22/03/2026
555 Manifestation Method
ကိုယ်လိုချင်တဲ့ ဆန္ဒ (affirmation) ကို တစ်နေ့လျှင် ၅၅ ကြိမ် ၅ ရက်တိတိ ဆက်တိုက်ရေးခြင်း ကို ဆိုလိုပါတယ် ဒီနည်းလမ်းဟာ Law of Attraction (LOA) အခြေခံထားပြီး ကိုယ်ရေးနေတဲ့ စကားလုံးတွေက မသိစိတ် (subconscious mind) ထဲကို ဝင်ရောက်စေပြီး
အမှန်တကယ် ဖြစ်လာစေမယ်လို့ ယုံကြည်ကြပါတယ်။
လုပ်နည်းအဆင့်များ
၁။ ရည်ရွယ်ချက်တစ်ခုကိုရွေးပါ
ဥပမာ – “ကျွန်ုပ်ဟာ လစာမြင့်အလုပ်တစ်ခုကို ရရှိထားပြီးပါပြီ။”
“ကျွန်ုပ်ရဲ့ စီးပွားရေးဟာ အောင်မြင်စွာ လည်ပတ်နေပါပြီ။”
အရေးကြီးဆုံးအချက် အခုဖြစ်ပြီးသားလို present tense နဲ့ရေးရပါမယ်
အပြုသဘော (positive statement) ဖြစ်ရပါမယ်
၂။ ၅၅ ကြိမ်ရေးပါ
တစ်နေ့တစ်ကြိမ် ထိုင်ရေးပါ
တစ်နေ့လျှင် ၅၅ ကြိမ် တိတိရေးပါ
၅ ရက်ဆက်တိုက် မဖြတ်မတောက် လုပ်ပါ
၃။ စိတ်ခံစားချက်ထည့်ရေးပါ
ရေးတဲ့အချိန်မှာ ဖြစ်ပြီးသားလို ခံစားပါ
ကျေးဇူးတင်စိတ်နဲ့ရေးပါ
စိတ်ထဲမှာ မြင်ကွင်းမြင်ကြည့်ပါ (visualization)
၅ ဆိုတဲ့ဂဏန်းဟာ ပြောင်းလဲမှု (change)၊လှုပ်ရှားမှု (movement)
၊တိုးတက်မှု (progress) ကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။
၅ ကို သုံးကြိမ်ထပ်ရေးခြင်းဟာ စိတ်ထဲမှာ သေချာ ထိရောက်စေမယ်လို့ ဆိုကြပါတယ်
သတိထားရမယ့်အချက်
လက်တွေ့ အလုပ်ကြိုးစားမှု မရှိဘဲ ရလဒ်ရမယ်လို့ မယူဆသင့်ပါဘူး
Manifestation + Action (လုပ်ဆောင်ချက်) ကို ပေါင်းစပ်ရင် ပိုကောင်းပါတယ်
555 Manifestation Method ဟာ
ကိုယ်လိုချင်တဲ့အရာကို စိတ်ကူးယဉ်၊ ယုံကြည်ပြီး
၅ ရက်အတွင်း ၅၅ ကြိမ်စီရေးခြင်းဖြင့်
အတွင်းစိတ်ထဲထည့်သွင်းကာ အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
နားမလည်တာရှိရင် comment မှာ မေးပေးနော်
Tarot လာရောက်မေးမြန်းလိုပါက telegram- နဲ့ page-Arcane with A ကိုလဲလာရောက်ဆက်သွယ်လို့ရပါတယ်ရှင်💕