Relax Yoga

Relax Yoga Change Your Lifestyle with Yoga !

ယောဂသမားတယောက်အတွက်တော့ နံရံတွေက စကားမပြောတဲ့ အကောင်းဆုံး အဖော်တွေပါပဲ …. 🙂**စာတွေ မရေးဖြစ်တာ အလုပ်တွေ များနေလို့ပါ လို့...
19/01/2026

ယောဂသမားတယောက်အတွက်တော့ နံရံတွေက စကားမပြောတဲ့ အကောင်းဆုံး အဖော်တွေပါပဲ …. 🙂

**
စာတွေ မရေးဖြစ်တာ အလုပ်တွေ များနေလို့ပါ လို့ 🥰

🧘 Namaste 🙏

Change Your Lifestyle with Relax Yoga

🌅🌙 မနက်ခင်းလား ညနေခင်းလား ယောဂ ဘယ်အချိန် လေ့ကျင့်သင့်သလဲ 🌙🌅ယောဂကျင့်တဲ့သူတွေ အမေးများတဲ့မေးခွန်းတခုကတော့…“ယောဂကို မနက်ပိ...
10/01/2026

🌅🌙 မနက်ခင်းလား ညနေခင်းလား ယောဂ ဘယ်အချိန် လေ့ကျင့်သင့်သလဲ 🌙🌅

ယောဂကျင့်တဲ့သူတွေ အမေးများတဲ့မေးခွန်းတခုကတော့…
“ယောဂကို မနက်ပိုင်း လေ့ကျင့်သင့်သလား၊ ညနေမှ ကျင့်သင့်သလားဆိုတာပါပဲ”

အဖြေကတော့… နှစ်ခုလုံးက အကျိုးရှိပါတယ်လို့ ​ဖြေချင်ပါတယ် ☺️
ဒါပေမယ့် ရည်ရွယ်ချက်ချင်းတော့ မတူနိုင်ဘူးပေါ့နော်
ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်လူနေမှု့ပုံစံနဲ့ ရည်မှန်းချက်ပေါ် မူတည်ပြီး ဘယ်အချိန် လေ့ကျင့်တာ ပိုသင့်တော်လဲဆိုတာ ပြောပြပေးသွားမယ်နော် 😊



🌅 မနက်ခင်းယောဂရဲ့ ကောင်းကျိုးများ

🧘‍♀️ ၁။ ခန္ဓာကိုယ်ကို သဘာဝအတိုင်း နှိုးဆော်ပေးခြင်း
အိပ်ရာထခါစအချိန် မှာ ကြွက်သားနဲ့ အဆစ်တွေ ကတောင့်တင်းနေတတ်ပါတယ်
Morning Yoga ပြုလုပ်ခြင်းက ခါး၊ တင်ပါး၊ ပခုံးတွေကို ဖြေးဖြေးချင်း ပြေလျော့စေပြီး တနေ့တာလှုပ်ရှားမှုအတွက် ပေါ့ပါးလန်းဆန်းစေမှာပါ ..

🔥 ၂။ စွမ်းအင်နဲ့ အာရုံစိုက်မှု့ကို မြှင့်တင်ပေးခြင်း
မနက်ခင်းယောဂကျင့်တာက သွေးလှည့်ပတ်မှုနဲ့ အောက်ဆီဂျင် စီးဆင်းမှုကို မြှင့်တင်ပေးပြီး ပိုနိုးကြားတက်ကြွ၊ စိတ်လန်းဆန်းပြီး စိတ်ကြည်လင်စေတဲ့ အကျိုးအာနိသင်ကို ရရှိစေမှာ ဖြစ်ပါတ​ယ်ရှင်

⏰ ၃။ စည်းကမ်းနဲ့ ရေရှည်လုပ်ဆောင်မှု စွမ်းရည် တည်ဆောက်ပေးခြင်း
မနက်ခင်းမှာ ယောဂနဲ့ စတင်တာက နေ့စဉ် လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်လာတဲ့အခါ ကျန်းမာရေးနဲ့ညီတဲ့ အလေ့အထ Healthy habit တည်ဆောက်ပြီးသား ဖြစ်စေပါတယ်
ညနေရောက်မှ လေ့ကျင့်ရင် ဘာတွေကြုံရတတ်လဲဆိုတော့ ပင်ပန်းတာ၊ အလုပ်များတာကြောင့် ယောဂကျင့်ဖို့ ပျက်ကွက်တတ်တာတွေ ရှိတတ်သူ ဆိုရင်တော့ သင့်အတွက် မနက်ပိုင်း လေ့ကျင့်ခြင်းက ပိုအဆင်ပြေစေမှာပဲ ဖြစ်ပါတယ်

🌞 အချုပ်အားဖြင့် ဆိုရရင် မနက်ခင်းက ဒီလိုလူတွေအတွက် သင့်တော်ပါတယ်နော်
• ညနေခင်းမှာ အလုပ်များတဲ့သူတွေ
• တနေ့တာအတွက် စွမ်းအင်နဲ့ အာရုံစူးစိုက်နိုင်တာ ပိုလိုချင်သူတွေ
• တနေ့တာကို Yoga နဲ့စတင်ပြီး နေ့စဉ်အလေ့အကျင့်ကောင်းတခုအဖြစ် တည်ဆောက်ချင်သူတွေ
အတွက်ကတော့ မနက်ခင်းက သင့်အတွက် excellent choice ပါပဲနော် 😉


🌙 ညနေခင်းယောဂရဲ့ ကောင်းကျိုးများ

😌 ၁။ တစ်နေ့တာဖိစီးမှုတွေကို ဖြေလျှော့ပေးခြင်း
တနေကုန် အလုပ်လုပ် လှုပ်ရှားသွားလာနေရတာတွေ၊ Screen Time များပြားမှုတို့ကြောင့် စုပြုံလာတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ညနေခင်းယောဂက လျှော့ချပေးနိုင်ပါတယ်

💤 ၂။ အိပ်စက်မှု့ ပိုကောင်းစေခြင်း
ပေါ့ပါးညင်သာတဲ့ ယောဂအာဿနတွေနဲ့ အသက်ရှူနည်း တွေပါတဲ့ ယောဂကျင့်စဉ်တွေက အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး ကောင်းမွန်စွာ အနားယူအိပ်စက်နိုင်အောင် ကူညီပေးပါလိမ့်မယ်

🧠 ၃။ Flexiablity ပိုကောင်းစေခြင်း
ညနေပိုင်းမှာ တနေ့ကုန် လှုပ်ရှားထားတာကြောင့် ခန္ဓာကိုယ်က warm up ဖြစ်နေပြီးသား အနေအထား ဖြစ်ပါတယ်
ဒါကြောင့် ကြွက်သားဒဏ်ရာ ရနိုင်ခြေ အန္တရာယ်နည်းတာကြောင့် ကြွက်သားတွေနာမှာ စိတ်ပူတဲ့သူတွေအတွက် ညနေပိုင်းလေ့ကျင့်ခြင်းက ပိုသင့်တော်ပါတယ်

🌜 ညနေခင်းက ဒီလိုလူတွေအတွက် သင့်တော်ပါတယ်ရှင့်
• စိတ်ဖိစီးမှု လျှော့ချလိုသူတွေ
• အိပ်မပျော်တာ (သို့) စိုးရိမ်ပူပန်မှုများသူတွေ
• အနားယူဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု့ ပြုလုပ်ပြီး အကြောတွေ ပြေလျော့ဖို့ လိုအပ်တဲ့သူတွေ

အတွက်ကတော့ ညနေခင်းအတန်းလေးက must be ပါရှင့် 🥰


🧠 ဒါဆို… ဘယ်အချိန်ကို ရွေးချယ်သင့်လဲ

✔ စွမ်းအင်နဲ့ စိတ်အားတက်ကြွမှု လိုချင်ရင် → မနက်ခင်းယောဂ
✔ အနားယူဖို့နဲ့ အိပ်စက်မှု ပိုကောင်းစေချင်ရင် → ညနေခင်းယောဂ

ကျမတို့ 𝐑𝐞𝐥𝐚𝐱 𝐘𝐨𝐠𝐚 မှာ morning class ရော၊ evening class ရော ရှိတာကြောင့် မိမိအဆင်ပြေတဲ့အတန်းကို ရွေးချယ် တက်ရောက်နိုင်ပါတယ်ရှင့် 🤗

Yoga ကို Certified Yoga Instructor တွေနဲ့ စနစ်တကျ လေ့ကျင့်ပြီး Lifestyle တစ်ခုကိုချိန်းချင်တယ်ဆိုရင်တော့ Relax Yogaကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ရှင့် 🥰

✨ Change Your Lifestyle With Relax Yoga ✨
Namaste 🙏
✨ 💕 🌿 🧘‍♂️ 😌 🕉️

𝐉𝐚𝐧 𝐎𝐧𝐥𝐢𝐧𝐞 𝐘𝐢𝐧 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 လေး ထွက်ပါပြီ ရှင် ..နှစ်သစ်မှာ ခန္ဓာကိုယ် ပျော့ပြောင်း ကျန်းမာ ကြံ့ခိုင်စေဖို့၊ စိတ်ဖိစီးမှု့ လ...
01/01/2026

𝐉𝐚𝐧 𝐎𝐧𝐥𝐢𝐧𝐞 𝐘𝐢𝐧 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 လေး ထွက်ပါပြီ ရှင် ..

နှစ်သစ်မှာ ခန္ဓာကိုယ် ပျော့ပြောင်း ကျန်းမာ ကြံ့ခိုင်စေဖို့၊ စိတ်ဖိစီးမှု့ လျှော့ချဖို့အတွက်ဆိုရင် ဒီအတန်းလေး join ပါနော် ..

𝐘𝐢𝐧 က 𝐟𝐞𝐦𝐢𝐧𝐢𝐧𝐞 𝐞𝐧𝐞𝐫𝐠𝐲၊ 𝐑𝐞𝐬𝐭𝐨𝐫𝐚𝐭𝐢𝐯𝐞 𝐘𝐨𝐠𝐚 အမျိုးအစားဖြစ်ပြီး၊
အပြင်က လာတဲ့ 𝐏𝐫𝐚𝐧𝐚 (𝐋𝐢𝐟𝐞 𝐟𝐨𝐫𝐜𝐞 𝐞𝐧𝐞𝐫𝐠𝐲)ကို စုပ်ယူမှု့ အားကောင်းစေဖို့နဲ့ 𝐄𝐧𝐞𝐫𝐠𝐲 𝐝𝐫𝐚𝐢𝐧 ကို ကာကွယ်ဖို့အတွက် ဒီအတန်းလေးက သင့်ကို အပြည့်အဝ support ပေးသွားမှာ ဖြစ်ပါတယ် ..

ကိုယ်၊ စိတ်၊ ဝိဥာဉ် သုံးပိုင်းစလုံးကို 𝐀𝐥𝐢𝐠𝐧 ဖြစ်စေတာမို့ အတန်းချိန် တချိန် ပြီးသွားတဲ့အခါတိုင်း စိတ်ရဲ့ လွတ်မြောက် အနားရမှု့ကို ကြိုက်သူတွေကတော့ 𝐘𝐢𝐧 𝐘𝐨𝐠𝐚 ကို နှစ်ခြိုက်စွာနဲ့ လစဥ် မပျက်မကွက် ဆက်လက် လေ့ကျင့်ကြပါတယ်နော် 😊 (𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐚𝐥𝐥🙏)

သင့်အတွက် လိုအပ်တာက
𝐁𝐨𝐝𝐲 𝐉𝐨𝐢𝐧𝐭 တွေ အားရှိဖို့ (ဖွင့်ထုတ်ဖို့)၊
𝐉𝐨𝐢𝐧𝐭 တွေမှာ ဆက်သွယ်နေတဲ့ 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐞 𝐓𝐢𝐬𝐬𝐮𝐞 တွေ 𝐟𝐥𝐞𝐱𝐢𝐛𝐥𝐞 ဖြစ်ဖို့၊
ပိနေတဲ့ 𝐒𝐭𝐫𝐞𝐬𝐬 တွေ လျှော့ဖို့ လိုတယ်ဆိုရင်တော့ 𝐘𝐢𝐧 က သင့်အတွက်ပါပဲ လို့ ပြောပါရစေ ☺️

𝐘𝐢𝐧 𝐘𝐨𝐠𝐚ရဲ့ Point of View ဖြစ်တဲ့ 𝐁𝐫𝐞𝐚𝐭𝐡𝐢𝐧𝐠 ကို 𝐟𝐨𝐜𝐮𝐬 ထားပြီး 𝐏𝐫𝐞𝐬𝐞𝐧𝐭 𝐌𝐨𝐯𝐞𝐦𝐞𝐧𝐭 မှာ ရှင်သန် နေထိုင်ကြပါစို့!

𝐖𝐞𝐥𝐜𝐨𝐦𝐞 𝟐𝟎𝟐𝟔 💪

Online with Zoom

𝐂𝐡𝐚𝐧𝐠𝐞 Your Lifestyle with Relax Yoga

Namaste 🙏

01/01/2026

𝐖𝐞𝐥𝐜𝐨𝐦𝐞 𝟐𝟎𝟐𝟔!

နှစ်သစ်မှစ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်း စတဲ့ သုခအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်တနှစ် ဖြစ်ကြပါစေ လို့ Relax Yoga မိသားစုမှ နွေးထွေးစွာ ဆုတောင်း မေတ္တာပို့သအပ်ပါတယ် ရှင် 🥰💛

Namaste 🙏

𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐒𝐭𝐮𝐝𝐢𝐨 𝐂𝐥𝐚𝐬𝐬Yoga ကို အပြင်မှာ သင်ရမှ ကျေနပ်အားရတဲ့ yogiလေးတွေအတွက် တလပြတ် 𝐉𝐚𝐧 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 လေး 𝐞𝐧𝐫𝐨𝐥𝐥 လုပ်လို့ရ...
31/12/2025

𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐒𝐭𝐮𝐝𝐢𝐨 𝐂𝐥𝐚𝐬𝐬

Yoga ကို အပြင်မှာ သင်ရမှ ကျေနပ်အားရတဲ့ yogiလေးတွေအတွက် တလပြတ် 𝐉𝐚𝐧 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 လေး 𝐞𝐧𝐫𝐨𝐥𝐥 လုပ်လို့ရပါပြီရှင် …

𝐉𝐚𝐧 𝟑 𝐭𝐨 𝟐𝟓
𝟖 𝐬𝐞𝐬𝐬𝐢𝐨𝐧𝐬
𝐒𝐚𝐭 & 𝐒𝐮𝐧
𝟏𝟏:𝟎𝟎 𝐭𝐨 𝟏𝟐:𝟎𝟎 𝐀𝐌
𝐅𝐞𝐞: 𝟏𝟐𝟎𝟎𝟎𝟎 Ks

🏠
၇/၈ လမ်းဆုံအနီး
𝐍𝐨 291. Bo Moe Kyoe Street, 9Ward, East Dagon
Just a 5-minute drive from Pinlon Hospital
📞09892780076

**

𝐂𝐡𝐚𝐧𝐠𝐞 𝒴ℴ𝓊𝓇 ℒ𝒾𝒻ℯ𝓈𝓉𝓎𝓁ℯ 𝐖𝐢𝐭𝐡 Relax Yoga

𝐃𝐞𝐜 𝟑𝟎 မှ 𝐉𝐚𝐧 𝟐 ရက်နေ့အထိ သင်တန်း နှစ်ကူးပိတ်ရက်ဖြစ်ပါတယ် ရှင် ..နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန်မ...
30/12/2025

𝐃𝐞𝐜 𝟑𝟎 မှ 𝐉𝐚𝐧 𝟐 ရက်နေ့အထိ သင်တန်း နှစ်ကူးပိတ်ရက်ဖြစ်ပါတယ် ရှင် ..

နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန်မှာ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်အတူ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြစေဖို့ Relax Yoga မိသားစုမှ ဆုမွန်ကောင်း တောင်းပါတယ်ရှင်

Namaste 🙏

ယောဂကို အခြေခံမှ စပြီး စေးစေးပိုင်ပိုင် လေ့ကျင့်ချင်သူတွေအတွက် 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 သီးသန့် လပြတ် 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 လေး ဖွင့်ပေးလိုက်ပါပြ...
29/12/2025

ယောဂကို အခြေခံမှ စပြီး စေးစေးပိုင်ပိုင် လေ့ကျင့်ချင်သူတွေအတွက် 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 သီးသန့် လပြတ် 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 လေး ဖွင့်ပေးလိုက်ပါပြီ ..

လပြတ်တန်း ဖြစ်လို့ အစမှ အဆုံးတိုင် body ကို ဖြည်းဖြည်းချင်း 𝐢𝐦𝐩𝐫𝐨𝐯𝐞 ဖြစ်လာအောင်၊
𝐘𝐨𝐠𝐚 ရဲ့ အနှစ်သာရကို နှလုံးသားထဲက ခံစားမိလာတဲ့အထိ သွားကြမယ့် တလတာ 𝐲𝐨𝐠𝐚 𝐣𝐨𝐮𝐫𝐧𝐞𝐲 လေးမှာ လိုက်ပါ စီးမျောဖို့ အဆင်သင့်ဖြစ်ကြပြီလားရှင် .. 🤗

နှစ်သစ်မှာ စိတ်ရှုပ်စရာတွေကို မေ့လိုက်ပြီး၊
ကိုယ့်ကိုကိုယ် 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 လုပ်ဖို့ 𝐫𝐞𝐚𝐝𝐲 ဖြစ်ပြီဆိုရင် ကျမတို့ရဲ့ page messenger မှာ 𝐇𝐢 လိုက်ပါနော် .. 😉

ကျမတို့ဘက်ကလည်း နှစ်သစ်မှာ အကောင်းဆုံး ယောဂကျင့်စဉ်တွေကို ဝေမျှဖို့ အဆင်သင့် ဖြစ်နေပါပြီ ရှင် 🥰

𝐂𝐡𝐚𝐧𝐠𝐞 𝒴ℴ𝓊𝓇 ℒ𝒾𝒻ℯ𝓈𝓉𝓎𝓁ℯ 𝐖𝐢𝐭𝐡 Relax Yoga

𝐍𝐚𝐦𝐚𝐬𝐭𝐞 🙏

🚫ယောလေ့ကျင့်တဲ့အခါ လောဘနဲ့ မကျင့်ဖို့လိုတယ် ..Yoga Asana တွေ ပြုလုပ်တဲ့အခါ ပြုလုပ်လိုစိတ် Motivation က ကောင်းပါတယ်ဒါပေမယ...
28/12/2025

🚫ယောလေ့ကျင့်တဲ့အခါ လောဘနဲ့ မကျင့်ဖို့လိုတယ် ..

Yoga Asana တွေ ပြုလုပ်တဲ့အခါ ပြုလုပ်လိုစိတ် Motivation က ကောင်းပါတယ်
ဒါပေမယ့် အဲဒီအတွက် body က 𝐫𝐞𝐚𝐝𝐲 ဖြစ်နေဖို့တော့ လိုပါတယ်

လုံလောက်တဲ့ 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 နဲ့ 𝐅𝐥𝐞𝐱𝐢𝐛𝐢𝐥𝐢𝐭𝐲 မရသေးပါပဲ Advance Posture တွေ ရလိုဇောနဲ့ မရမချင်း ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်းက 𝐁𝐨𝐝𝐲 𝐏𝐚𝐢𝐧 ဖြစ်စေပြီး အခန့်မသင့်ရင် 𝐈𝐧𝐣𝐮𝐫𝐲 ရနိုင်တဲ့အပြင် စိတ်ကိုပါ stress ပိစေပါတယ် ..

ဒါက လုံးဝကို ယောဂလေ့ကျင့်ခြင်းရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုး ဖြစ်ပါတယ် နော်

ဒါကြောင့်
တဆက်တည်း ပြောရမှာက

🚫ယောဂကို ဒေါသနဲ့လည်း မကျင့်ပါနဲ့

Advance Pose လှလှလေး ရလိုစိတ်က လောဘဖြစ်ပြီး၊ မရတဲ့အခါ ထပ်တလဲလဲ လေ့ကျင့်ရင်း စိတ်တွေပူလောင် မွန်းကျပ်ပြီး ကိုယ့်ကို ကိုယ် အားမလို အားမရနဲ့ ဒေါသစိတ်နဲ့အတူ အားငယ်တတ်ပါသေးတယ် ..

🚫”သူတို့ကျတော့ ရပြီး ငါကျ ဘာလို့ မရလဲ” ပေါ့နော်
တနည်းအားဖြင့် ပြောရရင် ယှဉ်ပြိုင်လိုစိတ်ပေါ့နော် ..
ယှဉ်ပြိုင်လိုစိတ်ကြောင့် ကြိုးစားဖြစ်တာ ကောင်းပေမယ့် အဲ့အတွက် ကိုယ့်စိတ်နဲ့ခန္ဓာကို ညှင်းဆဲနေတာတော့ တကယ်မကောင်းပါဘူး
ဒါက လိုလည်း မလိုအပ်ပါဘူး ..

**
💢ယောဂလုပ်တာ social media မှာ ပုံရိုက်တင်ဖို့ထက် ကိုယ့်ခန္ဓာကိုယ်ကြီး တကယ့်လက်တွေ့ဘဝမှာ
✅ကျန်းမာ ကြံ့ခိုင် ပေါ့ပါးနေဖို့
✅စိတ်ပိုင်းဆိုင်ရာ အေးချမ်းဖို့နဲ့
✅စိတ်ခံစားချက်တွေ ကောင်းနေဖို့သာ လိုရင်း ဖြစ်ပါတယ် ..

**
ဒါကြောင့်
ယောဂလေ့ကျင့်နေရင်း လမ်းတဝက်ရောက်လို့ ကိုယ့်စိတ်က သူတပါးလွှမ်းမိုးမှု့အောက် ရောက်နေခဲ့ရင် မိမိ ယောဂလေ့ကျင့်ခြင်းရဲ့ မူလအစ ရည်ရွယ်ချက်ကို ပြန်သတိရပါ ..

🧘‍♀️ကျမတို့ ယောဂလေ့ကျင့်ခြင်းဟာ ကျမတို့ကိုယ်တိုင် နုပျိုဖို့၊ ကျန်းမာဖို့၊ စိတ်ငြိမ်းချမ်းချင် လို့ပဲ ဖြစ်ပါတယ် ..

**

ဒါကြောင့်
ယောဂကျင့်တဲ့အခါ
🙅🏻‍♂️လောဘနဲ့လည်း မကျင့်ပါနဲ့
🙅🏻‍♂️ဒေါသနဲ့လည်း မကျင့်ပါနဲ့
🙅🏻‍♂️ယှဉ်ပြိုင်လိုစိတ်နဲ့လည်း မကျင့်ပါနဲ့

♻️မိမိကိုယ်ကို ဗဟိုထားပြီး
ကိုယ်နဲ့စိတ် တသားတည်းဖြစ်စေဖို့၊ Healthy Lifestyle ရဖို့သာ အဓိက ထား ကြိုးစားကြစေချင်ပါတယ် ..

မေတ္တာဖြင့်
𝐘𝐨𝐠𝐚 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 May May Thel Nu

𝐂𝐡𝐚𝐧𝐠𝐞 𝒴ℴ𝓊𝓇 ℒ𝒾𝒻ℯ𝓈𝓉𝓎𝓁ℯ 𝐖𝐢𝐭𝐡 Relax Yoga
Yoga Instructor May May Thel Nu

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞!
25/12/2025

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞!

ကမ္ဘာပေါ်က ရှိသမျှ ခေါင်းအုံးတွေထဲက အကောင်းခေါင်းအုံး 😊ဒီလို ခေါင်းအုံးမျိုး အုံးအိပ်နိုင်ရင် ဆေးရုံ ဆေးခန်း တော်ရုံ ခြေ...
20/12/2025

ကမ္ဘာပေါ်က ရှိသမျှ ခေါင်းအုံးတွေထဲက အကောင်းခေါင်းအုံး 😊

ဒီလို ခေါင်းအုံးမျိုး အုံးအိပ်နိုင်ရင် ဆေးရုံ ဆေးခန်း တော်ရုံ ခြေဦးလှည့်စရာ မလိုတော့ဘူး 😀✌️

**

𝐂𝐡𝐚𝐧𝐠𝐞 𝒴ℴ𝓊𝓇 ℒ𝒾𝒻ℯ 𝒮𝓉𝓎𝓁ℯ 𝐖𝐢𝐭𝐡 Relax Yoga

15/12/2025

𝐘𝐨𝐠𝐚 မှာ Twisting က အရေးပါ ပါတယ် ..

ကျောရိုး ပျော့ပြောင်း သန်မာစေပြီး Nervous System capacity ကို အားဖြည့်ပေးပါတယ် ..

အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို သန့်စင်ပေးတာကြောင့် အဆိပ်အတောက် ကင်းစင်ပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိစေပါတယ် ..

တခုရှိတာက Twisting တွေက body ကို active ဖြစ်စေတာမို့ အိပ်စက်ချိန်နဲ့ နီးကပ်ပြီး မလေ့ကျင့်သင့်ပါဘူး ..

မနက်ခင်းပိုင်းမှာ 𝐓𝐰𝐢𝐬𝐭𝐢𝐧𝐠 လေ့ကျင့်ခြင်းက တနေ့တာလုံး 𝐞𝐧𝐞𝐫𝐠𝐢𝐳𝐞 ဖြစ်စေတာမို့
Yoga Twisted တွေ လေ့ကျင့်မယ်ဆိုရင် မနက်ခင်းပိုင်းက အသင့်တော်ဆုံးပါပဲ နော် .. 😊

Namaste 🙏


✨ 𝐂𝐡𝐚𝐧𝐠𝐞 𝒴ℴ𝓊𝓇 ℒ𝒾𝒻ℯ 𝒮𝓉𝓎𝓁ℯ 𝐖𝐢𝐭𝐡 Relax Yoga ✨




🧠✨ အာရုံကြောစနစ်နှင့် ယောဂ ရဲ့ ဆက်နွယ်မှု့Yoga Practiceတွေက အာရုံကြောစနစ် တခုလုံးကို နားလည်နေသလား ထင်မှတ်ရလောက်အောင် အာရ...
14/12/2025

🧠✨ အာရုံကြောစနစ်နှင့် ယောဂ ရဲ့ ဆက်နွယ်မှု့

Yoga Practiceတွေက အာရုံကြောစနစ် တခုလုံးကို နားလည်နေသလား ထင်မှတ်ရလောက်အောင် အာရုံကြောစနစ်ကို ထိရောက် ကောင်းမွန်စေတာပါရှင်
ဒီလိုပြောလို့ Yoga ကို အခုမှစလုပ်ဖို့ စိတ်ကူးနေတဲ့ သူတွေအနေနဲ့ ဟုတ်ရောဟုတ်ပါ့မလားဆိုပြီး တွေးကောင်း တွေးမိနိုင်ပါတယ်

ဒီလိုအတွေးတွေကို ဖယ်ထုတ်ပေးဖို့ သုတေသန စာတမ်းတွေက ယနေ့ခေတ်မှာ အခိုင်အမာ ရှိနေတာမို့ အင်တာနက်အသုံးပြုရုံနဲ့ အလွယ်တကူ လေ့လာလို့ ရနေပါပြီနော်
အချို့ကို ကောက်နှုတ်ဖော်ပြပေးရရင် ……,

**
𝟏/🌿 𝐃𝐞𝐞𝐩 𝐑𝐞𝐬𝐭 အပြည့်အဝ အနားယူရစေခြင်း

ယောဂမှာ ပါဝင်တဲ့ Pranayama လို့ခေါ်တဲ့ အသက်ရှူကျင့်စဉ်တွေက Parasympathetic Nervous System (Rest & Digest Mode) ကို လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပါတယ်

မှန်ကန်တဲ့ အသက်ရှူနည်းစနစ်တွေကြောင့် 𝐞𝐧𝐞𝐫𝐠𝐲 𝐟𝐥𝐨𝐰𝐢𝐧𝐠 ကောင်းမွန်ပြီး ဖိစီးမှု့ကင်းသော ခံစားချက်က သင့်ရဲ့ အာရုံကြောစနစ်ကို အပြည့်အဝ အနားရစေမှာပဲ ဖြစ်ပါတယ်

𝟐/⚡ 𝐅𝐢𝐠𝐡𝐭 or 𝐅𝐥𝐢𝐠𝐡𝐭 #တုံ့ပြန်မှု့ ထိန်းနိုင်ခြင်း

ခန္ဓာကိုယ် လှုပ်ရှားမှု့မှာ သတိထည့် လေ့ကျင့်ရတဲ့ ယောဂအလေ့အကျင့်က နေ့စဉ် ကြုံတွေ့နေကြရတဲ့ ဖိစီးမှု့နဲ့အတူ တုံ့ပြန်လွယ်တဲ့ သင့်ရဲ့ ခံစားချက်နဲ့ အပြုအမူတွေကို handle လုပ်နိုင်ဖို့ အတွက် အကောင်းဆုံး ကူညီနိုင်မှာလည်း ဖြစ်ပါတယ်

𝟑/💓 𝐁𝐨𝐝𝐲/ 𝐌𝐢𝐧𝐝 & 𝐒𝐩𝐢𝐫𝐢𝐭 ချိတ်ဆက်မှု့ အားကောင်းစေခြင်း

ယောဂကျင့်စဉ်တွေကို စတင်လိုက်ခြင်းက တနည်းအားဖြင့် သင့်ရဲ့ 𝐈𝐧𝐧𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲 ကို စတင်လိုက်ခြင်းပဲ ဖြစ်ပါတယ် ..
ယောဂက ခန္ဓာကိုယ်ရဲ့ သတင်းစကားကို နားထောင်တတ်အောင် သင်ကြားပေးတာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်နဲ့ တောင်းဆိုမှု့၊ စိတ်အတွေးတွေရဲ့ နက်ရှိုင်းမှု့ကို ကောင်းစွာ သဘောပေါက် နားလည် ခံစားလာနိုင်တာကြောင့်
ကိုယ့်စိတ်နဲ့ ကိုယ့် ကိုယ် သဟဇာတဖြစ်စွာနဲ့ လက်ရှိ present moment တိုင်းကို လက်ခံ ရှင်သန်နိုင်စွမ်း ပိုမို မြင့်မားလာမှာလည်း ဖြစ်ပါတယ်

𝟒/🛌 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐒𝐥𝐞𝐞𝐩
ညနေခင်းမှာ ညင်သာစွာ ယောဂလေ့ကျင့်ခြင်းက အာရုံကြောစနစ်ကို ငြိမ်သက် အနားရစေပြီး ညဘက်မှာ ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် …

****

ဒါတွေကတော့ ယောဂကျင့်စဉ်တွေနဲ့ အာရုံကြောစနစ်နဲ့ ချိတ်ဆက်နေပုံကို သုတေသန စာတမ်းတွေမှတဆင့် ကောက်နှုတ် တင်ပြပေးထားခြင်းပဲ ဖြစ်ပါတယ်

တကယ်လို့ လက်တွေ့ Yoga လေ့ကျင့်မယ် ဆိုရင်တော့ Certified Yoga Instructor တွေနဲ့ အတူ စနစ်တကျ လေ့ကျင့်နိုင်တဲ့ ကျမတို့ရဲ့ 𝐑𝐞𝐥𝐚𝐱 𝐘𝐨𝐠𝐚 မှာ သင့်ဘဝကို သင်ကိုယ်တိုင် ပြောင်းလဲဖို့ ကြိုဆိုနေပါတယ်နော် 😙

Namaste 🙏

✨ 𝐂𝐡𝐚𝐧𝐠𝐞 𝒴ℴ𝓊𝓇 ℒ𝒾𝒻ℯ 𝒮𝓉𝓎𝓁ℯ 𝐖𝐢𝐭𝐡 Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

Address

Bo Moe Gyoe Street
Yangon
11421

Alerts

Be the first to know and let us send you an email when Relax Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category