19/05/2023
🐓🐔🐣🐤🐥 ကြက်ဥနှင့် သူ၏အာဟာရ.....
ကြက်ဥဟာ သဘာဝအရ အာဟာရပြည့်ဝသောအစားအစာဖြစ်ပြီး ပရိုတင်းဓာတ်၊ ဗီတာမင် နှင့်သတ္တုဓာတ်များလည်းပါဝင်ပါတယ်။ ဗီတာမင် B2(riboflavin), ဗီတာမင်B12, ဗီတာမင်D, ဗီတာမင်A, ဆီလီနီယမ် သတ္တုဓာတ်(selenium), အိုင်အိုဒင်း(iodine), ဖောလစ်အက်စစ်(folate), ဗီတာမင်ဘီ အုပ်စုဝင်(biotin), ဗီတာမင် B5(panthotenic acid), ကိုလင်းဓာတ်(choline), ခန္ဓာကိုယ်တွင်းတည်ဆောက်၍မရနိုင်သော သတ္တုဓာတ်များ နှင့် ခန္ဓာကိုယ်အတွက် အနည်းငယ်မျှသာလိုအပ်သော သတ္တုဓာတ် ဥပမာ ဖော့ဖရပ်စ် (phosphorus) တို့ကြွယ်ဝစွာပါဝင်ပါတယ်။
မပြည့်ဝသောအဆီများ(Monounsaturated, polyunsaturated fat)၊ ပြည့်ဝသောအဆီ(saturated fat)၊ ကိုလတ်စရော(cholesterol)စသည့် အဆီဓာတ်များကတော့ ကြက်ဥအနှစ်တွင် ပမာဏအများဆုံးပါဝင်ပါတယ်။ ကြက်ဥအကာမှာတော့ အသားဓာတ်၊ပရိုတင်းဓာတ်(albumin) ပါဝင်ပါတယ်။
🍳🍳🍳🍳🍳
ကြက်ဥ ပုံမှန်အရွယ်အစားဟာ ကယ်လိုရီအားဖြင့် ၇၀ ခန့်သာရှိပြီး ကိုယ်အလေးချိန်လျော့ချင်သူများ၊ dietလုပ်နေသူများအတွက် အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ်။ ကြော်စားရင်တော့ အဆီပါဝင်မူအနည်းငယ်ပိုများတာကြောင့် ပြုတ်စားတာကတော့ ပိုသင့်တော်ပါတယ်။ အစာမစားဘဲ ဝိတ်ချခြင်းထက် အစားအစာကို ချင့်ချိန်စားသုံးပြီး ဝိတ်ချတာကပိုပြီးကောင်းမွန်၍ ကျန်းမာရေးနှင့်လည်းညီညွတ်စေပါတယ်။ ကြက်ဥကို ဗီတာမင်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များနှင့် တွဲဖက်စားသောက်ခြင်းက ဝိတ်ချခြင်းအတွက် ပိုမိုကောင်းမွန်ပါတယ်။
🥚🥚🥚🥚🥚
ပရိုတင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း ဖို့အတွက်လိုအပ်ပါတယ်။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်၌ ကြီးထွားခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများအတွက်လိုအပ်ပြီး နေ့စဉ် ပျက်စီးသွားသော ဆဲလ်များ၊ တစ်လျှူးများကို ပြန်လည်တည်ဆောက်ရာ၌အရေးပါပါတယ်။ ဒါအပြင် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဉ်များ၊ ကိုယ်ခံအားများ၊ အင်အားထုတ်လုပ်ပေးသောလုပ်ငန်းများတွင်လည်း အရေးပါပါတယ်။
ပရိုတင်းလိုအပ်မှုပမာဏက အသက်အရွယ်၊ ယောင်္ကျား/မိန်းမ၊ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ ပျင်းမျှ လူလတ်ပိုင်းတစ်ယောက်က တစ်နေ့လျှင် ပရိုတင်း ၅၀-၆၀ ဂရမ် လိုအပ်ပါတယ်။
...............
ယျေဘုယျအားဖြင့် ပုံမှန် ဥတစ်လုံးမှာ ပရိုတင်း ၆-၇ ဂရမ် ပါဝင်ပါတယ်။
ဥအရွယ်အစားပေါ်မူတည်ပြီး အနည်းငယ်ကွာခြားမှုတော့ရှိပါတယ်။
Dr.Aung Shwe Moe
ဖုန်းနံပါတ်- 09262608409
Photo credit