TOUCH HUMAN COMPANY

TOUCH HUMAN COMPANY အ​ခြေခံ ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ အတတ်ပညာများကို ​မဖြစ်မ​နေ သိရှိနားလည်
တတ်​မြောက်စေရန် ရည်ရွယ်သည်။

အခြေခံ သူနာပြုစုနည်းများနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများသည် လူတိုင်းအတွက် လိုအပ်သော အခြေအနေတွင် အထောက်အကူ ပြုစေရန် ရ...
24/06/2023

အခြေခံ သူနာပြုစုနည်းများနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများသည် လူတိုင်းအတွက် လိုအပ်သော အခြေအနေတွင် အထောက်အကူ ပြုစေရန် ရည်ရွယ်ပါသည်။

​မြန်မာပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ သူနာပြုစုနည်းန.....

မိခင်လောင်းများနှင့် မွေးကင်းစကလေးငယ်များအတွက် အခြေခံပြုစု စောင့်ရှောက်မှုများနှင့် ပတ်သက်သော ကျန်းမာရေး ဗဟုသုတများကိုရရ...
24/06/2023

မိခင်လောင်းများနှင့် မွေးကင်းစကလေးငယ်များအတွက် အခြေခံပြုစု စောင့်ရှောက်မှုများနှင့် ပတ်သက်သော ကျန်းမာရေး ဗဟုသုတများကိုရရှိစေရန် ရည်ရွယ်ပါသည်။

မြန်မာပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိ.....

04/01/2023

🚩အရိုးကျီးပေါင်း မဖြစ်ခင် ကြိုတင်သတိပေး ပြောပြနေသော ရောဂါ၏ ရှေ့ပြေးလက္ခဏာများ…

(၁) ညဘက် ခေါင်းအုံးနှစ်လုံး ဆင့်ပြီး မြင့်မြင့်အုံးအိပ်ပါက နံနက် အိပ်ရာထလျှင် ခေါင်းမကြည်လင်ခြင်း၊ ဇက်တောင့်ခြင်း၊ လက်ပြင်ကြောတင်းခြင်း။

(၂) ပက်လက်ကုလားထိုင်ပေါ် ကြာကြာထိုင်မိပါက ဇက်တောင့်ခြင်း၊ နောက်စေ့အတွင်း ခဲလာခြင်း။

(၃) အရိုးကျီးပေါင်းတက်မည့် ညာဘက်ခြမ်းကို စောင်းအိပ်မှ အိပ်ပျော်ခြင်း။

(၄) ဇက် မကြာမကြာချိုးချင်လေ့ရှိခြင်း၊ ထိုကဲ့သို့ဇက်ချိုးလျှင် ကုပ်ဇက်အတွင်းမှ အသံမြည်ပြီး ပူခနဲ ရှိန်းခနဲ ဖြစ်သွားခြင်း။

(၅) အာရုံစိုက်ပြီး စာရေး၊ စာဖတ်၊ တီဗီကြည့် အလုပ်လုပ်ကာမျိုး ကြာကြာပြုလုပ်သည့်အခါမျိုးတွင် ကုပ်ဇက်လေးလာပြီး နားထင်ကြောတွေ တင်းလာခြင်း။

(၆) ဇက်ကြော၊ နောက်ကြောတွေ တက်ခြင်း၊ ထိုးခြင်း။

(၇) ပစ္စည်းအလေးအပင်တွေ ကြာကြာမ မနိုင်ခြင်း၊ မသယ်နိုင်ခြင်း။

(၈) မကြာ မကြာ အုံးလွဲ၊ လက်ပြင်ငုတ်တတ်ခြင်း။

(၉) ဝမ်းချုပ်၊ ချွေးငုတ်နေခြင်း။

(၁၀) လက်သည်း၊ ခြေသည်းများ အရေးအကြောင်းများ ပေါ်ခြင်း။

(၁၁) ဆံပင်တွေ အဖျား နှစ်ခွ ဖြစ်လာခြင်း။

(၁၂) အတက်စာ နည်းနည်းစားမိရုံဖြင့် ခေါင်းမူး၊ ခေါင်းနောက်၊ အကြောတက်တတ်ခြင်း။

(၁၃) ကုပ်ဇက်ကို ထိခိုက်ဖူးခြင်း။

📚 ကျွန်တော့် ကိုယ်တွေ့အရိုးကျီးပေါင်းရောဂါကုထုံး ဆေးဝါးများ (စကြာမင်း)
🤍🤍🤍🤍🤍

နှစ်သစ် ဆုတောင်း….🤍🤍🤍🤍ကျန်းမာရေး အသိပညာ၊ အတတ်ပညာများကို မှန်ကန်သော အသိ၊ လုပ်ရပ်များဖြင့် မိမိတို့၏ အသက်၊ သူတပါးတို့၏ အသက...
01/01/2023

နှစ်သစ် ဆုတောင်း….🤍🤍🤍🤍

ကျန်းမာရေး အသိပညာ၊ အတတ်ပညာများကို မှန်ကန်သော အသိ၊ လုပ်ရပ်များဖြင့် မိမိတို့၏ အသက်၊ သူတပါးတို့၏ အသက်တို့ကို ဆထက်တံပိုး ပိုမိုတန်ဖိုးထားတတ်ခြင်းဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများနှင့် အလုံးစုံ ပြည့်စုံကြပါစေ….🤍🤍🤍🤍

26/12/2022


အသင့်စားခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေးပြဿနာများ
🍜🍜🍜
အသင့်စားခေါက်ဆွဲခြောက်ကို ၁၉၅၈ ခုမှာ ဂျပန် နိုင်ငံသား အဖြစ်ခံယူထားတဲ့ ထိုင်ဝမ် လူမျိုး မစ္စတာ အန်ဒိုက စတင် တီထွင် ထုတ်လုပ်ခဲ့ပြီး အခု အခါမှာတော့ တကမ္ဘာလုံးမှာ လူကြိုက်များတဲ့ အစားအစာ တခု ဖြစ်လာပါပြီ ။
၂၀၂၀ စာရင်းအရ တကမ္ဘာလုံးစားသုံးမှုမှာ တနှစ်လျင် ခေါက်ဆွဲခြောက် အထုတ်ပေါင်း ၁၀၃.၆ ဘီလီယံ ရှိပြီး ခေါက်ဆွဲခြောက် စားသုံးမှု အများဆုံးနိုင်ငံ မှာ တရုတ်ပြည် ဖြစ်သည်။
🫖🫖🫖
ရေနွေးနဲ့ ၃ မိနစ်လောက် ဖျောလိုက်ရုံ နဲ့ ပူပူနွေးနွေး ခေါက်ဆွဲ တခွက် ရတယ် ဆိုတော့ အလွန် အဆင်ပြေပါတယ် ။ ဈေးလည်း သက်သာတယ် ။ စားလို့လည်း ကောင်းတယ် ။ ဒါပေမယ့် ကျန်းမာရေး ဆိုးကျိုးတွေ ရှိပါတယ် ။
🍲🍲🍲
ခေါက်ဆွဲခြောက်တွေက အာဟာရ တန်ဖိုး အလွန်နည်းပါတယ် ။ အဓိက ပါဝင်တာက ကစီဓာတ် ၊ စားသုံးဆီ ၊ ဆိုဒီယမ် ၊ အချိုမှုန့် နှင့် အရသာ အမှုန့်များ ၊ ဆိုးဆေး နှင့် ဓာတု ပစ္စည်းများ ၊ ပရိုတိန်း ဓာတ် အနည်းငယ် ပါဝင်ပါတယ် ။ အမျှင်ဓာတ် ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ပါတယ် ။
🍝🍝🍝
ခေါက်ဆွဲခြောက်ကို တလလျှင် တစ်ကြိမ် ခန့်သာ စားသုံးသင့်ပါတယ် ။ ခရီသွားသူများ ၊ တောထဲတွင် စခန်းချသူများ အတွက် သင့်လျှော်သော်လည်း ပုံမှန်စားသုံးရန် မသင့်လျှော်ပါ ။
၂၀၁၄ ခု Harvard School of Public Health သုတေသန ပြုချက်အရ ခေါက်ဆွဲခြောက်ကို တပတ်လျှင် ၂ ကြိမ် ထက် ပိုစားသော အမျိုးသမီးများ၏ ၆၈% တွင် သွေးတိုး ၊ ဆီးချို ၊ အဝလွန်ခြင်းနှင့် သွေးတွင်း အဆီဓာတ်များခြင်း ရောဂါများ ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။
🫄👫
ခေါက်ဆွဲခြောက်ကို လုံးဝ မစားသင့်သူများကတော့ ကိုယ်ဝန်ဆောင် နဲ့ ကလေးငယ်များ ဖြစ်ပါတယ် ။ ခေါက်ဆွဲခြောက်ကို တာရှည်ခံအောင်လုပ်တဲ့ ဆေး TBHQ preservatives က ကလေး လူငယ်တွေကို "အာရုံစူးစိုက်မှုအားနည်းပါးပြီး ဂနာမငြိမ်သောရောဂါ " ADHD (注意力不足過動症)လက္ခဏာများ ဖြစ်စေပါတယ် ။ ရေရှည်စားပါက ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ် ။
😨😨👁👁
ခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ ဓာတုဆေးဝါးတွေက ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်စေ နိုင်ပါတယ် ။
🍜🍜🍜
ခေါက်ဆွဲခြောက်တွေက အစာချေဖို့ အလွန်ခက်ပါတယ်။ တခြား ခေါက်ဆွဲ အစိုတွေက အစာအိမ်ထဲမှာ ၂ နာရီလောက်ဆိုရင် လုံးဝ ကျေပျက် သွားပါပြီ ။ ခေါက်ဆွဲခြောက်တွေက အစာအိမ် ထဲမှာ နာရီပေါင်းများစွာ ကြာမှ ကျေပျက်ပါတယ် ။ အဲဒီတော့ အဆာခံ ပါတယ် ။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဝန်ထုတ် ဝန်ပိုး ဖြစ်စေပါတယ် ။
✏️✏️
လွန်ခဲ့တဲ့ ၆-၇ နှစ်ခန့်က အိန္ဒိယမှာ ထုတ်တဲ့ ခေါက်ဆွဲခြောက်တွေမှာ ခဲ ပါဝင် မှုရှိပြီး ခဲ အဆိပ်သင့်မှု Lead poisoning ဖြစ်နိုင်တာကြောင့် ဈေးကွက် ကနေ ဖယ်ရှား ခဲ့ရပါတယ်။
👨‍💼👨‍💼📝
၂၀၁၆ တွင် ထိုင်ဝမ် ကျောင်းသား တစ်ဦးသည် ခေါက်ဆွဲခြောက်ကို အလယ်တန်း ကျောင်းသား ဘဝ မှစ၍ နေ့တိုင်း နည်းပါးစားခဲ့သည် ။ အသက် ၁၈ နှစ် တက္ကသိုလ် ပထမနှစ် တွင် ဗိုက်နာခြင်း ၊ အော့အန် ခြင်း စတဲ့ လက္ခဏာတွေကြောင့် ဆရာဝန် သွားပြပြီး ကျန်းမာရေး စစ်ဆေးရာ အစာအိမ် ကင်ဆာ အဆင့် ၄ ဖြစ်ကြောင်း တွေ့ရှိရသည် ။ တနှစ်အကြာတွင် ဆုံးပါးသွားသည် ။
ခေါက်ဆွဲခြောက်ကို ၄ နှစ် ဆက်တိုက်စား ပြီး တက္ကသ်ိုလ် ကျောင်းသား တစ်ယောက် အစာအိမ် ကင်ဆာ ဖြင့် ဆုံးပါးသွားတယ် .. စသည်ဖြင့် ထိုင်ဝမ် သတင်းစာ ၊ ရုပ်မြင်သံကြား ၊ သတင်း ဌာနများက ဖော်ပြကြရာ ဟိုးလေး တကြော် ဖြစ်ခဲ့ဖူးပါတယ် ။
ဆရာဝန်များက ရှင်းပြရာတွင် ... ခေါက်ဆွဲခြောက် ကြောင့် အစာအိမ် ကင်ဆာ ဖြစ်ကြောင်း သုတေသန အထောက်အထားများ မရှိပါ ။ ခေါက်ဆွဲခြောက် တွင်ပါဝင်သော ဆိုဒီယမ် ၊ အချိုမှုန့် ၊ အငန်ဓာတ် လွန်ကဲခြင်း ၊ ဆိုးဆေး ၊ ဓာတု ဆေးတွေက အစာအိမ် ကင်ဆာ ဖြစ်စေနိုင် တယ်လို့ ပြောကြားပါတယ် ။
🧬🩻🔬
ခေါက်ဆွဲခြောက်မှာ ပါတဲ့ ဆိုဒီယမ်၊ အချိုမှုန့် ၊ အငန်ဓာတ် လွန်ကဲခြင်း တွေက အစာအိမ် ကင်ဆာ ဖြစ်ရုံသာမက သွေးတိုးရောဂါ နှင့် နောက်ဆက်တွဲရောဂါများ - နှလုံး သွေးကြောပိတ်ရောဂါ ၊ ဦးနှောက် သွေးကြောပေါက်ခြင်း ၊ နှလုံး အားနည်းခြင်း Heart failure ၊ ကျောက်ကပ် ပျက်စီးခြင်း များ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးပြီ ဆိုရင်တော့ ကျောက်ကပ်ဆေး မလား ၊ ကျောက်ကပ် အစားထိုးမလား ကိစ္စ ရပ်တွေကို ရင်ဆိုင်ရပါမယ် ။
🍲🍜🍖🥚🥬🥦🌽
ခေါက်ဆွဲခြောက် တွေကို ကျန်းမာရေး နဲ့ ညီညွတ် အောင်ချက်မယ် ဆိုရင် သူ့ထဲမှာ ပါတဲ့ အရသာအထုတ်ကို မသုံးဘဲ ကြက်ဥ၊ သားငါး ၊ ပဲပြား ၊ဟင်းသီး ဟင်းရွက် ... စသည်တို့ ထည့်ချက် ပြီး ခေါက်ဆွဲပြုတ်ရည်ကိုလည်း ပထမ တရေ ကို သွန်ပစ်ရပါမယ် ။ အဲဒါဆို လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းရာ ရောက်ပြီး ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဓာတု ဆေးတွေကိုလည်း အတော်အသင့် ဖယ်ရှား နိုင်ပါလိမ့်မယ်။
📝
ဒေါက်တာကိုမျိုး
၂၆ ဒီဇင်ဘာ ၂၀၂၂

19/12/2022

🅾️ ​အောက်ဆီဂျင်​ပေးရာတွင် လိုက်နာရမည့် အချက်များ...

◽️အောက်​ဆီဂျင်သည် ​လောင်ကျွမ်း​စေနိုင်​သော ဓါတ်​​ငွေ့ဖြစ်​သော​ကြောင့် မီးခြစ် ခြစ်ခြင်း၊ ဖ​ယောင်းတိုင်ထွန်းခြင်း၊ အရက်ပျံ သုံးခြင်း၊ သိုး​မွှေး​စောင်သုံးခြင်းတို့ မပြုလုပ်ရန် လူနာမိသားစုဝင်​တွေကို ​ပြောပြရမည်။

◽️​အောက်​ဆီဂျင်အိုး​ပေါ်တွင် ဆီများ မသုတ်လိမ်းရပါ။ ပူ​သော​​နေရာများတွင် မထားရပါ။

◽️​အောက်​ဆီဂျင် ကုန်​သော အိုးများကို ကုန်​ကြောင်းစာကပ်ထားရမည်။

◽️​မွေးစက​လေးများကို ​အောက်​ဆီဂျင် အလွန်အကျွံ​ပေးလျှင် မျက်စိကွယ်တတ်သည်။

◽️​အောက်ဆီဂျင်​​ပေးလျှင် ​ရေကိုဖြတ်ပြီးမှ ​ပေးပါ။

◽️နှာ​ခေါင်းပိုက်ကို ၈ နာရီခြားတစ်ခါ လဲ​ပေးရမည်။ (သို့) ၁၂ နာရီခြား (သို့) ၂ ရက်တစ်ခါ လဲ​ပေးရမည်။

◽️​အောက်ဆီဂျင်​ပေး​သော ပိုက်သည် လိမ်ခြင်း၊ တွန့်ခြင်း၊ ​ခေါက်ခြင်း မရှိ​စေရ။

◽️​အောက်​ဆီဂျင်​ပေး​​ထား​သော နှာ​ခေါင်းတွင် အ​ရေပြား ပွန်းပဲ့ခြင်း မရှိ​စေရန် အမြဲဂရုစိုက်ရမည်။

◽️​အောက်ဆီဂျင်​ပေး​သော လူနာ၏ လက်သည်း၊​ခြေသည်း၊ နှုတ်ခမ်းတို့ ပြာ​နေခြင်း ရှိမရှိစစ်​ဆေးရမည်။

◽️​အောက်​ဆီဂျင်​ပေး​သော လူနာသည် အာ​ခေါင်​ခြောက်တတ်သဖြင့် မကြာခဏ ခံတွင်း သန့်ရှင်း ​ပေးရမည်။

◽️​အောက်ဆီဂျင် ဆလင်ဒါကို အပိုတစ်ခုအမြဲထားရမည်။

⚕️⚕️⚕️⚕️⚕️



🤍🤍🤍🤍🤍

14/12/2022

For Watching Us...•‿•Don't forget to SUBSCRIBE to our channel and LI...

12/12/2022

Tom Thomas has been trying unsuccessfully to memorize the multiplication table. The Fixies think that his problems with memory are a result of a vitamin defi...

10/12/2022

🥺 ထုံနာ ကျင််နာ ဖြစ်​စေ​သော အ​ကြောင်းများ...

(၁) အာရုံ​ကြောများ ထိခိုက်ဒဏ်ရာရခြင်း ဖိမိခြင်း ညပ်ခြင်း

(၂) ​ရေရှည် ဖိမိ ညှပ်မိခြင်း

(၃) ခန္ဓာကိုယ်​ရောဂါများ​ကြောင့် အာရုံ​ကြောများ ​ရောင်ခြင်း ပျက်စီးခြင်း

(၄) ပြင်ပ အဆိပ်များမိခြင်း

(၅) မျိုးရိုးဗီဇ ပျက်စီးခြင်း

🥺 ထုံနာ ကျင်နာ လက္ခဏာများ...

💥 အမျိုးအစား

▪️ခံစားမှု ပျက်စီးခြင်း

▪️လှုပ်ရှားမှု ထိခိုက်ခြင်း

▪️ကိုယ်တွင်း အဂ်ါ

▪️အာရုံ​ကြော တစ်ခုသာ ထိခိုက်ခြင်း

▪️မျိုးစုစု​ပေါင်း

💥 တစ်ခုချင်း လက္ခဏာများ...

▪️ခံစားမှု ပျက် ထုံနာကျင်နာ

▪️လှုပ်ရှားမှု ထိခိုက်ခြင်း

▪️ကိုယ်တွင်း အဂ်ါထိန်း ပျက်စီးမှု

🤍🤍🤍🤍🤍
Ref 📚 ​
လေဖြတ် ​လေညှပ် ​သေမတတ် အာရုံ​ကြော​​ရောဂါများ

09/12/2022

☀️​ ရေ​နွေး အိတ်ကပ်ခြင်း

ရည်ရွယ်ချက်...

▪️နာကျင်မှု သက်သာ​စေရန်၊ ​

▪️နွေး​စေရန်၊

▪️အိပ်​ပျော်​စေရန်၊

▪️ဆီးမသွားနိုင်ပါက ဆီးသွား​​စေရန် ​ရေ​နွေးအိတ် တင်​ပေးရန်။

​ရေ​နွေးအိတ်​ပေးရာတွင် သတိပြုရမည့် လူနာများ...

▪️သတိ​မေ့​နေ​သော လူနာများ၊ ​

▪️မေ့​ဆေးမပြယ်​သေး​သော လူနာများ၊

▪️ခါး​အောက်ပိုင်း ထုံ​ဆေး​​ပေးထား​သော လူနာများ၊ ​

▪️မွေးစက​လေးနှင့် သက်ကြီးရွယ်အိုများ၊

▪️စိတ်ကျန်းမာ​ရေး ချို့တဲ့သူများ။

​🤍🤍🤍🤍🤍



08/12/2022

⚡️ဝမ်းကိုက်​ရောဂါအတွက် အသုံးပြု​သော ​ဆေးများမှ (Metroidazole) ၏ ​ဘေးထွက်ဆိုးကျိုးများ...

▪️ပါးစပ် ခါးခြင်း

▪️ဆီးအ​ရောင်​နောက်ခြင်း (သို့) နီညို​ရောင် ဖြစ်ခြင်း

▪️အစာ စားချင်စိတ် မရှိခြင်း

▪️​ခေါင်းကိုက်ခြင်း

▪️မူး​ဝေခြင်း

⚡️သတိပြု သုံးစွဲသင့်သူများ...

▪️အသည်း မ​ကောင်းသူများ

▪️ကိုယ်ဝန်​​​ဆောင်နှင့် နို့တိုက် မိခင်များ



🤍🤍🤍🤍🤍

Address

Yuzana Road, Ward-41, North Dagon Township
Yangon
11421

Alerts

Be the first to know and let us send you an email when TOUCH HUMAN COMPANY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TOUCH HUMAN COMPANY:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Healing Powers with Our Hands

မိမိတို့ ၏ကမ်းသောလက်များသည် အသိပညာ၊အတတ်ပညာများကို ထောက်ပံ့ကူညီခြင်းဖြစ်စေရန် ရည်ရွယ်ပါသည်။


  • မိမိတို့ ၏သင်တန်းကျောင်းမှ သင်ကြားတတ်မြောက်ထားသောပညာရပ်များဖြင့် လက်တွေ့ ဘ၀တွင် ထိရောက်စွာအသုံးချနိုင်၍ လူနေမှု့ ဘ၀တိုးတက်မြင့်မားစေရန်

  • ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးပြီး အရည်အချင်းပြည့်မှီသော ၀န်ထမ်းကောင်းများကို မွေးထုတ်ပေးရန်