Green Organic

Green Organic Green Organic Oil
(272)

03/04/2015
*** အမျိုးသမီးများအတွက် အသံတိတ်လူ သတ်သမား ***မ,မျိုးဥအိမ် ကင်ဆာရောဂါဟာ ရောဂါအစပျိုးနေစဉ်မှာသော်လည်းကောင်း၊ ရောဂါအခြေအနြေ...
24/03/2015

*** အမျိုးသမီးများအတွက် အသံတိတ်လူ သတ်သမား ***

မ,မျိုးဥအိမ် ကင်ဆာရောဂါဟာ ရောဂါအစပျိုးနေစဉ်မှာသော်လည်းကောင်း၊ ရောဂါအခြေအနေပြင်းထန် နေစဉ်မှာသော် လည်းကောင်း ထင်သာမြင်သာလက္ခဏာတွေ စိုးစဉ်းမျှမပြတဲ့အတွက် ၄င်းရောဂါကို “ အမျိုးသမီးများအတွက် အသံတိတ်လူ သတ်သမား ” လို့  ဆေးပညာရှင်များက ဆိုပါတယ်။ ရောဂါဝေဒနာရှင်များအနက် အလွန်တရာကံကောင်းသော ၂၀ ရာခိုင်နှုန်း ခန့် လောက်သာ ကင်ဆာဖြစ်နေတာကို ရောဂါအစပျိုးနေချိန်မှာ သိခွင့်ရကြတာပါ။ သို့ ပါ၍ အောက်ပါလက္ခဏာ (၉)ရပ်က မ,မျိုး ဥအိမ်ကင်ဆာ၏ ရှေ့ ပြေးနိမိတ်ဖြစ်နိုင်တာကြောင့် မိမိကိုယ်ကို ဆန်းစစ်ကြည့်ခြင်းဖြင့် အသံတိတ်လူသတ်သမားကို လက်ဦးမှု ရကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။

(၁) ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းသွားခြင်း။
ဝိတ်ချချင်လို့  လေ့ကျင့်ခန်းလုပ်တာတွေ၊ အစားလျော့စားတာတွေ မလုပ်ပါဘဲနဲ့  သူ့ အလိုလို ကိုယ်အလေးချိန် ၁၀ ပေါင်ခန့် သိ သိသာသာထိုးကျသွားခြင်းဟာ မ,မျိုးဥအိမ်ကင်ဆာ၏ ရောဂါအစပျိုးနေစဉ်မှာ ဖြစ်လေ့ရှိပါတယ်။ ထိုလက္ခဏာပြလာပါက ဆရာဝန်နှင့် အမြန်ဆုံးဆွေးနွေးသင့်ပါတယ်။

(၂) မကြာခဏ ဆီးသွားခြင်း။
ထွက်ကျလုမတတ် ဆီးသွားချင်စိတ်ပြင်းပြခြင်း(သို့ )ဆီးမကြာခဏ သွားခြင်းဟာ မ,မျိုးဥအိမ်ကင်ဆာ လက္ခဏာများဖြစ်ပါတယ်။ အဲဒီလက္ခဏာတွေထဲမှာ ဆီးအိမ်ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းသွားတာကြောင့် ဆီးမထိန်းနိုင်ခြင်း ပြဿနာလည်း ပါဝင်ပါ တယ်။

(၃) ခါးအောက်ပိုင်းနာခြင်း။
ခါးအောက်ဖက်ပိုင်း နာကျင်၍ လေးလံခြင်း၊ တင်ပါးဆုံရိုးတ၀ိုက်မှာ နာကျင်ကိုက်ခဲခြင်းဖြစ်ရင် မပေါ့ဆသင့်တော့ပါဘူး။

(၄) ဗိုက်နာ၍ ဗိုက်ဖောင်းခြင်း။
ဥပမာ ၀မ်ဖောဝမ်းရောင်၊ ရာသီလာ၊ အစာအိမ်နာ စသည့် တစ်စုံတစ်ရာကြောင့် ဗိုက်နာတာမျိုးမဟုတ်ဘဲ၊ အကြောင်းပြချက်မရှိ ရက်သတ္တ နှစ်ပတ်ကျော်ကြာ ဗိုက်နာဝေဒနာကို ခံစားရတဲ့အပြင်၊ အတွင်းခံဘောင်းဘီဝတ်ထားသော တင်ပါး နဲ့ ခါးနေရာတို့ မှာ တင်းကြပ်သလို ခံစားရပါက မ,မျိုးဥအိမ် ကင်ဆာလက္ခဏာ ပြနေပြီဟု မှတ်ပါလေ။

(၅) ၀မ်းဗိုက်ပြဿနာ အမျိုးမျိုး။
မ,မျိုးဥအိမ်ကင်ဆာ၏ ဂယက်ဆိုးတွေကြောင့် ဆန့် ကျင်ဖက်အခြေအနေ နှစ်မျိုးဖြစ်ကြသော ၀မ်းသက်ဝမ်းလျောခြင်း နှင့် ၀မ်း ချုပ်ခြင်းတို့ ကို မကြာခဏဆိုသလို ခံစားရလေ့ရှိပါတယ်။ အကြောင်းကတော့ မ,မျိုးဥအိမ်အကြိတ်ဖု ရောင်ကိုင်းလာတာကြောင့် ဆီးအိမ်၊ အစာအိမ် နှင့် အူသိမ်အူမတွေပေါ်မှာ ဖိအားသက်ရောက်သွားလို့ ပါဘဲ။

(၆) အစာမကျေခြင်း။
လေပူထခြင်း၊ အူထဲမှာ လေပွခြင်း၊ ပျို့ ချင်အန်ချင်ဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ဗိုက်တစ်ခုလုံး မအီမသာဖြစ်ခြင်း စသည်တို့  ဟာလည်း မ,မျိုးဥအိမ် ကင်ဆာရောဂါ လက္ခဏာတွေဘဲဖြစ်ပါတယ်။

(၇) မိန်းမကိုယ်သွေးဆင်းခြင်း။
ရာသီသွေးဆင်းမှု ပုံမှန်မဟုတ်ခြင်း(သို့ )ဓမ္မတာရာသီစက်ဝန်းပြင်ပ၌ အချိန်အခါမဟုတ် ဓမ္မတာလာခြင်းတို့ ဟာ မ,မျိုးဥအိမ် ကင်ဆာ၏ နိမိတ်ပြလက္ခဏာတွေဘဲဖြစ်ပါတယ်။ ၄င်းပြင် ပုံမှန်မဟုတ်ဘဲ သွေးခဲများဆင်းခြင်း၊ မိန်းမကိုယ် နာကျင်၍ ရောင် ကိုင်းခြင်း၊ မိန်းမကိုယ်၏ အသားအရောင် ပြောင်းလဲခြင်း တို့ ကလည်း ထိုကင်ဆာရောဂါနှင့် ဆက်စပ်မှုရှိနေပါတယ်။

(၈) အလွန်အမင်း မောပမ်းနွမ်းနယ်ခြင်း။
အားမရှိတော့သလို ခံစားရပြီး၊ အလွန်အမင်းမောနွမ်းနယ်လာခြင်းဟာလည်း မမျိုးဥအိမ်ကင်ဆာ နှင့် ပတ်သက်ဆက်နွယ်နေလို့  မပေါ့ဆသင့်ပါဘူး။
(၉) ဖိုမကိစ္စ မပျော်ရွှင်တော့ခြင်း။

လိင်ဆက်ခံစဉ်နာကျင်ခြင်း ဖြစ်လေ့ရှိပါတယ်။

အထက်ဖော်ပြပါ လက္ခဏာ ၉ ရပ်စလုံးကို တပြိုင်နက်တည်း ခံစားရမှသာ မ,မျိုးဥအိမ်ကင်ဆာ ဝေဒနာလို့ မယူဆသင့်ပါဘူး။ ၄င်းတို့ အနက်မှ အဖြစ်အပျက်တစ်ခုခုကို ရက်သတ္တ နှစ်ပတ်ထက်ပို၍ ခံစားနေရပြီဆိုပါက နီးစပ်ရာဆေးခန်းသို့ မဆိုင်းမတွ သွားရောက်၍ သက်ဆိုင်ရာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်သင့်ပါပြီ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

www.facebook.com/GreenOrganicOil
www.greenorganic.com.mm

20/03/2015
မိခင်လောင်းများ ဆောင်ရန်၊ ရှောင်ရန်=======================မိခင်လောင်းတစ်ဦး မသိမဖြစ် သိထားသင့်တဲ့ အခြေခံအချက်တွေ ရှိပါတယ်...
19/03/2015

မိခင်လောင်းများ ဆောင်ရန်၊ ရှောင်ရန်
=======================

မိခင်လောင်းတစ်ဦး မသိမဖြစ် သိထားသင့်တဲ့ အခြေခံအချက်တွေ ရှိပါတယ်။ အဲဒါတွေကို သိထား လိုက်နာနိုင်ပါမှ မိခင်ရော ရင်သွေးငယ်ပါ ကျန်းမာပြီး အကျိုးများမှာပါ။

တချို့အချက်တွေကတော့ လူတွေ အတော်များများ သိထားပေမယ့် တချို့တစ်ဝက်ကိုတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ပါတယ်။ ဥပမာ-ကိုယ် ၀န်ဆောင်စဉ်မှာ သံဓာတ်အားဆေး ပုံမှန်သောက်ရမယ် ဆိုတာမျိုးကိုသိကြပေမယ့် ဖောလစ်အက်ဆစ်ကို လည်း လုံလောက်အောင်ဖြည့်စွက် သောက်သုံးရမယ်ဆိုတာကိုတော့ သိသူနည်းပါတယ်။

ဓာတ်မှန်ရိုက်ရန်ထွက်လာတဲ့ ဓာတ်ရောင်ခြည်က ရင်သွေးငယ်ကို အန္တရာယ်ရှိစေ တယ်ဆိုပြီး သတိထားကြပေမယ့် မိုက်ခရိုဝေ့(မ်) မီးဖိုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ဒီဆောင်းပါးထဲမှာ ကိုယ်ဝန် လွယ်ထားရစဉ် ကာလ တစ်လျှောက် ရှောင်သင့်တာတွေ၊ လုပ်သင့်တာတွေကို အစီအစဉ်တကျ ပြုစုပေးထားပါတယ်။

၁။ ပုံမှန်ကျန်းမာရေးစစ်ဆေးရန်

ကိုယ်ဝန်လွယ်ထားရစဉ် အခက်အခဲ ပြဿနာများ ရှောင်ရှားနိုင်ရန် အကောင်းမွန်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းကတော့ ဆရာဝန် (သို့) သားဖွားဆရာမနဲ့ မှန်မှန်ပြပြီး စစ်ဆေးစောင့်ရှောက်မှု ခံယူဖို့ပါပဲ။

၂။ ဖောလစ်အက်ဆစ် ပုံမှန်သောက်ရန်

ဖောလစ်အက်ဆစ်ဆိုတဲ့ ၀ါညစ်ညစ်ဆေးလုံးလေးတွေကို ကိုယ်ဝန် ဆောင်စဉ်မှာ မဖြစ်မနေ သောက်ရပါမယ်။ ကလေးငယ်ရဲ့ ကျောရိုးမကြီး ကောင်းမွန်စွာ အပြည့်အ၀ဖြစ်လာဖို့အတွက်ပါ။

၃။ ဂျိုက်သိုးရောဂါ ကာကွယ်ရန်

ဆေးလောကအခေါ် ‘Rubella’ (၀ါ) ‘German measles’ ဟူသော ဂျိုက်သိုးရောဂါဟာ သိပ်ကို အန္တရာယ်ကြီးပါတယ်။ ကိုယ်ဝန်ဆောင် ထားစဉ် ဂျိုက်သိုးရောဂါဖြစ်ပွားရင် ငွေ့ငွေ့ဖျားခြင်း၊ ခေါင်းကိုက်၊ နှာစေးပြီး ခန္ဓာကိုယ်ပေါ်မှာ အနီပြင်ပေါ်ခြင်းစတဲ့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ပေါ်လာပါတယ်။ ပြီးရင် သူ့အလိုအလျောက် ပြန်ပျောက်သွားတဲ့အတွက် မိခင်လောင်းတွေဟာ ပေါ့ပေါ့ဆဆပဲ နေလိုက်ပြီးမှ မမျှော်လင့်ဘဲ ရင်သွေးလေးဆီကို အဲဒီဂျိုက်သိုးပိုးက ကူးစက်သွားတဲ့အခါ မွေးရာပါနားမကြားခြင်း၊ မွေးရာပါနှလုံးရောဂါ၊ ဉာဏ်ရည်နိမ့်ခြင်း နဲ့ မွေးရာပါအတွင်းတိမ်စတဲ့ ရင်နင့်ဖွယ်အဖြစ်တွေ ဖြစ်လာတတ်တာပါ။

၎။ ကီးဂဲလ် (Kegel) လေ့ကျင့်ခန်းလုပ်ရန်

မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ ပျော့နေရင် မွေးတဲ့အခါ ပိုပြီးနာကျင်တတ်သလို မွေးချိန်ကလိုတာထက် ကြာသွားတတ်ပါတယ်။ သဘာဝအလျောက် ကလေး မွေးဖွား ပြီးရင်လည်း ကြွက်သားတွေက အားပျော့သွားတတ်လို့ နောက်တစ်ခါ မွေးတဲ့အခါ သက်သောင့်သက်သာ မရှိဘဲဖြစ်ပါတယ်။ မွေးလမ်းကြောင်းကြွက်သား တွေ အားကောင်းပြီး မွေးတဲ့အခါ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Kegel လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ အဲဒီလိုမျိုး မွေးလမ်းကြောင်းက ကြွက်သားတွေ ကျုံ့သွားစေတာ Kegel လေ့ကျင့်ခန်းပါပဲ။ လေ့ကျင့်ခန်းလုပ်နေစဉ် ခြေထောက်၊ တင်ပါးနဲ့ ဗိုက်ကအသားတွေ မလှုပ်အောင် ကြိုးစားပါ။ တစ်ခါကျုံ့ထားရင် ငါးစက္ကန့်နဲ့ ဆယ်ခါ ကျုံ့ပေးပါ။ နာရီအတိအကျမဟုတ်ဘဲ စိတ်ထဲကနေ တစ်ကနေ ငါးအထိ ဖြည်းဖြည်းချင်း ရွတ်ပေးရင်လည်း ငါးစက္ကန့်နဲ့ တူပါတယ်။ အဲဒီလို မျိုး တစ်နေ့ကို ၅ ကြိမ်တိတိ လုပ်ပေးပါ။

၅။ အိမ်တွင်းတွင် လွယ်ကူစွာ စိုက်နိုင်သောအပင်များ စိုက်ရန်

တိုက်ခန်း၊ ကွန်ဒိုတွေနဲ့ အနေများလာတဲ့ ယနေ့ခေတ် လူနေမှုဘ၀မှာ အပင်စိုက်တဲ့ အလေ့အထ ပါ ရှားပါးလာပြီး ကော်ဇောနဲ့ အိမ်သန့်စင်ဆေးရည် အမျိုးမျိုးမှာပါတဲ့ ဓာတုပစ္စည်းအမျိုးမျိုးရဲ့ အန္တရာယ် ပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။ ဥပမာ-ဂမုန်းပင်ဆိုရင် အိမ်သုတ်ဆေးတွေမှာ ပါတတ်တဲ့ formaldehyde ကို ဓာတ်ပြယ်စေတဲ့ သတ်္တိရှိပါတယ်။

၆။ အကောင်းမြင်စိတ် မွေးရန်

အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိနေသင့်တဲ့ စိတ်ထားပါ။

၇။ ဆရာဝန်ကို လက်ရှိခံစားရသော အနေအထားနှင့် မိသားစုရာဇ၀င်ကို မခြွင်းမချန် ပြောပြရန်

အထူးသဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အတက်ရောဂါနဲ့ ရေယုန်အပါအ၀င် အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုရင် ပိုဂရုစိုက်ပြီး တိုင်ပင်အသိပေးသင့်ပါတယ်။

၈။ ပရိုတင်းဓာတ်နဲ့ ဆီကို ပြည့်ဝစွာ စားသောက်ပေးပါ

ကိုယ်ဝန်ဆောင်ကာလမှာတော့ အဆီဓာတ်ဟာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတွေကို စုပ်ယူနိုင်ဖို့ရာ ခန္ဓာကိုယ်မှာ အဆီရှိမှ ဖြစ်မှာမို့လို့ပါ။ စားအုန်းဆီကို ရှောင်ပြီး ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီကို ရွေးချယ်ပါ။

၉။ ဆေးလိပ်မသောက်ရန်နှင့် ဆေးလိပ်သောက်သူများအနားတွင် မနေရန်

မိခင်လောင်း ရှူရှိုက်မိသော ဆေးလိပ်ငွေ့များကြောင့် လမစေ့ဘဲ မွေးဖွားခြင်း၊ လစေ့သော်လည်း ပေါင်မပြည့်သော ကလေးမွေးခြင်း၊ သားပျက်သားလျောဖြစ်ခြင်းတို့ အပြင် မွေးကင်းစကလေးငယ်လေး သေဆုံးသည်အထိ ဖြစ်နိုင်ပေသည်။

၁၀။ အရက်မသောက်ပါနှင့် / အယ်လ်ကိုဟောပါသော အချိုရည်များ မသောက်ပါနှင့်

ဆေးပညာ အခေါ်အရ ‘Foetal Alcohol Syndrome (FAS)’ ၊ မြန်မာလို “အရက် ကြောင့်ဖြစ် ရသော ရင်သွေးငယ်၏ ဝေဒနာ” ဟု အဓိပ္ပာယ်ရသည့် ဆိုးဝါးလွန်းလှသော ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျ စေခြင်း၊ ခန္ဓာကိုယ်သေးကွေးခြင်း၊ မျက်နှာပုံပျက် ပန်းပျက်ဖြစ်ခြင်း၊ ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများ ပုံမမှန်ဖြစ်ခြင်းတို့ကို ခံစားရစေသည်။

၁၁။ တားမြစ်ထားသော ဆေးများ၊ စိတ်ကြွဆေးများကို မသုံးစွဲရန်

မိခင်လောင်း သုံးစွဲလိုက်သော ဆေးများသည် အချင်းတိုင်ကို ဖြတ်၍ ရင်သွေးငယ်ဆီသို့ ရောက်သွားသဖြင့် ရင်သွေးငယ်မှာလည်း ဆေးသမားဖြစ်ရလေသည်။
မွေးဖွား ပြီးသောအခါတွင် ထိုဆေးများ၏ အာနိသင်ကြောင့် ဆေးသမား
ဆေးဖြတ်သကဲ့သို့ပင် အအိပ်အနေနည်းသော ကလေးငယ်ဖြစ်ခြင်း၊ နို့တိုက်ရ ခက်ခဲခြင်း၊ အငိုသန်ခြင်း၊ တက်ခြင်းတို့ကို ခံစားရစေသည်။

၁၂။ မည်သည့်ဆေးဝါးကိုမျှ ဆရာဝန်က မညွှန်ကြားဘဲ မိမိသဘာနှင့် မိမိ မသောက်သုံးပါနှင့်

ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသည့် “over the counter” ဟု ခေါ်သော OTC ဆေးဝါး များသည် သာမန်အချိန်များတွင် လုံခြုံစိတ်ချရသော်လည်း ကိုယ်ဝန်လွယ်ထားရချိန်တွင်မူ ရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင် သည်။

၁၃။ ဗီတာမင်အေ ဖြည့်စွက်ထားသော အစားအစာများ၊ ဆေးများကို ရှောင်ရန်

တန်ရုံသင့်ရုံစားလျှင် ဆေးဖြစ်သော်လည်း လွန်ကြူးပါက ဘေးကြုံတတ်သကဲ့သို့ပင် ကိုယ်ဝန်လွယ်ထားရစဉ်တွင် ဗီတာမင်အေကို ပုံမှန်ပမာဏထက် (၄) ဆပို၍ စားသုံးမိပါက ရင်သွေးငယ်အား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။

၁၄။ ဓာတ်မှန်ရိုက်ခြင်းကို တတ်အားသရွေ့ ရှောင်ရန်

အများသိထားသကဲ့သို့ပင် ဓာတ်မှန်ရိုက်ခြင်း နည်းပညာသည် ဆေးလောကအတွက် အကျိုးရှိသည့် အံ့မခန်း နည်းပညာဖြစ်သလိုပင် ဓာတ်ရောင်ခြည်၏ ဘေးထွက်ဆိုးကျိုး ကြီးမားလှသည်။ မဖြစ်မနေရိုက်ရန် လိုအပ်ပါကလည်း ၀မ်းဗိုက်ကို အကာအကွယ် ဖုံးအုပ်၍ အမြန်ဆုံး ရိုက်ပေးမည်ဖြစ်သည်။

၁၅။ မီးဖိုချောင်ဝင်ပါက မိုက်ခရိုဝေ့ဖြင့် မချက်ရန်

အချို့လေ့လာ ဆန်းစစ်ချက်များအရမူ မိခင်လောင်းဘ၀တွင် မိုက်ခရိုဝေ့မီးဖို သုံးစွဲမှုများပြားခြင်းသည် ရင်သွေးငယ်လေး၏ ကြီးပြင်းမှုကို ထိခိုက်စေသည်ဟု ထောက်ပြထားသည်။

၁၆။ ပိုးသတ်ဆေး အမျိုးစုံကို ရှောင်ကြဉ်ရန်

ထိုပိုးသတ်ဆေးများတွင် ပါဝင်သည့် ဓာတုဗေဒပစ္စည်းအမျိုး အစား၊ ထိတွေ့ချိန်၊ ပါဝင်သည့် ပြင်းအားနှင့် ရင်သွေးငယ်လေး၏ သက်တမ်းအနုအရင့်ပေါ်မူတည်၍ မတူညီသောဆိုးကျိုးအမျိုးမျိုးကို ပေးနိုင်သည်။

၁၇။ မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန်မတက်အောင် သတိထားရန်

မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန် ၁၀၂ဒီဂရီ ဖာရင်ဟိုက်ထက် တက်လာပါက တဖြည်းဖြည်း ကြီးထွားနေသော ရင်သွေးငယ်လေးကို ထိခိုက်စေနိုင်သည်။ ဖျားနာခြင်း တစ်မျိုးတည်းကြောင့်သာ ခန္ဓာကိုယ်အပူချိန် တက်နိုင်သည် မဟုတ်ဘဲ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်း၊ နေကြဲကြဲတောက် ပူနေချိန်တွင် အဆောင်းအကာမပါဘဲ အပြင်ထွက်ခြင်း၊ ရေနွေးစိမ်၍ ရေချိုးခြင်းတို့သည်လည်း ခန္ဓာကိုယ်အပူချိန်ကို တက်စေနိုင်သည့်အတွက် ရှောင်ကြဉ် ရပေမည်။

၁၈။ ကြောင်အညစ်အကြေးများ မကိုင်တွယ်ရန်၊ သေချာမကျက်သော အသားများအား ရှောင်ရန်

အဘယ့်ကြောင့်ဆိုသော် ကြောင်အညစ်အကြေးများနှင့် မကျက်သော အသားများတွင် toxoplasma ဟုခေါ်သော ရောဂါပိုးတစ်မျိုး ရှိနိုင်သောကြောင့်ဖြစ်သည်။ ထိုပိုးကြောင့် ရင်သွေးငယ်များတွင် toxoplasmosis ဟုခေါ်သော မွေးရာပါရောဂါဆိုးကို ခံစားရစေသည်။ ထိုရောဂါဆိုးကြောင့် ရင်သွေးငယ်လေး၏ ဦးနှောက်၊ မျက်နှာနှင့် အာရုံကြောများကို ထိခိုက်စေသည်။

ကျန်းမာသန်စွမ်းသော သားသမီးလေးများ ရရှိနိုင်စေရန်နှင့် မိခင်လောင်းများပါ အန္တရာယ်ကင်းစေရန် ဤဆောင်းပါးလေးက အထောက်အကူပြုနိုင်စေရန် မျှော်လင့်ပါသည်။

Credit : Yangon Health Guide

http://www.greenorganic.com
www.facebookcom/GreenOrganicOil

*** ဆီးချိုရောဂါရှိသူများအတွက် အကောင်းဆုံးသဘာဝကုထုံးလေးများ ***၂၀၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက George Washington University...
16/03/2015

*** ဆီးချိုရောဂါရှိသူများအတွက် အကောင်းဆုံးသဘာဝကုထုံးလေးများ ***

၂၀၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက George Washington University မှာ ဆီးချိုရောဂါ နဲ့ ပ တ်သက်ပြီး စမ်းသပ်မှုတစ်ခုပြုလုပ် ခဲ့ကြပါတယ်။ ၄င်းစမ်းသပ်မှုမှာ အသက် ၆၀ ကျော် ဆီးချိုရောဂါဝေဒနာရှင် ၁၀ ဦးကို နေ့ လည်စာ နဲ့ ညစာများစားပြီးနောက် ၁၅ မိနစ်စီ treadmill
(ခေါ်)လှေကားပေါ်တထစ်ချင်းတက်ရသလိုမျိုးလမ်းလျှောက်စက်ပေါ်မှာ
ခပ်ဖြည်းဖြည်းမှန်မှန်နှုန်း ဖြင့် ရက်သတ္တ တစ်ပတ်တိတိ လမ်းလျှောက်စေခဲ့
ပါတယ်။ရလာဒ်ကတော့ သွေးထဲမှာ သိသိသာသာ သကြားပမာဏ
ကျဆင်းသွား ပြီး ဆီးချိုကျသွားပါတယ်။

သုတသေသီများက- “ ထမင်းစားပြီး ၁၅-မိနစ်လောက် လမ်းလျှောက်ပေးခြင်း
ကတခြားအချိန် တွေမှာ ခပ်ကြာကြာလမ်းလျှောက်ခြင်းထက်ဆီးချိုပမာဏ
လျော့ကျနှုန်းပိုမြန်ဆန်စေပါတယ်၊ အထူးသဖြင့် နေ့ လည်စာစားပြီးလမ်း
လျှောက်ခြင်းထက် ညစာစားပြီးလမ်းလျှောက်တဲ့အခါစားထားတဲ့
အစာတွေမှာပါတဲ့ ဂလူးကို့စ်ဓာတ်တွေ လောင်မြိုက်သွားခန္ဓာကိုယ်ထဲမှာ
အဲဒီဂလူးကို့ စ်တွေ တညတာလုံးခိုအောင်းမနေတော့ဘူးပေါ့” လို့ အကြံပြုထားတာကို အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ ၏
၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ထုတ် DiabetesCare(ခေါ်)
ဆေးပညာဂျာနယ်တစ်စောင်မှာ ခုလို ဖော်ပြသွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဆီးချို၊ သွေးချိုရောဂါ ခံစားနေရသည့်ဝေဒနာရှင်များဟာ
တစ်ဆယ်စက္ကန့် တွင် တစ်ဦးနှုန်းသေဆုံးမှုရှိနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့  မှ သတိပေးထားပါတယ်။ အရင်တုန်းကတော့ ဆီးချိုရောဂါဟာ ဖွံ့ဖြိုးပြီး
နိုင်ငံများ(ချမ်းသာတဲ့နိုင်ငံများ) မှာပဲ အဖြစ်များခဲ့ပေမယ့်၊ ၂၀-ရာစုနှစ်
နောက်ပိုင်းမှာသိသိသာသာလူနေမှုပုံစံတွေပြောင်းလဲလာကာ
ကမ္ဘာနှင့်အ၀ှမ်း ရောဂါ ဖြစ်နှုန်းအရမ်းကိုများပြားလာကြပါတယ်။
မြန်မာနိုင်ငံရှိဆီးချို၊ သွေးချိုရောဂါအသင်း၏ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်း စစ်တမ်းကောက်ယူချက်များအရမြန်မာနိုင်ငံမှာလည်း ဆီးချိုဝေဒနာရှင်
၁ ဒသမ ၇ သန်းခန့် အထိရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးချို လို့ခေါ်ကြပေမယ့် အမှန်တော့ သွေးထဲမှာအချိုဓါတ်တွေ ရှိသင့်သည်ထက်လွန်ကဲစွာများပြားနေခြင်းပါ။
အကယ်၍ သွေးချိုလွန်ကဲစွာမများသော်လည်း ရှိသင့်သည်ပမာဏထက်
များနေသေးပါက နှစ်ကာလရှည်ကြာလာတဲ့အခါမှာ နောက်ဆက် တွဲရောဂါများကြောင့်ကိုယ်ခန္ဓာအစိပ်အပိုင်းများမှာ အလုပ်မလုပ်နိုင်တော့ဘဲ အသက်တိုသည်အထိဖြစ်တတ်ပါတယ်။ သွေးထဲ ကနေမှဆီးထဲမှာပါလာပြီး၊
လူအများစုက ဆီးချိုရှိမှန်း မိမိကိုယ်ကိုတောင်မသိခဲ့ကြဘဲ၊
အခြားရောဂါကုသရန် သွေး/ဆီး စစ်ဆေးရင်း(သို့ )ဆီးချိုပမာဏတက်ကာ
လွန်စွာနာမကျန်းဖြစ်တော့မှ သိလာရပါတယ်။

လေ့လာတွေ့ ရှိချက်များအရ ဆီးချိုသွေးချိုရောဂါရှိသူ့ အမျိုးသမီးတွေဟာ
ယင်းရောဂါရှိသောအမျိုးသားများထက် လေဖြတ် နိုင်ခြေ သုံးဆခန်
ပိုများနေတယ်လို့ဆိုပါတယ်။ အကြောင်းမှာ အမျိုးသမီးများ၏ သွေးကြော ဆိုင်ရာလုပ်ဆောင်ချက်များနှင့် သွေးရည်အပျစ်အကျဲပြောင်းလဲမှုစံနစ်များဟာ အမျိုးသားများလောက်ကောင်းစွာမလုပ်ဆောင်နိုင်လို့ ပါဘဲ။
ဒါ့ပြင် အမျိုးသမီး များဟာအမျိုးသားများထက် ကိုယ်အလေးချိန်လျော့ကျရန်
ယေဘုယျအားဖြင့် ကျန်းမာရေး နဲ့ညီညွတ်တဲ့အစားအသောက် များကို ရွေးချယ်စားသောက်တတ်ကြသော်လည်း၊ကိုယ်လက်လှုပ်ရှားမှု
အပိုင်းမှာတော့ လွန်စွာ အားနည်းနေတာကို တွေ့ ရ ပါတယ်။

ဆီးချိုရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ရောဂါကာကွယ်မှု
အပိုင်းမှာ ၅၈ရာခိုင်နှုန်းသာ ရှိနိုင်တာကြောင့် ထိုရောဂါ သည်များအနေဖြင့်
နေ့စဉ်ကိုယ်လက်လှုပ်ရှား ပြုလုပ်သင့်ကြောင်း၊ ခန္ဓာကိုယ်ပုံမှန်
လှုပ်ရှားမှုရှိပါကထိုရောဂါအတွက် ဆေး မှီဝဲသောက်သုံးရမှုကို သိသိသာသာ လျော့ကျနိုင်ကြောင်း၊ဆီးချိုးသွေးချိုကြောင့်
နောက်ဆက်တွဲရောဂါများအနေဖြင့် နှလုံးရော ဂါ၊ကျောက်ကပ်ရောဂါ၊
အဆုတ်ရောင်ရောဂါ၊ မျက်စိရောဂါများအပြင်ခန္ဓာကိုယ်အဖျားပိုင်းရှိ
အာရုံကြောများ ထိခိုက်ခြင်း၊ ဆီးတွင်းပိုးဝင်ခြင်း၊
အရေပြားအနာပေါက်ခြင်း စသဖြင့် ဖြစ်ပွားနိုင်ကြောင်း၊ အာဟာရဖြင့်
ထိန်းသိမ်းကုသသည့်အနေဖြင့် သကြား၊ နို့ ဆီပါဝင်သောအစားအစာများ၊ ထန်းလျက်၊မလိုင်များ နှင့် ချိုသောအသီးများ စားသုံးခြင်းမှ
ရှောင်ရှားသင့်ကြောင်းမြန်မာနိုင်ငံဆီးချို၊သွေးချိုရောဂါအသင်းမှ အကြံပြုထားပါတယ်။

>
ဆေးသိပ္ပံနည်းအရ ဆီးချိုရောဂါကို Diabetes Type (1)(2)(3) ဆိုပြီး
သုံးမျိုးခွဲခြားထားပါတယ်။ Diabetes Type (1)က ကိုယ် ခန္ဓာကနေ
အချိုဓါတ်ကိုထိန်းညှိပေးသော သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin
ဟော်မုန်းမထုတ်နိုင်တော့တာကြောင့် အင်ဆူလင်လိုအပ်နေတဲ့ရောဂါ
အမျိုးအစားဖြစ်ပါတယ်။ အသက်၃၅ အောက် ငယ်ရွယ်သူတွေမှာ
ဖြစ်တတ်ပါတယ်။ Diabetes Type (2) ကတော့ အင်ဆူလင်ကို
တုံ့ပြန်နိုင်စွမ်းကျဆင်းလာတဲ့အတွက် အင်ဆူလင်မလိုအပ်ဘဲ
အင်ဆူလင်ကိုတုံ့ပြန်ပေးနိုင် စွမ်းသော ဆေးဝါးများလိုအပ်ခြင်းကြောင့်
ဖြစ်တဲ့ရောဂါမျိုးပါ။ အသက်၃၅ အထက်မှာ စဖြစ်လေ့ရှိပြီး၊
သွေးတိုး/နှလုံးရောဂါ တို့ နဲ့ တွဲနေပါတယ်။

ဆီးချိုရောဂါရဲ့ ၉၀ ရာခိုင်နှုန်းခန့် က Type 2 ဖြစ်ပါတယ်။ Diabetes Type (3) ကကိုယ်ဝန်ဆောင်နေစဉ် ဖြစ်တတ်ပါတယ်။ Type (1) နဲ့  (2) တို့ ကနာတာရှည်ဖြစ်ပြီး၊လုံးဝအမြစ်ပြတ် ပျောက်တယ်ဆိုတာမရှိပါဘူး။ Type (3) က တော့ ကလေးမွေးပြီးကောင်းသွားတာများပါတယ်၊
အချို့ ကလည်း နောက်ပိုင်းမှာ Type(2)ဖြစ်သွားတတ်ကြပါတယ်။

>
(၁) ရေငတ်ခြင်း(အာခြောက်ခြင်း) (၂) ဆီးသွားများခြင်း
(၃) ညဘက်ဆီးခဏခဏထသွားရခြင်း (၄) ပင်ပန်းနွမ်းနယ်ခြင်း
(၅) ကိုယ်အလေးချိန်ကျသွားခြင်း (၆)အမြင်အာရုံမကောင်းတော့ခြင်း
(၇) မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ရောင်ခြင်း
(၈) ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း (၉) စိတ်အပြောင်းအလဲဖြစ်ခြင်း၊
အာရုံစူးစိုက်မှုကျလာခြင်း…စသည်တို့ ဖြစ်ပါတယ်။ (Type 1 နဲ့  Type 2 ရဲ
့ရောဂါလက္ခဏာတွေက ဆင်တူကြလို့  တခါတရံ ဆရာဝန်တွေတောင်ဝေခွဲရခက်ပါတယ်)

>
ဝေဒနာရှင်များအနေဖြင့် အစာအာဟာရကို မှန်မှန်ကန်ကန်စားသုံးနိုင်မှသာ ဆီးချို၊သွေးချိုဓာတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မှာဖြစ် ပါတယ်။
မှန်ကန်တဲ့စားသုံးမှုဆိုသည်မှာ မှန်ကန်သည့် အစားအစာ အမျိုးအစား၊ မှန်ကန်သည့်အစားအစာ ပမာဏ၊ မှန်ကန် သည့် အစားအစာ စားသောက်ချိန် စသည့်သုံးချက်စလုံးနှင့်ကိုက်ညီသော စားသုံးမှုကို ဆိုလိုပါတယ်။ အကြောက်လွန်ကဲပြီးအစားအစာရှောင်လွန်းတာ
ဖြစ်စေ၊ ဆီးချို သွေးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများကို
မသိလို့ ဖြစ်စေ၊ မကြောက်လို့ ဖြစ်စေ၊ အစားအသောက်ကို မရှောင်ဘဲ
စားလွန်းရင်ဖြစ်စေ ဆီးချိုထိန်းချုပ်မှု အောင်မြင်နိုင်မည်မဟုတ်ပဲ
ဆိုးကျိုးရလာဘ်တွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင်
စားသုံးနိုင်သည့်အစားအစာများကို ရဲရဲဝံ့ဝံ့စားသုံးနိုင်သကဲ့သို့ 
စားသုံးရန်မသင့် တော်သော အစာအဟာရများကိုလည်း လုံးဝမစားသုံးကြဖို့ 
အထူးလိုအပ်ပါတယ်။ ၄င်းရောဂါဟာ တစ်သက်တာလုံးရှိနေမည့်
ရောဂါဖြစ်တာကြောင့်မိမိစားသုံးမှုစရိုက်မှာ တစ်သက်တာလုံး
လိုက်နာကျင့်သုံးနိုင်မည့် အလေ့အကျင့်တွေဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် အစားအစာတွေကို တပွဲတိုးရှောင်တာမျိုး မလုပ်သင့်ဘဲ
မိမိသဘာဝနှင့် လိုက်လျောညီထွေအောင် စားတတ်ဖို့  အထူးပင် လိုအပ်ပါတယ်။

ရှေးယခင်က ကစီဓာတ်ကို မစားခိုင်းဘဲ အသားဓာတ် နှင့် အဆီဓာတ်ကို ကြိုက်သလောက်စားဟူသော အကျိုးဆက်အနေဖြင့် ၄င်းရောဂါသည်တွေမှာ
နှလုံး နှင့်သက်ဆိုင်သောရောဂါများ၊ ကျောက်ကပ်နှင့်သက်ဆိုင်သော ရောဂါများကို နောက်ဆက်တွဲအဖြစ် ခံစားခဲ့ကြရပါတယ်။ ယခုနောက်ပိုင်းမှာတော့ လမ်းညွှန်ချက်များအနေဖြင့်ပြန်လည်ပြောင်းသွားခဲ့ပါပြီ။ ဆီးချို သွေးချို ရောဂါသည်များအတွက် သီးသန့်အစားအစာဟူ၍
မရှိဘဲ၊ မိသားစုအတွက် ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများထဲတွင်
အချိုများမှလွဲ၍ မိသားစုနှင့်တူတူ စားသုံးနိုင်ပါတယ်။စားသုံးသင့်သော
အစားအစာများမှာ ဆန်ဖြင့်ပြုလုပ်ထားသော အစား အစာများ၊
ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ၊ ထမင်း၊ ဆန်ပြုတ်၊ နန်းကြီးသုတ်၊
ကောက်ညှင်း၊ ဆီထမင်း၊ ဂျုံခေါက်ဆွဲ၊ ဂျုံကြာဇံ၊ နံပြား၊ ပလာတာ၊ ငါးအမျိုးမျိုး၊
အဆီမပါသည့် ဆိတ်သား၊ အမဲသား၊ ၀က်သား၊ ဘဲသား၊ အရေခွံမပါသည့် ကြက်သား၊ ပုစွန်(ခေါင်းမပါ)၊ ပဲဆီ၊ သံလွင်ဆီ၊ ငါးမှရသောအဆီ၊
နှမ်းဆီတို့ ဖြစ်ပါတယ်။ပြည့်ဝဆီများ ဖြစ်ကြတဲ့ ၀က်ဆီ၊ အမဲဆီ၊ စားအုန်းဆီ၊ တိရိစ္ဆာန်ဝမ်းတွင်းသား အဆီတို့ ကို လုံးဝ မစားသင့်ပါဘူး။
အထူးသတိပြုရန်မှာ ဆီးချို သွေးချိုရောဂါကြောင့်ကျောက်ကပ်ထိခိုက်
ပျက်စီးနေသူများဟာ အသားဓာတ်ကို လျော့၍စားပေးရပါမယ်။

>
(၁) ရေက ခန္ဓာကိုယ်ထဲရှိ သကြား/ဂလူးပကို့ စ်ပမာဏကို ထိန်းပေးတာကြောင့်ရေများများသောက်ပါ (တစ်နေ့ ကို ၂-လီတာ ရှိ သောက်ရေသန့် ဗူး ၂-ဗူးခန့်သောက်ပါ)
(၂) နေရောင်ခြည်ထဲမှာပါတဲ့ ဗီတာမင်ဒီ က သွေးထဲရှိ ဂလူးကို့ စ်ပမာဏ
ကို ထိန်းပေး တာကြောင့် နံက်ပိုင်း ၁၅-မိနစ်ခန့်  နေပူစာလှုံပါ။
(၃)အရသာခါးသက်သက်ရှိတဲ့ ခံတက်ပင်၏ ပင်စည်/အခေါက်ကို ၄-ခွက် ၁-ခွက်တင်ကျိုသောက်ပါ။
(၄)ဆီဖြူသီး ပြုတ်ရည်သောက်ပေးပါ။
(၅) ကင်းပုံခါးသီးများများစားပါ။
(၆)ကင်ပွန်းချဉ်ရွက် ပြုတ်ရည် သောက်ပါ။
(၇) တရုတ်စံကားပင်ရဲ့ပင်စည်အခေါက်ပြုတ်ရည်သောက်ပေးပါ။ (၈) ပြည်ပန်းညိုအပင်ရဲ့ အရွက်/အခေါက်တို့ ကို
ဆန်ဆေးရည်ဖြင့် ၃-ခွက် ၁-ခွက်တင်ကြို၍ နေ့ စဉ် နံက်/ညသောက်ပါ။
(၉)နတ်ဆေးဂမုန်းပင်အမှုန့် ကို တစ်နေ့  သုံးကြိမ်မျှ တစ်ခါသောက် လ္ဘက်ရည်ဇွန်းနှစ်ဇွန်းကျစီ သောက်ရေဖြင့်သောက်ပေးပါ။ (၁၀) ဗေဒါပန်းပွင့်ကိုပြုတ်သုတ်စားပေးပါ(သို့ ) ဗေဒါပန်းပွင့်ကိုအခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ရေနွေးခတ်၍သောက်ပါ။
(၁၁) သပြေသီးအစေ့ခြောက်ကို အမှုန့် ပြု၍၊ ၄င်းအမှုန့် 
နှစ်ပဲသားခန့် ကို တစ်နေ့  နှစ်ကြိမ် ရေကျက်အေးဖြင့်သောက်ပေးပါ။
(၁၂) ခ၀ဲ(ခါး)သီးကို ကြော်ချက်စားခြင်း(သို့ ) ခ၀ဲသီးကိုအခြောက်လှန်း အမှုန့် ပြု၍ တခါသောက်လ္ဘက်ရည်ဇွန်း တစ်ဇွန်းဖြင့် တနေ သုံးကြိမ် သောက်ပေးပါ။
(၁၃) ဆင်တုံး မနွယ်လက်ခလယ်အရွယ် တစ်တောင်ခန့် ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံမီးကျွမ်းခါနီး ပြန်ထုတ်၊အပေါ်မှအ မည်းရောင်များခြစ်ထုတ်၊
သန့်ရှင်းတဲ့လက်ရိုက်တခုနှင့်ထုပြီးဆန်ဆေးရည် နှစ်ပိဿာထဲမှာစိမ်၊ တစ်နေ့တစ်ညစိမ်ပြီး နေ့စဉ် အချို ပန်းကန်တစ်လုံးသောက်ပါ၊
သောက်ကာနီး အပေါ်ယံမှအမြှုပ်များကို ဖယ်ထုတ်ပါ။
သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ဖြည့်ထည့်ပါ။
တစ်လထိသုံးနိုင်ပါတယ်။ အချိန် တစ်လပြည့်ကအသစ်ပြန်လုပ်ပါ။
ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲ ရန်လိုအပ်၏။(ခါးလွန်းသဖြင့်
ထန်းလျက်(သို့ )ပျားရည် အနဲငယ်လျက်ပေးပါ။ သကြား(လုံးဝ)မစားရ) (၁၄) ညအိပ်ယာ ၀င်ခါနီး ရုံးပတီသီး နှစ်တောင့်ကို ရေစင်အောင်ဆေး
ထိပ်နှစ်ဖက်ဖြတ် အလယ်ကထက်ခြမ်းခြမ်းပြီး သောက်ရေသန့် ဖြည့်ထား တဲ့ ဖန်ခွက်ထဲထဲ့အဖုံးဖုံး၍တညသိပ်ပါ။ အိပ်ယာထ နံက်စာမစားခင် စိမ်းထားတဲ့အရည်ကိုသောက်ပါ။ (ရေစိမ်ထားတဲ့ရုံးပတီသီး စားဖို့ မလိုအပ်ပေ၊ ရုံးပတီသီးကိုဟင်းချက်၍လည်းကောင်း
/ရေနွေးဖျော၍လည်းကောင်း အပူပေးစားပါ)
(၁၅)ပုံမှန်ထက် ဆီး ချိုပမာဏ အနည်းငယ်တက်နေရင် နေ့ စဉ် ပျားမြီးရွက် ၁-ရွက် စားပါ။ဆီးချို/သွေးချိုပမာဏ (၂၀၀)နှင့်(၃၆၀)ကြားရှိပါက နေ့ စဉ် ပျားမြီးရွက်သုံးရွက်စားပါ။ အကယ်၍ ဆီးချို/သွေးချို (၄၆၀)ကျော်ထိ
ဖြစ်နေပါက ပျားမြီးရွက် ၆ မှ၉-ရွက်ထိစားပါ (ပျားမြီး ရွက်စားပြီးတိုင်း
သောက်ရေ သန့် သောက်ပါ။ဆီးချိုကျသွားတဲ့အခါ(လုံးဝ)ဆက်မစားပါနဲ့)
(၁၆) နံက်အိပ်ယာထအစာ မစားခင် ကြက်ဟင်းခါးသီးသတ္တုရည်သောက်
ပါ။
(၁၇) အိန္ဒိယအစားအစာတွေမှာသုံးလေ့ရှိတဲ့ ပဲနံ့ သာပင်(Fenugreek)ရဲ့  အစေ့လက်တစ်ဆုပ်စာပမာဏကို သောက်ရေသန့်ဖန်ခွက်ထဲမှာ
တညသိပ်အဖုံးဖုံးပြီး၊ နံက်အိပ်ယာထသောက်ပါ(သို့ မဟုတ်) ပဲ နံ့သာပင်
အစေ့ခြောက်မှုန့် ကို နွားနို့ ဖြင့်သောက်ပါ။ (၁၈) မာလာကာသီး ကို
အပေါ်ယံအခွံဖယ်ပြီး နေ့ စဉ်စားပါ။
(၁၉) သရက် ပင်အရွက် လက်တဆုပ်စာပမာဏကိုသောက်ရေသန့် 
ဖန်ခွက်ထဲ တညစိမ် နံက်အိပ်ယာထသောက်ပါ(သို့ မဟုတ်)သရွက်
ပင်ရွက်ခြောက်မှုန့်ကို လ္ဘက်ရည်ဇွန်း တ၀က်ခန့် စိမ်၍ တစ်နေ့  ၂-ကြိမ်ကျသောက်ပါ။
(၂၀)သစ်ကြပိုးခေါက်မှုန့် လ္ဘက်ရည် ဇွန်း ၄-ဇွန်းပမာဏကို ရေ ၁-ခွက်စာဖြင့် မီးအေးအေးဆူအောင်တည်သောက်ပါ(သို့မဟုတ်)
သစ်ကြပိုးခေါက် လက်တဆုပ်စာ ပမာဏကို လက်ဘက်ခြောက်
ပုံစံခတ်၍ သောက်ပါ။
(၂၁)ရှားစောင်းလက်ပပ် ဂျယ်လီ နဲ့  နနွင်းမှုန့် ဆတူရော၍ ညစာမစားခင် ရေအေးဖြင့်သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
Promise Pauk

www.facebook.com/GreenOrganicOil
www.greenorganic.com.mm

09/03/2015

စားသုံးဆီပြသနာ မျိုးစုံကို ဖြေရှင်းပေးမဲ့ Green Organic မိသားစုသုံး ဆီကြိတ်စက် Video လေးပါ။
************************************
Share ပေးခြင်းဖြင့် မိတ်ဆွေများရဲ့ ကျန်းမားရေးကို စာင့်ရှောက်ကြပါစို့။

ရေမြောင်းအညစ်အကြေးတွေက ထုတ်တဲ့ ဆီတွေ ၊ ဓါတုဗေဒ ပစ္စည်းတွေနဲ့ ရောတဲ့ ဆီတွေ ၊ တရုတ်နဲ့ ထိုင်းကနေ နည်းမျိုးစုံနဲ့ တင်သွင်းလာတဲ့ ဆီတွေ ၊ အဲဒီဆီတွေကြောင့်ရလာတဲ့ ရောဂါ အမျိုးမျိုးတွေ အကြောင်းကို သတင်း မီဒီယာ မျိုးစုံမှာ တွေ့နေကြရမှာပါ။

အဲဒီပြဿနာတွေ အတွက် အကောင်း ဆုံးဖြေရှင်းနည်းကတော့ ကိုယ်စားမဲ့ဆီကို ဈေးအသက်သာဆုံးနည်းလမ်းနဲ့ ကိုယ်တိုင် ဆီထုတ်ဖို့ပါပဲ။
စားသုံးသူတို့ ရာနှုန်းပြည့် ယုံကြည်စိတ်ချရတဲ့ ဆီကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲ နိုင်ရန် အတွက် မိသားစုသုံး Green Organic ဆီ ကြိတ်စက် ကို အသက်သာဆုံး ဈေးနှုန်းနဲ့ ဖြန့်ချီလိုက်ပါတယ်။

Green Organic ဆီကြိတ်စက်ကို သုံးစွဲခြင်းဖြင့် ရာနှုန်းပြည့် စစ်မှန်သောဆီကိုထုတ်လုပ်စားသုံးနိုင်ပြီး ကျမ်းမာရေး ကောင်းမွန်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

စက် နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ
မိသားစုသုံး ဆီကြိတ်စက် (GO-01)
ဈေးနှုန်း : ၂ သိန်းခွဲ
Model : GO-01
Power(W) : 200W
Voltage : 220V
Size : 385 x 165 x 185mm
Weight : 10 kg
Production Capacity : 1kg/h Oil (တစ်နာရီလျှင် ဆီ ၆၀ သား)
Keep Working : 12 hr
Certification : CE, ISO

မြေပဲ ၁ ပိဿသာဆီထွက်နှုန်း - ဆီ ၃၀ မှ ၄၀ ကျပ်သားအထိ (မြေပဲပေါ်မူတည်)
မြေပဲ၊ နေကြာ၊ နှမ်း၊ ဟင်းသီးဟင်းရွက်အစေ့ စတဲ့ ဆီထွက်သီးနှံ မှန်သမျှ ကြိတ်နိုင်ပါတယ်။

တစ်နာရီ လျှပ်စစ် သုံးစွဲမှု ကုန်ကျစရိတ်
GO-01 Model : ၀.၂ x ၃၅ ကျပ်/၁ နာရီ = ၇ ကျပ် (TV တစ်လုံးစာလောက်ပဲ လျှပ်စစ်ဆွဲတဲ့ အတွက် Inverter ၊ Solar တွေ နဲ့လည်းသုံးနိုင်ပါတယ်။)

စက် အရွယ်အစား
အရှည် ၁ပေ ၂ လက်မ၊ အကျယ် ၆ လက်မ၊ အမြင့် ၇ လက်မ
စက် အလေးချိန် - ၆ ပိဿာ (10Kg)

ဆက်သွယ်ရန် : 09 2542 14805
၁၂ အောင်မာဃလမ်း ၊ ဘူတာရုံလမ်း နှင့် ရွာမကျောင်းလမ်းကြား၊ ဘူတာရုံမှတ်တိုင် အနီး ၊ လှိုင်မြို့နယ် ၊ ရန်ကုန်


အမေးအများဆုံး မေးခွန်း များ Frequently Ask Questions (FAQ)
Q: ဈေးနှုန်း ဘယ်လောက်လဲ
A: ၂ သိန်းခွဲ ကျပ်ပါ။

Q: မြေပဲ ၁ ပိသာကို ဆီဘယ်လောက်ထွက်လဲ
A: ဆီ ၃၀ ကျပ်သားကနေ ၄၀ ကျပ်သားလောက်အထိ ထွက်ပါတယ်။ မြေပဲပေါ်မူတည်ပါတယ်။ စိုထိုင်းမှုများရင် ဆီထွက် နှုန်းနည်းတတ်ပါတယ်။

Q: ဆီ ၁ ပိသာထွက်ဖို့ ဘယ်လောက်ကြာအောင် ကြိတ်ရလဲ
A: ၂ နာရီခွဲ လောက် ကြိတ်ရပါတယ်။

Q: လျှပ်စစ်သုံးစွဲမှုက ဘယ်လိုလဲ။
A: Power= 200 Watt, Voltage= 220V ပါ။ တစ်နာရီကြိတ်ရင် 0.2kwh ပဲဖြစ်တဲ့အတွက် 0.2 x 35 = ၇ ကျပ် ပဲ ကျသင့်မှာပါ။

Q: စက်က ဘာ Material နဲ့ လုပ်ထားလဲ။
A: Food Grade, 304 Stainless Steel နဲ့ လုပ်ထားတာပါ။

Q: ဘယ် နှစ် နှစ် အာမခံ ရှိလဲ
A: ၁ နှစ် အာမ ခံ ရှိပါတယ်။ ၁ နှစ်အတွက် စက် ချွတ်ယွင်းသွားပါက အခမဲ့ပြုပြင်ပေးပါတယ်။ (1 Year Service Guarantee)

Q: အပို ပစ္စည်း (Spart Parts) တွေ ရှိလား
A: Spare Parts ပစ္စည်းတွေ အလုံ အလောက်ရှိပါတယ်။

Q: နယ်တွေကရော ၀ယ်လို့ရလား
A: ဘဏ်က ငွေလွှဲပြီးသွားရင် ကားဂိတ်ကနေ ပို့ပေးပါတယ်။

Q: စက်မှာ ဘာ Certificate တွေရှိလဲ။
A: CE, ISO စတဲ့ Certificate တွေ ရှိပါတယ်။

09/03/2015

စားသုံးဆီပြသနာ မျိုးစုံကို ဖြေရှင်းပေးမဲ့ Green Organic မိသားစုသုံး ဆီကြိတ်စက် Video လေးပါ။
************************************
Share ပေးခြင်းဖြင့် မိတ်ဆွေများရဲ့ ကျန်းမားရေးကို စာင့်ရှောက်ကြပါစို့။

ရေမြောင်းအညစ်အကြေးတွေက ထုတ်တဲ့ ဆီတွေ ၊ ဓါတုဗေဒ ပစ္စည်းတွေနဲ့ ရောတဲ့ ဆီတွေ ၊ တရုတ်နဲ့ ထိုင်းကနေ နည်းမျိုးစုံနဲ့ တင်သွင်းလာတဲ့ ဆီတွေ ၊ အဲဒီဆီတွေကြောင့်ရလာတဲ့ ရောဂါ အမျိုးမျိုးတွေ အကြောင်းကို သတင်း မီဒီယာ မျိုးစုံမှာ တွေ့နေကြရမှာပါ။

အဲဒီပြဿနာတွေ အတွက် အကောင်း ဆုံးဖြေရှင်းနည်းကတော့ ကိုယ်စားမဲ့ဆီကို ဈေးအသက်သာဆုံးနည်းလမ်းနဲ့ ကိုယ်တိုင် ဆီထုတ်ဖို့ပါပဲ။
စားသုံးသူတို့ ရာနှုန်းပြည့် ယုံကြည်စိတ်ချရတဲ့ ဆီကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲ နိုင်ရန် အတွက် မိသားစုသုံး Green Organic ဆီ ကြိတ်စက် ကို အသက်သာဆုံး ဈေးနှုန်းနဲ့ ဖြန့်ချီလိုက်ပါတယ်။

Green Organic ဆီကြိတ်စက်ကို သုံးစွဲခြင်းဖြင့် ရာနှုန်းပြည့် စစ်မှန်သောဆီကိုထုတ်လုပ်စားသုံးနိုင်ပြီး ကျမ်းမာရေး ကောင်းမွန်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

စက် နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ
မိသားစုသုံး ဆီကြိတ်စက် (GO-01)
ဈေးနှုန်း : ၂ သိန်းခွဲ
Model : GO-01
Power(W) : 200W
Voltage : 220V
Size : 385 x 165 x 185mm
Weight : 10 kg
Production Capacity : 1kg/h Oil (တစ်နာရီလျှင် ဆီ ၆၀ သား)
Keep Working : 12 hr
Certification : CE, ISO

မြေပဲ ၁ ပိဿသာဆီထွက်နှုန်း - ဆီ ၃၀ မှ ၄၀ ကျပ်သားအထိ (မြေပဲပေါ်မူတည်)
မြေပဲ၊ နေကြာ၊ နှမ်း၊ ဟင်းသီးဟင်းရွက်အစေ့ စတဲ့ ဆီထွက်သီးနှံ မှန်သမျှ ကြိတ်နိုင်ပါတယ်။

တစ်နာရီ လျှပ်စစ် သုံးစွဲမှု ကုန်ကျစရိတ်
GO-01 Model : ၀.၂ x ၃၅ ကျပ်/၁ နာရီ = ၇ ကျပ် (TV တစ်လုံးစာလောက်ပဲ လျှပ်စစ်ဆွဲတဲ့ အတွက် Inverter ၊ Solar တွေ နဲ့လည်းသုံးနိုင်ပါတယ်။)

စက် အရွယ်အစား
အရှည် ၁ပေ ၂ လက်မ၊ အကျယ် ၆ လက်မ၊ အမြင့် ၇ လက်မ
စက် အလေးချိန် - ၆ ပိဿာ (10Kg)

ဆက်သွယ်ရန် : 09 2542 14805
၁၂ အောင်မာဃလမ်း ၊ ဘူတာရုံလမ်း နှင့် ရွာမကျောင်းလမ်းကြား၊ ဘူတာရုံမှတ်တိုင် အနီး ၊ လှိုင်မြို့နယ် ၊ ရန်ကုန်


အမေးအများဆုံး မေးခွန်း များ Frequently Ask Questions (FAQ)
Q: ဈေးနှုန်း ဘယ်လောက်လဲ
A: ၂ သိန်းခွဲ ကျပ်ပါ။

Q: မြေပဲ ၁ ပိသာကို ဆီဘယ်လောက်ထွက်လဲ
A: ဆီ ၃၀ ကျပ်သားကနေ ၄၀ ကျပ်သားလောက်အထိ ထွက်ပါတယ်။ မြေပဲပေါ်မူတည်ပါတယ်။ စိုထိုင်းမှုများရင် ဆီထွက် နှုန်းနည်းတတ်ပါတယ်။

Q: ဆီ ၁ ပိသာထွက်ဖို့ ဘယ်လောက်ကြာအောင် ကြိတ်ရလဲ
A: ၂ နာရီခွဲ လောက် ကြိတ်ရပါတယ်။

Q: လျှပ်စစ်သုံးစွဲမှုက ဘယ်လိုလဲ။
A: Power= 200 Watt, Voltage= 220V ပါ။ တစ်နာရီကြိတ်ရင် 0.2kwh ပဲဖြစ်တဲ့အတွက် 0.2 x 35 = ၇ ကျပ် ပဲ ကျသင့်မှာပါ။

Q: စက်က ဘာ Material နဲ့ လုပ်ထားလဲ။
A: Food Grade, 304 Stainless Steel နဲ့ လုပ်ထားတာပါ။

Q: ဘယ် နှစ် နှစ် အာမခံ ရှိလဲ
A: ၁ နှစ် အာမ ခံ ရှိပါတယ်။ ၁ နှစ်အတွက် စက် ချွတ်ယွင်းသွားပါက အခမဲ့ပြုပြင်ပေးပါတယ်။ (1 Year Service Guarantee)

Q: အပို ပစ္စည်း (Spart Parts) တွေ ရှိလား
A: Spare Parts ပစ္စည်းတွေ အလုံ အလောက်ရှိပါတယ်။

Q: နယ်တွေကရော ၀ယ်လို့ရလား
A: ဘဏ်က ငွေလွှဲပြီးသွားရင် ကားဂိတ်ကနေ ပို့ပေးပါတယ်။

Q: စက်မှာ ဘာ Certificate တွေရှိလဲ။
A: CE, ISO စတဲ့ Certificate တွေ ရှိပါတယ်။

အဆီကျစေတဲ့ ကြက်သွန်နီသုပ်ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူ...
06/03/2015

အဆီကျစေတဲ့ ကြက်သွန်နီသုပ်

ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။

ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။

(၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။

(၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။

(၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။

(၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။

(၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။

၎င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။

ပါးစပ်မနံအောင်

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။

(၁) ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ၀ါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားမည်။

(၂) အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ်ကျင်းပေးပါ။

(၃) နွားနို့ဖြင့် ပလုပ်ကျင်းပေးပါ။

အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီး သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ Natural Health Care For You

Credit - ကျန်းမာရေးသတင်းများ

www.facebook.com/GreenOrganicOil
www.greenorganic.com.mm

Address

Yangon

Alerts

Be the first to know and let us send you an email when Green Organic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Green Organic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram