Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း

Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း Outpatient Medical Center located in Yankin offering Diagnostic & Therapeutic procedures to patients.

မိသားစုတိုင်းရဲ့အပြုံးတွေထာဝရရှင်သန်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့အာမခံကုမ္ပဏီများနဲ့ ပူးပေါင်းလိုက်​ပါပြီ။ကျွန်မတို့အားလုံ...
04/04/2026

မိသားစုတိုင်းရဲ့အပြုံးတွေထာဝရရှင်သန်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့အာမခံကုမ္ပဏီများနဲ့ ပူးပေါင်းလိုက်​ပါပြီ။

ကျွန်မတို့အားလုံးက ကိုယ်ချစ်ရသူတွေအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ဖြစ်လာစေချင်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ မမျှော်လင့်ထားအချိန်တွေမှာ စိန်ခေါ်မှုတွေက ရုတ်တရက်ဆိုသလိုရောက်လာတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ဘေးနားမှာ ခိုင်မာတဲ့ကျောထောက်နောက်ခံတစ်ခုရှိနေတာက ဘယ်လောက်တောင် စိတ်အေးရသလဲဆိုတာကို ခံစားဖူးသူတိုင်း သိကြမှာပါ။

​ဒါကြောင့် လူကြီးမင်းတို့မိသားစုရဲ့ အနာဂတ်အိပ်မက်တွေ မပျက်စီးစေဖို့နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို လုံခြုံမှုရှိနေစေဖို့ ကျွန်မတို့ Pyi Thar Yar Medical Center ကနေ ကမ္ဘာ့အဆင့်မီ အာမခံလုပ်ငန်းစုကြီးတွေဖြစ်တဲ့ Prudential, AIA, GGI တို့နဲ့ လက်တွဲပြီး အကောင်းဆုံးဝန်ဆောင်မှုတွေကို ဖော်ဆောင်ပေးနေပါတယ်။🥰

လူကြီးမင်းတို့အ​နေနဲ့ ဒီပူးပေါင်းမှုကနေတစ်ဆင့်
◾ ပြီးပြည့်စုံသော ကျန်းမာရေးအကာအကွယ်
◾ စိတ်ချယုံကြည်ရသော ဝန်ဆောင်မှုနဲ့အတူ
◾ ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်နဲ့ရယူနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးအတွက်ကြိုတင်ကာကွယ်မှုတွေသာမက အနာဂတ်အတွက်စိတ်ချရတဲ့အကာအကွယ်တွေထိပါ လူကြီးမင်းတို့နဲ့အတူ အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။ မိသားစုရဲ့ခြေလှမ်းတိုင်း လုံခြုံစိတ်ချရဖို့ ကျွန်မတို့ရဲ့မိတ်ဖက်များနဲ့အတူ နွေးထွေးစွာကူညီပေးပါရစေရှင်။🤗

ကျန်းမာရေးအကာအကွယ်အတွက် အာမခံနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို Page Messenger မှတဆင့်လည်း ဆက်သွယ်နိုင်သလို Center သို့လာရောက်၍လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

ဆက်သွယ်ရန် -
09- 269 03 7711
09- 269 03 7722
09- 269 03 7744

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင်။

🗺️Google map - https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

ချစ်တယ်ဆိုတာ ကာကွယ်ပေးတာပါပဲ၊ ကိုယ်ကိုယ်တိုင်နဲ့ မိသားစုကို ချစ်တယ်ဆိုတာလည်း သူတို့တွေ ကျန်းမာနေတာကို မြင်ရခြင်းနဲ့ ဂရုစ...
01/04/2026

ချစ်တယ်ဆိုတာ ကာကွယ်ပေးတာပါပဲ၊ ကိုယ်ကိုယ်တိုင်နဲ့ မိသားစုကို ချစ်တယ်ဆိုတာလည်း သူတို့တွေ ကျန်းမာနေတာကို မြင်ရခြင်းနဲ့ ဂရုစိုက်ပေးခြင်းပါပဲ။

အခုတလော ရာသီဥတုကလည်း မိုးရွာလိုက် နေပူလိုက်နဲ့ တစ်စတစ်စပြောင်းလဲလာတဲ့အခါ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကလည်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြရပါတယ်။ ဒီလိုအချိန်မျိုးမှာ အဖြစ်များဆုံးကတော့ "ရာသီတုပ်ကွေး" ပါပဲ။

ရာသီတုပ်ကွေးကိုခံစားရပြီဆိုရင် ကိုယ်တိုင်လည်းပင်ပန်းရသလို ကိုယ့်ကြောင့် ချစ်ရတဲ့မိသားစုဝင်တွေပါ ကူးစက်သွားမှာကိုလည်း အမြဲစိုးရိမ်ကြရတယ်မဟုတ်လား?

ရာသီတုပ်ကွေးဖြစ်တဲ့အခါမှာ ကိုယ်ပူချောင်းဆိုး၊ နှာရည်ယို လည်ချောင်းနာခြင်းနဲ့ ကိုယ်လက်ကိုက်ခဲစေရုံသာမက နောက်ဆက်တွဲအနေနဲ့ ပြင်းထန်အဆုတ်ရောင်ခြင်းဝေဒနာတွေကိုပါ ခံစားရနိုင်တာမို့ မပေါ့ဆသင့်ပါဘူးနော်။

ကြိုတင်ကာကွယ်ထားမယ်ဆိုရင်
🌿 တုပ်ကွေးဖြစ်နိုင်ခြေကိုလျှော့ချပေးပြီး ဖြစ်ခဲ့ရင်တောင် ပြင်းထန်တဲ့ဝေဒနာတွေကို မခံစားရတဲ့အပြင်
🌿 ကိုယ်တိုင်က ကိုယ်ခံအားမြင့်ပြီး ကိုယ့်အနီးနားက ကလေးငယ်တွေနဲ့ လူကြီးမိဘတွေကို ဂရုစိုက်ပေးနိုင်ပြီး
🌿 ကိုယ့်ရဲ့ နေ့စဉ်ဘဝအလုပ်တွေမှာလည်း ပိုပြီးအာရုံစိုက်နိုင်မှာ အသေအချာပါပဲရှင်။

ဒါကြောင့် ဒီနှစ်မှာတော့ ရာသီတုပ်ကွေးကို မခံစားရခင်ကတည်းက ကြိုတင်ကာကွယ်ဆေးထိုးနှံပြီးတော့ ကိုယ့်ကိုယ်ကိုယ်ရော မိသားစုကိုပါ ချစ်ခြင်းမေတ္တာတံတိုင်းလေးခတ်ထားဖို့ တိုက်တွန်းချင်ပါတယ်။

ကျန်းမာခြင်းကလည်း ကောင်းချီးတစ်ခုဖြစ်သလို တစ်မိသားစုလုံးအတွက် အကာအကွယ်ရစေဖို့ ကျွန်မတို့ရဲ့ Pyi Thar Yar Medical Center မှာ ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံနိုင်ပါပြီ။

📩 ထိုးနှံရန်ကြိုတင် စာရင်းပေးသွင်းလိုပါက Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်၊ မိမိကိုယ်တိုင်သာမက မိသားစုနှင့် ချစ်ခင်သူများရဲ့ ကျန်းမာရေးကိုလည်း ကာကွယ်လိုက်ကြပါစို့။

📲𝗕𝗼𝗼𝗸𝗶𝗻𝗴
09- 269 03 7711
09- 269 03 7722
09-269 03 7744

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်။

🗺️Google map - https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#ရာသီတုပ်ကွေးကာကွယ်ဆေး

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ စာရင်းပေးလို့ရပြီနော်💉🤧ရာသီပြောင်းလဲချိန်များတွင် မကြာခဏတွေ့ရတဲ့ ရာသီတုပ်ကွေး (Influenza) ...
13/03/2026

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ စာရင်းပေးလို့ရပြီနော်💉

🤧ရာသီပြောင်းလဲချိန်များတွင် မကြာခဏတွေ့ရတဲ့ ရာသီတုပ်ကွေး (Influenza) ဟာ သာမန်အအေးမိလို ထင်ရနိုင်ပေမယ့် အချို့လူများအတွက် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊ အသက်ကြီးသူများ၊ ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်ရောဂါရှိသူများအတွက် သတိထားဖို့ အရေးကြီးပါတယ်။

ရာသီတုပ်ကွေးဖြစ်လာတဲ့အခါ
🤒 ကိုယ်ပူချောင်းဆိုး
🤧 နှာရည်ယို၊ လည်ချောင်းနာ
😷 ကိုယ်လက်နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
တို့လို လက္ခဏာများ ဖြစ်ပေါ်နိုင်ပြီး အချို့လူများတွင် အဆုတ်ရောင်ခြင်းကဲ့သို့သော ပြင်းထန်သော အကျိုးဆက်များကိုပါ ဖြစ်စေနိုင်ပါတယ်။

💉 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းဟာ ရောဂါကို ကာကွယ်နိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးခြင်းဖြင့်
✔️ ရာသီတုပ်ကွေးကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
✔️ ဖြစ်ပွားလာပါက လက္ခဏာများ မပြင်းထန်အောင် ကူညီပေးနိုင်ခြင်း
✔️ မိသားစုနှင့် ပတ်ဝန်းကျင်ရှိသူများကိုပါ ကာကွယ်ပေးနိုင်ခြင်း
📍ကျန်းမာရေးကို မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ ဒါကြောင့် ကာကွယ်ဆေးထိုးနှံလိုသူများအနေဖြင့် ပြည်သာယာဆေးခန်းသို့ ကိုယ်တိုင်လာရောက်၍ ထိုးနှံနိုင်ပါပြီရှင့်

📩 ထိုးနှံရန်ကြိုတင် စာရင်းပေးသွင်းလိုပါက Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်.
မိမိကိုယ်တိုင်သာမက မိသားစုနှင့် ချစ်ခင်သူများရဲ့ ကျန်းမာရေးကိုလည်း ကာကွယ်လိုက်ကြပါစို့။

📲𝗕𝗼𝗼𝗸𝗶𝗻𝗴 - 𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟭𝟭,𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟮𝟮
🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်
🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#ရာသီတုပ်ကွေးကာကွယ်ဆေး

🧑‍🌾တောင်သူလယ်သမားနေ့🌾🌾နေပူပူ၊မိုးရွာရွာ စိုက်ပျိုးရေးကိုအားသွန်ခွန်စိုက်လုပ်ကိုင်ကြသော ကျေးဇူးရှင်တောင်သူကြီးများအားလုံး...
02/03/2026

🧑‍🌾တောင်သူလယ်သမားနေ့🌾

🌾နေပူပူ၊မိုးရွာရွာ စိုက်ပျိုးရေးကိုအားသွန်ခွန်စိုက်လုပ်ကိုင်ကြသော ကျေးဇူးရှင်တောင်သူကြီးများအားလုံးကို ယနေ့ကျရောက်သောလယ်သမားနေ့တွင် စိတ်ချမ်းသာ၊ကိုယ်ချမ်းသာကြပြီး ဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေကြောင်း ပြည်သာယာအထူးကုဆေးခန်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏

#တောင်သူလယ်သမားနေ့

လေထုညစ်ညမ်းမှု(Air Pollution) အန္တရာယ်မှဂရုစိုက်ကာကွယ်ပါ🌁ရန်ကုန်မြို့မှာဒီရက်ပိုင်းအပြင်ထွက်လိုက်ရင် ကောင်းကင်ကြီးကမှိုင...
26/02/2026

လေထုညစ်ညမ်းမှု(Air Pollution) အန္တရာယ်မှဂရုစိုက်ကာကွယ်ပါ

🌁ရန်ကုန်မြို့မှာဒီရက်ပိုင်းအပြင်ထွက်လိုက်ရင် ကောင်းကင်ကြီးကမှိုင်းနေတာ၊ မြူတွေဆိုင်းနေသလို ဖြစ်နေတာကို အားလုံးသတိထားမိကြမှာပါနော်

☁️ဒါကို“မိုးအုံ့နေတာ၊ ရာသီဥတုသာယာလိုက်တာ" လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ ဒါဟာ ကျန်းမာရေးကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ လေထုညစ်ညမ်းမှုပါပဲ
❗လေထုညစ်ညမ်းခြင်းဆိုတာ မီးခိုးငွေ့၊ ဓာတ်ငွေ့အန္တရာယ်များ၊ ဖုန်မှုန့်များနှင့် အန္တရာယ်ဖြစ်စေသော အမှုန်အမွှားများ လေထဲတွင် ပမာဏများစွာ ပါဝင်နေခြင်းဖြစ်ပြီး အဲ့အရာများကလူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်..

အခုဆိုရင်ရန်ကုန်မြို့ကြီးမှာ လေထုညစ်ညမ်းခြင်းဖြစ်ရပ်ကိုခံစားနေကြရပါတယ်။ဒီလိုအချိန်မှာ လေထုညစ်ညမ်းခြင်းမှကာကွယ်ဖို့အတွက်
📌အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့ပါနဲ့။
📌 AQI ကို စစ်ဆေးပါ။ ဖုန်းထဲမှာ Air Quality Index (AQI) ကို အမြဲကြည့်ပါ။
📌ဒီလိုအချိန်ဆိုရင် အပြင်ထွက်ခြင်း၊ အပြင်းအထန် ကိုယ်လက်လှုပ်ရှားခြင်းမျိုးကို ခေတ္တရှောင်ကြဉ်ပါ။
📌 အိမ်တွင်းလေထုကို သန့်စင်ပါ။ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ Air Purifier (လေသန့်စက်) ရှိရင် ဖွင့်ထားပေးပါ။
📌 ရေများများသောက်ပါ၊
📌အပြင်က ပြန်လာရင် မျက်နှာနဲ့ ခန္ဓာကိုယ်ကို သေချာသန့်စင်ပါ။
📌 အိမ်ထဲမှာ လေထုကို သန့်စင်ပေးနိုင်တဲ့ အပင်လေးတွေ စိုက်ပါ။

☁️ဒီအမှုန်အမွှားလေးတွေက အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အဆုတ်ထဲတင်မကဘဲ သွေးကြောထဲအထိ စိမ့်ဝင်သွားနိုင်တာမို့ တကယ်ကို သတိထားရမယ့် အန္တရာယ်ဖြစ်ပြီး
👩‍⚕️အထူးသတိပြုစေချင်တာကတော့ ရင်ကြပ်ဝေဒနာရှိသူများ၊ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်မှာအသက်ရှူရ အရမ်းခက်ခဲခြင်း၊ ရင်ဘတ်အောင့်တာမျိုး ဖြစ်လာပါက နီးစပ်ရာဆေးခန်းသို့အမြန်ဆုံး သွားရောက်ပြသဖို့လိုအပ်ပါတယ်

ချစ်ခင်ရသူတွေကိုလေထုညစ်ညမ်းခြင်းမှကာကွယ်ဖို့အတွက် ဒီအချက်လေးတွေပြုလုပ်ဖို့မမေ့ပါနဲ့နော်..

# #လေထုညစ်ညမ်းမှု #ရန်ကုန်မြို့

☀️နွေရာသီအကူးအပြောင်းမှာ ကျန်းမာရေးကို ဦးစားပေးဂရုစိုက်ပါ..🤒အခုလိုနေအရမ်းပူပြင်းလာပြီဖြစ်တဲ့နွေရာသီမှာ အပူရှပ်ခြင်း၊လည်ခ...
24/02/2026

☀️နွေရာသီအကူးအပြောင်းမှာ ကျန်းမာရေးကို ဦးစားပေးဂရုစိုက်ပါ..

🤒အခုလိုနေအရမ်းပူပြင်းလာပြီဖြစ်တဲ့နွေရာသီမှာ အပူရှပ်ခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုခြင်း၊ဖျားနာခြင်းတွေခံစားရတက်ပါတယ်နော်

☀️ ဒီလိုမျိုးတွေမဖြစ်ရလေအောင် နေပူထဲထွက်ရာတွင် ဆောင်ရန်ရှောင်ရန်အချက်များကိုလိုက်နာဖို့လိုအပ်ပါတယ်
🔺ဦးထုပ်၊ ထီး၊ နေရောင်ကာမျက်မှန် အသုံးပြုပါ
🔺အရောင်လင်းပြီး ပေါ့ပါးသည့် အဝတ်အစားများ ဝတ်ဆင်ပါ
🔺နေရောင်ကာလိမ်းဆေး (SPF 30 နှင့်အထက်) လိမ်းပါ
🔺အပြင်ထွက်မတိုင်မီ ရေတစ်ခွက် သောက်ပါ
🔺အပြင်မှာလည်း ၂၀–၃၀ မိနစ်တစ်ကြိမ် ရေအနည်းငယ်စီ သောက်ပါ
🔺မကြာခဏဓာတ်ဆားရည် သောက်သုံးပါ
🔺နေပူပြင်းချိန် (မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီ) အပြင်ထွက်ခြင်း ရှောင်ပါ
🔺လိုအပ်လျှင် မနက်အစောပိုင်း သို့မဟုတ် ညနေပိုင်းရွေးချယ်ပြီးအပြင်ထွက်ပါ..
🔺မောပန်းခြင်း၊ ခေါင်းမူးခြင်း၊ အန်ခြင်း စသည့်လက္ခဏာများပြင်းထန်ပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ

👶 ကလေးငယ်များ၊ လူကြီးများနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် အပူဒဏ်ပိုမိုခံရလွယ်သောကြောင့် အထူးဂရုစိုက်ရန်လိုအပ်ပါတယ်

👪မိမိကိုယ်ကိုကာကွယ်ခြင်းက မိသားစုကိုကာကွယ်ခြင်းဖြစ်တာမို့ နွေရာသီအကူးအပြောင်းမှာ ကျန်းမာရေးကို ဦးစားပေးဂရုစိုက်ဖို့တိုက်တွန်းပါရစေနော်..🩵

📲𝗕𝗼𝗼𝗸𝗶𝗻𝗴 - 𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟭𝟭,𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟮𝟮
🏥𝗔𝗱𝗱𝗿𝗲𝘀𝘀- 𝗡𝗼.𝟮𝟬,𝗣𝘆𝗶 𝗧𝗵𝗮𝗿 𝗬𝗮𝗿 𝗦𝘁𝗿𝗲𝗲𝘁,𝗕𝗮𝘂𝗸 𝗛𝘁𝗮𝘄,𝗬𝗮𝗻𝗸𝗶𝗻 𝗧𝘀𝗽,𝗬𝗮𝗻𝗴𝗼𝗻.

🙏အခုလို ပိတ်ရက်တွင်လည်း ပြည်သာယာအထူးကုဆေးခန်း မှာကျွန်မတို့ကို ယုံကြည်အားထားပြီး လာရောက်ကုသကြတဲ့ လူနာများအားလုံးကို အထူး...
17/02/2026

🙏အခုလို ပိတ်ရက်တွင်လည်း ပြည်သာယာအထူးကုဆေးခန်း မှာကျွန်မတို့ကို ယုံကြည်အားထားပြီး လာရောက်ကုသကြတဲ့ လူနာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ ကျွန်မတို့ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့များအနေနဲ့လည်း နေ့စဉ်အရည်အသွေးမြင့် ဆေးကုသမှုနှင့် လျင်မြန်ထိရောက်သော ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် အမြဲတမ်းအဆင်သင့်ရှိနေပါတယ် 🩵

ကျန်းမာရေး စစ်ဆေးမှုများနှင့် ဆေးဝါးအကြံပေးခြင်းများအတွက် ကျွန်မ တို့ ပြည်သာယာအထူးကုဆေးခန်းသို့ လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင့်🙏

📲𝗕𝗼𝗼𝗸𝗶𝗻𝗴 - 𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟭𝟭,𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟮𝟮
🏥𝗔𝗱𝗱𝗿𝗲𝘀𝘀- 𝗡𝗼.𝟮𝟬,𝗣𝘆𝗶 𝗧𝗵𝗮𝗿 𝗬𝗮𝗿 𝗦𝘁𝗿𝗲𝗲𝘁,𝗕𝗮𝘂𝗸 𝗛𝘁𝗮𝘄,𝗬𝗮𝗻𝗸𝗶𝗻 𝗧𝘀𝗽,𝗬𝗮𝗻𝗴𝗼𝗻.

🧧Gong Xi Fa Cai🎋🧧ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူးအခါသမယလေးဖြစ်ပါစေရှင့်✨🐴အခုနှစ်ကျရောက်တဲ့တရုတ်နှစ်သစ်ကူးနေ့သည် တရုတ်ရိုးရာ...
16/02/2026

🧧Gong Xi Fa Cai🎋

🧧ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူးအခါသမယလေးဖြစ်ပါစေရှင့်✨
🐴အခုနှစ်ကျရောက်တဲ့တရုတ်နှစ်သစ်ကူးနေ့သည် တရုတ်ရိုးရာမြင်းနှစ်ဖြစ်တာမို့ ကျန်းမားခြင်း၊သန်စွမ်းခြင်း၊ရှေ့ဆက်ခြင်းနဲ့ခွန်အားတို့ကို ကိုယ်စားပြုတာဖြစ်လို့ ချစ်ခင်ရသူတွေနဲ့အတူ ကျန်းမာ၊သက်ရှည်ပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုဖန်တီးနိုင်ပါစေလို့ ပြည်သာယာအထူးကုဆေးခန်းမှ ဆုတောင်းလိုက်ပါတယ်ရှင့်🙏❤️

➕မိမိနှင့် မိမိတို့ရဲ့မိသားစုကျန်းမာရေးအတွက် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့်အကောင်းဆုံးကုသမှုများ၊အကြံဉာဏ်များရယူလို...
14/02/2026

➕မိမိနှင့် မိမိတို့ရဲ့မိသားစုကျန်းမာရေးအတွက် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့်အကောင်းဆုံးကုသမှုများ၊အကြံဉာဏ်များရယူလိုပါကပြည်သာယာအထူးကုဆေးခန်းကိုသတိရလိုက်ပါနော် 🙏

🤧အခုလိုပူပြင်းလာပြီဖြစ်တဲ့နွေရာသီမှာ အပူရှပ်ပြီးဖျားနာခြင်း၊နှာစေးခြင်း၊ခေါင်းကိုက်ခြင်းနှင့်တခြား ဖြစ်လေ့ရှိတဲ့ကျန်းမာရေးပြဿနာတွေအတွက် ဆရာဝန်နှင့် ကိုယ်တိုင်ကိုယ်ကျတိုင်ပင်ပြသလိုပါက အထွေထွေရောဂါကုသမားတော်ကြီးဖြစ်တဲ့

🧑‍⚕️ဒေါက်တာဆောင်းမြသီရီ
𝗠.𝗕.,𝗕.𝗦., 𝗠𝗥𝗖𝗣 (𝗨𝗞)
🕧𝗠𝗼𝗻𝗱𝗮𝘆, 𝗪𝗲𝗱𝗻𝗲𝘀𝗱𝗮𝘆, 𝗙𝗿𝗶𝗱𝗮𝘆 - 𝟭𝟬:𝟬𝟬 𝗔𝗠 နဲ့လာရောက်တိုင်ပင်ပြသနိုင်သလို ဆေးခန်းသို့လာရောက်မကုသနိုင်သူများအတွက်လည်း အိမ်အရောက်ကုသစောင့်ရှောက်မှု Homeservice ဖြင့်လာရောက်ကုသမှုများပြုလုပ်ပေးနေပါပြီရှင့်🙏

ဆရာဝန်ကြီးများနဲ့လာရောက်ပြသရန်နှင့် အိမ်အရောက်ဆေးကုသဝန်ဆောင်မှုအတွက်ကြိုတင်စရင်းပေးပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🙏

📲𝗕𝗼𝗼𝗸𝗶𝗻𝗴 - 𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟭𝟭,𝟬𝟵-𝟮𝟲𝟵 𝟬𝟯 𝟳𝟳𝟮𝟮
🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်
🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

🫀နှလုံးတယ်လီဗေးရှင်းဓာတ်မှန်(Echo)ရိုက်လို့ရပါပြီနှလုံးကျန်းမာရေးကို စနစ်တကျ စစ်ဆေးဖို့ Echo စမ်းသပ်မှု ဟာ အရေးကြီးတဲ့ စ...
13/02/2026

🫀နှလုံးတယ်လီဗေးရှင်းဓာတ်မှန်(Echo)ရိုက်လို့ရပါပြီ
နှလုံးကျန်းမာရေးကို စနစ်တကျ စစ်ဆေးဖို့ Echo စမ်းသပ်မှု ဟာ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုပဲဖြစ်ပါတယ်။

🔍 Echo ရိုက်တယ်ဆိုတာဘာလဲ?
Echo ရိုက်ခြင်းသည် အသံလှိုင်း (Ultrasound) ကိုအသုံးပြုပြီး နှလုံးရဲ့လှုပ်ရှားမှု၊ အရွယ်အစား၊ သွေးစီးဆင်းမှု နှင့် Valve များ အလုပ်လုပ်ပုံကို ကြည့်ရှုစစ်ဆေးသော စမ်းသပ်မှုတစ်ခုဖြစ်ပါသည်။
🫀 Echo စမ်းသပ်မှုက နှလုံးအလုပ်လုပ်ပုံကို လုံခြုံစိတ်ချစွာ စစ်ဆေးနိုင်ပါတယ်နော်
✔ နှလုံးသားကြီးထွားမှု
✔ နှလုံးအဆို့ရှင် ပြဿနာများ
✔ နှလုံးအလုပ်လုပ်နိုင်စွမ်း
✔နှလုံးအရွယ်အစား ပုံမှန်ရှိ/မရှိ
✔နှလုံးကြောများ ပိတ်ဆို့မှု ရှိ/မရှိ
✔နှလုံးအားနည်းခြင်း (Heart Failure)
✔မွေးရာပါ နှလုံးရောဂါများ
👨‍⚕️ ဘယ်သူတွေ Echo စစ်သင့်သလဲ?
✔️ နှလုံးခုန်မမှန်ခြင်း
✔️ ရင်ဘတ်နာကျင်မှု
✔️ အသက်ရှူခက်ခဲခြင်း
✔️ သွေးပေါင်မြင့်ရောဂါရှိသူများ
✔️ ဆီးချိုရောဂါရှိသူများ
💚 Echo စမ်းသပ်မှုသည် နာကျင်မှုမရှိ၊ ချက်ချင်းရလဒ်သိနိုင်သော လုံခြုံစိတ်ချရသော စစ်ဆေးမှုဖြစ်ပါသည်။

ကျွန်မတို့ပြည်သာယာအထူးကုဆေးခန်းမှာ နှလုံးတယ်လီဗေးရှင်းဓာတ်မှန်(Echo)စစ်ဆေးမှုများလာရောက်ပြုလုပ်နိုင်ပြီး လိုအပ်ပါက နှလုံးအထူးကုဆရာဝန်ကြီးများနှင့် ပြသပြီးစစ်ဆေးနိုင်ပါတယ်ရှင့်
ပြည်သာယာအထူးကုဆေးခန်းမှာ သင့်နှလုံးကျန်းမာရေးအတွက် ယနေ့ပဲ စစ်ဆေးလိုက်ပါနော်..
🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်
🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av


#နှလုံးတယ်လီဗေးရှင်းဓာတ်မှန်

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲💐 (၂၀၂၆) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ပြည်သာယာ...
12/02/2026

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

💐 (၂၀၂၆) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ပြည်သာယာအထူးကုဆေးခန်း မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင့် 🙏

🦴 အရိုးအဆစ်၊ အကြောနာကျင်မှုတွေကို မပေါ့ဆပါနဲ့မနက်အိပ်ရာထပြီး အဆစ်တွေတင်းကျပ်နာကျင်နေတာလား?လက်၊ ခြေ၊ ဒူးဆစ်တွေ မကြာခဏ နာန...
10/02/2026

🦴 အရိုးအဆစ်၊ အကြောနာကျင်မှုတွေကို မပေါ့ဆပါနဲ့
မနက်အိပ်ရာထပြီး အဆစ်တွေတင်းကျပ်နာကျင်နေတာလား?
လက်၊ ခြေ၊ ဒူးဆစ်တွေ မကြာခဏ နာနေတတ်လား?
အဆစ်ရောင်၊ အကြောနာ၊ အရိုးအဆစ်ရောဂါတွေက အချိန်ကြာလာရင် နေ့စဉ်ဘဝကို အရမ်းထိခိုက်စေနိုင်ပါတယ်။

အဲ့လိုလက္ခဏာတွေရှိလာပြီဆိုရင်
👉 ကိုယ်တိုင်ဆေးသောက်နေတာထက်
👉 အတွေ့အကြုံရှိတဲ့ အရိုးအဆစ်၊ အကြောရောဂါ အထူးကု ဆရာဝန် နဲ့ စနစ်တကျ စစ်ဆေးကုသဖို့ အရေးကြီးပါတယ်။

🏥 ပြည်သာယာအထူးကုဆေးခန်း မှာအရိုး၊အကြော၊အဆစ်နှင့်လေးဖက်နာဆိုင်ရာ အထူးကုသမားတော်ကြီးဖြစ်တဲ့
🧑‍⚕️တွဲဖက်ပါမောက္ခ ဒေါ်ယဥ်မင်းစိုး
𝗠.𝗕.,𝗕.𝗦., 𝗠.𝗠𝗲𝗱.𝗦𝗰,𝗠𝗥𝗖𝗣(𝗨𝗞), 𝗗𝗿.𝗠𝗲𝗱.𝗦𝗰 (𝗥𝗵𝗲𝘂𝗺𝗮𝘁𝗼𝗹𝗼𝗴𝘆),𝗙𝗲𝗹𝗹𝗼𝘄𝘀𝗵𝗶𝗽 𝗶𝗻 𝗥𝗵𝗲𝘂𝗺𝗮𝘁𝗼𝗹𝗼𝗴𝘆 (𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮) အထူးကု ဆရာဝန်ကြီးက အရိုးအဆစ်နာကျင်မှု၊ အဆစ်ရောင်ရမ်းမှု၊ အကြောရောဂါများကို သေချာစနစ်တကျ စစ်ဆေးပြီး သင့်တော်တဲ့ ကုသမှုကို ပေးနေပါပြီနော်။

🗓 စနေနေ့ | မနက် ၁၁ နာရီ
📞 Booking ယူရန်ဖုန်းနံပါတ်- 09-269 03 7711, 09-269 03 7722 ဆက်သွယ်ပြီး တစ်ရက်ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်
👉 အရိုးအဆစ်၊ အကြောရောဂါတွေကို နောက်မကျခင် ပြည်သာယာဆေးခန်းမှာ လာရောက်စစ်ဆေးကြပါနော်။

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်
🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#အရိုးအဆစ်ရောဂါ #အရိုးအဆစ်အထူးကု

Address

20, Pyi Thar Yar Street
Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959269037711

Alerts

Be the first to know and let us send you an email when Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း:

Share