Precious time with Khin Pa Pa Aye

Precious time with Khin Pa Pa Aye Service Available

31/12/2025

Happy New Year 🎆🎈🎊

နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ နော်

31/12/2025

Post မှာ group link ချထားပြီပါပြီ

ဝင်ချင်တဲ့ သူ ဝင်လို့ရပါပြီ

30/12/2025

အားလုံးပဲ Happy New Year ပါ

တရက်စော လုပ်တာ ပို့စ်တင်တုံးလေးမို့ပါ

ကျမ တို့ရဲ့ Gratitude blessings က အခုဆို batch 25 ကို ရောက်လာပြီပေါ့နော်

တခုလောက် တောင်းပန်ချင်တာက

ကျမ တို့ Batch 25 ကို 24 တုံးကလိုပဲ စာလေးတွေပဲ တင်ပေးပါရစေ လို့

စိတ်တော့မဆိုးကြပါနဲ့ နောိ

မင်မင် တို့မှာ အခြားသော အကြောင်းတရားလေးတွေ ဖြည့်ဆည်းဖို့ ရှိနေသေးလို့ပါ

အကြောင်းတရား ပြည့်စုံ တဲ့အခါ Higher Beings တွေရဲ့ လမ်းညွှန်မှု့ နဲ့ အတူ ပြန်လာခဲ့ပါမယ်

အဲ့အခါကျ အားလုံး နဲ့ ပြန်ဆုံချင်ပါတယ်

Batch တခုပြီးတခု ရှိနေမှာပါ

Zoom နဲ့ တွေ့ပါတော့မယ် ဆိုရင် အကြောင်းကြားပါမယ်နောိ

အခုလောလောဆယ်တော့ အကန့်အသတ်မရှိ ခွင့်လေးပေးပါလို့

စာလေးတွေပုံမှန်တင်ပေးနေမယ် ရေးချင်တဲ့သူ group ထဲ ဝင်ပါ

နေ့တိုင်းရေးပါ လူနည်းသွားလဲ မင်မင် တို့အတွက် ကိစ္စမရှိပါ

တကယ်တမ်းပြန်လာခဲ့ရင်လဲ လူနည်းစု အတွက်ပဲ ဖြစ်မယ် ထင်ပါတယ်

မနက်ဖန် ဒီပို့စ်မှာပဲ group link ချပေးပါမယ်

Day 3 ထိ လူ လက်ခံပေးပါမယ်

Energy ထည့်ပေးထားပါတယ် ဆွဲတော့ မဆွဲကြပါနဲ့ 🤣🤣🤣

Batch တိုင်းမှာ energy က ထည့်ပေးခဲ့ပါတယ်

အဲ့တော့ တလပြီး တလ အတန်းရှိနေပါမယ်

Zoom နဲ့ ပြန်လာမယ် ဆို ပြောပါမယ်

လွမ်းနေရင် ဓာတ်ပုံ တင်ပေးပါမယ် 🤣🤣🤣

အားလုံးကို

ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်

မနက်ဖန် ဒီပို့စ်မှာပဲ group link ချပေးထားပါမယ်

https://www.facebook.com/share/g/1BktHKUXxZ/?mibextid=wwXIfr

21/12/2025
မနက်ဖန်ဆို ၁ ရက်နေ့ ရောက်ပါပြီGratitude အတန်းလေး batch 24 ကို ပြန်စတော့မယ်ပေါ့ဒီတခါတော့ အတန်းလေးကို ကျမ ဂရုထဲမှာ day by ...
30/11/2025

မနက်ဖန်ဆို ၁ ရက်နေ့ ရောက်ပါပြီ

Gratitude အတန်းလေး batch 24 ကို ပြန်စတော့မယ်ပေါ့

ဒီတခါတော့ အတန်းလေးကို ကျမ ဂရုထဲမှာ day by day စာလေးတွေ တင်ပေးထားပါမယ်

Batch 24 ထဲကို ဝင်တဲ့သူတွေ တရက်စာချင်းစီ လိုက်ရေးပေးပါနော်

ဘာကြောင့် အခုလို လုပ်ပေးရလဲ ဆို လိုင်းတွေ မကောင်းတာကြောင့်ပါ

တချို့ တချို့ အသစ်တွေက လိုင်းကမကောင်းလိုက် ပျက်လိုက်နဲ့မို့

အဆင်မပြေလို့ပါ

ဒီ batch မှာတော့ အဟောင်းတွေ join ရင်ပိုကောင်းပါမယ်

အသစ်တွေ အတွက်ကတော့ ကျမ ၂၀၂၆ ၁ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်ရှိနေမဲ့ အတန်းလေးကို လာခဲ့ပါ

ကျမ နဲ့မှ တွေ့မှ ဆိုတဲ့ သူတွေက hello သာ လုပ်လိုက်ပါနော် ဒီတလတော့ 🤣🤣🤣

စာလေးတွေ ပုံမှန်တင်ပေးထားပါမယ်

တရက်ချင်းစီ လိုက်ရေးချင်တဲ့သူတွေ ဂရု ကို join ပေးပါနော်

ကိုယ့်ဟာကိုယ် ရေးမယ် ဆိုရင်တော့ မဝင်ပါနဲ့ ရပါတယ်

နားမလည်တာ ရှိရင် ကျမ ကို မေးလို့ရပါတယ်

ပိတ်ရက်တွေ ရှိနေတာရော လိုင်းတွေ မကောင်းတာရော ကြောင့် လုပ်ပေးတာပါ

နားလည်ပေးနိုင်မယ် ထင်ပါတယ်

၂၀၂၆ ၁ ရက်နေ့မှာတော့ Happy New Year နဲ့ အတူ ကျမ တို့ ပြန်ဆုံကြပါမယ်

ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေ

https://www.facebook.com/share/g/1GSkFTYJ9f/?mibextid=wwXIfr

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

❤️❤️❤️

လူ့ဘဝ မှာလေ တဖြေးဖြေး အရွယ်ရောက်လာလေနေတတ်ဖို့လဲ လိုသလိုအိုတတ်ဖို့လဲ လိုတယ် ထို့အတူသေတတ်ဖို့လဲ လိုပြန်ရောတနေ့ တနေ့ လူ တွေ...
03/11/2025

လူ့ဘဝ မှာလေ တဖြေးဖြေး အရွယ်ရောက်လာလေ

နေတတ်ဖို့လဲ လိုသလို

အိုတတ်ဖို့လဲ လိုတယ် ထို့အတူ

သေတတ်ဖို့လဲ လိုပြန်ရော

တနေ့ တနေ့ လူ တွေရဲ့ ကံ တွေ အဲ့ရဲ့ ကံ ကံ၏ အကျိုးတွေ မြင်လာပြီး

လူ့ဘဝ သက်တမ်းတလျှောက် နေတတ် အိုတတ် သေတတ်ဖို့ လိုတယ် ဆိုတာ ရှင်းရှင်းကြီး မြင်လာရတယ်

စောစောစီးစီး သံဝေဂ တွေရနေတာ 🤣🤣🤣

💕Gratitudeဟာ Spiritual လမ်းကြောင်းရဲ့ အခြေခံအုတ်မြတ် Foundation တခုဆိုတာ ဟုတ်ပါသလား??Spiritual နဲ့ Gratitude ဘယ်လိုဆက်စပ...
02/11/2025

💕Gratitudeဟာ Spiritual လမ်းကြောင်းရဲ့ အခြေခံအုတ်မြတ် Foundation တခုဆိုတာ ဟုတ်ပါသလား??

Spiritual နဲ့ Gratitude ဘယ်လိုဆက်စပ်နေတယ်ဆိုတာ တယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်လေးတွေ
မန့်သွားလို့ရပါတယ် ??

Spiritual ပညာရပ်က်ိုသင်ကြားနေသော ဆရာ ဆရာမတိုင်းက Gratitudeကို ဘာဖြစ်လို့ ခေါင်းစဉ်တရပ်အနေဲ့ ရှင်းပြ ပြောပြနေကြတာလည်း ??

ကိုယ့်ဘဝမှာ ကြုံတွေ့နေရတဲ့ အရေးကိစ္စတွေ အားလုံးထဲမှာ ဘာကြောင့် ကျေးဇူးတရားဟာ Spiritual သဘောတရားအရ မပါမဖြစ် ဘာဖြစ်လို့ ရပ်တည်နေတာလည်း ??

ကိုယ်ရဲ့ထင်မြင်ယူဆချက်လေးတွေ မန့်သွားလို့ရပါတယ်

ကျွန်မတို့ သင်လာတဲ့ ၂ နှစ်နီးပါးကာလမှာ လူတွေရဲ့ ကျေးဇူးတရားနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ပုံကို သိချင်လို့ မေးကြည့်တာပါ??
??

လတလ ရဲ့ နောက်ဆုံးရက်တွေ ကို ရောက်လို့လာပြန်ပါပြီNovember လ လေးကို  gratitude လေး နဲ့ ကြိုဆိုလိုက်ကြရအောင်ကိုယ့်ရဲ့ တန်ဖိ...
30/10/2025

လတလ ရဲ့ နောက်ဆုံးရက်တွေ ကို ရောက်လို့လာပြန်ပါပြီ

November လ လေးကို gratitude လေး နဲ့ ကြိုဆိုလိုက်ကြရအောင်

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တိုင်း နေ့လ ရက် တိုင်းကို ကျေးဇူးတရား ကျင့်ကြံရင်း ကုန်ဆုံးကြည့်ရအောင်ပါ

အချိန်အားဖြင့်လဲ အများကြီးပေးစရာမလိုပါဘူး

ညစဉ် (၉:၃၀–၁၀:၃၀) ဟာ အလွန်ဆုံးပါပဲ

စတင်မဲ့ရက်လေးက (၁.၁၁.၂၀၂၅) မှာပါ

လစဉ်လတိုင်း ကျမပြုလုပ်ပေးနေတဲ့ ပညာဒါနလေးပါပဲ

မည်သူမဆို လာလို့ရပါတယ်

ဒါပေမဲ့ စည်းကမ်းလေးတွေတော့ လိုက်နာစေချင်ပါတယ်

ကင်မရာ ဖွင့်ပေးထားရပါမယ်

၂၈ ရက်တာကာလ မပျက်မကွက် လိုက်ပါ လုပ်ဆောင်ပေးရပါမယ်

ခုမှ တက်မဲ့ အသစ်တွေဆို ပျက်လို့မရပါဘူးနော်

ဘာကြောင့် ပျက်လို့မရသလဲ ဆိုတော့ ကျင့်စဉ်မို့လို့ပါ

တရက်ပျက်ရင် ၃ ရက် နောက်ဆုတ်ပြီးရေးပေးရပါတယ်

ကိုယ့်ကိုကိုယ် ငါ တကယ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ် လေးနဲ့ သာလာခဲ့ပါ

ဖြစ်သွားပါလိမ့်မယ် ကိုယ့်ဘဝ အတွက်ကို တရက်မှာ တနာရီ နာရီဝက်လေးတောင် မပေးနိုင်ကြဘူးလား

ကိုယ့်ကိုကိုယ် ပြောင်းလဲချင်တဲ့လမ်းစလေးဟာ အဲ့လောက်ပဲ အချိန်ပေးရပါတယ် ဆို အရမ်းလွယ်နေမလား

တကယ်တမ်း လိုက်လုပ်ကြည့်ရင်သိပါလိမ့်မယ်

အဲ့တော့ Gratitude Blessings batch 23 ကနေ ကြိုဆိုပါတယ်နော်

ညစဉ် (၉:၃၀–၁၀:၃၀)

(၁.၁၁.၂၀၂၅) မှာစပါမယ်

Group link လေး ချပေးပါမယ်

တကယ်လိုက်လုပ်နိုင်မှ group ထဲကို လာခဲ့ပါ

https://www.facebook.com/share/g/1BJvrxatuR/?mibextid=wwXIfr

ဒီနေ့က ကျွန်မတိုအားလုံးအတွက် Gratitude ကျင့်စဉ်ကို လတိုင်း မေတ္တာဖြင့် မျှဝေပေးတဲ့ မခင်ပပအေးရဲ့ မွေးနေ့ပါ 🥳🥳🥳Happy Birth...
24/10/2025

ဒီနေ့က ကျွန်မတိုအားလုံးအတွက် Gratitude ကျင့်စဉ်ကို လတိုင်း မေတ္တာဖြင့် မျှဝေပေးတဲ့ မခင်ပပအေးရဲ့ မွေးနေ့ပါ

🥳🥳🥳Happy Birthday ပါမပ

Cheers to you on your special day! Happy Birthday!

We Love 💕 You! 😘

အမကိုချစ်သော
Ma Zar Ni !

ကျမတို့ရဲ့ Gratitude Blessings လေးက ခုဆို Batch 21 ထိ ရောက်လာပါပြီရှင်Batch 21 ကို (၁.၉.၂၀၂၅) ည (၉:၃၀) အချိန်မှာ စတင်မှာ...
30/08/2025

ကျမတို့ရဲ့ Gratitude Blessings လေးက ခုဆို Batch 21 ထိ ရောက်လာပါပြီရှင်

Batch 21 ကို (၁.၉.၂၀၂၅) ည (၉:၃၀) အချိန်မှာ စတင်မှာ ဖြစ်ပါတယ် ရှင်

စည်းကမ်းချက်လေး တွေကတော့

၁။ ၂၈ ရက်တာ ကာလ တရက်မပျက် တက်ရောက်နိုင် မှ group ကို join ပေးပါ

၂။ ကင်မရာလေး ဖွင့်ထားပေးရပါမယ်

၃။ ကျင့်စဉ် ဖြစ်တဲ့ အတွက် တရက်ပျက်ခဲ့ရင် နောက်ကို ၃ ရက် နောက်ဆုတ် ပြီးရေးပေးရပါမယ်

အဲ့အတွက် group မှာ လူလက်ခံတာကို Day 3 ထိပဲ လက်ခံပေးပါမယ် ရှင်

၂၈ ရက်လုံး ငါ လိုက်ပါ လုပ်ဆောင်ပါမယ် ဆိုတဲ့ အဓိဌာန်လေး နဲ့ လာစေချင်ပါတယ်

လူသစ် များကတော့ အတန်းလုံးဝ ပျက်လို့မရပါ

လူဟောင်းများကတော့ အတန်းပျက်ပေမဲ့ လိုက်ရေးပေးရပါမယ် ရှင်

Journaling တကယ် ရေးတဲ့ သူ နဲ့ မရေးပဲ လိုက်နားထောင်တဲ့ သူ အကျိုးရလာဒ်ခြင်းက ကွာပါတယ်

ဘာတွေသင်တာလဲ ဘာတွေ လိုက်လုပ်ရမှာလဲ ဘာတွေ လိုအပ်တာလဲ ဆို

ရေးစရာ စာအုပ် ဘောပင် ရှိရင် ရပါပြီ

ဘာကို သင်မှာလဲ ဆိုတာကတော့ လူ့ဘောင် လူ့လောကရဲ့ လူ့အခြေခံကျင့်ဝတ်လေး ကို ဘဝ တလျှောက်လုံး စွဲမြဲစွာ လုက်ဆောင်နိုင်အောင်

မျိုးစေ့လေး ချပေးခြင်းသာ ဖြစ်ပါတယ်

ရိုးရှင်းစွာ နဲ့ ပဲ ပြောရရင် ကျေးဇူးတရား ကို မျှဝေပေးသွားမှာပါ

သိချင်ရင်တော့ အတန်းလေးကို ၂၈ ရက် လိုက်ပါ ခဲ့ပေးပါ

အတန်းတတန်း လိုက်ပြီးရင် နောက်အတန်းတွေ မလိုက်ရ မနေနိုင်တဲ့ထိ ဆွဲဆောင်နိုင် တဲ့ ကျေးဇူးတရား
ပါ

တနေ့မှ ပေးရတဲ့ အချိန်က ၁ နာရီတောင်မပြည့်ပါဘူး

ဒါပေမဲ့ စိတ် ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု့တွေ အကျိုးရလာဒ် ရရှိတာတွေက

ကျမက report တွေကို ပြန်မတင်ချင်လို့ပါ တင်စရာလဲ မလိုဘူးလို့ ယူဆ လို့ မတင်တာပါ

တကယ် ကျေးဇူးတရား နဲ့ ပြောင်းလဲမဲ့သူတွေ ရောက်လာလိမ့်မယ် လို့ယုံကြည်ထားလို့

Group ထဲက reports တွေကို ပြန်မတင်ပေးတာပါ

ကျေးဇူးတရား ဘယ်လောက်ထိ အကျိုးရှိလဲဆိုတာ ကျမ အတန်းထဲက လူဟောင်းတွေက သက်သေပါနော်

Batch 21 လေး (၁.၉.၂၀၂၅) ည (၉:၃၀) မှာ စပါမယါရှင်

https://www.facebook.com/share/g/1Bi5gE1ku1/?mibextid=wwXIfr

Batch 21 ရဲ့ group link လေးပါ

၂၈ ရက်လုံး လိုက်ပါနိုင်မှ join ပေးပါ

အမတို့ရဲ့ Gratitude group လေး ကို လာjoin ပေးနေလို့ ကျေးဇူးတင်ပါတယ်နော်အမတို့က Day 3 ထိပဲ လူ လက်ခံတာမို့ နောက်လ ၁ရက်နေ့ ဖ...
07/08/2025

အမတို့ရဲ့ Gratitude group လေး ကို လာjoin ပေးနေလို့ ကျေးဇူးတင်ပါတယ်နော်

အမတို့က Day 3 ထိပဲ လူ လက်ခံတာမို့ နောက်လ ၁ရက်နေ့ ဖွင့်မဲ့ အတန်းကျမှ လာခဲ့ကြနော်

အမ တို့ လတိုင်း အမြဲရှိနေပါတယ်

လာခဲ့ပေးတာလဲ ကျေးဇူးတင်ပါတယ်

နောက် batch အတွက် ဒီ page မှာပဲ ကြေငြာပေးမယ်နော်

Stay tune ❤️😘

အားလုံးကို

ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယိ
ကျေးဇူးတင်ပါတယ် ရှင်

Address

Yangon

Telephone

+959250356985

Website

Alerts

Be the first to know and let us send you an email when Precious time with Khin Pa Pa Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram