AUNG SHWE MOE clinic

AUNG SHWE MOE clinic ကျန်းမာခြင်းသည် လာဘ်တစ်ပါး���

အိန္ဒိယမှာဆေးကုချင်တဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုတိုးလာပါပြီ။
04/04/2026

အိန္ဒိယမှာဆေးကုချင်တဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုတိုးလာပါပြီ။

01/04/2026

“မောတိုင်း နှလုံးကြောင့်လား”

မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် အမောဖောက်ခြင်း (Dyspnoea) ဆိုတာ သွေးအားနည်းရောဂါ (Anaemia) ကြောင့်တင် မဟုတ်ဘဲ တခြားသော ခန္ဓာကိုယ်စနစ်တွေ ချို့ယွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမောဖောက်ရတဲ့ အကြောင်းရင်းတွေကို အုပ်စုခွဲပြီး ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

🫀နှလုံးရောဂါကြောင့် မောခြင်း (Cardiac Causes)
နှလုံးဟာ ခန္ဓာကိုယ်အနှံ့ကို သွေးရောက်အောင် ကောင်းကောင်းမညှစ်ထုတ်နိုင်တဲ့အခါ အမောဖောက်တတ်ပါတယ်။
Heart Failure: နှလုံးညှစ်အားကျခြင်းကြောင့် အဆုတ်ထဲတွင် ရေဝင်ပြီး မောခြင်း။
Ischemic Heart Disease: နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ပြီး မောခြင်း။
Valvular Heart Disease: နှလုံးအဆို့ရှင်များ မလုံခြင်း သို့မဟုတ် ကျဉ်းခြင်း။
Arrhythmias: နှလုံးခုန်နှုန်း မမှန်ခြင်း (မြန်လွန်းခြင်း သို့မဟုတ် နှေးလွန်းခြင်း)။

🫁အဆုတ်ရောဂါကြောင့် မောခြင်း (Pulmonary Causes)
လေပြွန်နဲ့ အဆုတ်ထဲကို အောက်ဆီဂျင် လုံလောက်စွာ မဝင်ရောက်နိုင်တဲ့အခါ မောရပါတယ်။
Asthma: ပန်းနာရင်ကျပ်ရောဂါ။
COPD: ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တတ်သည့် နာတာရှည် လေပြွန်ပိတ်ဆို့ခြင်း။
Pneumonia: အဆုတ်ရောင်ရောဂါ (ပိုးဝင်ခြင်း)။
Pneumothorax: အဆုတ်ထဲ လေယိုစိမ့်ပြီး အဆုတ်ရှုံ့သွားခြင်း။
Pulmonary Embolism: အဆုတ်သွေးကြောအတွင်း သွေးခဲပိတ်ခြင်း။

🩸သွေးအားနည်းခြင်းနှင့် အခြားအကြောင်းရင်းများ (Anaemia & Other Causes)
Anaemia: သွေးနီဥနည်းတဲ့အတွက် တစ်ရှူးတွေဆီ အောက်ဆီဂျင် ပို့ဆောင်မှု လျော့နည်းပြီး မောခြင်း။
Detail post: https://www.facebook.com/share/p/1CneQG28GA/

🤔Obesity: ကိုယ်အလေးချိန် များလွန်းခြင်းကြောင့် လှုပ်ရှားတဲ့အခါ မောခြင်း။
😣Anxiety/Panic Attack: စိတ်ပူပန်မှုလွန်ကဲခြင်းကြောင့် အသက်ရှူမဝသလို ခံစားရခြင်း။
😥Hyperthyroidism: လည်ပင်းကြီးဟော်မုန်း မြင့်တက်ပြီး ဇီဝကမ္မဖြစ်စဉ် မြန်လာခြင်း။
💦Kidney Failure: ကျောက်ကပ်မကောင်းတဲ့အတွက် ခန္ဓာကိုယ်မှာ အရည်စုပြီး အဆုတ်ရေဝင်ခြင်း။

👩🏻‍⚕️ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ။
အောက်ပါ လက္ခဏာတွေပါ တွဲဖြစ်လာရင် အရေးပေါ်ပြသဖို့ လိုအပ်ပါတယ် -
😮‍💨နားနေရင်းနဲ့တောင် အသက်ရှူရခက်ခဲခြင်း။
🤒ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကျပ်ခြင်း။
🦵🏻ခြေထောက်များ ဖောရောင်လာခြင်း။
👄နှုတ်ခမ်း သို့မဟုတ် လက်သည်းများ ပြာနှမ်းလာခြင်း။
😷ချောင်းဆိုးလျှင် သွေးပါခြင်း။
မှတ်ချက်။ ။ မောပန်းခြင်းဟာ ရောဂါတစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းများစွာ ရှိနိုင်တဲ့အတွက် တိကျတဲ့ရောဂါရှာဖွေမှုပြုလုပ်ဖို့ နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ ပြသတိုင်ပင်သင့်ပါတယ်။

​Dr.care medical servicesမှာ ခေတ်နည်းပညာနဲ့ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ပြသဖို့အတွက် အခုပဲ စုံစမ်းမေးမြန်းလို့ရပါပြီနော်။ မြန်မာဆရာဝန်နှင့်လည်း အေးဆေးဆွေးနွေးတိုင်ပင်လို့ရတာကြောင့် အချိန်မရွေး ဆက်သွယ်လိုက်ပါ။
line : +66902306281
viber : +66902306281, +66652461567



01/04/2026

ငါးခြောက်စားတာ ကင်ဆာ ဖြစ်စေနိုင်လား????

ငါးခြောက် က ပရိုတင်းဓာတ် ပါသော်လည်း ကင်ဆာရောဂါ ရှုထောင့်မှကြည့်လျှင် အခု အချက်များကို သတိပြုရန် လိုအပ်ပါတယ်။

၁။ ဆားပါဝင်မှု မြင့်မားခြင်း

ငါးခြောက်ပြုလုပ်ရာတွင် တာရှည်ခံစေရန် ဆားအမြောက်အမြားကို အသုံးပြုရပါသည်။
* အန္တရာယ်: ဆားအလွန်အကျွံ စားသုံးခြင်းသည် အစာအိမ်ကင်ဆာ (Stomach Cancer) ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ကြောင်း လေ့လာမှုများ က ပြောကြပါတယ်။

* ကင်ဆာဝေဒနာရှင်များအနေဖြင့် သွေးတိုးခြင်းနှင့် ဖောရောင်ခြင်းကို ကာကွယ်ရန် ဆားလျှော့စားရန် လိုအပ်သောကြောင့် ငါးခြောက်ကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ဓာတုပစ္စည်းနှင့် တာရှည်ခံဆေးများ

ငါးခြောက်များ အရောင်လှစေရန်နှင့် ပိုးမကျစေရန် အချို့သော ကုန်သည်များက Formalin (ဖော်မလင်) သို့မဟုတ် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို အသုံးပြုတတ်ကြပါသည်။ ဤဓာတုပစ္စည်းများသည် ကင်ဆာဖြစ်စေနိုင်သော (Carcinogenic) အရာများ ဖြစ်ပါတယ်။

၃။ မှိုတက်ခြင်း (Aflatoxin)

ငါးခြောက်ကို စနစ်တကျ မထုတ်လုပ်ဘဲ စိုထိုင်းဆရှိသော နေရာတွင် ထားပါက မှိုတက်နိုင်ပါသည်။
* အချို့သော မှိုများမှ ထွက်သော Aflatoxin အဆိပ်ဓာတ်သည် အသည်းကင်ဆာ ဖြစ်ပွားမှုကို အားပေးပါတယ်။

၄။ နိုက်ထရိုစမင်း (Nitrosamines)

ငါးခြောက်တွင် ပါဝင်သော ပရိုတင်းဓာတ်နှင့် ဆားတို့ ဓာတ်ပြုရာမှ Nitrosamines ဆိုသော ဒြပ်ပေါင်း ထွက်လာတတ်ပါသည်။ ၎င်းသည် ကင်ဆာဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပါသည်။
ကင်ဆာဝေဒနာရှင်များ ငါးခြောက် စားမည့်အစား ကျန်းမာရေးနှင့် ပိုမိုညီညွတ်သော အစားအစာများကို ရွေးချယ်သင့်ပါသည်။

ဥပမာ
* လတ်ဆတ်သောငါး: ပင်လယ်ငါး သို့မဟုတ် မြစ်ငါးကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးခြင်းက အာဟာရဓာတ် ပိုမိုရရှိစေပါသည်။
* ချက်ပြုတ်ပုံ: ဆီကြော်ခြင်းထက် ပေါင်းခြင်း၊ ဟင်းချိုချက်ခြင်း သို့မဟုတ် ကင်ခြင်း (မကျွမ်းစေရန် သတိပြုပါ) တို့က ပို၍ ကောင်းမွန်ပါသည်။
အကယ်၍ ငါးခြောက်ကို မဖြစ်မနေ စားလိုပါက ဆားဓာတ်လျော့သွားစေရန် ရေနွေးဖြင့် အထပ်ထပ် ဆေးကြောပြီးမှ အနည်းငယ်သာ စားသုံးသင့်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်




#ငါးခြောက်

01/04/2026

“မနာတာကမှ ကြောက်စရာ”
ဒီနေ့ OPD ကိုလာတဲ့လူနာတစ်ယောက် —
“ဆရာ… ကျွန်မရင်သားမှာ အလုံးသေးသေးတစ်ခု တွေ့တာ ကြာပြီ… ဒါပေမယ့် မနာလို့ လာမပြခဲ့တာ…”
👉 ဒီလို case တွေဆိုတာ ဆရာဝန်အနေနဲ့တွေ့နေရတာမျိုးပါ
👉 အများစုမှာ “မနာလို့ စိုးရိမ်စရာမရှိဘူးလို့ထင်ကြတယ်
💔 လူတွေမှားယွင်းယုံကြည်နေတဲ့ အချက်တွေ
❌ “မိသားစုထဲမှာ ကင်ဆာမျိုးရိုးမရှိဘူးဆိုတော့ ငါ့မှာလည်းကင်ဆာဆိုတာမျိုးမဖြစ်နိုင်ဘူး”
❌ “မနာဘူးဆိုတော့ စိုးရိမ်စရာမလို၊ အန္တရာယ်မရှိဘူး”
👉 တကယ်တမ်းကျတော့
ရင်သားကင်ဆာရဲ့ အကြီးမားဆုံး risk factor က အသက်ကြီးလာခြင်းနှင့် မိန်းကလေးဖြစ်ခြင်း ဖြစ်ပါတယ်
အကြောင်းပြချက်မရှိဘဲ ဖြစ်တတ်တဲ့ case တွေတောင် ၅၀% ခန့်ရှိပါတယ်

🔍 သတိထားသင့်တဲ့ လက္ခဏာများ (Symptoms)
ဆရာဝန်အနေနဲ့ အရေးကြီးဆုံးပြောချင်တာက—
👉 “အလုံးအကြိတ်စမ်းမိတယ်၊ မနာဘူးဆိုတောင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့သေချာပြသဖို့ပါ”

သတိထားရမယ့်အချက်တွေကတော့👇
ရင်သားမှာ အလုံး (lump) စမ်းမိတာ
ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းလဲလာတာ
အရေပြား ချိုင့်ဝင်၊ နီလာတာ
နို့ သီးခေါင်း မှ သွေး သို့မဟုတ် အရည်ထွက်လာတာ တွေပဲဖြစ်ပါတယ်
👉 အစောပိုင်းမှာ ဘာလက္ခဏာမှမပြတာမျိုးလည်း ရှိတတ်ပါတယ်

🩺 Early Detection (ရောဂါကိုစောစီးစွာရှာဖွေခြင်း) က အကောင်းဆုံးပါ
👉 စောစောသိစောစောကုသမှုခံယူရင်လုံးဝ ပြန်ကောင်းနိုင်ပါတယ်
ဘယ်လိုစစ်ဆေးမလဲ?
အသက် ၄၀ ကျော်ရင် တစ်နှစ်တစ်ခါ ရင်သားဓာတ်မှန် (Mammogram) ရိုက်သင့်ပါတယ် ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဆရာဝန်တွေက "Triple Assessment" လို့ခေါ်တဲ့ နည်းလမ်း ၃ မျိုးပေါင်းပြီး စစ်ဆေးပေးပါတယ် -
၁။ ဆရာဝန်ကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း
၂။ အာထရာဆောင်း (Ultrasound) ဒါမှမဟုတ် ဓာတ်မှန်ရိုက်ခြင်း
၃။ လိုအပ်ရင် အပ်နဲ့ Biopsy (အသားစယူ) စစ်ဆေးခြင်း
ဒီ ၃ မျိုးလုံး စစ်ဆေးပြီးလို့ အဖြေတူပြီဆိုရင်တော့ ရလဒ်က ၁၀၀ ရာခိုင်နှုန်းနီးပါး တိကျပါတယ် ။

🩺 မှားယွင်းတဲ့အယူအဆအလွဲလေးတွေကိုလည်း ပြင်ပေးချင်ပါတယ်
လူနာတွေ ကြောက်နေကြတဲ့ အယူအဆအမှားတချို့ ရှိပါတယ် -
၁။အသားစစစ်ရင် (Biopsy) ကင်ဆာပြန့်တတ်သလား?
👉မပြန့်ပါဘူး။ အသားစစစ်တာဟာ ဘယ်လိုကင်ဆာအမျိုးအစားလဲဆိုတာ တိတိကျကျသိနိုင်ဖို့နဲ့ ထိရောက်တဲ့ဆေးပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။
၂။ နာမှ ကင်ဆာလား?
👉 မဟုတ်ပါဘူး။ ရင်သားကင်ဆာ အကျိတ်အများစုဟာ အစပိုင်းမှာ လုံးဝမနာတတ်ပါဘူး ။ မနာလို့ဆိုပြီး လျစ်လျူမရှုမိပါစေနဲ့။
၃။ ရိုးရာဆေးနဲ့ ကုလို့ရလား?
👉 ရိုးရာကုထုံးတွေကြောင့် ဆေးရုံရောက်ဖို့ နောက်ကျသွားတဲ့ လူနာ ၄၇ ရာခိုင်နှုန်းလောက် ရှိပါတယ် ။ ဆေးရုံမှာ စနစ်တကျ ကုသတာကသာ အကောင်းဆုံးပါ ။

👉 ရင်သားကင်ဆာဖြစ်လို့ ရင်သားဖြတ်ထုတ်ရမှာကို မကြောက်ပါနဲ့ ။ အခုခေတ်မှာ ခွဲစိတ်ပြီးရင် ရင်သားပြန်လည်ပြုပြင်တဲ့ နည်းလမ်းတွေ (Breast Reconstruction) အများကြီး ရှိနေပါပြီ ။
ပုံမှန်ကိုယ်တိုင် စမ်းသပ်စစ်ဆေးကြပြီး မူမမှန်တာရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ဆရာဝန်တွေနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။

​Dr.care medical servicesမှာ ခေတ်နည်းပညာနဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပြသဖို့အတွက် အခုပဲ စုံစမ်းမေးမြန်းလို့ရပါပြီနော်။ မြန်မာဆရာဝန်နှင့်လည်း အေးဆေးဆွေးနွေးတိုင်ပင်လို့ရတာကြောင့် အချိန်မရွေး ဆက်သွယ်လိုက်ပါ။
line : +66902306281
viber : +66902306281, +66652461567





#ရင်သားကင်ဆာအသိပညာပေး

သွေးအားနည်းရောဂါဆိုတာ အမျိုးသားရော အမျိုးသမီးပါဖြစ်နိုင်ပါတယ်။
29/03/2026

သွေးအားနည်းရောဂါဆိုတာ အမျိုးသားရော အမျိုးသမီးပါဖြစ်နိုင်ပါတယ်။

😵‍💫😵‍😩မောလည်းမော၊ နှုံးလို့ အားမရှိသလိုပဲ ခံစားနေရပါသလား။ ဖြူဖျော့ပြီး နေရင်တော့ သတိထားဖို့လိုအပ်ပါတယ်။ သွေးအားနည်းခြင်းက ကြောက်စရာကောင်းပါတယ်။
သွေးနီဥတွေနည်းတဲ့အခါ ခန္ဓာထဲမှာ အောက်ဆီဂျင်သယ်ယူပေးမှုက လျော့နည်းသွားတဲ့ အတွက် မောပြီးနှုံးလာပါတယ်။ 🚨🚨🚨

🧐🧐ဒါဆိုဘာလို့ဒီလိုမျိုးတွေဖြစ်တာလဲ?

✍️ဖြစ်စေတဲ့အကြောင်းအရာကတော့အများကြီးရှိပါတယ်။ အပေါ်ယံအားဖြင့် ခွဲခြားမယ်ဆိုရင်တော့ ၃မျိုးခွဲလို့ရပါတယ်။

📌"သွေးထွက်တာများလို့၊ သွေးနီဥထုတ်တာနည်းလို့၊ သွေးနီဥတွေဖျတ်ဆီးခံလိုက်ရလို့" ဆိုပြီး ခွဲခြမ်းကြည့်လို့ရပါတယ်။

🩸ဘယ်လိုနေ‌ရာတွေကသွေးထွက်နိုင်လည်းဆိုရင်တော့
အစာအိမ်နဲ့အူလမ်းကြောင်း၊
အမျိုးသမီးတွေမှာဆိုရင်တော့ မီးယပ်ရောဂါ၊
ဆီးလမ်းကြောင်း၊
ကင်ဆာရောဂါတို့မှာဖြစ်တတ်ပါတယ်။

🩸သွေးနီဥထုတ်လုပ်တာနည်းတာကတော့ ‌သွေးရောဂါများ၊ ရိုးတွင်းချင်ဆီရောဂါ၊ သတ္တုအဆိပ်မိခြင်း တို့မှာဖြစ်တတ်ပါတယ်။

🩸သွေးနီဥတွေဖျတ်စီးခံလိုက်ရတာများတဲ့ရောဂါကတော့ ဟေမိုဂလိုဘင်ရောဂါများ၊ ဘေလုံးကြီးခြင်းနှင့်တစ်ခြားတော့ ကိုယ်ခံအားတုံ့ပြန်မှုလွန်ကဲသောရောဂါ တို့မှာဖြစ်တတ်ပါတယ်။

line : +66902306281
viber : +66902306281, +66652461567


24/03/2026
21/03/2026

🧐🧐သည်းခြေကျောက်တည်ခြင်းအတွက် အကောင်းဆုံးဖြေရှင်းချက်- "မှန်ပြောင်းဖြင့် သည်းခြေအိတ်ထုတ်ခြင်း" (Laparoscopic Cholecystectomy)❗️❗️❗️

​သည်းခြေကျောက်တည်လို့ပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ရောင်ရမ်းလို့ပဲဖြစ်ဖြစ် ဗိုက်အောင့်ဝေဒနာ ခံစားနေရပါသလား?🤒

Dr. Care Medical Services မှာ နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic Cholecystectomy) ဝန်ဆောင်မှုကို စိတ်ချယုံကြည်စွာ ရယူနိုင်ပါပြီ။

​မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းဆိုတာ ဘာလဲ?

​🙀အရင်ခေတ်ကလို ဗိုက်ကို အရှည်ကြီး ခွဲစရာမလိုတော့ဘဲ 🤏ဝမ်းဗိုက်ပေါ်တွင် သေးငယ်သော အပေါက်ကလေး (၃) ပေါက် သို့မဟုတ် (၄) ပေါက်ခန့်သာ ဖောက်ပြီး အဆင့်မြင့်မှန်ပြောင်းကင်မရာ အကူအညီနဲ့ သည်းခြေအိတ်ကို ထုတ်ယူတဲ့ နည်းလမ်းဖြစ်ပါတယ်။

​✨✨မှန်ပြောင်းခွဲစိတ်မှုရဲ့ အားသာချက်များ
​✅ဒဏ်ရာသေးငယ်ခြင်း: ခွဲစိတ်ရာ အလွန်သေးငယ်တဲ့အတွက် အမာရွတ် ထင်ကျန်မှု နည်းပါးပါတယ်။
​✅နာကျင်မှုသက်သာခြင်း: ခွဲစိတ်ဒဏ်ရာ သေးငယ်တဲ့အတွက် ခွဲစိတ်ပြီးနောက် နာကျင်မှုဒဏ်ကို သိသိသာသာ သက်သာစေပါတယ်။
​✅ဆေးရုံတက်ရက်တိုခြင်း: ခွဲစိတ်ပြီး (၁) ရက် သို့မဟုတ် (၂) ရက်အတွင်း အိမ်ပြန်နိုင်ပါတယ်။
​✅ပုံမှန်အလုပ်အကိုင်ကို မြန်မြန်ပြန်လုပ်နိုင်ခြင်း: ရက်သတ္တပတ် (၁) ပတ်ခန့်အတွင်းမှာတင် ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

​🚨🚨🚨ဘယ်လိုလူနာတွေ ခွဲစိတ်ဖို့ လိုအပ်သလဲ?
​၁။ သည်းခြေအိတ်တွင် ကျောက်တည်ပြီး ဗိုက်ခဏခဏ အောင့်တတ်သူများ။
၂။ သည်းခြေအိတ် ရောင်ရမ်းနေသူများ။
၃။ သည်းခြေပြွန် ပိတ်ဆို့နေသူများ။

​Dr.care medical servicesမှာ ခေတ်နည်းပညာနဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပြသဖို့အတွက် အခုပဲ စုံစမ်းမေးမြန်းလို့ရပါပြီနော်။ မြန်မာဆရာဝန်နှင့်လည်း အေးဆေးဆွေးနွေးတိုင်ပင်လို့ရတာကြောင့် အချိန်မရွေး ဆက်သွယ်လိုက်ပါ။❤❤❤

line : +66902306281
viber : +66902306281, +66652461567




#သည်းခြေအိတ်ထုတ်ခြင်း
#မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း
#မှန်ပြောင်းဖြင့်သည်းခြေအိတ်ထုတ်ခြင်း
#ဘန်ကောက်ဆေးကု
#သည်းခြေကျောက် #သည်းခြေအိတ်ရောင်ခြင်

18/03/2026

🤰 မေမေနဲ့ ဘေဘီလေးအတွက် အကောင်းဆုံးဂရုစိုက်မှု (Premium Antenatal Care)
ဘဝရဲ့ အရေးအကြီးဆုံး ကိုယ်ဝန်ဆောင်ချိန်ကာလမှာ စိတ်ချရတဲ့ လက်ထဲမှာပဲ အပ်နှံလိုက်ပါ။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမှ မေမေတို့အတွက် အထူးစီစဉ်ထားတဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု Package အသစ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ ✨
မိခင်ရော ကလေးပါ ကျန်းမာဘေးကင်းစေဖို့အတွက် အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင် စမ်းသပ်စစ်ဆေးပေးမှာဖြစ်ပြီး စစ်ဆေးမှုအမျိုးအစားအလိုက် Package (၄) မျိုး ရွေးချယ်နိုင်ပါတယ်ရှင်။
✅ ရွေးချယ်နိုင်သော Package များ
1️⃣ Basic Package (17,500 THB)
အခြေခံ လိုအပ်တဲ့ စစ်ဆေးမှုများအားလုံး ပါဝင်ပါတယ်။ (စစ်ဆေးမှု ၁၀ ကြိမ်)
2️⃣ Standard Package (21,500 THB)
ပုံမှန်စစ်ဆေးမှုများအပြင် Ultrasound (၂) ကြိမ်အထိ ပါဝင်ပါတယ်။
3️⃣ Gold Package (31,500 THB)
ပိုမိုပြည့်စုံတဲ့ စစ်ဆေးမှု ၁၂ ကြိမ်နဲ့ Ultrasound (၄) ကြိမ်အထိ ပါဝင်ပါတယ်။
4️⃣ Platinum Package (45,000 THB) - အပြည့်စုံဆုံး ⭐
အသေးစိတ်စစ်ဆေးမှု ၁၄ ကြိမ်၊ Ultrasound ၁၄ ကြိမ်အထိ ပါဝင်ပြီး NST နဲ့ MFM Ultrasound တို့ပါ ပါဝင်တဲ့ VIP စောင့်ရှောက်မှုပါ။

🏥 Package တိုင်းမှာ ဘာတွေပါဝင်မလဲ?
သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသခြင်း။
သွားနှင့်ခံတွင်းစစ်ဆေးခြင်း။
သွေးစစ်ခြင်း (HIV, Rh, Hb Typing, Rubella, Hepatitis B စသည်...)။
ဆီးစစ်ခြင်း။
လိုအပ်သော ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်အားဆေးများ (Folic Acid, Calcium စသည်...)။

📅 သက်တမ်း: ၁ ဧပြီ ၂၀၂၅ မှ ၃၀ ဇွန် ၂၀၂၆ အထိ။

📞 ဆက်သွယ်စုံစမ်းရန်
မေမေတို့ သိလိုသမျှကို မြန်မာဘာသာစကားဖြင့် အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။

Facebookpage:Dr.Caremedicalservices
📱 : +66902306281, +66652461567
Line : +66902306281

ကလေးလေး ကျန်းကျန်းမာမာနဲ့ လူ့လောကထဲ ရောက်လာဖို့ မင်မင်တို့ နဲ့ အတူတူ ပြင်ဆင်လိုက်ရအောင်နော်။ 🤱💕



#ကိုယ်ဝန်စစ်ဆေးခြင်း #ကိုယ်ဝန်အပ်ခြင်း
#ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု #ထိုင်းနိုင်ငံဆေးရုံ

18/03/2026

အလုပ်မခန့်ခင် ဆေးစစ်ခြင်း (Pre-employment Check-up) က ဘာကြောင့် အရေးကြီးတာလဲ? 🏥💼
​အလုပ်သစ်တစ်ခုဝင်တော့မယ်ဆိုရင် ကုမ္ပဏီအတော်များများက ဆေးစစ်ချက်မှတ်တမ်းတွေ တောင်းလေ့ရှိပါတယ်။ ဒါဟာ ဝန်ထမ်းသစ်ကို ဒုက္ခပေးချင်တာမဟုတ်ဘဲ အလုပ်ရှင်ရော၊ အလုပ်သမားအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
​အဓိက အချက် (၅) ချက်ကို ကြည့်လိုက်ရအောင် 👇
​၁။ လုပ်ငန်းခွင်နှင့် ကျန်းမာရေး ကိုက်ညီမှုရှိစေရန် (Fit for Work)
​အလုပ်တစ်ခုချင်းစီမှာ မတူညီတဲ့ လုပ်ငန်းခွင်ဖိအားတွေရှိပါတယ်။ ဥပမာ - အလေးအပင်မရတဲ့အလုပ်မှာ ခါးနာတတ်သူလား၊ ဒါမှမဟုတ် ဓာတ်မတည့်မှုဖြစ်လွယ်တဲ့သူလားဆိုတာ ကြိုတင်သိရှိခြင်းဖြင့် သင့်တော်တဲ့ နေရာမှာ တာဝန်ပေးနိုင်ဖို့ဖြစ်ပါတယ်။
​၂။ ကူးစက်ရောဂါများ ကာကွယ်ရန် (Preventing Contagious Diseases)
​အထူးသဖြင့် အစားအသောက်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ရုံးခန်းတွင်း စုပေါင်းအလုပ်လုပ်ရသူတွေမှာ တီဘီ (TB) လိုမျိုး ကူးစက်ရောဂါတွေရှိနေရင် လုပ်ငန်းခွင်အတွင်း တခြားသူတွေကို မကူးစက်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
​၃။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး (Safety First)
​စက်ယန္တရားကြီးတွေ မောင်းနှင်ရသူ ဒါမှမဟုတ် ကားမောင်းရသူတွေမှာ အမြင်အာရုံချို့ယွင်းတာ၊ အတက်ရောဂါရှိတာမျိုးက ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစစ်ခြင်းက မတော်တဆမှုတွေကို လျှော့ချပေးပါတယ်။
​၄။ အကျိုးခံစားခွင့်နှင့် ကျန်းမာရေးစရိတ်များ (Health Insurance & Benefits)
​ကုမ္ပဏီကပေးတဲ့ ကျန်းမာရေးအာမခံတွေအတွက် ဝန်ထမ်းရဲ့ အခြေခံကျန်းမာရေး အခြေအနေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ (Health Tracking) အစပျိုးတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။
​၅။ ကုန်ထုတ်စွမ်းအား မြင့်မားစေရန် (Productivity)
​ကျန်းမာတဲ့ ဝန်ထမ်းတစ်ယောက်က အလုပ်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။ ခဏခဏ ခွင့်ယူရတာမျိုး မဖြစ်စေဖို့နဲ့ ဝန်ထမ်းရဲ့ ရေရှည်လုပ်ငန်းခွင် ဘဝကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
​အကြံပြုချက်: ဆေးစစ်တာကို ကြောက်စရာလို့ မမြင်ဘဲ မိမိရဲ့ ကျန်းမာရေး အခြေအနေကို တစ်ခါတည်း စစ်ဆေးခွင့်ရတဲ့ အခွင့်အရေးလို့ သဘောထားစေချင်ပါတယ်။ 🛡️✨



13/03/2026

💕ချစ်စရာ သားသားမီးမီးတို့ ကမ္ဘာလောကထဲကို ဘေးကင်းစွာ ရောက်ရှိလာဖို့...👩🏻‍🍼
မေမေတို့ရဲ့ အဖိုးတန်ဆုံး အခိုက်အတန့်လေးတွေကို စိတ်အေးချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ Vibharam International Hospital ရဲ့ ကလေးမွေးဖွားခြင်း အထူးပက်ကေ့ချ် (Baby Delivery Package) တွေရှိနေပါပြီ။ 🦋


👩🏻‍⚕️ခေတ်မီစက်ကိရိယာများ၊ ဝါရင့်အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူနာပြုများမှ အနီးကပ် စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။


*FREE Services*

✅မြန်မာဘာသာပြန် ဝန်ဆောင်မှု
✅မိခင်ဗိုက်ထဲရှိ ကလေးနှလုံးခုန် စစ်ဆေးပေးခြင်း
✅ကလေး၀တ်စံု လက်ဆောင်ပေးခြင်း
✅မွေးစာရင်း လုပ်ပေးခြင်း

☎️မင်မင်တို့ဆီမှာ overall တကိုယ်လုံးအတွက် စစ်ဖို့ package လေးရှိပြီး တခါထဲ Doctor consultation ပါ ရနိုင်လို့ လိုအပ်တဲ့ ကုသမှုပါ ခံယူနိုင်ပါပြီ။ ဆေးကုသမှု consultation ရယူလိုပါက မင်မင်တို့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူနိုင်ပါပြီ။
page: Dr.Care Medical Services
Viber number: +66 090230 6281, +959799978337
Line: +66 090230 6281




#ကျန်းမာရေးစစ်ဆေးမှု

#ကလေးမွေးpackage
#ရိုးရိုးမွေးခြင်း #ခွဲမွေးခြင်း #သားကြောဖြတ်ခြင်း

04/03/2026

အသက် ၄၅ နှစ် အရွယ် ကိုမင်း တယောက် ဒီရက်ပိုင်း ရင်ဘတ်ထဲမှာ ခပ်တင်းတင်းနဲ့ ဆွဲဆုပ်ထားသလို နာ နေတယ်။ “အလုပ်ပင်ပန်းလို့ ဖြစ်မယ်… အစာမကြေဘူးထင်တယ်…” လို့ထင်ပြီး ဆေးဆိုင်က ဆေးနဲ့သာ ဖြေရှင်းခဲ့ပါတယ်။
ဒီကြားထဲ company က အလုပ်တူဘော်ဒါတွေနဲ့ကလဲ tea time ဆို stress လျှော့ဖို့ cigarette လေးကလဲ အဖွာမပျက်။ Client နဲ့ အလုပ်သဘောအရ meeting dinner လေးကလဲ ဆက်နေပြန်ရော...

ဒါပေမယ့် တစ်နေ့ မနက်…
အလုပ်သွားဖို့ ပြင်ဆင်နေချိန်မှာ ရင်ဘတ်ထဲ ဆုတ်ဆွဲထားသလို အောင့်လာပြီး အသက်ရှူရခက်လာကာ ချွေးစေးပြိုက်ပြိုက် ကျလာခဲ့ပါတယ်…

ဒီတစ်ခါတော့ မလွဲမရှောင်နိုင်တော့ပါဘူး။

အရေးပေါ် ဆေးရုံရောက်တဲ့အခါ
ဆရာဝန်က CAG (Coronary Angiography) ကို ချက်ချင်း စစ်ဆေးဖို့ အကြံပြုခဲ့ပါတယ်။

CAG စစ်ဆေးပြီးနောက် —
နှလုံးသွေးကြောတစ်ချောင်း ၉၀% နီးပါး ပိတ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အလုပ်ပင်ပန်းတာတင်မက — မျိုးရိုးဗီဇ၊ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်သောက်ခြင်း စတဲ့ အကြောင်းရင်းတွေပါ ပေါင်းစပ်နိုင်ပါတယ်။
အချိန်နည်းနည်းလေး ပိုနောက်ကျသွားခဲ့ရင် အသက်အန္တရာယ်ကြီးမားနိုင်ခဲ့ပါတယ်။

ချက်ချင်း PCI (Percutaneous Coronary Intervention) ပြုလုပ်ပြီး
Balloon နဲ့ သွေးကြောကို ဖွင့်ကာ Stent ထည့်ပေးခဲ့ပါတယ်။

မိနစ်အနည်းငယ်အတွင်း —
သွေးကြော ပြန်လည်ဖွင့်လှစ်သွားပြီး နာကျင်မှု လျော့နည်းသွားခဲ့ပါတယ်။
ကိုမင်းဟာ မိသားစုဆီ ပြန်လည် လှည့်လာနိုင်ခဲ့ပါတယ် ❤️

📌 Facebook ပေါ်မှာ ဒီလို ဇာတ်လမ်းတွေ မကြာခဏ တွေ့နေရပါတယ်။
ဒါပေမယ့် နောက်တစ်ယောက် မဖြစ်ခင် — သင်ကိုယ်တိုင် သတိထားဖို့ လိုပါတယ်။

💡 ဒီလို လက္ခဏာတွေ ရှိနေပါသလား?
• ဆုတ်ဆွဲထားသလို ရင်ဘတ်ထဲ အောင့်ခြင်း
• လက်ဝဲဘက်၊ လည်ပင်း၊ ကျောဘက်သို့ တလျှောက်နာခြင်း
• အသက်ရှူခက်ခြင်း၊ ချွေးစေးထွက်ခြင်း

ဒါမျိုး အခြေအနေထိ မစောင့်ပါနဲ့။

CAG က နှလုံးသွေးကြောအခြေအနေကို တိတိကျကျ သိနိုင်စေပါတယ်။
PCI က ပိတ်နေတဲ့ သွေးကြောကို အချိန်မလွန်ခင် ပြန်ဖွင့်ပေးနိုင်တဲ့ အသက်ကယ် ကုသမှုဖြစ်ပါတယ်။

သင့်နှလုံးဟာ သင့်မိသားစုအတွက် အစားထိုးမရတဲ့အရာပါ။
ရင်ဘတ််အောင့်တာကို လစ်လျူရှုမထားပါနဲ့။
အချိန်မလွန်ခင် စစ်ဆေးပါ။ အသက်ကို ကာကွယ်ပါ။




#နှလုံးသွေးကြောကျဉ်းရောဂါ

Address

Yangon

Opening Hours

Monday 01:00 - 18:00
Tuesday 01:00 - 18:00
Wednesday 01:00 - 18:00
Thursday 01:00 - 18:00
Friday 01:00 - 18:00
Saturday 04:00 - 18:00
Sunday 01:00 - 18:00

Telephone

+959262608409

Website

Alerts

Be the first to know and let us send you an email when AUNG SHWE MOE clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram