Carbosip Myanmar

  • Home
  • Carbosip Myanmar

Carbosip Myanmar 🩸အမျိုးသမီးတိုင်းအတွက် သံဓာတ်အရင်းအမြစ် Carbosip (ကာဘိုစစ်)

2025 နှစ်သစ်မှာ Carbosip ရဲ့အမျိုးသမီးလေးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကျန်းမာခြင်းသ...
31/12/2024

2025 နှစ်သစ်မှာ Carbosip ရဲ့အမျိုးသမီးလေးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကျန်းမာခြင်းသုခတွေပြည့်စုံပါစေကြောင်း Carbosip မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်.......


မကြာခင်ရောက်ရှိလာတော့မဲ့ နှစ်သစ်မှာ အပြောင်းအလဲကောင်းလေးတွေ စတင်ဖို့ Plan ချထားပြီးပြီလား ?ü  ခရီးတွေ ပိုသွားမယ်ü  အလုပ်...
28/12/2024

မကြာခင်ရောက်ရှိလာတော့မဲ့ နှစ်သစ်မှာ အပြောင်းအလဲကောင်းလေးတွေ စတင်ဖို့ Plan ချထားပြီးပြီလား ?

ü ခရီးတွေ ပိုသွားမယ်

ü အလုပ်တွေ ပိုလုပ်ပြီး လှလှလေး နေမယ်

ü ကျန်းမာရေးကို ပိုဂရုစိုက်မယ်

ü ကိုယ့်ကိုယ်ကိုယ် ပိုချစ်မယ် စတာတွေကိုပေါ့

အမျိုးသမီးလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အလှဆုံးဖြစ်အောင်နေပြီး ကျန်းမာရေးကိုလည်း ပိုတိုးလို့ ဂရုစိုက်ရမယ်နော်။ အသားအရေအတွက် Skincare တွေ သုံးသလိုမျိုး သွေးအားနည်းလို့ ဖျော့တော့ ထိုင်းမှိုင်းနေတာတွေ ဝေးဝေးပြေးရအောင် သံဓါတ်အားဆေးမှန်မှန် သောက်ဖို့လည်း မမေ့ပါနဲ့။

နေ့ရက်တိုင်းမှာ တောက်ပလင်းလက်ပြီး ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေကို စတင်နိုင်ဖို့ ကာဘိုစစ်က နှစ်သစ်မှာလည်း အတူရှိနေပေးပါ့မယ်။

“သံဓာတ်ပြည့်ဝ ဖြည့်စွက်အာဟာရ Carbosip နဲ့မှ”



#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

Carposip ရဲ့ သုံးစွဲသူ မိတ်ဟောင်း၊ မိတ်သစ်များ အားလုံး ဆောင်းရာသီရဲ့ ခရစ်စမတ်ကာလမှာ ချစ်ခင်ရသူများနဲ့ အလှမ်းမဝေးဘဲ နီးနီ...
25/12/2024

Carposip ရဲ့ သုံးစွဲသူ မိတ်ဟောင်း၊ မိတ်သစ်များ အားလုံး ဆောင်းရာသီရဲ့ ခရစ်စမတ်ကာလမှာ ချစ်ခင်ရသူများနဲ့ အလှမ်းမဝေးဘဲ နီးနီးကပ်ကပ် နွေးနွေးထွေး ပျော်ရွှင်ကျန်းမာကြပါစေကြောင်း Carposip မိသားစုမှ အထူးဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။




#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

‘သံဓာတ်’ ဟာဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အဓိကနေရာက ပါဝင်တယ်ဆိုတာ သိပါသလား . . . ❓အမျိုးသမီးတစ်...
21/12/2024

‘သံဓာတ်’ ဟာဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အဓိကနေရာက ပါဝင်တယ်ဆိုတာ သိပါသလား . . . ❓

အမျိုးသမီးတစ်ယောက်မှာ သံဓာတ်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အမျိုးသမီးတွေအတွက် သံဓာတ်က ဘာလို့ အရေးကြီးလဲ ?

🩸 အမျိုးသမီးတွေဟာ ဓမ္မတာကာလအတွင်း Blood loss ဖြစ်ခြင်းကြောင့် သံဓာတ်ကို ဆုံးရှုံးရပါတယ်၊ ဒီလိုဆုံးရှုံးရာကနေ အခန့်မသင့်ရင် သံဓာတ်အားနည်းပြီး သွေးအားနည်းရောဂါတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

🩸 သံဓာတ်အားနည်းခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင် စီးဆင်းမှုနှုန်းကို ခက်ခဲစေတာကြောင့် မောဟိုက်ပင်ပန်းခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း‌တွေကို ဖြစ်ပွားစေနိုင်ပါတယ်။

🩸 သံဓာတ်က ကိုယ်ခံအားစနစ်မှာလည်း ပါဝင်တာမို့ သံဓာတ်အားနည်းမယ်ဆိုရင် မကြာခဏဆိုသလို နာမကျန်းဖြစ်ပွားနိုင်မှု မြင့်နိုင်ပါတယ်။

🩸 ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း ကလေးဖွံဖြိုးဖို့နဲ့ သွေးအားကောင်းစေရန် သံဓာတ်ကို အထူး လိုအပ်ပါတယ်။

စတဲ့အချက်တွေကြောင့် သံဓာတ်ဟာ အမျိုးသမီးတွေအတွက် လွန်စွာ အရေးပါလှပါတယ် 🥰

သံဓာတ်အားကောင်းနေဖို့ဆိုရင် နေ့စဉ်ပုံမှန်သောက်သုံးရင် အကျိုးထူးစေမဲ့ ကာဘိုစစ်(Carbosip)ကို သတိရလိုက်ပါနော် ♥️

ကာဘိုစစ်(Carbosip) မှာဆိုရင် သံဓာတ်ပါဝင်ရုံသာမက . . .

❣️ဆဲလ်တွေကြီးထွားဖို့အတွက် ကူညီနိုင်တဲ့ Folic Acid

❣️အာရုံကြောနဲ့ ဦးနှောက်မှတ်ဉာဏ်အားကို ကောင်းမွန်စေနိုင်တဲ့ Vitamin B12 နဲ့

❣️ကိုယ်ခံအားကို မြှင့်တင်ပေးပြီး မကောင်းတဲ့ဆဲလ်တွေကို ပြင်ဆင်ပေးနိုင်စွမ်းရှိတဲ့ ဇင့်ဓာတ် တို့ပါဝင်တာကြောင့်

❛ကာဘိုစစ်(Carbosip)❜ ကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းဖြင့် သံဓာတ်အားကောင်းတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေကိုပါ ရရှိမှာပါ 💯

ဒါကြောင့် အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ သံဓာတ်ကို ကာဘိုစစ်(Carbosip) ပုံမှန်သောက်သုံးပြီး ကျန်းမာလှပကြရအောင် ♥️

“အမျိုးသမီးတိုင်းရဲ့ သံဓာတ်အရင်းအမြစ် ကာဘိုစစ်(Carbosip) ♥️”




#နေ့စဉ်သောက်ပါ #သွေးအားပြည့်စေမှာ

သံဓါတ်အားဆေး သောက်သုံးဖို့ အသင့်တော်ဆုံးအချိန် ⏰⏰သံဓာတ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်  အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ က...
18/12/2024

သံဓါတ်အားဆေး သောက်သုံးဖို့ အသင့်တော်ဆုံးအချိန် ⏰⏰

သံဓာတ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ကလေး၊ လူကြီးမကျန် သံဓာတ်ပြည့်ဝနေဖို့လိုပြီး သံဓာတ်ချို့တဲ့ခဲ့မယ်ဆိုရင် ...

💊 အားအင်ကုန်ခမ်း မောပန်းလွယ်မယ်
💊 အာရူံစူးစိုက်မှု လျော့ကျလာမယ်
💊 ရောဂါပိုးတွေလည်း အလွယ်တကူဝင်ရောက်လာမယ်
💊 ဖြူဆုတ်ဖျော့တော့ပြီး ညှိုးနွမ်းနေမယ်
💊 အသက်ရှုရခက်ခဲတာ၊ အသက်ရှုကြပ်တာတွေဖြစ်မယ်
💊 မူးဝေတာတွေဖြစ်မယ်

အမျိုးသမီးတွေအတွက်ဆိုရင်လည်း သံဓာတ်က အလွန်အရေးပါတာကြောင့် သံဓာတ်ပြည့်ဝနေဖို့အတွက် အမြဲဂရုစိုက်နေဖို့ လိုပါတယ် 😊

သံဓာတ်ကို အစားအစာတွေကနေ အလွယ်တကူရနိုင်ပေမယ့် တစ်နေ့တာအတွက် လိုအပ်တဲ့သံဓာတ်ပမာဏ ပြည့်ဝဖို့ကတော့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း သံဓာတ်ပါတဲ့ ဖြည့်စွက်စာတွေ၊ သံဓာတ်အားဖြည့်ဆေးတွေကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြသပြီး လိုအပ်သလို ဖြည့်စွက်သောက်သုံးပေးဖို့လိုပါတယ် 💪

အရွယ်ရောက်ပြီး မိန်းကလေးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့သံဓာတ်ပမာဏက 18mg ဖြစ်ပြီး အသက် (၅၀) ကျော် အမျိုးသမီးတွေအတွက်ကတော့ 8mg လိုအပ်ပါတယ်။

သံဓာတ်အားဖြည့်ဆေးကိုသောက်ဖို့အတွက် အသင့်တော်ဆုံးအချိန်ကတော့ အစာမစားမီ တစ်နာရီအလိုနဲ့ အစာစားပြီးရင်တော့ နှစ်နာရီအကြာမှသာ သောက်သုံးပေးရမှာဖြစ်ပြီး အစာနဲ့ဝေးတဲ့အချိန် သောက်သုံးတာကတော့ အကောင်းဆုံးပါပဲ 😘😘

သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင်တော့ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် B12 နဲ့ ဇင့်တို့ပါဝင်တဲ့ ကာဘိုစစ် ( Carbosip) ကိုသာ သတိရလိုက်ပါနော်



#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

💁🏻‍♀️ ကိုယ့်ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝနေစေဖို့ သေချာဂရုစိုက်ဖြစ်ရဲ့လား💁🏻‍♀️ သံဓာတ်မပြည့်ဝတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ💁🏻‍♀️...
15/12/2024

💁🏻‍♀️ ကိုယ့်ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝနေစေဖို့ သေချာဂရုစိုက်ဖြစ်ရဲ့လား
💁🏻‍♀️ သံဓာတ်မပြည့်ဝတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ
💁🏻‍♀️ သံဓာတ်ချိူ့တဲ့ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်ပေါ်လာမလဲ ဆိုတာ ကြည့်လိုက်ရအောင်

သံဓာတ်ချိုတဲ့ တဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို အရင်ဆုံးပြောပြပေးချင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါမှာ

♦️ သွေးအနီဥများနည်းလာတဲ့အတွက် အသားအရေ ‌ဖြူဖျော့လာခြင်း။
♦️ သွေးအနီဥများက အနည်းငယ်သာရှိတော့တဲ့အတွက် အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်း နည်းပါးပြီး ပင်ပန်းနွမ်းနယ်လွယ်လာခြင်း။
♦️ လမ်းလျှောက်တဲ့အချိန်၊ အလုပ်တွေလုပ်တဲ့အချိန်မှာ အသက်ရှုမဝခြင်း၊ အသက်ရှုရခက်ခဲခြင်း။
♦️ နှလုံးခုန်မြန်ခြင်း။
♦️ သွေးလည်ပတ်မှုလျော့ကျခြင်းကြောင့် ခေါင်းမူးခြင်း များဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်ထပ် ဆံပင်နဲ့ အသားအရေအပိုင်းမှာဆိုရင်
♦️ ဆံပင်ကျွတ်ခြင်း။
♦️ လက်သည်းများ အလွယ်တကူခြောက်သွေ့ကျိုးပဲ့စေခြင်း များကို ဖြစ်စေတတ်ပါတယ်။

သံဓာတ်ချို့တဲ့ခြင်းက စိတ်ပိုင်းဆိုင်ရာမှာလည်း အနည်းနဲ့အများထိခိုက်မှုရှိနိုင်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတော့

♦️ အာရုံစူးစိုက်မှုအားနည်းခြင်း။
♦️ စိတ်အေးအေးမဖြစ်ခြင်း။
♦️ အိပ်မပျော်ခြင်း များကို ဖြစ်စေတတ်ပါတယ်။

လူငယ်တွေမှာဆိုရင် ပညာသင်ကြားတဲ့အခါ စိတ်အားထက်သန်မှုမရှိဘဲ အာရုံစူးစွမ်းနိုင်မှု လျော့ကျနိုင်ခြင်းများ ဖြစ်စေတတ်ပါတယ်။

သံဓာတ်မပြည့်ဝတဲ့အခါမှာ ဒီလိုလက္ခဏာတွေဖြစ်ပေါ်စေနိုင်လို့ ခန္ဓာကိုယ်အတွက် သံဓာတ်ပြည့်ဝနေစေဖို့ဆို သံဓာတ်ပြည့်ဝတဲ့အစားအစာများကို စားသုံးပေးခြင်း၊ သံဓာတ်အားဖြည့်ဆေးသောက်ခြင်းများကို ပြုလုပ်ပေးသင့်ပါတယ်။

ကာဘိုစစ် (Carbosip) သံဓါတ်အားဆေးမှာ ဆိုရင် ပုံမှန်ထက်သန့်စင်တဲ့ Carbonyl Iron ပါဝင်တဲ့အတွက် သန့်စင်တဲ့သံဓာတ်ကို ပြည့်ပြည့်ဝဝရရှိစေမဲ့အပြင်

သွေးနီဥ အတွက် အ‌ရေးပါတဲ့ ဖောလစ်အက်စစ်၊ အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ B 12နဲ့ ကိုယ်ခံအားကောင်းစေတဲ့ ဇင့်ဓါတ်တို့ ပါဝင်တာကြောင့် ကာဘိုစစ် (Carbosip) သံဓါတ်အားဆေးကို အနည်းဆုံး (၆) လလောက် မပျက်မကွက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သံဓာတ်ကို ပြည့်ပြည့်ဝဝရရှိပြီး ကျန်းမာတက်ကြွစေနိုင်မှာပဲ ဖြစ်ပါတယ်။



#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

ဆယ်ကျော်သက်ကလေးတွေကို သံဓါတ်အားဆေး တ်ိုက်ဖြစ်ရဲ့လားသံဓါတ်အားဆေးဆိုတာ အပျိုဖော်ဝင်ပြီးသားအမျိုးသမီးတွေသာ သောက်သုံးရတဲ့ဆေး...
27/11/2024

ဆယ်ကျော်သက်ကလေးတွေကို သံဓါတ်အားဆေး တ်ိုက်ဖြစ်ရဲ့လား
သံဓါတ်အားဆေးဆိုတာ အပျိုဖော်ဝင်ပြီးသားအမျိုးသမီးတွေသာ သောက်သုံးရတဲ့ဆေးမဟုတ်ပါဘူးနော်…‼️

သံဓါတ်အားဆေးဆိုတာ ဓမ္မတာလာမှ၊ သွေးအားနည်းလို့မှ သောက်ရတဲ့ဆေးမျိုးမဟုတ်ပဲ ဆယ်ကျော်သက်မိန်းကလေးငယ်တွေရော ယောကျာ်းလေးတွေပါ သောက်သုံးသင့်တဲ့ဆေးတစ်မျိုးပါ။💁🏻‍♀️

အားအင်ပြည့်ဝဖို့နဲ့ သွေးဆဲလ်တွေကောင်းမွန်စွာထုတ်လုပ်နိုင်ဖို့အတွက် သံဓါတ်က ကူညီပေးနိုင်ပါတယ်။
ကာဘိုစစ်(Carbosip)မှာက သံဓါတ်တင်မကပဲ Vitamin B12၊ ဖောလစ်အက်စစ်နဲ့ ဇင့်ဓါတ်တွေပါ ပါဝင်တာကြောင့် ဆယ်ကျော်သက်ကလေးတွေအတွက် တကယ်အကျိုးရှိနိုင်ပါတယ်။ 🤗

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်က ဖွံ့ဖြိုးဆဲ၊ဟော်မုန်းပြောင်းလဲဆဲ အရွယ်ဖြစ်တာကြောင့်
👉🏻ဆဲလ်တွေကြီးထွားဖို့အတွက် ကူညီနိုင်တဲ့ ဖောလစ်
အက်စစ်
👉🏻အာရုံကြောနဲ့ ဦးနှောက်မှတ်ဉာဏ်အားကောင်းမွန်စေနိုင်တဲ့ Vitamin B12နဲ့
👉🏻ကိုယ်ခံအားမြှင့်တင်ပေးပြီး မကောင်းတဲ့ဆဲလ်တွေကို ပြင်ဆင်ပေးနိုင်စွမ်းတဲ့ ဇင့်ဓါတ်တို့ကို မဖြစ်မနေ တိုက်ကျွေးပေးသင့်ပါတယ်နော်။

သင့်ရဲ့ဆယ်ကျော်သက်ကလေးတွေရဲ့ ဖွံ့ဖြိုးနိုင်စွမ်းတိုးတက်စေဖို့ အာဟာရအပြည့်ကျွေးရုံမကပဲ သံဓါတ်အားဆေးကိုပါ သောက်သုံးခိုင်းလိုက်ပါ။⚡️

"သွေးအားပြည့်လို့ ကျန်းမာဖို့ ကာဘိုစစ်ကို သောက်ကြစို့” 🩸
carbosip
iron
ironsupplements
နေ့စဉ်သောက်ပါ #သွေးအားပြည့်စေမှာ

မေမေတို့ရေကလေးမွေးပြီးတော့ သံဓါတ် အားဆေး သောက်ဖို့ မေ့နေကြပြီ မဟုတ်လား။ 🤔ဘေဘီလေး အတွက် အလုပ်ရှုပ်နေတာနဲ့ပဲ အားဆေးသောက်ဖိ...
25/11/2024

မေမေတို့ရေ

ကလေးမွေးပြီးတော့ သံဓါတ် အားဆေး သောက်ဖို့ မေ့နေကြပြီ မဟုတ်လား။ 🤔

ဘေဘီလေး အတွက် အလုပ်ရှုပ်နေတာနဲ့ပဲ အားဆေးသောက်ဖို့ မေ့တာရော၊ ကလေး မွေးပြီးရင် သံဓါတ်အားဆေး သောက်ဖို့ မလိုတော့ဘူး ထင်တာနဲ့ရော မသောက်ဖြစ်တော့ဘူး မဟုတ်လား။ ❓

နို့တိုက်တဲ့ မိခင်တိုင်းက သံဓါတ် ပြည့်ဝဖို့ လိုအပ်တာကြောင့် ဖောလစ်အက်စစ်၊ B12နဲ့ ဇင့်ဓါတ်တို့ ပါဝင်တဲ့ ကာဘိုစစ် ( Carbosip) ကို နေ့စဉ် သောက်သုံးလိုက်ပါ။ ⏰

ဒါမှသာ ဘေဘီလေး အတွက် အာဟာရ လုံလောက်တဲ့ နို့တွေကို တိုက်ကျွေးနိုင်မှာ ဖြစ်ပြီး မေမေလည်း တစ်သားမွေး တစ်သွေးလှနေမှာနော်။ 🌹

သွေးအားပြည့်ဝစေမှာ ကာဘိုစစ် ( Carbosip) ပါ။ 🩸





#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

သူလာမှာလား၊ လာတော့မှာလား၊ မလာသေးဘူးလားနဲ့ မျှော်ရတာ မောရောပေါ့ဒါဆိုရင်တော့ သူလာဖို့နီးနေပြီလားဆိုတာကို ကိုယ့်ဘာသာတွက်ချက...
22/11/2024

သူလာမှာလား၊ လာတော့မှာလား၊ မလာသေးဘူးလားနဲ့ မျှော်ရတာ မောရောပေါ့

ဒါဆိုရင်တော့ သူလာဖို့နီးနေပြီလားဆိုတာကို ကိုယ့်ဘာသာတွက်ချက်ကြည့်လိုက်ရအောင်။

သူဆိုတာကတော့ လစဉ်လတိုင်း လာနေကျ ဧည့်သည်လေးပေါ့လေ။ သူ့ကို ဓမ္မတာ လို့မှတ်ထားပြီး သူလာနေကျရက်ကနေ နောက်တစ်ကျော့ပြန်လာတဲ့ ရက်အထိကိုတော့ ရာသီစက်ဝန်းလေးလို့ ခေါ်ကြတာပေါ့။

ပျမ်းမျှအားဖြင့်တော့ ရာသီစက်ဝန်းလေးက ၂၈ ရက်ကြာမြင့်လေ့ရှိပြီးတော့ ၃၂ ကနေ ၄၅ ပတ်အထိ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်က ဒီလ ဘယ်နှရက်နေ့မှာ ဓမ္မတာ လာသွားပြီး နောက်တစ်ခေါက် ဘယ်နှရက်နေ့မှာ ထပ်လာသလဲလို့ တွက်ချက်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ရာသီစက်ဝန်းကို အကြမ်းဖျဉ်း သိရှိနိုင်ပြီပေါ့။

သူလာမဲ့ရက်အနီးနားတစ်ဝိုက်ကို ခန့်မှန်းနိုင်ပြီဆိုရင် ဆေးဆောင်မလား၊ မုန့်ဆောင်မလား၊ လစဉ်သုံးလေးတွေ ဆောင်မလား၊ သွားစရာလာစရာ ကိစ္စတွေကို ပြင်ဆင်မလား အဆင်ပြေနေရော။

အမျိုးသမီးတိုင်းရဲ့ လစဉ်ဧည့်သည်လေး လာလည်တဲ့ရက်တွေမှာ သွေးအားပြည့်ဝစေတဲ့အပြင် နာကျင်ကိုက်ခဲတာတွေ လျော့ပါးသက်သာစေပြီးတော့ ဟော်မုန်းမညီမျှမှုတွေကို ထိန်းညှိပေးနိုင်တဲ့ Carposip သံဓါတ်အားဖြည့်ဆေးလေးကို နေ့စဉ်ပုံမှန် မှီဝဲပေးမယ်ဆိုရင် သူလာလာလာ၊ မလာလာလာ ကိုယ်ကတော့ နေ့တိုင်းလန်းဆန်းတက်ကြွနိုင်ပြီပေါ့။



#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

နှစ်စဉ် နိုဝင်ဘာလ ၁၇ ရက်နေ့ဟာ World Prematurity Day (ကမ္ဘာ့ လမစေ့မီ မွေးဖွားသည့်ကလေးများနေ့) ဖြစ်ပါတယ်။ ဒီ World Prematu...
20/11/2024

နှစ်စဉ် နိုဝင်ဘာလ ၁၇ ရက်နေ့ဟာ World Prematurity Day (ကမ္ဘာ့ လမစေ့မီ မွေးဖွားသည့်ကလေးများနေ့) ဖြစ်ပါတယ်။ ဒီ World Prematurity Day ဟာ ဆိုရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပါတ် မပြည့်သေးမီ ကလေးမွေးဖွားနှုန်း လျော့ကျပြီး မိခင်နဲ့ကလေး သေဆုံးမှုနည်းပါးရေးအတွက် ကျင်းပကြတာဖြစ်ပါတယ်။

မိခင်တစ်ဦးရဲ့ ကိုယ်ဝန်ဆောင်ကာလဟာ ယေဘုယျအားဖြင့် ရက်သတ္တပါတ် ၄၀ ခန့်ရှိပြီး ၃၇ ပါတ် မပြည့်မီ မွေးဖွားလာတဲ့ ကလေးငယ်တွေကိုတော့ လမစေ့ဘဲ မွေးဖွားလာသူများလို့ သတ်မှတ်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ကလေး ၁၀ ယောက်မှာ ၁ ယောက်ထက်ပိုပြီး လမစေ့ဘဲ မွေးဖွားလာတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်များအရ သိရှိနိုင်ပါတယ်။

လမစေ့ခင် မွေးလာတဲ့အခါ ဘယ်လိုအကျိုးအပြစ်တွေ ရှိလာနိုင်လဲဆိုရင်

ကလေးမှာ ကူးစက်ရောဂါဝင်လွယ်တာ

ကြီးထွားဖွံ့ဖြိုးမှုနှုန်းနည်းပါးတာ၊ ညှက်တာ

အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ နှလုံးထိခိုက်မှုတွေ ဖြစ်နိုင်တာ

အသားဝါတာ စတာတွေအပြင်

အရွယ်ရောက်တဲ့အခါမှာလည်း သင်ယူနိုင်စွမ်းလျော့နည်းတာ၊ တွေးတောဆင်ခြင်မှုနဲ့ လူမှုဆက်ဆံရေး အားနည်းတာ စတဲ့ ကျန်းမာရေး ပြသနာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။

ဒါတွေမကြုံရဘဲ ကလေးကို ကိုယ်ဝန်ဆောင်ကာလပြည့်မီစွာ မွေးဖွားနိုင်ဖို့အတွက်ဆိုရင် မေမေတို့က ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဆောင်ရန်/ရှောင်ရန်များကို လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်နော်။

အာဟာရမျှတအောင်စားသုံးမယ်

အိပ်ရေးဝအောင် အိပ်မယ်

ယမကာနဲ့ ဆေးလိပ် မှီဝဲခြင်းကို ရှောင်ရှားမယ်

မိခင်တွေ သောက်သုံးသင့်တဲ့ အားဆေးနဲ့ သံဓါတ်အားဖြည့်ဆေးကို သောက်သုံးပေးမယ်

ဆရာဝန်လမ်းညွှန်မှုနဲ့အတူ နေထိုင်မယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလပြည့်မီပြီး မွေးဖွားနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ မိခင်နဲ့ကလေး အပြည့်အဝ ကျန်းမာစေရေးအတွက် ကာဘိုစစ် သံဓါတ်အားဖြည့်ရည်ကိုလည်း မှီဝဲသုံးစွဲဖို့ မမေ့ပါနဲ့နော်။

ကာဘိုစစ်မှာဆိုရင် မိခင်အတွက် လုံလောက်တဲ့ သံဓါတ်ကိုဖြည့်ပေးမဲ့အပြင် ဘေဘီလေးတို့ မှတ်ဉာဏ်ကို အားကောင်းစေမဲ့ ဗီတာမင် ဘီတွဲ (Vitamin B12) ပါဝင်လို့ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းစေမှာပါ။

“မိခင်နဲ့ကလေး ပျော်ရွှင်ကျန်းမာ ကာဘိုစစ်နဲ့ ယှဉ်တွဲနေထိုင်ပါ”




#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)မှာ Carbosip ရဲ့ချစ်ရတဲ့အမျိုးသမီးလေးများအပါအဝင် ခုနှစ်ရက်သား၊သမ...
15/11/2024

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)မှာ Carbosip ရဲ့ချစ်ရတဲ့အမျိုးသမီးလေးများအပါအဝင် ခုနှစ်ရက်သား၊သမီး များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ "Carbosip Myanmar" မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ❤️❤️




မနက်ခင်းတိုင်းကို မေမေရဲ့ အော်ဟစ်သံတွေနဲ့ ဖွင့်နေရပြီလား။အသက် (၅၀) ကျော် မေမေ တစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီစာလေးကို...
28/10/2024

မနက်ခင်းတိုင်းကို မေမေရဲ့ အော်ဟစ်သံတွေနဲ့ ဖွင့်နေရပြီလား။

အသက် (၅၀) ကျော် မေမေ တစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီစာလေးကို ဆက်ဖတ်ပါနော်။ ✍️

ဒီအရွယ်က သွေးဆုံးခါနီး အချိန်ဆိုတော့ သွေးသား ပြောင်းလဲမှုတွေကြောင့် စိတ်အတက် အကျ မြန်ပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်း နည်းပါးနေတာမို့ အရင်ကထက် ပိုပြီး ဂရုစိုက်ပေးဖို့ ပြောပါရစေ။ 🥰

မေမေ့ရဲ့ စိတ်ခံစားချက်တွေ အဆင်ပြေဖို့ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်ပေးတဲ့ အပြင် ဟော်မုန်းတွေကို ညီမျှအောင် ထိန်းညှိပေးနိုင်တဲ့ ကာဘိုစစ် ( Carbosip)လေး နဲ့ အလိုက်သိလိုက်ပါ။

ကာဘိုစစ် ( Carbosip)မှာ ဖောလစ်အက်စစ်၊ B12နဲ့ ဇင့်ဓါတ်တို့ ပါဝင်တာကြောင့် သွေးအားပြည့်စေတဲ့ အပြင် စိတ် အတက်အကျ မြန်တာတွေကိုပါ ထိန်းချုပ်နိုင်ပါတယ်။ 🌹

ဒါကြောင့် ကာဘိုစစ် ( Carbosip) က မေမေတို့ အတွက် အသင့်တော်ဆုံးပါပဲ။ 🩸



#နေ့စဉ်သောက်ပါ
#သွေးအားပြည့်စေမှာ

Address

ယမနေ(၉)လမ်း, Yangon

11421

Website

Alerts

Be the first to know and let us send you an email when Carbosip Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram