SSC - Shwe Gon Dine Hospital

SSC - Shwe Gon Dine Hospital SSC is one of the best 200-bedded multi-specialty private hospitals in Myanmar.

🙏အထူးဝမ်းနည်းကြေကွဲခြင်း🙏    "ပါမောက္ခ ဒေါက်တာဦးသိန်းထွန်း"       အသက် (၇၄) နှစ်     နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝ...
17/11/2025

🙏အထူးဝမ်းနည်းကြေကွဲခြင်း🙏


"ပါမောက္ခ ဒေါက်တာဦးသိန်းထွန်း"
အသက် (၇၄) နှစ်

နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးသိန်းထွန်း အသက် (၇၄)နှစ် သည် (၁၅.၁၁.၂၀၂၅) စနေနေ့ ညနေ (၃:၄၃) အချိန်တွင်ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် ရွှေဂုံတိုင်ဆေးရုံမိသားစုများမှ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်...

--🌍𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓🩸--𝐊𝐧𝐨𝐰 𝐦𝐨𝐫𝐞 𝐚𝐧𝐝 𝐝𝐨 𝐦𝐨𝐫𝐞 𝐟𝐨𝐫 𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐚𝐭 𝐰𝐨𝐫𝐤✅နိုဝင်ဘာလ (၁၄) နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရေ...
14/11/2025

--🌍𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓🩸--
𝐊𝐧𝐨𝐰 𝐦𝐨𝐫𝐞 𝐚𝐧𝐝 𝐝𝐨 𝐦𝐨𝐫𝐞 𝐟𝐨𝐫 𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐚𝐭 𝐰𝐨𝐫𝐤
✅နိုဝင်ဘာလ (၁၄) နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲) ဖြစ်ပါတယ်ရှင်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါသည် အဖြစ်များသော ရောဂါတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဆီးချို၊ သွေးချိုရောဂါဝေဒနာရှင်များအနေဖြင့်လည်း ပုံမှန်ကျန်းမာရေးဆေးစစ်မှုလုပ်ဆောင်ခြင်း၊ ပုံမှန်ဆေးကုသမှုခံယူခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် ဆီးချို၊သွေးချို ရောဂါ နှင့်တကွ ဆီးချို၊ သွေးချိုရောဂါကြောင့်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွင်သော လူနေမှုဘဝကို ပိုင်ဆိုင်ခံစားနိုင်ပါကြောင်း SSC ဆေးရုံမှ ဆုမွန်ကောင်း‌တောင်းအပ်ပါတယ်ရှင်။ 🥰


Hospital

🌍☢️𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐝𝐢𝐨𝐠𝐫𝐚𝐩𝐡𝐲 𝐃𝐚𝐲 (𝟖𝐭𝐡 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟓) 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞☢️နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ...
08/11/2025

🌍☢️𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐝𝐢𝐨𝐠𝐫𝐚𝐩𝐡𝐲 𝐃𝐚𝐲 (𝟖𝐭𝐡 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟓)
𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞

☢️နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့သည် 𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐝𝐢𝐨𝐠𝐫𝐚𝐩𝐡𝐲 𝐃𝐚𝐲 - ကမ္ဘာ့ဓာတ်မှန်ပညာရှင်များနေ့ ဖြစ်ပါတယ်။ ယနေ့တွင်ကျရောက်သော 𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐝𝐢𝐨𝐠𝐫𝐚𝐩𝐡𝐲 𝐃𝐚𝐲 တွင် ကမ္ဘာတဝှမ်းမှ ဓာတ်မှန်ပညာရှင်များနှင့်အတူ SSCဆေးရုံမှ ဓာတ်မှန်ပညာရှင်များကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

#𝐖𝐨𝐫𝐥𝐝𝐑𝐚𝐝𝐢𝐨𝐠𝐫𝐚𝐩𝐡𝐲𝐃𝐚𝐲 #𝐖𝐑𝐃𝟐𝟎𝟐𝟓
---------------------------

✨🌕မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်းမုန်းလပြည့်နေ့တွင်ကျရောက်သော တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် ချစ်သူခင်သူ မိသားစုမျာ...
04/11/2025

✨🌕မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်းမုန်းလပြည့်နေ့တွင်ကျရောက်သော တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် ချစ်သူခင်သူ မိသားစုများနှင့်အတူ အစဉ်ထာ၀ရ ပျော်ရွှင်ချမ်းမြေ့ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း SSC ဆေးရုံ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
--------------------------------

🌍🧠ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါနေ့ (World Stroke Day) ဖြစ်ပါသည်။ ဒီနှစ်ရဲ့ Theme ကတော့ ...
29/10/2025

🌍🧠ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါနေ့ (World Stroke Day) ဖြစ်ပါသည်။ ဒီနှစ်ရဲ့ Theme ကတော့ “Every Minute Counts” ဖြစ်ပြီး မိနစ်တိုင်းကိုတန်ဖိုးထားလို့ လေဖြတ်ခြင်းကို အချိန်မှီကာကွယ်၊ ကုသကြပါစို့ပဲ ဖြစ်ပါတယ်ရှင်။

✅ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဦးနှောက်သွေးကြောပိတ်လေဖြတ်ရောဂါ အကြောင်း သိကောင်းစရာ ဟောပြောပွဲကို ရွှေဂုံတိုင်ဆေးရုံ (SSC Hospital) Meeting Room ၌ (၂၆-၁၀-၂၀၂၅) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါအထူးကုသမားတော်ကြီးများ၊ လေဖြတ်ရောဂါကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာသော လူနာနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ ကြပါသည်။
ပါမောက္ခ ဒေါက်တာ ဒေါ်မိမိချို၊ တွဲဖက်ပါမောက္ခ ဒေါက်တာဦးရန်လင်းအောင်နှင့် ဒေါက်တာ ခင်မြတ်ပိုပိုကျော် တို့မှ လေဖြတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်လေဖြတ်ရောဂါ အကြောင်းများ၊ ကုသမှုများနှင့် ရှေ့ပြေး လက္ခဏာများ အကြောင်းကို ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်း ခဲ့ကြပါ သည်။

လေဖြတ်ရောဂါဆိုသည်မှာ? (𝐒𝐭𝐫𝐨𝐤𝐞)
လေဖြတ်ရောဂါဆိုသည်မှာ ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုး ရလဒ်ဖြစ်ပါသည်။ ဦးနှောက်၏အစိတ်အပိုင်းများသည် လုံလောက်သောသွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်၏ လုပ်ငန်းများအား ရပ်ဆိုင်းသွားစေသဖြင့် လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါသည်။

✅အဓိကအားဖြင့် လေဖြတ်ရောဂါ အမျိုးအစား (၂) မျိုး ရှိပါသည်။
• ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischaemic Stroke)
• ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်း (Haemorrhagic Stroke)
တကမ္ဘာလုံး အတိုင်းအတာနှင့် လေဖြတ်ရောဂါသည် သေဆုံးမှုနှုန်း ဒုတိယ အများဆုံးရောဂါ တခုဖြစ်ပြီး၊ ကိုယ်ခန္ဓာ မသန်မစွမ်း ဖြစ်မှုအများဆုံး ရောဂါ လည်းဖြစ်ပါသည်။
လေဖြတ်ခြင်းသည် စောစီးစွာ သိရှိကုသပါက ပြန်လည်ကောင်းမွန်လာနိုင်သောရောဂါ ဖြစ်ပါသည်။

✅ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါ ကုသမှုများ
ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါ ကုသနည်းများတွင်-
(၁) သွေးခဲပျော်ဆေး ပေး၍ကုသခြင်း (Thrombolytic Therapy): (rtPA ဟု အတိုကောက်ခေါ်သော သွေးခဲပျော်ဆေး)
(၂) သွေးကျဲဆေး ပေး၍ကုသခြင်း (Antiplatelet Therapy): တို့ပါဝင်သည်။

✅rtPA သွေးခဲပျော်ဆေး ကုထုံး (Thrombolysis Treatment)
rtPA သွေးခဲပျော်ဆေးသွင်း ကုသမှုသည် ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းကိုသာ ကုသနိုင်သော စံအဖြစ် သတ်မှတ်ထားသောကုထုံးတစ်ခုဖြစ်သည်။
လေဖြတ်သည့်ရောဂါ လက္ခဏာ ခံစားရချိန်မှစ၍ (၄) နာရီခွဲ အတွင်းတွင် rtPA သွေးခဲပျော်ဆေးကို ပေးနိုင်ပါက လေဖြတ်ရောဂါလက္ခဏာများ လျင်မြန်စွာသက်သာနိုင်သဖြင့် နာတာရှည်ခံစားမှုကို လျော့နည်းစေနိုင်ပါသည်။

ရွှေဂုံတိုင်ဆေးရုံတွင် သွေးခဲပျော်ဆေးကို ပေး၍ လေဖြတ်ရောဂါကို ကုသမှုပေးနိုင်ရန် ကျွမ်းကျင်သော ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဆရာဝန်များနှင့် ဝန်ထမ်းများပါဝင်သော “Acute Stroke Team” မှ အချိန်နှင့်တပြေးညီဝန်ဆောင်မှု များပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
☎ဆက်သွယ်ရန်
လေဖြတ်ရောဂါကုသနည်းများနှင့် ပတ်သက်၍ သိလိုသည်များ စုံစမ်းမေးမြန်းလိုပါက ရွှေဂုံတိုင် ဆေးရုံ (SSC Hospital) သို့ အောက်ပါဖုန်းနံပါတ်များဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Ph: Hotline- 09440111199, 951-541457, 542400, 544116, 544128, 545909, 8603618~24
📍အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
“ မိနစ်တိုင်းကို တန်ဖိုးထားလို့ လေဖြတ်ခြင်းကို အချိန်မီ ကာကွယ်ကုသကြပါစို့”





🌍🧼𝐆𝐥𝐨𝐛𝐚𝐥 𝐇𝐚𝐧𝐝𝐰𝐚𝐬𝐡𝐢𝐧𝐠 𝐃𝐚𝐲 | 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟏𝟓, 𝟐𝟎𝟐𝟓 𝐁𝐞 𝐚 𝐇𝐚𝐧𝐝𝐰𝐚𝐬𝐡𝐢𝐧𝐠 𝐇𝐞𝐫𝐨!✅အောက်တိုဘာလ (၁၅) ရက်နေ့သည် တစ်ကမ္ဘာလုံးဆိုင်ရာလက်သန့်...
15/10/2025

🌍🧼𝐆𝐥𝐨𝐛𝐚𝐥 𝐇𝐚𝐧𝐝𝐰𝐚𝐬𝐡𝐢𝐧𝐠 𝐃𝐚𝐲 | 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟏𝟓, 𝟐𝟎𝟐𝟓
𝐁𝐞 𝐚 𝐇𝐚𝐧𝐝𝐰𝐚𝐬𝐡𝐢𝐧𝐠 𝐇𝐞𝐫𝐨!

✅အောက်တိုဘာလ (၁၅) ရက်နေ့သည် တစ်ကမ္ဘာလုံးဆိုင်ရာလက်သန့်ရှင်းရေးနေ့ (Global Handwashing Day) ဖြစ်သည့်အားလျော်စွာ လက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို သန့်ရှင်းကျန်းမာ စနစ်မှန်စွာ လက်ဆေးခြင်းဖြင့် သူရဲကောင်းအဖြစ် ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်ရှင်။
လူတို့၏ လက်သည် တစ်နေ့တာလုံး ပစ္စည်းမျိုးစုံ ကိုင်တွယ်လျက်ရှိသည့်အတွက် ရောဂါမျိုးစုံ၊ အညစ်အကြေးမျိုးစုံ၊ ဓာတုပစ္စည်းအဆိပ်အတောက်မျိုးစုံကပ်ညိ လျက်ရှိပါသည်။ ထို့ကြောင့် ရောဂါကူးစက်မှုများကိုလျော့ချနိုင်ရန်အတွက် အလွယ်ကူဆုံး၊ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သော စနစ်မှန်စွာလက်ဆေးနည်းအဆင့် (၁၀)ဆင့်ကို အလေ့အကျင့်ကို ပြုလုပ်ကြဖို့ SSC ဆေးရုံမှ အသိပေးနှိုးဆော်အပ်ပါသည်။
၁) လက် မျက်နှာပြင်တစ်ခုလုံးကို ရေဖြင့် သေချာစွာ စိုစွတ်ပါစေ။
၂) လက်ဖဝါးထဲသို့ ဆပ်ပြာရည်အနည်းငယ်ထည့်ပါ။
၃) လက်ဖဝါး နှစ်ဖက်ကို စက်ဝိုင်းပုံသဏ္ဍာန်အပြန်အလှန်ပွတ်တိုက်ပါ။
၄) လက်တစ်ဖက်၏ လက်ဖမိုးပေါ်သို့ ကျန်လက်တစ်ဖက်၏ လက်ဖဝါးဖြင့် ပွတ်တိုက်ပါ။ အပြန်အလှန်ပြုလုပ်ပါ။
၅) လက်ချောင်းများ ယှက်၍ ပွတ်တိုက်ပါ။
၆) တစ်ဖက်လက်ဖဝါးပေါ်သို့ ကျန်တစ်ဖက်၏ လက်သီးဆုပ်ထားသော လက်ချောင်းထိပ်များဖြင့် သေချာစွာ အပြန်အလှန် ပွတ်တိုက်ပါ။
၇) ဘယ်ဘက်လက်မကို ညာဘက်လက်ချောင်းများဖြင့် ဆုပ်၍ ပွတ်တိုက်ပါ။ ကျန်လက်တစ်ဖက်အား အပြန်အလှန် ပြုလုပ်ပါ။
၈) လက်ကောက်ဝတ်အား ကျန်လက်၏ လက်ချောင်းများဖြင့် ဆုပ်ကိုင်၍ အပြန်အလှန်ပွတ်တိုက်ပါ။
၉) စီးဆင်းနေသော ရေဖြင့် ပြန်၍ သေချာစွာဆေးကြောပါ။
၁၀) ပိုးသတ်ထားသော အဝတ် (သို့) တစ်ခါသုံးလက်ကိုင်ပုဝါဖြင့် လက်ကို စင်ကြယ်အောင် သုတ်ပါ။ ရေပိုက်ကို ထိုအဝတ်သုံး၍ ပြန်ပိတ်ပါ။
WHO ၏ အဆိုအရ လက်ဆေးခြင်းဖြင့် ရောဂါကူးစက်ခံရမှုကို ကာကွယ်ပေးနိုင်သလိုကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုကို အစာမစားမီနှင့် အိမ်သာအထွက်လက်ဆေးခြင်းဖြင့် ၄၀ ရာခိုင်နှုန်း ကျော် ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။


✨ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်တရားမျ...
06/10/2025

✨ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများပြီး ချစ်သူခင်သူ မိသားစုများနှင့်အတူ အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း SSC ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည် ... 🙏🙏🙏
------------------------------

– World Pharmacists Day (25th September 2025) –“Think Health, Think Pharmacist”💊💊စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော Wo...
25/09/2025

– World Pharmacists Day (25th September 2025) –
“Think Health, Think Pharmacist”
💊💊စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော World Pharmacists Day – "ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့” – တွင်မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆေးဝါးပညာရှင်များအား SSC ဆေးရုံကြီးမှလေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။



✨World Physical Therapy Day ✨၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့သည် World Physical Therapy Day အကြော၊ အဆစ်ဆိုင်ရာပြန်လည်သန...
08/09/2025

✨World Physical Therapy Day ✨
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့သည် World Physical Therapy Day အကြော၊ အဆစ်ဆိုင်ရာပြန်လည်သန်စွမ်းရေးနေ့ ဖြစ်ပါတယ် … ဒါ့အပြင် လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော နိုင်ငံအသီးသီးရှိ 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭𝐬 အကြော၊ အဆစ်ပညာရှင်များအားလုံးကို SSC ဆေးရုံ မှ လေးစားဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်...

✅Physical Therapy ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာခြေလက်အင်္ဂါများ အားနည်း၍ ပုံမှန်လှုပ်ရှားမှုများ မလုပ်ဆောင်နိုင်သူများအတွက် အကူအညီမပါဘဲ ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်နိုင်ရန်၊ နောက်ဆက်တွဲရောဂါဆိုးကျိုးများမှ ကာကွယ်နိုင်ရန်၊ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် ကျွမ်းကျင်သူ Physiotherapists များမှ ခေတ်မီအထောက်အကူပြု စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများ ဖြင့် စနစ်တကျ လေ့ကျင့်ကုသပေးခြင်း ဖြစ်ပါတယ်။

SSC ဆေးရုံကြီး၏ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန (Physiotherapy and Rehabilitation Unit) တွင် ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော ဝါရင့်ပညာရှင်များမှ ခေတ်မီအထောက်အကူပြု စက်ကိရိယာပစ္စည်းများအားအသုံးပြု၍ ပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများအား ဆောင်ရွက်ပေးလျက်ရှိပါတယ်...

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက
☎️ဖုန်းနံပါတ် ၀၉-၇၆၅ ၆၅၃ ၇၆၁ မှ ၇၆၅ လိုင်းခွဲ (၁၃၁) သို့ မနက်(၇)နာရီ မှ ညနေ (၅)နာရီ အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📍လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

--- Job Vacancy Announcement---We are hiring!ယာဉ်မောင်း (ကျား -၂)ဦး အမြန်အလိုရှိသည်❗️ အလုပ်ရာထူးအတွက် လိုအပ်ချက်များ✅ ယာ...
02/09/2025

--- Job Vacancy Announcement---
We are hiring!

ယာဉ်မောင်း (ကျား -၂)ဦး အမြန်အလိုရှိသည်

❗️ အလုပ်ရာထူးအတွက် လိုအပ်ချက်များ
✅ ယာဉ်မောင်းလိုင်စင် သက်တမ်းရှိရမည်။
✅ ယာဉ်မောင်းအတွေ့အကြုံ (၃) နှစ်အထက်ရှိပြီး
ရေရှည် လုပ်ကိုင်နိုင်ရမည်။
✅ အလုပ်ချိန်အတွင်း ဆေးလိပ်၊ ကွမ်း ၊ အရက်
သောက်ခြင်း (လုံးဝ) မပြုလုပ်ရပါ။
✅ ရန်ကုန်မြို့တွင်းလမ်းကြောင်းများ ကျွမ်းကျင်စွာ
မောင်းနှင်နိုင်ရမည်။
✅ လူမှုဆက်ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့ဖြင့်
လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅ ရိုးသားကြိုးစား၍ အကျင့်စာရိတ္တကောင်းမွန်သူ
ဖြစ်ရမည်။

CLOSING DATE: 16th September 2025

လျှောက်ထားလိုသူများသည် လူကိုယ်တိုင်သော်လည်းကောင်း/ email ; hr@ssc-hospital.com သို့လည်းကောင်း
- ကိုယ်ရေးရာဇဝင် (CV Form)
- နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံ ဓါတ်ပုံ (၃) ပုံ
- သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ
- ပညာအရည်အချင်းနှင့် ပတ်သက်သည့် အထောက်အထားများ
- မှတ်ပုံတင် ၊ သန်းခေါင်စာရင်းမိတ္တူ တို့အား ပူးတွဲ ပေးပို့ရမည်ဖြစ်သည်
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက-
☎️ဆက်သွယ်ရန်ဖုန်း - ၀၁-၈၆၀၃၆၁၈~၁၉ (လိုင်းခွဲ - ၁၀၂)
(နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)

📨 Email - hr@ssc-hospital.com

--- Job Vacancy Announcement---We are hiring!Receptionist (ကျား/မ– 5 Posts)❗️ အလုပ်ရာထူးအတွက် လိုအပ်ချက်များ✅ ဘွဲ့ရ (သို...
09/08/2025

--- Job Vacancy Announcement---
We are hiring!

Receptionist (ကျား/မ– 5 Posts)

❗️ အလုပ်ရာထူးအတွက် လိုအပ်ချက်များ
✅ ဘွဲ့ရ (သို့မဟုတ်) Grade 12 အောင်မြင်သူဖြစ်ရမည်။
✅ လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့ဖြင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ စကားပြောရည်မွန်သူဖြစ်ပြီး အလုပ်ကိုစိတ်ပါဝင်စားစွာဖြင့် စည်းကမ်းလိုက်နာပြီး ကြိုးစားသူဖြစ်ရမည်။
✅ တက်တက်ကြွကြွဖြင့် သင်ယူလိုစိတ်ရှိပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။
✅ ရိုးသားကြိုးစား၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
✅ English အခြေခံစွမ်းရည်ရှိရမည်။
✅ကွန်ပြူတာ (Microsoft Office Word,Powerpoint, Advanced Excel) အခြေခံစွမ်းရည်ရှိရမည်။

CLOSING DATE: 23 rd August 2025

လျှောက်ထားလိုသူများသည် လူကိုယ်တိုင်သော်လည်းကောင်း၊ email ; hr@ssc-hospital.com သို့လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြ လျှောက်ထားနိုင်ပါသည်။

1️⃣ ကိုယ်ရေးရာဇဝင် (CV Form)
2️⃣ နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံဓါတ်ပုံ (၃) ပုံ
3️⃣ သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ
4️⃣ ပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ
5️⃣ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက-
☎️ဆက်သွယ်ရန်ဖုန်း - ၀၁-၈၆၀၃၆၁၈~၁၉ (လိုင်းခွဲ - ၁၀၂)
(နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)

📨 Email – hr@ssc-hospital.com

Welcome from SSC Team!📣 Job Vacancy Announcement👨‍⚕️ Physiotherapist - 2 Posts👉 အလုပ်ရာထူးအတွက် လိုအပ်ချက်များ✅  B.Med.T...
09/08/2025

Welcome from SSC Team!
📣 Job Vacancy Announcement
👨‍⚕️ Physiotherapist - 2 Posts
👉 အလုပ်ရာထူးအတွက် လိုအပ်ချက်များ
✅ B.Med.Tech (Physiotherapy) ရရှိထားသူဖြစ်ရမည်။
✅ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၀ - ၁) နှစ်ရှိရမည်။
✅ ပြောဆိုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်။
✅ English အခြေခံစွမ်းရည်ရှိရမည်။
** လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ ရာထူးလစာများကို ညှိနှိုင်းပေးသွားမည်ဖြစ်ပါသည်။
🕘 Working Hours
▪ Full Time
📌 Working Place
SSC Hospital – No. (7), East Shwe Gon Daing Road, Bahan Township, Yangon

❗️ CLOSING DATE : 23 rd August 2025
လျှောက်ထားလိုသူများသည် လူကိုယ်တိုင်သော်လည်းကောင်း/ email ; hr@ssc-hospital.com
သို့လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြ၍ လျှောက်ထားနိုင်ပါသည်...
✅ ကိုယ်ရေးရာဇဝင် (CV Form)
✅ သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ
✅ နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည်ရောင်စုံဓာတ်ပုံ (၃) ပုံ
✅ သက်ဆိုင်ရာပညာအရည်အချင်းနှင့် ပတ်သက်သည့်အထောက်အထားများ
✅ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
တို့အား ပူးတွဲ၍ပေးပို့ပေးရမည်ဖြစ်ပါသည်…
☎️အသေးစိတ်မေးမြန်းလိုပါက - 01-8603618~19 (Ext: 102) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်…
📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်



---------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

Address

No. (7), East Shwe Gone Daing Road, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when SSC - Shwe Gon Dine Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SSC - Shwe Gon Dine Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category