Asia Royal Hospital

Asia Royal Hospital Healthcare Service Asia Royal Hospital is an 11th Storey twin building which was opened on the 18th March 2000. Specialist on call service is also available.

We are providing multidisciplinary medical care service with modern medical equipments. We are concerned with prompt & effective treatment to our patient given by well trained residential medical doctors, nurses & supported by expert professional staffs at the every respective department . Nearly a decade, we have performed our service to get better health living and well being. We always try to m

eet our patient’s needs & requests. We also keep abreast with the technological advantages for your satisfactions. Your Satisfaction is our first priority. We are always at your service.

❣️ အာရှတော်ဝင်ဆေးရုံတွင် ကျွမ်းကျင်သော "နှလုံးအထူးကုသမားတော်ကြီးများ" နှင့် "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" မှ ဦးဆေ...
28/03/2026

❣️ အာရှတော်ဝင်ဆေးရုံတွင် ကျွမ်းကျင်သော "နှလုံးအထူးကုသမားတော်ကြီးများ" နှင့် "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" မှ ဦးဆောင်ကာ
- ခေတ်မီနည်းပညာ နှင့် စက်ပစ္စည်းများကို အသုံးပြုပြီး
- "နှလုံး နှင့် သွေးကြောရောဂါများ" အတွက်
- "စမ်းသပ်စစ်ဆေးခြင်းများ" မှစ၍ "ကုသမှုများ" အထိ အားလုံးကို
- အာရှတော်ဝင်ဆေးရုံတွင် ပြီးပြည့်စုံအောင် ပြုလုပ်ပေးနေသည်မှာ နှစ်ပေါင်း(၁၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

❣️ အဓိကအားဖြင့် ခွဲစိတ်ပေးနေသော နှလုံးရောဂါအမျိုးအစားတွေကတော့
(၁) နှလုံးသွေးကြောကျဉ်းလူနာများအတွက် နှလုံးသွေးကြော ဖြတ်ဆက်ကုသခြင်း (𝐂𝐀𝐁𝐆)
(၂) နှလုံးအဆို့ရှင် ပြုပြင်ခြင်း၊ အစားထိုးခြင်း
(၃) မွေးရာပါ နှလုံးရောဂါအမျိုးမျိုးအတွက် နှလုံးသွေးလွှတ်ခန်း/သွေးဝင်ခန်းများကြားရှိ အကန့်ချို့ယွင်းမှု(𝐂𝐨𝐧𝐠𝐞𝐧𝐢𝐭𝐚𝐥 𝐕𝐒𝐃/ 𝐀𝐒𝐃)များကို ပြုပြင်ခွဲစိတ်ပေးခြင်း၊ နှလုံးသွေးကြောဆက်နေခြင်း၊ နှလုံးအပေါက်ပါခြင်းများကို ပြုပြင်ခွဲစိတ်ခြင်းများ
(၄) နှလုံးသွေးကြောချဲ့ကုသခြင်း/𝐒𝐭𝐞𝐧𝐭 ထည့်ခြင်း (𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲 & 𝐒𝐭𝐞𝐧𝐭𝐢𝐧𝐠)
(၅) နှလုံးခုန်နှုန်း မမှန်သော လူနာများအတွက် နှလုံးနှိုးဆွစက် ထည့်သွင်းခြင်း (𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫 𝐈𝐧𝐬𝐞𝐫𝐭𝐢𝐨𝐧)
စတဲ့ နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသခြင်း အမျိုးမျိုးတို့ကို ကုသမှုပေးလျှက် ရှိပါတယ်။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "နှလုံးအထူးကုသမားတော်ကြီးများ" "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောပိတ်
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း
#နှလုံးသွေးကြောချဲ့ကုသခြင်း
့်ခြင်း
#နှလုံးနှိုးဆွစက်

28/03/2026

🎬 အာရှတော်ဝင်ဆေးရုံတွင် "နှလုံးသွေးကြော ဖြတ်ဆက်ကုသမှု" ခံယူခဲ့သော ဂျပန်လူမျိုးတစ်ဦး၏ အတွေ့အကြုံကို ပြန်လည်မျှဝေထားတဲ့ video လေးကို ကြည့်ရှုလိုက်ပါဦးနော်...

🏥 အာရှတော်ဝင်ဆေးရုံဟာ ၂၀၁၉ ခုနှစ်မှ စ၍ "နှလုံးသွေးကြော ဖြတ်ဆက်ကုသခြင်း(𝐂𝐀𝐁𝐆)" အပါအဝင် နှလုံးခွဲစိတ်ကုသမှုပေါင်း ၁၁၀၀ ကျော်ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါတယ်။

👨‍⚕️ "အာရှတော်ဝင်ဆေးရုံ" ရှိ "နှလုံးအထူးကုဆရာဝန်ကြီးများ" "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" နှင့် ပြသဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

😍 sharing is caring ဆိုသလိုပဲ ဒီ video လေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင် 😇
💐 ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း
#နှလုံးသွေးကြောပိတ်
#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောချဲ့

📢 𝐕𝐚𝐜𝐚𝐧𝐜𝐢𝐞𝐬 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 - 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐂𝐚𝐫𝐞 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭ရာထူးတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ တာဝန်နှင့် အရည်အချင်း လိုအပ်ချက်မျာ...
27/03/2026

📢 𝐕𝐚𝐜𝐚𝐧𝐜𝐢𝐞𝐬 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 - 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐂𝐚𝐫𝐞 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭
ရာထူးတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ တာဝန်နှင့် အရည်အချင်း လိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးထားပါသည်။
𝟏.𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐫 (𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐜𝐭𝐢𝐨𝐧)
𝟐.𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟
𝟑.𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫 (𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠)

𝟏.𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐫 (𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐜𝐭𝐢𝐨𝐧)
📌 Requirements
- Any Bachelor Degree holders with a Customer Service background
- Master’s Degree in Hospital Management, and/or Professional Diploma in Customer Service is preferred
- Above 8-year experience in customer care-related fields
- At least 5-year customer operation management experience in the hospital industry
- Strong Problem Solving and Leadership skills in management
- Good Interpersonal and Communication Skills
- Positive Attitude with Discipline-minded
- Sound Knowledge of HIS software
- Advanced level of MS office and computing skills
- Fluent Language Four Skills (Myanmar and English)

📌 Main Responsibilities
- Manage and monitor the overall process workflow of the Health Insurance, and OPD Units for smooth service arrangements.
- Set and upgrade Health Insurance, and OPD Improvement Projects to achieve better service delivery.
- Coach the process of staff behavioral & on-job training for customer service improvements.
- Build and maintain good communication with Health Insurance Partners, specialists, VIP customers, and stakeholders to sustain long-term relationships.
- Solve customers’ complaints and special case occurrences and report to Dy GM and GM if necessary.
- Supervise monthly/yearly reports to Dy GM, GM, and COO.
- Undertake duties and responsibilities assigned and directed by the immediate superior of CCD and HOD.

Interested candidates should submit CV to:
📧 Email: recruit.hrd@asiaroyalhospital.com
☎️ Phone: +959 765 415 460
✅ Only shortlisted candidates will be contacted for an interview.......................................................................................................

𝟐.𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟
အာရှတော်ဝင်ဆေးရုံကြီးသည် လူထုအားစိတ်ချရသော ကျန်းမာရေးဝန်ဆောင်မှုများပေးစွမ်းရန် အတူတကွ ကြိုးပမ်းဆောင်ရွက်နေသော ဆေးရုံတစ်ရုံဖြစ်ပါသည်။ လက်ရှိတွင် Customer Care Department ၌ တာဝန်ထမ်းဆောင်ရန် Service Staff (Receptionist) ဝန်ထမ်းများ လိုအပ်လျှက်ရှိပါသည်။
📌 အဓိကတာဝန်ယူရမည့်အရာများ (Main Responsibilities)
- လူနာများနှင့် ဧည့်သည်များကို ယဉ်ကျေးမှုဖြင့် စိတ်ချမ်းသာမှုရှိအောင် ကြိုဆိုခြင်း
- လိုအပ်သောဌာနများသို့ ချိတ်ဆက်ပေးခြင်း
- လူနာများ၏ တွေ့ဆုံချိန်များကို သတင်းပေးစစ်ဆေးပေးခြင်း
- လူနာအချက်အလက်များအား မှန်ကန်စွာ မှတ်တမ်းတင်ရန်အတွက် အကူအညီပေးခြင်း
- ဆေးရုံဝန်ဆောင်မှုနှင့် လုပ်ထုံးလုပ်နည်းများကို သေချာဖော်ပြပေးနိုင်ခြင်း
- Customer Care Department ၏ သန့်ရှင်းမှုနှင့် ပြင်ဆင်ထားမှုကို ထိန်းသိမ်းခြင်း

📌 အရည်အချင်းလိုအပ်ချက်များ
- ‌ဘွဲ့ရ (သို့) အခြေခံပညာ အထက်တန်းအောင်ရ။
- ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်ပြီး လုပ်သက် (၁) နှစ် အထက်ရှိရမည်။
- အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
- အထက်လူကြီး၏ လမ်းညွှန်ချက်များအား လိုက်နာနိုင်ရမည်။

📌 အကျိုးခံစားခွင့်များ
- အတွေ့အကြုံနှင့် ဆေးရုံစံချိန်စံညွှန်းများနှင့် ကိုက်ညီသောလစာ။
- နှစ်တိုးကြေး၊ ယူနီဖောင်း
- ဆေးဘက်ဆိုင်ရာလျှော့စျေးများ
ဖော်ပြပါလိုအပ်ချက်များနှင့် ကိုက်ညီသူအားလုံးအား လျှောက်ထားရန်အတွက် ကြိုဆိုလျက်ရှိပါသည်။

လျှောက်ထားရန် လျှောက်လွှာအား
☎️ ဖော်ပြပါ ဖုန်းနံပါတ် +959 765 415 460 ၏ viber သို့မဟုတ်
📍 အာရှတော်ဝင် ရုံးခန်း ( အမှတ် - ၁၁ , ပန်းလှိုင်လမ်း, စမ်းချောင်းမြို့နယ် ) သို့ ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။............................................................................

𝟑.𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫 (𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠)
🔎 Job Summary
- Support and supervise day to day digital marketing operations of Asia Royal Hospital under the guidance of the Digital Marketing Manager.
- Responsible for content coordination, social media ex*****on, basic analytics, digital campaign support, market monitoring and ensuring accurate and timely digital communication to strengthen public engagement and hospital visibility.

📌 Qualifications & Requirements
- Any Bachelor Degree holder
- Diploma/Certificate in Digital Marketing or Social Media (preferred).
- Basic knowledge in design tools (Canva, CapCut, etc.) is an advantage.
- Minimum 2–3 years of experience in marketing, digital media, or related fields.
- Experience in healthcare or service industry is preferred.
- Good communication and teamwork skills. Positive attitude, initiative, and discipline.
- Basic understanding of Meta Business Suite and social media tools.
- Ability to create simple designs and short videos.
- Good Myanmar skills and fair English skills.

Interested candidates should submit their updated CV and relevant documents to:
📩 Email : recruit.hrd@asiaroyalhospital.com
☎️ Phone : +959 765 415 460
📍 Address : No.11, Pun Hlaing Road, Sanchaung Township, Yangon, Myanmar.

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

27/03/2026

📲 "Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞 မှတစ်ဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင့်။

😍sharing is caring ဆိုသလိုပဲ ဒီ video လေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#အထူးကုဆရာဝန်

📢 We are currently seeking a qualified and dedicated 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 to join our healthcare team. - The ideal candidate ...
26/03/2026

📢 We are currently seeking a qualified and dedicated 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 to join our healthcare team.
- The ideal candidate should be a registered medical practitioner with strong clinical skills and a commitment to patient care.
- Join us in delivering quality healthcare to our community!

☎️ Job Requirements are attached in the post & for detail, please contact to us 017538055 , 09765415460 (Viber)

✉️ Interested candidates are invited to submit their CV and cover letter via mail with the title of “𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 – 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫”

✅ Only shortlisted candidates will be contacted.

🏥 Location: Sanchaung Township, Yangon.

👉 Benefit: Uniform, Annual Increment, Medical Discount for Staff & family members

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

"နာတာရှည်ချောင်းဆိုးခြင်းရဲ့ နောက်ကွယ်"⚠️ နာတာရှည်ချောင်းဆိုးတယ်ဆိုတာ လူကြီးတွေမှာ ၂လနှင့်အထက်၊ ကလေးတွေမှာ ၁လနှင့်အထက်ကြ...
26/03/2026

"နာတာရှည်ချောင်းဆိုးခြင်းရဲ့ နောက်ကွယ်"

⚠️ နာတာရှည်ချောင်းဆိုးတယ်ဆိုတာ လူကြီးတွေမှာ ၂လနှင့်အထက်၊ ကလေးတွေမှာ ၁လနှင့်အထက်ကြာအောင် ချောင်းဆိုးမပျောက်ဘဲ ကြာရှည်နေတာကို သတ်မှတ်ပါတယ်။

📌 ဒီလောက်အထိ ရက်ရှည်ချောင်းဆိုးနေရင် နောက်ကွယ်မှာ ဘာတွေဖြစ်နိုင်မလဲဆိုတာ လေ့လာကြည့်ကြပါဦးနော်။
- ဓာတ်မတည့်ခြင်းများ နှင့် ပန်းနာရင်ကြပ်ရောဂါ
- နာတာရှည် လေပြွန်ကျဥ်းရောဂါ(COPD)
- အဆုတ်ရေဝိုင်းခြင်း(Pleural effusion)၊ အဆုတ်ပြည်တည်နာ၊ အဆုတ်ကင်ဆာ စတဲ့ ရောဂါအမျိုးမျိုးကြောင့်လည်း ချောင်းဆိုးတာက ကြာနိုင်ပါတယ်။
- အဆုတ်နှင့်အသက်ရှူလမ်းကြောင်းထဲကိုဝင်တဲ့ ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ်ရောဂါပိုးများ (ဥပမာ- တီဘီ၊ နမိုးနီးယား၊ ကြက်ညှာချောင်းဆိုး) တွေကြောင့်လည်း ချောင်းဆိုးကြာရှည်တတ်ပါတယ်။
- စားချဥ်ပြန်ရောဂါ (GERD)
- နှာခေါင်းအမြှေးပါး ရောင်ရမ်းခြင်း (Rhinitis)
- သွေးတိုးကျဆေး အုပ်စုဝင်ဖြစ်တဲ့ ACEI (ဥပမာ- Captopril, Enalapril) ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ချောင်းဆိုးခြင်းကလည်း အဖြစ်များပါတယ်။

⚠️ ချောင်းဆိုးရတာဟာ ကြာလာတာနဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်ရတာ၊ ခေါင်းကိုက်၊ မောပန်းရတာ၊ အိပ်ရေးပျက်ရတာတွေ ဖြစ်လာပါဦးမယ်။
- ချောင်းဆိုးခြင်းနဲ့ အတူတွဲပြီး နှာစေးတာ၊ သလိပ်တွေထွက်တာ၊ သွေးစလေးတွေ ပါလာတာ၊ ဖျားနာတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာ၊ ရင်ဘတ်အောင့်တာ၊ အသံဝင်သွားတာ၊ ကိုယ်အလေးချိန်ကျသွားတာမျိုးတွေပါ ခံစားနေရရင် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသသင့်ပါတယ်။

🔎 ရောဂါရှာဖွေခြင်း
- သွေး၊ သလိပ် နှင့် ဆီးများ စစ်ဆေးခြင်း၊
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊
- Ultrasound ရိုက်ခြင်း၊
- လေပြွန်မှန်ပြောင်း (Bronchoscopy) ကြည့်ရှုခြင်းတွေနဲ့ ရောဂါကို ရှာဖွေဖော်ထုတ်နိုင်ပါလိမ့်မယ်။

📝 ချောင်းဆိုးသက်သာစေရန်
- ချောင်းဆိုးပျောက်ဆေး နှင့် (လိုအပ်ပါက)ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးပါ။
- ရေများများသောက်ခြင်း၊ ဆားရည်ဖြင့် အာလုပ်ကျင်းခြင်း၊ ချောင်းဆိုးပျောက်ဆေး၊ ငုံဆေးများသုံးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။
- အိပ်စက်တဲ့အခါ ခေါင်းနှင့်ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ် မြှင့်ထားပါ။
- အစာစားပြီး ၂နာရီခန့်ကြာမှသာ လဲလျောင်းပါ။
- ဆေးလိပ်ဖြတ်ပါ။
- အာဟာရပြည့်ဝစွာ စားသုံးပြီး စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပါ။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "အထွေထွေရောဂါကု သမားတော်ကြီးများ" ၊ "အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🔎 လိုအပ်ပါက ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်များဖြင့် လေပြွန်မှန်ပြောင်း(Bronchoscopy)စက်များဖြင့် စမ်းသပ်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်။

Reference-https://www.mayoclinic.org/.../symptoms-causes/syc-20351575

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#လည်ချောင်းနာ
#အာသီးရောင်
#ချောင်းဆိုး
#နှာစေး

တီဘီက အဆုတ်မှာပဲ ဖြစ်တတ်တာလား ?😷 တီဘီဆိုရင် ချောင်းတွေဆိုးတာ၊ သလိပ်စစ်ရတာတွေကို သိထားပြီးသား ဖြစ်မှာပါ။ 🔎 တီဘီက အဆုတ်ကို...
25/03/2026

တီဘီက အဆုတ်မှာပဲ ဖြစ်တတ်တာလား ?

😷 တီဘီဆိုရင် ချောင်းတွေဆိုးတာ၊ သလိပ်စစ်ရတာတွေကို သိထားပြီးသား ဖြစ်မှာပါ။

🔎 တီဘီက အဆုတ်ကို အများဆုံး ထိခိုက်ပေမယ့် တစ်ကိုယ်လုံးရဲ့ အခြားနေရာတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

📌 ဘယ်နေရာတွေမှာ အဓိကဖြစ်လဲဆိုတာ လေ့လာကြည့်ပါဦးနော်။

🔺 ပြန်ရည်ကျိတ်များ
- ပြန်ရည်ကျိတ်တွေက ရောဂါပိုးဝင်လာရင် တိုက်ခိုက်ပေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အစိတ်အပိုင်းတွေပါပဲ။ အဆုတ်ပြင်ပဆိုရင် ပြန်ရည်ကျိတ်တီဘီက အဖြစ်များပါတယ်။ တကိုယ်လုံးက အကျိတ်တွေမှာ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အကျိတ်တွေက အစုလိုက်အပြုံလိုက် ရောင်လာပြီး မာမာခဲခဲတွေ ဖြစ်လာမှာပါ။

🔺 အရိုးအဆစ်
- အရိုးမှာတီဘီဖြစ်တာကလည်း အတွေ့ရများပါတယ်။ အရိုးတွေ နာပြီးရောင်လာတာ၊ အရိုးပျက်စီးပြီး လမ်းလျှောက်ရခက်တာတွေ ဖြစ်ပါတယ်။ ညဘက်ခေါင်းချွေးပြန်တာ၊ ဖျားတာ၊ ပိန်သွားတာစတဲ့ တီဘီလက္ခဏာတွေနဲ့ အတူတွဲပါတယ်။

🔺 ဦးနှောက်အမြှေးပါး
- တစ်ကိုယ်လုံးကို ထိန်းချုပ်ထားတဲ့ ဦးနှောက်အာရုံကြောစနစ်မှာမို့ အန္တရာယ်များတဲ့ တီဘီမျိုးလည်းဖြစ်တယ်။ ဖျားတာ၊ တက်သွားတာ၊ စကားမပြောနိုင်တော့တာ၊ နုန်းချိအားလျော့တာမျိုးတွေ ကြုံရနိုင်ပါတယ်။

🔺 အဆုတ်အလွှာပါး
- အဆုတ်ကို သဘာဝအရ အလွှာပါးပါးနှစ်ထပ်နဲ့ ဖုံးထားတာမှာ အဲ့ဒီနှစ်ခုကြားထဲ တီဘီပိုးဝင်သွားတာမျိုးပါ။ အဆုတ်တီဘီနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ အသက်ရှူရခက်ပြီး မွန်းကြပ်လာတာ၊ ရှူလိုက်တိုင်းမှာ ရင်ဘတ်အောင့်လာတာမျိုးတွေ ခံစားရပါတယ်။

🔺 ပျံ့နှံ့တီဘီ (Miliary TB)
- အဆုတ်ထဲက တီဘီပိုးဟာ ပြန်ရည်ကြောနှင့် သွေးထဲအထိပါ ပျံ့နှံသွားပြီး အူလမ်းကြောင်း၊ အသည်း၊ မုန့်ချိုအိတ်၊ ဘေလုံးတို့မှာပါ ကူးစက်သွားတာ ဖြစ်ပါတယ်။ ဓာတ်မှန်မှာ အစက်ငယ်လေးတွေ ရင်ဘတ်တစ်ခုလုံး ပေါ်နေတာ၊ အရေပြားမှာ အဖုအနာတွေပေါ်တာမျိုးနဲ့ တွဲလာတတ်ပါတယ်။

🔺 ဆီးလမ်းကြောင်း
- ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးပို့ပြွန်စတဲ့ ဆီးလမ်းကြောင်းနှင့် လိင်အင်္ဂါလမ်းကြောင်း တလျှောက်မှာလည်း တီဘီဖြစ်တတ်ပါသေးတယ်။

📊 အဆုတ်ပြင်ပတီဘီတွေရဲ့ ဖြစ်ပွားနှုန်းက တီဘီရောဂါရှင်များရဲ့ ၂၀% မှ ၃၀% လောက် ရှိပါတယ်။

⚠️ ကိုယ်ခံအားကျသူတွေ၊ ကလေးတွေမှာ ပိုအဖြစ်များလို့ ဂရုစိုက်သင့်ပါတယ်။

Reference - https://www.merckmanuals.com/.../extrapulmonary...

😍sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

#အဆုတ်ပြင်ပတီဘီ
#ဦးနှောက်အမြှေးပါး
#အရိုးအဆစ်
#ပြန်ရည်ကျိတ်တီဘီ

🎉 မတ်လ(၂၄)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တီဘီရောဂါနေ့ "𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲" ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။ - ယခုနှစ် ၂၀၂၆...
24/03/2026

🎉 မတ်လ(၂၄)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တီဘီရောဂါနေ့ "𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲" ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
- ယခုနှစ် ၂၀၂၆ ခုနှစ်မှာ “𝐘𝐞𝐬! 𝐖𝐞 𝐜𝐚𝐧 𝐞𝐧𝐝 𝐓𝐁! 𝐋𝐞𝐝 𝐛𝐲 𝐜𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬. 𝐏𝐨𝐰𝐞𝐫𝐞𝐝 𝐛𝐲 𝐩𝐞𝐨𝐩𝐥𝐞." ဆောင်ပုဒ်ဖြင့် တီဘီရောဂါကို လူထုအားဖြင့် အဆုံးသတ်ပပျောက်သွားစေဖို့ နိုင်ငံများက ဦးဆောင်ဦးရွက်ပြုကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

📊 မြန်မာနိုင်ငံဟာ တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ(၃၀)ထဲမှာ ပါဝင်နေပါတယ်။

- တီဘီရောဂါက ကူးစက်လွယ်ပြီး ဖြစ်ပွားနှုန်း များပေမယ့် ပျောက်ကင်းအောင် ကုသဖို့ မခက်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။
- အစွမ်းထက် တီဘီဆေးများဖြင့် တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု (DOTS) နည်းလမ်းအတိုင်း (၆)လမှ(၈)လအတွင်း နေ့စဥ်မှန်မှန် ဆေးသောက်ပြီး စနစ်တကျ ကုသမှုခံယူရင် ရောဂါလုံးဝကင်းစင်နိုင်ပါတယ်။

🚫 တီဘီဆေးသောက်နေရင် ရှောင်ရန် အချက်များ
- တီဘီဆေးကုသမှုမှာ အရေးကြီးဆုံးအချက်က ဆေးကုသမှု မပြီးဆုံးမီ ရောဂါသက်သာလာတာ၊ သလိပ်ထဲမှာ ပိုးမတွေ့တော့တာနဲ့ ဆေးကို ဆက်မသောက်တော့တာမျိုး လုံးဝမလုပ်ရပါဘူး။
- ရောဂါပြန်ဖြစ်ပြီး ဆေးယဥ်ပါးသွားရင် ကုရပိုခက်ပြီး အသက်အန္တရာယ် ပိုနီးစပ်ပါတယ်။
- မိသားစုကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။

✅ တီဘီဆေးသောက်နေရင် ဆောင်ရန် အချက်များ
- တီဘီဆေးများကို ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားတဲ့အတိုင်း စနစ်တကျ လိုက်နာသောက်သုံးရပါမယ်။
- ဆေးကို အစာနှင့်ဝေးဝေး သောက်ရပါမယ်။
- အစာမစားမီ(၁)နာရီအလို (သို့) စားပြီး(၃)နာရီအကြာမှာ သောက်သင့်ပါတယ်။

⚠️ တီဘီဆေးရဲ့ ဘေးထွက်ဆိုးကျိုးများအဖြစ်
- မျက်လုံး၊ အသားများဝါခြင်း၊
- ဆီးအရောင်နီခြင်း၊
- အရေပြားပေါ်မှာ အဖုအပိန့်၊ အနီကွက်များထွက်ခြင်း၊ ယားယံခြင်း၊
- ခြေလက်များပူခြင်း၊
- ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း
- ထုံကျဥ်ခြင်း၊
- အစားအသောက်ပျက်ခြင်း၊ နုန်းချိခြင်းတွေ ရှိလာနိုင်ပါတယ်။

⚠️ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးပြင်းတယ်ဆိုပြီး ဆေးကိုရက်ပြည့်အောင် မသောက်တော့တာမျိုးတွေ အဖြစ်များပါတယ်။
- ဒီလိုတွေ မဖြစ်စေဖို့ ရောဂါနှင့် ဆေးဒဏ်ကိုခံနိုင်ရည်ရှိဖို့ အာဟာရပြည့်အောင် နေထိုင်စားသုံးရပါမယ်။

✅ တီဘီရောဂါရှိသူများ ဆောင်ရန် အချက်များ
- အာဟာရပြည့်ဝအောင် အစာအုပ်စုစုံလင်စွာ စားသုံးပါ။
- ကယ်လိုရီနှင့် အသားဓာတ်၊ ဗီတာမင် A, B, C, E နှင့် Zinc ကြွယ်ဝတဲ့ အစာများ (အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ခရမ်းချဥ်သီး၊ ကညွတ်၊ ဟင်းနုနွယ်၊ မာလကာသီး၊ မြေပဲနှင့် အစေ့အဆံများ) စုံလင်အောင် စားသုံးသင့်ပါတယ်။
- ရေလည်းများများသောက်ပါ။
- အိပ်ရေးဝအောင်အိပ်ပါ။
- စိတ်ဖိစီးမှုများကို လျှော့ချပါ။
- ပါးစပ်၊ နှာခေါင်းစည်း သေချာစွာဝတ်ဆင်ပါ။
- လူနာရဲ့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ပါ။
- လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးပါ။
- လေကောင်းလေသန့်ရရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ပါ။
- ကိုယ်အပူချိန်၊ ကိုယ်အလေးချိန်များကို နေ့စဥ်၊ အပတ်စဥ် တိုင်းတာပြီး မှတ်ထားသင့်ပါတယ်။ (ဆေးကုသနေစဥ် ကိုယ်အလေးချိန်တက်လာနိုင်ရင် ရောဂါပျောက်ကင်းနှုန်း မြန်ပါတယ်။)

🚫 တီဘီရောဂါရှိသူများ ရှောင်ရန် အချက်များ
- ဆေးလိပ်၊ ကွမ်း၊ အရက်သေစာနှင့် မူးယစ်ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် အားဖြည့်အချိုရည်များ၊ ကာဗွန်နိတ်အချိုရည်များ၊ အချိုနှင့် အဆီလွန်ကဲတဲ့ အစာများကို ရှောင်ကြဥ်ပါ။
- လူထူထပ်သောနေရာများကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ။
- အကိုက်အခဲပျောက်ဆေးများကိုလည်း ကိုယ့်သဘောနှင့်ကိုယ် မသောက်သင့်ပါဘူး။
- ကလေးငယ်များ၊ ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုများနှင့် နီးကပ်စွာ မနေထိုင်သင့်ပါဘူး။

📌 တီဘီရောဂါ ကင်းစင်ဖို့အတွက် ကုထုံးမှာ တီဘီဆေးသောက်ရုံကလွဲပြီး တခြားမရှိပါ။
- တီဘီကြောင့် အားနည်းနေတာကို တခြားဆေးများဖြင့် ကုသနေရင်လည်း ခဏတာ သက်သာရုံသာရှိပြီး ရောဂါလုံးဝပျောက်ကင်းနိုင်မှာ မဟုတ်ပါဘူး။
- ဒါကြောင့်မို့ တီဘီရောဂါရှိသူများအနေနှင့် ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်နေထိုင်ရင်း ကုသမှုကိုု ဆုံးခန်းတိုင်အောင် ခံယူကြဖို့ နှိုးဆော်လိုက်ရပါတယ်ရှင်။

😍sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

Reference - https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.who.int/campaigns/world-tb-day/

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#ကမ္ဘာ့တီဘီရောဂါနေ့

#ချောင်းဆိုး
#သလိပ်ပိုး

📌 အချို့လူတွေရဲ့ ခြေထောက်မှာ သွေးကြောစိမ်းပြာတွေ ဖောင်းနေတာမျိုး တွေ့ဖူးကြမှာပါ။ - ဒီလို သွေးကြောထုံးတာတွေက တစ်ကိုယ်လုံး...
23/03/2026

📌 အချို့လူတွေရဲ့ ခြေထောက်မှာ သွေးကြောစိမ်းပြာတွေ ဖောင်းနေတာမျိုး တွေ့ဖူးကြမှာပါ။
- ဒီလို သွေးကြောထုံးတာတွေက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပေမယ့် မတ်တပ်ရပ်၊ လမ်းလျှောက်ချိန်တွေမှာ ဖိအားများများခံရတဲ့ ခြေထောက်မှာတော့ အဖြစ်များဆုံးပါပဲ။

📌 သွေးကြောတွေ ဘာလို့ ထုံးရလဲ ?
- နှလုံးကနေ သွေးလွှတ်ကြော(Artery)တွေမှတစ်ဆင့် တစ်ကိုယ်လုံးဆီကို သွေးပို့ပေးပြီး တစ်ကိုယ်လုံးရဲ့ သွေးဟောင်းတွေကိုတော့ သွေးပြန်ကြော(Vein)တွေကနေ နှလုံးဆီသို့ ပြန်သယ်ပေးပါတယ်။
- ခြေထောက်ကနေ နှလုံးဆီကိုတော့ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး ပို့ရတဲ့အတွက် သွေးတွေ နောက်ပြန်မစီးဖို့ သွေးပြန်ကြောတွေထဲမှာ အဆို့ရှင်လေးတွေ ပါပါတယ်။
- ဒီအဆို့ရှင်တွေ ချို့ယွင်းတဲ့အခါ၊ သွေးကြောရဲ့ ကျုံ့နိုင်/ဆန့်နိုင်စွမ်း ညှစ်အားတွေ လျော့လာတဲ့အခါတွေမှာ သွေးတွေက အောက်ပြန်စီးလာပြီး သွေးကြောထဲမှာ ဖောင်းလာတာကို သွေးပြန်ကြောထုံးတယ်လို့ ခေါ်ပါတယ်။
- အရွယ်အစားအားဖြင့် ဆံချည်မျှင် (Spider veins) တွေကနေ သွေးကြောထုံးအကြီးတွေ (Severe varicose veins) အထိ ဖြစ်နိုင်ပါတယ်။

📌 ဘယ်လိုလူမျိုးတွေမှာ အဖြစ်များလဲ ?
- အသက်ကြီးခြင်း၊
- ကိုယ်ဝန်ဆောင်နေခြင်း၊
- အဝလွန်ခြင်း၊
- မျိုးရိုးလိုက်ခြင်း၊
- အချိန်ကြာမြင့်စွာ ထိုင်ခြင်း/မတ်တပ်ရပ်ခြင်း၊
- လေးလံသောပစ္စည်းများကို မ ရခြင်း၊
- သွေးကြောတည်ဆောက်မှုမူမမှန်ခြင်းတွေဟာ အဖြစ်များစေတဲ့ အကြောင်းရင်းတွေပါပဲ။
- ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ရင် အများအားဖြင့် ဆေးကုစရာမလိုဘဲ ကလေးမွေးအပြီး ၃လ မှ ၁နှစ်အတွင်း အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။

⚠️ ရောဂါလက္ခဏာများက
- သွေးကြောထုံးက အများအားဖြင့် နာကျင်ခြင်း မရှိတတ်ပါ။
- အချို့လူနာတွေမှာတော့ ခြေထောက်ရောင်ခြင်း၊ တဆစ်ဆစ် နာကျင်ခြင်း နှင့် ကြွက်တက်ခြင်းတွေ ဖြစ်ပါတယ်။
- အချိန်ကြာကြာ ထိုင်မိရင်/မတ်တပ်ရပ်မိရင် ပိုဆိုးပါမယ်။

🔺 နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့
- ခြေမျက်စိတစ်ဝိုက်တွင် အနာဖြစ်ခြင်း၊
- ယားယံခြင်း၊
- သွေးကြောအတွင်း သွေးခဲခြင်း၊
- အရေပြားပေါက်ပြီး သွေးထွက်ခြင်းများ ရှိလာပါတယ်။

✅ သွေးကြောထုံးရှိသူများ လိုက်နာရန်
- ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ပိုင်းကို နည်းနည်းမြှင့်ထားပါ။
- ကြွက်သားညှစ်အားကို ကူညီပေးမယ့် Compression stocking ခြေအိတ်ဝတ်ပါ။
- ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
- ကိုယ်လက်လှုပ်ရှား၊ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။
- ခြေထောက်ကို မကြာခဏ အကွေးအဆန့် လုပ်ပေးပါ။

🚫 တင်းကြပ်တဲ့ အဝတ်အစားများ မဝတ်သင့်ပါ။
- ခြေထောက်ချိတ် မထိုင်သင့်ပါ။
- အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းများ မပြုလုပ်သင့်ပါ။

Reference-https://www.mayoclinic.org/.../symptoms-causes/syc-20350643

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် အထူးကုသမားတော်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ
#ကျန်းမာရေး
#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောပိတ်
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း
#နှလုံးသွေးကြောချဲ့ကုသခြင်း
့်ခြင်း
#နှလုံးနှိုးဆွစက်
#သွေးခဲပိတ်ခြင်း
#သွေးကြောထုံး

📊 လေဖြတ်လူနာ (၁၀)ဦးမှာ (၈)ဦးက ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ကြရတာ ဖြစ်ပါတယ် ...🚨 လေဖြတ်တယ် ဆိုတာ ဦးနှောက်ကို သွေးပို့ပ...
22/03/2026

📊 လေဖြတ်လူနာ (၁၀)ဦးမှာ (၈)ဦးက ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ကြရတာ ဖြစ်ပါတယ် ...

🚨 လေဖြတ်တယ် ဆိုတာ ဦးနှောက်ကို သွေးပို့ပေးနေတဲ့ သွေးကြောတစ်ခုခုမှာ သွေးထောက်ပံ့ခြင်း ပြတ်တောက်သွားလို့ ဖြစ်ပါတယ်။

📌 လေဖြတ်ခြင်းရဲ့ အဓိကအကြောင်းရင်း (၂)မျိုးရှိပါတယ်။
(၁) ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်းနဲ့
(၂) ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ခြင်းတို့ပါ။

💡 ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်းရဲ့ ကုသနည်းကတော့ ပိတ်နေတဲ့ သွေးခဲကို ဖျော်ဖို့ (𝐆𝐨𝐥𝐝 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ဖြစ်တဲ့) သွေးခဲပျော်ဆေး 𝐓𝐢𝐬𝐬𝐮𝐞 𝐏𝐥𝐚𝐬𝐦𝐢𝐧𝐨𝐠𝐞𝐧 𝐀𝐜𝐭𝐢𝐯𝐚𝐭𝐨𝐫(𝐭𝐏𝐀) ပေးရပါတယ်။
- လေဖြတ်လူနာဟာ ရောဂါလက္ခဏာ စတင်ပြီး 𝐆𝐨𝐥𝐝𝐞𝐧 𝐡𝐨𝐮𝐫(ခေါ်)အချိန်(၃)နာရီအတွင်းမှာ ဆေးရုံကို ရောက်ရပါမယ်။
- လေဖြတ်လူနာကို အရင်ဦးဆုံး ဦးနှောက်ကွန်ပြူတာဓာတ်မှန် ရိုက်ပြီး သွေးကြောက ပိတ်တာလား၊ ပေါက်တာလားကို ခွဲခြားရပါတယ်။
- ဦးနှောက်ကွန်ပြူတာဓါတ်မှန် (CT head) တွင် ဦးနှောက်သွေးကြောပေါက်သည့် လက္ခဏာများ မရှိပဲ
- သက်ဆိုင်ရာဆရာဝန်မှ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ရောဂါဟု အတည်ပြုပြီးနောက်
- (𝐭𝐏𝐀)သွေးခဲပျော်ဆေးပေးနိုင်သည့် အခြားသတ်မှတ်ထားသော အချက်အလက်များနှင့်လည်း ကိုက်ညီတယ်ဆိုပါက
- (𝐭𝐏𝐀)သွေးခဲပျော်ဆေး သွင်းပေးနိုင်ပါတယ်။

💡 အာရှတော်ဝင်ဆေးရုံတွင် 𝐂𝐓 𝐬𝐜𝐚𝐧, 𝐌𝐑𝐈, သွေးကြောဓာတ်မှန် 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦 များကို ချက်ချင်းရိုက်နိုင်ပြီး လိုအပ်ပါက (𝐭𝐏𝐀)သွေးခဲပျော်ဆေး သွင်းပေးနိုင်ပါတယ်။

💡 လေဖြတ်ခြင်းကို ကုသရာမှာ အချိန်ဟာ ရွှေထက်ပိုပြီး တန်ဖိုးရှိပါတယ်။
- 𝐭𝐏𝐀 ဆေးကို အချိန်မီ ပေးသွင်းနိုင်ရင် လူနာရဲ့ အသက်အန္တရာယ်၊ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ဒုက္ခိတ ဖြစ်နိုင်ချေတွေကို များစွာ လျှော့ချပေးနိုင်ပါလိမ့်မယ်။
- လေဖြတ်ပြီးပြီးချင်း မိနစ်(၆၀)အတွင်း ပေးနိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်ပါတယ်။
- သွေးခဲပိတ်ခါစလေးမှာ ပြန်ဖျော်လို့ ရနိုင်ဖို့၊ အချိန်မီဖို့ အထူးအရေးကြီးပါတယ်။

🎬 ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းအတွက် သွေးခဲပျော်ဆေး သွင်းခြင်း https://www.facebook.com/share/v/1CR54s1EWq/ ကို ဒီ video လေးမှာ ကြည့်ရှုလိုက်ကြပါဦးနော် ...

🔎 သတိပြုပါ လေဖြတ်ရောဂါလက္ခဏာ အတိုကောက်စာလုံး "BE FAST" ဖြင့် မှတ်သားပါ
Balance- ရုတ်တရက်ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း
Eye- မျက်စိရုတ်တရက်ဝါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း
Facial Dropping- ရုတ်တရက်မျက်နှာရွဲ့သွားခြင်း
Arm weakness- ရုတ်တရက် လက်(သို့)ခြေထောက် အားနည်းသွားခြင်း
Speech difficulties- ရုတ်တရက် စကားပြောလို့မရတော့ခြင်း၊ ပီသစွာမပြောနိုင်ခြင်း
Time to call- အလျင်အမြန်ကုသမှုခံယူဖို့ ဆက်သွယ်ခြင်း

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ" "ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

😍sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

#လေဖြတ်ခြင်း
#သွေးခဲပျော်ဆေး
#ဦးနှောက်သွေးကြောပိတ်
#ဦးနှောက်သွေးကြောပေါက်

✨ Asia Royal Hospital မှ 𝐖𝐚𝐥𝐤-𝐈𝐧 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ✨📢 အလုပ်အကိုင်အခွင့်အလမ်းတွေကို အချိန်မယူဘဲ တိုက်ရိုက် လျှောက်ထားဖြေဆိုနိုင်ရ...
22/03/2026

✨ Asia Royal Hospital မှ 𝐖𝐚𝐥𝐤-𝐈𝐧 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ✨
📢 အလုပ်အကိုင်အခွင့်အလမ်းတွေကို အချိန်မယူဘဲ တိုက်ရိုက် လျှောက်ထားဖြေဆိုနိုင်ရန်အတွက် 𝐖𝐚𝐥𝐤-𝐈𝐧 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပြုလုပ်နေပါပြီ။

🗓️ နေ့စွဲ - အပတ်စဉ် အင်္ဂါနေ့တိုင်း
⏰ အချိန် - မနက် ၁၀:၀၀ မှ နေ့လယ် ၂:၀၀ အထိ
📍 နေရာ - Asia Royal Hospital Office - No.11, Pun Hlaing Road, Sanchaung Township, Yangon.
☎️ ဆက်သွယ်ရန် - +959 765 415 460 (Viber Phone Number)

📌 အကျိုးခံစားခွင့်များ
- နှစ်တိုးလစာ
- Uniform
- Medical Discount

📑 လိုအပ်သော စာရွက်စာတမ်းများ
- မှတ်ပုံတင် မူရင်း/မိတ္တူ
- ပညာအရည်အချင်း ထောက်ခံစာ
- ရပ်ကွက်/ရဲစခန်း ထောက်ခံစာ
- လေဘာကတ်
- အိမ်ထောင်စုစာရင်း မိတ္တူတို့နှင့်အတူ

✨ အတွေ့အကြုံ ရှိသူ၊မရှိသူမရွေး အားလုံးအတွက် လစ်လပ်နေသော နေရာအခွင့်အလမ်းများရှိပါသည်။

👉 အခက်အခဲမရှိဘဲ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို လက်လွှတ်မခံဘဲ အင်တာဗျူး လာရောက်ဖြေဆိုဖို့အတွက် ဖိတ်ခေါ်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

#အင်တာဗျူး

❣️ အာရှတော်ဝင်ဆေးရုံတွင် ကျွမ်းကျင်သော "နှလုံးအထူးကုသမားတော်ကြီးများ" နှင့် "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" မှ ဦးဆေ...
21/03/2026

❣️ အာရှတော်ဝင်ဆေးရုံတွင် ကျွမ်းကျင်သော "နှလုံးအထူးကုသမားတော်ကြီးများ" နှင့် "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" မှ ဦးဆောင်ကာ
- ခေတ်မီနည်းပညာ နှင့် စက်ပစ္စည်းများကို အသုံးပြုပြီး
- "နှလုံး နှင့် သွေးကြောရောဂါများ" အတွက်
- "စမ်းသပ်စစ်ဆေးခြင်းများ" မှစ၍ "ကုသမှုများ" အထိ အားလုံးကို
- အာရှတော်ဝင်ဆေးရုံတွင် ပြီးပြည့်စုံအောင် ပြုလုပ်ပေးနေသည်မှာ နှစ်ပေါင်း(၁၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

❣️ အဓိကအားဖြင့် ခွဲစိတ်ပေးနေသော နှလုံးရောဂါအမျိုးအစားတွေကတော့
(၁) နှလုံးသွေးကြောကျဉ်းလူနာများအတွက် နှလုံးသွေးကြော ဖြတ်ဆက်ကုသခြင်း (𝐂𝐀𝐁𝐆)
(၂) နှလုံးအဆို့ရှင် ပြုပြင်ခြင်း၊ အစားထိုးခြင်း
(၃) မွေးရာပါ နှလုံးရောဂါအမျိုးမျိုးအတွက် နှလုံးသွေးလွှတ်ခန်း/သွေးဝင်ခန်းများကြားရှိ အကန့်ချို့ယွင်းမှု(𝐂𝐨𝐧𝐠𝐞𝐧𝐢𝐭𝐚𝐥 𝐕𝐒𝐃/ 𝐀𝐒𝐃)များကို ပြုပြင်ခွဲစိတ်ပေးခြင်း၊ နှလုံးသွေးကြောဆက်နေခြင်း၊ နှလုံးအပေါက်ပါခြင်းများကို ပြုပြင်ခွဲစိတ်ခြင်းများ
(၄) နှလုံးသွေးကြောချဲ့ကုသခြင်း/𝐒𝐭𝐞𝐧𝐭 ထည့်ခြင်း (𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲 & 𝐒𝐭𝐞𝐧𝐭𝐢𝐧𝐠)
(၅) နှလုံးခုန်နှုန်း မမှန်သော လူနာများအတွက် နှလုံးနှိုးဆွစက် ထည့်သွင်းခြင်း (𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫 𝐈𝐧𝐬𝐞𝐫𝐭𝐢𝐨𝐧)
စတဲ့ နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသခြင်း အမျိုးမျိုးတို့ကို ကုသမှုပေးလျှက် ရှိပါတယ်။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "နှလုံးအထူးကုသမားတော်ကြီးများ" "နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပါတယ်။

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

#နှလုံးသွေးကြောကျဥ်း
#နှလုံးသွေးကြောပိတ်
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း
#နှလုံးသွေးကြောချဲ့ကုသခြင်း
့်ခြင်း
#နှလုံးနှိုးဆွစက်

Address

14, Baho Road , Aung Chan Thar Ward, SCHG
Yangon
11111

Alerts

Be the first to know and let us send you an email when Asia Royal Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asia Royal Hospital:

Share

Category