Academy Hospital Myanmar

Academy Hospital Myanmar ACADEMY HOSPITAL for your HEALTH !!

🇲🇲လွတ်လပ်ရေးနေ့🇲🇲ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား “အကယ်ဒမီဆေးရုံ” ...
04/01/2026

🇲🇲လွတ်လပ်ရေးနေ့🇲🇲
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား “အကယ်ဒမီဆေးရုံ” မိသားစုမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။✨


01/01/2026

🎀နှစ်သစ်မှစ၍ တစ်နှစ်ပတ်လုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး လုပ်ငန်းနှင့် ဘဝအတွက် အောင်မြင်မှုများ ပိုမိုရရှိကြပါစေကြောင်း “အကယ်ဒမီဆေးရုံ”မိသားစုမှ ဆုမွန်ကောင်းတောင်း အပ်ပါသည်။
🎀ကျွန်မတို့ အကယ်ဒမီဆေးရုံသည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ကျန်းမာရေးအတွက် လိုအပ်သော စောင့်ရှောက်မှုများ ပေးဆောင်ရန် အစဉ်အမြဲကြိုးစားလျက်ရှိပါသည်။✨
အောင်မြင်မှုများနှင့်အတူ ကျန်းမာပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ။✨🎉


မင်္ဂလာပါရှင့် 💝မကြာမီကုန်ဆုံးတော့မည့် 2025 တစ်နှစ်တာလုံးမှာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြတဲ့ Academyဆေးရုံ မိသားစုတွေ...
30/12/2025

မင်္ဂလာပါရှင့် 💝
မကြာမီကုန်ဆုံးတော့မည့် 2025 တစ်နှစ်တာလုံးမှာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြတဲ့ Academyဆေးရုံ မိသားစုတွေအားလုံး New Year Staff Party မှာတော့ တစ်ပျော်တစ်ပါး စုစုစည်းစည်းနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ကြပါတယ်။ 🥳
ပျော်ရွှင်စရာ အမှတ်တရတွေနဲ့အတူ ရှေ့ဆက်မယ့် နှစ်သစ်မှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။ 🎆❤️

​

Hello🙋‍♀️We warmly welcome job application CV forms for the following vacant position. Your interest in joining our heal...
26/12/2025

Hello🙋‍♀️
We warmly welcome job application CV forms for the following vacant position. Your interest in joining our healthcare organization is greatly appreciated. We look forward to reviewing your qualifications and potentially working together.

📢 Medical Officer (Full time)
- Bachelor’s degree in M.B.,B.S with valid SAMA
- Good Communication skill & willing to learn
- working hour - 240hr/month (24 hr duty)
- Can handle pressure & confidential information
- Flexible personality

💵Salary negotiate depending on experience and job performance
🌟Monthly salary, performance bonus system, yearly salary increments, insurance coverage and providing medical cover with discount rate for employee and their nuclear family at Academy Hospital.

အထက်ဖော်ပြပါ "ရာထူး" နှင့် ပတ်သတ်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက Academy Hospital Myanmar Page Messenger (သို့) 01-8212890 ကို ရုံးချိန် (မနက် ၈ ခွဲ မှ ညနေ ၄ နာရီ) အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
လျှောက်ထားလိုပါက - academyhospital.hrcom သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ (သို့) "Academy Hospital သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။



#အကယ်ဒမီဆေးရုံ

🎄🎊 Merry Christmas To You All 🎄🎊ကျွန်တော်တို့ရဲ့ ဝန်ထမ်းများနဲ့ တန်ဖိုးထားရသော လူနာရှင်နှင့်လူနာများအားလုံး ပျော်ရွှင်ဖွ...
26/12/2025

🎄🎊 Merry Christmas To You All 🎄🎊
ကျွန်တော်တို့ရဲ့ ဝန်ထမ်းများနဲ့ တန်ဖိုးထားရသော လူနာရှင်နှင့်လူနာများအားလုံး ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေးဖြစ်ပါစေလို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ။
သင်တို့ရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ပံ့ပိုးကူညီမှုတွေဟာ ကျွန်တော်တို့အတွက် တကယ်ကိုအဓိပ္ပာယ်ရှိစေခဲ့ပါတယ်။ ယနေ့ ခရစ္စမတ်နေ့လေးအတွက် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ အရသာရှိသော အစားအစာတွေနဲ့ ချစ်ရသူတွေနဲ့အတူ အမှတ်တရကောင်းများ ပြည့်နှက်နေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။✨️
ပျော်ရွှင်ဖွယ် ခရစ္စမတ်ကာလလေးဖြစ်ကြပါစေခင်ဗျ🎄🎊

✨Happy Karen New Year✨🎉မင်္ဂလာပါရှင့်🙋၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင်ကျရောက်သော "ကရင်နှစ်သစ်ကူးနေ့"တွင် ကောင်းခြင်...
19/12/2025

✨Happy Karen New Year✨🎉

မင်္ဂလာပါရှင့်🙋

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင်ကျရောက်သော "ကရင်နှစ်သစ်ကူးနေ့"တွင် ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း အကယ်ဒမီဆေးရုံမိသားစု" မှ ဆုမွန်‌ကောင်းတောင်းလိုက်ပါသည်ရှင်💞
ပျော်ရွှင်ဖွယ်ကောင်းသော ကရင်နှစ်သစ်ကူး (Happy Karen New Year) လေးဖြစ်ပါစေရှင်✨



ဒီနေ့မှာတော့ကျောက်ကပ်ရောဂါရှိသူများ ရှောင်ရန် အချက်တွေကိုပြောပြပေးပါမယ်ရှင့်✨🎀ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့အရေးကြီးလုပ်ငန...
02/12/2025

ဒီနေ့မှာတော့ကျောက်ကပ်ရောဂါရှိသူများ ရှောင်ရန် အချက်တွေကိုပြောပြပေးပါမယ်ရှင့်✨🎀

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့အရေးကြီးလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနေတဲ့ မရှိမဖြစ်ကိုယ်အင်္ဂါဖြစ်ပါတယ်။ သွေးကိုစစ်ထုတ်ခြင်း၊ သတ္တုဓာတ်မျှတအောင်ထိန်းသိမ်းခြင်း၊ အညစ်အကြေးစွန့်ခြင်း၊ ဟော်မုန်းထုတ်ပေးခြင်း၊ အရည်ပမာဏထိန်းညှိပေးခြင်းစတာတွေကို လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် ကျောက်ကပ်မကောင်းတော့တဲ့အခါ အညစ်အကြေးနဲ့ အရည်တွေက ကိုယ်မှာစုလာပါတယ်။ ဒီအခါမှာ တချို့သောအစားအစာတွေကိုရှောင်ကြဉ်ခြင်းက သွေးထဲမှာအညစ်အကြေးစုပုံခြင်းကို သက်သာစေပြီး ကျောက်ကပ်ကို‌ထပ်မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။
၁။ အငန်ဓာတ်များသော အစားအစာများ (ဥပမာ - ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ လျက်ဆား) စားသုံး ခြင်းကို ရှောင်ပါ။
၂။ တညင်းသီး စားသုံးခြင်းကို လုံးဝ ရှောင်ပါ။ အချိုမှုန့်စားသုံးခြင်းကို ရှောင်ပါ။
၃။ ဆိုဒါပါသည့်အချိုရည်မျိုးစုံ လုံးဝ မသောက် ပါနှင့်။ ဆော်ဒါနှင့် ပြုလုပ်ထားသော အစားအစာ များ (ဥပမာ - ခေါက်ဆွဲ၊ အီကြာကွေး၊ ပဲပြုတ်၊ ဘိန်းမုန့်၊ ကိတ်မုန့်)ကိုလည်း လျော့စားပါ။
၄။ ဆီကြော်များ (ဥပမာ- အာလူးကြော်၊ ဘူးသီးကြော်၊ ပဲကပ်ကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ) ကို အတတ်နိုင်ဆုံး လျော့စားပါ။
၅။ တူးအောင်ကင်ထားသော အသားကင်အမျိုးမျိုး စားသုံးခြင်းကို ရှောင်ပါ။
၆။ ဓာတုဆိုးဆေးပါဝင်သောအစားအစာများ (ဥပမာ- မက်မန်းသီး၊ မျှစ်၊ အချဉ်ပေါင်း) စားသုံး ခြင်းကို ရှောင်ပါ။
၇။ အနီရောင်ရှိသော အသားများ၊ ဝမ်းတွင်းအူ ကလီစာများ စားသုံးခြင်းကို ရှောင်ပါ။
၈။ ငရုပ်သီးများများပါသော ပူစပ်သည့် အစားအစာများ စားသုံးခြင်းကို ရှောင်ပါ။
၉။ မှိုတက်နေသောအစားအစာများ (ဥပမာ -လက်ဖက်၊ ပေါင်မုန့်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငရုတ်သီးမှုန့်၊ မြေပဲ) စားသုံးခြင်းကို ရှောင်ပါ။
၁၀။ အရက်၊ ဘီယာသောက်သုံးခြင်းနှင့် ကွမ်းယာ စားခြင်းကို ရှောင်ပါ။ ကျောက်ကပ်ရောဂါကိုကုသရာမှာ အစားအသောက်ကိုထိန်းညှိခြင်းကလည်း အလွန်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ရှောင်ရှားရမယ့်ပုံစံတွေကလည်းကွဲပြားလို့ ကျောက်ကပ်ရောဂါဖြစ်ပြီဆိုရင် ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးဖြစ်ပါတယ်ရှင်..💌

#ကျောက်ကပ်ရောဂါ
#ကျန်းမာရေးဗဟုသုတ
#အကယ်ဒမီဆေးရုံ

မင်္ဂလာပါရှင့်...💁အကယ်ဒမီဆေးရုံ၌ Ultrasound ရိုက်လိုသူများ အဆင်ပြေစေရန်အတွက်...⏱မနက် ၉နာရီမှ၁၁နာရီဝန်းကျင်အထိ တစ်ချိန် န...
20/11/2025

မင်္ဂလာပါရှင့်...💁
အကယ်ဒမီဆေးရုံ၌ Ultrasound ရိုက်လိုသူများ အဆင်ပြေစေရန်အတွက်...
⏱မနက် ၉နာရီမှ၁၁နာရီဝန်းကျင်အထိ တစ်ချိန် နှင့်
⏱ညနေ ၄နာရီခွဲ​မှ၆နာရီခွဲဝန်းကျင်အထိ တစ်ချိန်
အချိန်(၂)ချိန် သတ်မှတ်ပေးထားပါတယ်ရှင့်...
Ultrasound ရိုက်လိုသူများအနေဖြင့် Booking ကြိုယူစရာမလိုဘဲ မလာခင် (၁)နာရီခန့်ကြိုတင်ဖုန်းဆက်ပေး၍ လာလို့ရပါတယ်ရှင့်...
အသေးစိတ်စုံစမ်းလိုပါက Page Messenger နှင့် ဖုန်းနံပါတ်
"01- 8212886, 8212887, 8212889, 8212890" သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်...

✨ဆရာဝန်ကြီးများ နှင့် ပြသဆွေးနွေးကုသလိုပါက " 09 772732282 , 09 408153303 " သို့ဆက်သွယ်၍ ကြိုတင် Booking လုပ်နိုင်ပါတယ်ရှင့်...

🏥အမှတ် ၃၃၅၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့
📩Email: academyhospital.ygn@gmail.com
🌏website: https://www.academyhospitalmyanmar.com/


#အကယ်ဒမီဆေးရုံ

မင်္ဂလာပါရှင်~~~🌎🧣ယနေ့ နိုဝင်ဘာလ (၁၄) ရက်နေ့သည် ကမ္ဘာ့ဆီးချိုရောဂါနေ့ “ World Diabetes Day ” ဖြစ်ပါသည်။📌 ယခုနှစ်ရဲ့ ကမ္ဘ...
14/11/2025

မင်္ဂလာပါရှင်~~~
🌎🧣ယနေ့ နိုဝင်ဘာလ (၁၄) ရက်နေ့သည် ကမ္ဘာ့ဆီးချိုရောဂါနေ့ “ World Diabetes Day ” ဖြစ်ပါသည်။
📌 ယခုနှစ်ရဲ့ ကမ္ဘာ့ဆီးချိုရောဂါနေ့ ဆောင်ပုဒ်လေးကတော့ “Diabetes across life stages” ဖြစ်ပါတယ်ရှင့်…
📌ဆီးချိုရောဂါဟာကမ္ဘာတစ်ဝှမ်းရှိလူသန်းပေါင်းများစွာကိုထိခိုက်စေနိုင်တဲ့နာတာရှည်ကျန်းမာရေးအခြေအနေတစ်ခုဖြစ်နေပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့က ကမ္ဘာ့ဆီးချိုရောဂါနေ့ဖြစ်ပြီး ဆီးချိုရောဂါအခြေအနေနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့ချုပ် (IDF) မှ နှစ်စဉ်ကျင်းပပြုလုပ်နေကြပါတယ်။
📌 ဆီးချိုသွေးချိုရောဂါသည် အင်ဆူလင် (Insulin) ထုတ်လုပ်မှုနည်းပါးခြင်း သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ထိရောက်စွာအသုံးမပြုနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ လုံလောက်သောအင်ဆူလင်မရှိ တဲ့ခန္ဓာကိုယ်သည် သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းညှိမပေးနိုင်တာကြောင့် သွေးထဲတွင် ဂလူးကို့စ်ပမာဏ မြင့်မားလာစေပါတယ်။ ထို့နောက် ပင်ပန်းနွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ အပါအဝင် လက္ခဏာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မကုသဘဲထားပါက ဆီးချိုရောဂါသည် နှလုံးရောဂါ၊ ကျောက်ကပ်အားနည်းခြင်းနှင့် အာရုံကြောများ ပျက်စီးခြင်းအပါအဝင် ပြင်းထန်သော ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။
📌ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချရန် လူနေမှုပုံစံပြောင်းလဲခြင်း အများအပြားရှိပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်အလေးချိန်ထိန်းခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ မျှတသောအစားအစာစားခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းစသည်တို့ကို လုပ်ဆောင်ရန်လိုအပ်ပါတယ်။ ထို့အပြင် ဆီးချိုရောဂါရှိသူများသည် ပုံမှန်စစ်ဆေးမှုခံယူသင့်ပြီး ၎င်းတို့၏ သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ထို့နောက် ဆီးချိုရောဂါအခြေအနေကို မှန်ကန်စွာ စီမံခန့်ခွဲပြီး ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ရှာဖွေကာ စောလျင်စွာ ကုသရန်လည်း လိုအပ်ပါတယ်။မိမိတို့၏ လူနေမှုပုံစံကို မြှင့်တင်ရန်နှင့် ပုံမှန်စစ်ဆေးမှုခံယူခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် ကူညီပေးနိုင်ပါတယ်။
🌍ကမ္ဘာပေါ်ရှိလူသားအားလုံးစိတ်နှလုံးရွှင်လန်းပြီး ကျန်းမာပျော်ရွှင်‌သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “အကယ်ဒမီဆေးရုံမိသားစု” မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်💌



#အကယ်ဒမီဆေးရုံ

🇲🇲အမျိုးသားနေ့🇲🇲ယနေ့ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်ကျရောက်သော “(၁၀၅)ကြိမ်မြောက် အမျိုးသားနေ့” အားဂုဏ်ပြုကြိုဆိုရင်...
14/11/2025

🇲🇲အမျိုးသားနေ့🇲🇲
ယနေ့ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်ကျရောက်သော “(၁၀၅)ကြိမ်မြောက် အမျိုးသားနေ့” အားဂုဏ်ပြုကြိုဆိုရင်း မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း အကယ်ဒမီဆေးရုံ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်💌

!! Vacancy Announcement!!📢 Receptionist (Female)✔️ ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင်များ တွင်လုပ်ကိုင်ဖူးသူ ဦးစားပေးမည်။✔️ကွန်ပျူတ...
29/10/2025

!! Vacancy Announcement!!
📢 Receptionist (Female)
✔️ ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင်များ တွင်လုပ်ကိုင်ဖူးသူ ဦးစားပေးမည်။
✔️ကွန်ပျူတာ အခြေခံနားလည် တတ်ကျွမ်းရမည်။
✔️ယဉ်ကျေးပျူငှာ၍ သွက်လက်မှု ရှိရမည်။
✔️ဆက်ဆံရေးပြေပြစ်ပြီး အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
✔️နေ့/ည ဂျူတီဆင်းနိုင်ရမည်။
✔️အတွေ့အကြုံနှင့် လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ လစာညှိနှိုင်းပေးသည်။

✅ လစဉ်လစာ၊ စွမ်းဆောင်ရည်ဘောနပ်စ်စနစ်၊ နှစ်စဉ်လစာတိုးပေးခြင်း၊ Insurance အာမခံခံစားခွင့်များ၊ ဝန်ထမ်းနှင့် ၎င်းတို့၏မိသားစုအတွက် Academy Hospital မှ Discount နှုန်းထားဖြင့် ဆေးကုသမှုများစီစဥ်ပေးခြင်း။

အထက်ဖော်ပြပါ "ရာထူး" နှင့် ပတ်သတ်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက Academy Hospital Myanmar Page Messenger (သို့)☎️ 01-8212890 ကို ရုံးချိန် (မနက် ၈ ခွဲ မှ ညနေ ၄ နာရီ) အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
လျှောက်ထားလိုပါက - academyhospital.hr@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
(သို့) 🏥"Academy Hospital သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။



#အကယ်ဒမီဆေးရုံ

Address

No. 335 , Lower Kyeemyindaing Road
Yangon
11121.

Alerts

Be the first to know and let us send you an email when Academy Hospital Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Academy Hospital Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category