Hman Cho Pharmaceuticals

Hman Cho Pharmaceuticals ဘေးဘယာကင်းကွာ ကိုယ်ကျန်းမာ မှန်ချိုဆေးသာမှီဝဲရာ

ဆေးဖက်ဝင် အပင်တွေကို အသုံးပြုထားတဲ့ ဆေးဝါးတွေကို အသုံးပြုမယ်ဆိုရင် အသည်းကို ထိခိုက်စေမှာလား ...🌱 ဆေးဖက်ဝင် အပင်တွေနဲ့ ဖေ...
26/01/2026

ဆေးဖက်ဝင် အပင်တွေကို အသုံးပြုထားတဲ့ ဆေးဝါးတွေကို အသုံးပြုမယ်ဆိုရင် အသည်းကို ထိခိုက်စေမှာလား ...🌱

ဆေးဖက်ဝင် အပင်တွေနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေဟာ သဘာဝ အရင်းအမြစ်ကနေ ဖော်စပ်ထားတာဖြစ်တဲ့အတွက် အစွမ်းထက်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်လှပေမယ့် အသည်းကို ထိခိုက်စေတဲ့ Aflatoxin မှိုတွေ စွဲနိုင်နေသေးပါတယ်။😟
နောက်ပြီး ဒီ Aflatoxin မှိုအမျိုးအစားဟာ အနံ့အသက်လည်းမရှိသလို အရောင်အဆင်းလည်းမရှိတာကြောင့် စစ်ဆေးဖို့ခက်ခဲသလို အပူချိန်မြင့်ပြီး စိုစွတ်နဲ့နေရာမှာ ပေါက်ပွားနိုင်တဲ့အတွက် မြန်မာနိုင်ငံ ရာသီဥတုမှာ အများဆုံး ပေါက်ပွားနိုင်ပါတယ်။ Aflatoxin မှို ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အသည်းကင်ဆာကို ဖြစ်စေပြီးတော့ အသည်းကို ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် Aflatoxin ကို သေချာ မသန့်စင်ထားတဲ့ ဆေးဖက်ဝင်အပင်တွေကို အသုံးပြုထားတဲ့ ဆေးဝါးတွေဟာ အသည်းကို ပျက်စီးစေပြီးတော့ Aflatoxin မှို ရဲ့ ဘေးထွက်ဆိုးကျိုးကိုခံစားရစေမှာပဲဖြစ်ပါတယ်။ မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဟာ တိုင်းရင်းဆေးဝါးဖော်စပ်ရာမှာ အသုံးပြုတဲ့ ဆေးဖက်ဝင်အပင်တွေကို Aflatoxin သန့်စင်ဖို့အတွက် စိုထိုင်းစ နဲ့ အပူချိန်ကို ထိန်းချုပ်ထားတဲ့ အပြင် ထုတ်လုပ်ပြီးဆေးဝါးတွေအားလုံးကိုလည်း အချိန်နှင့် တပြေးညီ ဓာတ်ခွဲခန်းမှာ Aflatoxin ပါဝင်မှုကို စစ်ဆေးထားတဲ့အတွက် Aflatoxin မှိုအတွက် စိုးရိမ်းစရာလုံးဝမလိုဘဲ စိတ်ချလက်ချ မှီဝဲ အသုံးပြုနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ

ဖုန်းနဲ့ ကွန်ပျူတာ အသုံးများပြီး ဇက်ကြောတက်တဲ့ အခါ...  ဇက်ကြောတက် ဝေဒနာကို ခံစားစေရတဲ့ အဓိက အကြောင်းအရာတွေထဲက တခုကတော့ ဖ...
23/01/2026

ဖုန်းနဲ့ ကွန်ပျူတာ အသုံးများပြီး ဇက်ကြောတက်တဲ့ အခါ...
ဇက်ကြောတက် ဝေဒနာကို ခံစားစေရတဲ့ အဓိက အကြောင်းအရာတွေထဲက တခုကတော့ ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုချိန်များလို့ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာဟာ ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုတဲ့အချိန်မှာ ခေါင်းကို ရှေ့ကိုငိုက်ပြီး အသုံးပြုရတဲ့အတွက် လည်ပင်းမှာရှိတဲ့ အရွတ်နဲ့ ကြွက်သားတွေဟာ ဦးခေါင်းအလေးချိန်ဖိအားကို ပိုခံရလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖုန်းနဲ့ ကွန်ပျူတာ အသုံးများလို့ ဇက်ကြောတက်ခေါင်းကိုက်တဲ့ အခါ ပထမဆုံးအနေနဲ့ ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုတာကို ရပ်နားလိုက်ပါ။ အဲ့ဒီနောက်မှာတော့ လည်ပင်းနဲ့ကျောရိုးကို တည့်မတ်ပေးတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပေးပါ။ အထူးသဖြင့် ဦးခေါင်း၊ လည်ပင်း၊ ပုခုံးနှင့်နောက်ကျော အပေါ်ပိုင်းတို့ကို ဆန့်ထုတ်တဲ့ အကြောလျော့ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလို အကြောလျော့လေ့ကျင့်ခန်းတွေလိုပဲ အကျိုးအာနိသင်ကောင်းတဲ့ ဆေးဝါးကတော့ အံ့ဖွယ် ဇက်ကြောတက် ခေါင်းကိုက်ပျောက်ဆေးပါပဲ။အထူးသဖြင့် ဖုန်းနဲ့ ကွန်ပျူတာ အသုံးများတဲ့ ရုံးသမားတွေ အံ့ဖွယ်ဇက်ကြောတက်ခေါင်းကိုက်ပျောက်ဆေးကို မှီဝဲအသုံးပြုခြင်းအားဖြင့် အလုပ်ချိန်အတွင်းမှာ စိတ်လက်ပေါ့ပါးစွာနဲ့ ဇက်ကြောတက်ဝေဒနာကို စိတ်ပူစရာမလိုဘဲ အလုပ်တွေကို စိတ်ကြိုက်လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။

ချောင်းဆိုးချွဲသလိပ်ကျပ်တဲ့ ဝေဒနာကို ကုသပေးဖို့အတွက် ရှေးယခင်ကတည်းက မြန်မာတိုင်းရင်းဆေး သမားတော်တွေဟာ အနယ်နယ်အရပ်ရပ်က ဆေ...
21/01/2026

ချောင်းဆိုးချွဲသလိပ်ကျပ်တဲ့ ဝေဒနာကို ကုသပေးဖို့အတွက် ရှေးယခင်ကတည်းက မြန်မာတိုင်းရင်းဆေး သမားတော်တွေဟာ အနယ်နယ်အရပ်ရပ်က ဆေးဖက်ဝင်အပင်များကို စုဆောင်းပြီး ကုသခဲ့ကြပါတယ်။ ဒီလို ကုသကြတဲ့ အချိန်မှာ စမုန်ငါးမျိုးထဲမှာပါတဲ့ စမုန်စပါး၊ စမုန် ညို နဲ့ စမုန်နီဟာ ချွဲသလိပ်တွေကို ပျော်စေပြီးတော့ အဆုတ်အားကို ကောင်းစေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒ့ါကြောင့် ချောင်းဆိုးသလိပ်ပျော်ကုသဖို့အတွက် မှန်ချို သလိပ်ပျော် အသံကောင်းဆေးရဲ့ အဓိကပါဝင်ပစ္စည်းတွေထဲမှာ ဒီ စမုန် (၃) မျိုးနဲ့အတူ အဆုတ်ကို သန့်စင်ကောင်းမွန်စေတဲ့ မက်လင်ချဥ်၊ ငရုတ်ကောင်း စတာတွေကို သန့်စင်ပေါင်းစပ်ပြီးတော့ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒ့ါကြောင့် ခေတ်အဆက်ဆက် ချောင်းဆိုးချွဲသလိပ်ကပ် ဝေဒနာရှင်များသာမကဘဲ အဆုတ်အားကောင်းမွန်ဖို့လိုအပ်တဲ့ အဆိုတော်တွေနဲ့ အနုပညာရှင်တွေပါ အားထားပြီး စိတ်ချလက်ချ အသုံးပြုရတဲ့ ဆေးစွမ်းတလက်ဖြစ်တာမလို့ ချောင်းဆိုးချွဲသလိပ် အတွက်ဆိုရင်တော့ မှန်ချို သလိပ်ပျော် အသံကောင်းဆေးကို မှီဝဲအသုံးပြုနိုင်ပါပြီခင်ဗျာ..🥰

သဲဖြူ နှင့် မဟာမြိုင်ဆရာတော်ကြီး ဦးဆောင်မှုဖြင့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံ စေတီတော်မြတ်ရင်ပြင်တော်၌ သ...
02/01/2026

သဲဖြူ နှင့် မဟာမြိုင်ဆရာတော်ကြီး ဦးဆောင်မှုဖြင့် ပုဂံ

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံ စေတီတော်

မြတ်ရင်ပြင်တော်၌ သံဃာအပါး ၂၇၀၀နှင့်သီလရှင် အပါး

၃၀၀အား မှန်ချိုဆေးဗူး ၆၀၀၀ ဗူး၊

ပုဂံစတုဒိသာ နှစ်ကူး ၇ ရက် အလှုကြီးတွင် မှန်ချိုတိုင်းရင်း

ဆေးဝါးထုတ်များ နှင့် လှူဖွယ်ပစ္စည်းများကို နှစ်ဦး

မဂ်လာ ကုသိုလ်ပြု လှူဒါန်းခဲ့ပါသည်။

Happy New Year!🎉🎊နှစ်သစ် မှာ ပိုမိုအေးချမ်းပြီးကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ကျွန်မတို့ မှန်ချိုမိသားစုမှ ဆု...
01/01/2026

Happy New Year!🎉🎊
နှစ်သစ် မှာ ပိုမိုအေးချမ်းပြီးကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ကျွန်မတို့ မှန်ချိုမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...💕

ဝမ်းကလည်းချုပ်တတ်တယ် ..😤လှုပ်ရှားမှုကလည်းနည်းပြီးတော့ အသီးအရွက် အစားနည်းတဲ့သူဆိုရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်နိုင်ချေရှိတ...
30/12/2025

ဝမ်းကလည်းချုပ်တတ်တယ် ..😤
လှုပ်ရှားမှုကလည်းနည်းပြီးတော့ အသီးအရွက် အစားနည်းတဲ့သူဆိုရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်နိုင်ချေရှိတတ်ပါတယ်။😥

ပိုဆိုးတာက လိပ်ခေါင်းရောဂါ ဖြစ်လာရင်လည်း လူတော်တော်များများက ရှက်စရာလို့ ထင်မြင်ပြီးတော့ ကုသဖို့ နှောင့်နှေးတတ်ကြလို့ပါပဲ။⌛️

ဒါ့ကြောင့် လိပ်ခေါင်း ရောဂါဝေဒနာကို မဖြစ်ခင်က ကာကွယ်ဖို့အတွက် ဝမ်းချုပ်ခံတာ ကိုရှောင်ကျဥ်ဖို့လိုသလို အသီးအရွက်နဲ့ အစားအသောက်ကို စုံလင်အောင်စားသောက်ပြီး နေ့စဥ် ကိုယ်လက်လှုပ်ရှားမှုကို လည်းမှန်မှန်ဆောင်ရွက်ပေးဖို့လိုပါတယ်။ နောက်ပြီးတော့ လိပ်ခေါင်းရောဂါဖြစ်လာရင်လည်း မှန်ချိုဆေးတိုက်က ထုတ်လုပ်ထားတဲ့ မှန်ချို လိပ်ခေါင်းပျောက်ဆေးနဲ့ အနာကျက်ဆေးကို မှန်မှန် မှီဝဲပေးခြင်းအားဖြင့် လိပ်ခေါင်းရောဂါကို ကုသဖို့ အသိပေးလိုက်ပါရစေရှင်..🤗

မနေ့က အကြောတက်ရတာက အစားမှားလို့တဲ့ ..😣ဒီနေ့ကျတော့ ဖုန်းနဲ့ ကွန်ပျူတာ အသုံးများလို့ ထပ်ပြီး အကြောတက်ပြန်ရော.. 😥အကြောတက်ရတ...
28/12/2025

မနေ့က အကြောတက်ရတာက အစားမှားလို့တဲ့ ..😣

ဒီနေ့ကျတော့ ဖုန်းနဲ့ ကွန်ပျူတာ အသုံးများလို့ ထပ်ပြီး အကြောတက်ပြန်ရော.. 😥
အကြောတက်ရတဲ့ အကြောင်းတရားတွေက များလိုက်တာ လို့ မညည်းငြူလိုက်နဲ့အုံးနော်.. 🤷🏻‍♀️
ဘာလို့လဲဆိုတော့ အကြောတက်ရောဂါကို အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့သူတွေ အများကြီးဆိုမှ အများကြီးပဲ မလို့ပါပဲ။
ဒီလို အကြောင်းအမျိုးမျိုးကြောင့် ဇက်ကြောတက်ခေါင်းကိုက်ဝေဒနာကိုခံစားလာရပြီဆိုတာနဲ့ မှီဝဲသင့်တဲ့ ဆေးလေးကတော့ မှန်ချိုဆေးတိုက်က ထုတ်တဲ့ အံ့ဖွယ်ဇက်ကြောတက်ခေါင်းကိုက်ပျောက်ဆေးလေးပါပဲ။🥰
အံ့ဖွယ်လို့ပေးတဲ့ နာမည်လေးအတိုင်း ဇက်ကြောတက် ဝေဒနာကို ခံစားရတဲ့သူတိုင်း အံ့ဖွယ် အစွမ်းတွေကို ခံစားရမှာမလို့ ဇက်ကြောတက်တိုင်း အံ့ဖွယ် ဇက်ကြောတက်ခေါင်းကိုက်ပျောက်ဆေးကို မှီဝဲသုံးစွဲကြဖို့ အကြံပြုလိုက်ပါတယ်ရှင်🤗

ဘယ်အခြေအနေတွေမှာ ချောင်းဆိုး ချွဲသလိပ်ကျပ်နိုင်လဲ🤔ချောင်းဆိုးချွဲသလိပ်ကျပ်တယ်ဆိုတာ လူတိုင်း ဖြစ်တတ်တဲ့ ပြဿနာပါ ။ 😩ဘာလို့...
27/12/2025

ဘယ်အခြေအနေတွေမှာ ချောင်းဆိုး ချွဲသလိပ်ကျပ်နိုင်လဲ🤔

ချောင်းဆိုးချွဲသလိပ်ကျပ်တယ်ဆိုတာ လူတိုင်း ဖြစ်တတ်တဲ့ ပြဿနာပါ ။ 😩
ဘာလို့လဲဆိုတော့ ချောင်းဆိုးချွဲသလိပ်ကျပ်စေတဲ့ အကြောင်းအရင်းတွေအများကြီးရှိနေလို့ပါပဲ.. 😓
အဲ့ဒီအထဲမှာတော့
- အသက်ရှူလမ်းကြောင်းပိုးဝင်တာ
- ဖျားနာတာ
- ဓာတ်မတည့်တာ
- ဆေးလိပ်သောက်တာ
- ပန်းနာရင်ကျပ်ဖြစ်တာ
- ခြောက်သွေ့တဲ့လေကို ရှူတာများ တာတို့လည်းပါဝင်ပါတယ်။ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ချောင်းဆိုးတတ်ကြတာမလို့ မှန်ချို သလိပ်ပျော် အသံကောင်းဆေးလေးက အမြဲတမ်း အိမ်မှာဆောင်ထားသင့်နေတာပေ့ါ.. ဒါမှ အိမ်မှာရှိတဲ့ ချစ်ရတဲ့သူတွေ ချောင်းဆိုးချွဲသလိပ်ကပ်တဲ့အခါ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်မှာလေ.....❤️👍

26/12/2025

ဘယ်သွားသွားဆောင်ထားသင့်တဲ့ ရွှေပြည်စံ နန်းတွင်းအဖြေကျော် ဆေး 💕💖

ခရစ်စမတ်ကာလလေးမှာ မှန်ချို မိသားစု လေးစားတန်ဖိုးထားရတဲ့ ချစ်မိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပ...
25/12/2025

ခရစ်စမတ်ကာလလေးမှာ မှန်ချို မိသားစု လေးစားတန်ဖိုးထားရတဲ့ ချစ်မိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်..🎄🤶

23/12/2025

အမြို့မြို့အနယ်နယ်က ဆေးဆိုင်တိုင်းမှာ အလွယ်တကူရရှိနိုင်တဲ့
မှန်ချို အစာကြေ လေနိုင်လျက်ဆား💞

13/12/2025

ကျန်းကျန်းမာမာနဲ့နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ မှန်ချို သလိပ်ပျော်အသံကောင်းဆေးကို အိမ်တိုင်းဆောင်ထားဖို့ မမေ့နဲ့နော်😉

Address

261, Shwe Bon Thar Street (Middle Block), Pabedan Township
Yangon
11141

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959884219988

Website

Alerts

Be the first to know and let us send you an email when Hman Cho Pharmaceuticals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hman Cho Pharmaceuticals:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram