𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

  • Home
  • Myanmar
  • Yangon
  • 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 FOR LIFE, WE THRIVE . ©

02/04/2026

ယနေ့ ဧပြီလ (၂)ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့အော်တစ်ဇင် အထိမ်းအမှတ်နေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐮𝐭𝐢𝐬𝐦 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐃𝐚𝐲)” မှာ Autism အကြောင်းကို မှန်ကန်စွာ နားလည်သဘောပေါက်စေရန် ကလေး အထူးကုဆရာဝန် ဒေါက်တာအေးမြတ်စန္ဒာဝင်း ကနေပြီး

⁣● Autism ဆိုတာဘာလဲ⁣
● Autism ကို စနစ်တကျ ဘယ်လို စမ်းသပ်သိရှိနိုင်သလဲ
● ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို ဘက်စုံစောင့်ရှောက်မှုတွေ လိုအပ်သလဲ
ဆိုတာတွေကို အပိုင်း (၃) ပိုင်းဖြင့် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🎯 ဒီနေ့ရဲ့အပိုင်းလေးမှာတော့ Autism ဆိုတာ ဘာလဲဆိုတာနဲ့ Autism ကို စောစောစီးစီး သံသယ ဖြစ်နိုင်တဲ့ လက္ခဏာတွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

💙 Autism ကို နားလည်ခြင်း၊ လက်ခံခြင်း နှင့် ဘက်စုံထောင့်စုံမှ ထောက်ပံ့မှုပေးခြင်းတို့ဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ကြပါစေ။ … 💙


မိဘပြည်သူများသို့ အသိပေးကြေညာချက်𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 𝐓𝐡𝐮𝐰𝐮𝐧𝐧𝐚 𝐏𝐨𝐥𝐲𝐜𝐥𝐢𝐧𝐢𝐜 ကို ယနေ့တိုင် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ယုံကြည်...
01/04/2026

မိဘပြည်သူများသို့ အသိပေးကြေညာချက်

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 𝐓𝐡𝐮𝐰𝐮𝐧𝐧𝐚 𝐏𝐨𝐥𝐲𝐜𝐥𝐢𝐧𝐢𝐜 ကို ယနေ့တိုင် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ယုံကြည်စွာ ဝန်ဆောင်မှုရယူခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

၆(က)၊ ပေါ် ဆန်းမွှေးလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 𝐓𝐡𝐮𝐰𝐮𝐧𝐧𝐚 𝐏𝐨𝐥𝐲𝐜𝐥𝐢𝐧𝐢𝐜 အား ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့ မှ စတင်၍ ဝန်ဆောင်မှုများ ခေတ္တရပ်နားတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဆေးခန်းပိတ်ထားစဉ်ကာလအတွင်း အဆင်မပြေမှုများရှိပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။

လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် အခြားသော “𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ” တွင် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ဆက်လက်ပေးဆောင်သွားမည် ဖြစ်ပါသည်။

📍 ဆက်သွယ်ရန်နှင့် အသေးစိတ်စုံစမ်းမေးမြန်းရန် _
09 880 442 233

🔗https://m.facebook.com/story.php?story_fbid=122223175976248948&id=61557468442052&mibextid=Nif5oz

နားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။

🥭🍏🌶️ သီးစုံအချဉ်ပေါင်းကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားကြမလဲ…😋  အချဉ်ပေါင်း လို့ ကြားလိုက်ရုံနဲ့တင် နားထင်နားရင်းအထ...
31/03/2026

🥭🍏🌶️ သီးစုံအချဉ်ပေါင်းကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားကြမလဲ…

😋 အချဉ်ပေါင်း လို့ ကြားလိုက်ရုံနဲ့တင် နားထင်နားရင်းအထိ တွန့်တက်သွားပြီး သွားရည်ယိုစေလောက်တဲ့ ခံစားမှုမျိုးကို မြန်မာလူမျိုးတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။

🌶️ အချဉ်အချို အရသာစုံလင်တဲ့ အသီးမျိုးစုံကို အငန်နဲ့ အစပ် အရသာပါတဲ့ ဆား၊ ငရုပ်သီးလှော်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငါးပိကင်/ဖုတ်၊ တို့အပြင် ထန်းလျက်ရည်အနည်းငယ်ပါထည့်ပြီး ရောနယ်သုပ်ထားတဲ့ မြန်မာ့ရိုးရာ အချဉ်ပေါင်းသုပ်တစ်ပွဲဟာ ပူပြင်းတဲ့ နွေရာသီကာလမှာ လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

🥗 ဒေသထွက် ရာသီပေါ် အရောင်စုံ အသီးမျိုးစုံနဲ့လုပ်ထားတဲ့ အချဉ်ပေါင်းကို စနစ်တကျ ပြင်ဆင်စားမယ်ဆိုရင် အာဟာရကြွယ်ဝပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ အချဉ်ပေါင်းလုပ်ရာမှာ အသီးလက်လှမ်းမီမှုအပေါ်မူတည်ပြီး ရာသီပေါ် အသီး ၅မျိုးကနေ ၁၅ မျိုးလောက်ထိ စုံလင်အောင် ထည့်သုပ်စားလေ့ရှိကြပါတယ်။

🍍 အစားများတဲ့ အသီးတွေကတော့ သရက်သီးအစိမ်း၊ ဂွေးသီးအစိမ်း၊ မရမ်းသီး အစိမ်း (သို့) အမှည့်၊ ဇီး/ဆီးသီးမှည့်၊ မာလကာသီး၊ မက်မွန်သီး၊ နာနတ်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ပန်းသီးတို့ ဖြစ်ကြပါတယ်။

အချဉ်ပေါင်းရဲ့ အဓိကအသက်ကတော့ အသီးတွေရဲ့ ကြွပ်ဆတ်မှုနဲ့ အချဉ်ဓာတ်ပဲ ဖြစ်ပါတယ်။ သရက်သီးစိမ်း၊ မရမ်းသီးစိမ်းတွေက ပါးစပ်ထဲမှာ သွားရည်ယိုစေမယ့် အချဉ်အရသာကို ပေးစွမ်းပါတယ်။ အဲဒီအချဉ်ကို ထိန်းညှိဖို့အတွက် မရမ်းသီးမှည့်၊ မက်မွန်သီး၊ ဇီး/ဆီးသီးမှည့်နဲ့ စပျစ်သီးတို့ရဲ့ ချိုအိတဲ့ အရသာကို ပေါင်းထည့်ပြီးစားကြပါတယ်။

🍍 နာနတ်သီးနဲ့ လိမ္မော်သီးက အရည်ရွှမ်းပြီး လန်းဆန်းစေသလို၊ ပန်းသီး၊ မာလကာသီး ၊ ဂွေးသီးတို့က ဝါးလိုက်တိုင်း ကြွပ်ရွမှုကို ပေးပါတယ်။

🍓 စတော်ဘယ်ရီနဲ့ ဇီး/ဆီးသီးမှည့်တွေက လှပတဲ့ အရောင်အသွေးနဲ့ မွှေးပျံ့တဲ့ ရနံ့ကို ဖြည့်ဆည်းပေးပါတယ်။

🥣 အချဉ်ပေါင်းရဲ့ အရသာကို သာမန်ထက် ထူးကဲသွားစေတာကတော့ ဆော့စ် (sauce) ပဲဖြစ်ပါတယ်။ ဒီနေရာမှာ အများစုသုံးကြတာကတော့ ထန်းလျက်၊ ဆား၊ ငရုပ်သီးလှော်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငါးပိကင် (သို့) ဖုတ်တို့ ဖြစ်ပါတယ်။ ထန်းလျက်ရည်က မီးခိုးနံ့သင်းသင်းနဲ့ လေးနက်တဲ့ အချိုဓာတ်ကို ရစေပါတယ်။ ဆားကတော့ အသီးတွေရဲ့ အရသာကို ပိုပြီးပေါ်လွင်စေပါတယ်။ ငရုပ်သီးလှော်မှုန့်က အစပ်အရသာနဲ့ မွှေးကြိုင်တဲ့ ရနံ့ကိုပေးပါတယ်။ ပုဇွန်ခြောက်မှုန့်က အသားဓာတ်ရဲ့ အရသာနဲ့ အနံ့ကို ပိုမိုပြည့်စုံစေပါတယ်။

ငါးပိဖုတ်/ကင်ကတော့ အဓိကလျှို့ဝှက်ချက်ဖြစ်ပြီး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသီးတွေကို ပေါင်းစပ်ပေးမယ့် နက်ရှိုင်းတဲ့ အရသာကို ရရှိစေပါတယ်။
________________________________________

💡 အသီးတွေချဉ်တိုင်း ဗီတာမင်စီ ပါတာမဟုတ်ပါ။ ဥပမာ _ မာလကာသီးဟာ လုံးဝမချဉ်ပါဘူး၊ ဒါပေမဲ့ ဗီတာမင်စီပါဝင်မှုကတော့ မြန်မာပြည်ထွက် အသီးတွေထဲမှာ အမြင့်ဆုံးပါ။ ဒီအချဉ်ပေါင်းလုပ်စားကြတဲ့ အသီးတွေအားလုံးဟာ ဗီတာမင်စီပါဝင်မှု များပါတယ်၊ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တာကြောင့် အသီးတွေကို ပြင်ဆင်တဲ့နေရာမှာ အထူးဂရုပြုပါ။ ဗီတာမင်စီဟာ ခုခံအားစနစ်တွေ ကောင်းဖို့၊ ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။

🎯 အာဟာရတွေ မဆုံးရှုံးရလေအောင် ဘယ်လိုပြင်ဆင်ကြမလဲ။
1️⃣ အသီးတွေကို မလှီးဖြတ်မီ ရေသန့်ဖြင့် သေချာစွာ စင်ကြယ်အောင်ဆေးပါ။ ရေစစ်ထားပါ။
2️⃣ စဥ်းတီတုံး၊ ဓား၊ ဇလုံ၊ လင်ပန်းစတာတွေကို သေချာစွာ စင်ကြယ်အောင်ဆေးပါ။
3️⃣ လှီးဖြတ်ပြီးအသီးများကို ရေစိမ်ခြင်း၊ ရေဆေးခြင်း မပြုလုပ်ရပါ။ ဗီတာမင်များနှင့် သတ္ထုဓာတ်များမဆုံးရှုံးစေရန် ဖြစ်ပါတယ်

🎯 အာဟာရတွေ တိုးအောင် ဘာတွေထည့်စားကြမလဲ။
၁) ပဲငါးပိဖုတ် (သို့) ကင် ထည့်စားပါ။ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်များ၊ ကျမ်းမာရေးအတွက် အထောက်အကူပြုတဲ့ မပြည့်ဝဆီ ရပါမယ်။
၂) အစေ့အဆန်လှော်ထောင်းထည့်ပါ (ဥပမာ _ သစ်ကြားစေ့၊ သီဟိုဠစေ့၊ ဗာဒန်စေ့၊ မြေပဲ၊ နေကြာစေ့၊ ဖရုံစေ့)၊ အသားဓာတ်၊ မပြည့်ဝဆီ၊ အမျှင်ဓာတ်၊ သတ္ထုဓာတ်များ၊ ဗီတာမင်များ ရပါမယ်။

🎯 ကျန်းမာရေးနဲ့ညီညွတ်အောင် ဘာတွေကို ကန့်သတ်ပြီးစားကြမလဲ။

● ယနေ့အဖြစ်များနေတဲ့ ဆီးချို၊ သွေးတိုး၊ လေငန်း၊ ကျောက်ကပ်၊ နှလုံးအစရှိတဲ့ နာတာရှည်ရောဂါများ မခံစားကြရအောင် ပြည့်ဝဆီ၊ သကြားနဲ့၊ ဆားကို လျှော့နိုင်သမျှလျှော့၊ ရှောင်နိုင်သမျှရှောင်ရပါမယ်။
၁) အချဉ်ပေါင်းမှာ ပါဝင်တဲ့ အသီးများအားလုံးမှာ သကြားဓာတ်မျိုးစုံ ပါဝင်နေတာကြောင့် ကန့်သတ်ပြီးစားပါ။
၂) ထန်းလျက်တစ်ခဲ (သို့) ထန်းလျက်ရည် ထမင်းစားဇွန်း ၁ ဇွန်းမှာ ကယ်လိုရီ ၆၀ ၊ ကာဗိုဟိုက်ဒြိတ် ၁၅ ဂရမ်၊ သကြား ၁၅ ဂရမ် (လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့်) ပါဝင်နေတာကြောင့် ကန့်သတ်ပြီးစားပါ။ လူတစ်ယောက် တစ်နေ့မှာ စားသင့်တဲ့ စုစုပေါင်း သကြားပမာဏဟာ ၅၀ ဂရမ်ဆိုပေမဲ့ ကျန်းမာရေးအတွက် တစ်နေ့ကို အများဆုံး ၂၅ ဂရမ် ( လက်ဖက်ရည်ဇွန်း ၆ ဇွန်း ) သာ စားသုံးပါက ပို၍ကောင်းပါတယ်။
၃) ငါးပိ၊ ငံပြာရည် တွေမှာ ဆားပါဝင်မှုအလွန်များတာကြောင့် တစ်နေ့တာအတွက် အများဆုံးပမာဏ ထမင်းစားဇွန်း (၁) ဇွန်း သာစားပါ။ ဆိုဒီယမ် ပမာဏ ၁၂၅၀-၁၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။ ဒါဟာ တစ်နေ့တာလိုအပ်ချက်ရဲ့ ၆၀% ခန့်ထိရှိနေပါပြီ။
အိမ်သုံးဆား လက်ဖက်စားဇွန်း (၁) ဇွန်းမှာ ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ပါဝင်ပါတယ်။ ဒါဟာလူတစ်ယောက် တစ်နေ့စားသင့်တဲ့ ပမာဏဖြစ်ပါတယ်။
၄) ပုဇွန်ခြောက်မှုန့် မှာ အသားဓာတ်ပါဝင်သော်လည်း ဆားပါဝင်မှုများတာကြောင့် ကန့်သတ်ပြီးစားပါ။
၅) ငရုပ်သီးလှော်မှုန့် မှာ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ နဲ့ ဗီတာမင် စီ တို့ များစွာပါဝင်ပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ဇွန်း (၁) ဇွန်း စားရင် လုံလောက်ပါတယ်။ ဒါပေမဲ့ ငရုပ်သီး လှော်မှုန့်မှာ aflatoxins အဆိပ် ဖြစ်စေတဲ့မှိုတွေပါလေ့ရှိတာကြောင့် ဂရုပြုပြီး ကန့်သတ်စားပါ။


#အချဉ်ပေါင်း #အသီး #သီးစုံ

☀️ နွေပူပူမှာ မိမိကိုယ်တိုင်နဲ့ ချစ်ခင်ရသူ‌တွေအတွက် သတိပြုသင့်တဲ့ အပူလျှပ်ခြင်း (𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞) အကြောင်း သိကောင်းစရာများ 🌡...
30/03/2026

☀️ နွေပူပူမှာ မိမိကိုယ်တိုင်နဲ့ ချစ်ခင်ရသူ‌တွေအတွက် သတိပြုသင့်တဲ့ အပူလျှပ်ခြင်း (𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞) အကြောင်း သိကောင်းစရာများ

🌡️ အပူဒဏ်အန္တရာယ်က ပတ်ဝန်းကျင်အပူချိန်မြင့်မားတဲ့ နွေရာသီမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အပူလျှပ်ခြင်း (𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞) က အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာများအနက် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အပူချိန် ၁၀၄°F (၄၀°C) ကျော်အထိ မြင့်တက်ကာ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်…. ⚠️

☀️ အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်သူများ
🚩 အပူလျှပ်ခြင်းရဲ့ လက္ခဏာများ
🆘 အပူလျှပ်ခြင်း ခံစားရသောလူနာတွေကို မြန်မြန်ဆန်ဆန် ပြုစုကုသမှုပေးနိုင်မယ့် ရှေးဦးပြုစုနည်းများ
🛡️ အပူဒဏ်အန္တရာယ် ကာကွယ်ဖို့နည်းလမ်းများကို ပုံမှာ (infographics) ဖော်ပြပေးထားပါတယ်။ (infographics ကိုကြည့်ဖို့ မမေ့နဲ့နော်!)

“အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများ” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨


#အပူလျှပ်

𝐇𝐚𝐩𝐩𝐲 𝐃𝐨𝐜𝐭𝐨𝐫𝐬’ 𝐃𝐚𝐲 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 extends our sincere appreciation for your professionalism, compassion, and dedication to c...
30/03/2026

𝐇𝐚𝐩𝐩𝐲 𝐃𝐨𝐜𝐭𝐨𝐫𝐬’ 𝐃𝐚𝐲

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 extends our sincere appreciation for your professionalism, compassion, and dedication to clinical excellence, which strengthen the quality of care.


’day

မက်ကလောင်ဖောက်ခြင်း သို့မဟုတ် ခြစ်ခြင်း (ရှားခြစ်ခြင်း) ဓလေ့စရိုက် 🤔ကလေးတွေ အဖျားကြီးတဲ့အခါ ဒါမှမဟုတ် အဖျားမကျဘဲ ရက်ရှည်...
25/03/2026

မက်ကလောင်ဖောက်ခြင်း သို့မဟုတ် ခြစ်ခြင်း (ရှားခြစ်ခြင်း) ဓလေ့စရိုက် 🤔

ကလေးတွေ အဖျားကြီးတဲ့အခါ ဒါမှမဟုတ် အဖျားမကျဘဲ ရက်ရှည်ဖျားတဲ့အခါ လူကြီးမိဘတွေ ပြုလုပ်ပေးလေ့ရှိတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ကလေးတွေသာမက လူကြီးတွေပါ လုပ်လေ့ရှိပြီး မြို့ပြရော ကျေးလက်‌‌‌ဒေသမှာပါ တွေ့ရှိရကာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရိုးရာဓလေ့အနေနဲ့ ပြုလုပ်ကြတာကို ပိုမိုတွေ့ရှိရပါတယ်။

💡ဘယ်လို အခြေအနေမျိုးမှာ ပြုလုပ်ကြသလဲ?

ရှေးယခင် တရုတ်ရိုးရာ တိုင်းရင်းသမားတော်တွေရဲ့ ကုသမှုတစ်မျိုးလို့ ယူဆကြပါတယ်။ မက်ကလောင်ဖောက်ရင်၊ ခြစ်ရင် အဖျားအမြန်ကျပြီး သက်သာနိုင်တယ်လို့ ‌ယုံကြည်ကြပြီး ဒီဓလေ့ထုံးစံကို လက်ဆင့်ကမ်းလာခဲ့ကြတာပါ။ လူကြီးတွေမှာတော့ ဖျားနာတာအပြင် ကြွက်သားနာကျင်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ရောင်ရမ်းတာနဲ့ စိတ်လှုပ်ရှားတာ စတဲ့ လက္ခဏာတွေအတွက်လည်း ရှားခြစ်လေ့ရှိပါတယ်။

🩸 မက်ကလောင်ဖောက်ခြင်း ဆိုတာ ခြေချောင်း၊ လက်ချောင်းတွေကို ကြိုး၊ သားရေကွင်း စတာတွေနဲ့စည်းပြီး ခြေထိပ်၊ လက်ထိပ်တွေ ဖောင်းတင်းလာတဲ့အခါ အပ် (ဒါမှမဟုတ်) ဆူးကိုသုံးကာ သွေးဖောက်ထုတ်ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ခြေလက်တွေအပြင် ကြွက်သားနေရာတွေနဲ့ စအိုပတ်လည်နေရာတွေမှပါ သွေးဖောက်ထုတ်တတ်ပါတယ်။ ဒီလိုပြုလုပ်ရာကနေ သွေးမည်း၊ သွေးညစ်တွေထွက်လာလျှင် အဆိပ်အတောက်များ ကင်းစင်သွားပြီး အဖျားကျသွားနိုင်တယ်လို့ လွဲမှားစွာ ယုံကြည်တာကြောင့်ဖြစ်ပါတယ်။

🥄 မက်ကလောင်ခြစ်ခြင်း (ရှားခြစ်ခြင်း) ဆိုတာ ကျောက်တုံး၊ ကျောက်ပြား၊ ကြွေဇွန်း၊ စတီးဇွန်း၊ သံဘူး အခွံ၊ ခရုခွံ စတာတွေနဲ့ ကျောကုန်း၊ ရင်ဘတ်၊ လည်ကုပ်၊ လက်ဖျံ၊ ခြေသလုံး စတဲ့နေရာတွေမှာရှိတဲ့ အ‌‌ရေပြားကို အစင်းကြောင်းများ၊ သွေးခြည်ဥခြင်းများ ဖြစ်တဲ့အထိ အကြိမ်ကြိမ်ခြစ်ခြင်းဖြစ်ပါတယ်။ ရှားမခြစ်ခင် အဆီတစ်မျိုးမျိုး လိမ်းပေးလေ့လည်းရှိပါတယ်။

🔍 မက်ကလောင်ကြောင့် အဖျားသက်သာနိုင်တယ်ဆိုတဲ့ သီအိုရီတွေ ရှိကြပေမယ့် သုတေသနအရ ခိုင်မာစွာသက်သေပြထားခြင်းတော့ မရှိပါဘူး။

“Mak-ka-laung (မက်ကလောင်)” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨

-ka-laung #မက်ကလောင်

🌍 𝐖𝐨𝐫𝐥𝐝 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 𝐃𝐚𝐲 : 21 𝑀𝑎𝑟𝑐ℎ 2026𝑇𝑜𝑔𝑒𝑡ℎ𝑒𝑟 𝐴𝑔𝑎𝑖𝑛𝑠𝑡 𝐿𝑜𝑛𝑒𝑙𝑖𝑛𝑒𝑠𝑠 မတ်လ ၂၁ ရက်နေ့ဟာ Down Syndrome ရှိသူတွေရဲ့ ဘဝကို တန...
21/03/2026

🌍 𝐖𝐨𝐫𝐥𝐝 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 𝐃𝐚𝐲 : 21 𝑀𝑎𝑟𝑐ℎ 2026
𝑇𝑜𝑔𝑒𝑡ℎ𝑒𝑟 𝐴𝑔𝑎𝑖𝑛𝑠𝑡 𝐿𝑜𝑛𝑒𝑙𝑖𝑛𝑒𝑠𝑠

မတ်လ ၂၁ ရက်နေ့ဟာ Down Syndrome ရှိသူတွေရဲ့ ဘဝကို တန်ဖိုးထား အသိအမှတ်ပြုဖို့နဲ့ အခြားသူတွေနည်းတူ အခွင့်အရေးတွေကို တန်းတူညီမျှ ရရှိခံစားနိုင်စေဖို့ ရည်ရွယ်တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
Down Syndrome ဆိုတာ ကလေးငယ် (၈၀၀) မှာ (၁) ဦးနှုန်း ဖြစ်ပွားတတ်ပြီး အဖြစ်အများဆုံး ခရိုမိုဆုမ်းဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။

🧬 ဘာကြောင့် Down Syndrome ဖြစ်ရတာလဲ?

လူ့ခန္ဓာကိုယ်မှာ ပုံမှန်အားဖြင့် ခရိုမိုဆုမ်း (Chromosome) လို့ခေါ်တဲ့ မျိုးဗီဇအစုအဝေး (၂၃) စုံရှိပြီး၊ တစ်စုံမှာ ခရိုမိုဆုမ်းနှစ်ခုစီ ပါဝင်တာကြောင့် စုစုပေါင်း (၄၆) ခု ရှိပါတယ်။

ဒီခရိုမိုဆုမ်းတွေအနက် နံပါတ် (၂၁) ခုမြောက် ခရိုမိုဆုမ်းမှာ အပိုတစ်ခု ပါလာတာကြောင့် ဒေါင်းဆင်ဒရုန်း ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ Down Syndrome ရှိသူ ကလေးများရဲ့ (၄%) ကနေ (၅%) မှာကတော့ ခရိုမိုဆုမ်းတစ်ခုလုံး အပိုပါလာခြင်းမျိုး မဟုတ်ဘဲ၊ နံပါတ် (၂၁) ခရိုမိုဆုမ်းရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ အခြားခရိုမိုဆုမ်းတို့ ပေါင်းသွားခြင်း (Translocation) ကြောင့်လည်း Down Syndrome လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

💙 Down Syndrome ရှိတဲ့ ကလေးတွေအတွက် အရေးအကြီးဆုံး လေ့ကျင့်သင်ကြားမှုများမှာ__

● ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ
● နေ့စဉ် ပုံမှန်နေထိုင်လုပ်ဆောင်မှုဆိုင်ရာ လေ့ကျင့်ခန်းများ
● စကားပြော လေ့ကျင့်ခန်းများ
● အစာစားခြင်း လေ့ကျင့်ခန်းများ

အထီးကျန်မှုနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ဘေးဖယ်ထားမှုတွေကို အတူတူဖယ်ရှားပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါစို့။ 💙✨

“ဒေါင်းဆင်ဒရုန်း သို့မဟုတ် ဒေါင်းလက္ခဏာစု” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨


တကယ်လို့ သင်ဟာ 𝟏𝟎𝟎% ထောက်ပံ့မှုနဲ့ အတတ်ပညာသင်ယူပြီး အလုပ်အကိုင် ချက်ချင်းရရှိနိုင်တဲ့ အခွင့်အလမ်းနဲ့အတူ Future Career Pa...
20/03/2026

တကယ်လို့ သင်ဟာ 𝟏𝟎𝟎% ထောက်ပံ့မှုနဲ့ အတတ်ပညာသင်ယူပြီး အလုပ်အကိုင် ချက်ချင်းရရှိနိုင်တဲ့ အခွင့်အလမ်းနဲ့အတူ Future Career Pathway အတွက် အတူတကွပုံဖော်တည်ဆောက်နိုင်မယ့် လုပ်ငန်းခွင် တစ်ခု ရှာဖွေနေပါသလား။

သင့်ရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းအတွက် အစအဆုံးတာဝန်ယူပေးမယ့် 𝐂𝐚𝐫𝐞 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (𝐂𝐀𝐅𝐏) ရှိနေပါပြီ။

ဒီ Programme တက်ရောက်ပါက …
✅ စာတွေ့၊ လက်တွေ့ (၆) လ ပညာသင်ယူရင်း လစာနှင့်အတူ အခြားခံစားခွင့်များရရှိခြင်း
✅ နယ်ဝေးမှသူတွေအတွက် နေထိုင်ဖို့အဆောင်စီစဉ်ပေးခြင်း
✅ ပညာသင်ယူပြီးတာနဲ့ အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အလုပ်သင်ဝန်ထမ်း (၆) လ အဖြစ် ဆက်လက်လုပ်ကိုင်နိုင်ခြင်း
✅ အလုပ်သင်ဝန်ထမ်းကာလပြီးဆုံးလျှင် အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာသင့်လျော်တဲ့ ဌာနအသီးသီးမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်း
✅ အနာဂတ် Career လမ်းကြောင်းများ ဆက်လက်တိုးတက်ဖို့ အခွင့်အလမ်းတွေရှိခြင်း

📌 ဘယ်သူတွေလျှောက်ထားနိုင်မလဲ
- ကျား / မ မရွေး
- Grade 12 (သို့) တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်ပြီးသူ
- IGCSE (သို့) GED အောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

📌 ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို အခုပဲ ကျွန်ုပ်တို့နဲ့အတူတူ ပုံဖော်လိုက်ပါ။ 📌

📝 လျှောက်ထားလိုပါက အောက်ဖော်ပြပါ Link တွင် ဖြည့်စွက်နိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSdMWiCtFmiHybLfcx85tYscV14iTFqbr7L0703Kc64znkYH-g/viewform

⏰ လျှောက်လွှာပိတ်မယ့်ရက်ကတော့ (၁၅ . ၅ . ၂၀၂၆) ဖြစ်ပါတယ်။

📌 အသေးစိတ်သိရှိလိုပါက

📞 09 880 920 54, 09 961 601 601
📧 careers@cllhealth.com, careers@sealiongroup.com
🌐 www.cllhealth.com


🍚 ဆန်ဖြူ vs ဆန်လုံးညို - ဘယ်သူက ပိုအာဟာရဖြစ်လဲ?ထမင်းက မြန်မာလူမျိုးတွေအတွက် မပါမဖြစ် အဓိက အစားအစာဖြစ်ပါတယ်။ ကျန်းမာရေးအတ...
18/03/2026

🍚 ဆန်ဖြူ vs ဆန်လုံးညို - ဘယ်သူက ပိုအာဟာရဖြစ်လဲ?

ထမင်းက မြန်မာလူမျိုးတွေအတွက် မပါမဖြစ် အဓိက အစားအစာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဆန်လုံးညို (Brown Rice) စားပါလို့ ခဏခဏ ကြားဖူးကြပေမဲ့ တကယ်ရော ဘာတွေကွာခြားနေလဲ ဆိုတာ အာဟာရတန်ဖိုး (Nutrition Facts) တွေကို ကြည့်ပြီး နှိုင်းယှဉ်ကြည့်ရအောင် 🧐

အမျှင်ဓာတ် (Fiber) ကွာခြားချက် ___ ဆန်ဖြူဟာ ကြိတ်ခွဲသန့်စင်တဲ့အဆင့်မှာ အာဟာရဓာတ် အများဆုံးပါတဲ့ ဖွဲ (Bran) နဲ့ ဆန်စေ့အနုသားလေး (Germ) တွေကို ဖယ်ရှားလိုက်တာကြောင့် အမျှင်ဓာတ် လုံးဝနီးပါး ဆုံးရှုံးသွားပါတယ်။ ဆန်လုံးညိုမှာတော့ အမျှင်ဓာတ် (Fiber) ၃ ဆကနေ ၄ ဆခန့် ပိုပါဝင်လို့ ဗိုက်ပိုပြည့်စေပြီး အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု (Glycemic index) ___ ဒါဟာ အရေးကြီးဆုံးအချက်ပါ။ ဆန်ဖြူဟာ "Simple Carbohydrate" ဖြစ်လို့ အစာချေဖျက်တာမြန်လို့ စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပါတယ်။ ဆန်လုံးညိုကတော့ "Complex Carbohydrate" ဖြစ်ပြီး သကြားဓာတ်ကို ဖြည်းဖြည်းချင်းပဲ ထုတ်ပေးတာကြောင့် ဆီးချိုသမားတွေနဲ့ ဝိတ်ချနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

ဗီတာမင်နဲ့ သတ္တုဓာတ် ___ ဆန်လုံးညိုမှာ အရိုးကျန်းမာရေးနဲ့ အာရုံကြောအတွက်ကောင်းတဲ့ မဂ္ဂနီစီယမ် (Magnesium)၊ ဆဲလ်တွေကို ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နဲ့ မဂ္ဂနိစ့် (Manganese) တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တစ်ချို့သော အားဖြည့်ဆန်တွေမှာတွေ့ရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကြိတ်ခွဲပြီးမှ ဓာတုနည်းနဲ့ ပြန်ဖြည့်ထားတာ (Enriched) ဖြစ်ပြီး ဆန်လုံးညိုမှာတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဟာ သဘာဝအတိုင်း ပါဝင်နေတာဖြစ်ပါတယ်။

ဆိုဒီယမ် (Sodium) ___ ဆန်နှစ်မျိုးလုံးမှာ ဆိုဒီယမ် ပါဝင်မှုဟာ 5mg အောက် ပဲရှိလို့ သွေးတိုးရှိသူတွေအတွက် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

📌 ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမဲ့လည်း အတိုင်းအဆဖြင့်သာ စားသုံးရန် လိုအပ်ပါတယ်... 📌

● ဘယ်လောက်စားမလဲ?: ပုံမှန်လူတစ်ဦးအနေနဲ့ တစ်နပ်ကို ချက်ပြီးသားထမင်း ပန်းကန်လုံး (၁) လုံးစာ ၁၀၀ ဂရမ် (သို့မဟုတ် မိမိလက်သီးဆုပ်ခန့်) သာ စားသုံးသင့်ပါတယ်။ ဝိတ်ချနေသူများနဲ့ ဆီးချိုရှိသူများကတော့ ဟင်းသီးဟင်းရွက်ကို ပိုစားပြီး ထမင်းပမာဏကို လျှော့ချဖို့ လိုအပ်ပါတယ်။

● ဘယ်နှစ်ကြိမ်စားမလဲ?: တစ်နေ့ကို ၂ ကြိမ်လောက်သာ ကန့်သတ်ပြီးစားသင့်ပါတယ်။

● ဆန်နဲ့လုပ်တဲ့မုန့်တွေ (ဥပမာ - မုန့်လင်မယား၊ မုန့်ဆီကြော်၊ ဘိန်းမုန့်) ကိုလည်း သားရေစာအဖြစ်စားမယ်ဆိုရင် တစ်နေ့တာ ထမင်းစားတဲ့ပမာဏကို ကန့်သတ်စားရင် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

💡ကယ်လိုရီချင်း သိပ်မကွာပေမဲ့ ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးကတော့ ဆန်လုံးညိုက သာတာကြောင့် ဆီးချိုသမားတွေနဲ့ ဝိတ်ချချင်သူတွေသာမက ကျန်းမာရေးလိုက်စားချင်သူတိုင်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။



17/03/2026

ဂေါ်ဖီပန်းသီးသုပ်

ဆရာမကြီးဒေါက်တာခင်မာချို မှ “ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာလည်းရှိ အာဟာရလည်းဖြစ်တဲ့ “‌‌‌ဂေါ်ဖီပန်းသီးသုပ်”လေးတစ်ခွက်ကို ဘယ်လိုမျိုးပြင်ဆင်စားသောက်ရမလဲ” ဆိုတာ ဒီ Video လေးမှာ ပြသပေးထားပါတယ်။

ဒီအစီအစဉ်လေးကို 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 နှင့် 𝐓𝐡𝐞 𝐆𝐨𝐨𝐝𝐋𝐢𝐟𝐞 𝐛𝐲 𝐂𝐢𝐭𝐲 𝐑𝐞𝐰𝐚𝐫𝐝𝐬 တို့မှ ပူပေါင်းတင်ဆက်ထားပြီး အားလုံးနှင့်အတူ ကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်….
________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/


#ဂေါ်ဖီပန်းသီးသုပ်

😴 အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking) အကြောင်း သိကောင်းစရာအိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဆိုတာ အိပ်ပျော်နေစဉ်...
14/03/2026

😴 အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking) အကြောင်း သိကောင်းစရာ

အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဆိုတာ အိပ်ပျော်နေစဉ်မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်ခြင်း (Parasomnia) ဖြစ်စဉ်တွေထဲက အမျိုးအစားတစ်ခုဖြစ်ပြီး ဆေးပညာအရ Somnambulism လို့ ခေါ်ပါတယ်။
လူတစ်ယောက်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ တစ်စိတ်တစ်ပိုင်း နိုးကြားလာပြီး အိပ်ရာထဲက ထထိုင်တာ၊ အိပ်ရာထဲကနေ ထွက်လာပြီး လမ်းလျှောက်တာအပြင် တခြားရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်မသိဘဲ လုပ်ဆောင်နေမိတာ ဖြစ်ပါတယ်။

အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဟာ အများအားဖြင့် အိပ်ပျော်ပြီး (၁) နာရီမှ (၂) နာရီအတွင်း (ညဦးပိုင်း) မှာ ဖြစ်လေ့ရှိပါတယ်။ ခဏတာ တရေးတမော အိပ်စက်ချိန် (Nap time) တွေမှာတော့ ဖြစ်ခဲပေမဲ့ တစ်ခါတစ်ရံ ဖြစ်နိုင်ခြေရှိပါတယ်။ အချိန်အားဖြင့် မိနစ်အနည်းငယ်ကနေ ပိုပြီးတော့လည်း ကြာသွားနိုင်ပါတယ်။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🔎 ဘယ်သူတွေမှာ အဖြစ်များလဲ?

အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အများစုကတော့ အပျိုဖော်၊ လူပျိုဖော်ဝင်စကနေ ဆယ်ကျော်သက်အရွယ်မှာ သက်သာသွားတတ်ပေမယ့် တစ်ခါတစ်ရံ အရွယ်ရောက်တဲ့အထိ ဆက်ရှိနေနိုင်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🕒 ဘယ်အချိန်မှာ ဖြစ်တတ်လဲ?

ကလေးစတင်အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်း ဖြစ်လေ့ရှိပြီး စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ အနီးပတ်ဝန်းကျင်ကလူတွေအတွက် ထိတ်လန့်စရာဖြစ်နိုင်ပေမယ့် ယေဘုယျအားဖြင့် စိုးရိမ်စရာ အခြားပြဿနာမရှိပါဘူး။

⚠️ ဒါပေမဲ့...အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရတာ၊ မကြာခဏ ဆက်တိုက်ဖြစ်လာလို့ ကလေးမှာ နှစ်ခြိုက်စွာအိပ်စက်ချိန် လျော့နည်းလာတာ၊ နေ့ခင်းဘက် အလွန်အမင်း အိပ်ငိုက်တာမျိုးတွေနဲ့ အခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်လို့ ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🚩 အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းကို အောက်ပါရောဂါအခြေအနေတွေနဲ့လည်း တွဲပြီးတွေ့နိုင်ပါတယ်။

အိပ်စက်ချိန် လုံလောက်စွာ မရှိခြင်း၊ အိပ်စက်ချိန် အပြောင်းအလဲဖြစ်ခြင်း (ခရီးထွက်ခြင်း၊ အိပ်ရာပြောင်းခြင်း)၊ စိတ်ဖိစီးမှုများခြင်း၊ ဖျားခြင်း၊ အိပ်နေစဉ် အသက်ရှူခဏရပ်တတ်သော ရောဂါရှိခြင်း (OSA)၊ ကော်ဖီ၊ လက်ဖက်စတဲ့ ကဖိန်းဓာတ်ပါသော အစားအသောက်များ စားသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဦးနှောက်အာရုံကြောကို ထိခိုက်စေတဲ့ အချို့သောဆေးများ၊ စိတ်ကိုစွဲလမ်းစေသော ဆေးဝါးများ သုံးစွဲခြင်း၊ စိတ်ကျန်းမာရေးအခြေအနေများ (ဥပမာ - စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း) စတာတွေ ဖြစ်ပါတယ်။

“အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking)” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨

#အိပ်ပျော်လျက်လမ်းထလျှောက်ခြင်း

🌍 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 : 12 March 2026𝐾𝑖𝑑𝑛𝑒𝑦 𝐻𝑒𝑎𝑙𝑡ℎ 𝑓𝑜𝑟 𝐴𝑙𝑙 – 𝐶𝑎𝑟𝑖𝑛𝑔 𝑓𝑜𝑟 𝑃𝑒𝑜𝑝𝑙𝑒, 𝑃𝑟𝑜𝑡𝑒𝑐𝑡𝑖𝑛𝑔 𝑡ℎ𝑒 𝑃𝑙𝑎𝑛𝑒𝑡🛡️ ကျောက်ကပ်ရဲ့  အဓိက ...
12/03/2026

🌍 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 : 12 March 2026

𝐾𝑖𝑑𝑛𝑒𝑦 𝐻𝑒𝑎𝑙𝑡ℎ 𝑓𝑜𝑟 𝐴𝑙𝑙 – 𝐶𝑎𝑟𝑖𝑛𝑔 𝑓𝑜𝑟 𝑃𝑒𝑜𝑝𝑙𝑒, 𝑃𝑟𝑜𝑡𝑒𝑐𝑡𝑖𝑛𝑔 𝑡ℎ𝑒 𝑃𝑙𝑎𝑛𝑒𝑡

🛡️ ကျောက်ကပ်ရဲ့ အဓိက လုပ်ငန်းတာဝန်တွေက ___ သွေးထဲမှ အညစ်အကြေးများနှင့် အရည်အပိုများကို စွန့်ထုတ်ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ သွေးနီဥ ထုတ်လုပ်မှုကို ကူညီပေးခြင်း၊ အရိုးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင် ဒီ (Vitamin D) ထုတ်ပေးခြင်းတို့ ဖြစ်ပါတယ်။

📍 ကျောက်ကပ်ရဲ့ လုပ်ငန်းတာ၀န်တွကို အနည်းဆုံး သုံးလနှင့်အထက် ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်းကို နာတာရှည် ကျောက်ကပ်ရောဂါ (Chronic kidney disease) လို့‌‌ ခေါ်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

⚠️ ရောဂါလက္ခဏာများ

နာတာရှည် ကျောက်ကပ်ရောဂါသူတွေဟာ အစပိုင်းမှာ ဘယ်လိုလက္ခဏာမှမပြတတ်ဘဲ ရောဂါပိုဆိုးလာမှသာ အောက်ပါလက္ခဏာတွေကို သတိပြုမိတတ်ကြပါတယ် …..

📍 ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ နုံးနယ်ခြင်း၊ အားအင် ကုန်ခမ်းခြင်း၊ အရေပြားများခြောက်သွေ့၍ ယားယံခြင်း ၊ အရေပြားများ မည်းလာခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်း၊ ဆီးသွားများခြင်း (သို့မဟုတ်) ဆီးနည်းသွားခြင်း၊ ဆီးထဲတွင် အမြှုပ်ပါခြင်း၊ ခြေထောက်၊ ခြေချင်း၀တ်နှင့် လက်များ ဖောရောင်ခြင်း၊ ကြွက်တက်ခြင်း၊ သွေးတိုးခြင်းနှင့် သွေးပေါင်ချိန် ပုံမှန်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ အာရုံစိုက်ရန် ခက်ခဲခြင်း၊ အဆုတ်အမြှေးပါးထဲ ရေ၀င်ပြီး မောခြင်း၊ ရင်ဘတ်အောင့်ခြင်း
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🛡️ ကာကွယ်ခြင်း

● အကိုက်အခဲ ပျောက်ဆေးတွေကို မလိုအပ်ဘဲ ခဏခဏ မသောက်ရပါ၊ လိုအပ်လျှင် ဆရာ၀န်ညွှန်ကြားအတိုင်းသောက်ပါ
● ဆေးလိပ်မသောက်ပါနှင့်
● အရက်လျှော့သောက်ပါ
● သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ
● ဆိးချိုရောဂါ ရှိလျှင် သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ
● ကိုယ်အလေးချိန် ထိန်းသိမ်းပါ
● ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားပါ
● အနည်းဆုံး တစ်ရက်လျှင် မိနစ် (၃၀) နှင့် တစ်ပတ်လျှင် (၅) ရက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ပါ
🌟 နာတာရှည် ကျောက်ကပ်ရောဂါကို စောစီးစွာ သိရှိပြီး ထိရောက်တဲ့ကုသမှုခံယူရင် ကျောက်ကပ်ပိုမိုပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။ မိမိမှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါအခံရှိနေရင် ဆရာဝန်နဲ့ ပုံမှန်ပြသဖို့နဲ့ ကျန်းမာရေး ပုံမှန်စစ်ဆေးဖို့ အရေးကြီးပါတယ်။

“နာတာရှည် ကျောက်ကပ်ရောဂါ” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨

ဖတ်ရှုရန် _ https://www.cllhealth.com/health-library/diseases-and-conditions/200179-chronic-kidney-disease-%E1%80%94%E1%80%90%E1%80%9B%E1%80%8A-%E1%80%80%E1%80%80%E1%80%80%E1%80%95%E1%80%9B/


#ကျောက်ကပ်

Address

No. 16, Shin Saw Pu Street Ahlone
Yangon
11121

Alerts

Be the first to know and let us send you an email when 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram