Chal's Destiny Consultation

Chal's Destiny Consultation My revelation is to help you & solve your problems by divine energy 💜✨

ဆရာမနဲ့ သူ့ Client တွေရဲ့ ဘာပုံလဲ ဂယက်လေး တဖြတ်ပေါ့🤧ချယ်က အခုနောက်ပိုင်း Tarot ဟောရင်Destiny Matrix လေးနဲ့ပါ တွဲကြည့်ပေး...
24/09/2025

ဆရာမနဲ့ သူ့ Client တွေရဲ့ ဘာပုံလဲ ဂယက်လေး တဖြတ်ပေါ့🤧

ချယ်က အခုနောက်ပိုင်း Tarot ဟောရင်
Destiny Matrix လေးနဲ့ပါ တွဲကြည့်ပေးတတ်တယ်။ ဘာလို့လဲဆို ချယ်တို့ Tarot ဟောတယ် ဆိုတာက Energy reading ပုံစံမျိုး ဖြစ်တဲ့အတွက် သူ့ရဲ့ range သည် within 3 months, 6 months နဲ့ အလွန်ဆုံး 1 Year လောက်အထိပဲ ကြည့်ရပါတယ်။
ကြားဖူးကြမှာပေါ့ Tarot ဟောတာတွေက တန်းဖြစ်တာ၊ တန်းမှန်တာ၊ တစ်နှစ်ဟောတာတွေက နှစ်စပဲရှိသေးတယ် တန်းဖြစ်တယ် ဆိုတာတွေက အနီးကပ်ဆုံး Energy ကို claim ပြီး ဟောပြောမိတာတွေကြောင့်ပါ။
ဒါ့ကြောင့် ချယ့်ဆီဆို တစ်နှစ်စာ reading package ယူထားတဲ့သူတွေကို နှစ်၀က်မှာ Energy ပြန်စစ်ပေးလေ့ရှိတယ်။
နောက်တစ်ခုက အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဘာအလုပ်လုပ်သင့်လဲ ဆိုတဲ့မေးခွန်းမျိုးဆို Tarot နဲ့ကြည့်ရင် General လောက်ပဲ Suggestion ပေးလို့ရတယ်။ Destiny Matrix နဲ့ကျ အလုပ်ကဏ္ဍလေးတွေ၊ အမျိုးအစားလေးတွေ ပြောပြလို့တယ်။
နောက်တစ်ခု ကိုယ့်ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်တာတို့၊ Marriage ဖြစ်မယ့် Yearတို့ဆို ချယ်ကြည့်မိသလောက် Destiny Matrix နဲ့က တော်တော်လေး နီးစပ်မှန်ကန်နေတာကိုတွေ့ရတယ်။

ဒါမဲ့ ကိုယ့် Specialize က Tarot မို့
Tarot ကိုတော့အဓိကထားဟောပြီး
Destiny Matrix ကို အကူအနေနဲ့ သုံးဟောပါတယ်။

ပညာရပ်နဲ့ ပတ်သက်ရင် တတ်နိူင်သလောက် ပညာ၀မ်းစာဖြည့်ပြီး ကူညီပေးနိူင်ဖို့ ကြိုးစားသလို ဆက်ပြီးလည်းလေ့လာနေဆဲ ပညာရပ်တွေရှိပါသေးတယ်။ အခုက ဘာပုံလဲ မေးကြရင် ရီမိနေလို့🤣 ချယ့်ရဲ့အခုတလော ဟောပြောပေးပုံလေးကို လာရှင်းပြတာဖြစ်ပါတယ်ရှင်

ကျေးဇူးပါ။🎀✨

အားလုံးပဲ စိတ်အေးချမ်းသောနေ့လေး ပိုင်ဆိုင်နိူင်ကြပါစေရှင့်

✨

ဒီတစ်ခေါက် ‌အတော်လေး ကျန်းမာရေးကို လာထိမှ ဘာသတိ ထားမိလဲဆိုချယ်တို့ Spiritual person တွေ အဓိကထားကြတဲ့Emotion,Mind,Body,Sp...
22/09/2025

ဒီတစ်ခေါက် ‌အတော်လေး ကျန်းမာရေးကို
လာထိမှ ဘာသတိ ထားမိလဲဆို

ချယ်တို့ Spiritual person တွေ အဓိကထားကြတဲ့
Emotion,Mind,Body,Spirit မှာ Bodyက အတော်လေး အခြေခံကြတယ်ဆိုတာပါပဲ။

ခန္ဓာကိုယ်ကြီးသာ မကျန်းမာရင် ကျန်တဲ့ အရာတွေပါ လာထိတာ

Emotion မကောင်းတာတွေ၊ Mind အာဟာရတွေ၊ Spirit ကာကွယ်မှုတွေက နေကောင်းကျန်းမာပြီးသာ ရှိပါစေ
အကုန် Runလို့ရတယ်။Body ထိတာနဲ့ အကုန်လဲပဲ။

အရင်ကဆို ကျန်းမာရမယ်ဆိုတာ အသိသာရှိတာ
သေချာလိုက်မလုပ်နိူင်ခဲ့ဘူး။ အခုမကျန်းမာခါကျမှပဲ
သေချာလိုက်လို့ဖို့ ဆုံးဖြတ်ချက်တွေ သေချာတော့တယ်။

အားလုံးလည်း အရာအားလုံးရဲ့ အခြေခံကျန်းမာရေးကို
Daily Life မှာ ‌Exerciseလုပ်တာဖြစ်ဖြစ်၊ အစားအစာလေး ရှောင်တာ ထိန်းတာ၊ Body weight ထိန်းတာ စသည်ဖြင့်
သေးသေးလေးကအစ ပါ၀င်လုပ်ဆောင်ကြည့်ပါ။

ခြေလှမ်းသေးသေးလေးပေမယ့် နေ့စဉ် လျှောက်လမ်းသွားရင်သိသာပါတယ်နော်

အားလုံးပဲ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းရင်းးး
Pageလေး ပြန် Runဖို့ စတင်လိုက်ပါပြီ🎀✨

🎀✨

မေး ➡️Scorpioတွေက အအိပ်နဲ့အစား ဘယ်ဟာပိုမက်လဲငါတို့ 🫠
06/09/2025

မေး ➡️Scorpioတွေက အအိပ်နဲ့အစား ဘယ်ဟာပိုမက်လဲ

ငါတို့ 🫠

ရည်းစားဆိုတာ ဒါမျိုးလေးဆိုလို့ကတော့ရစမ်းပါစေ လေး၊ငါး၊ခြောက်ယောက်လောက်🫠
03/09/2025

ရည်းစားဆိုတာ ဒါမျိုးလေးဆိုလို့ကတော့
ရစမ်းပါစေ လေး၊ငါး၊ခြောက်ယောက်လောက်🫠

26/08/2025

အခုတလော လူမှုရေးဖောက်ပြန်တဲ့ caseတွေ တွေ့ကြတော့ သူသူ ကိုယ်ကိုယ် ချယ်တို့ခေါင်းထဲ အတွေးတွေရော၊အပူတွေရော စု၀င်လာကြပဲ။ လောကကြီးက စည်းမစောင့်တဲ့သူတွေ၊ တာ၀န်မကျေတဲ့သူတွေများလာတော့ အဲ့လိုတွေနဲ့ ဆုံရမှာလည်း ကြောက်လာတယ်။ ဖတ်လိုက်ရတဲ့တစ်ခုဆို
သား(အကို)ဖြစ်သူက နိူင်ငံခြားရပ်ဝေးမှာ အလုပ်လုပ်ပြီး အိမ်ကိုပို့တဲ့ငွေနဲ့ ၀ယ်ထားတာတွေကို အဖေဖြစ်သူက သမီး(ညီမ)နှစ်ယောက်ပဲ ပိုင်ဆိုင်အောင် စာချုပ်စာတမ်းနဲ့ပါ စီစဥ်ဖို့မေးတဲ့ case, မိဘမှာတောင် သားသမီးကို တန်းတူမချစ်နိူင်ဘူးတို့ ဘာတို့နဲ့ ကျန်တဲ့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ caseတွေဆို ဘယ်ပြောကောင်းမလဲနော်

သူသူ ကိုယ်ကိုယ်လည်း ဒီလိုတွေကြုံရမှာ ကြောက်လာကြမှာပါပဲ ဒါဆို တို့တွေ မကြုံအောင် မဆုံအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာက အသက်ရှုပေါက်တစ်ခုဖြစ်လာတယ်။

ရှင်းပါတယ်။ ကိုယ်တိုင်ကစပြီး boundary ဆိုတာနဲ့ နေလိုက်ရင် တစ်ယောက်စ တစ်ရာအဆုံး ကောင်းသောအခြင်းအရာတော့ဖြစ်လာကြမှာပါပဲ။ ကိုယ်တိုင်က တာ၀န်ကျေမယ်၊ မျှတမယ်၊ ကိုယ်ချင်းစာမယ်၊ ကိုယ်မလိုခြင်တဲ့ တွေ့ဆုံမှုမျိုးကို ကိုယ်ကမဖန်တီးဖြစ်အောင်နေလိုက်ရင် ကိုယ့်စောင့်ထိန်းတဲ့သီလက ကိုယ့်ကိုယ်ပြန်အကျိုးပေးမှာပါပဲ။
ချယ်ကတော့ယုံကြည်တယ်။

အထူးသဖြင့် အိမ်ထောင်ရေးဖောက်ပြန်တာတွေ ကြည့်လိုက်ရင် နစ်နာသူက အမျိုးသမီးနှစ်ဦးလုံးပါပဲ
ပထမအမျိုးသမီးက သူတည်ဆောက်ထားတဲ့ မိသားစုအသိုက်အမြုံကွဲရတယ်။ ဒုတိယ အမျိုးသမီး အရှက်နဲ့ ဂုဏ်သိက္ခာလဲရတယ်။ ကြားထဲက အမျိုးသားတွေက ဘာဖြစ်လဲ သိလား။ " အိမ်ကမိန်းမက သူ့အပေါ် နားလည်မပေးနိူင်ပေမယ့် မင်းကပဲ နားလည်ပေးနိူင်ပါတယ်။ သည်းခံနိူင်တယ် ချစ်ပေးနိူင်တယ်" ဆိုတာမျိုးနဲ့ လှည့်ပတ်လိမ်ညာမှုကြားထဲ ဒုတိယအမျိုးသမီးက Other choice ဖြစ်ကြရတာပါပဲ။
အဲ့အချိန်မှာ အမျိုးသမီးတွေ မအ,ဖို့က သနားရမှာသည် အဲ့အမျိုးသားမဟုတ်ဘဲ သူ့အိမ်ထောင်ရှင်အမျိုးသမီးကိုပါပဲ
ဘာလို့များ ရှိပြီးသားကိုယ့်မိသားစု၊အသိုက်အမြုံကို
မထိန်းသိမ်းနိူင်ဘဲ နောင်အမျိုးသမီးကို ရင်ဖွင့်နေတဲ့ ယောက်ျားကို ဘယ်လိုစိတ်နဲ့ ယုံကြည်မှာပါလဲ

Crocodile Tearပါ ။ မိချောင်းဆိုတာ သားကောင်စားချင်ဖို့ သူ့ပါးစပ်ကို ဟတဲ့အခါ သူ့ပါးရိုးနဲ့ထောက်ပြီး မျက်လုံး၊မျက်ရည်အိတ်ကနေ မျက်ရည် ကျလာတယ်။

ဒါက ၀မ်းနည်းလို့ ငိုကြွေးတဲ့မျက်ရည်မဟုတ်ဘူး သားကောင်စားဖို့ကြံတဲ့အခါ ကျလာတဲ့ မျက်ရည် သက်သက်၊မျက်ရည်ကျတိုင်းမသနားနဲ့
အရာရာမှာ နှလုံးသားရော ဦးနောက်ရော balance ဖြစ်ဖြစ်နဲ့ ဆင်ခြင်ရမှာ ကိုယ့်တာ၀န်ကိုယ့်ကဏ္ဍပါ။

ချယ်တို့ မေမေ အမြဲပြောသလိုပဲ ဘယ်သူ့မှအပြစ်တင်ဖို့၊ပြုပြင်ဖို့မကြိုးစားနဲ့
ကိုယ်ကပဲစ၊ ကိုယ်ကပဲပြင်ဆိုသလိုပေါ့
ကိုယ်ကိုယ်တိုင်က မှန်ကန်အောင်နေရင် မှန်ကန်တဲ့သူတွေနဲ့ပဲဆုံမှာ၊ ကိုယ်တိုင်က စစ်မှန်နေရင် အတုအယောင်က အနားမကပ်နိူင်တာလည်း လက်ခံယုံကြည်တယ်။

ထို့ကြောင့် အားလုံးပဲ ကောင်းမွန်သောသူများ၊လူပီသသောသူများနဲ့သာတွေ့ဆုံပါစေလို့ ဆုတောင်းလျက်....

✨
🎀

ချယ်က Tarot စဟောကတည်းက ယတြာပေးတာရှားပါတယ်။ အဓိကက စိတ်ကိုပြင်ဖို့၊ ဘယ်လို mindset နဲ့ ကိုယ့်ရဲ့ကံ၊လာဘ်လာဘကို ဖွင့်ဖို့တွေ...
26/08/2025

ချယ်က Tarot စဟောကတည်းက ယတြာပေးတာရှားပါတယ်။ အဓိကက စိတ်ကိုပြင်ဖို့၊ ဘယ်လို mindset နဲ့ ကိုယ့်ရဲ့ကံ၊လာဘ်လာဘကို ဖွင့်ဖို့တွေပဲ အဓိကထား ဟောပေးခဲ့တာပါ။

သို့ပေမယ့် စိတ်ဆိုတာကလည်း လူတိုင်းသန်မာနေကြတာမဟုတ်ဘူးလေ။ အမြဲတမ်း Strong ဖြစ်နေတဲ့သူတောင်
ပြိုလဲတဲ့အခိုက်အတန့်တွေဆိုတာ ရှိတာမလို့
အဲ့အချိန်တော့ "လူမစွမ်း နတ်,မတယ်"ဆိုသလို၊ "ယတြာကောင်းရင် မင်း,လောင်းတောင် ဖြစ်တယ်"ဆိုတဲ့ စကားလိုပဲ
နည်းလမ်းကောင်းလေးတွေ ညွှန်ရတာပေါ့။

ဒီလ September လ တစ်လစာ ဟောစာတမ်းယူမယ့်သူတွေအတွက် ချယ်ကိုယ်တိုင်လည်းသုံးနေတဲ့ မြန်မာ အင်္ဂဝိဇ္ဇာ ယတြာလေးတစ်ခုကို စီစဉ်ထားပါတယ်။

ဘာလို့ ဒီလမှာ ခါတိုင်းလိုမဟုတ်ဘဲ ဒီ ယတြာ စီစဉ်ရလဲဆိုရင် -
(၁) လတိုင်းလာမေးနေတဲ့သူတွေကို ပိုက်ဆံမကုန်စေချင်လို့ပါ။ ချယ့်ဆီမေးမယ့်အစား လိုအပ်တဲ့နေရာ လှူပါ။သုံးပါ။ အရေးကြုံမှပဲ ချယ့်ဆီပြန်လာမေးပါ။
မလိုအပ်ဘဲ Tarot မေးတာလေးတွေ လျှော့စေချင်လို့ပါ

(၂)အနေနဲ့ကတော့ အရမ်းထိရောက်ပြီး သိသာလို့ပါ
ကိုယ်တိုင်းလည်း အခါအားလျော်စွာ သုံးလို့ရတယ်။ လိုရင်လိုသလိုထုတ်သုံးနိူင်တယ်။ လာပြောတဲ့ Review တွေလည်းများပြီ။ အရေးကိစ္စတော်တော်များများကိုလည်း သုံးနိူင်တယ်

ဒီ(၂)ချက် အဓိကနဲ့ ဒီလမှာစီစဉ်ပေးတာပဲ ဖြစ်ပါတယ်။

⭐အဲ့တော့ Booking ကြိုယူလို့ရပါပြီရှင်⭐
(၁၀ယောက်ပဲ လက်ခံပါမယ်။
Feesလေးက 33333ကျပ်ပါရှင်)

ချက်ချင်းရမယ့် အဟောတော့ မဟုတ်ပါဘူး
ချယ်မနေ့က Reading ဖတ်ပေးရမယ့် caseတွေကျန်နေသေးလို့ပါ။ (၃-၅)ရက်အတွင်း ဟောချက်ပြန်ရမယ်ရှင်

✨
✨

🎀 နဂိုကတည်းက ကိုယ်ကလည်းအလုပ်သရဲ မလို့လားမသိဘူး😅 ကိုယ့်ဆီလာမေးတဲ့ Tarot စာရင်းအရဆို 10ယောက်မှာ 6ယောက်လောက်က စီးပွားရေးနဲ့...
25/08/2025

🎀 နဂိုကတည်းက ကိုယ်ကလည်းအလုပ်သရဲ မလို့လားမသိဘူး😅 ကိုယ့်ဆီလာမေးတဲ့ Tarot စာရင်းအရဆို 10ယောက်မှာ 6ယောက်လောက်က စီးပွားရေးနဲ့ အလုပ်ကိစ္စများတယ်။

ကျန်4ယောက်သာ ပညာရေးတို့၊အချစ်ရေးနဲ့ ကျန်းမာရေးကိစ္စတွေ

အဲ့လိုမျိုး လိုအပ်နေတဲ့အချိန်မှာ ထိထိမိမိနဲ့ Suggestion ပေးနိူင်တာ သိပ့်သဘောကျတာ။ ကိုယ်နဲ့မှပတ်သက်ရင်
Win-win solution ပဲ ပေးချင်ပါတယ်ဗျာ

နံနက်အစော သတင်းကောင်းတွေကြောင့်
စိတ်ကြည်လင်နေလို့ Tarot လေးတွေ စကြည့်ပေးနေပါပြီ
ဒီနေ့တော့အချိန်စောင့်စရာမလိုဘဲ ဒီနေ့မေး၊ဒီနေ့အတွင်းဟောချက်ပြန်ရပါမယ်နော်✨

✨

ငယ်ငယ်တုန်းက ဒီစာအုပ်လေးဖတ်တော့ ဂီတာပိုး၀င်သွားပြီး ဂီတာတီးတတ်ချင်တာနဲ့ ဇွန်မိုးကိုသဘောကျတာနဲ့ ဆုံးသွားလို့ ရိုးရိုးနှမြ...
20/08/2025

ငယ်ငယ်တုန်းက ဒီစာအုပ်လေးဖတ်တော့ ဂီတာပိုး၀င်သွားပြီး ဂီတာတီးတတ်ချင်တာနဲ့ ဇွန်မိုးကိုသဘောကျတာနဲ့ ဆုံးသွားလို့ ရိုးရိုးနှမြောတာကလွဲရင် ဘာမှမဖြစ်ခဲ့ဘူး။

အခုက ဖတ်လည်းပြီးတော့ ခံစားချက် vibes ကမတူတော့ဘူး။
အမှာစာထဲ ရေးထားတဲ့အရ ဂီတာကိုရူးသွတ်ပြီး အိပ်မက်တွေ တပြုံကြီးရှိတဲ့ အလားအလာသိပ့်ကောင်းတဲ့ လူငယ်တစ်ယောက်ဟာ ၅၅/ဃနဲ့ ထောင်ကျတယ်။ ထောင်ကလွတ်ပြီး မကြာခင်မှာပဲ သူ့နာရေးသတင်းကိုကြားရတယ်

ဖတ်ပြီးငူငူကြီး ဖြစ်သွားတာ။ အခုဆိုလည်း ငါတို့ရဲ့ အိပ်မက်တွေအများကြီးတဲ့ အရည်အချင်းရှိတဲ့ သွေးရင် အရောင်လက်ပြီး ပြည်တန် ရတနာတွေဖြစ်လာမယ့် ကျောက်ရိုင်းလေးတွေက တစ်ချို့ဆို ဇွန်မျိုးတို့လို အချုပ်ခံ၊တစ်ချို့ဆို ဇွန်မိုးလို ကြွေလွင့် နှမြောလိုက်တာ

အရင်ကဆို ဇွန်မိုးတစ်ယောက်တည်း၊ အခုတော့ ဇွန်မိုးတွေက ဇွန်၊ဇူလိုင်မှာရွာတဲ့ မိုးဖွဲလေးတွေလိုပဲ...

16/08/2025

တို့ Soul sisterတစ်ယောက် ဖောက်ပြန်ခံလိုက်ရတဲ့အချိန် အဲ့မှာ ကောင်လေးက ပြော‌တာပေါ့
" ဘေဘီ ကိုကို့ကိုမကျေနပ်ရင် ပါးချလို့ရတယ်
ဘေဘီ ကြိုက်တာလုပ်ကွာ" ဘာညာပေါ့
အဲ့မှာ ကျွန်မ soul sisterကလည်း Scorလေ
ဘယ်ခံမလဲ ဆော်တာပေါ့ ဖြောင်းခနဲ🤣

အချသာခံရတာ ငနဲက ဘာပြန်ပြောတယ်ထင်လဲ
ကဲ ဘေဘီက ကိုကို့ ပါးကို တစ်ချက် ဆိုတော့
ကိုကို့က ဘေဘီ့ပါးကို အာဝါးတစ်ချက် ဆိုပြီး
ရွှတ်ခနဲ နမ်းတာပါတဲ့🤧😑
(တို့ sister လည်းဆွံ့အပြီး စိတ်ပဲတိုရမလိုလို ချစ်ပဲချစ်ရမလို အငိုက်မိ)

🤣တို့မယ် ရီတာ ရီတာ အူတွေပါနာတယ်
အဲ့လောက် ရဲရဲနီနေတာ ဘာ Sign လဲဟဲ့ ဆိုတော့

ဗာဂို🫠

ဒါပေါ့ ဘယ်အချိန်ပဲဖြစ်ဖြစ် Skinship ချင်ပြီး အကွက်တွေ
ကရဲရဲနီနေတာ တစ်စုံတဂိုတို့က😑 တို့သိသလောက်ဆို
မျက်နှာပြောင်အတိုက်ဆုံး Signပဲ😬
ကြုံရသူတွေ ပြန်ပြောဦး ဟုတ်လားတော့မသိ ဟီး🤭

16/08/2025

ဒီရက်ပိုင်း ကိုယ်သတိထားအမှတ်ရနေတဲ့ ဆုံးမစကားလေး ရှိတယ်။ အဲ့ဒါက "ပါနီထဲက ပိုက်ဆံ ပါနီထဲသွားတဲ့။"

ဒီစကားလေးကို ကိုယ်၁၀တန်းနှစ်က ဆရာလည်းဖြစ်၊
ဦးလေးလည်းဖြစ်တဲ့သူတစ်ယောက်ကပြောပြတာ
ဆက်ဖတ်ကြည့်နော်။ တကယ်လက်တွေ့ပတ်၀န်းကျင်မှာ ကြုံနေရတာတွေနဲ့ တစ်ထပ်တည်းရယ်။

ဟိုရှေးတုန်းက နွားနို့ရောင်းတဲ့ အိန္ဒိယလူမျိုးကြီးတစ်ယောက်ရှိတယ်။
သူက နွားနို့တွေရောင်းပြီး ပိုက်ဆံတွေရသင့်တာထက်ပိုလိုချင်တော့ ဘာလုပ်လဲဆို
သူတို့မြို့က မြစ်ဆီသွားပြီး ရေတွေ နွားနို့ထဲ ရောပြီး
ရောင်းသတဲ့။ အဲ့လိုနဲ့ အဲ့လူကြီးက ခါတိုင်းရောင်းရတာထက် အရေအတွက်ပိုရောင်းရပြီး ပိုက်ဆံတွေပိုရလာတာတော့ သိပ့်ပျော်နေတာပေါ့။ ဒီလိုနဲ့ရောင်းပြီး နွားနို့အိုးကြီးကို ရေဆေးဖို့ မြစ်ဆီနောက်တစ်ခေါက်ပြန်ရောက်လာပါရော။ အရမ်းကို အပျော်တကြီးနဲ့ နွားနို့အိုးကြီး ရေဆေးနေတုန်း " ဝုန်ုး" ဆို လှိုင်းပုတ်တော့ သူကလန့်ပြီး မြစ်ထဲချော်လဲသွားပါရော အဲ့မှာပဲ သူအင်္ကျီထဲက ရောင်းရသမျှ ပိုက်ဆံတွေက မြစ်ရေနဲ့အတူ မျှောပါသွားတာပဲ။

အဲ့မှာ အဲ့အိန္ဒိယလူကြီးက ငိုပြီးအော်လေတယ်
** ပါနီထဲက ပိုက်ဆံ ပါနီထဲပြန်သွားပြီ။ပါနီထဲကပိုက်ဆံ ပါနီထဲပြန်ပါသွားပြီ။**
ဘာသာပြန်ရင် မြစ်ထဲက ပိုက်ဆံ မြစ်ထဲပြန်ပါသွားပြီပေါ့။

ဆိုလိုတာက သူက မြစ်ရေကိုသုံးပြီး ငွေပွားပေမယ့်
သမာအာဇီ၀ကျကျနဲ့ရှာထားတာ မဟုတ်တော့
မြစ်ရေထဲပဲ ပြန်ရောက်သွားတယ်။သူ့မှာ ဘာအကျိုးအမြတ်မှ မကျန်ဘူးပေါ့။သူပျော်ရလည်း ခဏအပျော်လေးတစ်ခုပဲ။ တကယ်က ပိုတောင်နစ်နာချင်နစ်နာနေဦးမှာ

လူ့အသိုင်းအ၀န်းမှာလည်း အဲ့လိုတွေမြင်လာနေရတယ်။
တစ်ချို့က သူများဆီကငွေကိုနည်းအမျိုးမျိုးနဲ့ လှည့်ပတ်လိမ်ညာယူကြတယ်။ချေးတယ်ပြန်မဆပ်ဘူး။
တစ်နပ်စားကြံတွေသုံး လိမ်တယ်။ ကြားထဲက လိမ်တယ်။ အဆုံးဆိုးက သူများငွေယူပြီး ပြန်မဆပ်ဘူး
သူများငွေတွေနဲ့ သုံးတယ်။ဖြုန်းတယ် ပျော်ပါးတယ်
အဲ့လူတွေကို ကြည့်လိုက်
အဲ့ခဏပဲ ပျော်ရတာနော်။ ငွေအရင်းအမြစ်မမှန်တော့ ဘာဖြစ်ကြလဲသိလား။ သူ့မိသားစုထဲ ရောဂါတွေ၀င်လာပြီး ပိုက်ဆံကုန်မယ်။အထူးသဖြင့် သူကိုယ်တိုင် ကျန်းမာရေးမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်မယ်။ဟိုကဘာဖြစ်လို့ ဒီကဘာဖြစ်လို့ ဆိုပြီး
ငွေက ကြံဖန်ကို ကုန်စရာက ပေါ်လာတာပဲ။ Accident ဖြစ်လို့၊ အမှုဖြစ်လို့ ဟိုဟာက caseကြီးလို့ ငွေနဲ့ကိုရှင်းရမှာတဲ့ ဒီမှာက ထပ်လိမ်ခံထိလို့ ပါသွားလို့နဲ့
သူလိမ်ယူထားတဲ့၊အတော်မတရားယူထားတဲ့ငွေများဟာ
လမ်းကြောင်းအသီးသီးနဲ့ကိုထွက်သွားတာ
သူငွေတွေပါခေါ်သွားချင်ခေါ်သွားသေးတာ

အဲ့တော့ မတရားယူထားတဲ့ငွေက တစ်သက်ဆုံးစားမကုန်ဘူး။အဲ့ငွေနဲ့ရင်းပြီး ကြီးပွားလေမယ်လို့တော့ မထင်နဲ့
လောကကြီးက မနေဘူးနော်။ မယုံရင်ကိုယ့်ပတ်၀န်းကျင်မှာပဲအရင်လေ့လာကြည့်

လောကကြီးက အမြဲ give and take နဲ့လည်နေတာဖြစ်လို့
မတရားသဖြင့်ဆို ထို့အတူ ခံစားရမှာ မြေကြီးလက်ခက်မလွဲဘူးရယ်၊ ကိုယ်က ကောင်းတာပေးရင်လည်း
ကောင်းတာတွေကတိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သောနည်းတွေနဲ့ ပြန်ရစမြဲပဲ

မြင်ဘူးတယ်မလား ‌ကြွေးပြန်မဆပ်တဲ့သူက ထပ်ခါထပ်ခါ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးမွဲတေ ခက်ခဲနေပြီး

ငွေမရတဲ့ကြွေးရှင်တွေက စိတ်ချမ်းသာအောင်မြင်နေကြတာ

အခိုက်အတန့်တော့ ငွေမရတဲ့သူက ခက်ခဲပေမယ့်
အချိန်ကြာလာတာနဲ့ အညံ့တွေပျောက်ပြီး ကံကပိုတောင်ကောင်းလာ‌တတ်သေး။ လူလိမ်ခံရမှ စီးပွားရေးက ပိုကောင်းလာတွေရှိတယ်နော် တကယ်။
ဥစ္စာရင်းမှန်ရင် ပြန်ရတယ်ဆိုသလိုမျိုးပေါ့
ကိုယ်သမ္မာအာဇီ၀ကျကျ ရှာထားတဲ့ငွေဟာ ကိုယ့်ဆီကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြန်၀င်ပါတယ်။

💙

2023တုန်းကရေးခဲ့တဲ့စာလေး

အားပေးစကား၊ချီးကျူးစကားတွေထက်ပိုပြီး healing ဖြစ်စေတဲ့အရာရှိတယ်။ အဲ့ဒါဘာလဲဆို အပြစ်တင်ခြင်းမခံရတာပါပဲ။ ကိစ္စတစ်ခုအလွဲအချ...
15/08/2025

အားပေးစကား၊ချီးကျူးစကားတွေထက်ပိုပြီး healing ဖြစ်စေတဲ့အရာရှိတယ်။ အဲ့ဒါဘာလဲဆို အပြစ်တင်ခြင်းမခံရတာပါပဲ။
ကိစ္စတစ်ခုအလွဲအချော်တွေဖြစ်တိုင်း
"နင်က ဘယ်လိုလုပ်လို့လေ၊ နင်က သေချာမှ မလုပ်တာ"
စတဲ့ စကားသံတွေက ကိုယ့်လက်တွဲဖော်ကို လမ်းညွှန်ပေးတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်နှိပ်စက်မှုသက်သက်ပါပဲ။

ပိုဆိုးတာက " နင်က အမြဲ...၊နင့်အကျင့်ကကို အမြဲတမ်း..ဘာညာ"ဆိုတဲ့ အကုန်သိမ်းကျုံးများ အပြောခံရရင် လူက ဖြစ်တဲ့ ကိစ္စရပ်ကြောင့်လောင်ရတာထက်
အဲ့စကားလုံးတွေကြောင့် ပိုနာကျင်‌ရစေတာ ချယ်တို့အားလုံးကြုံဖူးကြမှာပါ။

ကိုယ့်အမှားကို တစ်ယောက်ယောက်ကများ နွေးထွေးနားလည်ပေးရင် ချယ်တို့မှာ အဲ့အမှားကို ပြင်ဖို့ ခွန်အားသတ္တိတွေ အလိုလိုရသွားကြတာပါ။ စဉ်းစားဆင်ခြင်တတ်ဖို့က လူတိုင်း ဦးနှောက်ပါပြီးသားလေနော် လုပ်နိူင်ကြတာပေါ့။
ကိုယ်တွေလိုတာ စိတ်ခွန်အားနဲ့မေတ္တာပဲ။

ဒါ့ကြောင့် ကိုယ်ကအစပြုပြီး တစ်ဖက်ကို အပြစ်မြင်တတ်တဲ့အကျင့်လေးတွေ ရှိရင် ဒီနေ့ကနေ စပြီး နည်းနည်းချင်းထိန်းမယ်။ ပြင်မယ်။
အပြစ်တင်တတ်တဲ့ ပတ်၀န်းကျင်ရှိရင်လည်း လှည့်ထွက်လာခဲ့ နောက်မကျသေးဘူး"

ကိုယ့်အနားက အနီးစပ်ဆုံးသူဆီကနေ အပြစ်တင်ခြင်းမခံရတဲ့သူများ ဖြစ်ကြပါစေလို့... ဆုတောင်းပေးပါတယ်။💕

🎀
💞

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chal's Destiny Consultation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram