Asia Royal Hospital

Asia Royal Hospital Healthcare Service Asia Royal Hospital is an 11th Storey twin building which was opened on the 18th March 2000. Specialist on call service is also available.

We are providing multidisciplinary medical care service with modern medical equipments. We are concerned with prompt & effective treatment to our patient given by well trained residential medical doctors, nurses & supported by expert professional staffs at the every respective department . Nearly a decade, we have performed our service to get better health living and well being. We always try to meet our patient’s needs & requests. We also keep abreast with the technological advantages for your satisfactions. Your Satisfaction is our first priority. We are always at your service.

"လေးဘက်နာပိုးကို သေချာ မကုမိရင် နှလုံးရောဂါ ဖြစ်လာနိုင်"📌 ပိုးလေးဘက်နာဟာ Group-A Streptococci ဘက်တီးရီးယားကြောင့်ဖြစ်တဲ့...
30/01/2026

"လေးဘက်နာပိုးကို သေချာ မကုမိရင် နှလုံးရောဂါ ဖြစ်လာနိုင်"

📌 ပိုးလေးဘက်နာဟာ Group-A Streptococci ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လေးဘက်နာရောဂါတစ်မျိုး ဖြစ်ပါတယ်။
- ဒီပိုးက အသက်ရှူလမ်းကြောင်းထဲ ကူးစက်ခံရရင် လည်ချောင်းနာ၊ အာသီးရောင်၊ ဖျားနာမှုများ ဖြစ်စေပါတယ်။
- အရှင်းပျောက်အောင် မကုမိရင် / ပိုးသတ်ဆေးကို ရက်ပြည့်အောင် မသောက်ခဲ့မိရင် ပိုးတွေက ကိုယ်ထဲမှာ ကျန်နေပါတယ်။
- ဒီအခါမှာ ကိုယ်ထဲကနေ ပိုးတွေကို ခုခံမယ့်ဓာတ်တွေ ထွက်လာပါမယ်။
- ဒီဓာတ်တွေက ပိုးတွေကို ခုခံဖို့ ကြိုးစားရင်း မိမိရဲ့ကိုယ်ပိုင် ဆဲလ်တွေ၊ တစ်ရှူးတွေ (အဆစ်အမြစ်များ၊ နှလုံး၊ ဦးနှောက်၊ အရေပြား)ကို တိုက်ခိုက်မိတဲ့အခါ ရောင်ရမ်းမှုတွေ ဖြစ်လာပါမယ်။
- ပိုးလေးဘက်နာမှာ အဆစ်ရောင်တာက ၃လ၊ ၄လပဲ ဖြစ်တတ်တာပါ။
- မကြာခဏ ဒီလို ပိုးဝင်ပြီး ပြန်ဖြစ်နေရင် နှလုံးက ရောင်တာများပြီး အမာရွတ် ရှိသွားတော့ နှလုံးအတွင်းခန်းတွေထဲက အဆို့ရှင်တွေ၊ ကြွက်သားတွေ ကျဉ်းကျပ်သွားပါမယ်။
(အဲ့ဒီအခါ သွေးကောင်းစွာ မစီးနိုင်တော့ လေးဘက်နာနှလုံးရောဂါ Rheumatic Heart Disease ကိုပါ ခံစားရပါတော့တယ်။)

🔎 သွေးဖောက်စစ်ရင် A*O (လူကြီး-250 todds unit, ကလေး-330 todds unit) တက်နေတတ်ပါတယ်။
- အာခေါင်တို့ဖတ် (Throat swab culture)ယူခြင်း၊
- နှလုံးအတွက် ECG ရိုက်ခြင်း၊
- ရင်ဘတ်ဓာတ်မှန် (Chest X-ray)၊
- ပုံရိပ်ဖော် Echocardiogram ရိုက်ခြင်းတွေနဲ့ ရောဂါနှင့် နောက်ဆက်တွဲ ပြဿနာတွေကို စစ်ဆေးကြည့်နိုင်ပါတယ်။

💉 ပိုးလေးဘက်နာက ပျောက်ကင်းအောင် ကုသလို့ရတဲ့ လေးဘက်နာအမျိုးအစား ဖြစ်ပါတယ်။
- ပိုးများ အရှင်းပျောက်ဖို့ ပင်နီဆလင်ဆေးကို ထိုးပေးပြီး ၃လအတွင်း သက်သာအောင် ကုသနိုင်ပါမယ်။
(ပဋိဇီဝပိုးသတ်ဆေးကို သတ်မှတ်ရက်ပြည့်အောင် မပျက်မကွက် ထိုးဖို့/သောက်ဖို့ အလွန်အရေးကြီးပါတယ်။)
- ပိုးလေးဘက်နာ ပြန်ထပ်မဖြစ်ဖို့နဲ့ နောက်ဆက်တွဲ နှလုံးရောဂါအထိ ဆက်မဖြစ်ဖို့ Penicillin အသားဆေးကို အနည်းဆုံး ၅နှစ်အထိ လစဉ်ထိုးပေးခြင်းဖြင့်လည်း ကာကွယ်ထားရပါမယ်။
- သောက်ဆေးဖြင့် ကာကွယ်မည်ဆိုပါက ၁၀နှစ်အထက် ဆေးကိုစွဲပြီး သောက်ရမှာ ဖြစ်ပါတယ်။
- ရောင်ရမ်းခြင်းများအတွက် အရောင်ကျဆေး၊ အကိုက်အခဲ ပျောက်ဆေးများ ပေးရပါတယ်။
- လေးဘက်နာ နှလုံးရောဂါအထိ ဖြစ်နေရင်တော့ နှလုံးဆေးများ၊ ဆီးဆေး၊ သွေးကျဲဆေးများပါ ထည့်ပြီးကုသရပါတယ်။ နှလုံးအဆို့ရှင်များ ပျက်စီးနေပါက အဆို့ရှင် အစားထိုးကုသခြင်း (Valve replacement) တွေပါ လုပ်ရနိုင်ပါတယ်။
- နှလုံးကိုထိခိုက်နေတဲ့ ပိုးလေးဘက်နာ လူနာများဟာ ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပြီး အနားယူဖို့ အထူးလိုအပ်ပါတယ်။

📌 ပိုးလေးဘက်နာကြောင့် အဆစ်များ ကွေးကောက်ပြီး ပုံပျက်သွားနိုင်မလား?
- ပိုးလေးဘက်နာဟာ အဆစ်တွေကို ပုံပျက်စေခြင်း မရှိပါဘူး။
- နှလုံးကိုသာ အဓိက ထိခိုက်စေတတ်တာပါ။
- ဒါကြောင့် ပိုးလေးဘက်နာလို့ ယူဆပြီး Penicillin ထိုးနေရင်း အဆစ်တွေ ပုံပျက်လာရင်တော့ ပိုးလေးဘက်နာ မဟုတ်နိုင်ဘဲ အခြားလေးဘက်နာ အမျိုးအစားသာ ဖြစ်မှာမို့ ကုသမှုကို ပြန်လည်ဆန်းစစ်ရတော့မှာပါ။

👨‍⚕️ "အာရှတော်ဝင်ဆေးရုံ" ၏ ပြင်ပလူနာဌာနတွင် "အထူးကုဆရာဝန်ကြီး"များ နှင့် ပြသဆွေးနွေးနိုင်ပြီး ခေတ်မီနည်းပညာမြင့်စက်များဖြင့် ရောဂါရှာဖွေစစ်ဆေးမှုအမျိုးမျိုးကိုပါ ပြုလုပ်နိုင်ရန် အာရှတော်ဝင်ဆေးရုံကြီးမှ ဝန်ဆောင်မှုများပေးနေပါတယ်...

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

🏥ကျန်းမာရေး စစ်ဆေးခြင်းများ အတွက် "အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

📱Asia Royal Hospital's Teleconsultation service
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#လေးဘက်နာ
#အာသီးရောင်
#လည်ချောင်းနာ
#လေးဘက်နာနှလုံးရောဂါ

"ပိုးလေးဘက်နာ (Rheumatic Fever)"📌 ပိုးလေးဘက်နာဟာ Group-A Streptococci ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လေးဘက်နာရောဂါ တမျိုးဖြစ...
30/01/2026

"ပိုးလေးဘက်နာ (Rheumatic Fever)"

📌 ပိုးလေးဘက်နာဟာ Group-A Streptococci ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လေးဘက်နာရောဂါ တမျိုးဖြစ်ပါတယ်။
- ဒီပိုးက အသက်ရှူလမ်းကြောင်းထဲ ကူးစက်ခံရရင် လည်ချောင်းနာ၊ အာသီးရောင်၊ ဖျားနာမှုများ ဖြစ်စေပါတယ်။
- အရှင်းပျောက်အောင် မကုမိရင် / ပိုးသတ်ဆေးကို ရက်ပြည့်အောင် မသောက်ခဲ့မိရင် ပိုးတွေက ကိုယ်ထဲမှာ ကျန်နေပါတယ်။
- ဒီအခါမှာ ကိုယ်ထဲကနေ ပိုးတွေကို ခုခံမယ့်ဓာတ်တွေ ထွက်လာပါမယ်။
- ဒီဓာတ်တွေက ပိုးတွေကို ခုခံဖို့ ကြိုးစားရင်း မိမိရဲ့ကိုယ်ပိုင် ဆဲလ်တွေ၊ တစ်ရှူးတွေ (အဆစ်အမြစ်များ၊ နှလုံး၊ ဦးနှောက်၊ အရေပြား)ကို တိုက်ခိုက်မိတဲ့အခါ ရောင်ရမ်းမှုတွေ ဖြစ်လာပါမယ်။

📌 အရွယ်မရွေး ဖြစ်နိုင်သော်လည်း ၅နှစ် မှ ၁၅နှစ်အရွယ် ကလေးတွေမှာ ပိုဖြစ်ပါတယ်။
- ပိုးလေးဘက်နာဟာ ကျောင်းနေအရွယ် ကလေးများမှာ နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။

⚠️ ရောဂါလက္ခဏာများ
- လည်ပင်းနာပြီး ၂ပတ်မှ ၄ပတ်အတွင်း လေးဘက်နာ လက္ခဏာများ စတင်တတ်ပါတယ်။
- အဆစ်တွေနာပြီး ရောင်ခြင်း (တံတောင်ဆစ်၊ ခြေကျင်းဝတ်၊ ဒူးခေါင်းလို အဆစ်အကြီးတွေမှာ ဖြစ်ပါမယ်။ နေရာရွှေ့ရွှေ့ပြီးလည်း နာတတ်၊ ရောင်တတ်ပါမယ်။)
- ရင်ဘတ်အောင့်၊ ရင်တုန်မောပန်းခြင်း၊
- အရေပြားမှာ အနီကွက်လေးများထွက်ခြင်း၊
- လက်၊ ညှို့သကျည်း၊ ကျောရိုးနေရာများတွင် မနာကျင်သော အကျိတ်လေးများ ထွက်ခြင်း၊
- အကြောဆွဲခြင်း၊ ဖျားခြင်းစတဲ့ လက္ခဏာများ ရှိတတ်ပါမယ်။

⚠️ နောက်ဆက်တွဲ ဆိုးကျိုးများ
- ပိုးလေးဘက်နာမှာ အဆစ်ရောင်တာက ၃လ၊ ၄လပဲ ဖြစ်တတ်တာပါ။
- မကြာခဏ ဒီလို ပိုးဝင်ပြီး ပြန်ဖြစ်နေရင် နှလုံးက ရောင်တာများပြီး အမာရွတ် ရှိသွားတော့ နှလုံးအတွင်းခန်းတွေထဲက အဆို့ရှင်တွေ၊ ကြွက်သားတွေ ကျဉ်းကျပ်သွားပါမယ်။
(အဲ့ဒီအခါ သွေးကောင်းစွာ မစီးနိုင်တော့ လေးဘက်နာနှလုံးရောဂါ Rheumatic Heart Disease ကိုပါ ခံစားရပါတော့တယ်။)
- သွေးများ အဆုတ်ထဲ စုပုံလာရင်လည်း ညအချိန်မှာ မောကြပ်ပြီး ရေမွန်းသလို ခံစားရတတ်ပါတယ်။ မျက်နှာ၊ ခြေထောက်များ ဖောလာပါမယ်။
- သွေးတွေက အနည်ထိုင်ပြီး သွေးခဲဖြစ်သွားရင် နှလုံးခုန်မမှန်ရာမှ သွေးခဲကျွတ်ထွက်သွားရင် နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောတွေထဲမှာ သွားပြီးပိတ်တဲ့အခါ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းစတာတွေပါ ဖြစ်လာနိုင်ပါတယ်။

🛡 ပိုးလေးဘက်နာ ဖြစ်စေတဲ့ လည်ချောင်းနာပိုးကို ကိုယ်ထဲဝင်မလာအောင် အဓိကကာကွယ်ရမှာပါ။
- မသန့်ရှင်းသော ရေနှင့်ရေခဲကို ရှောင်ကြဉ်ရပါမယ်။
(ရေခဲကအေးလို့ လည်ပင်းနာတဲ့ သဘောမျိုး မဟုတ်ဘဲ ရေသန့်ရေခဲ မသုံးဘဲ ဖြစ်သလို ရောင်းချတဲ့ ဖျော်ရည်၊ ရေခဲထုပ် စတာတွေက ပိုးပါစေနိုင်တာကို သတိပြုပြီး ရှောင်စေလိုတာပါ။)
- လေထုညစ်ညမ်းစေတဲ့ ဖုန်မှုန့်၊ ထင်း၊ မီးသွေးမှုန့်၊ မီးခိုးငွေ့များကို အတတ်နိုင်ဆုံး မရှူမိဖို့ လိုပါတယ်။
- လူနေထူထပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းတွေက ဒီရောဂါကို ဖြစ်နိုင်ချေ များစေတတ်ပါတယ်။
- အရက်၊ ဆေးလိပ်၊ သကြား၊ အသင့်စား ready made အစားအစာများ၊ နို့ထွက်ပစ္စည်းများ၊ ခရမ်းချဉ်သီး၊ အာလူးစတာတွေကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။
- လည်ပင်းနာရင် အထူးသဖြင့် ကိုယ့်သဘောနှင့်ကိုယ် ပိုးသတ်ဆေးတွေ ဝယ်သောက်တာ၊ ပိုးသတ်ဆေးကိုလည်း (ဝေဒနာသက်သာရင် ရပ်လိုက်ပြီး) ရက်ပြည့်အောင် မသောက်တာတွေဟာ လေးဘက်နာပိုးတွေကို အကင်းမသေစေနိုင်လို့ ဒါတွေကို အထူးသတိပြု ဆင်ခြင်ရပါမယ်။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "အထူးကုသမားတော်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#လေးဘက်နာ
#အာသီးရောင်
#လည်ချောင်းနာ
#နှလုံးရောဂါ

❣️ နှလုံးအဆို့ရှင်တွေ ကောင်းစွာ မလုံခြင်း၊ ကျဥ်းနေ၊ ကျယ်နေခြင်းများအတွက် အဆို့ရှင် ခွဲစိတ်လဲလှယ်ဖို့ လိုအပ်လာရင် ရွေးချယ...
29/01/2026

❣️ နှလုံးအဆို့ရှင်တွေ ကောင်းစွာ မလုံခြင်း၊ ကျဥ်းနေ၊ ကျယ်နေခြင်းများအတွက် အဆို့ရှင် ခွဲစိတ်လဲလှယ်ဖို့ လိုအပ်လာရင် ရွေးချယ်နိုင်မယ့် အဓိကအမျိုးအစား(၂)ခုအကြောင်းကို ဗဟုသုတ မျှဝေပေးချင်ပါတယ်။

(၁) Mechanical valve (သတ္ထုဖြင့် ပြုလုပ်ထားသော အဆို့ရှင်)
- သတ္ထု၊ ကာဗွန် (titanium, pyrolytic carbon)တို့လိုမျိုး ခိုင်မာတဲ့အရာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

📌 အားသာချက်
- လဲလှယ်ထည့်သွင်းပြီးရင် နောက်တစ်ကြိမ် ထပ်မံလဲလှယ်ဖို့ မလိုအပ်သလောက်ကို တစ်သက်တာ (နှစ်၂၀မှ နှစ်၃၀အထက်) ကြာရှည်ခံပါတယ်။

⚠️ သတိပြုရန်အချက်
- လဲလှယ်ပြီးရင် နောက်ဆက်တွဲအဖြစ် သွေးခဲခြင်းတွေ ရှိလာနိုင်ပါတယ်။
- မဖြစ်အောင် ကာကွယ်ဖို့အတွက် သွေးမခဲဆေး (Warfarin) များကို တစ်သက်တာ သောက်ရန် လိုအပ်ပါတယ်။ (ဒီအခါမှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် သွေးယိုစိမ့်နိုင်ချေတွေလည်း ရှိတတ်ပါတယ်။)
- နှလုံးအခန်းတွေထဲမှာ အဆို့ရှင်အလုပ်လုပ်နေတဲ့ မြည်သံသဲ့သဲ့ကို ကြားနေနိုင်ပါတယ်။

✅ ကုသရန်သင့်တော်သူများ
- အသက်ငယ်ရွယ်သူများ (၆၅နှစ်အောက်)၊
- လှုပ်ရှားသွားလာမှုများသော active life style ရှိသူ၊
- သွေးထွက်နိုင်ချေ၊ ထိခိုက်ဒဏ်ရာ ရနိုင်ချေရှိတဲ့ အလုပ်တွေကို လုပ်ကိုင်သူများအတွက် ရွေးချယ်ရန် သင့်တော်ပါတယ်။

(၂) Tissue valve/biological valve (တိရိစ္ဆာန်တစ်ရှူးဖြင့် ပြုလုပ်ထားသော အဆို့ရှင်)
- နွား(သို့)ဝက်ရဲ့ နှလုံးတစ်ရှူးအသားစ၊ အဆို့ရှင်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

📌 အားသာချက်
- ခွဲစိတ်ပြီးရင် သွေးခဲမှုဖြစ်နိုင်ချေ မရှိလို့ သွေးမခဲဆေးတွေ စွဲသောက်ဖို့မလိုအပ်ပါဘူး။
- သဘာဝတစ်ရှူးတွေဖြစ်လို့ ခန္ဓာကိုယ်မှာ ပိုပြီး လိုက်လျောညီထွေ ရှိပါတယ်။
- အဆို့ရှင်မြည်သံတွေ မကြားရနိုင်ပါဘူး။

⚠️ သတိပြုရန်အချက်
- အသုံးပြုနိုင်တဲ့ သက်တမ်းတစ်ခုရှိလို့ ခွဲစိတ်ထည့်သွင်းပြီး ၁၀နှစ်၊ ၁၅နှစ်ကြာရင် ယိုယွင်းလာခြင်း၊ ကျဥ်းသွားခြင်းများ ရှိလာတဲ့အခါ အသစ်ထပ်မံလဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

✅ ကုသရန်သင့်တော်သူများ
- အသက်ကြီးသူများ (၆၅နှစ်အထက်)၊
- ကိုယ်ဝန်ဆောင်ရန် အစီအစဥ်ရှိသော အမျိုးသမီးများ၊
- ခွဲစိတ်မှုကြီးကြီးမားမားပြုလုပ်ရန် စီစဥ်ထားသူများ၊
- သွေးမခဲဆေးနှင့် မသင့်တော်သူ/ ရေရှည်မသုံးလိုသူများအတွက် ရွေးချယ်နိုင်ပါတယ်။

❣️ ဘယ်အမျိုးအစားက ပိုကောင်းလဲ?
- အမျိုးအစား တစ်ခုချင်းစီမှာ အားသာချက်တွေ၊ သတိပြုစရာအချက်တွေ ရှိကြပါတယ်။
- လူနာရဲ့အသက်အရွယ်၊ ရောဂါအခြေအနေ၊ ဘဝနေထိုင်မှုပုံစံတွေပေါ်မှာ အဓိကမူတည်ပြီး အသင့်တော်ဆုံးဖြစ်နိုင်မယ့် အမျိုးအစားကို ရွေးချယ်ရပါမယ်။
- သက်ဆိုင်ရာ နှလုံးအထူးကုဆရာဝန်များနှင့် သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

❣️ အဆို့ရှင်ခွဲစိတ်မှုတွေက အများအားဖြင့် အောင်မြင်နိုင်ချေ များတတ်ကြပါတယ်။
- အဆို့ရှင်ခွဲစိတ်လဲလှယ်မှု လုပ်ပြီးရင် ရောဂါလက္ခဏာများ သက်သာသွားပြီး ပိုမိုကျန်းမာစွာ နေထိုင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "နှလုံးအထူးကုသမားတော်ကြီးများ" "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

Reference-https://www.heart.org/en/health-topics/heart-valve-problems-and-disease/understanding-your-heart-valve-treatment-options
-https://www.bhf.org.uk/informationsupport/heart-matters-magazine/medical/replacement-heart-valves

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး

#နှလုံးအဆို့ရှင်ခွဲစိတ်ကုသခြင်း
#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောပိတ်
#နှလုံးနှိုးဆွစက်
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း

"နှလုံးအဆို့ရှင် ရောဂါများ "💖 နှလုံးရဲ့ အတွင်းခန်းတွေထဲမှာ အဆို့ရှင် (၄)ခု ရှိပါတယ်။ - နှလုံးခုန်ချက်တိုင်းမှာ ဒီအဆို့ရှ...
29/01/2026

"နှလုံးအဆို့ရှင် ရောဂါများ "

💖 နှလုံးရဲ့ အတွင်းခန်းတွေထဲမှာ အဆို့ရှင် (၄)ခု ရှိပါတယ်။
- နှလုံးခုန်ချက်တိုင်းမှာ ဒီအဆို့ရှင်များက တံခါးရွက်များလို အဖွင့်အပိတ် စည်းချက်ကျလုပ်ပေးပြီး နှလုံးမှသွေးများကို သွေးကြောများထဲသို့ မှန်ကန်စွာ စီးဆင်းစေရန် ကူညီလုပ်ဆောင်ပေးပါတယ်။

❣️ နှလုံးအဆို့ရှင်ဟာ (၄)ခုလုံးမှာ ရောဂါဖြစ်နိုင်ချေတွေ ရှိပါတယ်။
- အဆို့ရှင်မလုံရင် ပင်မသွေးကြောကြီးကနေ သွေးလွှတ်ခန်းတွေဆီကို သွေးများနောက်ပြန် စီးသွားပါတယ်။
- အဆို့ရှင်တွေ ကျဉ်းနေရင်တော့ သွေးစီးဆင်းမှုပမာဏ နည်းနေတဲ့ ပြဿနာတွေ ရှိပါမယ်။

❣️ နှလုံးအဆို့ရှင် ရောဂါတွေဟာ အရွယ်မရွေး ဖြစ်နိုင်ချေရှိပေမယ့် အသက်ကြီးပိုင်းမှာ ပိုဖြစ်လေ့ရှိပါတယ်။
- အချို့သော အဆို့ရှင်ရောဂါများဟာ မွေးရာပါ ဖြစ်ကြပါတယ်။ (ဥပမာ - အဆို့ရှင်တစ်ခုမှာ အဖတ်(၃)ခု ပါရမယ့်အစား မွေးကတည်းက (၂)ခုသာ ပါလာခြင်းမျိုးတွေ) ဖြစ်ပါတယ်။
- အသက်ကြီးမှ အဆို့ရှင်ရောဂါ ဖြစ်ရခြင်းကတော့ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ သွေးတွင်းအဆီများခြင်း တို့ရဲ့ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်ပါတယ်။

📌 ဖြစ်နိုင်ချေများသူများ

- အသက်၄၀အထက် အမျိုးသားများ၊
- အသက်၅၀အထက် အမျိုးသမီးများ၊
- ဆေးလိပ်သောက်သူ၊
- ကိုယ်ခံအားကျနေသူ၊
- ပိုးလေးဘက်နာရောဂါကြောင့် အဆို့ရှင်များကို ပိုးဝင်ခြင်း၊
- နှလုံးကြွက်သားရောင်ခြင်း၊ တွယ်ဆက်ကြွက်သားများ ရောင်ခြင်း၊
- သွေးကြောမများ ပိတ်နေခြင်း၊ မာကျောခြင်း၊
- ကာလသားရောဂါ၊
- ဓာတ်ရောင်ခြည်၊ ဓာတုဆေးများနှင့် ထိတွေ့ခြင်းများ၊
- ရင်ဘတ်ပိုင်း ထိခိုက်ဒဏ်ရာရခြင်းတွေဟာလည်း အဆို့ရှင်များကို ချို့ယွင်းစေတတ်တဲ့ အခြေအနေများ ဖြစ်ပါတယ်။

📌 ရောဂါလက္ခဏာများ

- ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း၊
- လှဲအိပ်ချိန်မှာ မောခြင်း (အဆုတ်အတွင်း အရည်များ ပြည့်လာခြင်းကြောင့်)၊
- အသက်ရှူမဝခြင်း၊
- ချောင်းဆိုးခြင်း၊
- မိုက်ခနဲမူးတတ်ခြင်း၊
- ခေါင်းကိုက်ခြင်း၊
- အားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်း၊
- ဝမ်းဗိုက်၊ ခြေကျင်းဝတ်၊ ခြေဖမိုးများ ဖောရောင်ခြင်းများကို လူနာအများစုမှာ ခံစားရလေ့ ရှိပါတယ်။
အသက်ကြီးမှဖြစ်တဲ့ လူနာများဟာ ဖြစ်ခါစမှာ လက္ခဏာ သိသိသာသာ ပြလေ့မရှိကြပါဘူး။ (နှစ်နဲ့ချီအောင် ရောဂါငုပ်လျှိုး နေတာမျိုး၊ ဝေဒနာတွေ ဖြည်းဖြည်းစီသာ တိုးနေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။)

💡 ကုသခြင်း

- ရောဂါဖြစ်နေတဲ့ အကြောင်းရင်းခံနဲ့ ခံစားရတဲ့ ဝေဒနာများ သက်သာစေဖို့ ဆေးဝါးများနဲ့ ထိန်းပြီးကုသနိုင်သလို အခြေအနေပိုဆိုးလာတဲ့ အချို့လူနာတွေမှာ ခွဲစိတ်ကုသဖို့လည်း လိုအပ်နိုင်ပါတယ်။
- နှလုံးခုန်နှုန်းနဲ့ သွေးစီးဆင်းမှုများ မှန်ကန်စေတဲ့ဆေးများ ပေးနိုင်ပြီး သွေးကြောများ ပုံမှန်ဖြစ်စေဖို့ သွေးကြောကျယ်ဆေး၊ ဆီးဆေးများလည်း ပေးရနိုင်ပါတယ်။ (ဆေးသောက်နေချိန် ကာလမှာ နှလုံးစမ်းသပ် စစ်ဆေးခြင်းတွေကိုတော့ ပုံမှန်ပြုလုပ်နေဖို့ လိုအပ်ပါတယ်။)
- ခွဲစိတ်ကုသခြင်း နည်းလမ်းများမှာ မိမိကိုယ်ပိုင် ကြွက်သားဖြင့် နှလုံးအဆို့ရှင်ကို ပြုပြင်ခြင်း၊ နှလုံးအဆို့ရှင်အတု ထည့်၍ အစားထိုးကုသခြင်း၊ သွေးကြောအတွင်း မှန်ပြောင်းဖြင့် ကုသခြင်းနည်းလမ်းများ ရှိပါတယ်။

🛡 ကာကွယ်ခြင်း

မွေးရာပါမဟုတ်တဲ့ နှလုံးအဆို့ရှင် ရောဂါများကို ကာကွယ်နိုင်ရန်
- ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက် နေထိုင်ပါ။
- အာသီးရောင်စေသောပိုး၊ အသက်ရှူလမ်းကြောင်း ရောဂါပိုးများ ကူးစက်မခံရအောင် ဂရုပြုပါ။
- ခွဲစိတ်ခြင်း၊ သွားနှုတ်ခြင်းတွေ ပြုလုပ်ခါနီးရင် ပိုးသတ်ဆေးများ ကြိုသောက်ဖို့ လိုအပ်တတ်လို့ ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ပါ။
- ကျန်းမာရေး ဆေးစစ်ခြင်းများကို ပုံမှန်လုပ်သင့်ပါတယ်။ (အထူးသဖြင့် သွေးတိုး၊ နှလုံး၊ ဆီးချိုစတဲ့ ရောဂါအခံများ ရှိပါက သေချာထိန်းညှိ ကုသထားပါ။)

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "နှလုံးအထူးကုသမားတော်ကြီးများ" "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

Reference-https://www.mayoclinic.org/.../symptoms-causes/syc-20353727

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး

#နှလုံးအဆို့ရှင်ခွဲစိတ်ကုသခြင်း
#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောပိတ်
#နှလုံးနှိုးဆွစက်
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း

🎉 "အာရှတော်ဝင်ဆေးရုံ" မှ January Born မွေးနေ့ရှင်များအတွက် မွေးနေ့ပွဲ နှင့် ဂုဏ်ပြုချီးမြှင့်ပွဲကို အောက်ပါအစီအစဉ်အတိုင်...
28/01/2026

🎉 "အာရှတော်ဝင်ဆေးရုံ" မှ January Born မွေးနေ့ရှင်များအတွက် မွေးနေ့ပွဲ နှင့် ဂုဏ်ပြုချီးမြှင့်ပွဲကို အောက်ပါအစီအစဉ်အတိုင်း မွေးနေ့ရှင်များနှင့်အတူ ပျော်ရွှင်စွာ ပြုလုပ်ကျင်းပပေးခဲ့ပါတယ် 🎂

1. Birthday Wishes (မွေးနေ့ဆုတောင်းပေးခြင်း)
2. Birthday Present (ငွေသားမွေးနေ့လက်ဆောင်ပေးခြင်း)
3. ပျော်ရွှင်ဖွယ် Birthday Game ကစားခြင်း အစီအစဉ်
4. မွေးနေ့ရှင်များအား Birthday Lucky Draw (7) ခုအား ကံစမ်းမဲဖောက်ပေးခြင်း
5. Birthday Cake (မွေးနေ့ကိတ်ခွဲခြင်း) နှင့် Coffee ဖြင့်ဧည့်ခံခြင်း
6. မှတ်တမ်းတင် အမှတ်တရဓါတ်ပုံရိုက်ခြင်း

🥰 ပျော်ရွှင်ဖွယ်မွေးနေ့ မှ စပြီး "စိတ်၏ချမ်းသာခြင်း" "ကိုယ်၏ကျန်းမာခြင်း" များနှင့် ပြည့်စုံပါစေကြောင်း "အာရှတော်ဝင် မိသားစု" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🥰


#အာရှတော်ဝင်ဆေးရုံ


#မွေးနေ့
#ဂုဏ်ပြုချီးမြှင့်ပွဲ

📢 𝐕𝐚𝐜𝐚𝐧𝐜𝐢𝐞𝐬 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭ရာထူးတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ တာဝန်နှင့် အရည်အချင်း လိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးထား...
28/01/2026

📢 𝐕𝐚𝐜𝐚𝐧𝐜𝐢𝐞𝐬 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭
ရာထူးတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ တာဝန်နှင့် အရည်အချင်း လိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးထားပါသည်။

𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭
𝟏.𝐒𝐮𝐛 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 (𝐁𝐢𝐨-𝐌𝐞𝐝𝐢𝐜𝐚𝐥)
𝟐.𝐉𝐮𝐧𝐢𝐨𝐫 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 (𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥)
𝟑.𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 (𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥)
𝟒.𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 (𝐁𝐢𝐨-𝐌𝐞𝐝𝐢𝐜𝐚𝐥)
𝟓.𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 𝐈/𝐈𝐈 (𝐂𝐢𝐯𝐢𝐥)
𝟔.𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 𝐈/𝐈𝐈 (𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥)

𝟏.𝐒𝐮𝐛 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 (𝐁𝐢𝐨-𝐌𝐞𝐝𝐢𝐜𝐚𝐥)

📌 Key Responsibilities:
- Supervise and involve closely to apply the related policies, and procedures of medical equipment and Medical Gas system, etc., to meet effective, efficient and safe operations of the hospital regarding to Myanmar National standard and, energy saving guidelines.
- Cooperate with the leader/ site Engineer and suppliers to support the necessary of hospital’s new renovation/ project and involve test and commission, and user application training.
- Be responsibility and accountability to take care and maintain the spare parts and hand-tools which are not to be lost or damaged due to human error under the unit.
- Comply that all operational and / or maintenance works with respect to meet Environmental and Social safety, HSE, Life and Fire safety, and infection control guidelines.
- Communicate and establish working relationship with internal and other departments to get teamwork and good services.
- Propose the duty roaster for all subordinates and send it to engineering office after getting approval from immediate supervisor.
- Lead, guide, and coordinate with the subordinates to solve the any abnormalities and difficulties for remedial actions by taking technical support from immediate supervisor.
- Lead and cooperate to make sure the daily corrective and preventive maintenance actions to collect the PM and CM service data records and propose to immediate supervisor.
- Undertake duties and responsibilities assigned and directed by executive engineer up to HOD.

📌 Requirements:
- Bachelor of engineering or Diploma in Engineering/ A.G.T.I with Electronics/ Mechatronics/ Biomedical discipline.
- Certificate of completion in medical equipment training is preferred.
- 5 years experiences in bio-medical engineering or medical equipment industries.
- 1 year in related supervisory level.
- Good knowledge in Myanmar National Building Code and health care standard codes.
- Good in Supervisory, Task-oriented, and Problem-solving skills.
- Good in four skills in English.
- Good in IT knowledge and usage of Engineering software.

How to Apply:
Interested candidates (Local Employees Only) are invited to submit their updated CV and relevant documents to
📩 [recruit.hrd@asiaroyalhospital.com] or submit here link - https://lnkd.in/gYKE44wp
📍 Address - No.11, Pun Hlaing Road, Sanchaung Township, Yangon, Myanmar.
☎️ For more details: +959 765 415 460.
..................................................................................................................

𝟐.𝐉𝐮𝐧𝐢𝐨𝐫 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 (𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥)

📌 JOB SPECIFICATION (JS)
- A.G.T.I / B.Tech / B.E with Electrical / Electronic or equivalent Engineering Diploma / Degree
- 5 years of experience in Electrical / Electronics / MEP field
- Knowledge of teamwork, time management and communication skills.
- Language Skills in English (Fair).
- Knowledge in engineering drawing and Basic AutoCAD Software.
- Basic Computer skills.

📌 JOB DESCRIPTION (JD)
1) Daily report to Sub Assistant Engineer / Executive Engineer.
2) Lead the subordinates and participate in repairing and installation works under Electrical and Communication Unit.
3) Responsibility to take care and maintain the spare parts and hand-tools which are not to be lost or damaged due to human error under the Unit.
4) Comply that all operational and / or maintenance works with respect to meet Environmental and Social safety, HSE, Life and Fire safety, and infection control guidelines.
5) Communicate and establish working relationship with internal and other departments to get teamwork and good services.
6) Coordinate with the subordinates to solve the any abnormalities and difficulties for remedial actions. Take a technical support from Sub Assistant Engineer if need.
7) Perform and supervise to make sure the daily corrective and preventive maintenance actions. And also collect the PM and CM service data and submit to Sub Assistant Engineer.
8) Cooperate with the Leader / Site Engineer and Suppliers to support the necessary of hospital’s new renovation / project and involve test and commission, and user application training.
9) Propose the duty roaster for all subordinates and send it to be Engineering Office after getting approval from immediate Supervisor.
10) Undertake duties and responsibilities assigned and directed by immediate Superior of the Engineering Department.

✨ What we offer:
- Career growth in a trusted healthcare institution
- Supportive working environment
- Annual Increment
- Uniform
- Medical Discount

Submit your CV to :
📩 Mail: recruit.hrd@asiaroyalhospital.com
📞 Contact: +959 765 415 460
📍 Address: No.11, Pun Hlaing Road, Sanchaung Township, Yangon
..............................................................................................................

𝟑.𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 (𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥)

Position: Engineering Assistant (Electrical)
Department: Engineering Department
Location: Sanchaung Township, Yangon, Myanmar

📌 JOB SPECIFICATION (JS)
1) Diploma in Engineering/ A.G.T.I with Electrical/ Electronics/ MEP or B.A/ B.Sc. with related Certificate
2) 0-1 year experience in Electrical installation industry.
3) Basic in Task-oriented, Communication and Problem-solving skills.
4) Intermediate level in four skills in English.
5) Basic knowledge in IT and Engineering terms.

📌 JOB DESCRIPTION (JD)
1) Be responsibility and self-accountability to take care and maintain the spare parts and hand-tools which are not to be lost or damaged due to human error under the unit.
2) Comply that all operational and / or maintenance works with respect to meet Environmental and Social safety, HSE, Life and Fire safety, and infection control guidelines.
3) Participate to make sure the daily corrective and preventive maintenance actions to meet with quality objective and the yearly planner. Fill the data in the concerned record forms.
4) Undertaking duties and responsibilities assigned and directed by senior engineering assistant up to HOD.

✨ What we offer:
- Career growth in a trusted healthcare institution
- Supportive working environment
- Annual Increment
- Uniform
- Medical Discount

Submit your CV to :
📩 Mail: recruit.hrd@asiaroyalhospital.com
📞 Contact: +959 765 415 460
📍 Address: No.11, Pun Hlaing Road, Sanchaung Township, Yangon
...........................................................................................................

𝟒.𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 (𝐁𝐢𝐨-𝐌𝐞𝐝𝐢𝐜𝐚𝐥)

📌 JOB SPECIFICATION (JS)
1) Diploma in Biomedical Engineering / A.G.T.I with Electrical / Electronic/ Mechatronic
2) 0-1 year experience in in medical equipment or Bio Medical Engineering industry.
3) Basic in Task-oriented, Communication and Problem-solving skills.
4) Intermediate level in four skills in English.
5) Basic knowledge in IT and Engineering terms.

📌 JOB DESCRIPTION (JD)
1) Be responsibility and self-accountability to take care and maintain the spare parts and hand-tools which are not to be lost or damaged due to human error under the unit
2) Comply that all operational and / or maintenance works with respect to meet Environmental and Social safety, HSE, Life and Fire safety, and infection control guidelines.
3) Participate to make sure the daily corrective and preventive maintenance actions to meet with quality objective and the yearly planner. Fill the data in the concerned record forms.
4) Undertaking duties and responsibilities assigned and directed by senior engineering assistant up to HOD.

✨ What we offer:
- Career growth in a trusted healthcare institution
- Supportive working environment
- Annual Increment
- Uniform
- Medical Discount

Submit your CV to :
📩 Mail: recruit.hrd@asiaroyalhospital.com
📞 Contact: +959 765 415 460
📍 Address: No.11, Pun Hlaing Road, Sanchaung Township, Yangon
........................................................................................................

𝟓.𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 𝐈/𝐈𝐈 (𝐂𝐢𝐯𝐢𝐥)

📌 Job Requirements
- အလယ်တန်းအောင် / အထက်တန်းအောင် / GTHS (အစိုးရနည်းပညာအထက်တန်းကျောင်း) / Any Graduate
- 0-1 year of experience in Civil / MEP field
- Basic knowledge in teamwork, responsibility and communication skills.
- Basic knowledge in engineering drawing.

📌 Main Responsibilities
1) Daily report to Senior Engineering Assistant / Technician Grade 1.
2) Cooperate in repairing and installation works under Civil and General Maintenance Unit.
3) Responsibility to take care of and maintain the spare parts and hand-tools which are not to be lost or damaged due to human error under the Unit.
4) Participate in the activities to make sure the daily corrective and preventive maintenance actions.

Submit your CV to :
📩 Mail: recruit.hrd@asiaroyalhospital.com
📞 Contact: +959 765 415 460
📍 Address: No.11, Pun Hlaing Road, Sanchaung Township, Yangon
.........................................................................................................

𝟔.𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 𝐈/𝐈𝐈 (𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥)

Job Requirements
- အလယ်တန်းအောင် / အထက်တန်းအောင် / GTHS (အစိုးရနည်းပညာအထက်တန်းကျောင်း) / Any Graduate
- 0-1 year of experience in Mechanical / Water Treatment / MEP field
- Basic knowledge in teamwork, responsibility and communication skills.
- Basic knowledge in engineering drawing.

Main Responsibilities
1)Daily report to Senior Engineering Assistant / Technician Grade 1.
2)Cooperate in repairing and installation works under Mechanical and Water Treatment Unit.
3)Responsibility to take care of and maintain the spare parts and hand-tools which are not to be lost or damaged due to human error under the Unit.
4)Participate in the activities to make sure the daily corrective and preventive maintenance actions.

Submit your CV to :
📩 Mail: recruit.hrd@asiaroyalhospital.com
📞 Contact: +959 765 415 460
📍 Address: No.11, Pun Hlaing Road, Sanchaung Township, Yangon


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး






🚨 လတ်တလော အိန္ဒိယနိုင်ငံဒေသအချို့တွင် ကူးစက်ပြန့်ပွါးနေတဲ့ Nipah Virus ( NiV ) နီပါဗိုင်းရပ်စ်အကြောင်း မျှဝေပေးချင်ပါတယ်...
27/01/2026

🚨 လတ်တလော အိန္ဒိယနိုင်ငံဒေသအချို့တွင် ကူးစက်ပြန့်ပွါးနေတဲ့ Nipah Virus ( NiV ) နီပါဗိုင်းရပ်စ်အကြောင်း မျှဝေပေးချင်ပါတယ်။

🦠 နီပါဗိုင်းရပ်စ်ဟာ သစ်သီးစားလင်းနို့တစ်မျိုးရဲ့ ကိုယ်ထဲမှာ နေထိုင်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။

🦇 ထိုဗိုင်းရပ်စ်ဟာ လင်းနို့ရဲ့ တံတွေး၊ ဆီး နဲ့ မစင်တွေထဲမှာ ရှိနေတဲ့အတွက် ဗိုင်းရပ်စ်ပိုးရှိနေတဲ့ လင်းနို့ မှတစ်ဆင့် ဝက်အပါအဝင် အခြားသောတိရစ္ဆာန်များ နှင့် လူများကိုပါ ကူးစက်ပါတယ်။
- ထို့ကြောင့် လင်းနို့ကိုက်ထားပြီးသား သစ်သီးများ စားမိခြင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသော လင်းနို့၊ ဝက် နဲ့ အခြားတိရစ္ဆာန်များကို ကိုင်တွယ် ထိတွေ့မိခြင်းများ မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
- နီပါဗိုင်းရပ် ကူးစက်ခံထားရသော လူမှ ထိတွေ့ထားသော အရာများ၊ ချောင်းဆိုး၊ နှာချေခြင်းများ နဲ့ လူနာနဲ့တိုက်ရိုက်ထိတွေ့ခြင်းများ မှတစ်ဆင့် လူနာ မှ အခြားလူသို့ ကူးစက်ပြန့်ပွါးနိုင်ပါတယ်။

📌 နီပါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာဟာ ကူးစက်ခံရပြီး ၄ ရက် မှ ၂၁ ရက် အတွင်း ရောဂါလက္ခဏာများ ပြသနိုင်ပါတယ်။
- အချို့တွေမှာ အစပိုင်း၌ ရောဂါလက္ခဏာ သိသိသာသာ မပြတာမျိုးရှိသလို ပုံမှန်အားဖြင့် တုပ်ကွေးလိုမျိုး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းများ ခံစားရပါတယ်။
- အချို့တွေမှာတော့ ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း၊ အဆုတ်ရောင်ခြင်းတွေကိုပါ ထပ်မံ ခံစားရနိုင်ပါတယ်။
- ရက်တွေ ကြာလာပြီးနောက် ပိုဆိုးလာတဲ့အခါမှာတော့ ဦးနှောက် နဲ့ ဦးနှောက်အမြှေးပါး ရောင်သည်အထိ ဖြစ်နိုင်ပြီး တက်ခြင်း၊ သတိလစ် မေ့မြောခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

🚨 WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က နီပါဗိုင်းရပ်စ် ကို အန္တရာယ်မြင့်မားပြီး အသက်သေဆုံးစေနိုင်တဲ့ ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားပါတယ်။
- ဗိုင်းရပ်စ် ကူးစက်ပြန့်ပွါးနှုန်းများနေချိန်မှာ သေဆုံးနှုန်းတွေဟာ ၄၀ - ၇၅ % အထိ ရှိပါတယ်။
- အသက်ရှင်ကျန်ခဲ့သူ အချို့မှာတောင် ဦးနှောက်နှင့်အာရုံကြော လက္ခဏာများဟာ အချိန်ကြာကြာ ကျန်ရှိနေနိုင်ပြီး အချို့တွေမှာဆိုရင် လပိုင်း (သို့) နှစ်ပိုင်းလောက် အကြာမှ ဦးနှောက်ရောင်လက္ခဏာများ ပေါ်လာတတ်ပါတယ်။

💉 ယခုအချိန်ထိ နီပါဗိုင်းရပ်စ်အတွက် ကုသမည့်ဆေးရော ကာကွယ်ဆေးပါ မရှိသေးပါ။
- လူနာအတွက် ရောဂါလက္ခဏာများ သက်သာစေဖို့ နဲ့ နောက်ဆက်တွဲရောဂါများ ထပ်မဖြစ်လာအောင် ဂရုစိုက်ပေးရမှာပါ။

🛡 ကာကွယ်ရန် နည်းလမ်းများ
- လင်းနို့ ကိုက်/စားထားသော အသီးများကို မစားသောက်ပါနှင့်။
- လင်းနို့၊ ရောဂါပိုးကူးစက်ခံထားရသည်ဟု သံသယရှိဖွယ် ဝက် နှင့် အခြားတိရစ္ဆာန်များကို ထိတွေ့ ကိုင်တွယ် စားသောက်ခြင်း မပြုပါနှင့်။
- လူနာ မှ အခြားလူများသို့ ကူးစက်ခြင်းကို ကာကွယ်ရန် နှာခေါင်းစည်း(mask) တပ်ထားပြီး အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
- လူနာများအား ပြုစုကိုင်တွယ်နေရသူများအနေဖြင့် PPE ဝတ်စုံများ ဝတ်ဆင်ထားသင့်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#နီပါဗိုင်းရပ်စ်
#လင်းနို့

#တုပ်ကွေး
#ခေါင်းကိုက်
#ချောင်းဆိုး

Address

14, Baho Road , Aung Chan Thar Ward, SCHG
Yangon
11111

Alerts

Be the first to know and let us send you an email when Asia Royal Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asia Royal Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category