30/12/2025
2025 နှစ်ဟောင်းမှာ ကိုယ့်အတွက်ပင်ပန်းမယ့်အရာတွေကို ပစ်ချခဲ့ပြီးပြီလား??
မချရသေးရင် ဒီ Post လေးကို ဖတ်ပြီးတာနဲ့ အားလုံးမေ့ပြစ်လိုက်ပြီး ကျန်ရှိတဲ့ (၃) ရက်ကို အသစ်ပြန်လည်စတင်နိုင်ဖို့ အားမွေးပါနော်။
ဒါမှ 2026 ကို စတင်တဲ့အခါ စိတ်ရောလူပါ Ready ဖြစ်နေမှာပါ။
(၃) ရက်အတွင်းမှာ စိတ်သစ်၊ လူသစ် ဖြစ်သွားအောင် အခုလိုလေး အတူတူ ကြိုးစားကြည့်ကြမလား🤗
ခွင့်လွှတ်လိုက်ပါ: ကိုယ့်ကို စိတ်နာအောင် လုပ်ခဲ့သူတွေကိုရော၊ အမှားလုပ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပါ ခွင့်လွှတ်ပြီး အမုန်းတရားတွေကို ထားခဲ့ပါ။
သင်ခန်းစာယူပါ: ပင်ပန်းခဲ့ရတဲ့ အရာတွေထဲကနေရခဲ့တဲ့ အတွေ့အကြုံကိုပဲ ယူပြီး ကျန်တာတွေကို ပစ်ချခဲ့ပါ။
ကျေးဇူးတင်ပါ: ဒီနှစ်ထဲမှာ ခက်ခဲပေမဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ကို ကိုယ်တိုင်ပြန်ပြီး ကျေးဇူးတင်စကား ပြောပေးပါ။
ဒီနည်းလမ်း(၃) ခုကို လက်ရှိ (၃)ရက်အတွင်း လိုက်လုပ်ကြည့်ပြီး စိတ်ရော၊ ကိုယ်ပါအနားပေးမယ်ဆိုရင် စတင်မယ့် 2026 နှစ်သစ်မှာ အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွ ခွန်အားပြည့်နေမှာပါ။
Calsome လေးသောက်ဖို့တော့ မမေ့ပါနဲ့နော်🙋
#2026