတယ်။
ရောင်ကိုင်းခြင်းကိုကျစေပြီး
အူသိမ်ကစုပ်ယူတယ်၊
သွေးထဲကိုလည်းရောက်ပြီး
ခန္ဓာကိုယ််တစ်ခုလုံးဆီရောက်ပါတယ်၊
အူလမ်းကြောင်းကိုလည်းအထောက်အကူ
ဖြစ်စေတယ်လို့ဆရာမကြီးကပြောပါတယ်ရှင့်။

Organic unfiltered with the Mother က အကောင်းဆုံး ဖြစ်ပါတယ်။

၁။ ဗီတာမင်ဓာတ်တွေ ပါရှိခြင်း
(Vitamin A, C, E, B1, B2, B6)

၂။ သတ္တုဓာတ် မျိုးစုံ ပါဝင်ခြင်း
(Calcium, Chromium, Copper, Iron, Magnesium, Manganese, Phosphorus, Potassium, Selenium, Sodium, Zinc)

၃။ အမြှင်ဓာတ် (Fiber) ပါဝင်ခြင်း

၄. The Mother ဆိုတာ pure unfiltered apple cider vinegar မှာ ပါပါတယ်။
ဒီ Mother ထဲမှာ ပါတာတွေကတော့
amino acids တွေ၊ digestive enzymes (အစာချေဆေး) နှင့် အာဟာရဓာတ်များ ပါပါတယ်။ သူတို့တွေဟာ bacteria, fungus ပိုးမွှားတွေကို သုတ်သင်ပေးနိုင်သလို၊ ခန္ဓာကိုယ် ရောင်ကိုင်းခြင်းကိုလဲ သက်သာစေနိုင်ပါတယ်။

၁။ အစာ မစားခင် (၁၅)မိနစ်လောက် အလိုမှာ သောက်ရင် အစာကြေစေပါတယ်။

၂။ အရိုးအဆစ်တွေ ကိုက်ခြင်း၊ အသားတွေ နာခြင်းကိုလည်း သက်သာစေပါတယ်။

၃။ ခန္ဓာကိုယ် ခုခံအားကိုလည်း အားရှိစေပါတယ်။
နေမကောင်းတဲ့အခါ တစ်နေ့ကို သုံးကြိမ်လောက် သောက်ပေးနိုင်ရင် ကောင်းပါတယ်။

၄။ လည်းပင်း အကြိတ်တွေ ရောင်တတ်သူများအတွက်လည်း ကောင်းတယ်လို့ ပြောပါတယ်။
(swollen lymph nodes)

၅။ သည်းချေ ကျောက်တည်သူများ ၊ ကျောက်ကြောင့် ဗိုက်နာနေသူများ အတွက် ကောင်းတယ်လို့ ပြောပါတယ်။
သည်းချေကျောက် ကြေစေချင်ရင်
pple cider vinegar 2 teaspoon နဲ့ lemon juice 1 teaspoon ရောပြီး မနက် အိပ်ယာက နိုးနိုးချင်း၊ အစာ မစားမီ သောက်ရမှာ ဖြစ်ပါတယ်။

၆။ ထိတ်ခပ်နာ ရှိသူများ (Sinus infections)
apple cider vinegar ½ cup နဲ့ ရေ ½ cup ရောပြီး ဆူလာတဲ့ အထိ တည်ပြီး အဝကျယ် ဖန်ဘူး တစ်ခုထဲ ထည့်ပြီး အငွေ့တွေကို ရှူပေးရပါတယ်

၇။ ကြို့ ဆက်တိုက် ထိုးနေတာကိုလည်းပျောက်စေပါတယ်တဲ့ (Hiccups)

၈။ ပွေး ပေါက်နေတဲ့ နေရာကို တို့ရင်လည်းပျောက်ကင်းနိုင်ပါသတဲ့။

၉ ။ ကျောက်ကပ်မှာ ကျောက်တည်နေတာကို ကြေစေနိုင်တယ်လို့လဲ ပြောပါတယ်။

၁၀။ အသည်းမှ အဆိပ်တွေ ထုတ်ရာမှာလည်း ကောင်းပါသတဲ့။

လက်ဖက်ရည်ဇွန်း(၁)ဇွန်း သို့ (၂) ဇွန်းကို ရေ 250ml (သို့)ရေ ၈ အောင်စ (ငါးကြင်းဖန်ခွက် တခွက်) နဲ့ ရောပြီး သောက်ပါ။ သွားတွေကို မထိအောင် ပိုက်နဲ့ စုပ်သောက်ပါ။

🌱Apple Cider Vinegar ( ပန်းသီး ရှာလကာရေ ) နှင့် Gout ရောဂါ ရှိ သူ များ —

ပန်းသီး ရှာလကာရေ ဟာ Gout လူနာ တွေ အတွက် အကျိုး ရှိ နိုင် ပါ သလား ?

ဖြေ —

အကျိုး ရှိ နိုင် ပါ တယ်။

သွေး ထဲ မှာ uric acid များ နေ ရင် ၊ ပန်းသီးရှာလကာရည်ကို သောက် ခြင်း ဖြင့် သွေး ကို alkaline ပို ဖြစ် စေ
ပြီး၊ ဆီးထဲ က နေ uric acid တွေ ကို ထုတ် ပြစ် လိုက် လို့ ဖြစ် ပါ တယ်။

နားလည် ဖို့ ဟာ Physiology ဇီဝကမ္မဗေဒ ကို ပြန် ကြည့် ကြ ရ အောင်။

ပန်းသီး ရှာလကာရည်ဟာ acetic acid ဖြစ် ပါ တယ်။

သောက် လိုက် တဲ့ အခါ အစာသစ်အိမ် ထဲ ( stomach ) ရောက်ခါ စ မှာအက်စစ် သတ္တိ ရှိ တာ မို့၊ ပရိုတင်း ဓာတ် ကို ကောင်း စွာ အစာ ချေ ပေး နိုင် ပါ တယ်။

ထို့ အတူ အစာသစ် အိမ် ထဲ ရှိ ပိုးမွှား များ ကို လည်း သုတ်သင် ပေး နိုင်စွမ်း ရှိ ပါ တယ်။

ထို့ နောက် acetic acid ဟာ acetate အသွင် ပြောင်း သွား ပြီး အူသိမ် ( small intestine ) ထဲ ရောက်သွား တဲ့ အခါ သွေး ထဲ ကို စုတ်ယူ ခံ ရ ပါ တယ်။

သွေး ထဲ မှာ acetate က နေ bicarbonate ပြောင်း သွား ပြန် ပါ တယ်။

ခန္ဓာကိုယ် ရဲ့ alkalinity ဟာ ပန်းသီး ရှာလကာရည်သောက် ခြင်း ဖြင့် တက် လာ ပါ တယ်။

Alkaline ဖက် ပို များ လာ တဲ့ အခါ မှာ uric acid ဟာ ပို ပြီး ပျော်နိုင် တာ မို့ ဆီး ထဲက နေ ထွက် သွား ဖို့ ရာ ပို လွယ် ကူ ပါ တော့ တယ်။

ဘေးထွက်ဆိုးကျိုး တွေ များ တဲ့ ဓာတုဆေး တွေ အစား၊ ခန္ဓာကိုယ် ကို အကျိုး ပြု နိုင် တဲ့ ပန်းသီး ရှာလကာရည်ကို သောက်သင့် တယ် လို့ ထင် ပါ တယ်။
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

02/04/2026

🌿ဆရာမကြီးပြောပြသည့် သွေးဆုံးချိန် (Menopause) အကြောင်း-အပိုင်း(၁.) မှ (၄)

✨အပိုင်း-(၁)
အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သွေးဆုံးလေ့ ရှိပါတယ်။
သဘာဝတရားရဲ့ စီမံမှုပါပဲ။

သွေးဆုံးရခြင်းအကြောင်းကတော့ သားဥအိမ် အိုမင်းမစွမ်း ဖြစ်လာခြင်းဆိုတဲ့ သင်္ကေတပါ။
သားဥအိမ်ကနေ သားဥမျိုးစေ့အထွက် ကြဲလာရာကနေ နောက်ဆုံး လုံးဝမထွက်တော့သည့် အထိ ဖြစ်သွားပါတယ်။
သားဥ မျိုးစေ့ ထွက်မလာတော့သည့်အခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းဓာတ် ပြောင်းလဲမှုတွေ ဖြစ်ပါတော့တယ်။
It denotes the end of reproductive era.

ဒီဟော်မုန်းဓာတ်တွေဟာ သားအိမ်ရဲ့ အတွင်းနံရံအပေါ် သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းအထွက် နည်းလာတာနဲ့အမျှ သားအိမ်အတွင်းမှ သွေးဆင်းလာမှုဟာလည်း ရပ်တန့်သွားပါတော့တယ်။

သဘာဝတရားကြီးဟာ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းရှိသည့်အခြေအနေမှ သန္ဓေတည်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

ခံစားရသည့် ဝေဒနာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အချို့လဲ သက်သက်သာသာနဲ့ပဲ သွေးဆုံးသည့်ကာလကို ဖြတ်သန်း နိုင်ကြပါတယ်။
အချို့ကလဲ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ခံစားရသူများလဲ ရှိပါတယ်။

🌱ဖြစ်လေ့ ဖြစ်ထရှိသည့် ဝေဒနာတွေကတော့
-အပူထပြီး ချွေးထွက်ခြင်း
-ညဖက်မှာ ဇောချွေးတွေ ထွက်ခြင်း
-မကြာခဏ ဆီးသွားခြင်း
-ရာသီလာတာ မမှန် / ရာသီ ရပ်သွားခြင်း
-မိန်းမကိုယ် ခြောက်သွေ့နေခြင်း
-အိပ်မပျော်ခြင်း
-စိတ်ထွေနေခြင်း
-သတိမေ့ခြင်း
-ကိုယ်အလေးချိန် အပြောင်းအလဲ ရှိခြင်းတို့ ဖြစ်ပါတယ်။

🍀သွေးဆုံးချိန် Menopause -အပိုင်း(၂)

သွေးဆုံးချိန်မှာ သွေးဆုံးတာနဲ့ ပြိုင်တူ ဖြစ်တတ်သည့် ရောဂါတွေကလဲ ရှိနေပြန်ပါတယ်။
အချို့အမျိုးသမီးတွေကျတော့ သွေးမဆုံးခင်တည်းက ဖြစ်နေတဲ့ ရောဂါတွေနဲ့ တရှောင်ရှောင် ဖြစ်နေကြသူတွေလဲ ရှိပါတယ်။

သွေးဆုံးချိန်နဲ့ တိုက်ဆိုင်လာသည့်အခါ သွေးဆုံးလို့ဆိုပြီး ချော်လဲရောထိုင် တတ်ကြပါတယ်။
ရောဂါတစ်ခုလို သတ်မှတ်ပြီး သွေးဆုံးကိုင်တယ်လို့ဆိုပြီး ပြောလေ့ရှိကြပါတယ်။

အမှန်ကတော့ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေအတွက် သဘာဝဖြစ်စဉ် တစ်ရပ်ပါ။

သွေးဆုံးချိန်နဲ့ ပြိုင်တူ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့်ရောဂါကို ဖော်ထုတ်နိုင်မှသာ ခံစားနေရသော ဝေဒနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဖြစ်အများဆုံးရောဂါကတော့ thyroid ရောဂါပါ။
သွေးဆုံးကိုင်နေတာလား/ ဒါမှ မဟုတ် Thyroid ပြဿနာကို သွေးဆုံးကိုင်တယ်လို့ ထင်နေတာပါလား?

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်။
ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် thyroid hormone ထုတ်တာ များနေနိုင်သလို/နည်းနေတာလဲ ဖြစ်နိုင်ပါတယ်။

Thyroid hormone ဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကလာပ်စည်း အားလုံးရဲ့ ဇီဝဖြစ်စဉ်ကို ချုပ်ကိုင်ထားတာမို့ thyroid hormone ပြဿနာတက်ရင် တစ်ကိုယ်လုံးမှာ ပြဿနာမျိုးစုံတက်တတ်ပါတယ်။

🌱Thyroid hormone များနေရင် ဖြစ်တတ်သော လက္ခဏာများ-
-အစာကောင်းကောင်းစားနေပေမဲ့ ကိုယ်အလေးချိန် လျော့ကျလာမယ်
-နှလုံးခုန် မြန်နေမယ်/ နှလုံးခုန် မမှန် ဖြစ်တတ်တယ်
-စိတ်လှုပ်ရှား/ စိတ်ပူ/ စိတ်ဆတ်
-အိပ်မပျော်
-နွမ်းလျ
-တုန်တုန်ရီရီဖြစ်
-ကြွက်သားတွေ အားယုတ်
-ချွေးတွေထွက် / အပူမခံနိုင်
-ဆံပင်ကျွတ်/ ဆံပင်ပါး
-ဝမ်းသွားကြိမ်များ
-လည်ပင်းအကြိတ် ကြီးချင်ကြီးနေတတ်ပါတယ်
-စိတ်ဓာတ်ကျဆင်း
-သတိတွေမေ့ / အချို့မှာ Demented ဖြစ်သည်အထိ

🌱Thyroid hormone နည်းနေပြန်ရင် ဖြစ်တတ်သော လက္ခဏာများ-
-နွမ်းလျနေ
-ကိုယ်အလေးချိန်တက်
-အအေးဒဏ် မခံနိုင်
-ဝမ်းချုပ်
-မျက်နှာ ပွနေတတ်ပါတယ်
-ခြေထောက်လဲ ရောင်နေတတ်ပါတယ်
-အဆစ်တွေ/ အသားတွေ နာကျင်နေ
-အသားခြောက်
-ဆံပင်ကြမ်း / ပါးလာ
-နှလုံးခုန်နှုံး နှေးလာ
-စိတ်ဓာတ်ကျဆင်း/ သတိမေ့ / အာရုံ မစူးစိုက်နိုင်
-ရာသီမမှန်

“ဖော်ပြပါ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သွေးဆုံးချိန်မှာ ဖြစ်တတ်သည့် ခံစားချက်တွေနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်”

“အဖြစ်မှန်ကို သိနိုင်မှ အဖြေမှန် ထွက်လာနိုင်မှာ ဖြစ်ပါတယ်”
အဖြေမှန်ထွက်လာမှ ဝေဒနာခံစားချက်များ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်ပါဦးမည်။

✨သွေးဆုံးချိန် Menopause-(အပိုင်း ၃)

သွေးဆုံးသည့် အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကလဲ ရှိနေပြန်ပါတယ်။
ဒီရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိတာ သွေးဆုံးချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပြန်ပါတယ်။

၁.Metabolic syndrome or Insulin resistance syndrome
Metabolic syndrome ဆိုတာ —-
Insulin Resistance ( insulin ဟော်မုန်း ယဉ်ပါးခြင်း ) နှင့်အတူ အောက်ဖော်ပြပါထဲက အချက်၂ချက် ပါရပါမယ်။

ဗိုက်အဆီတက်ခြင်း / ခါးအဆီတက်ခြင်း Central obesity /

ဥပါဒ်ပြုအဆီ Triglycerides များနေခြင်း
(Hypertriglyceridemia: ≥150 mg/dL)

အကျိုးပြုအဆီ HDL လျော့နည်းနေခြင်း
(HDL) cholesterol:

01/04/2026

✨ဆရာမကြီးပြောပြသည့်အာလူးအကြောင်းဗဟုသုတ-

မိတ်ဆွေတို့အားလုံး သိကြသည့်အတိုင်း အာလူးဟာ အဓိကအားဖြင့် ကဆီဓာတ် Carbohydrate ဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ စားပြီးရင် သွေးထဲမှာ သကြားဓာတ်အသွင်သို့ ပြောင်းသွားပါတယ်။
ကလာပ်စည်းစွမ်းအင်အဖြစ် အသုံးချတာဖြစ်ပါတယ်။

သာမန်အားဖြင့် အထိုက်အလျောက် စားရင် ရပါတယ်။

သို့ပါသော်လည်း ဆီးချိုရောဂါ ရှိနေရင်သော်လည်း ကောင်း
နာတာရှည် ခန္ဓာကိုယ်ရောင်ကိုင်းခြင်း ဖြစ်နေရင် သော် လည်းကောင်း
အသည်း အဆီဖုံးနေရင်သော်လည်းကောင်း
ကိုယ်အလေးချိန်ကို ကြိုးစားပြီးချနေရင်သော်လည်း ကောင်း စသည်ဖြင့်အခြေအနေတွေမှာ သတိကပ်ထားရင် ကောင်းပါတယ်။

✨Glycemic index ဆိုတာကို နားလည်ဖို့ လိုပါတယ်။
Glycemic index ဆိုတာ —-
ကဆီဓာတ်ပါသည့်အစားအသောက်ကို စားပြီးရင် သွေးထဲမှာ သကြားဓာတ် ဘယ်လောက် မြန်မြန်ဆန်ဆန် တက်လာသလဲဆိုတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။

✨Pure glucose ကို စံအနေနဲ့ ထားမယ်ဆိုရင် —
Pure glucose glycemic index = 100
Glycemic index 0 = ကဆီဓာတ်မပါသည့် အစားအသောက် ( အသား/ ငါး/ ကြက်ဥ )

✨Low glycemic index 0 - 55 = ဟင်းသီးဟင်းရွက်/whole grains/ အချို့အသီးအနှံများ

✨Medium glycemic index 56 - 69 အတော်အသင့် (ထမင်းဖြူ/ အာလူး/ ပြောင်းဖူး )

✨High glycemic index 70-100 = အချိုရည်ဘူးများ/ ပေါင်မုန့်အဖြူ/ အဆင်သင့်ခေါက်ဆွဲထုတ်များ

အာလူးအကြောင်း ပြောပြနေတာဖြစ်လို့ အာလူးကိုကြည့်မယ်ဆိုရင် အာလူးဟာ ယေဘူယျအားဖြင့် medium to high glycemic index ထဲမှာပါနေပါတယ်။

အာလူးအမျိုးအစား / ချက်ပုံချက်နည်း စသည်ဖြင့် ပေါ် မူတည်ပြီး glycemic index အနည်းငယ် ခြားနားသွားပါတယ်။

-Baked potato: 95
-Boiled white potato: 80-85
-Mashed potato: 70-80
-Sweet potato: 50-60

🌱သတိပြုရန် အချက်တွေကို ပြောပြပါမယ်။

၁.အားလူးကျက်သွားပြီးသည့်အခါ အအေးခံထားလိုက်ရင် ( ရေခဲသေတ္တာထဲ အေးအောင်ထည့်ထားလိုက်ရင် ) Glycemic index လျော့သွားတယ်လို့ ပြောပါတယ်။
Resistant starch ပုံစံ ပြောင်းသွားပါသတဲ့။

၂.စားတဲ့အခါ ဆီ / ထောပတ် / အသားတစ်မျိုးမျိုးနဲ့ရောစားရင်လဲ glycemic index ကျပါသတဲ့။

ဆိုလိုချင်တာက သွေးထဲကို သကြားဓာတ်
မြန်မြန်ကြီး မတက်တော့ဘူးပေါ့။
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

01/04/2026

🔸Omega 3 ( အိုမီဂါ ၃ ) အကြောင်း သိသင့်သည်များ-

✨Omega 3 ဆိုသည်မှာ ကျန်းမာရေးအတွက်ကောင်းမွန်သောအဆီဓာတ်( unsaturated fat) ဖြစ်ပါသည်။

✨Omega 3 ဘယ်နှစ်မျိုးရှိပါလဲ?
- DHA (Docosahexaenoic acid)
- EPA ( Eicosapentanoic acid)
- ALA ( alpha linolenic acid)
အကြမ်းဖျင်းအားဖြင့်သုံးမျိုးရှိပါသည်။ ဒါလေးတွေသိထားခြငိးအားဖြင့်မိမိတို့ဝယ်ယူမည့်ဆေးအမည်(သို့မဟုတ်) အစားအစာထဲတွင်မည်သည့်ပမာဏပါဝင်သည်ကို အကြမ်းဖျင်းနားလည်နိုင်ပါသည်။

✨Omega 3 ကိုမည်သည့်အစားအစာမှရရှိနိုင်သနည်း။
- [1] Plant source ( Alpha linolenic acid)
Walnuts သစ်ကြားသီး၊ flax seed( နှမ်းကြပ်စေ့ )၊ Chia seed ( ချီယာအစေ့ )
- [2] Marine source ( EPA and DHA)
Fatty fish and fish oil ( အဆီဓာတ်ပါသောငါးနှင့်ငါးအဆီ )၊ krill or algae ( ရေမှော် )၊ DHA ၊ EPA ပါသော
နို့နှင့်အစားအစာများဖြစ်ပါတယ်။
*လေးစားစွာဖြင့်
-DOCTOR WELLNESS

✨အဆီများတဲ့ ငါး၊ ကြက်ဥ၊ သစ်ကြားသီးတွေမှာ တွေ့ရတတ်တဲ့ အိုမီဂါ သရီး (Omega 3) အဆီ (Fatty Acids) ရဲ့ အကျိုးကျေးဇူးကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဖော်ပြလိုက်ပါတယ်။

(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း

တူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးတွေမှာ အိုမီဂါ သရီး (Omega 3) အများဆုံး ပါဝင်ပြီး ငါးကို တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် စားသုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာလို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration) ဖြစ်နိုင်ခြေကို ၂၅% ထိ လျှော့ချပေးနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ Omega 3 ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊ ပေါင်းစပ်ပြီး စားသုံးပေးခြင်းဟာ မျက်စိကို မပျက်စီးစေဘဲ မျက်စိအနီးအဝေး မမှုန်အောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

(၂) မှတ်ဉာဏ်ရည် စွမ်းအားအလွန် ကောင်းမွန်လာခြင်း

အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဉာဏ်အား ပြန်ကောင်းလာစေနိုင်ပါတယ်။ အမေရိကန်မှ သုတေသနလေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဆေးကို နေ့စဉ် သောက်တဲ့သူတွေက မှတ်ဉာဏ်ရည် စွမ်းအားမှာ သုံးနှစ်စာလောက် ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။

(၃) နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း

အိုမီဂါ သရီး (Omega 3) အဆီတွေဟာ သွေးတွင်းထဲရှိ အဆီပါဝင်နှုန်းတွေ လျော့နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန်မှာ လေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ကို နေ့စဉ်သောက်သူတွေဟာ သွေးထဲရှိ မကောင်းတဲ့ အဆီ (LDL) အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

(၄) အာရုံစူးစိုက်မှု မရသော ဝေဒနာ လျှော့ချနိုင်ခြင်း

ဆွီဒင်နိုင်ငံ လေ့လာမှုတစ်ခုအရ အာရုံစူးစိုက်လို့ မရတဲ့ ရောဂါ (ADHD) ရှိတဲ့ ကလေးတွေကို အိုမီဂါ သရီး (Omega 3) မြင့်မားစွာ ပါဝင်တဲ့ အားဆေးတွေ ပေးခဲ့ပါတယ်။ ခြောက်လအကြာမှာ အဲဒီ ကလေးတွေရဲ့ ၄၇ % မှာ ဝေဒနာ ၂၅% လောက်ထိ သက်သာသွားပြီး ကလေး ၁၂ % မှာ ဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ခဲ့ရပါတယ်။ Source : bebrainfit

Fish oil ​သောက်ရင် Omega 3,6,9 ထက် Omega 3 ကိုပဲ ဦးစားပေး ​သောက်သင့်ပါတယ်၊ EPA, DHA ပါတာကို ​ရွေးချယ် ​သောက်သုံးသင့်ပါတယ်။
*လေးစားစွာဖြင့်-
-U Aung Ko

USA Supplements

01/04/2026

🍃Magnesium ( မက်ဂနီဆီယမ် )

ကိုက်လန်, ဟင်းနုနွယ်, ထောပတ်သီး, ဘယ်ရီသီး, အခွံမာသီး, ပန်းစိမ်း, ဂေါ်ဖီထုပ်, ကညွတ်, ဆော်မွန်ငါး, တူနာငါးတွေမှာ မက်ဂနီဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။

ဆဲလ်တွင်းစွမ်းအင်ထုတ်ပေးတဲ့လုပ်ငန်းမှာ မက်ဂနီဆီယမ် ပါဝင်ပါတယ်။ ဆီးချို အမှတ် 2 မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွင်း glutathione မြင့်တက်စေပြီး ကိုယ်တွင်းသန့်စင်စေပါတယ်။ ကိုယ်တွင်း serotonin ထုတ်လုပ်မှုတိုးတက်စေပြီး စိတ်ဖိစီးမှုသက်သာစေတယ်။ ကြွက်တက်ခြင်းကို သက်သာစေတယ်။ ကြွက်သားကြီးထွားစေပါတယ်။

တစ်နေ့ မက်ဂနီဆီယမ် ပမာဏ 400 mg လောက်လိုအပ်ပါတယ်။ ကိုယ်တွင်းမက်ဂနီဆီယမ် များသွားလျှင် ပျို့အန်မည်။ဝမ်းသွားမည်။ နှုန်းချိနေမည်။ သွေးပေါင်ကျမည်။ အသက်ရှုရခက်မည်။ ဆီးမသွားနိုင်တော့ဘူး။ နှလုံးရပ်ပြီး အသက်ဆုံးရှုံးနိုင်တယ်။

ဖြည့်စွက်စာတွေအနေနှင့် -
1. Magnesium glycinate ဖြည့်စွက်စာက မက်ဂနီဆီယမ်ပမာဏ အများကြီး စုပ်ယူနိုင်အောင်လုပ်ပေးပါတယ်။
2. Magnesium Oxide ဖြည့်စွက်စာကို ဝမ်းပျော့ဆေး အနေနဲ့ သုံးပါတယ်
3. Magnesium sulfate နှင့် Magnesium hydroxide (milk of magnesia) ကို MOM (ဝမ်းပျော့ဆေး) လို့ခေါ်ပါတယ်။
4. Magnesium carbonate ကို အစာကြေဆေး ( antacid) အနေနဲ့သုံးပါတယ်။
5. Magnesium Citrate က မက်ဂနီဆီယမ် နဲ့ citric acid ပေါင်းထားတာပါ။ အသက်ကြီးသူတွေနဲ့ သင့်တော်ပါတယ်။
6. Magnesium malate က malic acid နဲ့ပေါင်းထားပြီး အရိုးကြွက်သားကျန်းမာရေးအတွက် အသုံးများပါတယ်။
7. Magnesium threonate မှာ ပါဝင်တဲ့ threonate က မက်ဂနီဆီယမ် ကို ဦးနှောက်ဆဲလ်ဆီရောက်ဖို့ သယ်ပေးပါတယ်။
(23-12-24)
*လေးစားစွာဖြင့်
-Dr.Phyo Maung Maung

USA Supplements

01/04/2026

✨ကျန်းမာရေးဗဟုသုတ ကဏ္ဍ-

🔸ကြွက်တက်ခြင်း (muscle cramps)

တနေ့လုံး မတ်တတ်ရပ်နေရတဲ့အတွက် ညဘက် အိပ်နေစဉ် အညောင်းဆန့်လိုက်တာ ခြေသလုံး ကြွက်တက်တာ ကြုံဖူးကြမှာပါ။ အားကစားသမားတွေ ပြေးရင်းလွှားရင်း ကြွက်တက်တယ်ဆိုပြီး လှဲချလိုက်ကြတာ မြင်ဖူးကြမှာပါ။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ (What are Muscle Cramps?)

ကြွက်တက်ခြင်းဆိုတာ သင့်ကြွက်သားတွေ ရုတ်တရက် အလိုအလျောက် ကျုံ့သွားပြီး နာကျင်မှုဖြစ်စေတဲ့ အခြေအနေကို ပြောတာပါ။ ဒါဟာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်အထိ ကြာမြင့်နိုင်ပြီး ဘယ်ကြွက်သားမှာမဆို ဖြစ်နိုင်ပေမယ့် ခြေသလုံး၊ ပေါင်နဲ့ ခြေဖဝါးကြွက်သားတွေမှာ အဖြစ်များပါတယ်။ ညဘက်အိပ်နေရင်း ဖြစ်တတ်တာများပြီး "ညဘက်ကြွက်တက်ခြင်း" (Nocturnal leg cramps) လို့လည်း ခေါ်ကြပါတယ်။

ကြွက်တက်ခြင်း ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းများ (Main Causes of Muscle Cramps)

ကြွက်တက်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့်တော့-
- ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)
ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ ကြွက်သားတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ ကြွက်တက်နိုင်ပါတယ်။

- သတ္တုဆားဓါတ် electrolyte မညီမျှခြင်း (Electrolyte Imbalance)
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ် (sodium)၊ ပိုတက်ဆီယမ် (potassium)၊ ကယ်လ်စီယမ် (calcium) နဲ့ မက်ဂနီဆီယမ် (magnesium) စတဲ့ သတ္တုဓာတ်တွေ နည်းပါးသွားတဲ့အခါ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်မှုမှာ ပြဿနာရှိလာပြီး ကြွက်တက်နိုင်ပါတယ်။ ချွေးအများကြီးထွက်တဲ့အခါ ဒါမျိုးဖြစ်တတ်ပါတယ်။

- ကြွက်သား အလွန်အကျွံ အသုံးပြုခြင်း (Overuse of Muscles)
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အချိန်ကြာကြာ ရပ်နေတာ ဒါမှမဟုတ် လမ်းလျှောက်တာမျိုးတွေကြောင့် ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ပြီး ကြွက်တက်တတ်ပါတယ်။

- သွေးလည်ပတ်မှု မကောင်းခြင်း (Poor Circulation)
ကြွက်သားတွေမှာ သွေးစီးဆင်းမှု မကောင်းတဲ့အခါ ကြွက်တက်နိုင်ပါတယ်။

- အာရုံကြောဆိုင်ရာ ပြဿနာများ (Nerve Problems)
အာရုံကြောတွေ ထိခိုက်မှုရှိတဲ့အခါ ဒါမှမဟုတ် ကြာကြာဖိမိတဲ့အခါ ကြွက်တက်နိုင်ပါတယ်။

- ကိုယ်ဝန်ဆောင်ခြင်း (Pregnancy)
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်သဘာဝ အပြောင်းအလဲတွေကြောင့် ကြွက်တက်ခြင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။

- ဆေးဝါးအချို့ (Certain Medications)
ဆီးဆေး (diuretics)၊ ပန်းနာရင်ကျပ်ဆေးအချို့ စတဲ့ ဆေးဝါးအချို့ကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေများ (Underlying Medical Conditions)
ဆီးချို (diabetes)၊ သိုင်းရွိုက် (thyroid) ပြဿနာ၊ ကျောက်ကပ်ရောဂါ (kidney disease) စတာတွေလို အခြား ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ကြွက်တက်ခြင်းကို ဘယ်လို သက်သာအောင် လုပ်မလဲ (How to Relieve Muscle Cramps?)

ကြွက်တက်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။
- ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ (Gently Stretch the Muscle)
ကြွက်တက်နေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။ ဥပမာ- ခြေသလုံးကြွက်တက်ရင် ခြေဖဝါးကို ကိုယ့်ဆီပြန်ကွေးတာမျိုး လုပ်ပေးပါ။

- နှိပ်နယ်ပေးပါ (Massage)
ကြွက်တက်နေတဲ့ နေရာကို ညင်သာစွာ နှိပ်နယ်ပေးတာ၊ အပူပေးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

- ရေဓာတ်ဖြည့်တင်းပါ (Rehydrate)
ရေ ဒါမှမဟုတ် ဓါတ်ဆား electrolyte ပါဝင်တဲ့ ဖျော်ရည်တွေ သောက်ပေးပါ။

ကြွက်တက်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ (How to Prevent Muscle Cramps?)

ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။
- ရေဓာတ် ပြည့်ဝစွာ နေပါ (Stay Well-Hydrated)
တစ်နေ့တာလုံး ရေ၊ အရည် လုံလောက်စွာ သောက်ပေးပါ။

- ဆားဓါတ် electrolyte ပြည့်ဝပါစေ (Ensure Adequate Electrolytes)
ငှက်ပျောသီး၊ ထောပတ်သီး၊ အရွက်စိမ်း စတာတွေလို ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ် စတဲ့ ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးပါ။

- ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ (Regular Exercise)
ကြွက်သားတွေကို ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးတိုင်း ကြွက်သားတွေကို ဆန့်ထုတ်ပေးပါ။

- ညအိပ်ရာမဝင်ခင် ကြွက်သားဆန့်ထုတ်ပါ (Stretch Before Bed)
ညဘက် ခြေသလုံးကြွက်တက်တတ်ရင် အိပ်ရာမဝင်ခင် ခြေထောက်ကြွက်သားတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။

- သင့်တော်တဲ့ ဖိနပ်စီးပါ (Wear Appropriate Footwear)
သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုး ရွေးချယ်စီးပါ။

- အရက်နဲ့ ကဖိန်းဓာတ် လျှော့ချပါ (Limit Alcohol and Caffeine)
အရက်နဲ့ ကဖိန်းဓာတ်က ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်တာကြောင့် လျှော့သောက်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ (When to See a Doctor?)

အကယ်၍ ကြွက်တက်ခြင်းက မကြာခဏ ဖြစ်နေမယ်၊ ပြင်းထန်ပြီး နာကျင်မှုအရမ်းများမယ်၊ ကြွက်သားအားနည်းတာ ဒါမှမဟုတ် ခြေထောက်တွေ ဖောရောင်တာမျိုးလို တခြား လက္ခဏာတွေနဲ့ တွဲပြီး ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းအရင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
*လေးစားစွာဖြင့်-
-Dr. Myint Thein (18 July 2025)

USA Supplements

01/04/2026

🌿ခန္ဓာကိုယ်ထဲမှာ Magnesium နည်းပါးလာလျှင် -

၁ ။ကြွက်သားများအပေါ် သက်ရောက်မှု -
ကြွက်သားတွေကို ကျုံ့စေတာက ကယ်စီယမ် ဖြစ်ပြီး ၊ ပြန်လျော့ပေးတာ မဂ္ဂနီဆီယမ် ဖြစ်ပါတယ်
Magnesium နည်းနေမယ်ဆိုရင် ကြွက်သားတွေဟာ ပြန်လျော့အား ကျဆင်းသွားတတ်ပါတယ် ၊
* ခါးနာမယ်
* ဂုတ်နာမယ်
* ကြောရိုးတစ်လျှောက်နာမယ်
ကြောရိုးတစ်ခုလုံးကို ကြွက်သားများနှင့် ထောက်ကူထားတာဖြစ်တာမို့ ဒီကြွက်သားတွေဟာ လျှော့မပေးနိူင်ဘူးဆိုရင် တင်းနေပြီး နာနေတော့မှာ မလွဲတော့ပါ။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ -
* ကြွက်တက်မယ်
* ကိုယ်ဝန်ဆိပ်တက်မယ်
Magnesium လုံလုံလောက်လောက် ရှိခြင်းဖြင့် ကိုယ်ဝန်ဆောင်နေစဥ်မှာ ခရီးက ဖြောင့်ဖြူးဖို့ များပါတယ်
* နှလုံးခုန်တာလည်း မမှန် ဖြစ်တတ်ပါတယ်
* နှလုံးရုတ်တရက်ရပ်ပြီး အသက်ဆုံးရှုံးရတာမျိုးလည်းဖြစ်တတ်ပါတယ်

နှလုံးသွေးကြောများ coronary spasm ရသွားလို့ဖြစ်ပါတယ်။ခန္ဓာကိုယ်တွင်းရှိ ကြွက်သားမျိုးစုံဟာ spasm ရတတ်ပါတယ်။ကြွက်တတ်မယ် ၊ တက်တတ်ပါတယ် ၊ ခေါင်းအလွန်ကိုက်ခြင်း ၊ စသည့်ဖြင့် ဖြစ်ပါတယ်။

၂။အားကစားသမားအချို့ ရုတ်တရက်အသက်ဆုံးရှုံးရခြင်း
ချွေးအလွန်ထွက်သည့်အခါ Magnesium ဓာတ် နည်းလေ့ရှိပါတယ်၊အချိုရည်တွေ သောက်သည့်အခါ ပိုဆိုးသွားစေတတ်ပါတယ်။အနောက်နိုင်ငံတွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။
Magnesium ဓာတ်ချို့တဲ့ခြင်းဟာ အရေးကြီးသောအကြောင်းတစ်ခု ဖြစ်ပါတယ်။

၃။ဦးနှောက်နှင့် အာရုံကြော စိတ်ရောဂါ လက္ခဏာများ
* စိတ်တက်ခြင်း ၊
* စိတ်ကျခြင်း ၊
* စူးစိုက်မှုချို့ယွင်းခြင်း ၊
* ချာချာလည်ခြင်း ၊
* မှတ်ဥာဏ်အားနည်းခြင်း ၊
* သတိမေ့လျော့ခြင်း ၊

၄။Magnenesium နည်းနေရင် ခန္ဓာကိုယ်ထဲရှိ mast cell တွေမှ histamine ဓာတ်တွေ အထွက်များတတ်ပြီး-
* နှာခေါင်းအမှေးပါးရောင်ကိုင်းခြင်း၊ နှာရည်ယိုခြင်း၊
* ပန်းနာရင်ကျပ် ၊
* အရေပြား နီရဲ ယားယံ ၊ ထူပိန်း ၊ဖြစ်တတ်ပါတယ်

၅။ Magnesium နည်းနေသူများမှာ ပိုတက်ဆီယမ် နည်းနေခြင်းကို ပြန်လည်တက်လာစေဖို့ အတော်ခဲယဥ်းပါတယ်။ဆီးဆေး ၊ သွေးပေါင်ချဆေး ၊ စသည့်တို့ကို မှန်မှန်သုံးစွဲနေသူများဟာ များသောအားဖြင့် ပိုတက်ဆီယမ် နည်းနေတတ်ပါတယ် ၊Magnesium ပါ နည်းနေမယ် ဆိုရင် ပိုတက်ဆီယမ်သောက်ပေမဲ့လို့ ပြန်ပြီးတက်လာဖို့ဟာ ခက်ခဲပါလိမ့်မယ် ၊၊

၆။ဒီဓာတ်နည်းနေမယ်ဆိုရင် သွေးကြောအတွင်းနံရံက ပျက်ဆီးတတ်ပြီး ချောမွေ့စွာ အလုပ်ကောင်းကောင်း မလုပ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။

၇။Magnesium ဟာ သဘာဝ calcium channel blocker ဖြစ်တာမို့ “ သွေးတိုး ” ရောဂါသည်များအတွက် အလွန်သင့်တော်တာ ဖြစ်ပါတယ် ။

၈။ငိုက်မြည်းစေတတ်တဲ့ အာနိသင်လည်း ရှိတာမို့
ညဖက်သောက်ရင် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

Magnesium ကို သွေးဖောက်စစ်ကြည့် ပြန်ရင်လည်း အဖြေမှန်မရနိုင်ပါ ၊၊ ခန္ဓာကိုယ်ထဲမှာရှိတဲ Magnesium ဟာ ဆီးထဲမှ စွန့်ထုတ်ပစ်တာ ဖြစ်ပါတယ်။
ဒါကြောင့်ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်သူများ သတိထားရမည့်အချက် ဖြစ်ပါတယ်။
Magnesium ဟာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတာမို့ ဒီဓာတ်နဲ့ ပြည့်စုံနေမယ်ဆိုရင် ရောဂါအတော်များများမှ ခံသာပါလိမ့်မယ်။
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

31/03/2026

🍃Vitamin D3 သောက် တဲ့ အခါ Vitamin K ကို တွဲသောက်ဖို့ အကြံပေးရခြင်း အကြောင်း -

ကျွန်မ တို့တတွေ ရဲ့ ကျန်းမာရေး အတွက် Vitamin D3 ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ သိလာကြပြီ ဖြစ် ပါတယ်။

လူ အတော်များများမှာလည်း ဒီ ဗီတာမင်ဓာတ် D3 ဟာ ချို့ တဲ့နေကြတာကို တွေ့ ရပါတယ်။
အထူး သဖြင့် နာတာရှည် ရောဂါသည် များ၊ ကင်ဆာ ရောဂါသည် များမှာ အတော်လေးကို ချို့ တဲ့နေကြပါတယ်။

အခုဆိုရင် ဗဟုသုတတွေ ရှိလာကြပြီ ဖြစ်တာကြောင့် Vitamin D3 ကို စပြီး သောက်လာကြပြီ ဖြစ်ပါတယ်။

Vitamin D3 ကို သောက်ကြတဲ့ အခါမှာ Vitamin K ( K2 ) နဲ့ တွဲ ပြီးသောက် ခိုင်းရတဲ့ အကြောင်းတွေကတော့ -

-Vitamin D3 သောက်ကြတဲ့ အခါမှာ အူကနေ calcium ကို စုပ်ယူအား ကောင်းလာစေသည့် အတွက် သွေးထဲမှာ calcium တွေများလာတတ်ပါတယ်။

-Vitamin K2 ဟာ သွေးထဲမှ မလိုအပ်တဲ့ calcium တွေကို အရိုးထဲကို ပြန်ပြီး သယ်ဆောင်ပေးပါတယ်။
ဒီလို သယ်ယူပို့ဆောင်ပေးခြင်းဖြင့် -

*သွေးကြောနံရံ မှာ calcium စုပုံခြင်းကြောင့် သွေးကြော ကျစ်လျစ်ခြင်း atherosclerosis ဖြစ်လာတတ်ပါတယ်။
သွေးကြောတွေ ကျစ်လျစ်လာပြီ ဆိုရင် သွေးတိုးရောဂါ ဖြစ်မယ့် အကြောင်း တစ်ပါးဖြစ်ပါပြီ။

*နှလုံးသွေးကြောတွေမှာ သွားပြီး စုပုံမယ် ဆိုရင်လည်း နှလုံး သွေးကြောကျဉ်းလာခြင်း ရဲ့ အကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။

*နှလုံး အဆို့ ( heart valves ) တွေမှာ သွားပြီး စုပုံမယ် ဆိုပြန်ရင်လည်း အဆို့တွေ ကျဉ်းမြောင်းလာခြင်း ရဲ့အကြောင်းလဲ ဖြစ်ပါတယ်။
အဆိုးဆုံး ကတော့ aortic valve stenosis ဖြစ်ပါတယ်။

*ကျောက်ကပ်မှာ သွားပုံမယ် ဆိုရင် ကျောက်ကပ်ကျောက်တည်ပြီ ဖြစ်ပါတယ်။

*ဦးနှောက်မှာ သွားပုံမယ်ဆိုရင်လဲ Dementia ဖြစ်
ကြောင်းရဲ့ အကြောင်း တစ်ခု ဖြစ်ပါတယ်။

-ထုံးဓာတ်တွေကို အရိုးထဲကို ပြန်ထည့်ပေးတာကြောင့် အရိုးထု အင်အား နည်းနေသူများ Osteopenia, နဲ့
အရိုးပါး နေသူများ Osteoporosis အတွက်က အလွန်သင့်တော်တယ်လို့ ထင်ပါတယ်။

စျေးကွက်မှာ ဗီတာမင် K2 Supplement ဖြည့်စွက်စာတွေ ဝယ်ယူရရှိနိုင်ပါတယ်၊
🌱K2 MK-4, 100mcg
🌱K2 MK-7, 100mcg
🌱K2 MK-7, low dose 45mcg

-Low dose K2 က တော့ MK-7 45 microgram ပဲ ပါပါတယ် ။ ပမာဏအား ဖြင့်တော့နည်းပါတယ်။

-Super K မှာတော့ -
K1, 1500mcg,
K2 MK-4, 1000mcg နဲ့
K2 MK-7 200mcg ပါပါတယ်။

-ဗီတာမင် K2 ကို Supplement ဖြည့်စွက်စာအနေနဲ့ ကိုယ်က အလှမ်းမမီနိုင်ဘူး ဆိုရင်လဲ အချဉ်ဖောက်ထားတဲ့ တို့ဟူးတွေ စားသုံး ရုံပဲ ဖြစ်ပါတယ်။
ကလီစာဟင်း ထဲမှာလည်း အထိုက်အလျောက် ပါပါတယ်။

အကောင်းဆုံးကတော့ ကိုယ်နဲ့ အဆင်ပြေတာ၊
ကိုယ်လက်လှမ်းမီနိုင် သလောက်လုပ်ကြရမှာ ဖြစ်ပါတယ်။
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

31/03/2026

✨ဆရာမကြီးအကြံပြုပြောပြသည့် Vitamin D နှင့် Bပိုး အသည်းရောင်ရောဂါ-

Vitamin D ပမာဏဟာ အကောင်းဆုံးအနေအထားမှာ ရှိနေသင့်ပါတယ်။

Bပိုး စတင်ရလိုက်ပြီး နာတာရှည် အ​နေနဲ့ ခန္ဓာကိုယ်ထဲမှာ ဆက် မရှိ​နေ​စေဖို့ Vitamin D ပမာဏ ကောင်း​နေဖို့ လိုပါတယ်။

B ပိုး ရှိနေတာကိုသိပြီဆိုရင် Vitamin D ပမာဏကို စစ်ဆေးကြည့်ဖို့ အလွန်အရေးကြီးပါတယ်။
အနည်းဆုံး 40ng/ml or 100nmol/Lရှိသင့်ပါတယ်။
( ပုံမှန် )
အကောင်းဆုံးအခြေအနေမှာ ရှိနေစေရင်တော့ 80-100 ng/mL ဖြစ်ပါတယ်။
( optimal )

ဘာကြောင့်ပါလဲ?
Vitamin D ဟာ ရောင်ကိုင်းခြင်းကို ကျစေတယ်။
ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကို ထိန်းညှိပေးထားတယ်။
Fibrosis လို့ခေါ်တဲ့ အသည်းမှာ အမာရွတ်တက်တာကိုလည်း ဆန့်ကျင်အားရှိတယ်။

Vitamin D ဓာတ်လျော့ပါးအားနည်းနေတာနဲ့ အတူ နာတာရှည် Bပိုးရောဂါ တိုးလာတတ်ပါတယ်။
အသည်းခြောက်/ အသည်းကင်ဆာဘက်သို့ကို ဆိုလိုပါတယ်။
ပိုးကလဲ ခန္ဓာကိုယ်ထဲမှာ အနေကြာနေနိုင်တယ်။
ခန္ဓာကိုယ်ရဲ့ ခုခံအားတုန့်ပြန်မှုလဲ မကောင်းပါ။

နောက်အရေးကြီးသည့်အချက်ကတော့ အသည်းအစား ထိုးရာမှာ ဖြစ်ပါတယ်။
Liver transplantation

အသည်းအစားထိုးဖို့ စောင့်နေသူများကို စစ်ကြည့်မယ်ဆိုရင် vitamin D ဓာတ်ဟာ ယုတ်လျော့နေတတ်ပါတယ်။

ပမာဏ လျော့နည်းနေတာကို မသိလိုက်ဘူးဆိုရင် အသည်းအစားထိုးပြီး နောက်ပိုင်းမှာလဲ Vitamin D ဟာ အားနည်းနေမှာပါပဲ။

အသည်းအစားထိုးပြီး ဆက်လက်နေကောင်းနေဖို့ vitamin D ပမာဏ ကောင်းနေဖို့ လိုပါတယ်။
လျော့နည်းနေရင် ရလာဘ်ကောင်းဖို့ ခက်ခဲနိုင်ပါတယ်။

အချို့သုတေသနတွေရဲ့တွေ့ရှိချက်အရဆိုရင် vitamin D ကို အသည်းအစားထိုးပြီး ဖြည့်စွက်စာအနေနဲ့ သောက်မယ်ဆိုရင် acute cellular rejection လို့ခေါ်တဲ့ အစားထိုးထားသည့်အစိတ်အပိုင်းကို ခန္ဓာကိုယ်က လက်မခံသည့် နှုံးတား ကျဆင်းသွားပါတယ်။

အသည်းအစားထိုးပြီး နောက်ပိုင်းမှာ vitamin D ရဲ့အကျိုးဟာ ပိုထင်ရှားလှပါသတဲ့။

“Maintaining adequate vitamin D levels may not only reflect better liver function but also potentially mitigate HBV replication and fibrogenesis”

B ပိုးရှိသူတွေ Vitamin D level ကို စစ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။
(25 hydroxy vitamin D level)
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

31/03/2026

🌿ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း၏
ကျန်းမာရေး ဟောပြောချက်ကို
ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်ရှင့်။
*လေးစားစွာဖြင့်-
To A Better Health(Dr.Daw Khin Nwe Win)

USA Supplements

Address

Mingalar Taung Nyunt
Yangon

Telephone

+959955972120

Website

Alerts

Be the first to know and let us send you an email when Amara USA Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amara USA Supplements:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram