Pyae Sone Aung Specialist Clinic ပြည့်စုံအောင် အထွေထွေနှင့်အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Pyae Sone Aung Specialist Clinic ပြည့်စုံအောင် အထွေထွေနှင့်အထူးကုဆေးခန်း

Pyae Sone Aung Specialist Clinic ပြည့်စုံအောင် အထွေထွေနှင့်အထူးကုဆေးခန်း General and Specialist Clinic

08/04/2025

သင်္ကြန်တွင်း 13.4.25 မှ 17.4.25 အထိ ဆေးခန်းပိတ်မည်ဖြစ်ပါသည်။ 18.4.25 တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

မင်္ဂလာပါ။ လက်ထပ်ပြီးစ ဇနီးမောင်နှံတွေအနေနဲ့ သားသမီးယူဖို့ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ တားဆေး ခန ခန မသောက်ချင်သူများ ...
23/11/2024

မင်္ဂလာပါ။ လက်ထပ်ပြီးစ ဇနီးမောင်နှံတွေအနေနဲ့ သားသမီးယူဖို့ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ တားဆေး ခန ခန မသောက်ချင်သူများ ၊ ကွန်ဒုံး မသုံးချင်သူများ ၊ အမြဲတမ်း အဆက်အသွယ် ရှိနေသော သူများအတွက် Jadelle Implant လို့ ခေါ် တဲ့ ကိုယ်ဝန်တားဆေး ရှိပါတယ်။ သူက လက်မောင်းထဲကို မြှုပ်ထားရတာ ဖြစ်ပြီး တစ်ခါ မြှုပ်ပြီးတာနဲ့ ငါးနှစ် ခံပါတယ်။ ဆေးသောက်ရမှာ မေ့သွားလို့ ကိုယ်ဝန် ရတာမျိုး၊ ကိုယ်ချစ်တဲ့ လူနဲ့ အလွှာခြားနေတာမျိုး မခံစားရပဲ တစ်ခါ ထည့်ပြီးတာနဲ့ ငါးနှစ်လောက် မေ့ထားလို့ ရတဲ့ ကိုယ်ဝန်တားနည်း တစ်မျိုး ဖြစ်ပါတယ်။
စမ်းချောင်းသံတံတားလမ်းက ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာတော့ အတွေ့အကြုံများစွာ ရှိတဲ့ သားဖွားမီးယပ် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများမှ Jadelle Implant ကိုယ်ဝန်တားဆေးကို လက်မောင်းတွင်း မြှုပ်ပေးတဲ့ service ကို ရယူနိုင်ပါတယ်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

လိပ်ခေါင်း ( Pile )   လူတိုင်းမှာ အနည်းနဲ့ အများ စအို ( A**s ) နှင့် အစာဟောင်းအိမ် ( Re**um ) နားတွင် ဖောင်းကြွနေသော သွေ...
02/11/2024

လိပ်ခေါင်း ( Pile )
လူတိုင်းမှာ အနည်းနဲ့ အများ စအို ( A**s ) နှင့် အစာဟောင်းအိမ် ( Re**um ) နားတွင် ဖောင်းကြွနေသော သွေးကြောများရှိတတ်ပါတယ်။ ပုံမှန် ဝမ်းမှန်နေသော လူတစ်ယောက်အတွက် ဒီသွေးကြောများဟာ ပြဿနာ မရှိပေမယ့် ဝမ်းခနခန ချုပ်တတ်တဲ့ လူ၊ ဝမ်းသွားတဲ့ အခါ အားစိုက်ပြီး သွားရတဲ့ လူတွေအတွက် အပေါ်ကပြောထားတဲ့ သွေးကြောများဟာ ရောင်ရမ်းလာပြီး နာကြင်စေပါတယ်။ အဲဒါကို လိပ်ခေါင်းလို့ ခေါ်ပါတယ်။ လိပ်ခေါင်းရှိတဲ့ လူဟာ နာကြင်မှုမရှိပဲ သွေးထဲ ဝမ်းပါသလိုလည်း ဖြစ်တတ်ပါတယ်။ အဲဒါကို အတွင်းလိပ်ခေါင်းလို့ ခေါ်ပြီး အပြင်ကို ထွက်လာတဲ့ အခါ အပြင်လိပ်ခေါင်းလို့ ခေါ်ပါတယ်။
လိပ်ခေါင်းကို ဆေးသောက်ရုံဖြင့် ပျောက်ခြင်း ( Medical Treatment ) ၊ ခွဲစိတ်ခြင်း ( Surgical Treatment ) ၊ ဆေးထိုး၍ လိပ်ခေါင်းကို ရှုံ့သွားအောင် လုပ်ခြင်း (Sclerotherapy ) ၊ လေဆာဖြင့် ပစ်ခြင်း ( Laser Therapy ) ၊ လိပ်ခေါင်းကို သား‌ရေကွင်းပစ်ခြင်း ( Rubber Ligation ) ၊ ဘဝနေထိုင်မှုနှင့် စားသောက်ပုံ ပြောင်းလဲခြင်း ( Lifestyle Modification ) တို့ဖြင့် ပြောင်းလဲနိုင်ပါသည်။
စမ်းချောင်း သံတံတားလမ်းက ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာ‌တော့ လိပ်ခေါင်းအတွက် ခွဲစိတ်အထူးကုဆရာဝန်ကြီး ‌ဒေါက်တာ ဝင်းမျိုးအောင် [ MBBS, M.Med.Sc (Surgery) ] နှင့် ဆွေးနွေးပြသနိုင်ပါသည်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

Low back pain ( ခါးနာခြင်း ) ခါးနာခြင်းဆိုသည်မှာ အပျော့စား တစ်ခါတရံ  နာခြင်းမှ နာတာရှည် ခါးနာခြင်းအထိ အမျိုးအစားအမျိုးမျ...
25/10/2024

Low back pain ( ခါးနာခြင်း )
ခါးနာခြင်းဆိုသည်မှာ အပျော့စား တစ်ခါတရံ နာခြင်းမှ နာတာရှည် ခါးနာခြင်းအထိ အမျိုးအစားအမျိုးမျိုး ရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခါးနာတတ်ပါတယ်။ ထို အရာများကတော့

- အလေးအလံ သယ်ယူမှုများခြင်း
- ထိခိုက်ဒဏ်ရာ ရရှိခြင်း
- အသက်ကြီး၍ ခါးရိုးဆစ်များ တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ခါးဆစ်ကျွံခြင်း
စသဖြင့် အမျိုးအစား အမျိုးမျိုး ကွဲပြားနေနိုင်ပါတယ်။ တစ်ခါတစ်ရံ ခါးနှင့် နောက်ကျော နာခြင်းကနေ ပေါင်၊ ခြေသလုံးထိတို့ပါ ကူးလာတတ်ပါတယ်။
ကုသနည်းများကတော့ ဖြစ်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး
- ဆေးပေး၍ ကုသခြင်း ( သောက်ဆေး၊ ထိုးဆေး )
- အပူပေးခြင်း
- Physiotherapy ( အပူပေး၍ နှိပ်နယ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ပေးခြင်း )
- ဝိတ်ချခိုင်းခြင်း
- ကျော ခါးပတ် ပတ်ထားစေခြင်း
- ခွဲစိတ်ခြင်း
စသဖြင့် ဆရာဝန်ရဲ့ သဘောထားအ‌ပေါ် မူတည်ပြီး ကုသလေ့ ရှိပါတယ်။

စမ်းချောင်း သံတံတားလမ်းက ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာတော့ ခါးနာခြင်းအတွက် အရိုးအကြော အထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ပါတယ်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

ဆီးချိုရောဂါဖြစ်ပြီဆိုရင် သွေးမစစ်ပဲနဲ့ ကိုယ့်ကိုယ်ကို သိနိုင်အောင် ဘယ်လို အချက်တွေကို သတိထားရမလဲ? ကျွန်တော်တို့ ဆေးလောက...
24/10/2024

ဆီးချိုရောဂါဖြစ်ပြီဆိုရင် သွေးမစစ်ပဲနဲ့ ကိုယ့်ကိုယ်ကို သိနိုင်အောင် ဘယ်လို အချက်တွေကို သတိထားရမလဲ?

ကျွန်တော်တို့ ဆေးလောကမှာတော့ ဆီးချိုရောဂါ ( Diabetes Mellitus ) ဖြစ်ပြီဆိုရင် 3 P နဲ့ Initial Assessment လုပ်ပါတယ်။

Polyphagia ( ဗိုက်အမြဲ ဆာနေခြင်း )
ဗိုက်က အမြဲတမ်းလိုလို ဆာနေမယ်။ ပုံမှန်ထက် ပါးစပ်က ဘာစားစား အရသာ တွေ့နေတယ်။ ခါတိုင်းထက် ထူးထူးခြားခြား ပိုစားမိနေတယ် ဆိုရင် Polyphagia လို့ ခေါ်ပါတယ်။

Polydipsia ( ရေအရမ်းငတ်ခြင်း )
‌ရေအရမ်းငတ်ပြီး သောက်လေ သောက်လေ ငတ်မပြေ ဆိုသလို ရေသောက်ပြီးရင်း သောက်ချင်နေတာကို Polydipsia လို့ ခေါ်ပါတယ်။

Polyuria ( ဆီးအရမ်းသွားခြင်း )
ဆီးချိုရောဂါရဲ့ အဓိက လက္ခဏာ တစ်ခုပါပဲ။ ပုံပျက် ပန်းပျက် သူငယ်ချင်းတွေကတောင် ဆီးခန ခန သွားတယ်နော်၊ ဆီးချိုစစ်ကြည့်ဦးလို့ ဝိုင်းပြောခံရရင်တော့ ဆီးချို ဖြစ်နေဖို့ ရာခိုင်နှုန်း တော်တော် များပါတယ်။

စမ်းချောင်း သံတံတားလမ်းက ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာတော့ ဆီးချိုသွေးချိုရောဂါ ( Diabetes Mellitus ) အတွက် အထွေထွေ အထူးကုသမားတော်ကြီး ဒေါက်တာ ချမ်းမြေ့ထူး [ MBBS ( YGN ), M.Med.Sc ( Internal Medicine ) ] ဖြင့် ပြသနိုင်ပါသည်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သီတင်းကျွတ် အခါသမယမှာ ဘေးဘယာမရှိ အေးချမ်းစွာဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း ပြည့်စုံအေ...
19/10/2024

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သီတင်းကျွတ် အခါသမယမှာ ဘေးဘယာမရှိ အေးချမ်းစွာဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်း မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။

ယခုရက်ပိုင်းအတွင်း ဓာတ်ဆီများ ပြတ်လတ်မှု ဖြစ်ပြီး ကားများ တစ်နေရာမှ တစ်နေရာသို့ သွားလာရေး ခက်ခဲလောက်အောင် ပိတ်ဆို့နေပါသဖ...
14/08/2024

ယခုရက်ပိုင်းအတွင်း ဓာတ်ဆီများ ပြတ်လတ်မှု ဖြစ်ပြီး ကားများ တစ်နေရာမှ တစ်နေရာသို့ သွားလာရေး ခက်ခဲလောက်အောင် ပိတ်ဆို့နေပါသဖြင့် အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူပြီး ဆရာဝန်ကြီးများမှာ နေရာမှ ထွက်လာသော်လည်း ကားပိတ်လွန်း၍ လမ်းတွင် ကားရှေ့ဆက်တိုး မရဘဲ ပြန်လှည့်သွားရသော ဖြစ်ရပ်များ ရှိပါသဖြင့် ဆေးခန်းတွင် ထိုင်စောင့်နေရသော လူနာများအား ပြည့်စုံအောင် အထွေထွေနှင့် အထူးကု ဆေးခန်းဘက်မှ အနူးအညွတ် တောင်းပန်ပါသည်။

မင်္ဂလာပါနော်။ လာ လာ မေးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra စမ်းချောင်း သံတံတားလမ်းက ပြည့်စုံအောင် အထွေထွေနှင့်...
04/06/2024

မင်္ဂလာပါနော်။ လာ လာ မေးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra စမ်းချောင်း သံတံတားလမ်းက ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာ ရပါပြီလို့ 🤗🤗🤗

ဆီးချိုခြေထောက် ( DM foot )          ဆီးချိုရောဂါရှိတဲ့ လူတွေဟာ သွေးထဲမှာ ပုံမှန်ထက် လွန်ကဲစွာ များပြားတဲ့ သကြားဓာတ်တွေ ...
06/05/2024

ဆီးချိုခြေထောက် ( DM foot )
ဆီးချိုရောဂါရှိတဲ့ လူတွေဟာ သွေးထဲမှာ ပုံမှန်ထက် လွန်ကဲစွာ များပြားတဲ့ သကြားဓာတ်တွေ စုပုံလာတဲ့ အခါ နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားရတတ်ပါတယ်။ ထိုအကျိုးဆက်များထဲမှ တစ်ခုကတော့ ဆီးချိုခြေထောက်ဖြစ်ပါတယ်။
ဆီးချိုနှင့် ခြေထောက်ဘာဆိုင်လဲဆိုသော မေးခွန်းအတွက် အဖြေကတော့ ဆီးချိုဟာ ခြေထောက်အပေါ်ကို ပုံစံ နှစ်မျိုးနှင့် လွှမ်းမိုးပါတယ်။

Diabetic Neuropathy ( အာရုံကြောကို တိုက်ရိုက် ထိခြင်း )
ဆီးချိုတက်ခြင်းဟာ ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။ ဒဏ်ရာရသွားတဲ့ အာရုံကြောတွေဟာ ပူတယ်၊ အေးတယ်၊ နာတယ် ဆိုတာ မသိတော့ပဲ ဦးနှောက်ကိုပြန်၍ သတင်းမပို့နိုင်တော့ပါ။ ဆီးချိုလူနာတွေဘက်ကတော့ ထုံတယ်၊ ကြင်တယ်ဆိုတဲ့ Complaint မျိုးနဲ့ လာလေ့ရှိပါတယ်။ ဘာအာရုံမှ မရှိတော့တဲ့ အာရုံကြောတွေဟာ ဟိုတိုက်၊ ဒီတိုက်၊ အပူတွေထဲ လျှောက်သွား၊ ဒဏ်ရာရရင်းနဲ့ ပိုဆိုးလာတတ်ပါတယ်။ ကြွက်သားတွေကို ထောက်ပံ့ထားတဲ့ အာရုံကြောတွေ ပျက်စီးသွားတဲ့ အတွက်ကြောင့် ခြေထောက်ဟာ သာမာန်လူလို လမ်းလျှောက်လို့ မရတော့ပါဘူး။

Peripheral Vascular Disease ( သွေးစီးဆင်းမှုကို ထိခိုက်လာခြင်း )
ဆီးချိုအဆမတန် တက်လာပြီး ခန္ဓာကိုယ်ထဲမှာ များလာတဲ့ သကြားဓာတ်တွေဟာ သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ သွေးစီးဆင်းမှုနည်းလာခြင်း သို့မဟုတ် သွေးမစီးတော့ခြင်းဟာ အနာတစ်ခုဖြစ်ပြီး အနာကျက်မှုကို နှောင့်‌နှေးစေပါတယ်။ ပုံမှန် အနာလေးတစ်ခုကနေ အနာအကြီးကြီး ဖြစ်လာပြီး အတွင်းထဲထိ အနာက လှိုက်စားကာ ခြေချောင်းလေးကို ဖြတ်ပစ်ရတယ် ဆိုတာက ဆီးချိုကို ထိန်းရမယ့် အချိန်မှာ စနစ်တကျ ထိန်းသိမ်းမှုမရှိခဲ့လို့ ဖြစ်ပါတယ်။
ဆီးချိုခြေထောက်ဖြစ်လာပြီးမှ ကုသတာထက် ဆီးချိုခြေထောက် စကထဲက မဖြစ်အောင် ဆရာဝန်နှင့် စနစ်တကျ ရက်ချိန်းမှန်မှန် ပြပြီး သွေးတွင်းသကြားဓာတ် ( Blood glucose level ) ကို တတ်နိုင်သမျှ တက်မသွားအောင် ထိန်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။
စမ်းချောင်းအတွင်း ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာတော့ ဆီးချိုသွေးချိုရောဂါ ( Diabetes Mellitus ) အတွက် အထွေထွေ အထူးကုသမားတော်ကြီး ဒေါက်တာ ချမ်းမြေ့ထူး [ MBBS ( YGN ), M.Med.Sc ( Internal Medicine ) ] ဖြင့် ပြသနိုင်ပါသည်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

လည်ပင်းကျီးပေါင်း‌ရောဂါဟာ အရင်တုန်းက လူကြီးရောဂါလို့ သတ်မှတ်ထားပေမယ့် အခုခေတ်အနေအထားမှာတော့  အသက် ၂၀ကျော် ၃၀ကျော် လောက်က...
03/05/2024

လည်ပင်းကျီးပေါင်း‌ရောဂါဟာ အရင်တုန်းက လူကြီးရောဂါလို့ သတ်မှတ်ထားပေမယ့် အခုခေတ်အနေအထားမှာတော့ အသက် ၂၀ကျော် ၃၀ကျော် လောက်ကနေ စတွေ့နေရပြီ ဖြစ်ပါတယ်။ ကိုယ်လက် လှုပ်လှုပ်ရှားရှား ရှိခဲ့တဲ့ အရင်ခေတ်ကလို မဟုတ်ပဲ Sedentary Lifestyle လို့ ခေါ် တဲ့ တစ်ချိန်လုံး Computer ရှေ့မှာ ထိုင်ပြီး နေတဲ့ အလေ့အကျင့်၊ အမြဲတမ်း ဖုန်းကြည့်နေတတ်တဲ့ အပြုအမူတွေကြောင့် လူငယ်တွေမှာပါ လည်ပင်းကျီးပေါင်းရောဂါကို စတင်ပြီး ခံစားနေရပြီ ဖြစ်ပါတယ်။ လည်ပင်းကျီးပေါင်းစဖြစ်ရင် ပြမယ့် လက္ခဏာတွေကတော့ လည်ပင်းကြီး တောင့်နေခြင်း၊ လက်မောင်းကြွက်သားတွေ တင်းနေခြင်း၊လည်ပင်းလှည့်ရင် တဂျွတ်ဂျွတ် မြည်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပါတယ်။ လက်မောင်းများ ကျဥ်နေခြင်း၊ လမ်းလျှောက်ရတာ အဆင်မပြေတော့ခြင်း၊ လက်မောင်းများ ခြေထောက်များ အားနည်းလာခြင်းတို့ဟာ အရိုးအကြောအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသသင့်နေပြီဖြစ်ကြောင်း အရေးကြီးတဲ့ လက္ခဏာများ ဖြစ်ပါတယ်။
စမ်းချောင်းက ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာတော့ လည်ပင်းကျီးပေါင်းအတွက် အရိုးအကြော အထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ပါတယ်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

Alcohol ဆိုသည်မှာ Business လောကရဲ့ culture တစ်ခုဖြစ်ပါတယ်။ အပေါင်းအသင်းတွေဆုံရင်လည်း အရက် ပါမှ ပွဲစည်တာ ဖြစ်သလို ဘယ်ပွဲလ...
01/05/2024

Alcohol ဆိုသည်မှာ Business လောကရဲ့ culture တစ်ခုဖြစ်ပါတယ်။ အပေါင်းအသင်းတွေဆုံရင်လည်း အရက် ပါမှ ပွဲစည်တာ ဖြစ်သလို ဘယ်ပွဲလုပ်လုပ် အရက် သောက်တတ်မှသာ လူဝင်ဆံ့သလို ဖြစ်တတ်ပါတယ်။ But how much is too much? အရက်ကို လူမှု‌ရေးအရ သောက်တဲ့လူ ရှိသလို စိတ်ပင်ပမ်းလို့ သောက်ရင်းနဲ့ အရက်စွဲသွားတဲ့ လူလည်း ရှိပါတယ်။ အရက်ကို ဘယ်လောက်ထိ စွဲပြီလဲ။ မိမိရဲ့ မိသားစုကိုယ်တိုင်ကိုက အပြစ်မြင်နေပြီလား။ ဘာစားစား မဝင်တော့တဲ့ အဆင့်အထိ ရောက်နေပြီလား။ မသောက်ရရင် လက်တွေ တဆတ်ဆတ်တုန်နေပြီလား။ ဘယ်လိုဖြစ်ဖြစ် အရက်ဖြတ်မယ်ဆိုရင် ကိုယ့်သဘောနဲ့ ကိုယ် တုံးတိ ဖြတ်ချခြင်းဟာ အန္တရာယ် ရှိစေပါတယ်။ Professional တစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ စနစ်တကျ အရက်ဖြတ်တာဟာ သင့်အတွက် ပိုအကျိုးရှိစေမှာပါ။
ပြည့်စုံအောင် အ‌ထွေထွေနှင့် အထူးကုဆေးခန်း မှာတော့ အရက်ဖြတ်ခြင်းနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ နွေးနွေးလှိုင် [ MBBS (YGN ), M.Med.Sc ( Psychiatry ) ] နှင့် ဆွေးနွေးပြသနိုင်ပါသည်။
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆိုတာဟာ နိုင်ငံတစ်ခုရဲ့ ထောက်တိုင် ဖြစ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးလေးများက...
24/04/2024

မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆိုတာဟာ နိုင်ငံတစ်ခုရဲ့ ထောက်တိုင် ဖြစ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးလေးများကို မွေးဖွားပေးမယ့်မိခင်တို့ရဲ့ ကျန်းမာရေးဟာလည်း အရေးအကြီးဆုံးတစ်ချက်ဆိုတာ မေ့မထားသင့်ပါဘူး။ ဖြစ်နိုင်ရင် ကိုယ်ဝန်စရှိထဲက သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ဗိုက်အပ်ထားခြင်းက လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အမျိုးသမီးနှင့် သားသားမီးမီးလေးများအတွက် အကျိုးရှိစေမှာပါ။ ကိုယ်ဝန်ဆောင် ရက်ချိန်းမှန်မှန် လာပြခြင်းအားဖြင့် မိခင်နှင့် ကလေး၏ မတော်တဆဖြစ်တတ်သော မကောင်းသည့် ဆိုးကျိုးများကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
စမ်းချောင်းအတွင်း ပြည့်စုံအောင် အထွေထွေနှင့် အထူးကုဆေးခန်းမှာတော့ ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးရောဂါများအတွက် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ အောင်ဘိုဘိုဝင်း [ MBBS, M.Med.Sc ( OG ) ] နှင့်ပြသနိုင်ပါတယ်
ကြိုတင်ရက်ချိန်းရယူရန်
လိပ်စာ - အမှတ် 52 A၊ သံတံတားလမ်း၊ ဂွစျေးအနီး၊ စမ်းချောင်း
Phone No- 09987801067

Address

52A Than Ta Dar Street
Yangon
11211

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959987801067

Website

Alerts

Be the first to know and let us send you an email when Pyae Sone Aung Specialist Clinic ပြည့်စုံအောင် အထွေထွေနှင့်အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram