Academy Hospital Myanmar

Academy Hospital Myanmar ACADEMY HOSPITAL FOR YOUR HEALTH !!

🌍World Tuberculosis(TB) Day🌍✨ယနေ့ မတ်လ (၂၄)ရက်နေ့သည် “World Tuberculosis(TB) Day” ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ “Yes!...
24/03/2026

🌍World Tuberculosis(TB) Day🌍
✨ယနေ့ မတ်လ (၂၄)ရက်နေ့သည် “World Tuberculosis(TB) Day” ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ “Yes! We can End TB:Led by countries, powered by people.” ဖြစ်ပါတယ်ရှင့်
🫁တီဘီရောဂါဟာ ကူးစက်ရန်လွယ်ကူသော်လည်း ကုသနိုင်တဲ့ရောဂါ တစ်ခုဖြစ်ပါတယ်။ မိမိမှာ အချိန်ကြာရှည်စွာ ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန် လျော့နည်းခြင်း၊ အားနည်းပြီး နာကျင်မှုများရှိလာပါက လျစ်လျူမရှုဘဲ ဆရာဝန်နှင့်ပြသပြီး ကုသမှုခံယူပါ။
💉တီဘီရောဂါသည် အများပြည်သူ ကျန်းမာရေးအတွက် အဓိကပြဿနာ ဖြစ်နေသေးသော်လည်း ပညာပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကုသမှုများဖြင့် တီဘီရောဂါကို လျော့ချနိုင်ပါတယ်။
🩺ကျွန်ုပ်တို့ တစ်ဦးချင်းစီရဲ့ သတိထားမှုလေးတွေက တီဘီကင်းရှင်းတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်ပါတယ်။
✨ဒီနေ့မှာတော့ တီဘီကင်းစင်ပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်ပေးလိုက်ပါတယ်ရှင့်💌🎀



🌍 World Down Syndrome Day🌍💙 ယနေ့ မတ်လ (၂၁)ရက်နေ့သည် “World Down Syndrome Day” ဖြစ်ပြီး လူနာများနှင့် မိသားစုများအတွက် နာ...
21/03/2026

🌍 World Down Syndrome Day🌍
💙 ယနေ့ မတ်လ (၂၁)ရက်နေ့သည် “World Down Syndrome Day” ဖြစ်ပြီး လူနာများနှင့် မိသားစုများအတွက် နားလည်မှုနှင့် လက်ခံမှုကို မြှင့်တင်ပေးရန် ရည်ရွယ်ထားသော နေ့တစ်နေ့ ဖြစ်ပါတယ်။
💛Down Syndrome ဆိုတာ ကူးစက်ရောဂါမဟုတ်ပါဘူး။ ကလေးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆုန်းကွာခြားမှုကြောင့် ဖြစ်လာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
✨သူတို့အတွက် အရေးကြီးဆုံးကတော့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်း
နဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ တန်းတူအခွင့်အရေးများ ရရှိခြင်းဖြစ်ပါတယ်။
👶🏻ဒီလိုကလေးများမှာ ဖွံ့ဖြိုးမှုနည်းနည်းနှေးနိုင်ပေမယ့် သူတို့လည်း အခြားကလေးများလိုပဲ ချစ်တတ်ကြတယ်၊ သင်ယူနိုင်ကြတယ်၊ ကိုယ့်ဘဝကို တန်ဖိုးရှိအောင် ဖြတ်သန်းနိုင်ကြပါတယ်။
🤝မိဘများအတွက် အရေးကြီးတာက စောစီးစွာ လေ့ကျင့်ပေးခြင်း၊ သင့်တော်တဲ့ ပညာရေးနဲ့ ပြုစုစောင့်ရှောက်မှုတွေကို ဆက်လက်ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။
✨နားလည်မှုတစ်ခု၊ လက်ခံမှုတစ်ခုက ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်ပါတယ်။
ဒီနေ့မှာတော့ မတူညီမှုကို လက်ခံပြီး လူတိုင်းတန်းတူ အခွင့်အရေးရရှိကြပါစေလို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်ပေးလိုက်ပါတယ်ရှင့်💙🧦



မင်္ဂလာပါရှင့်🎀✨ ဒီနေ့မှာတော့ စိတ်ကျန်းမာပျော်ရွှင်ဖို့ ဘယ်လိုနေထိုင်ရမလဲ ဆိုတဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်ရှင့်…🧠 လ...
17/03/2026

မင်္ဂလာပါရှင့်🎀
✨ ဒီနေ့မှာတော့ စိတ်ကျန်းမာပျော်ရွှင်ဖို့ ဘယ်လိုနေထိုင်ရမလဲ ဆိုတဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်ရှင့်…
🧠 လူတစ်ယောက်ရဲ့ ကျန်းမာရေးဆိုတာ ကိုယ်ခန္ဓာကျန်းမာရေးတစ်ခုတည်းမဟုတ်ပါဘူး။ စိတ်ကျန်းမာရေးကလည်း အလွန်အရေးကြီးပါတယ်။ စိတ်ကျန်းမာမှသာ နေ့စဉ်ဘဝကို အားအင်ပြည့်ဝစွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ရှင့်
စိတ်ကျန်းမာပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ နည်းလမ်းလေးတွေကတော့-
☀️ (၁) အိပ်ရေးဝအောင် အိပ်ပါ
နေ့တိုင်း ၇-၈ နာရီခန့် အိပ်စက်ပေးခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်အေးချမ်းစေပါတယ်။
🚶 (၂) ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
နေ့စဉ် လမ်းလျှောက်ခြင်း၊ အားကစားလုပ်ခြင်းတို့က စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။
👨‍👩‍👧‍👦 (၃) မိသားစု၊ သူငယ်ချင်းများနှင့် ရင်းနှီးစွာဆက်ဆံပါ
မိသားစု၊ မိတ်ဆွေများနဲ့ စကားပြောခြင်း၊ အချိန်ပေးခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။
📵 (၄) ဖုန်းအသုံးပြုချိန်ကို လျော့ချပါ
Social media ကို အလွန်အကျွံအသုံးပြုခြင်းက စိတ်ပင်ပန်းမှု ဖြစ်စေနိုင်ပါတယ်။
🌿 (၅) ကိုယ့်အတွက် အနားယူချိန်ပေးပါ
စာဖတ်ခြင်း၊ သဘာဝကို ကြည့်ရှုခြင်း၊ သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်းတို့က စိတ်ကို တည်ငြိမ်စေပါတယ်။
💬 (၆) စိတ်ဖိစီးမှုရှိလာပါက မျှဝေပြောဆိုပါ
ယုံကြည်ရတဲ့သူများနဲ့ ပြောဆိုခြင်းက စိတ်ပေါ့ပါးစေပါတယ်။ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများကိုလည်း တိုင်ပင်နိုင်ပါတယ်။
✨ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်ကျန်းမာပျော်ရွှင်သောဘဝကို တည်ဆောက်နိုင်ကြပါစေလို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်💌

#စိတ်ကျန်းမာပျော်ရွှင်အောင်နေထိုင်နည်း

World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)🌍ယနေ့ မတ်လ (၁၂) ရက်နေ့သည် “World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)” ဖြစ်ပါတယ်ရှင့်…📌ယ...
12/03/2026

World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)
🌍ယနေ့ မတ်လ (၁၂) ရက်နေ့သည် “World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)” ဖြစ်ပါတယ်ရှင့်…
📌ယခုနှစ် “World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)”အတွက်ဆောင်ပုဒ်ကတော့ “Kidney Health for All – Caring for People, Protecting the Planet” ဖြစ်ပြီး “လူသားအားလုံး ကျောက်ကပ်ကိုလည်း စောင့်ရှောက်၊ ကမ္ဘာမြေကိုလည်းကာကွယ်”နိုင်ရန်အတွက် ရည်ရွယ်ပါတယ်ရှင့်
👨🏻‍⚕️ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို စစ်ထုတ်ပေးပြီး ရေဓာတ်နှင့် ဆားဓာတ်ညှိနှိုင်းမှုကို ထိန်းသိမ်းပေးသော အရေးကြီးအင်္ဂါတစ်ခုဖြစ်ပါသည်။
🩺ကျောက်ကပ်ရောဂါများသည် အစောပိုင်းတွင် လက္ခဏာမပြဘဲ ဖြစ်နိုင်သဖြင့် စောစီးစွာ စစ်ဆေးခြင်းနှင့် ကျန်းမာသော နေထိုင်မှုပုံစံကို လိုက်နာခြင်းသည် အရေးကြီးပါသည်။
💧ရေလုံလောက်စွာသောက်ခြင်း၊
🧂ဆားများသော အစားအစာများကို လျှော့စားခြင်း၊
🚬ဆေးလိပ်နှင့်အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊
🩸သွေးပေါင်ချိန်နှင့် သွေးချိုကို ထိန်းချုပ်ခြင်း၊
💊ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးခြင်း၊
🏃🏻‍♂️ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်း တို့ဖြင့် ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ကြပါစို့!
🌍ကမ္ဘာပေါ်ရှိ လူသားအားလုံး ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်✨💌



💐International Women’s Day 💐🎀ယနေ့ကျရောက်သော မတ်လ (၈) ရက်နေ့တွင် အမျိုးသမီးများ၏ အောင်မြင်မှုများ၊ ကြိုးစားအားထုတ်မှုများ...
08/03/2026

💐International Women’s Day 💐

🎀ယနေ့ကျရောက်သော မတ်လ (၈) ရက်နေ့တွင် အမျိုးသမီးများ၏ အောင်မြင်မှုများ၊ ကြိုးစားအားထုတ်မှုများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အရေးပါသော အခန်းကဏ္ဍများကို ဂုဏ်ပြုအသိအမှတ်ပြုသော “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ဖြစ်ပါတယ်ရှင့်✨

👱🏼‍♀️၂၀၂၆ ခုနှစ်အတွက် “Give To Gain” ဟူသော ဆောင်ပုဒ်သည် အမျိုးသမီးများအား အခွင့်အလမ်းများ၊ ပညာရေး၊ အားပေးမှုနှင့် လေးစားမှုများ ပေးကမ်းသည့်အခါ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို ဖော်ပြထားပါသည်။ အမျိုးသမီးများကို အားပေးမြှင့်တင်ခြင်းသည် မိသားစုတစ်ခု၊ လူမှုအသိုင်းအဝိုင်းတစ်ခုနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

👱🏻‍♀️အမျိုးသမီးများသည် မိသားစုအတွင်း မိခင်၊ သမီး၊ အစ်မ၊ ညီမတို့အဖြစ်သာမက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင်လည်း အရေးပါသော အင်အားတစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိကြပါသည်။

✨အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားကာ တန်းတူညီမျှမှုကို အားပေးမြှင့်တင်ပြီး အမျိုးသမီးများ၏ စွမ်းရည်များကို ထောက်ပံ့အားပေးကြပါစို့!

အမျိုးသမီးများအားလုံး ကျန်းမာချမ်းသာ၍ အောင်မြင်ပျော်ရွှင်ကြပါစေ။✨🎀


🌾ယနေ့ မတ်လ(၂)ရက်နေ့တွင် ကျရောက်သော (၆၄)ကြိမ်မြောက် “တောင်သူလယ်သမားနေ့”တွင် ကျေးဇူးရှင် တောင်သူဦးကြီးများ အားလုံးကို ဦးညွ...
02/03/2026

🌾ယနေ့ မတ်လ(၂)ရက်နေ့တွင် ကျရောက်သော (၆၄)ကြိမ်မြောက် “တောင်သူလယ်သမားနေ့”တွင် ကျေးဇူးရှင် တောင်သူဦးကြီးများ အားလုံးကို ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
🌾မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ တောင်သူလယ်သမားဦးကြီးများအားလုံး ကောက်ပဲသီးနှံ အထွက်တိုးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။💌

#တောင်သူလယ်သမားနေ့

🌕၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တပေါင်းလပြည့်နေ့ အခါသမယတွင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်း...
02/03/2026

🌕၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တပေါင်းလပြည့်နေ့ အခါသမယတွင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း “အကယ်ဒမီဆေးရုံ”မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်✨

#တပေါင်းလပြည့်နေ့

မင်္ဂလာပါရှင်✨အကယ်ဒမီဆေးရုံတွင်.....👩‍⚕️အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ယူလိုသူများ ၊👩‍⚕️မည်သည့်ဆရာဝန်နှင့်ပြသရ...
23/02/2026

မင်္ဂလာပါရှင်✨

အကယ်ဒမီဆေးရုံတွင်.....
👩‍⚕️အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ယူလိုသူများ ၊
👩‍⚕️မည်သည့်ဆရာဝန်နှင့်ပြသရမည်ကို အတိအကျမသိသောသူများအတွက်
☎️ဖုန်းနံပါတ် : 09 948212886 , 09 948212887 , 09 948212889 ,
Hotline ☎️018-212886,212887,212889(ext-165/166), 018-212890 များကို မနက် 8 နာရီမှ ညနေ 6 နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်...💁‍♀️

🏥အမှတ် ၃၃၅၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့
📩Email: academyhospital.ygn@gmail.com
🌏website: https://www.academyhospitalmyanmar.com/



🏮🎈Happy Chinese New Year🎈🏮ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးအခါသမယတွင်မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာ၍ စီးပွားရေးတိုးတက်...
17/02/2026

🏮🎈Happy Chinese New Year🎈🏮
ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးအခါသမယတွင်
မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာ၍ စီးပွားရေးတိုးတက်ကောင်းမွန်ကြပါစေကြောင်း
“အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨
(Gong Xi Fa Cai) 🧧🎊



🇲🇲"ပြည်ထောင်စုနေ့"🇲🇲ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော "(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့"အား''အကယ်ဒမ...
12/02/2026

🇲🇲"ပြည်ထောင်စုနေ့"🇲🇲

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော "(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့"အား
''အကယ်ဒမီဆေးရုံ'' မိသားစုမှဂုဏ်ပြုကြိုဆိုအပ်ပါသည်။




Laparoscopic Surgery(မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း)မင်္ဂလာပါရှင်✨💁‍♀️အကယ်ဒမီဆေးရုံမှာ Laparoscopic မှန်ပြောင်းဖြင့် ခ...
09/02/2026

Laparoscopic Surgery(မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း)

မင်္ဂလာပါရှင်✨
💁‍♀️အကယ်ဒမီဆေးရုံမှာ Laparoscopic မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနည်းပညာဖြင့် လူနာများအား ခွဲစိတ်ကုသပေးနေပြီဖြစ်ပါသည်။
အူအတက်ရောင်ရောဂါ၊ သည်းခြေအိတ်ဝေဒနာရှင်များ၊ အကျိတ် စသည့်ဝမ်းဗိုက်အတွင်းရှိ ရောဂါအမျိုးမျိုးကို အရင်လို ခွဲစရာမလိုအပ်တော့ဘဲ ဝမ်းဗိုက်တွင် သေးငယ်သော အပေါက်ငယ်ကလေးဖောက်၍ ပျော့ပြောင်းသော ခေတ်မှီအဏုကြည့်မှန်ပြောင်းငယ်ကို ထိုးသွင်း၍ ကွန်ပြူတာဖန်သားပြင်မှ တဆင့် ရောဂါအခြေအနေကိုကြည့်ရှုကာ ဒဏ်ရာ အမာရွတ် အသေးဆုံးသာကျန်ရှိစေရန် ထိရောက်မှုရှိစွာ ခွဲစိတ်ကုသပေးလျက်ရှိပါသည်။

Laparoscopic Surgery(မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း) ၏ အကျိုးကျေးဇူးများမှာ-

✅ သေးငယ်သော အပေါက်ငယ်ကလေးသာဖောက်ရခြင်းကြောင့် နာကျင်မှုလျော့ချပေးနိုင်ခြင်း
✅ ခွဲစိတ်မှုတိကျသေချာခြင်း
✅ ကြွက်သားနှင့်အာရုံကြောများထိခိုက်မှုလျော့ချနိုင်ခြင်း
✅ ထုံဆေးအသုံးပြုမှုလျော့ချနိုင်ခြင်း
✅ အနာကျက်မြန်ခြင်း
✅ သေးငယ်သောအမာရွတ်သာကျန်ရှိခြင်း၊ သွေးထွက်နည်းခြင်း
✅ ကိုယ်ခံစွမ်းအားတိုးတက်မှုကောင်းမွန်ခြင်း
✅ လျှင်မြန်စွာသက်သာပျောက်ကင်းခြင်း

👩‍⚕️ကျွန်မတို့အကယ်ဒမီဆေးရုံတွင် ခေတ်မှီနည်းပညာများကို အသုံးပြု၍ သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများမှ Laparoscopic နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်…

🏥ဆေးရုံနှင့်ပတ်သတ်၍အသေးစိတ်စုံစမ်းသိရှိလိုပါက Page Messenger နှင့် ဖုန်းနံပါတ်
☎️01-8212886, 8212887, 8212889, 8212890 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်...

🏢အမှတ် ၃၃၅၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။


#အကယ်ဒမီဆေးရုံ

🌍 World Cancer Day (ကမ္ဘာ့ကင်ဆာရောဂါနေ့)🎗️ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့သည် ကင်ဆာရောဂါအခြေခံအချက်အလက်များကို ကမ္ဘာအနှံ့အသိပ...
04/02/2026

🌍 World Cancer Day (ကမ္ဘာ့ကင်ဆာရောဂါနေ့)
🎗️ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့သည် ကင်ဆာရောဂါအခြေခံအချက်အလက်များကို ကမ္ဘာအနှံ့အသိပညာပေးပြီး လူသားအားလုံးအတွက် ကင်ဆာရောဂါ ကာကွယ်ကုသနိုင်မယ့် အခွင့်အရေးတွေ တိုးတက်လာစေဖို့အတွက် သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါတယ်ရှင့်
🎗️ကမ္ဘာ့ကင်ဆာရောဂါနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ကျင်းပကြပါသည်။ ဤနေ့ကို ကင်ဆာရောဂါအကြောင်း လူထုအသိပညာ တိုးမြှင့်ရန်နှင့် ကင်ဆာကြောင့် ဖြစ်ပွားသော အသက်ဆုံးရှုံးမှုများကို လျှော့ချရန် ရည်ရွယ်၍ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ကင်ဆာရောဂါသည် ကမ္ဘာအနှံ့ လူသားများအတွက် အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်ပါသည်။
🎗️ကမ္ဘာ့ကင်ဆာရောဂါနေ့တွင် ကင်ဆာရောဂါကို စောစီးစွာ စစ်ဆေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသနိုင်မှုများအကြောင်းကို လူများအား အသိပညာပေးလေ့ ရှိပါသည်။ ကျန်းမာရေးအလေ့အကျင့်ကောင်းများကို လိုက်နာခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် ကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချနိုင်ပါသည်။
🎗️ဒါကြောင့် ဒီနေ့ကျရောက်လာတဲ့ကမ္ဘာ့ကင်ဆာရောဂါနေ့မှာ လူသားအားလုံး ကင်ဆာရောဂါအန္တရာယ်ကို အမြန်ဆုံးကာကွယ်ကုသနိုင်ကြပြီး လျင်မြန်စွာ ပျောက်ကင်းနိုင်ကြပါစေလို့ “ အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်✨


Address

No. 335 , Lower Kyeemyindaing Road
Yangon
11121.

Alerts

Be the first to know and let us send you an email when Academy Hospital Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Academy Hospital Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category